~စရိုက်ကြမ်းတဲ့ ယောက်ဖ~
" ငါ အမဲလိုက်သွားဦးမယ် ။ "
ချန်းရှောင်မီက သူ့ခြေထောက်တွေ ကြွလိုက်ပြီး ပြောသည် ။
ချန်းရှောင်ခိုင်က ခေါင်းညိတ်လိုက်ပြီး -
" ကံကောင်းပါစေ အစ်ကိုကြီး ။ ကျွန်တော်တို့ကို စိတ်မပူနဲ့ ၊ ကျွန်တော် ရှောင်မိုင်ကို ကောင်းကောင်း ဂရုစိုက်လိုက်မယ် ။ ပြီးတော့ ဒီလူ့ကိုလည်း စောင့်ကြည့်ထားမယ် ။ "
ချန်ရှောင်ခိုင်က ညီငယ် ရှောင်မိုင်အကြောင်း ပြောတဲ့အချိန်မှာ နူးညံ့နေပေမယ့် လုလင်းကို တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့ ရက်စက်တဲ့ သဏ္ဍာန်ဖြစ်သွားသည် ။
ချန်းရှောင်မီက သဘောတူသလို ခေါင်းညိတ်ပြီး -
" မင်း လုပ်နိုင်စွမ်းရှိလို့ ငါ သူတို့ကို ထားခဲ့ပြီ ။ "
ချန်းရှောင်ခိုင်က သူ့အစ်ကိုရဲ့ ယုံကြည်မှုကို ရလိုက်တာကြောင့် အလွန်ဝမ်းမြောက်သွားကာ ယုံကြည်စိတ်ချရတဲ့ မျက်နှာပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး -
" အစ်ကို့ကို စိတ်မပျက်စေရပါဘူး ။ "
ရွာသားများက အပြစ်တင်ရှုတ်ချသော်လည်း သူ့အစ်ကိုကသာ ကမ္ဘာပေါ်က အရဲရင့်ဆုံး သူရဲကောင်းတစ်ယောက် အဖြစ် ချန်းရှောင်ခိုင်က တွေးနေဆဲပင်။ ချန်းရှောင်ခိုင်က တစ်နေ့မှာ သူ့အစ်ကိုနဲ့အတူ တောင်ပေါ်ကို လိုက်နိုင်ပြီး အမဲလိုက်ရာမှာ ကူညီမည်ဖြစ်သည်။ သို့မှသာ သူ့အစ်ကို အနားယူနိုင်မည်လို့ စိတ်ကူးထဲ အမြဲထိန်းသိမ်းထားသည် ။
လုလင်းက ချန်းရှောင်မီ ထွက်သွားပြီးမှ သူ့မျက်လုံးကို ဖွင့်လိုက်သည် ။ ရက်စက်တဲ့အမဲလိုက်မုဆိုး ချန်းရှောင်မီ ရှိနေတဲ့အချိန်မှာ သူ့မျက်လုံးကို မဖွင့်ရဲပါပေ ။ အခုမှ ပတ်ဝန်းကျင် ကြည့်ရှုမှုကို စတင်နိုင်သည် ။
လုပ်ထုံးလုပ်နည်းအရဆို ဒီနေ့က သူ့ရဲ့ မင်္ဂလာဆောင်နေ့ပင် ။ သို့သော် ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိမ်နဲ့ ခေတ်ဟောင်း ပရိဘောဂ တွေကို မြင်လိုက်ရတာကြောင့် သူ့စိတ်တွေ ကျဆင်းသွားသည် ။
လုလင်း သူ့ရင်ထဲမှာ သက်ပြင်းချလိုက်သည် ။ သူ့စိတ်ထဲမှာလဲ ခံစားချက်မျိုးစုံဖြစ်ပေါ်နေသည် ။ ကံကြမ္မာက သူ့အပေါ် ကြောက်စရာကောင်းတဲ့ဟာသတွေနဲ့ ကစားနေတာကို မယုံကြည်နိုင်ပေ။
ချန်းရှောင်ခိုင်က သူ့ရဲ့မျက်လုံးတွေထဲ မနှစ်မြို့မှုနဲ့အတူ လုလင်းကို ကြည့်လိုက်သည်။
" အသက်ရှင်နေသေးတာပဲ ။ မသေချင်ဘူးဆိုရင် ထပြီး တစ်ခုခုစားလိုက်။ ဒါမှမဟုတ် သေချင်ရင်တော့ ထွက်သွားပြီး တခြားနေရာမှာ သွားသေ ။ ငါ့အစ်ကိုက ဒီအိမ်ကို ပိုက်ဆံအများကြီးနဲ့ ပေးဝယ်ထားရတာ ။ ငါတို့အိမ်ထဲမှာ လာမသေနဲ့။ "
