အပိုင်း ၄၅
Viewers 12k

Chapter 45



သူနှင့် ရှန်းဖန်းယွိတို့သည် အဝါရောင် မျက်နှာ အီမိုဂျီများမှလွဲ၍ တခြားအီမိုဂျီများသုံးရသည်အထိ ရင်းနှီးကြလို့လား…။

ကျန်းရွှိသည် "အို့…"ဟု တလုံးတည်းရိုက်ပြီးကာမှ အေးစက်စက်ဖြစ်နေသည်ဟုခံစားရသဖြင့် တခဏမျှတွေးပြီးနောက် ခွေးခေါင်းလေးကိုင်ကာပွတ်သပ်နေသော လက်အီမိုဂျီလေးပါထည့်ပို့လိုက်သည်။

ခဏအကြာမျှထိစောင့်ပြီးသည့်နောက် တစ်ဖက်မှ ပြန်စာမလာသေးသည့်အတွက်ကျန်းရွှိ နှတ်ခမ်းကို တင်းတင်းစေ့လိုက်ပြန်သည်။လူမှုကျင့်ဝတ်အရဆိုလျှင် ရှန့်ဖန်းယွိအနေနှင့်ကျန်းရွှိအား သူ့ ရန်ပုံငွေလျှောက်လွှာ အတည်ပြုခံရသည့်အကြောင်းကိုပါ မေးသွားခဲ့သင့်သည်မဟုတ်ပါလား…။

သူခံစားချက်မကောင်းဖြစ်ကာ သိပ်မပျော်တော့ပေ။သို့သော် သူရှန့်ဖန်းယွိပို့ထားသည် နောက်ဆုံး မက်ဆေ့ခ်ျ စာကြောင်းအားပြန်ဖတ်ပြီးနောက် သူ့မျက်လုံးများ ခဏရပ်တန့်သွားသည်။သူသည် ရှေ့ရော နောက်ပါ ၂ကြိမ်တိုင် ပြန်ဖတ်ပြီးနောက်"မနှစ်တုန်းက" ဆိုသည့်စကားလုံးကို မြင်ပြီး တစ်ခုခုကို ပြေးသတိရသွားသည်။

မနှစ်တုန်းက သူတို့သည် အတည်ပြုခံရသည့် လျှောက်လွှာများကို စစ်ရန် ရုံးခန်းထဲတွင် ထိုင်စောင့်ခဲ့ကြသည်။ထို့နောက် ရှန့်ဖန်းယွိက သူ့နာမည်ကိုတွေ့သည်နှင့်..
"ငါရပြီ ငါရသွားပြီ" ဟု ဆိုကာ ထအော်ခဲ့ဖူးသည်။

သူ့အသံသည် ကျယ်လောင်လွန်း၍ ကျန်းရွှိက နားမခံနိုင်ဖြစ်သွားကာ ပြောလိုက်သေးသည်။
"မင်းက ဖန်းချင်းလား…"

(ဖန်းချင်းသည် "ဖန်းချင်းချုံးချူ" ဟူသော ဟာသပြက်လုံးဝတ္ထုထဲမှ ဂုဏ်သတင်းကျော်စောမှုကို တပ်မက်နေသည့် အယောင်ဆောင်ပညာရှင် တစ်ဦးဖြစ်သည်။သူသည် အင်ပါယာ အမှုထမ်း စာမေးပွဲကို ဖြေဆိုအောင်မြင်သွားပြီး သူ့ဘဝတဆစ်ချိုးပြောင်းလဲသွားသည်ကိုသိလိုက်ရသောအခါ ရူးမတတ်ဖြစ်သွားသည်။

တစ်ရုံးလုံးတွင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သာ ရန်ပုံငွေလျှောက်လွှာတင်ခဲ့ကြသည်။ ဘေးတွင်ရှိနေသောဝူရွေ့က လျှောက်လွှာ၏ အဖြေကို ဖွင့်မကြည့်ရသေးသော ကျန်းရွှိအား ဝေ့ကြည့်လိုက်ပြီး ရှန့်ဖန်းယွိအား ပြုံးဖြီးဖြီးနှင့် စလိုက်သေးသည်။

"ဒေါက်တာကျန်းက လျှောက်လွှာမအောင်ပဲ မင်းဘက်လှည့်ပြီး ထသတ်မှာ မကြောက်ဘူးလား…"

