Chapter 44
တအိမ်လုံးအလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။ဧည့်ခန်းသည်အလွန်ကျယ်၍ မှောင်လည်းမှောင်နေသည်။
ရှန့်ဖန်းယွိ၏နှလုံးခုန်နှုန်းသည် မြန်သထက် မြန်လာပြီး ခြေလှမ်းများစွာလျှောက်လှမ်းနေသည့်ကဲ့သို့ဖြစ်နေသည်။
ရုတ်တရက် သူ၏နားထဲတွင် တရွှတ်ရွှတ်မြည်သံကြားလိုက်ရပြီး သူ၏ပုခုံးပေါ်တွင် တခုခုအိကျလာသည်ကို ခံစားလိုက်ရသည်။ရှန့်ဖန်းယွိ နှလုံးသည် ပြင်းပြင်းထန်ထန် ခုန်သွားကာ သူ၏ ကျောဘက်တွင်လည်း ချွေးအေးများပင်ထွက်နေသည်။
ကျန်းရွှိသည် ရုတ်တရက်ပျောက်သွားသကဲ့သို့ အချိန်အတော်ကြာ သူ့ဆီက ဘာသံမျှထွက်မလာသည်ကိုလည်း ရှန့်ဖန်းယွိ ချက်ချင်းသတိပြုမိသွားသည်။
ထိုသို့ဆိုလျှင် သူ၏ဘေးတွင်ထိုင်နေသည်မှာ မည်သူနည်း…။
"သေစမ်း…အဲ့ဒီ သရဲမ ဆိုရင်ဘယ်လိုလုပ်မလဲ…"
သူ၏အတွေးနှင့်ပင် ကြောက်လန့်သွားသည်။ သူသည်လည်ပင်းကို ဖျစ်ညစ်ပြီး သူ့စိတ်ကိုယ်သူ အကြိမ်ကြိမ်ပြင်ဆင်လိုက်သည်။ထို့နောက် သူ၏ ခေါင်းအား ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။
သူ၏ပုခုံးပေါ်တွင်ခေါင်းမှီကာ အိပ်ပျော်နေသော ကျန်းရွှိအားတွေ့လိုက်ရသည်။သူသည်အလွန် အိပ်ပျော်မြန်သည်။
"…"
သူ့စိတ်တွေက စိန်ဖြင့်လုပ်ထားသည်ပင် ဖြစ်ရမည်။
ကျန်းရွှိသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။နှစ်ဦးသားအလွန်နီးကပ်နေသောကြောင့် ကျန်းရွှိ၏ ဝင်သက်ထွက်သက်သည် သူ့လည်ပင်းပေါ်သို့ ကျရောက်နေကာ တောင့်တင်း၍ အေးစက်နေသော သူ့ပခုံးပင် တဖြည်းဖြည်း နွေးလာခဲ့သည်။
သူ့အားမာန်ဖီစွာ ကိုင်ထားသော ကျန်းရွှိလက်တွေသည် သူအိပ်ပျော်နေသောကြောင့်ပြေလျော့နေကာ ရှန့်ဖန်းယွိ၏ လက်ဖမိုးပေါ်တွင်ဖြည်းညှင်းစွာအနားယူနေသည်။သူ၏ လက်ဖဝါးသည် အလွန်နွေး၍ ချောမွေ့နေသည်။
နားကြပ်ထဲမှတဆင့် ကြောက်မက်ဖွယ်ရာ ရုပ်ရှင်နောက်ခံတေးသံများနှင့် အသတ်ခံရသူတို့၏ အော်သံများကို ကြားနေရသော်လည်း သူ၏စိတ်များအဆင်ပြေပြီး အသက်ရှူရ ပုံမှန်ဖြစ်သလိုခံစားရသည်။ဘာကြောင့်မှန်းတော့ သူမသိခဲ့ပေ။
