~ မင်းက ဖြုန်းတီးတဲ့သူပဲ! ~
ချန်းရှောင်မီနဲ့လက်ထပ်ပြီး နှစ်ရက်အကြာ လုလင်းတစ်ယောက် ချန်းညီအစ်ကိုတွေရဲ့ လည်ပတ်ပုံကို သိလိုက်ရသည် ။
ချန်းရှောင်မီက ငွေရှာသူဖြစ်ပြီး အမဲလိုက်ဖို့ အစောကြီးအိမ်ကထွက်ပြီး နောက်ကျမှ ပြန်ရောက်လေ့ရှိသည် ။ ချန်းရှောင်ခိုင်က ချန်းရှောင်မိုင်ကို ခေါ်ကာ ထင်းများစုဆောင်း၍ အိမ်အတွက် ဟင်းရွက်ရိုင်းများ ရှာဖွေပြီး သိပ်မဝေးပါက ချန်းရှောင်မိုင်ကို ကြက်စာကျွေးခိုင်းကာ အိမ်မှာထားခဲ့သည် ။
ချန်းညီအစ်ကိုတွေက တစ်နေ့လုံးအားသွန်ခွန်စိုက် လုပ်ကိုင်နေတာတွေ့ရတော့ လုလင်းတံခါးပြင်ပေါ်မှာ လှဲနေရတာကို အပြစ်ရှိသလို ခံစားလာရသည် ။
ကလေးနှစ်ယောက်တောင်မှ ပါဝင်ကူညီနေကြပေမယ့် သူကတော့... တစ်ဖက်မှာ အိပ်နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ပေ ။ လုလင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ အသုံးဝင်တဲ့သူဖြစ်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ် ။
သူတို့တွေက ဆောင်းညတွေမှာ သေလုမတတ်အေးခဲတတ်တာကြောင့် စောင်တွေကို ပိုလိုအပ်သည် ။ ချန်းရှောင်ခိုင် ထင်းခြင်းတောင်းနဲ့ တောင်ပေါ်ကပြန်လာချိန် အိမ်ထဲခြေလှမ်းလိုက်တာ အနံ့ကိုတဆတ်တည်း ရလိုက်သည် ။
' ဒါဘာအနံ့လည်း... ကောင်းမဲ့ပုံပဲ!'
လုလင်းက ချန်းရှောင်ခိုင်ကို ဖျတ်ခနဲ ကြည့်လိုက်ကာ ...
" ဟေး ... မင်းပြန်ရောက်ပြီလား ၊ ငါကြက်ဥကို ဖောက်ပြီးပြုတ်ထားတယ် ။ "
" ကြက်ဥပြုတ် ? ကြက်ဥကို ဘယ်ကရတာလဲ? ငါတို့ကြက်တွေက ဥဥဖို့ အရမ်းငယ်လွန်းသေးတယ်လေ ။ "
ချန်းရှောင်ခိုင်က သိချင်စိတ်ဖြင့်မေးလိုက်သည် ။
" ငါ ဒီနေ့ ရစ်ငှက်တွေကိုမြင်လိုက်တယ် ။ ပြီးတာနဲ့ ဥတစ်ချို့ကို တွေ့လိုက်တာပဲ။ "
ချန်းရှောင်ခိုင်က လုလင်းရဲ့ကံကောင်းမှုအကြောင်း ကြားပြီးနောက် အရမ်းအံ့ဩသွားသည် ။ သူတို့မှာ ဥတွေရလာတာကြောင့် ဝမ်းသာဖို့ပဲသိတဲ့ ကလေးတစ်ယောက်ဟာ ဒီထက်ပိုတဲ့အကြောင်းအရာတွေကို မမေးပေ ။
" ဒီနေရာမှာ ရှိလောက်တယ်။ "
ချန်းရှောင်ခိုင်က သူ့ရဲ့တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ပန်းကန်ပြားပေါ်က ဥ ကိုကြည့်လိုက်သည်။ သူ့ရဲ့ခေါင်းကိုမြင့်ပြီး အနည်းငယ် တွန့်ဆုတ်ကာ...