"မဖြစ်နိုင်ပါဘူး …ငါတောင်အောင်ရင် ကျန်းရွှိလည်း သေချာပေါက်အောင်မှာပေါ့…"

ပြောဆိုနေကြရင်းပင် ကျန်းရွှိက အဖြေလွှာကိုဖောက်ကြည့်လိုက်သည်။ သူလည်း လျှောက်လွှာ အောင်ခဲ့သည်။

ကျန်းရွှိက မက်ဆေ့ခ်ျထဲဝင်ကြည့်လိုက်ကာ မက်ဆေ့ခ်ျအသစ် တစောင်မျှမရှိသည်ကို တွေ့ပြီး ရှန့်ဖန်းယွိက သူ့အား သူ့လျှောက်လွှာအကြောင်း ဘာကြောင့်ထပ်မမေးသည်ကိုလည်း နားလည်သွားသည်။သူတို့နှစ်ဦး၏ အရည်အချင်းသည် အတူတူ ပင်ဖြစ်သည့်အတွက် သူအောင်လျှင် ကျန်းရွှိလည်းအောင်မည်မှာ အမှန်ပင်။

ကျန်းရွှိသည်သိပ်လက်မခံနိုင်ပေ။ ထိုသို့တိုက်ဆိုင်ရန် ကံကောင်းခြင်း များစွာလိုအပ်သည်။သို့သော် အရင်တစ်ခေါက်ကဖြစ်စေ ယခု တစ်ကြိမ်ဖြစ်စေ နှစ်ဦးစလုံးတပြိုင်နက် အောင်ခဲ့ပြီး ရှေ့တနှစ်မတိုင်မီကဆိုလျှင်လည်း နှစ်ဦးစလုံး လျှောက်လွှာ ပယ်ချခံရသည်မှာ အမှန်ပင်ဖြစ်သည်။

သူတို့နှစ်ဦး၏ကြိုးစားမှုကြောင့် ရည်မှန်းထားသော ပန်းတိုင်သို့ အတူရောက်သွားကြသည်လား….ကံအကြောင်းကြောင့်လားဟူသည်ကိုတော့ ရှင်းလင်းသေချာစွာ မသိရသေးပေ။

ယနေ့ ရှန့်ဖန်းယွိနှင့် ပုံမှန်ထက်ပို၍ စကားပြောခဲ့ခြင်းကြောင့်လားမသိ…။ကျန်းရွှိအိမ်ပြန်ရောက်သောအခါ အိမ်သည် ရုတ်တရက်ကြီးပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားရသည်။

ရှန့်ဖန်းယွိလာနေစဉ်က သူတို့ စကားအတော်မပြောဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ အိမ်သည် အလွန်တိတ်ဆိတ်နေပြီး လွတ်ဟာနေသည်ဟု ကျန်းရွှိစိတ်ကထင်နေရပြန်သည်။

ရှန့်ဖန်းယွိ ပြန်သွားပြီး ရက်အနည်းငယ်အကြာတွင် ကျန်းရွှိ ခံစားချက်မဲ့ပြီး စိတ်နှင့်လူ မကပ်သလိုဖြစ်နေသည်။ အများအားဖြင့် ညဘက်ဗိုက်အောင့်၍ လန့်နိုးလာခြင်းကို ကျင့်သားမရသေးပေ။သို့သော်လည်း ရှန့်ဖန်းယွိက သူ့အား ကယ်လ်ဆီယမ် ဖြည့်စွက်ဆေးများသောက်ရန် အမြဲသတိပေးသောကြောင့် ထိုကဲ့သို့အခြေနေမျိုး ခဏခဏ ပြန်မဖြစ်တတ်ပေ။

ကျန်းရွှိသည် ကိုယ်ဝန်ကြောင့် အပြောင်းအလဲဖြစ်ကာ စိတ်မတည်မငြိမ်ဖြစ်နေသည်ဟု ခံစားနေရသည်။သူသည် အသံချဲ့စက်ကို ဖွင့်ထား၍ တအိမ်လုံးသီချင်းသံကြောင့် ဆူညံနေသော် လည်း သူ့စိတ်အခြေနေမှာ ပို၍ကောင်းမလာသေးပေ။အချစ်သီချင်းအချို့ ပွင့်လာသော်လည်း သူ၏နှလုံးသားတွင် နားမလည်နိုင်သော စိတ်ခံစားချက်များက ရစ်ဝဲနေပြန်သည်။