သူ ရုပ်ရှင်ဇာတ်လမ်းကို တိုးတိုးတိတ်တိတ်ပိတ်လိုက်ကာ နားကြပ်အားထုတ်လိုက်သည်။ ထို့နောက်ကျန်းရွှိ၏ နားထဲရှိ အခြားနားကြပ်တစ်ဖက်ကို ဖြုတ်ရန် ဟန်ပြင်လိုက်သည်။
သူ့လက်ချောင်းများသည် နားကြပ်ကိုဆွဲထုတ်နေရင်းကျန်းရွှိ၏ မျက်နှာအားမတော်တဆ ထိမိသွားသည်။စက္ကန့်အနည်းငယ်မျှအကြာတွင် သူသည် လက်ကို အနည်းငယ်ပင့်လိုက်ကာ သူ့လက်များနှင့် ကျန်းရွှိမျက်နှာအား ထပ်မံထိတွေ့တော့သည်။
ထိတ်လန့်၍ အေးစက်သွားသော သူ၏ လက်များ အဆင်ပြေသွားရန် မှန်ကန်သင့်လျော်သော အပူချိန်နှင့် ထိတွေ့ကိုင်တွယ်ရသည်မှာအဆင်ပြေလွန်းလှသည်။
ထို့နောက် သူဘာလုပ်မိသည်ကို သတိပြုမိပြီး သူ့လက်များအား ရုတ်တရက် ရုတ်သိမ်းလိုက်သည်။ကျန်းရွှိအားပြန်လှည့်မကြည့်ခင် သူ့အကြည့်များအား အဝေးတနေရာသို့ အချိန်ကြာကြာ ပို့ထားမိသည်။
ဤလူသည် မျက်လုံးများကိုပိတ်ထားသည်။မျက်ခုံးများသည်ဖြေလျော့နေကာ သူ့နှုတ်ခမ်းများသည် အနည်းငယ် ကွေးတက်နေသည်။သူ့အားကြည့်ရသည်မှာ အိပ်မက်ကောင်းကောင်း မက်နေပုံရသည်။
ရှန့်ဖန်းယွိ၏ နှလုံးသားထဲတွင် အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
"ကျန်းရွှိက တကယ်ကြီး ချစ်ဖို့ကောင်းလိုက်တာ…"
.........
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ မိဘများအား ဘူတာရုံထိ လိုက်လံပို့ဆောင်ပေးသည်။
ဆူညံစွာဖြင့်ပျာယာခတ်နေကြသော ဘူတာရုံတွင် ရှန့်ဖန်းယွိက ခရီးဆောင်အိတ်များနှင့် လက်ဆောင်အိတ်ကြီးများအား ကူချပေးပြီးဘူတာရုံအဝင်ဝထိလည်း ကူသယ်ပေးခဲ့သေးသည်။
ပြန်ရန်တုံ့ဆိုင်းနေသော မိခင်ဖြစ်သူက သားဖြစ်သူ၏လက်အားကိုင်၍ မဆုံးနိုင်သော လမ်းခွဲစကား မှာတမ်းကိုပြောတော့သည်။အဖေဖြစ်သူက ဘေးမှရပ်၍ ကြည့်နေပြီး ခဏအကြာတွင် ရှန့်ဖန်းယွိ၏ ပုခုံးအားရုတ်တရက် လက်ဖြင့် ပုတ်ကာ ဘေးသို့ခဏရှောင်ရန်အချက်ပြလိုက်သည်။
ကျန်းရွှိက သူတို့အား ဝေ့ကြည့်လိုက်သည်။အမေက
"မင်းအဖေ သူ့ကိုပြောစရာစကားရှိနေလို့…"
သူမက ခဏရပ်၍ ဆက်ပြောသည်။
"ငါလည်း မင်းကိုပြောစရာရှိတယ်သား…"
"ဘာဖြစ်လို့လဲ အမေ…"
