အပိုင်း ၅
Viewers 10k

Chapter 5




တစ်ချိန်တည်းမှာပဲ အတန်း (၁)မှကျောင်းသားများလည်း စာမေးပွဲဖြေရန် ပြင်ဆင်နေကြသည်။ 


တန်းခွဲ ၁ နှင့် အတန်း ၁၉ ၏ ကွားခြားချက်သည် ဤအတန်းရှိသူများသည် လက်ရွေးစင်များနှင့် ပြည့်နက်နေပြီး အများစုသည် မျိုးစုံ သော စာပေပညာရေးပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်ကြသည်။


သူတို့၌ ချမ်းသာကြွယ်၀သော သို့မဟုတ် အားကောင်းသည့် နောက်ခံများရှိကြပြီး အားလုံးသည် သူတို့ကိုယ်၌ က ရည်မှန်းချက်မြင့်မြင့်ရှိကြ၏။ အတန်းနိမ့်များမှ တနေ့တနေ့စားရင်းသောက်ရင်း သေဖို့စောင့်နေကြသော ငါးဆားနူများနှင့် နှိုင်းယှဉ်ဖို့ အထင်သေးကြ၏။


ပုံမှန်အားဖြင့် စာမေးပွဲမတိုင်ခင် အတန်းက အတော်လေး ငြိမ်သက်လေ့ရှိသည်။ သို့သော် ယနေ့တွင်မူ အကြောင်းတခုခုကြောင့် တီးတိုးပြောသံများ ရှိနေ၏။  တိတ်ဆိတ်မှု‌ကြားထဲမှာ ရေကန်ထဲသို့ ကျောက်တုံးပြုတ်ကျကာ မျက်နှာပြင်အား နှောင့်ယှက်ပြီး ဘေးပတ်၀န်းကျင်အား ပျံ့နှံ့သွားသကဲ့သို့ ဖြစ်ပြီး သိသာထင်ရှားနေလေ၏။

 

ပျော်ပျော်နေတတ်သည့် နောက်ဆုံးခုံတန်းမှ ကျောင်းသားများသည် ဘိတ်ချေးခန်းသို့ ရောက်ရှိလာသည့် မိန်းမလှလေးအကြောင်းကို အတင်းတုပ်နေကြ၏။


အထက်တန်းကျောင်း၌ တတိယနှစ် တန်းခွဲပေါင်း ၁၉ ခန်း ရှိပြီး အားလုံးက အဆောက်အဦးတစ်ခုထဲ၌ ဖြစ်သည်။ အတန်းတစ်တန်းမှာ ကိစ္စတစ်ခုခုဖြစ်ပွားခဲ့မည်ဆိုပါက မကြာခင်‌အချိန်လေးမှာပဲ နေရာတိုင်းသို့ ပျံ့နှံ့သွားမည်ဖြစ်၏။


သာမန်တော်ရုံလှသည်ဆ်ိုပါက  ငါးလွှာ၌ရှိသော ဘိတ်ချေးတန်းမှ သုံးလွှာရှိ ပြိုင်ဆိုင်မှုပြင်းထန်သည့် စာတော်သည့်‌အတန်းသို့ ရောက်ရှိလာမည်မဟုတ်ဘူးဆိုသည်မှာ ခြေမကို သုံးရင်တောင်မှ သိနိုင်လေသည်။ ကျောင်းအဆောက်အဦးထဲ ပျံ့နေသည်ဆိုကတည်းက ထိုသို့ဖြစ်လောက်သည်အထိ လှပချောမောသည်ဆိုသည့် အဓိပ္ပာယ်ရှိ၏။ ဒီအရာက ကျောင်းသားတွေကို စိတ်လှုပ်ရှားလာစေသည်။ သူမသည် အလွန့်အလွန်ကို လှသည့် မိန်းကလေးဖြစ်ရမည်။ အနည်းဆုံး  ကျောင်းပန်းပွင့်ကလေး ကျုံးရှစ်ရွှမ်အဆင့်ခန့် ဖြစ်ရမည်။

(*ကျုံးရှစ်ရွှမ်=မုန့်ရှစ်ရွှမ် သူသုံးထားတဲ့အတိုင်းလိုက်သုံးပါမယ်နော် တစ်ယောက်တည်းပါ)