ထူးဆန်းသည်မှာ ကျန်းရွှိသည် ရှန့်ဖန်းယွိအား အနည်းငယ်လွမ်းနေပုံ ရသည်။

ထိုခံစားချက်သည် ကျန်းရွှိ၏ကျောင်းတုန်းက ရက်များကို အမှတ်ရစေသည်။အိပ်ဆောင်အတွင်းရှိ သူ၏အခန်းဖော်များအားလုံး မွေးရပ်မြေသို့ အလည်အပတ်ပြန်သွားကြသည့်အခါ နောက်ဆုံးမှထွက်လာသည့် ကျန်းရွှိက တံခါးကို ပိတ်လိုက်ရသည်။

သို့သော် ထိုစိတ်ခံစားမှုထက်ပိုသောတစုံတရာ ရှိသေးသည်။

ထိုသဘောပေါက်မှုသည် ကျန်းရွှိအား အနည်းငယ်အံ့ဩသွားစေပြီး စကားလုံးများပင် ပျောက်ရှသွားစေခဲ့သည်။

ဒေါက်တာကျန်း၏ ဂရုစိုက်ကြီးကြပ်ပေးမှုကြောင့် ရှန့်ဖန်းယွိသည် ထင်ထားသည်ထက်စော၍ ဆေးရုံသို့ပြန်ဝင်လာနိုင်ခဲ့သည်။ပြင်ပလူနာဌာနမှ ပြန်လာသော ကျန်းရွှိက ရှန့်ဖန်းယွိပြန်လာသည်ကို ကြားသည်။ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ရှန်ဖန်းယွိ၏ ရယ်သံအကျယ်ကြီးအား ကြားလိုက်ရသောကြောင့် လေအေးများပင် သူ့ကိုယ်ခံအား ကို မထိခိုက်နိုင်ကြောင်း သိသာစွာ သဘောပေါက်လိုက်သည်။

ကျန်းရွှိသည် ယောကျာ်းလေးအသံကို သိသော်လည်း မိန်းကလေးအသံသည် သူမသိသော အသံ အသစ်ဖြစ်နေသည်။

သူခဏရပ်လိုက်သည့်အချိန်တွင် ဝူရွေ့က ရုတ်တရက် အနောက်မှ ပေါ်လာကာ…
"မင်းဒီမှာ မတ်တပ်ရပ်ပြီး ဘာကြောင်ကြည့်နေတာလဲ …အထဲဝင်လေ… "

"…"

"ဟင်…ကျန်းရွှိ…"
တယောက်ယောက်နှင့် စကားလက်ဆုံကျနေသည့် ရှန့်ဖန်းယွိက ဝူရွေ့အသံကြား၍ လှည့်ကြည့်လိုက်ရာ ကျန်းရွှိမျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသည်။

ကျန်းရွှိက ဝူရွေ့အား ခေါင်းညိတ်ပြလိုက်ကာ သူ့နေရာအားသွားလိုက်သည်။ ဝူရွေ့ကလည်း ရှန့်ဖန်းယွိဘေးမှ အမျိုးသမီးကိုတွေ့သည်နှင့်ပြုံးပြကာ
"ဒီက……"

မလှမ်းမကမ်းမှ ဆေးမှတ်တမ်းများကို လှန်ကြည့်နေသော ကျန်းရွှိကစာရွက်အနားသတ်များကို သတိမမူမိပဲ ပွတ်သပ်နေသည်။

"ဒါက စီမံခန့်ခွဲရေးဌာနက အမ ကောင်းရွှယ်ပါ"
စီမံရေးဌာနမှ လူအများပြားရှိနေသောကြောင့် ရှန့်ဖန်းယွိ အပြုံးနှင့် သာ မိတ်ဆက်ပေးလိုက်သည်။
"သူက ကျန်းရွှိရဲ့ လျှောက်လွှာလက်မှတ်နဲ့ ပတ်သက်ပြီး ကူညီပေးခဲ့တဲ့သူလေ…"

