∆ကျောက်ကြီးရွာသို့ ကူးပြောင်းခြင်း....
"ဟေး ကြည့်စမ်း၊ သူက ဘယ်လောက်တောင် ပျော့ညံ့နေလဲ။ အဆင်ပြေပါ့မလား?"
"ချန်းရှောင်မီ(Chen Xiao Mi)က သူအသက်ရှုနေသရွေ့ သူ့ပုံစံကို ဂရုမစိုက်ဘူးထင်ပါတယ်။ "
"သူ့ကိုကြည့်ကြည့်၊ ဘာမှသိပ်မကောင်းတော့ဘူး။ ဒီက လယ်ယာအလုပ်တွေကို လုပ်နိုင်မှာမဟုတ်ဘူး။ သူ့ကိုချန်းဆီ ပို့ကြစို့ ။ သူချန်းကို လက်မထပ်ဘဲ သေသွားရင် ငါတို့ပိုက်ဆံတစ်ပြားမှရမှာ မဟုတ်ဘူး ။"
"သူက ငါတို့ကို ကံဆိုးစေတယ်။ သူ့ကို ချန်း ဆီကို ပို့လိုက်ရအောင်၊ ငါတို့အိမ်မှာ သေရင် ငါတို့ဒုက္ခရောက်လိမ့်မယ်။ "
ကုတင်ပေါ်တွင် လဲလျောင်းနေသောလုလင်းသည် မူလပိုင်ရှင်၏ ပထမအဒေါ် (သူ့အဖေ၏ အစ်ကို့ ဇနီး) နှင့် တတိယ အဒေါ် (သူ့အဖေ၏ ညီမ)တို့၏ အားရစရာမရှိတဲ့ မူလပိုင်ရှင် အကြောင်းကို ပြောနေသည်ကို ကြားသောအခါတွင် ရွဲ့ရွဲ့လေးပြုံးလိုက်သည်။
လုလင်း သည် C နိုင်ငံ တွင် သာမန်ဝန်ထမ်း တစ်ယောက်ဖြစ်ပြီးမြို့ကြီးမှ အလုပ်ထွက်၍ မွေးရပ်မြေသို့ ပြန်သွားကာ သူ့မိဘများထံမှ အမွေကိုဆက်ခံခဲ့သည်။
သို့ရာတွင် မုန်တိုင်းထန်သောညတွင် ဤလောကသို့ ကူးပြောင်းသွားသည်ကို သူတွေ့ရှိခဲ့ရသည်။ ပိုထူးဆန်းသည်မှာ သူ့ကုန်စုံဆိုင် နှင့် ဆက်စပ်မှုရှိနေပြီး သူ့လက်ဖျံတွင် သဘာဝမဆန်တဲ့ မှဲ့တစ်ခုရှိနေသည်။
လုရဲ့ကုန်စုံဆိုင် မှာ အချိန် မပြောင်းလဲတာကိုလည်း တွေ့ခဲ့သည်။ ဆိုင်ထဲကို ပြန်ခိုးဝင်ပြီးနောက် မကူးပြောင်းခင်က ကောင်တာမှာ တင်ထားတဲ့ ခေါက်ဆွဲပန်းကန်ဟာ နွေးနေဆဲပင် ။ထို့ကြောင့် စတိုးဆိုင်ထဲမှာရှိတဲ့ အစားအသောက်အတွက်စိတ်ပူစရာ မလို တော့ပါဘူး။
လုလင်းရဲ့အခြေအနေအရရော ဒီရွာရဲ့လူတွေဘယ်လောက်အယူသီးတတ်မှန်းသိလိုက်ရတာကြောင့်ပါ မီးတောထဲမခုန်ဆင်းချင်တဲ့အတွက် သူ့ဇာတ်ကြောင်းနဲ့ ကုန်စုံဆိုင်ကိစ္စကို သိမ်းထားတာပဲ ပိုကောင်းပါတယ် ။
လုလင်( Lu Lin ) က သူ့အကြောင်းကို လျှို့ဝှက်ထားလျှင် ပိုကောင်းမည်ဟု တွေးပြီး ရွာသားတွေရဲ့ အယူသီးမှုဘယ်လောက်ရှိလဲဆိုတာ သိတဲ့အတွက် သူ့ကုန်စုံဆိုင်မှာ လျှို့ဝှက်ထားဖို့ စိတ်ကူးခဲ့တယ်။
