Episode 2
Viewers 7k

~ရဲရင့်သော ကောတစ်ယောက်~


ချန်းရှောင်မီရဲ့အဖွားက သူမမြေးကို ‌အတင်းအဓမ္မ ဖမ်းခေါ်ထားတဲ့ ချန်းရှောင်မီအပေါ် မုန်းတီးစွာဆန့်ကျင်လျက်ရှိသည် ။ ချန်းရှောင်မီက သူတို့သီးခြားခွဲနေဖို့ ပြောလာတဲ့အခါ သူမက ချန်းရှောင်မီကိုလည်း လက်မလွတ်ချင်ဘဲ သူ့ညီကိုလည်း ပဲနိအချို့နဲ့ရောင်းချင်သေးတာကြောင့် ခြိမ်းခြောက်‌တော့သည် ။ 


ချန်းရှောင်မီရဲ့ဗီဇကိုက ကြောက်ရွံ့မှုကင်းကာ အလျော့မပေးတတ်ခြင်း ဖြစ်တာမို့ သူ့ညီငယ်တွေနဲ့ ပြောင်းရွေ့သွားတဲ့အချိန်မှာ ဘာမျှခွင့်မတောင်းခဲ့ပေ ။


ကျန်တဲ့ရွာသား‌တွေကတော့ သူတို့စိတ်ထဲမှာ ချန်းရှောင်မီက သူ့ကိုယ်သူနဲ့ ညီငယ်နှစ်ယောက်အတွက် သူတစ်ယောက်တည်း ရပ်တည်နေနိုင်‌မည်လို့ မယုံကြည်ကြပေ ။ သူတို့က ချန်းရှောင်မီဟာ ချန်းမိသားစုမရှိရင် အပြင်းအထန်ကြိုးစားရုန်းကန်ရလိမ့်မယ် လို့ထင်နေကြသည်။ သို့သော် သူတို့မသိတာက ချန်းရှောင်မီဟာ ထိုနေ့အတွက် တိတ်တဆိတ် ငွေစုခဲ့တာကိုပင်။ အမဲလိုက်ခြင်းကနေ ငွေစုခဲ့ပြီး ထိုငွေတွေက ချန်းရှောင်မီနဲ့ သူ့ညီငယ်နှစ်ယောက်ကို ထောက်ပံ့ဖို့ ခဏတာတော့ လုံလောက်ခဲ့သည်။ 


မိသားစုထဲက ပြောင်းရွေ့ခြင်းကို ရွာသားတွေက ပုန်ကန်တဲ့အပြုအမူလို့ ယူဆကြသည် ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေပေါ့ ။ ချန်းမိသားစုရဲ့အကြီးအကဲတွေက ချန်ရှောင်မီအဖွားပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ပြီး ချန်းရှောင်မီကို အမှုဖွင့်ဖို့ အခိုင်အမာဆုံးဖြတ်လိုက်တဲ့အထိ အရမ်းမုန်းတီးနေကြသည် ။


အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်က အမှုဖွင့်တာနဲ့ပတ်သတ်၍ ညဘက်ကြီး အလွန်ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ ကျန်တစ်ယောက်ကတော့ အစာအဆိပ်သင့်မှု အနည်းအကျဉ်း ဖြစ်သွားပြီး ဝမ်းလျှောကာ သေနေ့စေ့လုနီးနီး ဖြစ်သွားသည် ။


တချို့ စပ်စုတဲ့ရွာသားတွေက ချန်းရှောင်မီရဲ့ဘဝကို သိချင်ကြသည်။ မျိုးကြဲပြီး ကောက်ရိတ်ချိန်တွေမှာ သတင်းရဖို့ စုံစမ်းကြသည်။ သူတို့က ညလည်လောက်ကြီး သူတို့အိပ်ယာပေါ်က ကြွက်သေကိုရှာနေသလိုပင် ။


လူတိုင်းက ချန်းရှောင်မီကို သင်္ကာမကင်းဖြစ်နေကြပေမယ့် တစ်ယောက်မှ ထောက်ပြစရာမရှိ‌ကြပေ ။ အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်ကြတဲ့ လူ့သဘာဝ‌ကြောင့် ချန်းရှောင်မီကို အပြစ်ရှာဖို့ကြိုးစားတဲ့လူတွေ တသီတတန်းကြီး ဒုက္ခရောက်ကုန်တဲ့အခါ ရွာသားတွေက သူ့ကိုရှောင်ဖယ်လာကြသည် ။


ထိုရွာသားတွေက ချန်းရှောင်မီရဲ့ ညီတွေမဟုတ်တဲ့အတွက် ချန်းရှောင်မီက သူ့အလုပ်သူလုပ်ပြီး သူ့ပုံစံအတိုင်းသာ ဆက်နေခဲ့တယ် ။


လွန်ခဲ့တဲ့တစ်နှစ်က ချန်းရှောင်မီ ကျားတစ်ကောင်ကို အမဲလိုက်ခဲ့တဲ့အကြောင်းက မြို့ရဲ့ပြောစမှတ်ဖြစ်လာသည် ။