ကျန်းရွှိသည် ဖျက်ဆီးခံထားရသော ဆေးမှတ်တမ်းစာအုပ်အား မသိမသာ ဘေးသို့ပစ်လိုက်သည်။

အမ ကောင်းက ဒေါက်တာ ဝူရွေ့ကို ပါလှမ်းနောက်လိုက်သည်။
"ကျွန်မက စီမံခန့်ခွဲရေးဌာနက ကောင်းရွှယ်ပါ…ဒေါက်တာ ဝူက စည်းကမ်းလိုက်နာလွန်းတော့ သူကျွန်မကို တခါမှ မမြင်ဖူးဘူးလေ…"

ဝူရွေ့က ခေါင်းကို အတင်းခါပြပြီး ပြုံးပြကာ…
"မင်္ဂလာပါ မင်္ဂလာပါ…ကြည့်ရတာ ကျွန်တော် က အသက်ပိုကြီးမယ်ထင်တယ်…အမ ကောင်း လို့ မခေါ်တော့ဘူးနော်..ဒါနဲ့ ဒီမှာ ဘာလုပ်နေတာလဲ..စီမံရေးဌာနက ကျွန်တော်တို့ကိုခေါ်လို့လား…"

ကောင်းရွှယ်က စားပွဲပေါ်မှ ပြက္ခဒိန်နှင့်မှတ်စုစာအုပ်လေးကို ညွှန်ပြကာ
"ဒေါက်တာယွီစန်းက ပါရဂူဆက်တက်ဖို့ ရာထူးတိုးခံလိုက်ရတယ်လေ..အဲ့တာကြောင့် စီမံရေးဌာနကိုယ်စား တစ်ခုခုယူလာပေးတာ"

သူမသည်လက်ကမ်းစာစောင်ကို ထုတ်လိုက်ရင်း…
"ပြီးတော့ ဆေးရုံမှာက ဆောင်းလယ်ကာလပွဲတော် ပါတီကို ကျင်းပနေကြလေ..ဌာနတွေ တလှည့်စီ အလှည့်ကျ တာဝန်ယူကြရတာမို့ အခုနင်တို့ ဌာနက ပွဲတော်စီစဉ်ဖို့တာဝန်ယူရမယ့်အလှည့်ပဲ…"

ဆောင်းလယ်ကာလ ပွဲတော် ပျော်ပွဲရှင်ပွဲသည် ကျီဟွားဆေးရုံတွင် နှစ်တိုင်းကျင်းပနေကျဖြစ်သည်။ထိုပွဲတော်သည် ဆရာဝန်များ၏စိတ်သဘောထားအမြင်များကို တယောက်နှင့်တယောက် ဖလှယ်ပြောရခြင်းဖြစ်သည်။သို့သော် အထူးသဖြင့် အထက်လူကြီးများ၏လူမှုရေးပါတီ နှင့်ပိုတူသည်။လက်ရှိ ကျီဟွားဆေးရုံဝန်ထမ်းများသည် ဆန္ဒရှိလျှင် ပွဲတော်သို့ ပါဝင်နိုင်သည်။သို့သော် ထိုပွဲတော်သို့ နှစ်တိုင်းပါဝင်ဆင်နွှဲလေ့ရှိသောသူများသည် အများအားဖြင့် ရှေ့ဆုံးနေရာရကြပြီး အတော်အများသည် အထက်လူကြီးများ၏ ဆွေမျိုး များနှင့် မိတ်ဆွေများသာဖြစ်သည်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အလွန်အလုပ်များကြပြီး ပွဲတစ်ခုခုဆင်နွှဲရန် အတွက် အချိန်ဖဲ့ပေးဖို့ရန်ပင် အလွန်ခက်ခဲကြသည်။ ထို့ကြောင့် စီမံရေးဌာနမှ ဌာနအသီးသီးနှင့်တိုင်ပင်ပြီးနောက် နောက်ဆုံးတွင် အလှည့်ကျစနစ်တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

ကောင်းရွှယ် ပြောတာကို ကြားသည်နှင့် စောနကမှ အလွန်သိချင်နေသော ဝူရွေ့သည် သူ့အလုပ်နေရာသို့ပြန်သွားကာ ကျောကိုမတ်၍ ထိုင်လိုက်သည်။သူ့ကိုယ်ခန္ဓာမှ ကိုယ်ရောင်ကိုယ်ဝါမှာ "ငါအလုပ်များနေတယ် …လာမရှာနဲ့"ဆိုသည့် ပုံစံမျိုးနှင့်….။