အခန်းထောင့်မှ မျက်မှန်နှင့် အရပ်ပုသည့်ကောင်လေးသည် စိတ်လှုပ်ရှားမှုများဖြင့် မျက်နှာနီရဲနေသည်။ သူက သူ၏ဟန်းဖုန်းကို ခိုးကြောင်းခိုးဝှက်ထုတ်ယူကာ ထိုင်ခုံပေါ်သို့ လက်ကမ်းရင်း " တန်းခွဲ ၁၉ ထဲက တစ်ယောက်က သူမပုံကို ခိုးရိုက်ထားတာရှိတယ် ဖာ့ခ် သူမက ငါ့အကြိုက်ကွ ကျုံးရှစ်ရွှမ်က ကျောင်းပန်းပွင့်လေးအဖြစ် သုံးနှစ်ဆက်တိုက်ရွေးခံထားရတာမလား ငါအာမခံရဲတယ် ဒီကောင်မလေးပေါ်လာတာနဲ့ ကျုံးရှစ်ရွမ်ရဲ့ ကျောင်းပန်းဆိုတဲ့နေရာက သေချာပေါက် မလုံခြုံတော့ဘူး "


သူ၏ထိုင်ခုံဖော်သည် လှပကျက်သရေရှိသည့် ဖုန်းထဲမှ မိန်းကလေးအား ကြည့်လိုက်ပြီး သူ၏မျက်လုံးတွေက ပိုပြီး အာရုံစိုက်လာခဲ့သည်။ သူက ဖုန်းကို မြန်မြန် ဆက်ခနဲဆွဲယူလိုက်ပြီး စေ့‌စေ့စပ်စပ်ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ မဖုံးကွယ်နိုင်သည့် အံ့ဩမှုက အထင်းသားဖြစ်နေသည်။


သို့သော် မျက်မှန်နှင့် ကောင်လေး၏ စကားကို ကြားရပြီးသည့်နောက်တွင် သူက နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်ပြီး ဖုန်းအား ပြန်ပေးလိုက်သည်။ 


" ဆိုတော့ မင်းက ဒီလိုမျိုး အပေါစား ဆွဲဆောင်တတ်တဲ့ ကောင်မလေးမျိုးကို ကြိုက်တာပေါ့ လှတာကလှပါတယ် ဒါပေမဲ့ ယောင်္ကျားတစ်ယောက်ရဲ့ အသားက တခြားယောင်္ကျားဖို့တော့ အဆိပ်ပဲ ငါထင်တာတော့ ကျုံးရှစ်ရွှမ်လိုမျိုး စင်ကြယ်မြင့်မြတ်တဲ့ မိန်းကလေးမျိုးက ပိုသာတယ် "


" ဟမ့် သူမက ကြည့်မကောင်းဘူးဆိုလဲ ငါ့ကို ပြန်ပေးလိုက်တော့ " 


အပုလေးက သူ၏ခုံဖော်နှင့် ရန်ဖြစ်လုမတတ် သူ၏ဖုန်းကို လုယူလိုက်သည်။ အဆုံးမှာ မေးခွန်းစာရွက်တွေက သူတို့ဆီသို့ ရောက်ရှိလာတာကို သတိမထားမိဘဲ ဖုန်းမျက်နှာပြင်ပေါ်၌ ကောင်မလေးပုံအား အဆင့်သတ်မှတ်နေခဲ့သည်။


ဤကဲ့သို့ အုတ်အော်သောင်းတင်းဖြစ်သည်မျိုးက ယောင်္ကျားလေးဧရိယာထဲက နေရာအချို့မှသာလျှင် ဖြစ်သည်။ သို့သော် သဘာ၀ကျကျ ပျံ့နှံ့လာပြီး မုန့်ရှစ်ရွှမ်၏ နေရာဖြစ်သည့် ရှေ့ဆုံးတန်းသို့ ရောက်ရှိလာသည်။ သူမနားထဲသို့ " ကျုံးရှစ်ရွှမ်ထက်ပိုလှတယ် ကျောင်းပန်းပွင့်ဂုဏ်ပုဒ်က ပြောင်းလဲတော့မယ် ဒီကောင်မလေးက ဘယ်သူလဲ " စသည်များက တိုးတိုးလေး၀င်လာခဲ့သည်။ သူမက စိုးရိမ်ပုံမပေါ်ဘဲ သွယ်လျလှပတဲ့ လည်တိုင်လေးကို ကိုင်းညွှတ်ပြီး စာရွက်တွေကို လက်ချောင်းလေးများဖြင့် ဖြန့်ဖြူးကာ မေးခွန်းတွေ‌ကို သေသေချာချာဖြေဆိုနေခဲ့သည်။


