FATED
____________________
ARC_1.1 [ မင်းဖြစ်ရတဲ့ဒုက္ခ ]
___________________________________________
ရှ၀မ်အန်း သူဘယ်လောက်တောင်ကြာကြာမေ့မျောနေမိလည်းတော့မသိဘူး။သူသတိရလာသည့်အချိန်တွင်တော့ ခေါင်းတွေထိုးကိုက်လာသည်ကိုပဲသိ၏။
မျက်ခုံးနှစ်ဖက်ကြားကိုသက်သာလို့သက်သာငြား ဖိနှိပ်ရန်ကြိုးစားလိုက်သော်လည်း ခပ်မာမာအရာတစ်ခုကိုသာထိတွေ့မိသဖြင့် ရုတ်တရက်ကြောင်အသွားရသည်။
ငါ့..... မျက်နှာက...မာမာကြီး!!!
ငါက သတ္တ၀ါတစ်ခုခုများဖြစ်နေသလား။
"Host အဲ့ဒါမျက်နှာဖုံးပါ မလန့်ပါနဲ့"
ငြိမ်းချမ်းရေးSystem တစ်နည်း လျို့ ဆိုသူ၏၀င်ဖြေပေးသံကြားကာမှ သူသက်မဖွဖွချမိသည်။
ဘယ်လောက်ပဲ ခန္ဓာမရှိသည့် ၀ိညာဥ်ဆိုဦးတော့ ပထမဆုံးပိုင်ဆိုင်ရတဲ့ခန္ဓာက သတ္တ၀ါကြီးတစ်ကောင်ဆိုရင်ဘယ်သူ့မှလည်းပျော်နေမှာမဟုတ်ဘူးလေ။
သူ့အတွေးနဲ့သူဟုတ်နေတုန်း နားထဲသို့၀င်လာသည့်အသံများကြောင့် သူ့အတွေးစတို့ဖြတ်၍ ပတ်၀န်းကျင်သို့မြင်နိုင်ရန်မျက်စိဖွင့်ကြည့်လိုက်သည်။
သူ့မှာ မြင်မြင်ချင်းထိတ်လန့်သွားမိသည်။
ဘာကြောင့်ဆို သူလူတွေအများကြီးကိုမြင်လိုက်ရသောကြောင့်ပင်။
သူ့အရှေ့တွင်လူအများကြီးက ဒူးထောက်၍တစ်ဖုံမတ်တပ်ရပ်၍တစ်ဖုံရှိနေကြပြီး အချင်းချင်းလည်းစကားသံများဆူညံစွာပြောဆိုနေကြသေးသည်။
သူသက်ရှိတစ်စုံတစ်ရာကိုမမြင်တွေ့ခဲ့ရသည်မှာဘယ်လောက်ကြာခဲ့သည်မသိ။
အခုလိုမျိုး သက်ရှိတစ်ပြုံတစ်မကြီးကိုမြင်လိုက်ရသည့်အခါ ကြောက်ရွံ့မှုနှင့်အတူပျော်ရွှင်မှု ကိုပါတစ်ပြိုင်နက်တည်းခံစားလိုက်ရသည်မှာမဆန်းပေ။
သူတို့မည်သည့်အရာများကိုပြောဆိုနေသည်လည်းကိုစပ်စုလိုသဖြင့် သူသေချာအာရုံစိုက်နားထောင်လိုက်သည်။
ဒူးထောက်နေသောမုတ်ဆိတ်မွှေးဖြူဖြူရှည်ရှည်နှင့်လူကြီး"အရှင်မင်းကြီးဘုရား ကျေးဇူးပြု၍ပြန်သုံးသပ်တော်မူပါဦးဘုရား စစ်မတ်ဖြစ်ပွားတယ်ဆိုတာ တိုင်းပြည်အတွက်ကောင်းကျိုးထက်ဆိုးကျိုးကိုသာယူဆောင်လာနိုင်ကြောင်းပါဘုရား ကျေးဇူးပြု၍ စောက်နဲ့ထွင်းရမယ့်အရာကို ပုဆိန်နဲ့မထွင်းချင်ပါနဲ့ဘုရား"
မတ်တပ်ရပ်၍လက်ညိုးငေါက်ငေါက်ထိုးကာပြောနေသောပုသိုင်းမွှေးကြီးများနှင့်လူကြီး"ဒီမှာ ဟုန်အမတ်ကြီး ခင်ဗျားဘာစကားပြောတာလဲ သူတို့က ကျုပ်တို့ရဲ့အပြစ်မဲ့တဲ့ ကုန်သည်တွေကိုသတ်ပစ်ပြီးတော့ ပစ္စည်းတွေကိုလုယူသွားတာဗျ ဒါကိုကျုပ်တို့က ပြုံးပြုံးလေးနဲ့ ပါးရိုက်ခံပြီးကြည့်နေရမှာလား ခင်ဗျားတို့ ပညာရှိအမတ်တွေကအဲ့အချိုးကြီးပဲ ကြောက်လိုက်တာများ တွေ့တဲ့နေရာ ကြင်ငယ်စွန့်တော့မယ့်အတိုင်း ဟမ့်!"
