Episode 13
Viewers 7k

~အဖွား၏ လုပ်ကြံခြင်း~


လုထုန်က ချန်းရှောင်မီဆီမှ ပြင်းထန်စွာဝေဖန်ခံထားရ‌တာကြောင့် ဝမ်းနည်းပက်လက်ဖြစ်နေပြီး အိမ်ပြန်လမ်းတစ်လျှောက်လုံး ကျယ်လှောင်စွာ အော်ငိုသွားလေသည် ။ 


" အမေ ! လုလင်းက ဘယ်လိုရိုင်းစိုင်းတဲ့ မိသားစုထဲကို လက်ထပ်ဝင်သွားတာလဲ? ချန်းရှောင်မီက တကယ့်အရိုင်းအစိုင်းကောင်။ "


လုထုန်ရဲ့အမေ ထောင်က ထိုအကြောင်းကြားပြီးနောက် မခံမရပ်နိုင် ဖြစ်လာသည် ။ လုထုန်ကို ပြောတာ လုလင်းသာဆိုရင်တော့ နောင်ကြဉ်အောင် တစ်ခုခုလုပ်လိုက်မှာ ဖြစ်ပေမယ့် ချန်းရှောင်မီက ခပ်ရိုင်းရိုင်းဝေဖန်လိုက်တယ်လို့ သူ့သမီးပြောတာကြားလိုက်ရတာကြောင့် ဒေါသကိုထိန်းထားလိုက်သည်။ 


အဲ့ဒီ ချန်းရှောင်မီက ကျောက်ကြီးရွာမှာ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ လူရိုင်းကောင် ဖြစ်သည်ပင် ။ သူက မကျေနပ်ချက် သေးသေးလေးရှိရင်တောင် ပြသနာလာရှာနိုင်ပြီး ရွာရဲ့ လူရမ်းကားတွေတောင် သူနဲ့ဝေးဝေးနေကြသည် ။


ထောင်က ဒေါသထွက်နေသော်ငြား သူ့ကိုယ်သူ ချုပ်တည်းထားရသည် ။


" ဟမ်း.... ကြည့်ရတာ လုလင်းကို နောက်ထပ်အားကိုးလို့ မရတော့ဘူးပဲ ။ "


ထောင်က သူကိုယ်တိုင် ပင်ပင်ပန်းပန်း မလုပ်ခဲ့ဘူးပေ ။ သူမက ခိုကပ်နေပြီး လုလင်းအမေအသက်ရှိစဉ်က သူမကိုသာ စေခိုင်းလေ့ရှိသည် ။ သဘာဝကျကျပင် သူမကွယ်လွန်သွားပြီးနောက် လုလင်းကို ခိုင်းတတ်သည် ။ 


သို့သော် လုလင်းလက်ထပ်သွားပြီးနောက် ငြီးငွေ့ဖွယ် အိမ်အလုပ်တွေနဲ့ လယ်ယာလုပ်ငန်းတွေကို သူမ တာဝန်ယူလိုက်ရသည် ။ 


ထောင်ရဲ့ယောက်ျားက သူမသားကြောင့်သာမဟုတ်ပါက အချက်အပြုတ်ဆိုးရွားမူကြောင့် သူမအားရိုက်လုနီးပါးပင် ။ 


လုလင်းရဲ့အဖိုး လာနေတာကိုမြင်လိုက်ရသည် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်နေပုံ‌တော့မရပေ ။ 


လုလင်းရဲ့အဖွား ဝမ်က ချိနဲ့တဲ့လုလင်းကို အုပ်စိုး ခိုင်း‌စေချင်သေးတာကြောင့် စိတ်အခြေအနေမကောင်းပေ ။ သူမက ပေါက်ကွဲထွက်မတတ် အော်ဟစ်ငိုယိုပြီး လုလင်းက သားသမီးဝတ်မကျေသူဟု စွပ်စွဲသည် ။


ဝမ်က သူမယောက်ျားကို ကြောက်ရွံ့သော်လည်း လုလင်းရှိစဉ်က သက်သာရာရခဲ့တဲ့ နေ့ရက်တွေကိုလွမ်းနေသည် ။ ထို့ကြောင့် အများရှေ့မှာ ဆူ‌ဆူညံညံလုပ်ဖို့ ဆုံးဖြတ်ထားပြီး လယ်ကွင်းထဲတွင် ဝမ်းနည်းပက်လက် ငိုကြွေးတော့သည် ။


