အပိုင်း ၆
Viewers 10k

Chapter 6




  ကျုံးမိသားစုနှင့်ယှဥ်လျှင် ရှစ်မိသားစုသည်ဒုတိယနေရာတွင်ရှိသော်လည်း ရှစ်မိသားစု၏နောက်ခံသည် အတော်လေးကောင်းမွန်ပြီး မိသားစုနှစ်စုသည် မိတ်ဆွေများဖြစ်ကြသည်။ သူမ မမွေးဖွားသေးခင်ကပင်မိသားစု နှစ်စုသည် ကလေးချင်းစေ့စပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ရှစ်ကျစ်ထန်၏သတို့သမီး လောင်းသည် ကျုံးယို့ယို့ပင်ဖြစ်သည်။ 


  စာမေးပွဲစတင်သည်မှာ ရှစ်မိနစ်ရှိနေပြီဖြစ်သော်လည်း ရှစ်ကျစ်ထန်သည်ဘောပင်ကိုကိုင်ထားကာ သူ၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးနေပြီး သူကိုယ်တိုင်ဘာတွေးနေလဲမသိလောက်အောင် စိတ်တွေလွင့်နေသည်။


  မုန့်ရှစ်ရွှမ် မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။

  လွန်ခဲ့သည့်နှစ်ရက်တွင် ရှစ်ကျစ်ထန်ဘာဖြစ်နေသည်ကို မုန့်ရှစ်ရွှမ်မသိပေ။ သူ့ကိုစကားပြောသည့်အချိန် တွင် သူကအတွေးတွေနှင့် ပြည့်နေသကဲ့သို့ အမြဲ အာရုံမစိုက်နိုင်ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများက အကြိမ် ပေါင်း များစွာ ထူးဆန်းခြင်း၊ ခါးသီးခြင်း၊ ဒေါသအနည်းငယ်စီနှင့် ကောင်းစွာ ကွယ်ဝှက်ထားသည့် ဥပေက္ခာတို့နှင့် ပြည့်နေတတ်သည်။ 


  သူမသည်အမြဲတမ်း ဆိုးရွားသော နိမိတ်တို့ကိုသိရှိသော်လည်း ထိုနိမိတ်တို့သည် ဘယ်ကလာသည်ကို မသိပေ။  


သို့သော် ယနေ့မနက်ခင်းတွင် သူမကိုလျှောက်လမ်းမှကြည့်နေသည့် သူမ၏မောင် ကျုံးရှီယို့၏ မျက်လုံး များသည် လွန်ခဲ့သည့်နှစ်ရက်က ရှစ်ကျစ်ထန်၏ မျက်လုံးများနှင့် တစ်ပုံစံတည်းပင်။ ထိုအချိန်တွင် သူမသည် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ 


မုန့်ရှစ်ရွှမ်က သူမ၏မျက်ခုံးများကို မပွတ်ဘဲမနေနိုင်ပေ။ သူမသည် လွန်ခဲ့သည့်နှစ်ရက်တွင် အပြင်းအ ထန် စဥ်းစားနေခဲ့ကာ ကောင်းကောင်းအနားမယူခဲ့သောကြောင့် အခုလို ထင်ယောင်ထင်မှားတွေ မြင်နေရတာဖြစ် နိုင်သည်။


 သူမစိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ အဖြေလွှာစာရွက်အပေါ်တွင်သာ အာရုံစိုက် ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ 


  အနောက်ဘက်တန်းတွင် ထိုင်နေသည့် ရှစ်ကျစ်ထန်သည် မုန့်ရှစ်ရွှမ်၏ စူးစိုက်ကြည့်နေမှုကို သိလေသည်။ သူ ထိုအကြည့်တို့ကို ရှောင်နေခဲ့ခြင်းသာဖြစ်သည်။ သူသည်နောက်တစ်ဖန်မွေးဖွားလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။