လုလင်က မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ကို ရရှိခဲ့ပြီး ဒီနေရာက Cနိုင်ငံရှိ ရှေးခေတ်အချိန်များနှင့် တူညီသည့် အချိန်နှင့်နေရာဖြစ်သည်။ ကွာခြားသည်မှာ ထိုအချိန်တွင် ယောက်ျား ၊မိန်းမများသာမက ကော ဟုခေါ်သော လူတစ်စုလည်း ရှိသေးသည်။ ကောများ သည် အများအားဖြင့် နဖူးပေါ်တွင် ပန်းပွင့်ပုံသဏ္ဍာန်ရှိသော မွေးရာပါအမှတ်အသားဖြင့် ယောက်ျားအင်္ဂါရပ်များရှိပြီး ၎င်းတို့သည် အမျိုးသားများလောက် အရပ်မရှည်ဘဲ ကလေးမွေးနိုင်ကြသည်။ ၎င်းတို့သည် အမျိုးသမီးများထက် ပိုမိုခက်ခဲသောဝေဒနာကို ခံနိုင်ရည်ရှိကြသည်။အမျိုးသမီးများထက်ပိုသန်မာကြသည်။
မူလပိုင်ရှင်သည် အမှန်ပင် မကြည့်ရက်ပေ။
သူ့အဖိုးအဖွားတွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိပြီး သူ့အဖေက ဒုတိယ မြောက်ဖြစ်သည်။သူ့အဖေက အဘိုးအဘွားများ၏ ချစ်ခင်မှုအနည်းဆုံးရသူဖြစ်တာကြောင့် သူ့အဖေကို စစ်မှုထမ်းခိုင်းသည်။
စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရန် ငွေ ပေးဆောင်နိုင်သော်လည်း သူတို့က ဒုတိယသားကို တပ်မတော်သို့ စေလွှတ်ခြင်းထက် ငွေစအနည်းငယ်ကိုသာ ပို၍ နှမြောတွန့်တိုနေခဲ့ခြင်း ဖြစ်သည်။ လုလင်း ဒေါသအဖြစ်ဆုံးက မူလပိုင်ရှင်ရဲ့ အဘိုးအဘွားတွေက သူ့ဝမ်းကွဲကိုတော့ ကျောင်းတော်ပို့လိုက်တာပါပဲ။ ဒီခေတ်၊ဒီနေရာမှာ ဒါမျိုးက ဇိမ်ခံစရာ လိုပဲ။ ဘယ်လို တရားမမျှတမှုကြီးလဲ!!
သို့ရာတွင် မူလပိုင်ရှင်၏ဖခင်ကတော့ သားသမီးဝတ်တရားအတိုင်းလိုက်နာ ခဲ့သည်။ သူ့မိဘ၏ စကားကို နားထောင်ပြီးစစ်တပ်သို့သွားကာ မူလပိုင်ရှင်နှင့် သူ့အမေကို အိမ်တွင်ထားခဲ့သည်။
မူလပိုင်ရှင်ရဲ့ဖခင်က အိမ်မှာ ချစ်ခင်မှုအနည်းဆုံးသားဖြစ်ပြီး သူထွက်သွားပြီးတဲ့နောက် သူ့အမေနဲ့ သူ့ ဘဝက ပိုတောင်ခက်သွားခြင်းမှာ အမှန်ပင်။
မူလပိုင်ရှင်၏မိခင်က အောက်ခြေဘဝကမွေးဖွားလာသော အမျိုးသမီးဖြစ်ပြီး အတော်လေးကို တည်ငြိမ်သည်။ သူမက အလုပ်ကြိုးစားကာ မတရားမှုအားလုံးကို သည်းခံပြီး သူမရဲ့သိတတ်မှုတွေကို ဘယ်တော့မှထုတ်မပြပေ ။
စစ်တပ်ထဲကို မူလပိုင်ရှင်ရဲ့ဖခင် ဝင်သွားပြီးနောက် ငြီးငွေ့ဖွယ်လယ်ယာလုပ်ငန်းတွေဟာ သူမဆီလုံးလုံးလျားလျား ရောက်လာခဲ့သည် ။ သူမရဲ့ ကျန်းမာရေးဟာလည်း အခက်အခဲ၊ ပင်ပန်းဆင်းရဲမှုတွေကြောင့် တဖြေးဖြေးကျဆင်းလာခဲ့တယ် ။
