Episode 3
Viewers 8k

~သူသေရင်တောင် ငါဂရုမစိုက်ဘူး~


လုလင်း အိပ်ယာပေါ်မှာ လှဲနေခဲ့ပြီး ခြေကုန်လက်ပန်းကျကာ မူးဝေနေသည် ။ သူစတိုးဆိုင်ထဲကို ခိုးဝင်ပြီး သူ့ရဲ့ခွန်အားကို ဖြည့်ဖို့ ဘီစကစ် အချို့ကို ယူလိုက်သည်။ 


လုလင်း မှန်ထဲက သူ့ကိုယ်သူ ကြည့်လိုက်တဲ့အခါ မူလပိုင်ရှင်နဲ့ သူဟာ အချင်းချင်း ဆင်တူတဲ့အကြောင်း တွေ့ရှိခဲ့သည်။ မူလပိုင်ရှင်ကပိန်ချုံးကာ ဖြူဖျော့ ချိနဲ့နေပြီး သူတို့က လုလင်း အာဟာရဓာတ်မရှိစွာ၊ ကောင်းကောင်း အနားမယူနိုင်တာကို သဘောတကျကြည့်နေကြပုံပင် ။


လုလင်း ခြေသံများစွာကို ရုတ်တရပ်ကြားလိုက်ရသည် ။ 


" လင်းလေး ၊ ဟမ့် နင်တစ်ပိုင်းသေနေတုန်းလား ။ ဒီလိုပုံစံနဲ့ ချန်းရှောင်မီဆီပို့နိုင်ပါ့မလား? "


လုလင်းရဲ့ ပထမအဒေါ်က ချက်ချင်းဝင်ရောက်တုန့်ပြန်သည် ။


" နင်ဘာအကြောင်း ပြောနေတာလဲ ။ သူနေကောင်းပါသေးတယ် ။ သူ့ရဲ့ မင်္ဂလာပွဲအခမ်းအနားမှာ အခုလိုအပ်နေတာက ပျော်ရွှင်မှုပဲ   ။ သူအဆင်ပြေတယ် အချိန်မပြောင်းဘူး ။ "


လုလင်းဆီက စကားတစ်လုံးတောင် လုံးဝမ‌ကြားရပေ ။ သူဘယ်သူလဲဆိုတာ သူတို့ရှာတွေ့ရင်တောင်၊ သူ့ကိုယ်သူကူးပြောင်းလာမှန်း သိချိန်မှာတောင် ပါးစပ်ကိုပိတ်လို့ ထိန်းသိမ်းထားရမည်။  


ပထမအန်တီရဲ့ '‌ပျော်ရွှင်စရာအခမ်းအနားဖြစ်တဲ့ သူ့ရဲ့မင်္ဂလာဆောင် က သူလိုအပ်နေတာပဲလေ ' ဆိုတာ တကယ်ပဲ ပျော်ရွှင်စရာ အခမ်းအနားဟုတ်လို့လား ။ လုလင်း မျက်လုံးလိမ့်လိုက်မိသည်။  


ရွာသားတစ်ယောက်က တုံ့ဆိုင်းစွာမေးသည် ။ 


" ဒီအတိုင်းပဲ ချန်းရှောင်မီဆီ ပို့မှာလား ။ သူ့အတွက် တစ်ခုခု ပြင်ဆင်ပြီးပြီလား ။"


လုလင်းက ချန်းရှောင်မီ၏မိသားစုထဲလက်ထပ်ဝင်ရောက်မှာဖြစ်ပေမယ့် သတို့သမီးအတွက် ခန်းဆောင်ပစ္စည်းတချို့ ပြင်ဆင်ပေးရမည့် ဓလေ့ရှိသေးသည်လေ ။


" အိုက်ယား ၊ ဘယ်လိုလုပ်ပြီး သူ့အတွက်ငါတို့က ခန်းဆောင်ပစ္စည်း ပြင်ဆင်ဖို့ အကုန်အကျခံနိုင်မှာလဲ ။ အိုးပွက်ရုံထိန်းသိမ်းဖို့ အစားအသောက်တောင် အလုံအလောက် မရှိတဲ့ဟာကို ။ ငါကြားတာတော့ ချန်းရှောင်မီက အရမ်းတော်တဲ့ မုဆိုးတစ်ယောက်ဆို ။ ငါတို့ ရှောင်လင်းက အဲ့ဒီကို ပျော်ရွှင်စရာ‌ကောင်းတဲ့ဘဝအတွက် ဦးဆောင်ဦးစီးဖို့ သွားရမှာလေ ။ သူက အချိန်အားလျော်စွာ အသားစားရလိမ့်မယ်လို့ ငါပြောနိုင်တယ် ။ "