အမေက အဝေးတနေရာကို လှမ်းကြည့်လိုက်ပြီး သူမအကြည့်တွေအားပြန်ရုတ်သိမ်းကာ ဖြည်းညင်းစွာပြောလာသည်။
"မနေ့ညက မင်းအဖေ တရေးနိုးလာတော့ အတွေးကမ္ဘာထဲ လမ်းပျောက်နေပြီး ဝရန်တာမှာ တစ်ယောက်တည်း ရပ်နေတဲ့ ရှောင်ရှန့်ကို မြင်လိုက်ရတယ်တဲ့…"
သူမက သက်ပြင်းချလိုက်ပြီး
"အဲ့တာက မနက် ၁ နာရီ ဒါမှမဟုတ် ၂နာရီလောက်ပေါ့…သူ့အတွေးထဲကနေ သူကြားချင်ရာတွေ ကြားနေရှာမှာပေါ့…သူကလူကောင်းတယောက်ပါကွယ်…ဒါပေမယ့် သူ့ဘဝက တက်လိုက်ကျလိုက်ဖြစ်သွားရှာတာ…အဲ့တော့ သူ့အနေနဲ့ သေချာပေါက် ဝန်ပိနေသလို ခံစားရမှာပဲ…ရှောင်ရှန့်လည်း လူသားတစ်ယောက်ပဲဟာ…မင်းတို့တွေ အတူတူနေကြပြီဆိုကတည်းက မင်းအနေနဲ့ သူ့ကို ဂရုစိုက်ပေးရမှာလေ…"
"…"
ရှန့်ဖန်းယွိသည် ထိတ်လန့်ဖွယ် သရဲကားကြောင့် အလွန်ကြောက်လန့်နေပြီး အိပ်မပျော်နိုင်ဖြစ်ခဲ့ရခြင်းဖြစ်မည်။
သူ့နှလုံးသားထဲတွင်ထိုကဲ့သို့တွေးနေသော်လည်း လက်တွေ့တွင်မူ အပေါ်ယံမျှသာ သဘောတူသယောင် ခေါင်းညိတ်ပြသည်။ထို့နောက် အမေဖြစ်သူက
"ရှောင်ရှန့်ကိုကြည့်စမ်းပါ…သူ့အမျိုးသမီးလည်းမရှိတော့ဘူး…သူ့ပိုက်ဆံတွေလည်း မရှိတော့ဘူး…အကယ်၍ သူ့သမီးလေးသာ ရှိမနေခဲ့ရင် သူအသက်ဆက်ရှင်ဖို့ လမ်းရှိပါ့မလား…ကံကောင်းလို့သာပေါ့…သူ့သမီးလေးကြောင့်သာ သူရှေ့ဆက်သွားနိုင်တာ…မင်းဆို ပြောလိုက်ရင် အလုပ်တွေနဲ့ မအားနိုင်ဖြစ်နေလို့…တယောက်ယောက်ကို ချစ်ဖို့အတွက် အချိန်မရှိလို့ ဆိုတာကြီးပဲ…ရှောင်ရှန့်ဆို မင်းနဲ့အသက်အတူတူပဲ…သူကလက်ထပ်ပြီးလို့ ကလေးတောင်ရနေပြီ…"
အမေက ကျန်းရွှိလက်အားပွတ်သပ်၍
"အဲ့တော့ မင်းသူ့ဆီက သင်ယူစမ်းပါ…အတူတူအခြေကျဖို့တယောက်ယောက်ရှာတော့…ကလေးလည်းမွေး…အဲ့ဒါက ရှေ့ဆက်ဖို့အားအင်ဖြစ်သွားမှာ"
ကျန်းရွှိခေါင်းထဲတွင် စကားလုံး အမည်းရောင်ကြီးများသာမြင်နေတော့သည်။
"ရှန့်ဖန်းယွိဆီကနေ သင်ယူစမ်းပါတဲ့…ဘာသင်ယူရမှာလဲ…ရှန့်ဖန်းယွိရဲ့ သမီးဆိုတာက အခု သူ့ဗိုက်ထဲမှာလေ…"
သူအသက်ပြင်းပြင်းရှူလိုက်သည်။ဒီအချိန်တွင် သူဘာမျှ ထုတ်ဖော်မပြောသင့်သေးကြောင်းနားလည်သည်။ထို့ကြောင့် သူ့ခံစားချက်များအား အင်တင်တင်နှင့်ပင် ချုပ်တည်းထားလိုက်တော့ကာ