အလွန်အတွေ့အကြုံရှိသူတောင် ကျားကိုမြင်မှတိုက်ခိုက်မှာ ဖြစ်ပေမယ့် ချန်းရှောင်မီကတော့ အောင်အောင်မြင်မြင် အမဲလိုက်နိုင်သည် ။


ထိုအရာပြီးတဲ့နောက်မှာတော့ ချန်းရှောင်မီက ကြမ်းကြုတ်ရက်စက်သူ၊ ရမ်းကားသူ ဆိုတဲ့ နံမည်တွေ ရရှိခဲ့တယ် ။


ချန်းရှောင်မီက ငွေပြားသုံးဆယ်နဲ့ ကျားကိုရောင်းလိုက်ပြီး သူရော၊ သူ့ညီငယ်တွေပါ လက်ရှိနေထိုင်တဲ့ လှိုဏ်ဂူကနေ ပြောင်းရွေ့လိုက်ပြီး ရွာထဲက အဘွားအိုတစ်ယောက်ရဲ့ အိမ်ငယ်ကို ဝယ်ယူ‌လိုက်သည် ။


ချန်းမိသားစုရဲ့တချို့လူ‌တွေက ချန်းရှောင်မီရဲ့ ငွေပြားသုံးဆယ်ကို ဖြတ်လိုချင်နေကြသည် ။ ချန်းရှောင်မီရဲ့ အိမ်အသစ်ရှေ့မှာ ပြသနာတွေဖန်တီးကြပြီး ချန်းရှောင်မီရဲ့ ကောင်းကောင်းရိုက်နှက်ခြင်းကို ခံလိုက်ရသည် ။


မည်သူမျှ ထိုအဖြစ်အပျက်ကိုမအံ့ဩကြပါ ။ ကျားတစ်ကောင်ကိုတောင် ရက်စက်စွာသတ်နိုင်သူက လူရိုက်တာ ဆန်းသလား ။


ချန်းတွေက အရေထူထူနဲ့ ထိပ်တိုက်မရမ်းကားရဲပေ ။ ချန်းရှောင်ခိုင်ကို အတင်းအကြပ်ဖမ်းဆီးပြီး၊ ငွေအတွက်ရောင်းချင်နေတဲ့ ချန်းရှောင်မီရဲ့ပထမဦးလေးက ထိုအတွေးကိုလက်မလျော့သေးပေ။ 


ချန်းရှောင်မီက အိမ်ပြန်ပြီးနောက် ဘာဆက်လုပ်ရမည်မှန်း ချက်ချင်းသိလိုက်သည် ။ သူ ချန်းဂျင်းကို ဖမ်းဆီးလိုက်ပြီး တောင်ပေါ်က ဂူထဲမှာ ပြောင်ပြောင်တင်းတင်း ပိတ်လှောင်ထားသည် ။ ဒီနေ့ပြီးလို့မှ ချန်းရှောင်ခိုင်ကို မမြင်ရရင် ချန်ဂျင်းလက်မောင်းတစ်ဖက်ဆုံးရှူံးရမည် ၊ နောက်နေ့ပြီးလို့မှ ချန်းရှောင်ခိုင်ကို မမြင်ရရင် ချန်ဂျင်းခြေထောက်တစ်ဖက် ဆုံးရှုံးရမည် ဆိုပြီး ပြောလိုက်သည် ။


ချန်းရှောင်မီရဲ့ပထမဦးလေးက စိုးရိမ်မှုတွေဖြင့် ချန်းရှောင်ခိုင်ကို ပြန်ပို့ပေးသည် ။ အကြင်နာကင်းမဲ့တဲ့ဦးလေးက သူ့တူကိုနိမ့်ကျတဲ့ဘဝအဖြစ်နဲ့ ချမ်းသာတဲ့မိသားစုဆီမှာရောင်းပေမယ့် သူ့သား အနာတရဖြစ်မှာကိုတော့ သည်းမခံနိုင်ပေ ။ 


ချန်းရှောင်ခိုင်ကို လွှတ်လိုက်မှသာ ချန်ဂျင်း ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်သည့်သတင်းကို ကြားသည်။


ပထမဦးလေးက ထိုကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ခက်ခက်ခဲခဲ ကြိုးစားလုပ်ကိုင်ခဲ့ပေမယ့် သတင်းဆိုးသာ ဖြစ်လာရသည်။ ရွာသားများက ထိုဖြစ်ရပ်ကို အချိန်အတော်ကြာအောင် ပျော်ရွှင်ဝမ်းမြောက်စွာ‌ ပြောကြသည်။


တချို့တွေက ထိုဦးလေးက အကြင်နာကင်းမဲ့တယ်လို့တွေးကြပြီး တချို့ကတော့ ချန်းရှောင်မီကတောင် ပိုယုတ်မာသည်လို့ ထင်ကြသည် ။ ထိုဖြစ်ရပ်ပြီးနောက်မှာ သူတို့က ချန်းရှောင်မီကိုရှောင်ဖို့ ပိုဂရုစိုက်လာကြပြီး ရွာရဲ့ပြဿနာအိုးအဖြစ် စတင်မြင်လာကြသည် ။