ချန်းရှောင်ခိုင်က အသက်ရှစ်နှစ်သာ ရှိပြီး ပိန်ခြောက်ကပ်နေသည် ။ သို့သော် ကောင်လေးက တင်တင်စီးစီးပြောတတ်ပြီး ထိုအရာက သူ့အစ်ကိုဆီက ယူထားတာဖြစ်မည် ။
ဒီချန်းမိသားစုမှာ ချန်းရှောင်မီနဲ့ ချန်းရှောင်မိုင်က ကောတွေဖြစ်ပြီး ချန်းရှောင်ခိုင်ကတော့ ယောက်ျားလေး ဖြစ်သည် ။
လုလင်းက မျက်မှောင်ကြုတ်ကာ ချန်းရှောင်ခိုင်ကို ကြည့်လိုက်ပြီး -
" ငါမသေချင်သေးဘူး ။ အစားအစာ နည်းနည်းလောက် လိုချင်တယ် ။ "
ချန်းရှောင်ခိုင်က နားလည်စွာပြုံးလိုက်ပြီး -
" မင်းရဲ့ မိသားစုက ငွေဆယ်ပြားနဲ့ ငါတို့ဆီမှာ ရောင်းခဲ့တာ ။ ငါတို့ရဲ့ မိသားစုထဲမှာ ကိုယ့်နေရာကိုယ်သိပြီး ကိုယ့်ဘာသာ ပိုကောင်းအောင် ပြုမူရမယ်။ မင်းရဲ့ဩဇာအာဏာလောက်နဲ့ ပုံသွင်းဖို့ စဉ်းတောင်မစဉ်းစားနဲ့။ ငါ့အစ်ကိုက မင်းကိုချက်ချင်းပညာပြလိုက်လိမ့်မယ်။ "
ဒီခေတ်အခါမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ထူးကဲသာလွန်ပြီး လွှမ်းမိုးမှုရှိသည်။ အမျိုးသမီးတွေထက်နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့ ကောတွေနေနေသာသာ ၊ အမျိုးသမီးတွေတောင် အမျိုးသားတွေနဲ့ တူညီတဲ့စားပွဲမှာ ထိုင်စားခွင့်မရှိပေ ။
ထိုအကြောင်းကိုတွေးကြည့်လျှင် ချန်းရှောင်မီဘာကြောင့် အလွန်ရက်စက်ပြီးစရိုက်ကြမ်းနေရလည်းဆိုတာ လုလင်း စတင်နားလည်လာသည် ။ ထိုရွာသားတွေက သူတို့ရှေ့မှာ ဖြူစင်နူးညံ့မှုလေး တစ်ခါပြမိရင်တောင် အခွင့်ကောင်းယူပြီး အနိုင်ကျင့်ကြလိမ့်မည် ။
ချန်းရှောင်ခိုင်ကလည်း ထိုအရာကို ကောင်းစွာသဘောပေါက်နားလည်သည်။ သူ့အစ်ကိုရဲ့ဘဝ သာယာအဆင်ပြေဖို့ ပထမဆုံးတွေ့ဆုံမှုမှာပဲ လုလင်းကို ဦးချိုးဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။
" ငါကောင်းကောင်း နေပါ့မယ်။ "
' ဘယ်လိုတောင် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ကောင်လေးလဲ ၊ သူကြီးလာရင် ဘယ်မိန်းကလေးမှ သူ့ကိုလက်မထပ်လောက်ဘူး ။'
လုလင်းမှာ အပြုအမူကောင်းတွေရှိနေတာကို မြင်လိုက်ရတဲ့အခါ ချန်းရှောင်ခိုင်ရဲ့မျက်နှာက နူးညံ့သွားသည်။
ချန်းရှောင်ခိုင်က ကြမ်းတမ်းတဲ့အုတ်ဂျုံဆန်ယာဂု တစ်ပန်းကန်ကို လုလင်းဆီပေးလိုက်သည်။
" ငါတို့မိသားစုက လတ်လျားလတ်လျားနေတဲ့သူကို မကျွေးဘူး ။ဆောင်းမဝင်ခင်မှာ ကောက်ပဲသီးနှံတွေ များများစုဆောင်းထားဖို့လိုတယ် ။ မင်း မကြာခင် နေကောင်းလာတာနဲ့ ဆောင်းရာသီမှာ အတူတူ ကြံ့ကြံ့ခံနိုင်ဖို့ အလုပ်လုပ်ရမယ် ။ "