"အင်း…"
ကျန်းရွှိ၏ပုံစံက သူ့အမေဖြစ်သူအား ခဏခဏ အံ့ဩစေသည်။သူမသည် အရင်က သားဖြစ်သူအား အကြိမ်များစွာ ဖိအားပေးတိုက်တွန်းခဲ့သော်လည်း သူသည် တစ်ခါမျှ ကောင်းမွန်စွာ မတုံပြန်ခဲ့ပေ။ သို့သော် အမေဖြစ်သူမှ ရှန့်ဖန်းယွိ နာမည်ထုတ်ပြောလိုက်လျှင် ကျန်းရွှိ၏အမူအရာများသည် အလျင်အမြန်ပင် ချက်ချင်းပြောင်းလဲသွားသည်။
သူတို့နှစ်ဦးသည် သက်တူရွယ်တူချင်း နှိုင်းယှဉ်ခံရခြင်းကြောင့်ဖြစ်ပါလိမ့်မည်။
မပြန်ခင် သူတို့နှစ်ဦးအား တိုက်တွန်းစကားများပြောကြားပြီးနောက် ကျန်းရွှိက သူ့ဘေးတွင်ရပ်နေသော ရှန့်ဖန်းယွိဘက်လှည့်ကာ
"အခုကျမှ ငါ့အဖေက မင်းကို ဘာတွေ ပြောနေတာလဲ…"
"ခြုံပြောရရင် သူက ငါ့ဘဝရဲ့ ခဏတာ အခက်ခဲလေးတွေကြောင့်နဲ့ အရှုံးမပေးဖို့ မှာတာမျိုးပေါ့…ဒါပေမဲ့ ငါ နောက်ထပ် ဒုတိယအိမ်ထောင် ထူထောင်ချင်သလားလည်းမေးတာပေါ့…အဲ့လို…"
ရှန့်ဖန်းယွိက ကျန်းရွှိအား တချက်ဝေ့ကြည့်လိုက်ကာ
"မင်းမိဘတွေက ငါ့နားထဲကို လေတွေမှုတ်ထုတ်ပြီးပြောနေကြတာ…မင်းကို စောစောလက်ထပ်ခိုင်းဖို့…ကလေးတွေမွေးခိုင်းပြီး သူတို့ကိုမြေးထိန်းခွင့်ရအောင်လုပ်ခိုင်းဖို့…ပြောနေကြတာ…."
"…"
ရှန့်ဖန်းယွိအနေနှင့် လေလုံးထွားစရာမလိုတော့ပေ။သူသည် လက်တွေ့ဖြစ်အောင်လုပ်နိုင်ခဲ့သည်။
ကျန်းရွှိသည် ထူးထူးခြားခြား အနည်းငယ်စိတ်ဓာတ်ကျသွားသည်။
ရှန့်ဖန်းယွိက အနီရောင်စာအိတ်လေးအားထုတ်ကာ ကျန်းရွှိလက်ထဲသို့ပြောင်းထည့်ပေးသည်။
"မင်းအဖေက ငါ့ကို ဒီဟာလေးပေးတယ်…ငါကတော့ ဒီစာအိတ်ကို လက်မခံရဲဘူးလေ…အကယ်၍ မင်းအဖေသာ အဲ့နေ့က ငါတို့ပြောသမျှစကားတွေအားလုံးက လိမ်ညာထားတဲ့ အမှားတွေဆိုတာရော…ငါတို့တွေကလေးအပေါ် မျှော်လင့်နေကြတာကိုပါသိသွားခဲ့ရင် အရိုးအကြောအထူးကု ၁၀ယောက်ဆိုလည်း ငါ့ကိုကယ်နိုင်တော့မှာ မဟုတ်ဘူး…"
"မင်းညတုန်းက ဝရန်တာမှာ ဘာလုပ်နေတာလဲ…"
ကျန်းရွှိမေးသောအခါ ရှန့်ဖန်းယွိမျက်တောင်တဖျက်ဖျက် လှုပ်သွားသည်။ဘာမျှပြန်မပြောဘဲ အချိန်အတော်ကြာတိတ်ဆိတ်နေသည်။
"လေညင်းခံနေတာပါ"
"မအေးဘူးလား"
"အဆင်ပြေပါတယ်"