သို့သော် သူမ၏ထိုင်ခုံဖော် လန်ကျားကျားသည် အသံတိုးတိုးဖြင့် မညည်းညူပဲမနေနိုင်ခဲ့။


" အဲ့ကောင်တွေက ဘာမှမဟုတ်တာကို ချဲ့ကားနေကြတာ သူမကဘယ်လောက်တောင် လှနိုင်မှာမို့လို့လဲ မနှစ်က ဂျူနီယာကျောင်းသူတစ်ယောက်ပြောင်းလာတုန်းကလဲ စင်ကြယ်လှပတယ်ဆိုပြိီး ပြောခဲ့ကြတာပဲ နောက်တော့ နင်နဲ့ယှဉ်လိုက်တဲ့အခါ အသားအရည်က လုံး၀ကို ဖြူဖတ်ဖျော့တော့နေတာပဲလေ ဒီတခေါက်ရော ဘာတွေမရှက်မရှိလုပ်ကြဦးမှာလဲ "


မုန့်ရှစ်ရွှမ်က ပြုံးလိုက်ရင်း ဂရုမထားဘဲ

 " စာမေးပွဲဖြေလေ "


လန်ကျားကျားက ထပ်မံပြောလိုက်သည်။

 " သူမကဒီလောက်တောင်အံ့ဩဖို့ကောင်းတယ်ဆိုမှတော့ စာမေးပွဲပြီးရင် ငါတို့သွားကြည့်ကြရင်ရော "


" မလိုပါဘူး " ကျုံးရှစ်ရွှမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။


" ချောမောလှပတဲ့သူတွေက အများကြီးရှိကြတာပဲ သူတို့အားလုံးနဲ့သာ လိုက်ယှဉ်နေရမယ်ဆို ငါဘယ်လောက်တောင်အလုပ်များလိုက်မလဲ "

  

စကားပြောပြီးသည့်နောက် သူမ လန်ကျားကျားကို လျစ်လျူရှုကာ မေးခွန်းတွေကိုသာ အာရုံစိုက်နေလိုက်သည်။


လန်ကျားကျားသည် မုန့်ရှစ်ရွှမ်ကို အားကျလေးစားစွာ ကြည့်လိုက်သည်။


မုန့်ရှစ်ရွှမ်၏ ကံက တကယ်ပင် ကောင်းလှ၏။ ချမ်းသာသည့် ကျုံးမိသားစုမှာမွေးဖွားလာပြီး မိဘများနှင့် အားလုံးက ချစ်ကြသည့် အကြီးဆုံးအဖိုးတန်သမီးလေဖြစ်သည်။ ဒုတိယနှစ်ကျောင်းသားဖြစ်သည့် သူမမောင်သည်တောင်မှ ကာတွန်းထဲကထွက်လာသလိုမျိုး သူမအပေါ် အရမ်းကောင်း၏။ သူမကိုယ်တိုင်ကလည်း ထူးချွန်၊ရုပ်ရည်ကလည်း ပထမအဆင့်၊အတန်းအဆင့်တွေကလည်း အရမ်းကောင်းပြီး မိသားစုနောက်ခံကလည်း ကြွယ်၀သည်။

 

သူမ ယနေ့ ၀တ်လာခဲ့သည့် မီးခိုရောင်သိုးမွှေးဂါ၀န်ကလည်း ရိုးရှင်းပေမဲ့ စတိုင်ကျနေခဲ့သည်။ ကြည့်ရသည်မှာ အရမ်းဈေးကြီးမည့်ပုံဖြစ်သည်။


သူမမိသားစုကလည်း ချမ်းသာသည်ဟုဆိုနိုင်သော်လည်း ကျုံးမိသားစုနှင့်ယှဉ်ပါက မလုံလောက်သေးပေ။