" မင်းလည်း စားပါ။ "
လုလင်း ဒီကလေးကို ညှာတာပြီးစိတ်သဘောထားကြီးလိမ့်မယ်လို့ မမျှော်လင့်ထားပေ ။
လုလင်းရဲ့မွေးရပ်မြေက လူတွေက ကိုယ်ပိုင်ကြက်တွေကို ဥဥ ဖို့အတွက် မမွေးတော့ပေ ။ သူတို့တွေက ကြက်ဥကို ဝယ်စားကြသည် ။ ထို့ကြောင့် လုလင်းက တစ်ခြင်းစီမှာ ကြက်ဥ ၄၀၀ ကျော်ပါဝင်တဲ့ ခြင်းနှစ်ခြင်းကို သိုလှောင်ထားသည်။ အခုတော့ အသုံးဝင်သွားသည် ။
ကုန်စုံဆိုင်က ကြက်ဥတွေက ဒီဘက်ခေတ် မွေးမြူရေးထွက် ပစ္စည်းတွေလောက် အာဟာရဓာတ် မပြည့်ဝပေ ။
ဒါပေမယ့်လည်း ဟေး... အဲ့ဒါက ကြက်ဥမရှိတာထက်တော့ ပိုကောင်းပါတယ် ။
ချန်းရှောင်ခိုင် ပြန်မလာခင် ကြက်ဥနှစ်လုံးနဲ့ ထမင်း စားပြီးတာကြောင့် ဗိုက်ပြည့်နေသလို ခံစားရသည် ။
လုလင်းက ချန်းရှောင်ခိုင်ကို ကြက်ဥတစ်ဖဲ့ပေးလိုက်ပြီးတာနဲ့ ချန်းရှောင်ခိုင်က ချက်ချင်းပင် ပြန်ပေးသည်။ ကြက်ဥမှာ အစိပ်မခတ်ထားကြောင်း သေချာချင်တာကြောင့် ချန်းရှောင်ခိုင်က လုလင်းကို ပြန်ပေးမှန်း သဘောပေါက်သွားသည် ။
လုလင်း အံ့အားသင့်သွားကာ ကြိတ်မှိတ်လက်ခံလိုက်ပြီး -
' တကယ်ပဲ မင်းအသက်လေးနဲ့ အကြံများတတ်နေပြီပဲ ။ '
ချန်းရှောင်ခိုင်က တစ်ကိုက်စားပြီးတာနဲ လုလင်းကိုမေးသည် ။
" ခင်များ အိုးထဲဆီထည့်သေးလား? "
" ထည့်တယ် ။ "
" မင်းက ဖြုန်းတီးတာပဲ! "
ချန်းရှောင်ခိုင်က အံ့ကြိတ်ကာပြောသည် ။
လုလင်း သူ့အား ဖြုန်းတီးတယ်လို့ ပြောနေသော ကလေးကြောင့် ကိုယ့်နားကိုပင်မယုံကြည်နိုင်ပေ ။ သူက အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး တကယ်တော့ ခေတ်သစ်မှာ လူတွေက ဆီနဲ့ဝေးဝေးနေဖို့ မဖြစ်နိုင်ပေမယ့် ရှေးခတ်အခါမှာတော့ ဆီက အရမ်းအဖိုးတန်သည် ။ ဆီကို တိရစ္ဆာန်တွေဆီကသာ ထုတ်ယူနိုင်ပြီးအများစုက ဆီရတောင်မရကြပေ ။ ချန်းရှောင်မီက ဝက်ဆီကို အရည်ပျော်စေပြီးသာ သုံးနိုင်သည် ။
လုလင်းက ဒီအခြေအနေနဲ့ပတ်သတ်ပြီး စတိုးဆိုင်အတွင်း ဆီဗူးတစ်ဒါဇင်လောက် သိုလှောင်ထားကြောင်း ပြန်တွေးမိသည်။ ခေတ်သစ်ကလူတွေဟာ ဆီကိုစွဲလန်းနေကြတာကြောင့် စတိုးဆိုင်ထဲမှာ အမြဲတမ်းသင့်တော်တဲ့ပမာဏကို သိုလှောင်ထားရသည်။
' စတိုးဆိုင်ထဲက ဆီတွေက မိသားစုအတွက်အချိန်အကြာကြီး လုံလောက်နိုင်တယ် ။ '