သူပြောပြီးသည်နှင့် တဖက်သို့လှည့်ကာ နှာချေလိုက်သည်။ကျန်းရွှိသည် သတိရှိရှိနှင့် ဘေးသို့ရွှေ့လိုက်ပြီး ထိုအချိန်တွင်ရှန့်ဖန်းယွိသည်ချောင်း၂ခါ ဆိုးနေခဲ့သည်။
"ဘာမှ မဖြစ်ပါဘူး"
သူသည် maskတစ်ခု အလျင်အမြန် ဝယ်လိုက်ကာ ဝတ်လိုက်ပြီး နောက်ထပ်mask တစ်ခုအား ကျန်းရွှိအားကမ်းပေးလိုက်သည်။
"ငါကအအေးမိမှာမဟုတ်ဘူး"
ကျန်းရွှိသည် သူ့အနားမှ ဖြည်းဖြည်းချင်း ခွာလိုက်သည်။ သူသည် သူ့မျက်ခုံးတစ်ဖက်အားပင့်လိုက်ပြီး ထိုနေ့က ရှန့်ဖန်းယွိ ပြောခဲ့သည့်စကားကိုပြန်ပြောနေသည်။
"ဘယ်တော့မှ အအေးမမိဘူး…ဟင်း"
ရှေးဆိုရိုးစကား အတိုင်းပင်…ဘဝအလှည့်ပြောင်းကံကြမ္မာသည်ဖြစ်လေ့ရှိသည်။ ဆယ်နှစ်ကျော်မျှ မဖျားခဲ့ဖူးသော သူသည် ယခုရုတ်တရက်ကြီး ဖျားသွားခဲ့သည်။သူသည်အပူချိန် ၄၀ဒီဂရီထိ ရှိနေပြီး ခွင့်တိုင်ကြားခြင်းကို ရွှေ့ဆိုင်းတတ်သည့် ဆေးရုံ မှ အထက်လူကြီးများပင် ထိတ်လန့်သွားသည်။ သူတို့သည် သူ့အား တိုက်ရိုက် ခွင့်ရက်ပင် ပေးခဲ့သေးသည်။
သူသည် ဆေးရုံတွင် အဖျားကျသွားသည်။သူက ကျန်းရွှိအား အဖျားကူးမည်စိုး၍ ထူထူထောင်ထောင်ဖြစ်ရန် ပြန် အားဖြည့်ဖို့ သူ့အိမ်သူ ပြန်ရွှေ့သွားသည်။ ကျန်းရွှိသည် စစချင်းက ရှန့်ဖန်းယွိ တစ်ယောက်တည်း အိမ်ပြန်၍ ပြန်အားပြည့်အောင်ကြိုးစားမည်ကို လက်မခံသေးပေ…။နောက်မှ သူကိုယ်တိုင်သည် ကိုယ်ဝန်နှင့်ဖြစ်နေ၍ ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်မယူနိုင်မည်စိုးသောကြောင့် ရှောင့်ဖန်းအတွက် ဂရုစိုက်ပေးရန် အစောင့်တယောက် ငှါးဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအစောင့်သည် သူ့အလုပ်ရှင်အတွက် အလုပ်ကြိုးစားသည်။သူမသည် ရှန့်ဖန်းယွိ၏ စကားလုံးများအား စာရိုက်၍ တင်ပြပေးသည်။ထို့ပြင် ရှန့်ဖန်းယွိ၏ ဓာတ်ပုံများပင်ရိုက်၍ နေ့တိုင်း ပုံမှန် ပို့ပေးတတ်သေးသည်။
ညနေ ၅:၅၇ နာရီ ခန့်တွင် ကျန်းရွှိသည် ခွဲစိတ်ခန်း၏ နားနေဆောင်တွင် သူ၏ ဖုန်းအား ကြည့်နေရင်း အစားစားနေသည်။သူ့ဘေးနားတွင်ရှိနေသော ဝူရွေ့ကသူ့ကိုစသည်။
"ကျန်းရွှိ ဘာတွေကြည့်နေတာလဲ…မင်းကောင်မလေးဆီက မက်ဆေ့ခ်ျလား…"