ကောင်းရွှယ် ၏ သူငယ်ချင်းတယောက်အနေနှင့်…သူမက သူ့အား ပွဲတော်ပါဝင်ဆင်နွှဲရန် ကူညီစီစဉ်ပေးတော့မည်မဟုတ်ကြောင်းကိုသိသည်။ထို့ကြောင့် သူသည် လက်ကမ်းစာစောင်အား ကောက်၍ ကြည့်လိုက်သည်။

စီမံရေးဌာနသည် အလွန်အရည်အချင်းရှိသည်။လက်ကမ်းစာစောင် ပင် တကယ်လှလွန်းသည်။နက်ပြာရောင်ခေါက်စက္ကူပေါ်တွင် ရွှေရောင်စာလုံးများရိုက်နှိပ်ထားသည်။ ကျီဟွားဆေးရုံနောက်ခံသည် ညကောင်းကင်ယံဖြစ်သည်။ရွှေရောင်လမင်းကြီးက ဆေးရုံအဆောက်အဦးထိပ်တွင်တောက်ပနေသည်။အလင်းနှင့် အရိပ်များသည် လိုက်လျောညီထွေနေပြီး တိမ်များလည်းရှိသေးသည်။

မျက်စပစ်နေကြရာမှ မျက်စိစုံမှိတ်သွားကြသည်မှာ သနားစရာကောင်းလှသည်။မည်သူမျှ ပွဲတော်သို့သွားရန် စိတ်ကူးမရှိပေ။

ရှန့်ဖန်းယွိအကြည့်များသည် ခေါင်းစဉ်စာရွက်ပေါ်ရှိစာလုံးကြီးများပေါ်သို့ရောက်သွားသည်။
"ဆောင်းကာလလယ် လပြည့်နေ့ည ဆေးဘက်ဆိုင်ရာ အမွေအနှစ်"

"ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုပိုစံမျိုး ဒီအာဘော်ပဲ သုံးသွားကြတာကို ငါဘာလို့ မှတ်မိနေသေးတာလဲ…"

"အဲ့ဒီအာဘော်က အရမ်း အသစ်အဆန်းထွင်လို့ကောင်းတယ်လေ…အဲ့တာကြောင့် ငါတို့ပြန်သုံးလိုက်တာ…"
ကောင်းရွှယ်က ရှင်းပြသည်။

"ဒါပေမယ့် ဒါရိုက်တာ ချွေ့ လုပ်ပေးထားတဲ့ နင့် အတွက် ပြဇာတ်ရှိုးက နည်းနည်းတော့ အသစ်အဆန်းပဲ"

"ငါ့အတွက်…ငါ့ကို ပြဇာတ်ထဲမှာ သရုပ်ဆောင်စေချင်နေတာလား ဆရာမချွေ့က …"
သူ့သခွါးမွေးသီးများ စားနေသည့် ရှန့်ဖန်းယွိက အံ့ဩသွားပြီးပြောသည်။
"ဟုတ်တယ်လေ…"
ကောင်းရွှယ်က သူတို့နှစ်ဦးကြားမှ သူငယ်ချင်းဆက်ဆံရေးကို ဂရုစိုက်ပုံမရပေ။

"ငါ ဒေါက်တာဒါရိုက်တာ ချွေ့ဆီသွားပြီးတော့ နင်တို့ဌာနက ဘာ ဇာတ်လမ်းတွေ လုပ်မှာလဲ မေးကြည့်လိုက်သေးတာ…အဲ့တာသူက ပြောတယ် နင်နဲ့ဒေါက်တာကျန်းနဲ့ က မြွေဖြူလေးရဲ့ ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်ဝင်တေးကို အတူတူဆိုကြမှာတဲ့…အဲ့မှာ ရွှီရှန်း က ဆရာဝန်ပဲမဟုတ်လား…ဘယ်လောက်တောင်ကောင်းလဲ…ဒါရိုက်တာချွေ့က အသက်ကြီးနေပေမယ့် သူ့အတွေးတွေက ခေတ်မီနေတုန်းပဲ…ငါလည်း ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ဟာ မတွေ့သေးဘူး…"