 မှန်သည်...သူ နောက်တစ်ကြိမ်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ 


  သူပြန်မွေးဖွားမလာခင်၌ ကျုံးမိသားစုငါးယောက်သည် ကားမတော်တဆမှု ဖြစ်ခဲ့သည်။ ထိုကြေကွဲဖွယ် မတော်တဆမှု၌ ကျုံးမိသားစုဝင်များတွင် ကြီးကြီးမားမားဒဏ်ရာရသူနှင့် အသက်ဆုံးရှုံးသူများရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း ထင်မှတ်မထားဘဲ ကျုံးယို့ယို့သာလျှင် သေဆုံးခဲ့သည်။ 


  ကားမတော်တဆမှုမဖြစ်ခင်တွင် မုန့်ရှစ်ရွှမ်သည် သူနှင့်လက်ထပ်စာချုပ်ကို ဖျက်သိမ်းရန်ကြိုးစားခဲ့ သည်။ ထိုအချိန်တွင် ရှစ်မိသားစုသည် ကြီးမားသောအခက်အခဲကိုရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် အဖေရှစ်သည်လည်း ကွယ်လွန်သွားခဲ့သည်။ ရှစ်မိသားစုသည် မိုးပေါ်မှ ရုတ်တရက်ကျဆင်းရကာ စီးပွားရေး စျေးကွက်၏ ဝံပုလွေများ၊ ကျားများ၏ ချောင်းမြောင်းမှုကိုခံရပြီး ကျုံးမိသားစု၏ အကူအညီကို အရေးတကြီး လိုအပ်နေခဲ့ သည်။ 


  သူသည် ကျုံးမိဘတွေက လူကောင်းများမဟုတ်သည်ကို ထင်မှတ်မထားခဲ့ပေ။ ရှစ်မိသားစု အဆင်မပြေ သည့် အချိန်ခြောက်လတွင် သူတို့သည် အကူအညီမပေးခဲ့ကာ မုန့်ရှစ်ရွှမ်ကိုပင် သူနှင့် လက်ထပ်စာချုပ်ကို ဖျက် သိမ်းခိုင်းခဲ့ကြသည်။ 


  ပြီးနောက် မုန့်ရှစ်ရွှမ်က သူ့ကို ဖျက်သိမ်းရန် ပြောခဲ့သည်။ 


  ထေ့ထေ့ငေါ့ငေါ့တွေးလိုက်သော ရှစ်ကျစ်ထန်၏ အတွေးတို့သည် ရယ်စရာတော့ကောင်းသည်။ အတိတ် ဘဝက ကျုံးယို့ယို့သည် သူ့ကိုအလွန်ကြိုက်နှစ်သက်ကာ သူမသည် သူ့အတွက် သူမ၏နှလုံးကို ထုတ်ပေးနိုင်သည် သာမက သူ့အတွက်လည်းဆိုးဝါးသော လုပ်ရပ်များစွာကိုလဲ လုပ်ခဲ့သည်။ 


  သူအထက်တန်းကျောင်းသားဖြစ်လာသောအချိန်တွင် သူသည် ရှစ်မိသားစု အခြေအနေကျဆင်းနေသည် ကို သိခဲ့သည်။ သူ၏အင်အားကို ခိုင်ခံ့စေဖို့ဆိုလျှင် အင်အားအထောက်အခံမပေးနိုင်သည့် ကျုံးယို့ယို့မဟုတ်ဘဲ ကျုံးမိသားစု၏ အဖိုးတန်သမီးလေးဖြစ်သည့် မုန့်ရှစ်ရွှမ်နှင့်သာ လက်ထပ်ရမည်ဖြစ်သည်။ ဒါ့ကြောင့် ကျုံးယို့ယို့ ကို သူလုံးဝ လှည့်မကြည့်ခဲ့ပေ။ 