မူလပိုင်ရှင်၏မိခင်ကို အားပေးခဲ့သည့်အရာမှာ ခင်ပွန်းသည် မကြာမီတွင်ကောင်းမွန်စွာဖြင့်ပြန်လာမည်ဟု ယုံကြည်စေခြင်းဖြစ်သည်။သို့ရာတွင် ထိုအရာကအားပေးစကားသာဖြစ်ပြီး ကံဆိုးမှုတွေသာ ဆက်တိုက်ရောက်လာသည်။ မကြာမီတွင်ပင် မှုလပိုင်ရှင်၏ဖခင်သည် စစ်မြေပြင်တွင် အသက်ကိုဆုံးရှုံးခဲ့ရကြောင်း သတင်းထွက်ပေါ်လာသည်။
သူ့ကိုယ်သူ အလုပ်အလွန်အကျွံလုပ်ခိုင်းထားသော မူလပိုင်ရှင်၏မိခင်သည် ထိုသတင်းကြားပြီးနောက် ဝမ်းနည်းပူဆွေးစွာဖြင့် အရှုံးပေးသွားခဲ့သည်။
မူလပိုင်ရှင်၏အဘိုးအဘွားများကို မူလပိုင်ရှင်၏မိဘများအား ရက်စက်စွာပြုမူပုံနှင့်ပတ်သက်၍ ရွာသားများက ပြစ်တင်ပြောဆိုကြသည်။ မူလပိုင်ရှင်ရဲ့အဖွားက သူ့ကိုဆဲဆိုကြိမ်းမောင်းပြီး မူလပိုင်ရှင်က အဖြစ်ဆိုးအားလုံးရဲ့တရားခံဖြစ်ပြီး မူလပိုင်ရှင်ကသာ သူ့မိသားစုကို ကံဆိုးစေတယ်လို့ ပြောဆိုခဲ့တယ်။
ဟိုတုန်းက လူတွေဟာ ကံတရားနဲ့ ကံကြမ္မာကို ယုတ္တိမရှိလောက်အောင် အယူသီးခဲ့ကြသည်။ ရွာသားတွေက သူ့အဖွား ပြောပြတဲ့ဇာတ်လမ်းကို ကြားပြီးကတည်းက မူလပိုင်ရှင်ကို သံသယများစွာဖြင့် ကြည့်ကြသည်။
မူလပိုင်ရှင်သည် ပင်ကိုယ်မိုက်မဲညံ့ဖျင်းသူဖြစ်သည် ။ လူ တွေက သူ့ကိုမနှစ်မြို့စရာကောင်းတဲ့ 'ဒုက္ခအိုး' ဟု ခေါ်လာတဲ့အခါ ပို၍ပင် တိတ်ဆိတ်လာသည်။
မူလပိုင်ရှင်က အသက်ဆယ့်ရှစ်နှစ်ရှိပြီး အိမ်ထောင်ပြုဖို့အကောင်းဆုံး အရွယ်ကို ကျော်လွန်နေပြီ။ ဒါပေမယ့် သူ့မိသားစုက သူ့ရဲ့အိမ်ထောင်ရေးကို ဘယ်သူကမှ ဂရုမစိုက်ကြပေ ။ သူတို့လိုချင်တာက သူ့ကိုလယ်လုပ်ဖို့အတွက် အိမ်မှာထားဖို့ပင်။
သို့သော်လည်း အစိုးရက ထိုနှစ်တွင် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားများနှင့် ကော သည် ဆယ့်ရှစ်နှစ်မတိုင်မီ လက်ထပ်ရမည်ဖြစ်ပြီး၊ အမျိုးသမီးများသည် ဆယ့်ခုနစ်နှစ်မတိုင်မီ လက်ထပ်ရမည်ဖြစ်သည်။ မဟုတ်ပါက လူဦးရေ ကျဆင်းစေမှုဖြင့် စစ်ပွဲအတွင်းသို့ ငွေသုံးပြား ပေးဆောင်ရန်ချမှတ်ထားသည် ။
