Episode 36 part 1
Viewers 8k

part 1---


~တံခါးလာခေါက်ခြင်း~


ချန်းရှိုရှီး အိမ်တွင်ဖြစ်သည် ။


ချန်းရှိုရှီးရဲ့ ဇနီး ကျန်းယွဲ့ဟုန် က တောင်တန်းသဖွယ် လက်အိတ်အပုံလိုက်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး -


" ကျွန်မတို့ အကောင်းဆုံးသား‌ရေနဲ့ လက်အိတ်လုပ်ထားတာတောင် ဘာလို့ ဘယ်သူမှလာမဝယ်ကြတာလဲ ။ "


ချန်းရှိုရှီး သက်ပြင်း ချမိလိုက်သည် ။ ချန်းရှောင်ခိုင် လက်အိတ်ရောင်းတာကနေ အမြတ်များများရတယ်လို့ ကြားတာနဲ့ သားရေ ကို အလုအယက် သွားဝယ်တာဖြစ်သည် ။ သူက လက်အိတ်လုပ်ဖို့ဝယ်ချင်ကြတဲ့ သူတွေကိုတောင် ယှဉ်ပြိုင်ခဲ့ရသည် ။ မူရင်းဈေးနှုန်းထက် ငွေနှစ်ပြားပိုကာ ငွေခုနှစ်‌ပြားပေးချေခဲ့သည် ။ 


ချန်းရှိုရှီးက သူလိုချင်တဲ့ပမာဏအပေါ်အခြေခံတွက်ချက်ကာ မြေခွေး‌သားရေ လက်အိတ်တစ်ဒါဇင်လောက် ပြုလုပ်နိုင်ရန် ဝယ်ခဲ့သည် ။ သူက အနည်းဆုံးငွေပြားနှစ်ဆယ်လောက် သုံးခဲ့သည် ။ သို့သော် ယခုမူ လက်အိတ်တစ်စုံတောင် မရောင်းရချေ ။ 


ပစ္စည်းချင်းအတူတူတောင် ချန်းရှောင်မီအတွက် သခင်လေးတွေက ငွေနှစ်ပြား ၊ သုံးပြားပေးဖို့ အလိုရှိ‌နေကြပေမယ့် အခု သူငွေတစ်ပြားနဲ့ရောင်းတာတောင် သူ့ဆီမှာ မဝယ်ချင်ကြတာက ခေါင်းရှုပ်စေသည် ။ သူက ထိုကိစ္စအပေါ် များစွာအားထုတ်ထားတာဖြစ်သည် ။


ချန်းရှိုရှီးက သူ့သွားများကိုကြိတ်ကာ ချန်းရှောင်မီထံ အရာအားလုံး အပြစ်တင်တော့သည် ။


ချန်းရှိုရှီးရဲ့သား ချန်းကျင်းကတော့ အခြားတစ်ဖက်မှာ သာယာနေပေသည် ။ သူက နေ့ရက်တိုင်း လက်အိတ်အသစ်တစ်စုံရရှိနေခြင်းဖြင့် အတန်းဖော်တွေဆီမှအာရုံစိုက်ခံနေရတာကြောင့် သဘောကျနေသည် ။ သူ့ဆီမှာ ချမ်းသာတဲ့မိသားစုကလာတဲ့ အတန်းဖော် အနည်းငယ်သာရှိပေမယ့် အများစုမှာ သာမန်လူတွေသာဖြစ်သည် ။


ကျန်းယွဲ့ဟုန်က သူ့သားကို အလောတကြီးဖြင့် -


" သားရဲ့အတန်းဖော်တွေကရော အမေတို့ဆီမှာ လက်အိတ်လာမဝယ်ကြဘူးလား ။ "


" သူတို့အားလုံးက တခြားနေရာကနေ လက်အိတ်တွေဝယ်ပြီးသားဖြစ်နေပြီ ။ တချို့က မြေခွေးသားရေ လက်အိတ်ဝတ်ကြပေမယ့် တချို့ကတော့ ယုန်သားရေ လက်အိတ်ဝတ်ပြီး အရမ်းပျော်ရွှင်နေကြတယ် ။ "


