Episode 36 part 2
Viewers 7k

တံခါးလာခေါက်ခြင်း part 2


ချန်းရှောင်မီ ခေါင်းမော့ကာ ပြာခနဲ ပြောလိုက်သည် ။


" ဒါပေမယ့် မင်းအဖွားကိုတော့ ပြစ်မှားမိထား‌တယ်လေ ။ သူ့ကိုငါတို့ဆီက ပစ္စည်းခိုးတယ်လို့ စွပ်စွဲထားပေမယ့် အဲ့ဒါက အမှန်မှမဟုတ်တာ ။ "


လုလင်း ချန်းရှောင်မီက ဘာကြောင့်များဒီအကြောင်းတွေထပ်ပြောလာမှန်း မတွေးတတ်တော့ပေ ။


" သူက ဒီကိစ္စမှာ ပထမဆုံး ပြဿနာရှာတဲ့သူလေ ။ ကိုယ်က ကိုယ်တို့မိသားစုကို ကာကွယ်တာပါ ။ "


ချန်းရှို့ရှီးရဲ့အိမ်တွင် ....


" ရှိုရှီး ၊ မင်းငွေတွေရလာပြီလား ။ "


အဖွားချန်းက အလျင်စလိုမေးလိုက်သည် ။


" သူက ကျွန်တော့်ကို အမှိုက်လိုရိုက်ထုတ်လိုက်တယ် ။ "


" ဘယ်လိုတောင် ကပ်စီးနဲတဲ့ အရူးကောင်လေးလဲ ။ သူတစ်နေ့ထဲနဲ့ ငွေပြားငါးဆယ်ကျော်ရခဲ့တာမဟုတ်ဘူးလား ။ "


အဖိုးချန်းက သက်ပြင်းရှိုက်ကာ -


" ဒါဆိုလည်း သွားတွေ့ကြတာပေါ့ ။ "


" သွားကြမယ်? တခြားနည်းလမ်းမရှိတော့ဘူးလား ။ "


အဖွားချန်းက လက်သီးတင်းတင်းဆုပ်ထားပြီး သူမက ချန်းရှောင်မီ သီးသန့်ခွဲထွက်မှုအပေါ် စိတ်မကောင်းဖြစ်နေမိသည် ။


အဖိုးချန်က စိတ်မရှည်ဖြစ်နေကာ -


" ဒီအချိန်မှာ ငါတို့ဘာတတ်နိုင်ဦးမှာလဲ ။ "


အဖွားချန်းက သူ့ယောက်ျား ဒေါသထွက်နေတာတွေ့ရတာကြောင့် ဘာမှပြန်မပြောတော့ပေ ။ 


" ရှိုရှီး ၊ မင်းဘယ်လိုတောင်တွေးပြီး ငွေခုနှစ်ပြားသုံးလိုက်တာလဲ ။ ဒီထက်ပိုကောင်းအောင် အသုံးပြုခဲ့သင့်တယ် ။ "


အဖိုးချန်းက ချန်းရှိုရှီးအပေါ် အပြစ်တင်လိုက်သည် ။ 


ငွေခုနှစ်ပြားက သူတို့အတွက် သေးငယ်တဲ့ပမာ‌ဏတော့မဟုတ်ပေ ။ 


အဖွားချန်းက သူ့သားဘက်က ကာကွယ်ပေးကာ -


" ဒါသူ့အမှားလုံးလုံးတော့မဟုတ်ပါဘူး ။ အချိန်မကိုက်ဖြစ်သွားတာပါ ။ သခင်လေးတွေက ချန်းရှောင်မီဆီက လက်အိတ်ရဖို့ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကြပေမယ့် ရှိုရှီးအတွက်တော့ အချိန်နည်းနည်းနောက်ကျသွားခဲ့တယ် ။ "


" ဘယ်လုပ်ငန်းမဆို စွန့်စားရတယ် ။ "


ချန်းရှိုရှီးရဲ့တတိယညီ ချန်းရှိုရန်က ပြောသည် ။


" သခင်လေးတွေက မြေခွေးသားရေလက်အိတ်ရဖို့ မစောင့ဆိုင်းနိုင်ကြဘူး ။ ကျွန်တော်ကြားတာတော့ သူတို့က လက်အိတ်လုပ်ဖို့အတွက် ခြုံထည်တွေကိုတောင် ဖြဲကြတယ်တဲ့ ။ အစ်ကို မင်းငွေပမာဏအများကြီးမသုံးခင် ထပ်စဉ်းစားခဲ့သင့်တယ် ။ ဒီငွေတွေကို နွေဦးပွဲတော်အတွက် အထူးသုံးသင့်တာ ။ အခုတော့လည်း ငါတို့ဘာမှမတတ်နိုင်တော့ဘူး ။ "


ချန်းရှိုရှီးရဲ့ မျက်နှာ မဲမှောင်သွားကာ -


" ငါနားလည်ပါတယ် ။ ငါက ငါတို့အတွက် ပိုက်ဆံတွေပိုရအောင် လုပ်ချင်တာ ။ "


" ဒါပေမယ့်အစ်ကို ၊ သားရေအတွက်က ဈေးမကြီးလွန်းဘူးလား ။ မင်းက ဖြုန်းတီးလိုက်တာပဲ ။ "


ချန်းရှိုရှီး ထိုသို့ကြားလိုက်ရတဲ့အခါ ပိုစိတ်ဓာတ်ကျသွားသည် ။ သူက သားရေတွေအတွက် များစွာဈေးပေးပြီး ဝယ်ခဲ့တာဖြစ်ကာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွပ်လပ်စွာဝယ်ခဲ့တာဖြစ်တာ ။ 