ကုန်စုံဆိုင်အကြောင်းတွေးမိတာနဲ့ လုလင်းက ဘဝတစ်လျှောက်လုံး ဒီလိုမျိုး ချမ်းသာတယ်လို့တစ်ခါမှမခံစားဖူးပေ ။ သူ့ဆန္ဒအတိုင်း ပစ္စည်းတွေကို ကြွားလုံးထုတ်ဖို့ မတတ်နိုင်တာတော့ စိတ်မကောင်းစရာပင် ။
ချန်းရှောင်ခိုင် ကြက်ဥစားပြီးသွားချိန်မှာ ကြက်ဥရဲ့ အနှစ်သာရကို အပြည့်အဝပြန်ခံစားနေပုံရသည်။ ပြီးနောက် ချန်းရှောင်ခိုင်ကို တစ်ခုပေးလိုက်သည်။ နှစ်ယောက်လုံးက ကျန်သေးတဲ့ ကြက်ဥနှစ်လုံးကို စိုက်ကြည့်နေပေမယ့်လည်း ဘယ်သူမှ မထိကြပေ ။
ချန်းရှောင်ခိုင်က ပန်းကန်ပြားကိုချကာ ဖြေးဖြေးချင်းပင် သူ့အစ်ကိုကြီး ချန်းရှောင်မီအတွက် ကြက်ဥကို သိမ်းလိုက်သည် ။
'ချန်းညီအစ်ကိုတွေက အဟားခံတွေဖြစ်ပြီး လုလင်းကတော့ ဒုက္ခအိုး ။ အစ်ကိုအကြီးဆုံးက ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ချန်းရှောင်မိုင်ကာ ရောဂါသည် ။ ဒါပေမယ့် သူ့တို့လောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တတ်တဲ့ ညီအစ်ကိုတွေကို မတွေ့ဖူးပါ ။ ဒီလိုမျိုး မိသားစုတိုင်း ရှိသင့်တယ်။'
" အစ်ကိုကြီး ဒီလူက ကြက်ဥဖောက်ပြုတ်လုပ်ထားတယ်။ ဒါပေမယ့် ဆီနည်းနည်းထည့်သုံးထားတယ်။ ဘယ်လိုတောင် မိုက်မဲလိုက်လဲ ။"
ချန်းရှောင်မီ အခန်းထဲဝင်ပြီး မကြာခင် ချန်းရှောင်ခိုင်က လှမ်းတိုင်သည် ။
ချန်းရှောင်မီက ကြက်ဥနှစ်လုံးကို အားရပါးရ စားလိုက်သည် ။ သူက အစားရွေးသူမဟုတ်တာကြောင့် ဆန်ကြမ်းတွေစားရတုန်းက တစ်ခါမျှ မညည်းညူဖူးပေမယ့် ကောင်းမွန်တဲ့ ထမင်းတစ်နပ်ကြောင့်တော့ ပျော်ရွှင်မိသည် ။
" အဲ့ဒါက အဆင်ပြေပါတယ် ။ ငါဝက်ဆီတွေပိုရအောင် အမဲလိုက်မယ် ။ "
ချန်းရှောင်မီက ချန်းရှောင်ခိုင်ကို နူးညံ့စွာပြောသည် ။
ချန်းရှောင်ခိုင်က ချန်းရှောင်မီရဲ့နောက်ဘက်က အိတ်အလွတ်ကိုကြည့်ကာ ...
" ဒီနေ့က ခက်ခဲတဲ့နေ့လား အစ်ကိုကြီး? "
ချန်းရှောင်မီရဲ့ မျက်ဝန်းတွေက မကြည်မလင်ဖြင့်....
" ဟုတ်တယ်။ ကြည့်ရတာ ဒီနှစ်ဆောင်းဝင်တာစောမယ်ထင်တယ် ။ "
" ဒီလူက အခု ကောင်းကောင်းအလုပ်လုပ်နိုင်နေပြီ ။ သူ့ကိုတစ်ခုခု လုပ်ခိုင်းရအောင်လေ ။ "
မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလေသည် ။
ချန်းရှောင်မီက ခဏကြာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
' နောက်ဆုံးတော့ သူက ယောက်ျားတစ်ယောက်ပဲ ။ ငါနဲ့အတူ အမဲမလိုက်နိုင်ရင်တောင် တောင်ပေါ်မှာ ဟင်းသီးဟင်းရွက်တွေ ခူးဖို့ ခေါ်သွားနိုင်တာပဲ။ '