(ရွှီရှန်းသည် မြွေဖြူလေး ရဲ့ ဒဏ္ဍာရီဇာတ်လမ်းထဲမှ ဇာတ်ကောင်ဖြစ်သည်။)

ရှန့်ဖန်းယွိမျက်နှာမှာ မျက်နှာမည်းကြီးဖြစ်နေပြီး ကောင်းရွှယ်၏ ဒါရိုက်တာချွေ့ အပေါ် ချီးကျူးစကားများကိုပင်မကြားနိုင်တော့ပေ။
"ကျောင်းသားတွေကို အဲ့လို ချောက်တွန်းတဲ့ ဆရာမရှိသေးတာလား…တကယ်ကြီးဖြစ်သင့်လား…"
ရှန့်ဖန်းယွိက စိုးရိမ်တကြီးနဲ့ ကြံရာမရမေးသည်။

"ဒါက မဖြစ်သင့်ဘူး…ငါသွားပြီး စကားပြောမယ် ဆရာမချွေ့ ဆီကို…" ကျန်းရွှိကချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

သားဖွားနှင့် မီးယပ်ဌာနမှ ရတနာ ဓားတစ်စုံသည် ဆရာမချွေ့၏ရုံးခန်းထဲတွင် တဖန် အတူတူပြန်ပေါ်လာပြန်သည်။ဆရာမချွေ့က သတင်းစာကိုဖြည်းဖြည်းချင်း လှန်ရင်း…

"အို့…လူငယ်လူရွယ်လေးတွေက သူတို့ကိုယ်သူတို့ပိုပြီးလူရှေ့ထွက်ပြသင့်တယ်လေ…ဒီလောက်ခန့်ညားနေတဲ့ လူငယ်လေးတွေက ဌာနထဲမှာပဲ နေ့တိုင်း ပုန်းနေလို့ဘယ်ကောင်းမလဲ…"

ကျန်းရွှိက
"ဆရာမချွေ့….ကျွန်တော်မရဘူးခင်ဗျ… အဲဒီနေ့ ခွဲစိတ်ခန်းဝင်စရာရှိသေးတယ်…"

"ပွဲတော်က ည၈နာရီမထိုးမချင်းမစဘူးနော်…ပြီးတော့အဲ့နေ့က တနင်္ဂနွနေ့…အဲ့နေ့ မင်း ခွဲစိတ်ခန်းတစ်ချိန် လူချိန်းလို့ရတယ်…လောင်ရွှယ်ကိုလုပ်ခိုင်းလိုက်…ငါခေါ်လိုက်မယ်…"

လောင်ရွှယ်သည် ဌာနအတွင်းမှ နောက်ထပ် လက်ထောက်ဆရာဝန်အကြီးအကဲ ဖြစ်သည်။သူသည်အလွန်သဘောကောင်းသော်လည်းကျန်းရွှိထက် အသက်၂၀၊၃၀ နှစ်မျှ ပိုကြီးသောကြောင့် သူတို့ အဲ့လောက်မရင်းနှီးကြပေ။

"ရှက်စရာကောင်းလိုက်တာ…"
ရှန့်ဖန်းယွိက ကျန်းရွှိနှင့်သူသည် ကြိုးတချောင်းတည်းပေါ်မှ နှံကောင်များဖြစ်နေကြသည်ကို သိလိုက်သည်။
"အကို ရွှယ်က သူ့ကလေး နိုင်ငံခြားမှာကျောင်းတက်ဖို့ကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှုပ်နေတာ…"

"အဲ့တာတွေ လုပ်ပြီးပြီ…သူအခုအလုပ်မရှိတော့ဘူး အားနေပြီ…" ဒါရိုက်တာချွေ့သည် မျက်နှာ နှာ ဝိုင်းဝိုင်းနှင့် အသက်လည်း အရမ်းမကြီးသေးပေ…။သူမကိုကြည့်ရသည်မှာ ပြုံးလိုက်တိုင်း သဘောကောင်းပုံပေါ်သည်။သူမက

"ပြဇာတ်ဖြစ်မြောက်ဖို့အတွက် အကိုကြီးရွှယ် က ခွဲစိတ်ခန်းကို အစားဝင်ပေးဖို့ သေချာပေါက် ဆန္ဒရှိပါတယ်…"

