~ သကြားရည် ~
" အစ်ကိုကြီး... "
ချန်းရှောင်ခိုင်က ချန်းရှောင်မီရဲ့ အာရုံစိုက်မှုရအောင် အင်္ကျီလက်ကို ဆွဲလိုက်သည် ။
ချန်းရှောင်မီက ချန်းရှောင်ခိုင်ရဲ့အမူအရာကို သတိထားမိသွားကာ -
" ဘာပြသနာ ရှိလို့လဲ? "
" လုလင်းက သကြားရည်တွေကို လူမသိအောင်ကျိတ်သောက်နေတယ်လို့ မိုင်က ကျွန်တော့်ကို ပြောတယ် ။ "
ချန်းရှောင်ခိုင်က လျို့ဝှက်စွာ ချန်းရှောင်မီ၏ နား နား ကပ်ရင်း တိုးတိုးလေးပြောသည် ။
ချန်းရှောင်ခိုင်က အိမ်မှာသကြားမရှိမှန်းသိတာကြောင့် လုလင်းကသူ့ကို သကြားရည်အချို့တိုက်တယ်လို့ ချန်းရှောင်မိုင်ပြောတုန်းက အရမ်းအံ့ဩသွားခဲ့သည် ။
ရွာသားတွေ လာပို့တဲ့အချိန်တည်းက သူနဲ့အတူယူလာတာဖြစ်ရမည်လို့ ချန်းရှောင်မီ ထင်လိုက်သည် ။
ချန်းရှောင်မိုင်က သကြားရည်ဟာ သူရခဲ့ဖူးသမျှထဲမှာ အရသာအရှိဆုံးဖြစ်ပြီး အရမ်းကောင်းတယ်ဆိုတာထက် ပိုတဲ့အခြားအချက်အလက်တွေကို ချန်းရှောင်ခိုင်ကို မပြောပြနိုင်ပေ ။
ချန်းရှောင်ခိုင်က ၈ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်တာမို့ မိုင်ပြောတဲ့ 'အရသာအရှိဆုံး အရာ' အပေါ် စိတ်ဝင်တစားဖြစ်နေသည် ။ သို့သော် သူသကြားရည်အချို့လိုချင်ကြောင်း တောင်းဆိုဖို့အတွက် အနေစိမ်းနေသေးသည်။
လုလင်းက ချန်းရှောင်မီ ပြန်လာချိန်မှာ အစုန်အဆန်သေချာကြည့်ရှုပြီးနောက် ခံစားချက်တွေပိုပြီး ကောင်းလာသည်။ မူလပိုင်ရှင်က တိတ်ဆိတ်ကာ သီးသန့်နေတတ်သူဖြစ်တာမို့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံတိုင်း သူ့ခေါင်းကို အမြဲငုံ့ထားလေ့ရှိသည်။ ဒါကြောင့် မူလပိုင်ရှင်၏ အတွင်းစိတ်ထဲမှာ ချန်းရှောင်မီရဲ့ ပုံပန်းသဏ္ဍန်နဲ့ ပတ်သတ်ပြီး မှတ်ညာဏ်မရှိပေ ။
ချန်းရှောင်မီနဲ့ ပတ်သတ်လို့ သူကြားခဲ့ရတဲ့ဇာတ်လမ်းတွေကို အခြေခံကာ အလွန်စက်ဆုပ်ဖွယ်ရာ မျက်နှာပေါက်နဲ့ ကြည့်ရဆိုးမဲ့သူလို့ ထင်ခဲ့သည်။ သို့သော်လည်း ချန်းရှောင်မီက အမှန်တကယ် ရင်သပ်ရှုမောစရာကောင်းအောင် ကြည့်ကောင်းလှပြီး အထူးသဖြင့် သူ့ရဲ့မျက်ဝန်းနက်တွေက တလက်လက်တောက်ပကာ ကြည်လင်နေသည် ။ ချန်းရှောင်မီကို ချစ်စဖွယ်လှပနေမယ်လို့ သူမထင်ထားပေ ။
' မုသား တစ်ခွန်းကို ထပ်ခါထပ်ခါ ပြောနေရင် အမှန်တရားအဖြစ် လက်ခံလာလိမ့်မယ် ။ ချန်းရှောင်မီက ကောလဟာလတွေထဲမှာ စက်ဆုပ်စရာ ဖြစ်နေပေမယ့် တကယ်တော့ သူက ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ ။ '
ရွာသားတွေက လုလင်းကို တံခါးပျဉ်နှစ်ချပ်နဲ့ ချန်းရှောင်မီဆီ လာပို့တုန်းက သူက စောင်ခြုံပေးပြီးတာနဲ့ လုလင်းကိုဂရုမစိုက်တော့ပေ ။