ထိုဥပဒေသည် မူလပိုင်ရှင်၏မိသားစုအတွင်း မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။အထူးသဖြင့် မူလပိုင်ရှင်ရဲ့အဖွားလို တွန့်တိုတတ်တဲ့သူတစ်ယောက်အတွက် ငွေသုံးပြားဟာ သေးငယ်တဲ့ပမာဏမဟုတ်ပါဘူး။ သူက ဒီပိုက်ဆံတွေကိုကယ်တင်ဖို့ မူလပိုင်ရှင်ကိုတောင်သတ်ပစ်ချင်သည် ။ တစ်မိသားစုလုံး က မူလပိုင်ရှင်ကိုလယ်လုပ်ရန် တွက်ချက်ထားသောကြောင့် ဤကိစ္စကိုအတွက်ဆွေးနွေးကာ မိန်းကလေးရှာရန် ဆုံးဖြတ်ခဲ့ကြသည်။
ကံမကောင်းစွာပင် မူလပိုင်ရှင်၏မိသားစုသည် အမျိုးသားတစ်ဦးကို ကျောင်းပို့ရန်တတ်နိုင်သော်လည်း မိသားစုရဲ့ဇာတ်ကြောင်းမလှမှုကို ကောင်းစွာသိနေကြတာကြောင့် ရွာသားတစ်ဦးမှ သူတို့၏သမီးကို ဒုက္ခအိုးနှင့် လက်ထပ်ပေးလိုခြင်းမရှိပါ။ ထို့အပြင် မူလပိုင်ရှင်သည် မိသားစုရဲ့ သဘောမကျခြင်းကို ခံရကြောင်းလည်း သိနေကာသားမက်ကောင်း အဖြစ်မမြင်ကြပေ။
မူလပိုင်ရှင်၏ အဘိုးအဘွားများသည် အလွန်စိတ်မချမ်းမြေ့ခဲ့ကြပေ။ မူလပိုင်ရှင်၏ ကံကြမ္မာနှင့်ပတ်သက်သည့် အဓိပ္ပာယ်မရှိတဲ့ ဇာတ်လမ်းက သူ့တို့ဆီ ပြန်ရောက်လာသည်လေ။
ကံကောင်းချင်တော့ မူလပိုင်ရှင်ရဲ့ အဘိုးအဘွားတွေ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ချန်းရှောင်မီ (Chen Xiao Mi )လို့ ခေါ်တဲ့ ကော က ခင်ပွန်းကို ရှာနေတယ်ဆိုတဲ့ သတင်းထွက်လာတယ်။ချန်းရှောင်မီ သည် ကျောက်ကြီးရွာ တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ သူက ခွန်အားကြီးသော ကောဖြစ်သည်။
ချန်းရှောင်မီနဲ့လုလင်းမှာ ပုံစံတူ ဇာတ်ကြောင်းတွေရှိသည် ။ မူလပိုင်ရှင်၏ အဖွားက မူလပိုင်ရှင်၏အဖေကို မကြိုက်သကဲ့သို့ ချန်းမိသားစုရဲ့ ဇာတ်ကြောင်းကလည်း ရွာမှာ မလှပေ ။
ကျောက်ကြီးရွာ တွင် ရွာသားအချို့သည် ချို့တဲ့သောနှစ်တွေမှာ တောင်ပေါ်၌ အမဲလိုက်ကြသည်။ အန္တရာယ်ရှိသော်လည်း အကျိုးကျေးဇူးမှာ အမြောက်အမြားပင်။ ရွာသားတစ်ဖွဲ့သည် ဝက်ဝံကိုအမဲလိုက်ကာ ကုန်းမြေကတာဝန်ရှိသူထံ ငွေပြားနှစ်ဆယ်ဖြင့် ရောင်းလိုက်ရာ အခြားရွာသားများအားလုံးက လိုက်နာကြသည်။