ချန်းကျင်းရဲ့ အတန်းတွင်သာ မဟုတ် မည်သည့်နေရာတိုင်းမှာမဆို ထိုသို့ဖြစ်နေသည် ။ ဂရုစိုက်ပေးမယ့် အစေခံတွေနဲ့ ကျောင်းကိုလာကြတဲ့သခင်ငယ်လေးတွေက သူ့တို့ကိုယ်ပိုင် အသိုင်းအဝိုင်း ၊ အုပ်စုနဲ့ နေကြသည် ။ ရွာကလာတဲ့ ချန်းကျင်းနဲ့ ‌လုချောင်ယုတို့လိုကလေးများ တိုးလို့မရပေ ။ ချန်းကျင်းက လုချောင်ယုရဲ့ ရှေ့မှာသာလျှင် ကြွားလို့ရတာ ဖြစ်သည် ။ 


ကျန်းယွဲ့ဟုန်က သက်ပြင်းချကာ-


" အခု ကျွန်မတို့ ဘာလုပ်ကြမလဲ ။ "


မြေခွေး သားရေအတွက် ‌ငွေခုနှစ်ပြားသုံးခဲ့တုန်းက အဖိုးချန်း ဆူပူကြိမ်းမောင်းခဲ့ပေမယ့် ချန်းရှိုရှီးက ကံကြမ္မာကောင်း ဖန်တီးနိုင်မယ့်အကြောင်း အာမခံခဲ့သည် ။ သို့သော် ယခု လက်အိတ်တစ်စုံကို ငွေတစ်ပြားပဲ ရောင်းချခဲ့ပေမယ့် ချန်းရှိုရှီး အရှုံးပေါ်ခဲ့သည် ။


အဖိုးချန်းသာ အမှန်အတိုင်းသိသွားရင် ဘာဆက်ဖြစ်မလဲဆိုတာ ကျန်းယွဲ့ဟုန် မစဉ်းစားရဲတော့ပေ ။ 


" ကျင်း ၊ မင်းလက်အိတ် အစုံတစ်ချို့ယူသွားပြီး အတန်းထဲမှာ ဘယ်သူဝယ်ချင်ကြမလဲ လိုက်မေး .... "


" အမေ !!! ကျွန်တော်က အင်ပါယာစာမေးပွဲသွားပြီး အရာရှိတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာ ။ ဒီလိုရှက်စရာကောင်းတဲ့အလုပ်ကိုလုပ်ရင် ဂုဏ်သတင်းကောင်းတွေ မှေးမှိန်ကုန်မှာပေါ့ ။ "


ကျန်းယွဲ့ဟုန် ‌ခုဏက သူ့သားအားပြောမိလိုက်တဲ့စကားကို သတိထားမိသွားပြီး -


" အမေ အရမ်း စိတ်ရှုပ်သွားလို့ပါ ။ "


ချန်းရှိုရှီးက ဘာမှမပြောဘဲ မြို့ပေါ်အကြိမ်ရေတချို့ထပ်သွားကာ ကြိုးစားကြည့်သည် ။ သူ့ကို အံ့ဩစေတာက ဝယ်သူထက် ရှောင်းသူဦးရေက ပိုများနေတာပင် ။ သူ့ရဲ့မြေခွေးသားရေ လက်အိတ်ကို မည်သူမှစိတ်ဝင်စားမှုမပြပေမယ့် ယုန်သားရေလက်အိတ်ရောင်းတဲ့ ဆိုင်တွေမှာတော့ ဈေးဝယ်သူအနည်းငယ်ရှိကာ အမြတ်နည်းပေမယ့် ရောင်းထွက်ကြသည် ။ 


ချန်း‌ရှိုရှီးက သူမြို့ပေါ်တက်ချင်တဲ့အချိန်တိုင်း ရွာသားတွေဆီက နွားလှည်းကို ငွေပေးကာ ငှားရမ်းရသည် ။ သို့သော် ဒီတစ်ကြိမ်မှာတော့ ရွာသားတွေက သူ့အားမငှားတော့တာကြောင့် မြို့ပေါ်ကို ခြေကျင်သာသွားခဲ့ရသည် ။ မကြာခင်မှာပင် လက်အိတ်သွားရောင်းမယ့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည် ။


