~ငါ့ဂုဏ်သိက္ခာကို ဂရုစိုက်မနေဘူး~
ရတနာစာအုပ်ပါဝင်တဲ့ ချန်းရှောင်မီရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းက ရွာမှာ ပျံ့နှံ့သွားခဲ့သည် ။
အဖွားချန်းလည်း ထိုဇာတ်လမ်းကိုကြားရတဲ့အချိန်မှာ ချက်ချင်းစိတ်ဝင်စားသွားသည် ။
" ချန်းရှောင်မီက တောင်ပေါ်မှာ ရတနာတချို့တွေ့ခဲ့တယ်တဲ့လား ။ ငါတို့ကံတရားလည်း ကောင်းနိုင်တာမို့ ငါတို့ဘာကြောင့်များမစမ်းကြည့်ရမှာလဲ ။ "
အဖွားချန်းပြောတာကြားလိုက်ရတဲ့အချိန်မှာ ချန်းရှိုရှီးရဲ့ နှလုံးခုန်သံ ဆောင့်တက်သွားသည် ။
" အမေ ၊ ကျွန်တော့်ကိုတော့ တောင်ပေါ်မတက်ခိုင်းပါနဲ့ ။ ဒုတိယ ဘယ်လိုသေသွားလဲဆိုတာ မေ့နေပြီလား ။ သူက တောင်ပေါ်ကို စွန့်စားသွားလို့ သေသွားရတာ ။ "
" အမေ သေချာစဉ်းစားကြည့်ပါဦး ။ ချန်းရှောင်မီက လူထူးဆန်းမို့လို့သာ တောင်ပေါ်မှာ အသက်ရှင်နိုင်တာ ။ "
အဖွားချန်းက ခေါင်းခါယမ်းပြီး သဘောမတူစွာဖြင့် -
" သူက ကောတစ်ယောက်ပဲလေ ။ "
" အမေ ၊ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ရင် အစ်ကိုကြီးပြောတာ မှန်တယ် ။ ချန်းရှောင်မီက ရတနာတွေအတွက် တစ်တောင်လုံးကို ရှာဖွေတာဖြစ်ရမယ် ။ "
ချန်းရှိုရန်က သူ့ကိုယ်ပိုင်လုံခြုံမှုအတွက် စိုးရွံ့လာတာမို့ စကားဝိုင်းထဲ ဝင်ပြောလာသည် ။
ချန်းရှိုရန်နဲ့ ချန်းရှိုရှီးက တစ်ယောက်ကို တစ်ယောက် အထင်မြင်သေးကြပေမယ့် တကယ်တမ်းတော့ အတွေးအမြင်ခြင်းတူကြသည် ။
" အဲ့ဒီနေရာမှာ တစ်ခုခုကျန်ရှိနေဦးမယ်လို့ ငါထင်နေတယ် ။ "
အဖိုးချန်းက အသံမာမာဖြင့် ဝင်ပြောသည် ။
" မင်းရဲ့ အရူးစကားတွေပြောလို့ပြီးပြီလား
။ သားတစ်ယောက်ဆုံးရှုံးထားရတာတောင် မလုံလောက်သေးဘူးလား ။ "
အဖိုးချန်းက သူ့ရဲ့ဒုတိယသားသေဆုံးမှုအပေါ် အပြစ်ရှိသလို ခံစားရသည် ။ သူက တစ်ခါတစ်ရံမှသာ သားဖြစ်သူရဲ့စွန့်စားရမယ့် လုပ်ရပ်ကို သဘောတူခဲ့တာဖြစ်သည် ။
အဖွားချန်းက အဖိုးချန်းသူမအား ငေါက်လိုက်တာကြောင့် ချန်းရှောင်မီအပေါ် ပိုမုန်းတီးသွားသည် ။
ချန်းရှောင်မီက မုဆိုးတစ်ယောက်သာဖြစ်ပြီး သူ့ရဲ့နောက်မြေး ချန်းကျင်းကတော့ ပညာရှင်တစ်ယောက်ဖြစ်သည် ။ ထိုရတနာစာအုပ်ကိုတွေ့တဲ့သူဟာ သူတို့သာဖြစ်ရင် ချန်းကျင်းကပိုကောင်းမွန်စွာ အသုံးပြုနိုင်မှာပင် ။ ကံကြမ္မာကောင်းရရှိသွားတဲ့သူက သူမအချစ်ဆုံးမြေး ချန်းကျင်းမဟုတ်တဲ့အပေါ် သူမအလွန်မခံမရပ်နိုင်ဖြစ်နေမိသည် ။