" ငါ့ရဲ့ သနားစရာမြေးလေးက ချန်းရှောင်မီဆီမှာ အနိုင်ကျင့်ခံနေရတယ် ။ ချန်းရှောင်မီက ငါ့မြေးလေး ဆောင်းရာသီ ကောက်ရိတ်သိမ်းချိန်မှာ အိမ်ပြန်ကူဖို့တောင် ခွင့်မပြုဘူး။ "


သို့သော် ချန်းရှောင်မီ အကြောင်းပါနေတာကြောင့် ဘယ်သူမှ ဝမ့်ကိုစပ်စပ်စုစု လာမမေးကြပေ ။ ထပ်ပေါင်းပြောရရင် လုတွေက လုလင်းကို ငွေဆယ်ပြားနဲ့ ချန်းရှောင်မီဆီ ရောင်းလိုက်မှန်း အားလုံးသိထားပြီးသားဖြစ်သည် ။ 


ရွာသားအများစုက အဲ့ဒီအချိန်တုန်းက ချန်းရှောင်မီရဲ့ကမ်းလှမ်းငွေကို စိတ်ဝင်စားပေမယ့် ဘယ်သူမှတော့ ချန်းရှောင်မီအား လက်မထပ်လိုကြပေ ။ သူတို့ကို အံ့ဩစေတာက ရွာရဲ့ချမ်းသာသောမိသားစုဖြစ်တဲ့ လုမိသားစုက လုလင်းကို ချန်းရှောင်မီရဲ့မိသားစုအတွင်းထဲသို့ လက်ထပ်ဝင်ရောက်ခိုင်းကြသည် ။ ဒါကြောင့် ရွာသားတွေက သူတို့နောက်ကွယ်မှာ လုတွေအကြောင်း ပြောဆိုကြသည် ။


' သူတို့မိသားစုက အရမ်းလောဘကြီးတာပဲ ။ '

' သူတို့က ငွေအတွက် ဘာမဆိုလုပ်မဲ့သူတွေ ။ '


' သူတို့က ငွေပဲသိတယ် ။ '


တချို့လက်ထပ်ပြီး အမျိုးသမီးတွေက သူတို့မိသားစုကို ကူညီဖို့ ပြန်တတ်ကြပေမယ့် တကယ်လို့ သူတို့သွားမကူညီရင်တောင် ဘယ်သူမှဘာမျှမပြောပေ ။ 


လုတွေက လုလင်းကို ချန်းမိသားစုဆီ လက်ထပ်ဝင်ရောက်ခိုင်းထားတာဖြစ်သည် ။ ထို့ကြောင့် ချန်းရှောင်မီ လုလင်းကို ပြန်ခွင့်မပြုတာက မျှတပြီး ယုတ္တိတန်သည် ။ 


မည်သူမျှ ဝမ့်အားစာနာမှုမပြသလို ရွာလူကြီးကတောင် သူမအားဆူပူကြိမ်းမောင်းလေသည်။  


ရွားသားတစ်ယောက်က သူ့နံမည်ကို ညင်ညင်သာသာခေါ်လိုက်ချိန်မှာ သူက တရုတ်မျောက်ဥ(ကန်စွန်းဥတစ်မျိုး) ကို တူးနေစဉ်ဖြစ်သည် ။


" လင်း ... "


ရွာသားက စာနာသနားမှုတွေပြည့်‌နှက်နေတဲ့မျက်လုံးနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည် ။ 


ကျန်းဂျင်းဆိုတဲ့ရွားသားက သူကြီးသားဖြစ်သည် ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲ ရှာကြည့်တော့ ကျန်းဂျင်းက အခြားသူတွေကိုကူညီပေးရတာနှစ်သက်တဲ့ ငယ်ရွယ်ကောင်းမွန်တဲ့ ကောင်လေး ပင် ။ 


လုလင်းခေါင်းခါလိုက်မိသည် ။ 

' လူတွေရဲ့အမြင်မှာ သူကကံဆိုးမိုးမှောင်ကျနေသူဖြစ်တာမို့ သူ့ကို အဲ့လိုမျိုးကြီး ကြည့်နေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။  '