ထိုအရာကို ကြားလိုက်ရတဲ့အချိန်မှာ ရွာသားများက ပြောစရာစကားပျောက်ရှကာ အချင်းချင်း စိတ်ပျက်လက်ပျက် စိုက်ကြည့်နေကြသည် ။ လုလင်းနဲ့ ချန်းရှောင်မီရဲ့ မင်္ဂလာပွဲအကြောင်းက ရွာသားတွေအတွက် ပြောစရာဖြစ်နေသည်။ လုလင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကောနဲ့ လက်ထပ်ပြီးရင် မြင်းလိုအလုပ်လုပ်ရမယ့် ကျွန်တစ်ယောက်ဖြစ်သွားလိမ့်မယ်လို့ ထင်နေကြသည် ။ 


ချန်းရှောင်မီက တောင်ပေါ်မှာ အမြဲ‌တစေ အမဲလိုက်လေ့ရှိပြီး လုလင်းလည်း တောင်ပေါ်ကို စွန့်စားဖို့ သွားရနိုင်သည် ။ ချန်းရှောင်မီက သားရဲတွေကို ကြောက်ရွံ့မှုမရှိဘဲ အားကြီးကြံ့ခိုင်စွာ အရည်အသွေးပြည့်ဝပေမယ့် လုလင်းကတော့ အမဲလိုက်ရာမှာ သေဆုံးနိုင်သည် ။ သူတို့က လုလင်းရဲ့ပထမအဒေါ်၏ သကာရည်လောင်းထားတဲ့စကားတွေကို မ‌ယုံကြည်ကြသော်လည်း အဲ့ဒါက သူတို့ရဲ့ကိစ္စမဟုတ်တဲ့အတွက် မည်သူမျှ ဘာမှ မပြောကြပေ ။


ထိုရွာသားတွေနဲ့အတူ ချန်းရှောင်မီရဲ့ အိမ်ငယ်လေးဆီသို့ တံခါးပျဉ်ချပ်ပေါ်မှာ လဲလျောင်းနေတဲ့ လုလင်းကို သယ်ဆောင်သွားကြသည်။ လုလင်းလည်း ထိုပုံစံအတိုင်း ထပ်မံအိပ်မောကျသွားရတဲ့အထိ တကယ်ပင် အားအင်ချည့်နဲ့ နေ‌ခဲ့သည်။ 


လုမိသားစုက လူတိုင်းဟာ လုလင်းရဲ့ အိပ်ပျော်နေတဲ့‌ပုံရိပ်ကို မြင်လိုက်ရတဲ့အခါ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ကြသည် ။ 


" အမေ နောက်ဆုံးတော့ ကျွန်မတို့ဒီဂြိုလ်ဆိုးကို ရှင်းထုတ်လိုက်နိုင်ပြီ ။ "


ပထမအဒေါ်ရဲ့သမီး လုထုန်က အံ့အားသင့်စွာ ပြောလာသည်။  


လုလင်း နေမကောင်းဖြစ်နေချိန်မှာ သူတာဝန်ယူထားရတဲ့ လယ်အလုပ်အားလုံးက လုထုန်ဆီ ရောက်လာရသည်မို့ သူမဘက်က လုလင်းကို ဆူးတစ်ချောင်းလို မြင်နေမိသည် ။ 


" ဒီဂြိုလ်ဆိုးလေး က ငါတို့ကဘဲ သူ့အပေါ် မမျှမတဆက်ဆံသလိုနဲ့ သတ်သေဖို့အထိလုပ်သွားသေးတယ် ။ သူ့ရုပ်ကို သူ့ဘာသာ မှန်ထဲမှာ ပြန်ကြည့်ပြီး သူ့နေရာသူသိသင့်တယ်။ ဒီမှာ တစ်စုံ‌တစ်ယောက်က သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိတာနဲ့တင် ကျေးဇူးတင်သင့်နေပြီ ။ "