လန်ကျားကျားသည် သူမဂရုတစိုက်ရွေးချယ်ခဲ့သည့် ကျောင်း၀တ်စုံအောက်မှ စကပ်အား တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။ သူမ၏ သိပ်မမြင့်သော မိမိကိုယ်ကိုယုံကြည်မှုလေးက  ‌ပေါက်ထွက်သွားသည့် ပူဖောင်းကဲ့သို့ အလျင်အမြန်ပင် လျော့ပါးသွားသည်။ သူမ၏ လည်တိုင်ကို ပြန်ဆွဲမရင်း မုန့်ရှစ်ရွှမ်အား အားကျခြင်းတ၀က် သက်ပြင်းချခြင်းတ၀က်ဖြင့် ငေးကြည့်ခဲ့သည်။

' အလှလေးတွေကတော့ ‌အလှလေးတွေပါပဲ။ စာမေးပွဲဖြေနေတာတောင်မှ မျက်စိပဒါသရှိလှတယ် '


အချိန်အတော်ကြာ ငေးကြည့်ပြီးတဲ့နောက်မှ သူမက မိနစ်အနည်းငယ်ဖြုန်းတီးမိလိုက်ပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်သည်။


ရလဒ်အနေနဲ့ မုန့်ရှစ်ရွှမ်၏ ဘောပင်ကရပ်တန့်သွားပြီး အတော်ကြာမရွေ့လျားနေသည်ကို မမြင်နိုင်ခဲ့ပါ။


' သူမထက်ပိုလှတယ်လား '


မုန့်ရှစ်ရွှမ်၏ မျက်လုံးထဲ၌ မရှင်းလင်းသည့် ခံစားချက်က ဖြတ်ပြေးသွား၏။ စက်ဆုပ်အထင်မြင်သေးနေသည်လား ဒါမှမဟုတ် တခြားတခုလား ဘယ်သူမှမပြောနိုင်ပေ။


သူမထက်ပိုလှသည့် မိန်းကလေးအား သူမတကယ်ပင် တွေ့ခဲ့ဖူးပါ၏။ လွန်ခဲ့သည့် သုံးနှစ် ကျုံးပါပါးနှင့် ကျုံးမာမားတို့ မိန်းကလေးတစ်ယောက်ကို အိမ်သို့ခေါ်လာခဲ့ပြီး သူမက ကျုံးမိသားစု၏ သမီးရင်းမဟုတ်ဘဲ ဆင်းရဲသည့် နန်နီတစ်ယောက်၏ ကလေးဟူ၍ ပြောခဲ့ကြသည်။ ကျုံးမိသားစု၏ အဖိုးတန် သမီးပျိုလေးက သူမ မဟုတ်ဘဲ ကျုံးယို့ယို့ဖြစ်သည်။


ထိုအချိန်က ကျုံးယို့ယို့မှာ ဖုန်စုတ်ပေတေနေပြီး သူမအ၀တ်သည်လည်း အ၀တ်စုတ်နှင့်တူကာ သူမသည်ကား သူဖုန်းစားတစ်ယောက်အလား။  ဘေးပတ်၀န်းကျင်ကို မဝံ့မရဲ ကြည့်ရှုရင်း ဆိုဖာ၏ အဆုံးစွန်၌ ဖင်ချထိုင်ရဲခဲ့သည်။ထိုသို့ဆိုရင်‌ေတာင်မှ ထိုအချိန်က ဆယ့်ငါးနှစ်ရှိပြီဖြစ်သည့် ကျုံးယို့ယို့သည် ရင်သပ်ရှုမောဖွယ်ကောင်းနေပြီ ။  ကျုံးယို့ယို့၏အလှသည် သူမဆယ့်ငါးနှစ်ကြာ အချိန်ယူလာရသည့် အ‌ငွေ့အသက်ကို တစ်ခဏအတွင်း ရိုက်ချိုးနိုင်သည့် အလှအပမျိုး ဖြစ်သည်။ 


ထိုနေ့က ခရစ်စတယ်မီးဆိုင်းက ကျုံးယို့ယို့၏ လှပဆွဲဆောင်မှုရှိသည့် မျက်နှာသွင်ပြင်ကို သိသာထင်ရှားစေခဲ့သည်။ ကျုံးမာမားငယ်စဉ်က ရုပ်ရည်နှင့်တူညီကာ ကျုံးရှီယို့နှင့်လည်း တစ်မျိုးတစ်ဖုံ ဆင်တင်တင်ရှိလေ၏ ။ မုန့်ရှစ်ရွှမ် နှစ်ပေါင်းများစွာ မကြာခဏ မေးခံခဲ့ရသည့် မေးခွန်းသည် နောက်ဆုံး၌ အဖြေရှိလာခဲ့ပြီဖြစ်သည်။