"ကျိုးစစ်သေနာပတိကြီး ခင်ဗျားတို့လိုအားနေသတ်မယ်ဖြတ်မယ်ဆိုတာပဲသိတယ့်သူတွေက ပညာရှိတွေရဲ့အဆုံးအမအဆိုအမိန့်ကိုဘယ်နားလည်နိုင်ပါ့မလဲ အဲ့တော့ ကျုပ်တို့လိုလူတွေရဲ့စကားကိုလည်းခင်ဗျား နားလည်နိုင်စွမ်းရှိမှာမဟုတ်ဘူး"
ဘာတစ်ခုမှနားမလည်သော၀ိညာဥ်လေး"........."
"အဟမ်း Host အရင်ဆုံး လျို့ ပေးတဲ့မှတ်ဉာဏ်တွေကိုလက်ခံဦး "
"မှတ်ဥာဏ်"
"ဟုတ်ကဲ့ ဒါမှ ဘာတွေဖြစ်မယ် ဘယ်လိုရှောင်ရတိမ်းရမယ်ဆိုတာသိမှာလေ Host ရဲ့တာ၀န်က host၀င်နေတဲ့သူတွေရဲ့နောက်ဆုံးဆန္ဒတွေကိုဖြည့်စည်းပေးရမှာပါ အဲ့ဒီအတွက်လည်းကမ္ဘာတွေတစ်ခုပြီးတစ်ခုကို၀င်စားရမှာပါ ဘယ်တော့ပြီးဆုံးမလဲဆိုရင် Hostရဲ့၀ိညာဥ်ခန္ဓာအဆင့်အမြင့်ဆုံးကိုရောက်မှပါ လျို့ တို့နေထိုင်တဲ့စကြ၀ဠာကြီးမှာ ကမ္ဘာပေါင်းသန်းနဲ့ချီရှိတယ် ဒါ့ကြောင့် အမျိုးမျိုးသောနေရာအစုံကိုသွားလာရမှာမို့လို့ host လုံး၀ ပျော်ရွှင်စိတ်လှုပ်ရှားစေမှာပါ ပြီးတော့ host ကငြိမ်းချမ်းရေးသံတမန်တော်ဆိုလည်းဟုတ်တယ် host က ငြိမ်းချမ်းရေးရမှတ်ဆိုတာတွေကိုစုဆောင်းရမှာဖြစ်ပြီး အမှတ်၁၀၀ပြည့်တာနဲ့တာ၀န်တစ်ခုပြီးမြောက်မှာဖြစ်ပါတယ် host နားမလည်တာရှိလား ရှိရင် လျို့ ကိုမေးပါ"
"မရှိပါဘူး ဒါနဲ့ ငါအရမ်းသိချင်နေတာရှိတယ် ဘာလို့ငါ့ကိုမှရွေးချယ်ရတာလဲ"
လျို့ ဆိုသူကခေတ္တခဏငြိမ်သက်သွားပြီးကာမှ ဖြည်းဖြည်းချင်းပြန်ဖြေလာသည်။
"တိုတိုနဲ့လိုရင်းပြောရရင် Host ကလည်း လျို့ ကိုလိုအပ်သလို လျို့ ကလည်းhost ကိုလိုအပ်နေလို့ပါ ... ပြီးတော့ Host လည်း ခန္ဓာပြန်ရပြီး မှတ်ဉာဏ်တွေလိုချင်တယ်မလား"
"အင်း လိုချင်တယ် "
"ဒါဆို ညီမျှတဲ့အပေးအယူလေးဖြစ်နေပြီပဲ အကြောင်းအရင်းတွေမမေးပါနဲ့တော့ ဖြေချိန်မတန်သေးလို့ပါ တောင်းပန်ပါတယ်"
"ရပါတယ်"
သူအပြုံးလေးနှင့်ပြန်ဖြေလိုက်သည့်အခါ ဘာကြောင့်မှန်းမသိ လျို့က ပြုံးနေတယ် ဟုခံစားလိုက်ရသည်။မမြင်တွေ့ရပေမယ့်ပေါ့။
"ဒါဆို မှတ်ဉာဏ်တွေစတင်ကူးပြောင်းပါပြီ"
အဖြူရောင်အလင်းစက်လေးတစ်စက်ကသူ့နှဖူးထဲသို့ရုတ်တရက်၀င်ရောက်သွားပြိီး စိမ်းသက်နေသည့်မှတ်ဉာဏ်အသစ်များ သူ့ဦးနှောက်ထဲပေါ်လာသည်။