လုထုန်က ရယ်လိုက်သည် ။


" သူအဝေးရောက်သွားတာက ကောင်းတဲ့အရာပဲ။ အဘွားက အင်ပါယာစာ‌မေးပွဲကို အစ်ကို ကျခဲ့တာကြောင့် သူ့ကိုဒုက္ခအိုးလို့ ပြောတာ ဖြစ်လိမ့်မယ် ။ " 


ပထမအဒေါ်က ပြုံးလိုက်ပြီး -


" အဲ့ဒါဖြစ်နိုင်တယ် ။ ကံကြမ္မာဖတ်သူက မင်းရဲ့အစ်ကိုက အမှုဆောင်အလုပ်နဲ့ အောင်မြင်မှုရလိမ့်မယ်လို့ ဟောခဲ့တာ ။ ဒီဂြိုလ်ဆိုးကြောင့်သာ မင်းအစ်ကို ဝန်ပိသွားတာ ဖြစ်မယ် ။ "


လုလင်းက နောက်ဆုံးတော့ ခဏတာအနားယူခဲ့တာကြောင့် အားအင်ပြည့်လာခဲ့ပြီး သူ့အကြောင်းပြောနေကြတဲ့ သူစိမ်းနှစ်ယောက်ရဲ့ အသံကို ကြားလာသည် ။ 


" အစ်ကိုကြီး ၊ သူ့ကိုကြည့်ပါဦး ။ သူ့ပုံစံက ပျော့တိပျော့ဖတ်နဲ့ သူသေတော့မလို့လား ။ "


ချန်းရှောင်ခိုင်က သူ့အစ်ကိုနဲ့လက်ထပ်တာကို ငြင်းဖို့အတွက် ‌သတ်သေတဲ့အထိ လုပ်ခဲ့တဲ့ လုလင်းကို သဘောမကျပေ ။ ချန်းရှောင်ခိုင်က သူ့အစ်ကိုက သူရဲကောင်းတစ်ယောက်အဖြစ် အမြဲတမ်းမြင်ခဲ့တာ ဖြစ်ပြီး ချန်းရှောင်မီရဲ့ နံမည်ကို ဖျက်တဲ့ ရွာသားတွေကိုလည်း မုန်းသည် ။ 


'ဟမ့် ၊ ဒီလိုအဓိပ္ပာယ်မရှိတဲ့ ဒဏ်ငွေကိစ္စသာ ဖြစ်မလာရင် ငါ့အစ်ကိုလား မင်းနဲ့ လက်ထပ်မှာ ။  ' ချန်းရှောင်ခိုင်က မကျေမနပ် တွေးသည် ။


ချန်းရှောင်မီက စိတ်ပူပင်မှုမရှိစွာနဲ့ -


" သူသေသေမသေသေ ငါက ဂရုမစိုက်ဘူး ။ ငါတို့တွေ အစိုးရရုံးမှာ မှတ်ပုံတင်ပြီးသွားတဲ့အတွက် အဲ့ဒီအဓိပ္ပာယ်မရှိတဲ့ ဒဏ်ကြေးကို အခုပေးစရာမလိုတော့ဘူးလေ ။ "


" သူ့အတွက် သမားတော်ခေါ်လိုက်ရမလား ။ "


ချန်းရှောင်ခိုင်က မေးသည် ။ ချန်းရှောင်မီက သူ့မျက်လုံးတွေ မှေးလိုက်ကာ -


" မလိုဘူး ၊ သူ့ကို သမားတော် ခေါ်ပေးလည်း သူသေဖို့ဆုံးဖြတ်ထားတဲ့အတွက် ‌သတ်သေနေဦးမှာပဲ ။ ငါတော့ ပိုက်ဆံကို အဲ့လိုနည်းနဲ့ မဖြုန်း‌နိုင်ဘူး ။ ပြီးတော့ ငါ့မှာ ပိုက်ဆံ သိပ်မကျန်တော့ဘူး ။ "