ကျန်းရွှိသည် ခေတ္တမျှ ပြောစရာစကားမဲ့သွားသည်။သူသည် ရှန့်ဖန်းယွိအားလှမ်းကြည့်လိုက်ပြီး လွတ်ရာလမ်းအတွက် အကြံတစ်ခုရှာဖို့အချက်ပြလိုက်သည်။

ရှန့်ဖန်းယွိသည် သူ့ဆီ မြေအိုးတစ်လုံးနှင့် ပစ်ပေါက်ခံရသည်ကို မြင်ရသကဲ့သို့ ခေါင်းကိုလှည့်ကာ အကြောင်းပြချက်ပေးလိုက်သည်။

"ဆရာမချွေ့ ကျွန်တော်တို့ လူနာဆောင်တွေလည်း ပတ်ကြည့်ရအုံးမှာ"

"အချိန်ကျလာရင် တခြားကျောင်းသားတယောက်ကို မင်းတို့အချိန်မေးလို့ရတယ်…အချိန်တန်ရင် မင်းတို့ သရုပ်ဆောင်ဖို့အမှီသွားကြ…သီချင်းတွေဆိုပြီးမှ ပြန်လာပြီး လူနာဆောင်တွေ လှည့်ကြည့်ကြ…ရှေ့တိုးနောက်ဆုတ်နဲ့ ၁၀မိနစ်လောက်လေးပဲကြာမှာ…မင်းတို့အဲ့လောက်နောက်မကျစေရပါဘူးဆိုနေ…"

ဆရာမချွေ့က သူတို့၏ တစ်လုံးမျှ ပြောဖို့ ရာ အခွင့်ရေးမပေးသည့်အပြင် သူတို့အတွက်ပင် အချိန်ဇယားညှိပေးလိုက်သေးသည်။

"ဆရာမချွေ့…်ဲ့ ကျွန်တော် နဲ့ ကျန်းရွှိက သဘောထားမတိုက်ဆိုင်တာသိတယ်မလားဗျာ…"

ရှန့်ဖန်းယွိက နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်သည်။
"ကျွန်တော် သူနဲ့အတူ မလုပ်နိုင်ဘူး…ကျွန်တော်တို့မှာ တယောက်ကို တယောက်နားလည်ပေးဖို့ ညှိမယူနိုင်ဘူး"

"မင်းတို့တွေ ကျန်း-ယွိ ခွဲစိတ်မှုတောင် အတူလုပ်ခဲ့ကြသေးတာမလား…ဒီ သီချင်းအတူတူတွဲဆိုတာက ခွဲစိတ်ကုတင်တစ်ခုတည်းမှာအတူတူခွဲစိတ်နေရတာထက်ပိုပြီး နားလည်မှုတွေ ညှိယူရတာတွေ လိုနေကြလို့လား…"

နှစ်ပေါင်းများစွာ ဒုတိယ ဥက္ကဌအဖြစ်တာဝန်ယူလာသော ဒါရိုက်တာကြီး ဆရာမချွေ့ သည် စကားပြောရာတွင်အလွန်ပညာသားပါပါအပြောကောင်းသည်။ သူမသည် ဆရာဝန်နှစ်ယောက်၏ ဆင်ခြေဆင်လက်များကို လက်ထဲတွင် ရေနွေးဓာတ်ဘူးခွက်လေးကိုင်ထားရင်းဖြည်းဖြည်းနှင့် နည်းလမ်းမှန်မှန် ပယ်ချလိုက်တော့သည်။

"ကဲ…ဒီပြဿနာတော့ဖြေရှင်းပြီးပြီနော်…ပွဲနေ့ကျရင် ငါကိုယ်တိုင်လာကြည့်မှာ…" ဆရာမချွေ့က အပြုံးနှင့်ပင်ပြောသည်။သူမက နှစ်ယောက်သားအတွက် အခွင့်ရေးသစ် ကိုပါ သတင်းကောင်းထပ်ပါးလိုက်သည်။

"နှစ်သစ်ကူးပြီးရင် ငါ နိုင်ငံခြားမှာ နိုင်ငံတကာညီလာခံတစ်ခုတက်ဖို့ရှိတယ်…မင်းတို့အခု ကောင်းကောင်းလုပ်ရင် ငါဌာနမှူးကိုသေချာပြောပေးပြီး မင်းတို့ ၂ယောက်လုံးကို ခေါ်သွားပေးမယ်…"

"မင်းသေချာမလုပ်ရင် မင်းရဲ့ညီလာခံတက်ဖို့ အခွင့်ရေးလည်း သွားပြီပဲနော်…" ဆရာမချွေ့က ရှန့်ဖန်းယွိကိုကြည့်ပြောသည်။ထို့ပြင်…

"ကျန်းရွှိ ကောင်းကောင်းမလုပ်နိုင်ရင်လည်း…မင်းမသွားရဘူးပဲနော်…"

"…."