" လုပ်ငန်းရှင်တွေအားလုံးက‌ လောဘကိုကြီးတယ် ။ ဈေးတက်နိုင်မယ့် အခွင့်အလမ်းတွေ့တာနဲ့ အလွတ်မပေးပဲ တက်ပြစ်လိုက်တာပဲ ။ "


အဖွားချန်းက စွပ်စွဲပြောဆိုလိုက်သည် ။


ချန်းရှိုရှီး စိတ်မကောင်းစွာနဲ့ ခြံဝန်းထဲ လမ်းလျှောက်ထွက်နေလိုက်သည် ။ ကျန်းယွဲ့ဟုန်က စိုးရိမ်စွာဖြင့် မေးလိုက်သည် ။


" ဘယ်သွားမလို့လဲ ။ "


အဖွားချန်း ကျန်းယွဲ့ဟုန်အား သူ့သားရဲ့ကျရှုံးမှုအတွက် အပြစ်တင်လေသည် ။ သူက ကျန်းယွဲ့ဟုန်ရဲ့အချုပ်အလုပ် ဆိုးရွားလို့သာ သူတို့ဆီမှာ ဘယ်သူမှ လက်အိတ်မဝယ်ကြတာဟု ပြောဆိုသည် ။ ကျန်းယွဲ့ဟုန် ကိုယ်တိုင်လည်း သူမရဲ့အချုပ်အလုပ်အပေါ် ယုံကြည်ချက်မရှိတာကြောင် အလွန်အပြစ်ရှိသလို ခံစားရသည် ။


" အဖေနည်းနည်း စိတ်မချမ်းသာဖြစ်‌နေလို့ ။ "


ချန်းရှိုရှီးက ချည့်နဲ့စွာပြန်ဖြေလိုက်သည် ။


ချန်းကျင်းက သူတို့ဆီလာကာ ပြောသည် ။


" အဲ့ဒီမှာ နည်းနည်းထူးဆန်းနေတာသတိမထားမိဘူးလား ။ ချန်းရှောင်မီက အရိုင်းအစိုင်း တစ်ယောက်ပဲလေ ။ ခန်နဲ့လက်အိတ်‌တွေနဲ့ ပတ်သတ်ပြီး သူကဘယ်လိုလုပ် အားလုံးသိဖို့ အကြံထွက်နိုင်မှာလဲ ။ ပြီးတော့သူကရုတ်တရပ် အရမ်းချမ်းသာလာတယ်။ "


ချန်းရှိုရှီးက ဗလုံးဗထွေးဖြင့် -


" လူတချို့ကတော့ သူကတောင်ပေါ်မှာ တစ်ခုခုတွေ့ခဲ့တယ်လို့ ပြောကြတယ် ။ "


"တောင်ပေါ်က တစ်စုံတစ်ခု " 


ချန်းကျင်း ရှုပ်ထွေးသွားသည် ။


" လူတစ်ချို့က သားရဲတွေရဲ့ရန်ပွဲတွေကိုရှောင်ရှားဖို့အတွက် တောင်ပေါ်မှာခိုလှုံတတ်ကြတယ် ။ ငါကြားတာတော့ ချန်းရှောင်မီက အဲ့လူ‌တွေဆီကနေ စာအုပ်တွေရခဲ့တာတဲ့။ "


ချန်းကျင်းက သရော်လိုက်ကာ -


" ချန်းရှောင်မီက စာလုံးဝမတတ်ဘူးလေ ။ "


ချန်းမိသားစု တစ်စုလုံးမှာ ကျောင်းသွားတတ်နိုင်တဲ့သူက ချန်းကျင်းသာဖြစ်သည် ။ ထို့ကြောင့် သူက ကျောင်းမှာစာမတော်ပေမယ့် ထိုကိစ္စနဲ့ပတ်သတ်ရင် မာနထောင်လွှားတတ်သည် ။


" စာအုပ်မှာ ပုံဆွဲထားတာဖြစ်မှာပေါ့ ။"


ချန်းရှိုရှီးက ပြောသည် ။


" စာအုပ်ကို မြင်ဖူးလား ။ "


ချန်းကျင်း စိတ်လှုပ်ရှားစွာမေးလိုက်သည် ။ သူက ထိုရတနာစာအုပ်ကို လိုချင်နေပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို ဖန်တီးချင်နေသည် ။ 


" ငါကြားတာတော့ အဲ့တာက မီးလောင်သွားတယ်တဲ့ ။ "


" ဘယ်လို .... "


ချန်းကျင်း မယုံကြည်နိုင်ပေ ။


ရွာသားတွေက ချန်းရှောင်မိုင်အား အတွင်းသတင်းတွေမေးကြပေမယ့် ချန်းရှောင်မိုင်က အများကြီး မသိပေ ။ သူက ကျပန်းအနည်းငယ်သာပြောနိုင်ပေမယ့် ရွာသားတွေကတော့ ဇာတ်လမ်းတစ်ပုဒ်လုံးဖန်တီးလိုက်သည် ။ ချန်းရှောင်မီက စာအုပ်ကိုင်ကာ သွားနေရင်း ခလုတ်တိုက်မိ၍ မတော်တဆ လောင်ကျွမ်းသွားသည် ဟူ၍ပင် ။


ချန်းကျင်း သက်ပြင်းရှိုက်လိုက်ကာ -


" စာအုပ် မီးလောင်သွားမယ်လို့ မယုံကြည်နိုင်ပေမယ့် အဲ့ဒါက ချန်းရှောင်မီဖြစ်နေတော့ ...

  သူ့ကံကအရမ်းဆိုးတာပဲ ။ "