" ဆောင်းဝင်လာတဲ့အတွက် အမဲလိုက်ဖို့က ခက်ခဲလာပြီ ။ ငါတို့ပိုက်ဆံသုံးတာ ချင့်ချိန်ရမယ်။  ငါတို့ စောင်တွေနဲ့ ကောက်ပဲသီးနှံတွေ ပိုလိုအပ်လာပြီ ။ ပြီးတော့ ငါတို့အိမ်ရဲ့ တချို့နေရာတွေကို ပြန်ပြင်ရဦးမယ် ။ မင်းနဲ့ မိုင်က ငါ့ရဲ့ ဦးစားပေးပဲ ။ ဒီသူစိမ်းကောင် မဟုတ်ဘူး ။ "


ချန်းရှောင်မီက လုလင်းရဲ့ ဘဝကို ကံကြမ္မာအပေါ် ပုံအပ်ဖို့ ဆုံးဖြတ်ထားသည် ။


" လုတွေက သူ့ကို ကျွန်တော်တို့ဆီပို့လိုက်တာက ဆေးဖိုးနဲ့ သမားတော်စရိတ် မကုန်ချင်တာကြောင့်ပဲ ။ သူကျွန်တော်တို့ အိမ်မှာ သေသွားရင် သူတို့က စိတ်ပျက်စရာကိစ္စတွေ ဖန်တီးလာနိုင်မလား အစ်ကိုကြီး ။ "


" သူက အခု ငါတို့မိသားစုထဲ လက်ထပ်ဝင်လာတာလေ ။ ပြီးတော့ သူငါတို့ဆီလာတုန်းက သူနဲ့အတူ ခန်းဆောင်ပစ္စည်းရော တခြားဘာမှ ပါလာတာမဟုတ်ဘူး ။ သူနဲ့ သူတို့တစ်ခုမှ ပတ်သတ်ဖို့ ဆန္ဒမရှိတာ သိသာတယ် ။ သူတို့ငါ့ဆီ ပြသနာ လာရှာရဲရင် ငါကလည်း ကန်ထုတ်ပစ်လိုက်မှာပေါ့ ။ "


ချန်းရှောင်မီက အရေးမစိုက်ပေ ။ 


ထိုအရာကိုကြားလိုက်ရတဲ့အခါ ချန်းရှောင်ခိုင်က သူ့အစ်ကိုထက်တောင် ပိုပြီး သဘောကျနေသေးသည် ။


ချန်းရှောင်မီက လုလင်းကို ခဏသာ စိုက်ကြည့်ပြီး အေးစက်စွာ ပြောလာသည် ။ 


" သူသေရင်တောင် ငါဂရုမစိုက်ဘူး ။ ကျွေးဖို့ ပါးစပ်တစ်ပေါက်လျော့တာပေါ့ ။ "


ချန်းရှောင်ခိုင်က ခေါင်းညိတ်ကာ -


" ကျွန်တော်တို့ သူ့အတွက် ငွေဆယ်ပြား ကုန်ကျထားတဲ့အတွက် အနည်းဆုံးတော့ သူမသေခင် လယ်အလုပ်တချို့ လုပ်ပေးခဲ့သင့်တယ် ။ "


ချန်းညီအစ်ကို နှစ်ယောက် ပြောသမျှကို ကြားနေရသည့် လုလင်း ಡ ͜ ʖ ಡ


'အကြင်နာကင်းမဲ့လိုက်တဲ့ စကားတွေ၊ မူလပိုင်ရှင်က လက်ထပ်ဖို့ထက် သတ်သေဖို့ ဆုံးဖြတ်လိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး ။' လို့ လုလင်း တွေးမိသည် ။


လုလင်းက အခွန်ကင်းလွတ်ခွင့်ရမည့် ကိရိယာတစ်ခုသာ ဖြစ်သည် ။ ချန်းရှောင်မီရဲ့ လက်တွဲဖော်တစ်‌ယောက်လို သူမခံစားရပါဘူး ။


လုလင်း အရမ်းစိတ်ဓာတ်ကျသွားတယ် ။ တခြားသူတွေက သူတို့ကူးပြောင်းပြီးတာနဲ့ ပျော်ရွင်စရာကောင်းတဲ့ဘဝနဲ့ ဇာတ်သိမ်းရပေမယ့် သူကတော့ ရက်စက်တဲ့ ကောနဲ့ လက်ထ

ပ်လိုက်ရတယ် ။  သူ သူ အနာဂတ်မှာ ဒီမိသားစုထဲ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သတ်ပြီး စိုးရိမ်လာသည် ။