ချန်းရှောင်မီ၏ အိမ်တွင် -


" ချန်းရှောင်မီ! ချန်းရှောင်မီ! လာပါဦး ။ "


တစ်စုံတစ်ယောက်က တံခါးခေါက်လာသည် ။ 


အသံ ကြားလိုက်ရတာကြောင့် ချန်းရှောင်မီရဲ့မျက်လုံးမှာ မကြည်မလင်ဖြစ်ကာ ဝါးတန်းကိုကိုင်ပြီး ဆွဲဖွင့်ပေးလိုက်သည် ။ 


လုလင်း ထိုအရာကိုမြင်လိုက်ရတဲ့အခါ မအီမသာဖြစ်သွားသည် ။


" ချန်းရှောင်မီ မင်းအဖိုး နေမကောင်းဖြစ်နေတာ သူ့ဆီသွားလည်ပေးလိုက်ပါလား ။ "


ချန်းရှို့ရှီက အော်ပြောလိုက်သည် ။ ချန်းရှောင်မီက နှာမှုတ်ကာ -


" အဲ့ဒါ ကျွန်တော့်နဲ့ မဆိုင်ဘူးမလား ။ "


" မင်းက နှလုံးသားအေးခဲနေတဲ့ မြေပွေးလိုကောင်ပဲ ။ အဲ့ဒါက မင်းရဲ့အဖိုးအကြောင်းကို မင်းပြောနေတဲ့ပုံလား ။ "


ချန်းရှောင်မီက ထေ့ငေါ့လိုက်သည့်ပုံစံဖြင့် -


" မိုင်နေမကောင်းခဲ့တုန်းက အချိန်ကို မှတ်မိပါသေးတယ် ။ သူက မိုင် သူ့ဘာသာပြန်ကောင်းလာမှာမို့ သမားတော်ဆီသွားဖို့မလိုကြောင်း ပြောခဲ့တဲ့သူပဲ။ အခုကြည့် ကံကြမ္မာ တစ်ပတ်လည်လာပြီဆိုတော့ ငါပြန်ပြောပေးရမှာပေါ့ ။ သူပြန်ကောင်းလာမှာ သေချာပါတယ်။ "


" ဘယ်လို လူယုတ်မာလဲ ။ မင်းက သားသမီးဝတ္တရားမကျေတဲ့ မကောင်းဆိုးဝါးကောင်ပဲ ။ "

ချန်းရှိုရှီးက ခေါင်းကိုခါယမ်းကာ စိတ်တိုနေပေသည် ။


ချန်းရှောင်မီ မျက်လုံးကို မှေးကျဉ်းလိုက်ကာ -


" ခင်များ ဒီကိုဘာလာလုပ်တာလဲဆိုတာ ငါသိတယ် ။ ဒါပေမယ့် ငါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက သီးခြားနေလာခဲ့တာ ။ ခင်များနဲ့ ခင်များမိသားစုကို စွန့်လွှတ်ထားပြီးသား ။ ဘာပြောဦးမှာလဲ ၊ အခုငါ့ဆီမှာရှိတဲ့ ငွေတွေက ခင်‌များနဲ့ ဘာမှမဆိုင်ဘူး ။ ထွက်သွားစမ်း ။ "


ချန်းရှိုရှီး အံကြိတ်လိုက်ကာ -


" မင်း ၊ အယုတ်တမာကောင် ၊ မင်း .... မင်းရဲ့ သားသမီးဝတ္တရားမကျေမှုကို ဆုံးသွားတဲ့ ငါ့အစ်ကိုသာ သိသွားရင် ဘယ်လိုလုပ်မလဲ ။ "