" လင်း မင်းအဆင်ပြေရဲ့လား? "


လုလင်းကာပြုံးကာ - " အဆင်ပြေပါတယ် ။ "


ကျန်းဂျင်းက ထိုအပြုံးဟာ အတင်းလုပ်ယူထားတဲ့အပြုံးလို့ မှတ်ယူလိုက်သည် ။ 


ရွာသားတွေက လုလင်းဟာချန်းရှောင်မီနဲ့အတူ တောင်ပေါ်မှာအလုပ်လုပ်ရတယ်လို့ ပြောတာကို ကြားရသည်။


' လုလင်းရယ်... မင်းအခုလိုအပ်နေတာက စိုးရိမ်သောကတွေကို ဖယ်ပြီး ကောင်းကောင်းအနားယူရမှာ ။ ဒါပေမယ့် ချန်းရှောင်မီ သူ့ကို ဘာလုပ်ထားလဲ ကြည်ပါဦး ။ တောင်ပေါ်မှာ အလုပ်လုပ်ဖို့ အတင်းအကြပ်ခေါ်ထားတယ် ။ ကျွတ်စ် ကျွတ်စ် ကျွတ်စ် ... ဒါကဘယ်လောက်တောင် အန္တရာယ် များလိုက်လဲ ။ ဒီမှာရှိတဲ့ တိရစ္တာန်‌တွေ သူ့ကိုမတိုက်ခိုက်ဖို့ပဲ မျှော်လင့်ပါတယ် ။ '


" ချန်းရှောင်မီက မင်းကို ဒီရွံ့ချောင်းတွေစားခိုင်းတာလား ။ "


ကျန်းဂျင်းရဲ့ အသံက စာနာသနားမှုတွေ တစက်စက် ယိုဖိတ်လျှက်ရှိသည် ။ 


ကျန်းဂျင်းလည်း အရင်နှစ်တွေတုန်းက ဒါကိုစားဖူးသည် ။ အတော်လေး အရသာမရှိပေ ။ 


လုလင်း ကျန်းဂျင်းရဲ့အမူအယာကို သတိထားမိလိုက်ပေမယ့်လည်း အများကြီးမရှင်းပြလိုက်ပေ ။ 


" ဒါက ဗိုက်ပြည့်လွယ်တယ် ။ ပြီးတော့ စားလို့တကယ်ကောင်းပါတယ် ။ "


လုလင်းက ချန်းရှောင်မီဆီမှာ နှိပ်စက်ခံနေရတာမှန်း ကျန်းဂျင်း အသေအချာသိသွားခဲ့သည် ။ 


" မင်းအကူအညီလိုရင် ငါ့ဆီကို အမြဲလာလို့ရတယ်နော် သိလား ။ "


လုလင်းက ပြုံးကာ -


" မင်းရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် အခုတော့ ငါ့ကိုခွင့်ပြုပါဦး ။ ငါထင်းခြောက်တွေ စုရဦးမယ် ။ "


ကျန်းဂျင်း ခေါင်းညိတ်ပြလိုက်သည် ။


သူအိမ်ပြန်လာအောင် အဘွားဝမ်က လယ်ကွင်းထဲမှာ ရုပ်ပျက်ဆင်းပျက်အော်ဟစ်နေမှန်း လုလင်းကြားရပေမယ့် သူစိတ်အနှောက်အယှက်မဖြစ်ပေ ။ 


ဒီခေတ်ကလူတွေက အခြားအရာတွေထက်ပိုပြီး ဂုဏ်သတင်းကို တန်ဖိုးထားကြသည်။ လုလင်းကတော့ အဲ့လိုမဟုတ်ပေ ။ ဂုဏ်သတင်းကို အာရုံမထားပဲ သူ့ဘဝတိုးတက်အောင် အလုပ်ကြိုးစားဖို့ပဲ ဆုံးဖြတ်ထားသည် ။


မူလပိုင်ရှင်က သူ့အပေါ်အခွင့်ကောင်းယူတဲ့ မိသားစုကြောင့် ဝမ်းနည်းနေနိုင်ပေမယ့် သူကတော့ သူစိမ်းတွေလို့သာ မြင်တဲ့အတွက် ဘာမှမခံစားရပေ ။