ချန်းရှောင်မီ ၁၈ နှစ်ပြည့်တဲ့အလှည့်ရောက်တော့ လက်ထပ်ဖို့အတွက် သောကရောက်လာသည်။ ထိုဥပဒေထုတ်ပြန်မှုကြောင့် တစ်လအတွင်း အမျိုးသား ၆ ယောက်လက်ထပ်ခဲ့သော်လည်း ထိုအထဲ လုလင်းရော ချန်းရှောင်မီပါ မပါခဲ့ပေ ။


နှစ်စဉ်ငွေသုံးပြားက သေးတဲ့ပမာဏမဟုတ်တဲ့အတွက် ချန်းရှောင်မီဘယ်လိုလုပ်မလဲ ဆိုတာ ကြည့်ရဖို့ ရွာသားတွေက မစောင့်နိုင်တော့ပေ ။ သူတို့က မကူညီနိုင်ပေမယ့် ချန်းရှောင်မီက တစ်စုံတစ်ယောက်ရဲ့ မိသားစုထဲဝင်သွားမလား၊ ချန်းရှောင်မီရဲ့ မိသားစုထဲ တစ်စုံတစ်ယောက်က ဝင်လာမလား ဆိုတာ စူးစမ်းနေကြသည်။ 


မကြာခင်မှာပဲ သတင်းထွက်လာခဲ့သည် ။ ချန်းရှောင်မီက သူ့မိသားစုထဲလက်ထပ်ဝင်မဲ့ သူအလိုရှိကြောင်းနှင့် လက်ထပ်ရန် သဘောတူသူကို ငွေပြားဆယ်ပြားပေးမည်ဖြစ်ကြောင်း ကြားရတဲ့အခါ ရွာသားများက နှာမှုတ်လှောင်ပြောင်ကြသည် ။


ရွာသားတွေက ချန်းရှောင်မီအကြောင်းကို လွန်ကဲစွာပြောလာကြသည် ။ ညီငယ်ဖြစ်သူ ချန်းရှောင်ခိုင်က အမြဲဖျားနာနေသောကြောင့် ဆေးအတွက် ငွေအမြောက်အမြား သုံးစွဲရသည် ။ သို့သော် အခု လက်ဖွဲ့ငွေအဖြစ် ငွေပြားဆယ်ပြားကို ပေးဖို့တတ်နိုင်သေးသည်။ 


ငွေဆယ်ပြားက ရွာသားတွေအတွက်အလွန်များပြားသောလက်ဖွဲ့ငွေဖြစ်သည် ။ သို့သော်လည်း သူ့ရဲ့နံမည်ဆိုးကြောင့် သူ့ကိုလက်ထပ်ဖို့ မည်သူမျှမလိုလားဆဲပင် ။ 


သို့ပေမယ့် စိတ်ဝင်စားကြသည်။ လုလင်းက သူ့မိသားစုအတွက် ကံဆိုးမှုတွေကျရောက်တဲ့ ဒုက္ခအိုး ဖြစ်သောကြောင့် မည်သည့် မိန်းကလေးမှ လက်မထပ်ချင်ပေ။ လုတွေဘက်က လက်ဖွဲ့ငွေအချို့ပြင်‌ဆင်ထားတာကို လိုချင်သူတွေတောင်မှပင် လက်မထပ်လိုပင် ။သူတို့ရဲ့ ပုံရိပ်တွေကြောင့် လုလင်းက ချန်းရှောင်မီကို ဘာကြောင့် လက်မထပ်ရမှာလဲ ။


လက်ဖွဲ့ငွေပေးခြင်းနဲ့ ‌လက်ဖွဲ့ငွေ လက်ခံခြင်း က ဆယ်ပြားထက်ပိုတဲ့ ခြားနားသော ကိစ္စရပ်ဖြစ်သည် ။


မူလပိုင်ရှင် လုလင်းက ရှေးရိုးဆန်တဲ့သူတစ်ယောက်ပင်ဖြစ်သည်။ သူက တစ်စုံတစ်ယောက်ရဲ့ မိသားစုထဲကို လက်ထပ်ဝင်ဖို့က သည်းမခံနိုင်စရာပင်။ ထပ်ပေါင်းပြီး ချန်းရှောင်မီဇာတ်လမ်းကိုပါ ကြားလိုက်ရတဲ့အခါ အသေအချာကို သေကြောင်းကြံတော့သည် ။ 


သို့ပေမယ့် လုတွေကတော့ လက်ဖွဲ့ငွေကို လက်ခံပြီးဖြစ်သည် ။ သူတို့ကဆရာဝန်ကို ငွေတစ်ပြား ပေးလိုက်ရတာကြောင့် သေအံ့ဆဲဆဲ မူလပိုင်ရှင်ကို ကြည့်မရပေ။ သို့သော် မူလပိုင်ရှင်က သေသွားခဲ့သော်ကြောင့် မူလပိုင်ရှင်၏ခန္ဓာကိုယ်ကို ခေတ်သစ်က လုလင်း သုံးစွဲနေရသည် ။