ချန်းရှောင်မီမျက်နှာ မဲမှောင်သွားကာ -


" ငါက သားသမီးဝတ္တရားမ‌‌ကျေဘူးပေါ့ ။ ခင်များကရော သားသမီးဝတ္တရားကျေလို့လား ။ ခင်များအဖေ နေမကောင်းဖြစ်နေတာကို အခုထိ သမားတော်ဆီ မပို့သေးပဲနဲ့လေ ။ ဟုတ်တယ် ။ ငါ့အဖေသာ ခင်များငါ့ကို အနှောင့်အယှက်လာပေးနေတာသာသိရင် သူကောင်းကောင်းအနားယူနိုင်မှာ မဟုတ်ဘူး ။ "


ချန်းရှောင်မီရဲ့အဖေကို တောင်ပေါ်မှာ အမဲလိုက်ထွက်ဖို့ အဖွားချန်းအား ဖိအားပေးရန် လှုံ့ဆော်ပေးသူမှာ ချန်းရှိုရှီး ဖြစ်ကြောင်း ချန်းရှောင်မီ ဘယ်တော့မှ မမေ့ပေ ။ 


ချန်းရှို့ရှီးက ရင်ဘတ်ကိုထု ၊ ခြေကိုဆောင့်ပြီး ပြဇာတ်ဖန်တီးတော့သည် ။


" ဒုတိယ အစ်ကိုရေ! မင်းရဲ့ သားသမီးဝတ္တရားမကျေပြွန်တဲ့ သားကို လာကြည့်ပါဦး ၊ ‌လေးစားမှုလည်းမရှိ... "


လုလင်းအခန်းထဲက ထွက်လာတာကို ချန်းရှိုရှီူမြင်လိုက်သည်။ သူက ချန်းရှောင်မီအား လက်ညိုးထိုးကာ -


" မင်းယောက်ျားအခုရောက်လာပြီ ။ မင်းဘယ်‌လိုတောင် ရိုင်းစိုင်းရဲရတာလဲ ။ မင်းအပြုအမူ ထိန်းသိမ်းသင့်တယ် ။ "


ချန်းရှောင်မီ သရော်လိုက်ကာ -


" ငါ့ကိစ္စထဲ ဝင်ပါစရာမလိုပါဘူး ။ မင်းသားအတွက် မင်းလုပ်ရပ်ကို ထိန်းသိမ်းသင့်တယ် ။ "


" ခင်များ ဘာသိလို့လဲ ၊ သူက ကျွန်တော့်ကို ငွေဆယ်ပြားပေးယူထားတာ ။ ကျွန်တော့်မှာ ငွေဆယ်ပြားမရှိရင် ထွက်သွားလို့မရဘူး ။ "


ချန်းရှောင်မီရဲ့ မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေဖြတ်ပြေးသွားပြီး ဝါးတန်းကို ကိုင်ကာ ချန်းရှိုရှီးဆီ သွားကာ တစ်ဟုန်ထိုးပြေးရိုက်လိုက်သည် ။


ချန်းရှိုရှီးက မမြင်တာမို့ ချန်းရှောင်မီသူ့အားတိုက်ခိုက်မယ်လို့ မမျှော်လင့်ထားပေ ။ သူ့ခြေထောက်ကိုသုံးကာ အလောတကြီး ပြေးထွက်သွားပြီး ထိတ်လန့်မှုကြောင့် ဘောင်းဘီတွေစိုကုန်လေသည် ။


ချန်းရှောင်မီ အခန်းထဲပြန်လျှောက်လာကာ ခန်ပေါ်မှာထိုင်လိုက်ရင်း တွေဝေနေမိသည် ။


လုလင်း ချန်းရှောင်မီရဲ့နဖူးကိုပွတ်သပ်ကာ မေးလိုက်သည် ။


" ဘာအဆင်မပြေလို့လဲ ။ "


ချန်းရှောင်မီ သက်ပြင်းရှိုက်လိုက်ပြီး -


" ဒီလိုလုပ်ရပ်တွေကြောင့် ငါ့အဖေ ငါ့ကို အပြစ်တင်မလားမသိဘူး ။ "


" မင်းက မှန်ကန်တဲ့အလုပ်လုပ်တာမို့ သူအပြစ်တင်မှာမဟုတ်ပါဘူး ။"