______
သူရောက်နေသည့်နေရာ၏ ကမ္ဘာကို ဖေးကျွမ်ကမ္ဘာဟုခေါ်ဆိုကြပြီး ရှေးကျသည့်ယဥ်ကျေးမှုအမွေအနှစ်များနှင့်ကမ္ဘာလည်းဖြစ်သည်။
ဖေးကျွမ်ကမ္ဘာတွင် တိုက်ကြီး၃တိုက်ရှိပြီး ချွမ်ရို့တိုက်ကြီး၊ကျုံးရို့တိုက်ကြီးနှင့်ထျန်းရို့တိုက်ကြီးဟူ၍အမည်နာမရှိကြသည်။
၀မ်အန်း ယခုရောက်နေသည့်တိုက်ကြီးမှာ ထျန်းရို့တိုက်ကြီးဖြစ်ပြီး ထျန်းရို့တိုက်ကြီးတွင်လည်းနိုင်ငံပေါင်း၃၃နိုင်ငံထိစပ်နေကြပြီးအင်ပါယာ၁၀ခုရှိပြီး အင်ပါယာတစ်ခုတွင်နိုင်ငံ၃နိုင်ငံပိုင်ဆိုင်နိုင်ပေသည်။ထိုသည်မှာသတ်မှတ်မထားသည့် စည်းကမ်းချက်ဖြစ်ပြီးမည်သူမျှလည်းမကျူးလွန်၀ံ့ပေ။ကျူးလွန်၀ံ့သူမှာကောင်းကင်ဘုံမှအပြစ်ဒဏ်ကိုခံရပြီးဤသည်မှာ ကောင်းကင်ဘုံကသဘာ၀အတိုင်းသတ်မှတ်ပေးထားသည့်စည်းကမ်းပင်။
အမှန်ဆိုလျှင်အင်ပါယာ၁၁နိုင်ငံရှိရမည်ဖြစ်သော်လည်း ကျန်၃နိုင်ငံမှာယခုအချိန်ထိမင်းလုပ်အုပ်ချုပ်မည့်အာဏာရှင်မပေါ်သေးပေ။အာဏာရှင်လုပ်ချင်ကြသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံအင်အားအရာမှာသာတူညီမျှဖြစ်နေသော်ကြောင့် မည်သူမှအကဲမစမ်းချင်ကြပေ။
မဟုတ်ပါက ကျားနှစ်ကောင်ကကိုက်နေချိန်တွင်မြေခွေးတစ်ကောင်က၀ပ်စောင့်နေပြီး ကျားနှစ်ကောင်ကအထိနာချိန်တွင်မြေခွေးကကောက်စားသွားနိုင်ပေသည်။
သို့သော် မထင်မှတ်ထားသည့်အရာရုတ်တရက်ဖြစ်ပျက်သွားခဲ့သည်။
လျန်ယွမ်နိုင်ငံ၊အန်းယွမ်နိုင်ငံနှင့်ဖျင်းယွမ်နိုင်ငံတို့တွင် လျန်ယွမ်နိုင်ငံအတွင်းဆူပူအုံကြွမှုတစ်ခုဖြစ်ပျက်ခဲ့ပြီးတော်၀င်မိသားစုမှာ အာဏာကိုကာကွယ်နိုင်ခဲ့သော်လည်း အတော်လေးလည်းအထိနာသွားရသည်။
ထိုသို့ဖြစ်ပျက်သွားရသည်မှာ ပုန်းနေသောကျားနှစ်ကောင်အတွက်တော့မဟာ့မဟာအခွင့်အလမ်းကြီးပင်။
သို့သော်မည်သူကစတင်၍စစ်ထိုးမည်နည်းဆိုသည်ကလည်းရှိသေး၏။
မည်သို့ပင် လျန်ယွမ်နိုင်ငံက အားနည်းနေသည်ဆိုဦးတော့ နှစ်ရာပေါင်းများစွာအခြေတည်ခဲ့သောအုပ်မြစ်ကိုတော့အထင်မသေးသင့်ပေ။