ချန်းရှောင်မီ၏အဖွားသည် ချန်းရှောင်မီရဲ့ ဖခင် ချန်းရှို့ရန်( ChenShou Ren) ကို အမဲလိုက်ဖို့ ဆော်ဩခဲ့ပေမယ့် ချန်းရှို့ရန်က အန္တရာယ်ရှိတာကို ကောင်းကောင်းသဘောပေါက်တဲ့အတွက် အကြံဥာဏ်ကို ငြင်းပယ်ခဲ့သည်။ အသက်ရှင်ရက် ပြန်မလာနိုင်တဲ့ရွာသားတွေလည်း အများကြီးရှိသည်ပင်။ တောင်တန်းတွေပေါ်မှာစွန့်စားပြီး ကံစမ်းချင်ကြတဲ့ ရွာသူရွာသားတွေကတော့ အများအားဖြင့် အဆင်ပြေပါတယ်။
သို့သော် ချန်းရှောင်မီ၏မိခင်သည် မီးဖွားခါနီးဖြစ်သောကြောင့် ချန်းရှို့ရန်သည် တောင်ပေါ်သို့စွန့်စားမည့်အစား သူ့ဇနီးနှင့်အတူနေလိုခဲ့သည်။ သို့သော် ချန်းရှောင်မီအဖွားက ချန်းရှို့ရန် အမဲမလိုက်မချင်း ပြင်းထန်စွာ ဆူဆဲကြိမ်းမောင်းခဲ့သည်။ ကံမကောင်းစွာပင် ချန်းရှို့ရန်နဲ့ သူ့သူငယ်ချင်းတွေက ဝံပုလွေတွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး သူတို့ထဲက တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါသည်။
ချန်းရှောင်မီ၏မိခင်သည် ဆိုးရွားသောသတင်းကိုကြားသိရသည့်အတွက် အချိန်မတန်မီမွေးဖွားခဲ့ပြီး ချန်းရှောင်မီတွင် ချန်းရှောင်မိုင် Chen Xiao Mai ဟုခေါ်သော ဒုတိယ မြောက် ကော ညီလေးတစ်ယောက်ရရှိလာသည်။ပထမဆုံးညီလေးနံမည်ကတော့ ချန်းရှောင်ခိုင် ပင်။
ချန်းရှောင်မီရဲ့အဖွားဖြစ်သူဟာ သားသေဆုံးမှုကို ကြားသိရပြီးနောက် ထပ်တူညီစွာ စိတ်ထိခိုက်ခဲ့သည်။ ထို့နောက် ချန်းရှောင်မီရဲ့မိခင်ကို အပြစ်တင်ခဲ့ပြီး ချန်းရှောင်မီ၏မိခင်ကံဆိုးမှုကြောင့်သာ သားဖြစ်သူသေဆုံးသွားရတယ်လို့ ဆက်လက် အပြစ်တင်ပြောဆိုခဲ့သည်။ ချန်းရှောင်မီ၏မိခင်သည်လည်း ဝမ်းနည်းပူဆွေးစွာဖြင့် နှစ်နှစ်အတွင်း ကွယ်လွန်သွားခဲ့သည်။
ချန်းရှောင်မီ၏ပထမဦးလေးသည် ချန်းရှောင်ခိုင် Chen Xiao Cai ကို ကျွန်အဖြစ် ချမ်းသာသော မိသားစုထံ ကြေးပြားနည်းနည်းဖြင့် ရောင်းချရန် ရည်ရွယ်ထားသည်။
ထိုအချိန်နှင့် နေရာများတွင် ကျွန်များအား သခင်က အလုံးစုံပြုမူနိုင်သည်။ အာမခံချက် လက်မှတ်ရေးထိုးပြီးသည်နှင့် သခင်တွေမရိုက်နှက်ဖို့ ကျွန်များက ဆုတောင်းရုံသာ တတ်နိုင်ကြသည်။
ချန်းရှောင်မီရဲ့ အဖွားက ဒါဟာ အရမ်းကောင်းတဲ့ အကြံအစည်တစ်ခုလို့ ထင်သည်။ ချန်းရှောင်ခိုင်ဟာ လယ်ယာလုပ်ငန်းမှာ အများကြီး မကူညီနိုင်တဲ့ လူငယ်လေးတစ်ယောက်ပင်။