ကျန်းရွှိနှင့်ဘလိုင်းဒိတ် ခဲ့သည့်ယွီရှင်းဆိုသည့်မိန်းကလေး ရုံးထိလာကာ မုန့်လာပို့သွားသည်နေ့မှစ၍ လေထွားကောင် ယွီစန်းသည် ဌာနတစ်ခုလုံးအားလိုက်ဖြန့်လေတော့သည်။ ထို့ကြောင့် လူတိုင်းက ကျန်းရွှိသည် မုန့်လာပို့သွားသော ကောင်မလေးနှင့် တစ်ခုခု ဆိုပြီး ထင်သွားကြသည်။
"မင်းနဲ့ မင်းကောင်မလေး လက်ထပ်သွားရင် ငါတို့လာပြီး ဝိုင်တွေသောက်မယ်နော်…"
ကျန်းရွှိက တုံးဆိုင်းခြင်းအလျဉ်းမရှိ ပထမဆုံး မေးခွန်းပြန်မေးသည်။
"ဘာကို ကောင်မလေးလဲ…"
"နောက်ဆုံးတခေါက်တုန်းက မင်းအတွက်မုန့်တွေယူလာတဲ့ တယောက်လေ…အဲ့တာ မင်းကောင်မလေး မဟုတ်ဘူးလား…"
ကျန်းရွှိက ခေါင်းခါပြသည်။ထိုအခါ ဝူရွေ့က
"ငါကမင်းကောင်မလေးလို့ ထင်နေတာ…မင်းအတွက်ဝမ်းတောင်သာ ပေးနေသေးတာ…"
ဝူရွေ့က တစ်ခုခုအားထပ်သတိရသွားဟန်ဖြင့်ပြောသေးသည်။
"ရှန်းဖန်းယွိတောင် အဲဒီတုန်းကစိတ်တိုနေသေး"
"ရှန့်ဖန်းယွိလား…"
"ယွီစန်းက မင်းကောင်မလေးလာတယ်ဆိုပြီး ရှန့်ဖန်းယွိကိုပါ သွားပြောသေးတာ…အဲ့မှာ သူ့မျက်နှာကြီး ချက်ချင်းပြောင်းသွားတာ…မင်းတို့နှစ်ယောက်ဆက်ဆံရေးတွေမကောင်းလို့သာပေါ့…နို့မို့ဆို သူကမင်းကိုကြိုက်နေတယ် လို့တောင်တွေးမိမှာ"
ဝူရွေ့က ဟာသလုပ်ပြောသည်။
"မင်း ကျုံးလန် ကို လိုက်တုန်းက သူလည်း ကျုံးလန်ကို လိုက်သေးတယ်လေ…အဲ့တာတော့ထူးဆန်းတယ် သူကလူတိုင်းနဲ့ကျ အကောင်းမြင်ပေး အဆင်ပြေနေပြီး မင်းနဲ့ ကျ ရန်ပဲဖြစ်နေရတာကို သဘောကျနေတာ…မသိရင် မူလတန်းကျောင်းက ကောင်ဆိုးလေးက သူကြိုက်တဲ့ ကောင်မလေးရဲ့ဆံပင်ကို တမင်လိုက်ဆွဲနေသလိုပဲ…"
"…"
ဘာတွေဖြစ်နေသညိကို သူနားမလည်တော့ပေ။ ပထမက သူ့မိဘတွေက သူနှင့် ရှန့်ဖန်းယွိတွဲနေကြသည်ထင်သွားသည်။ ယခု ဝူရွေ့ကလည်း ရှန့်ဖန်းယွိက သူ့အားကြိုက်နေသည်ထင်နေပြန်သည်။
ခဏအကြာထိ ဝူရွေ့၏ ကိုးရိုးကားယား ဥပမာနှင့်ပတ်သက်ကာ ပြန်ရန်တွေ့ရမည်လား… ရှန့်ဖန်းယွိ ကလေးဆန်သည့်အကြောင်းမှာ မှန်ကန်ကြောင်း ထောက်ခံရမည်လား ဝေခွဲမရပေ။