ထို့ကြောင့် မိမိကအရင်စစ်ထိုးလျှင်မိမိမှာအနည်းနဲ့အများအထိနာမည်ဖြစ်ပြီး ကျန်တဲ့ကျားနှင့်ပြိုင်သောအခါ မိမိမှာ အထိနာသွားနိုင်ချေရှိနေသော်ကြောင့် မည်သူကမျှမစကြပေ။
သို့သော် ထိုသည်မှာ သက်တော်ငယ်ရွယ်သော အန်းယွမ် ဘုရင်မင်းမြတ်နန်းမတတ်ခင်အထိပဲဖြစ်သည်။
သူသည် ငယ်စဥ်တောင်ကျေးကလေးဘ၀ကတည်းက စစ်တပ်ထဲတွင်ပဲကြီးပြင်းလာသူဖြစ်သဖြင့် နဂိုဓာတ်ခံကရက်စက်တတ်သည်မှာစကားပင်ထည့်ပြောစရာမလိုပေ။
မင်းညီမင်းသားညီအစ်ကိုများမရှိသဖြင့် သာတော်သေးသည်ဟုဆိုရမည်။မဟုတ်လျှင်သူအာဏာရရေးအတွက် သေချာပေါက်သွေးခင်းလမ်းကိုလျှောက်ရမည်ဆိုလျှင်ပင်လျှောက်ရန်အတွက်လက်တွန့်မည်မဟုတ်ပေ။
သူသည်နန်းတတ်သည်နှင့် ဓားစွဲကာ တပ်ကိုဦးဆောင်၍ လျန်ယွမ်နိုင်ငံအားစစ်ချီလေသည်။
သူမတူစွာစစ်ရေးတွင်ထက်မြတ်လွန်းလှသော ထိုဘုရင်ငယ်သည် ၃လဆိုသောကာလအတွင်း လျန်ယွမ်နိုင်ငံကိုသိမ်းနိုင်ခဲ့ပေသည်။
အထိအခိုက်အကျအရှုံးမှာ အများထင်သလိုမများခဲ့ပေ။
ဒါကပင် သူ၏အစွမ်းအစကိုဖော်ကျူးနေပေသည်။
သူ၏နောက်ထပ်ပစ်မှတ်မှာ ဖျင်းယွမ်နိုင်ငံဖြစ်လာပေသည်။သို့သော် လက်လွတ်စံပယ် မလုပ်ရဲပေ။
ဘာကြောင့်ဆို လျန်ယွမ်နိုင်ငံကိုအနိုင်ရသည်မှာ အင်အားအရာတွင်ချိနဲ့နေပြီးဖြစ်သောကြောင့်ဖြစ်ပြီး ဖျင်းယွမ်နိုင်ငံမှာတော့မတူပေ။သူသည် မည်သည့်အထိအခိုက်ကိုမှမခံထားရသော အင်အားကြီးမားသည့်ကျားကြီးပင်ဖြစ်သည်။
သို့ပေသည့် ငယ်ရွယ်သောဘုရင်သည်မောက်မာကာမာနကြီး၍ထိုနိုင်ငံအားအရယူရန်ကြိုးပမ်းတော့သည်။
သူသည်စစ်ရဲမက်အင်အားတောင့်တင်းရန်အတွက် မဖြစ်မနေစစ်မှုထမ်းရမည်ဆိုသော ဥပဒေ ကိုထုတ်ပြန်သည်။
ယခင် ကျွမ်းယွမ်ပညာရှိစာမေးပွဲများအားဖြတ်သိမ်း၍ထိုအစား အတိုက်အခိုက်ကျွမ်းကျင်သူများသာမြှောက်စားလေသည်။သူသည်တဇွတ်ထိုးနိုင်၍နှလုံးရည်သမားများအားအထင်မကြီးပျော့ညံ့သည်ဟု တွေးထင်ကာ အဖတ်ပင်မလုပ်မြှောက်စားခြင်းပင်မရှိပေ။
ထို့ကြောင့် နန်းတွင်းညီလာခံတွင် ပညာရှိအမတ်များချောင်ထိုးခံရပြီးစစ်သူကြီးများနေရာတွင်ကျယ်လာသည်။
ထိုသို့လုပ်ရက်များကြောင့်အင်အားအရာတွင်ကြီးမားလာသော်လည်းမည်သည့်အရာတွင်မဆိုကောင်းကျိုးဆိုးကျိုးဒွန်တွဲနေပေသည်။