"ဘာလို့ ကျန်းရွှိက ကျွန်တော်နဲ့အတူ သရုပ်ဆောင်ပြရမှာလဲ…သူနဲ့ ကျွန်တော် အတူတွဲလုပ်ပြရင် အံ့ဩစရာကြီးဖြစ်နေမှာပေါ့…"

ရှန့်ဖန်းယွိ သည်းခံနေသော်လည်း နောက်ဆုံးတွင် မတတ်နိုင်ပဲပြောလိုက်သည်။

မှန်သည်။ဆရာမချွေ့က ကျန်းရွှိသည် ရှန့်ဖန်းယွိထက်ပို၍ စည်းရုံးရခက်ကြောင်းကိုသိသည်။ မဟုတ်လျှင်လည်း သူသည် ရှန့်ဖန်းယွိအားထိုမျှခက်ခဲသော တာဝန်ပေးခဲ့မည်မဟုတ်ပေ။

ဌာနအတွက် လူမှုရေးပွဲများ ကျင်းပသည်မှာ အလွန်ရှားသည်။စကားကုန်ပြောရလျှင် ဌာနမှူးသမီးသည် တရုတ်ပြည်သို့ပြန်လာပြီဖြစ်ကြောင်းကြားထားပြီး သူသည် ဆောင်းလလယ်ပွဲတော်ကို လုပ်စေချင်သည်ဟုလည်း ကြားရသည်။

ထိုမိန်းကလေးသည် ငယ်ရွယ် ချောမော သဘောကောင်းသည်။ထို့ပြင် ဆရာမချွေ့ကလည်း သူ၏ ငယ်ရွယ် ပြီး အလုပ်ကြိုးစားသော တပည့်နှစ်ယောက်အား အလွန်သဘောခွေ့သည်။အပေါ်ယံတွင် သူမကျောင်းသားများအား သရုပ်ဖော် ဖျော်ဖြေရန်ပြောနေသော်လည်း အမှန်တကယ်မှာ သူမကျောင်းသားများအား ရောင်းစားချင် နေခြင်းသာဖြစ်သည်။

လူအများသည် သက်လတ်ပိုင်းအရွယ်ရောက်ကျသောအခါ လူငယ်များ အတွဲများဖြစ်ကြ၍ ကလေးများယူလာကြသည်ကို မြင်ပြီးသဘောကျနေကြသည်။ ဆရာမချွေ့လည်း ထူးမခြားနားပင် ဖြစ်သည်။

ကျန်းရွှိနှင့် ရွှိဖန်းယွိတို့ နှစ်ပေါင်းများစွာ မည်မျှ အလုပ်ကြိုးစားကြသည်ကိုလည်း သူမမြင်၍ ကောင်းသည့်ကိစ္စဟု ခံစားမိခဲ့သော်လည်း သူတို့နှစ်ဦးသည် သူတို့ အလုပ်ထဲတွင်သာ အလွန်အကျွံစိတ်နှစ်ထားကြပြီး တခြားကိစ္စများတွင် နှောင့်နှေးကြန့်ကြာသွားမည်ကို စိုးရိမ်မိသည်။

သူမ၏ တပည့်နှစ်ယောက်သည် ထူးချွန်ပြီး ရုပ်ရည်လည်းချောမောသည်။ ဌာနမှူး သမီးသည်လည်း အရည်အချင်းရှိသော မိန်းကလေးတယောက်ဖြစ်သည်။ ရွှေအဆင်းကောင်လေးနှင့် ကျောက်စိမ်းမိန်းခလေး…။ထိုသို့ ပနံသင့်သော အတွဲဖြစ်လာခဲ့လျှင် သူတို့၏အသက်မွေးဝမ်းကျောင်းတွင် ပို၍ ကြီးပွါးအောင်မြင်ကြလာမည်ဖြစ်သည်။