လုလင်းက ခမ်းခမ်းနားနားမရှိတဲ့ သူ့ရဲ့မင်္ဂလာဦးညလေးမှာပဲ တိတ်တိတ်လေး လူးလိမ့်နေရင်း အိပ်မပျော်နိုင်ပေ ။ သူ့အရင်ဘဝက အဖြစ်အပျက်တွေကို ကူကယ်ရာမဲ့စွာ သတ်ရနေမိသည် ။
လုလင်းက gay ဖြစ်သည် ။ ခေတ်သစ်မှာ အများကြီး တိုးတက်နေပေမယ့် LGBTQ community ကိုတော့ C နိုင်ငံမှာ လက်မခံနိုင်သေးပေ။
လုလင်းက အလုပ်ရသွားချိန်မှာ သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို လျို့ဝှက်ချက်တစ်ခုအဖြစ် သိမ်းထားလိုက်သည် ။ သူက မြို့တော်မှာ အေးချမ်းတဲ့ဘဝနဲ့ တိုးတိတ်စွာနေထိုင်ရင်း အဖော်ကောင်းတစ်ယောက်ကို ရှာဖွေဖို့ အစီအစဉ်ဆွဲထားသည်။
သို့ပေမယ့် ဘယ်အချိန်မဆို မမျှော်လင့်ထားတဲ့အရာတွေ ဝင်ရောက်နိုင်သည်ပင် 0။ Company မှာ လုလင်းကို အချိန်ကာလကြာမြင့်စွာ crush နေတဲ့ မိန်းကလေး တစ်ယောက်ရှိပြီး လုလင်းက အကြိမ်ပေါင်းများစွာ လှည့်လည်ငြင်းဆန်ပေမယ့် သူမက ဇွဲကောင်းစွာပင် အနှောင့်အယှက်မဖြစ်သလိုနဲ့ လုလင်းကို ညဘက် date ဖို့ တိုးတိုးတိတ်တိတ် ဖိတ်ခေါ်နေဆဲပင် ။
လုလင်းက သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုအကြောင်း ထိုမိန်းကလေးကို အမှန်အတိုင်းပြောပြလိုက်တဲ့အခါမှ အရမ်းအံ့အားသင့်သွားကာ သူ့ကိုတစ်ယောက်တည်းထားခဲ့တော့သည် ။ ဒါပေမယ့် နောက်တစ်နေ့တွင်တော့ သူဌေးက company မှာ သူ့အား မကောင်းတဲ့သက်ရောက်မှုရှိတဲ့သူကို မထားနိုင်ဘူးဟုဆိုကာ အလုပ်ဖြုတ်လိုက်သည် ။
ထိုမိန်းကလေးလုပ်လိုက်တယ်ဆိုတာ ဘယ်သူမှရှင်းပြစရာမလိုပေ ။
လုလင်းက company ကိုဖြစ်ဖြစ် ထိုမိန်းကလေးကိုဖြစ်ဖြစ် ငြင်းခုန်ဖို့မထိုက်တန်ဘူးဟုတွေးကာ အလုပ်ထွက်ခဲ့လိုက်သည် ။ ပြီးနောက် မွေးရပ်မြေသို့ပြန်ပြီး သူ့မိဘတွေဆီက လုကုန်စုံဆိုင်စတိုးကို လွှဲပြောင်းယူလိုက်သည် ။
ဒါက လုပ်ငန်းကြီးမဟုတ်သော်ငြား သူ့ကိုယ်သူတော့ ထောက်ပံ့ပေးနိုင်သည် ။
ချန်းရှောင်မီက ပြန်ရောက်ပြီးမကြာခင်မှာပင် ညစာအတွက် စတင်ချက်ပြုတ်တော့သည် ။ သူက ချန်းရှောင်ခိုင်ကို ကြက်ဒူးဆစ်ရိုးတစ်ချောင်းနဲ့ အုတ်ဂျုံယာဂု ပန်းကန်လုံးတစ်လုံးအား လုလင်းဆီပေးခိုင်းလိုက်သည် ။
လုလင်းက ကြက်ရိုးကို မြင်လိုက်ရချိန်မှာ မျက်လုံးတွေကျယ်ဝန်းသွားသည် ။ သူ့ပထမအဒေါ်က ချန်းရှောင်မီနဲ့လက်ထပ်ပြီး အသားစားရလိမ့်မယ်လို့ အပြောင်အပျက်ပြောခဲ့ပေမယ့် တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပေ ။
အရသာက ဖွယ်တယ်လို့ ခံစားမိရင်တောင်မှပဲ အိမ်မှာ ဟင်းခတ်အမွှေးအကြိုင်ဟာ ဆားပဲရှိတဲ့အတွက် ချန်းရှောင်မီကို ဝေဖန်လို့မရ
ကြက်ရိုးကိုသာအငမ်းမရ စားသောက်မိသည် ။
ချန်းရှောင်ခိုင်က လုလင်း အငမ်းမရစားနေတာကို မြင်တဲ့အခါ နှုတ်ခမ်းစူလာပြီး ...