  ထင်မှတ်မထားဘဲ အဲ့လိုနေ့မျိုးရောက်လာခဲ့ပြီး ရှစ်မိသားစုသည် စာချုပ်ကို ဖျက်သိမ်းပေးခဲ့ရသည်။ မုန့်ရှစ်ရွှမ်သည်လည်း သူတို့နှစ်ဦးသည် ငယ်ချစ်ဦးတွေမဟုတ်ခဲ့ကြသည့်အတိုင်း သူ့အပေါ် ခံစားချက်တို့ကို လွယ် လွယ်ကူကူပင် စွန့်ပစ်ခဲ့သည်။ 


  ကျုံးမိသားစု၏ ကားမတော်တဆဖြစ်ပြီးနောက်မှာ သူသည်ဂရုမစိုက်တော့ပေ။ မုန့်ရှစ်ရွှမ်ဆိုသည့် မိန်းမ သူ့အား နောက်ကျောခိုင်းခဲ့သည့်အချိန်မှစကာ သူသည် မုန့်ရှစ်ရွှမ်နှင့် ကျုံးမိသားစုအပေါ် ရွံရှာခဲ့သည်။ 


သို့သော် သူထင်မထားခဲ့တာက ကားမတော်တဆမှုတွင် ကျုံးယို့ယို့ သေဆုံး ပြီးနောက် သူမပိုင်ဆိုင်မှုများကိုဆက်ခံသူသည် သူ(ရှစ်ကျစ်ထန်)ကိုယ်တိုင်ဖြစ်နေခြင်းပင်။ သူမ၏ နာမည်အောက်တွင် ပိုက်ဆံ အနည်းငယ်နှင့် ပျက်စီးနေသော အိမ်လေးတစ်လုံးသာ ကျန်ခဲ့ကာ သူ၏ ကပ်ဆိုက်နေသောမိသားစုကို ကူညီရန်အ တွက် မလုံလောက်ပေ။ သို့သော် ထိုအရာအားလုံးသည် သူမတွင်ရှိသမျှအရာအားလုံးဖြစ်သည်။


ကျုံးယို့ယို့ ဘာလို့အဲ့သည်လိုလုပ်ခဲ့ရတာလဲ။


ရှစ်ကျစ်ထန်သည် အိမ်သော့နှင့် ဘဏ်စာအုပ်ကို ကြည့်ရင်း သူ့နှလုံးသားကား ဓားနှင့်ထိုးခံရသကဲ့သို့ နာကျင်ရကာ သူ၏ဘဝတွင် ပထမဆုံးအနေနှင့် နောင်တရ ကြောင်းကို ဝန်ခံရပေမည်။  


မသိရှိရသော အကြောင်းအရာတချို့ဖြင့် သူသည် မှတ်ဉာဏ်အားလုံးကိုမှတ်မိကာ ပြန်လည် မွေးဖွားလာခဲ့သည်။ 


လွန်ခဲ့သောနှစ်ရက်က သူသည် အထက်တန်းတတိယနှစ်၏ စာသင်ခန်းကို ရောက်ရှိလာပြီး သူ၏ရှေ့တွင် ရှိနေသော ဖတ်စာအုပ်ကို ကြည့်နေခဲ့သည်။ မုန့်ရှစ်ရွှမ်သည်လည်း မိန်းမငယ်လေးပင်ဖြစ်နေသေးကာ အလွန် အံ့ဩဖို့ကောင်းလှသည်။ မုန့်ရှစ်ရွှမ်က နူးညံ့ပြီးမြင့်မြတ်လှသော မင်းသမီးလေးကဲ့သို့ ခပ်ရေးရေးလေး ပြုံးပြ လေသည်။ 


သို့သော် မုန့်ရှစ်ရွှမ်သည် သူ့အပေါ် မည့်သို့ဆက်ဆံမည်ကို သိနေပြီးဖြစ်ကာ သူသည်လည်း အရင်ကနှင့် တူတော့မည်မဟုတ်ပေ။