ချန်းရှိုရှီးအား ချန်းရှောင်မီ ကန်ထုတ်လိုက်ပြီးနောက် သူနဲ့သူ့မိသားစုက ချန်းရှောင်မီအပေါ် ထပ်ခါထပ်ခါ အသရေ ဖျက်တော့သည် ။
ချန်းရှောင်မီရဲ့ ဂုဏ်သတင်းက ရုတ်တရပ်အလှည့်အပြောင်းဖြစ်ပြီး တဟုန်ထိုး ဆိုးရွားလာခဲ့သည် ။
အဖွားချန်းက ချန်းရှောင်မီဟာ သူ့အဖိုးရဲ့ ကျန်းမာရေးကိုတောင် လုံးဝဂရုမစိုက်သလို ပြုမူတယ်၊ သူမရဲ့မြေးက သူမတို့အား သားသမီးဝတ္တရားမကျေပြွန်မှုအပေါ် မယုံကြည်နိုင်ဖြစ်ရတယ်ဆိုပြီး ရွာသားများရှေ့တွင် ပြောဆိုတော့သည် ။
ချန်းရှောင်မီရဲ့အောင်မြင်မှုကိုမနာလိုနေကြတဲ့ ရွာသားတချို့က ကိုယ်ကျင့်တရားမြင့်မားသယောင်နဲ့ ချန်းရှောင်မီက သားသမီးဝတ္တရားမကျေပြွန်သူဟု စွပ်စွဲကြတော့သည် ။
ချန်းရှောင်မီက သူ့ဂုဏ်သတင်းနဲ့ပတ်သတ်ပြီး လုံးဝ ဂရုမစိုက်ပေ ။
လွန်ခဲ့တဲ့ရက်တချို့က ရွာသားတွေသူ့ကိုစကားစပြောလာချိန်မှာ သူအနည်းငယ် ပျော်ရွှင်မိသည် ။ သူ့ညီငယ်နှစ်ယောက်နဲ့ လုလင်းမှလွဲ၍ သူ့အားစကားပြောချင်နေသူတွေ မရှိတာ အလွန်ကြာခဲ့ပြီဖြစ်သောကြောင့်ပင် ။ သို့သော် ထိုဆန်းကြယ်မှုတွေက ပျက်စီးသွားချေပြီ ။
ရွာသားတွေက ထိုမေးခွန်းတွေအမြဲမေးသည် ။
' မင်း ခန်ကိုဆောက်လုပ်ဖို့ ဘယ်လိုတွေးတောမိတာလဲ ။ '
' အိမ်ချက်အရက်တွေ ချက်လုပ်နေတုန်းလား ။ '
' လက်အိတ်တွေလုပ်ဖို့ ဘယ်လိုအကြံရတာလဲ ။ '
လုလင်းက လုတွေပြသနာလာရှာမှာစိုးလို့ သူ့အား အကုန်လုံး အမည်ခံ ပေးခဲ့ပေမယ့် ထိုအချင်းအရာတွေကို ချန်းရှောင်မီ ပြုလုပ်တာမဟုတ်တဲ့အတွက် သူတို့မေးခွန်းတွေကို မဖြေတတ်ပေ ။ သူက မျက်နှာထူထူနဲ့သာ ဖြတ်ကျော်ရသည် ။ မကြာခင်မှာပင် ရွာသားတွေက ချန်းရှောင်မီအား စိတ်သဘောထား သေးသိမ်တဲ့သူလို့ ထင်မှတ်သွားကြသည် ။
လုလင်း ချန်းရှိုရှီးနဲ့သူ့မိသားစု ပါးစပ်ပိတ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို ရှာမတွေ့ပေ ။ ဒီခေတ်ကာလမှာ သားသမီးဝတ်မကျေပြွန်ခြင်းက ပြသနာကြီးဖြစ်သည် ။
" မင်း ဦးလေးက နည်းနည်းတော့ စိတ်တိုချင်စရာပဲ ။ "