ချန်းရှောင်မီသည် ထိုသတင်းကိုကြားပြီးနောက် သူ့ဦးလေး၏သား ချန်းဂျင်း Chen Jing ကိုဖမ်းခဲ့သည်။ ချန်းရှောင်ခိုင် ကျွန်ဖြစ်လျှင် ချန်းဂျင်း Chen Jing ကို နှိပ်စက်ကာသင်းကွပ်ပစ်မည်ဟု ပထမဦးလေးအားခြိမ်းခြောက်ခဲ့သည်။
ချန်းဂျင်း သည် အဘွားကြီး၏ အချစ်ဆုံးမြေးဖြစ်ပြီး ရက်အနည်းငယ်မမြင်ရတာနဲ့ပင် သူမနှလုံးသားမှာများစွာ နာကျင်နေခဲ့သည်။
ချန်းရှောင်မီသည် သူ့အဖေကို အမဲလိုက်ခိုင်းသည်မှာ သူ့အဖွားဖြစ်ကြောင်းကို လျစ်လျူရှုထားပေမယ့် သူ့ညီငယ်ကို ရောင်းစားရန်စီစဉ်နေကြောင်း ကြားသိရချိန်မှာတော့ သည်းခံမှုတွေ လုံးလုံးဆုံးရှုံးသွားသည်။
ချန်းရှောင်မီက ချန်းဂျင်း အား လွှတ်ပေးဖို့ အတင်းအကြပ်ကြိုးစားတဲ့လူတွေကို ကောင်းကောင်းတိုက်ခိုက်ပြီး သူ့ညီကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ချန်းရှောင်ခိုင်ကို မျက်စိကျနေတဲ့ မိသားစုအကြောင်း သူစုံစမ်းကြည့်တော့ သခင်လေးက အိမ်မှာ အစေခံတွေကို အနိုင်ကျင့်နှိပ်စက်ရတာကို သဘောကျပြီး မိန်းကလေး နှစ်ယောက်ကို သေအောင်ရိုက်ခဲ့ပြီးဖြစ်သည်။ ဒါကြောင့်ကြာကြာရိုက်နှက်ခံနိုင်တဲ့ ကောင်လေးကို ဝယ်ချင်သည်ပင်။
ချန်းရှောင်မီ သည် ထိုစကားကိုကြားတော့ ဒေါသတကြီးဖြစ်သွားပြီး သူ့ဦးလေးနှင့် သူ့အဖွားတို့ရဲ့ကြင်နာမှုကင်းမဲ့မှုကြောင့် သူ့အဖေအမှန်တကယ်သေဆုံးသွားသည်။ အခု ပထမဦးလေးကို ကူညီပြီး ချန်းရှောင်ခိုင်ကို ရောင်းဖို့လုပ်သည် ။ ချန်းရှောင်မီ ထိုမိန်းမကြီးကို လည်ပင်းညှစ်သတ်ပစ်ချင်သည်။
ချန်းရှောင်မီရဲ့အဖွားက ချန်းရှောင်မီ၏ဒေါသကို ခံစားမိပြီး ချန်းရှောင်မီက သူ့အဖေလို သူ့စကားနားမထောင်ဘူးလို့ တွေးပြီး ထိတ်လန့်သွားတယ်။
ချန်းရှောင်မီက သူ့အဖိုးကို သူနဲ့ သူ့ညီလေးနှစ်ယောက် လွတ်လပ်စွာ နေထိုင်ခွင့်ပြုဖို့ဆန္ဒပြုပြီး သူ့အဖိုးက သဘောတူလိုက်ရသည်။
ကလေးတစ်ဦးအတွက် အသက်ကြီးသူများနှင့် သူ့ကိုယ်သူတို့ သို့မဟုတ် သူတို့ဂရုစိုက်သောသူများအတွက် တိုက်ပွဲဝင်ရန် အလွန်ရှားပါးသည်။ လူများက အံတင်းတင်းကြိတ်ပြီး မတရားမှု
အားလုံးကို သည်းခံလေ့ရှိသည်။ ထို့ကြောင့်ချန်းရှောင်မီကို ရွာသားများက ပြစ်တင်ရှုတ်ချခဲ့သည်။