သို့သော်လည်း ကျန်းရွှိက ဝူရွေ့နောက်ပြောင်ပြောဆိုနေခြင်းသာဖြစ်သည်ကို နားလည်သည်။အကယ်၍ သူသာ အမှန်တကယ်ထင်နေခဲ့လျှင် ကျန်းရွှိအားထုတ်ပြောမည်မဟုတ်ပေ။သို့သော် ကျန်းရွှိတယောက်မတတ်နိုင်သော်လည်း သိချင်စိတ်များနေသဖြင့်မေးလိုက်သေးသည်၊
"သူနဲ့ငါ့ ဆက်ဆံရေးက အဲ့လောက်ကောင်းတယ် ထင်ရလို့လား…"
"ဘယ်ကသာ…မင်းတို့နှစ်ယောက်ကြားကဆက်ဆံရေးက မြင်ရတာ တော်တော်ဆိုးဆိုး"
ကျန်းရွှိက စိတ်အေး လက်အေး ခေါင်းညိတ်လက်ကာအကြည့်တွေအား ဖုန်းပေါ်သို့ ရွှေ့လိုက်သည်။၆နာရီကျော်နေသော်လည်းအစောင့်က မက်ဆေ့ခ်ျမပို့သေးပေ။သူ အနည်းငယ် မျက်မှောက်ကြုံ့လိုက်သည်။ညနေ ၆နာရီဆိုလျှင် အခြေအနေများတင်ပြရန်ပြောထားသည်ကို။
သူက သူမအား မေးရန် မက်ဆေ့ခ်ျပို့ခါနီးတွင် ဗွီဒီယိုဖုန်းကောလ် တစ်ခုဝင်လာခဲ့သည်။ ကျန်းရွှိ လက်ချော်ကာ ဖုန်းကိုင်မည် အား နှိပ်မိသွားသည်။ကျန်းရွှိ ဘာမျှမလုပ်ရသေးခင်မှာ ပင် ရှန့်ဖန်းယွိမျက်နှာက ဖုန်းစကရင်ပေါ်သို့ ပေါ်လာခဲ့သည်။ထို့နောက် အမြဲရင်းနှီးနေကျအသံဖြင့်
"ငါ့ကို မြင်ခွင့်ပေးလိုက်ပြီ "
ဝူရွေ့က အဖြစ်အပျက်လုံးကို မြင်သွားသည်။
ကျန်းရွှိက ဗွီဒီယိုကော ကို အလျင်မြန်ချလိုက်ပြီး ဝူရွေ့အားလှမ်းကြည့်ကာ ဖုန်းကိုလက်ညှိုးထိုးပြသည်။
"သူဖုန်းမှားဆက်တာပါ…သူနဲ့ငါ အဲ့လောက် မရင်းနှီးကြဘူးလေ"
စီနီယာ ဝူရွေ့က သဘောတူဟန်ခေါင်းညိတ်ပြပြီးအား သံလွင်သီး တစ်ခိုင် ကမ်းပေးသည်။
"သူ့မှာ မင်းကို အလုပ်နဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ခေါ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့…"
"ကျွန်တော်တို့ တကယ်အဲ့လောက် မရင်းနှီးကြပါဘူးဆို…"
"အေးပါ ဟုတ်ပါပြီ မင်းတို့အဲ့လောက် မရင်းနှီးကြပါဘူး ..မင်းတို့အဲ့လောက်….မ…"
ဝူရွေ့ပြောစကားမဆုံးသေးခင် ရှန့်ဖန်းယွိကဖုန်းထပ်ဆက်လာသည်။ ကျန်းရွှိသည် ဝူရွေ့၏ အံ့ဩနေသော အကြည့်အောက်တွင် မုန့်ကိုရက်ရက်စက်စက်ဝါးပြရင်း ဖုန်းကို အသက်မပါစွာကောက်ကိုင်ကာစာရိုက်လိုက်သည်။
"ငါ့ကို ဖုန်းမခေါ်နဲ့ …ငါအခု ခွဲစိတ်ခန်းရဲ့ နားနေဆောင်မှာ …ပြောစရာရှိရင် စာပဲပို့"