" ခင်ဗျား အနည်းဆုံးတော့ ကျွန်တော့်လိုမျိုးတည်တည်ငြိမ်ငြိမ်ရှိနေသင့်တယ် ။ ကျွန်တော်အသားစားပုံက်ို ကြည့်ဦး ။ အခုတော့ကြည့် ခင်ဗျားစားနေပုံက ကျွတ် ကျွတ် ကျွတ် အရမ်းရိုင်းစိုင်းတာပဲ ။ "
လူတိုင်းညစာစားပြီးနောက် ချန်းရှောင်မီနဲ့ချန်းရှောင်ခိုင်က ဟင်းပွဲတွေအတူတူသိမ်းဆည်းပြီး အားလုံး အိပ်ရာဝင်ကြသည် ။
ပြီးနောက် မကြာခင်မှာပဲ လုလင်းက ချန်းရှောင်မီရဲ့ ဟောက်သံကို ကြားလိုက်ရသည်။
' အိုးးး သူ့ကို စိတ်ပျက်စရာအခွန်ကင်းလွတ််မှုပစ္စည်းလို သဘောထားမှန်းသေချာသွားပြီ။ ဒီနေ့ သူရဲ့မင်္ဂလာဦးညကို ဟောက်သံတွေနဲ့ ကျော်ဖြတ်နေရပြီလေ ။ '
လရောင်မှုန်ဝါးဝါးအောက်မှာပဲ အိမ်ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။
' ဒီအိမ်က အရမ်းဟောင်းလွန်းပြီး၊ သူတို့လေးယောက်အတွက် ကျဉ်းကျဉ်းကျုတ်ကျုတ် အိပ်ခန်းလေး တစ်ခုပဲရှိတယ်။ '
လုလင်းက ချန်းရှောင်မီရဲ့အကြောင်းစဉ်းစားမိရင်း ချန်းရှောင်မီ့ ရုပ်ရည်ကြောင့် တိတ်တခိုးလေး ကျေနပ်အားရသွားသည်။ သူကအရင်ဘဝမှာ လူပျိုစစ်စစ်လေးဖြစ်ခဲ့တာမို့ ဒီဘဝမှာတော့ အဲ့ဒါတွေပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ထားသည်။ သို့ပေမယ့် လောလောဆယ်တော့ ချန်းရှောင်မီက သူ့အပေါ် အခွန်ကင်းလွတ်မှုပစ္စည်း အဖြစ်သာမြင်နေသေးတာကြောင့် သူ့ရည်မှန်းချက်တွေက မြင့်မားပြီး မဖြစ်နိုင်သေးမှန်း သိသာထင်ရှားသည်။ နောက်ထပ် ပိုခက်ခဲတဲ့ကိစ္စက တတိယဘီး ချန်းရှောင်ခိုင်နဲ့ စတုတ္ထဘီးလေး ချန်းရှောင်မိုင်တို့ရဲ့ သဘောတူညီမှုရရန်ပင် ၊ အထူးသဖြင့် ချန်းရှောင်ခိုင်... ထိုကလေးကို ကျေနပ်စေဖို့ မလွယ်ကူနိုင်ပေ ။
အခုချိန်ထိ လုလင်းက မူလပိုင်ရှင်အား သေကြောင်းကြံစည်တာ မလုပ်သင့်ဘူးဟု တွေးနေတုန်းပင် ။
' မင်းရဲ့ဘဝက လုမိသားစုဆီ ပြန်ရောက်ရင် အရမ်းဆိုးဝါးမှာ ၊ ဘာကြောင့်များ ဒီကောနဲ့ လက်မထပ်ရမှာလဲ ဒါက ပိုဆိုးသွားမယ်လို့တော့ မထင်ပါဘူး ။
'
လုလင်းက တွေးရင်းငိုက်မျဥ်းလာကာ တဖြေးဖြေး အိပ်မောကျသွားတော့သည် ။