ချန်းရှောင်ခိုင်က ဆောင်းရာသီအကြောင်း တွေးမိတာနဲ့တင် သောကရောက်လာသည်။ အခုသူတို့မှာ စားဖို့ ပါးစပ်တစ်ယောက် ပိုလာပြီဖြစ်သည် ။ ထိုအဓိပ္ပာယ်က သူတို့ဆောင်းရာသီမှာ ပိုပြီး ခက်ခဲလာတော့မည် ။
ချန်းရှောင်ခိုင် စိတ်ထဲတွင် မကျေမနပ် စတင်ဖြစ်လာသည်။ ဆောင်းရာသီအတွက် လုံလောက်တာထက် ပိုတဲ့ ငွေဆယ်ပြားကို လုလင်းအတွက် ချန်းရှောင်မီ သုံးစွဲလိုက်ရတဲ့အကြောင်း စဉ်းစားမိတိုင်း သူစိတ်တိုင်းမကျပေ ။
ချန်းရှောင်ခိုင်က လုလင်းကို မြို့မှာအလုပ်သွားလုပ်မလား ဒါမှမဟုတ် သူ့အစ်ကို့နဲ့ တောင်ပေါ်မှာ အမဲလိုက်ထွက်မလား တစ်ခုခုလုပ်ခိုင်းရမည်ဟု တွေးထားသည် ။ အလုပ်မလုပ်ဘဲ ပျင်းရိပြီးအစားစားဖို့ပဲ တွေးနေမှာကိုတော့ သည်းမခံနိုင်ပေ ။
လုလင်းက အလွန်အရသာဆိုးတဲ့ အုတ်ဂျုံယာဂုကို မြင်လိုက်ရတာကြောင့် -
' ခေတ်သစ်က လူတွေက ကျန်းမာရေးနဲ့ညီညွတ်အောင် အချိုမှုန့်မစားရ ၊ chemical အသုံးပြုထားတဲ့ လယ်ယာထွက် ပစ္စည်းတွေမစားရနဲ့ သတ်မှတ်ချက်တွေထုတ်ထားတယ်။ ဒါပေမယ့် အခုငါ့လို ငတ်ပြတ်နေရင် မင်းလည်း ဘာမဆိုစားမိမှာ အမှန်ပဲ ။ '
ကြမ်းထော်နေတဲ့ဆန်ရဲ့ အရသာက သဲနဲ့တောင်ဆင်သေးသည်။ ချိစ်နဲ့ ရှင်း ခေါက်ဆွဲခြောက် တစ်ပန်းကန်လောက် ရနိုင်ပါစေလို့ ဆုတောင်းသည်၊ အော်ဂဲလ်နစ် အစားအစာတွေနဲ့ ပတ်သတ်ပြီး ဘယ်တော့မှ ရေးကြီးခွင်ကျယ် မလုပ်တော့ပါဘူးလို့လည်း လုလင်း ကျိန်တွယ်သည် ။
လုလင်းရဲ့ မျက်နှာအမူအရာက သည်းခံစိတ်ကုန်နေသယောင်ပင်။
ချိုးရှောင်ခိုင်က လုလင်းရဲ့မျက်နှာအမူအရာကို မြင်လိုက်ရတာကြောင့် ဒေါသထွက်လာပြီး စကားလုံးတွေကအပြင်ကိုပေါက်ကွဲထွက်လာသည်။
" ကြည့်ရတာ ငါတို့ရဲ့အညတရ စားစရာက မင်းအတွက် လုံလုံလောက်လောက် မကောင်းဘူး ထင်တယ် ။ "
လုလင်းက ခေါင်းကိုကုတ်လိုက်ကာ.... သူအရင်ကမော်ဒန်ခေတ်မှာ သူဌေးသားမဟုတ်ပေမယ့် သူ့ကိုယ်သူတော့ ကောင်းကောင်း ကျွေးမွေး နိုင်သေးတာကြောင့် အချိန်ကူးပြောင်းသွားဖို့ ဆုတောင်းသည် ။
ချန်းရှောင်ခိုင်အခန်းထဲက ထွက်သွားတာနဲ့ ကုန်စုံဆိုင်ထဲ ခိုးဝင်ပြီး ချောကလက် နို့ ကိုဆွဲယူကာ အလျင်စလို မော့သောက်လိုက်သည် ။
' ငါ့မိသားစုက ငါ့ကိုစွန့်ပစ်ချင်နေပြီး ငါ့လက်တွဲဖော်ကတော့ ငါနဲ့ပတ်သတ်ပြီး
စိတ်မဝင်စားဘူး ။ ဒီနေရာမှာ အသက်ဆက်ရှင်ချင်ရင် ကိုယ့်ဘာသာပဲ ပိုပြီး ဂရုစိုက်ရမယ်။ '