နှလုံးရည်၊လက်ရုံးရည်အတူဒွန်တွဲတည်ရှိကာမှ တိုင်းပြည်တစ်ခုတွင်အောင်နိုင်ခြင်းများရနိုင်ပေမည်ဖြစ်သည်။
ထိုဘုရင်ငယ်သည် ဖျင်းယွမ် နိုင်ငံသို့စစ်ချီခဲ့ပေသည်။
ထိုစစ်ပွဲမှာနှစ်ချီကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်မတော့ အင်အားအရာတွင်မည်မျှကြီးမားနေကာမှု အလှပန်းအိုးသဖွယ် အဆင်းသာရှိအချင်းမရှိသောကြောင့် ခလောက်ဆန်အမြှောက်စာပမာအရှုံးကြီးရှုံးလေတော့သည်။
ထိုအခါမှဘုရင်ငယ်သည် ပြည်တော်ပြန်သည့်အခါ စစ်ဘေးကြောင့်အငတ်ဘေးသင့်နေသည့် လူကြီး၊လူရွယ်၊အမျိုးသမီး၊ကလေးသူငယ်များ၊စစ်ရှုံး၍ကျွန်ဘ၀ရောက်ရမည့်ပြည်သူများအားကြည့်၍ရင်တွင်းတွင်နောင်တရကာချုံးပွဲချငိုလေတော့သည်။
သူသည်တိုင်းပြည်ကိုဆုံး၍စစ်ပွဲတွင်လည်ရှုံးနိမ့်ခဲ့ပြီဖြစ်သောကြောင့် အသက်ဆက်ရှင်လိုစိတ်မရှိတော့၍ လက်စွဲတော်ဓားဖြင့်မိမိလည်ပင်းမိမိဖြတ်၍အဆုံးစီရင်လေတော့သည်။
သူမသေခင်အချိန်တွင် ဆန္ဒ၃ခုသာရှိလေသည်။
(၁)တိုင်းပြည်ကြီးစီပင်သာယာ၀ပြောရမည်။
(၂)ပြည်သူများစိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်နေနိုင်ရမည်။
(၃)မိမိထံတွင်အမွှေဆက်ခံနိုင်မည့်မျိုးဆက်ရှိရမည်။
အထက်ပါအကြောင်းအရာများကိုလေ့လာမှတ်ရှုပြီးနောက် ၀မ်အန်း တစ်ယောက်သက်ပြင်းဖွဖွချမိကာ စကားတစ်ခွန်းကိုစိတ်ထဲတွင်အသာရွတ်လိုက်မိသည်။
ဪ...ငါ့နှယ် ... မင်းဖြစ်ရတဲ့ဒုက္ခ ပါလား~။
________________________________________
Zack တစ်ခုပြောချင်တာကဒီ Fated လေးက လက်စားလိုက်ချေရတဲ့ Villain System မျိုးမဟုတ်ဘဲ ဖြစ်ချင်တဲ့ဆန္ဒတွေကိုလိုက်ဖြည့်စည်းပေးရမည့် ငြိမ်းချမ်းရေးSystemလေးပါ🙃(အပေါ်ယံပေါ့🤣)
ဒါကဇာတ်လိုက်၊ဇာတ်လိုက်မ ဆိုတဲ့သတ်မှတ်ချက်မျိုးလည်းမရှိပါဘူး။ဘာလို့ဆို ဒါတွေကပုံရိပ်ယောင်ကမ္ဘာတွေမဟုတ်လို့ပါဘဲ။
အထက်မှာလည်းအကျဥ်းချုပ်ပြောပြထားပါတယ်☝️
အဲ့တော့ အားလုံးလည်းဘေးဘယာကင်းဝေကြပါစေနော်😇
___________________________________________
L-Zee.U