 

" မင်းက တကယ်ကို လှပပေတယ် ဒါပေမဲ့ ဘာလို့ ကျုံးမိသားစုကသူတွေနဲ့ မတူတာလဲ "


ကျုံးယို့ယို့ အိမ်သို့ရောက်လာကတည်းက မုန့်ရှစ်ရွှမ်မှာ အိမ်မက်ဆိုး မမက်သည့် ညဟူ၍ မရှိခဲ့ပေ။


သူမသည် မွေးမိခင် မုန့်ချန်အား အဝေးမှမြင်ခဲ့ဖူး၏။ သို့မဟုတ် မုန့်ချန်က သူမအား လာရှာခဲ့သည်ဟု ပြောရမည်လား။


မုန့်ချန်လက်ထဲက မြွေသားရေအတု ပိုက်ဆံအိတ်နှင့် ပါးချောင်ကျနေသည့် မျက်နှာကို ကြည့်ရုံဖြင့် မုန့်ချန်၏ ဆိုးရွားသည့်ဘ၀အား သူမခန့်မှန်းနိုင်လေသည်။ သူမမွေးမိခင်အား သနားပါ၏။ သို့သော် သူမသည် ပြန်ပို့ခဲ့ရမည်ကို တကယ်ကြောက်လှ၏။ ကောင်းမွန်သည့်ဘ၀တစ်ခုကို ကျင့်သားရပြီးသည့်အခါ တချို့သောလူတွေသာလျှင် တိမ်ပေါ်မှ ရွှံ့အိုင်ထဲ ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်ရည်ရှိကြ၏။  သူမကောင်းကောင်းသိပါ၏ ။ ကျုံးမိသားစုထဲမှ ထွက်သွားရမည်ဆိုပါက  သူမသည် ဘာမှမဟုတ်ပေ။ ဆင်းရဲသည့်မိသားစုတွေမှာ မိန်းမလှလေးတွေ မရှိကြတာ မဟုတ်ပါ။သို့သော် သူမတို့၏ အဆုံးသတ်က မည်သို့ဖြစ်သနည်း။  တစ်စုံတစ်ယောက်ကို အရက်သောက်ရန် အဖော်ပြုပေးရတာမဟုတ်လျှင် အမြှောင်မယားဖြစ်လာခြင်းသာ။


ကံကောင်းထောက်မစွာဖြင့် သူမသည် ဆယ့်ငါးနှစ်တိုင်တိုင် ကျုံးမိသားစု၌ သမီးအလိမ္မာလေးဖြစ်ခဲ့သည်။ ကျုံးပါပါး၊ မာမား နှင့် သူမမောင်တို့သည်  သူမနှင့် နက်ရှိုင်းသည့် သံယောဇဉ်၊တွယ်တာမှုရှိခဲ့ကြရာ သူမအား ပြန်ပို့မည့် အတွေး စိုးစင်းမှ မရှိခဲ့ကြချေ။


လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျုံးယို့ယို့သည် ပို၍ပို၍ ပုန်ကန်သောင်းကျန်းလာခဲ့သည်။ သူမကဆူးချွန်များနှင့် ကာရံထားပြီး အိမ်မှာနေသည်က ရှား၏။ အတတ်သင်ကျောင်းက ကျောင်းလူဆိုးများနှင့် မိတ်ဖွဲ့ခဲ့ပြီးမိတ်ကပ်များထူပိန်းနေအောင်လိမ်းကာ စုတ်စုတ်ပဲ့ပဲ့ဖြစ်နေခဲ့သည်။ ကျုံးမိသားစုမှ အစေခံတွေပါ အပါအ၀င်အားလုံးက သူမကို


မဖုံးကွယ်ထားသည့်  ရွံရှာမုန်းတီးမှုများနှင့် ကြည့်ခဲ့ကြသည်။ 


ဤအရာကိုတွေးရင်း မုန့်ရှစ်ရွှမ်သည် သူမ၏ခေါင်းကို လှည့်ပြီး သူမနှင့်မလှမ်းမကမ်းမှာ ထိုင်နေသည့် ရှစ်ကျစ်ထန်ကို လှမ်းကြည့်လိုက်သည်။