ရှန့်ဖန်းယွိကပြန်ပို့သည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး …မင်းရော အအေးမိလက္ခဏာတွေ ပြနေသေးလားလို့ မေးမလို့…ငါကပြီးခဲ့တဲ့၂ရက်လုံး ကောင်းကောင်းမအိပ်ခဲ့ဘူးလေ…ငါ့ကြောင့် မင်းပါ အဖျားကူးနေမှာ စိုးရိမ်လို့…"
ရှန်းဖန်းယွိပို့သည့် စာလုံးများကို မြင်သည့်အခါ ကျန်းရွှိတယောက် စောနက ဖုန်းစောစော ချခဲ့မိသည်ကို နောင်တရသွားသည်။သူကောင်းကောင်းမွန်မွန်ပင် စာပြန်ရိုက်၍ ထပ်ပို့ လိုက်သည်။
"ပိုသက်သာ လာပြီလား"
"သက်သာတာပေါ့…ငါ နောက်၂ရက်အတွင်း အလုပ်တောင် ပြန်ဝင်တော့မှာ…အဲ့တော့ ငါ့ရဲ့ ပုံသစ်လေးတွေ မင်း ထပ်မမြင်ရမှာစိုးလို့ ဗွီဒီယိုကော ခေါ်လိုက်တာ…"
ကျန်းရွှိစာရိုက်နေရင်း ရပ်တန့်သွားသည်။
"အစောင့်ကို ငါ့ဆီပုံတွေပို့ပေးလို့လဲ မပြောမိပါဘူး…"
"သိပါတယ်…ငါပို့ခိုင်းလိုက်တာပါ သူ့ကို…ဒါမှ ငါ့ရဲ့ချောမောခန့်ညားမှုတွေကို မင်းပစ်ကြွေသွားအောင်လို့လေ…"
ကျန်းရွှိသူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"ဘယ်သူမှမကြွေပါဘူး နော်"
"မင်းမကြွေလည်း ငါ့သမီးလေးကတော့ ကြွေနေမှာပဲ"
ရှန့်ဖန်းယွိက အရှက်မရှိစွာ သူ့သမီးကို ဆင်ခြေဆင်လက် အဖြစ်သုံးနေသေးသည့်အပြင် ကျန်းရွှိကို ပင် ငြူစူကာ စောဒက တက်နေသေးသည်။
"မင်းခန့်ထားတဲ့ အစောင့်ကလည်း လွန်ပါတယ်ကွာ…ငါကမင်းဘာတွေလုပ်နေလဲ မင်းရော အဖျားကူးသွားလားဆိုတာ သိချင်လို့မေးတာကိုသူ့ကို လခပေးခန့်ထားတာ မင်းမို့လို့ ငါ့အခြေအနေတွေပဲ တင်ပြနိုင်မယ် မင်းအကြောင်းတော့ မပြောပြနိုင်ဘူးတဲ့.."
ကျန်းရွှိက မက်ဆေ့ခ်ျကို ဖတ်ပြီးသည်နှင့် အစောင့်မလေးကို ဖုန်းခေါ်ကာ နောင်တွင် ရှန့်ဖန်းယွိဘာမေမေး ပြောပြနိုင်ကြောင်းပြောလိုက်သည်။သူဖုန်းပြန်ချလိုက်သည်နှင့် ရှန့်ဖန်းယွိဆီမှ နောက်ထပ် မက်ဆေ့ခ်ျများဝင်လာခဲ့သည်။
"ငါ့မှာ သတင်းကောင်းရှိတယ် ငါ့ ရန်ပုံငွေအတွက် လျှောက်လွှာက အတည်ပြုခံလိုက်ရပြီ…မနှစ်တုန်းကကလိုမျိုး ထအော်ချင်လိုက်တာ…ဒါပေမယ့် နားထောင်ပေးမယ့်သူ ဘယ်သူမှမရှိဘူး…(ငိုနေသောခွေးပုံ အီမိုဂျီလေးနှင့်…)"