ချန်းရှောင်မီက စဉ်းစားရင်း ခေါင်းညိတ်ကာ -
" သူက ငါ့ကို အပြင်ထွက်ဖြေရှင်းစေချင်နေတာ ။ "
ချန်းရှောင်မီက ထိုအဖြစ်အပျက်တွေကို ဆက်ဖြစ်နေဖို့ခွင့်ပြုပေးထားရုံကလွဲပြီး နည်းလမ်းမရှိမှန်း သိသည် ။ ချန်းရှို့ရှီးတို့ တစ်မိသားစုလုံးက သူ့သဘောထားနည်းနည်းပျော့လိုက်မိတာနဲ့ သူ့အပေါ်ဂုတ်သွေးစုတ်တော့မှာ ဖြစ်သည် ။
လုလင်း မျက်မှောင်ကြုတ်ကာ -
" ဒါပေမယ့် ငါတို့ကံကောင်းလာတယ်ဆိုတာ သူသိလို့ အခု အဖြေကို သူလက်မခံနိုင်ဘူးလို့ ငါမထင်ဘူး။ "
[T/N - ဒီနားက ဘာပြောချင်တာလဲ မရှင်းဘူး ။]
ချန်းရှောင်မီက ရုတ်တရပ် ကြမ်းကြုတ်စွာကြည့်လိုက်ပြီး -
" ငါ့ဝါးရင်းတုတ်နဲ့ပဲ သူ့ကိုပြောလိုက်မယ် ။ "
ချန်းရှောင်မီ သူ့ရဲ့ဂုဏ်သတင်းဆိုးတွေကြောင့် သူ့ညီငယ်တွေကို လက်ထပ်မဲ့သူမရှိရင်ဆိုပြီး တစ်ခါက ကြောက်ရွံ့စွာ စိုးထိတ်ခဲ့ဖူးသည် ။ သို့သော် ယခုတော့ စိုးရိမ်စရာမလိုတော့ပေ ။ သူ့ညီတွေကို ဘယ်သူမှ လက်မထပ်ချင်ရင် သူက လက်တွဲဖော် ဝယ်ပေးလိုက်မည်ဟု ဆုံးဖြတ်ထားသည် ။
လူတွေရဲ့သဘောသဘာဝက အလွန်ရယ်ရသည် ။ လူတချို့က သင်သာ လူတို့ကို အာရုံစိုက်မှု တခုခုပေးလိုက်ရင် ဆက်ပြီးနှောက်ယှက်နေမှာဖြစ်ပြီး သူတို့ကို လျစ်လျူရှုထားရင်တော့ ပုန်းကွယ်သွားလိမ့်မည် ။
လူတွေက အဖွားချန်းနဲ့ ချန်းရှောင်မီရဲ့ ဇာတ်လမ်းကို ရိုးလာကျသည် ။ ဘာကြောင့်ဆို အဖွားချန်းတစ်ယောက်တည်းက သာ ဆိုးဆိုးရွားရွား ပြောနေသောကြောင့်ပင် ဖြစ်သည်။
မကြာခင်မှာပင် ကံကြမ္မာတစ်ပတ်လည်လာသည် ။ ရက်အနည်းငယ်အကြာမှာ ရွာသားတွေက ချန်းရှိုရှီးရဲ့ အမှားလုပ်မှုအကြောင်းကို ပြောလာကြသည် ။ ချန်းရှိုရှီးက သူ့ရဲ့လက်အိတ်စီးပွားရေး အလုပ်ကနေ ငွေများစွာ အရှုံးပေါ်ခဲ့ပေမယ့် ဘာကြောင့် ချန်းရှောင်မီဆီက ပိုက်ဆံတောင်းရတာလဲ ဆိုပြီး မေးခွန်းထုတ်လာကြသည် ။
ရွာသားတွေက ချန်းရှိုရှီးရဲ့အပြုအမူကို ကန့်ကွက်ကျကာ သူ့ရဲ့ကျရှုံးမှုကိုတောင် နှစ်ထောင်းအားရဖြစ်နေကြသည် ။
ချန်းရှိုရှီးက ရွာသားတွေ ချန်းရှောင်မီကို ဝေဖန်နေရမယ့်အစား သူ့ကို ဟာသအဖြစ်ပျက်ရယ်ပြုနေတာကိုကြားရတာကြောင့် အလွန်ဒေါသထွက်လာသည် ။ သို့သော်လည်း ထိုအရာနဲ့ပတ်သတ်ပြီး ဘာမှမပြုလုပ်နိုင်ပေ။