Chapter 198
တစ်ဖက်လူက အလွန်ဒေါသထွက်နေပုံရပြီး အသံကို တမင်တကာ မလျှော့ခဲ့ပေ။
"ဒီအခွင့်အရေးရဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရလဲ နင်သိလား...အခုတော့ကောင်းရော...နင်က ထပ်ပြီး ဖျက်စီးပစ်လိုက်ပြီ..နင်လုပ်တတ်တာဘာရှိလဲ...ဘာလို့ဒီလောက်တုံးနေရတာလဲ... မိန်းမတစ်ယောက်လို ကလူ၏သို့မြှူ၏သို့လေးတောင်မလုပ်တတ်ဘူး...နင်က မိန်းမရောဟုတ်ရဲ့လား"
"တောင်းပန်ပါတယ်"
လင်းလော့ချင်း၏ ခြေသံများ ရပ်တန့်သွားသည်။ဤအသံက အနည်းငယ်ရင်းနှီးနေသည်။
"တောင်းပန်ပါတယ် ဟုတ်လား...တောင်းပန်တော့ဘာရလဲ... နင့်အတွက် ငါဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရလဲသိလား... နင်ကရော...နင်ကကျ ငါ့ကိုဒီလိုပြန်ဆပ်လိုက်တယ်ပေါ့... ဒီထက်ပိုပြီး ကောင်းအောင်လေးမလုပ်နိုင်ဘူးလား...ဇာတ်ကားထဲမှာ သရုပ်ဆောင်ရင် သေမှာမလို့လား"
ချင်ရှုယွင်က ခေါင်းခါသည်။အခုထိ ရိုက်ကူးရေးထဲက ၀တ်စုံကိုပဲ သူမက ၀တ်ဆင်ထားဆဲဖြစ်၏။အေးစက်သောလေထဲတွင် သူမ၏ သွယ်လျသောလက်နှင့် ခြေထောက်များက တုန်ယင်နေသည်။သူမက ဤမျှထိကြိုးစားသည့်တိုင် ကောင်းကောင်းသရုပ်မဆောင်နိုင်သေးသည့်အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေသည်။
"ကျွန်မ သရုပ်မဆောင်ချင်တော့ဘူး... အဲဒီအစားသီချင်ဆိုလို့မရဘူးလား...ကျွန်မကို အဆိုတော်လုပ်ရမှာလို့ အစတုန်းက ပြောခဲ့တာမဟုတ်ဘူးလား...ကျွန်မက တကယ်ကိုသရုပ်မဆောင်တတ်ဘူး...ကျွန်မကိုယ်၌က ဒီလိုမျိုးပဲ...ယန်ကော ကျွန်မသီချင်းဆိုပါရစေ...သရုပ်မဆောင်တော့ဘူး ဟုတ်ပြီလား"
"ဒါက ဘယ်လိုဟာသမျိုးလဲ...အခုခေတ် ဂီတအသိုင်းအဝိုင်းက ဘယ်လိုမျိုးလဲ နင်မသိဘူးလား...နင့်မှာ ပရိသတ်မရှိသလို နာမည်လည်း မရှိဘူး... နင်ဆိုတာကို ဘယ်သူမှ နားထောင်မှာမဟုတ်ဘူး...နင်ရုပ်က အဆင်ပြေလို့သာမဟုတ်ရင် ကုမ္ပဏီက နင့်ကိုလက်မှတ်ထိုးပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးပေးမှာတဲ့လား...နင်က တကယ်ကောင်းတယ်...အခုတော့ အဲဒီအခွင့်အရေးကပျက်စီးသွားပြီ...ကိုယ့်နေရာကိုယ်သိပါဟုတ်ပြီလား...ငါ နင့်ကိုပြောမယ်...ဒီတစ်ခါ နင်လုပ်နိုင်ရင် လုပ်...မလုပ်နိုင်ရင်တောင် ကျော်နိုင်အောင် နည်းလမ်းတစ်ခုခုရှာလိုက်...မဟုတ်ရင် ဒါရိုက်တာဝမ်က နင့်ကိုထုတ်ပစ်လိမ့်မယ်စောင့်နေ... ကုမ္ပဏီရဲ့ အရင်းအမြစ်တွေအများကြီးကို ဖြုန်းတီထားပြီး တစ်ကျပ်တစ်ပြားမှ ပြန်မပေးဘူး...နင်က တကယ်ကို အံ့သြစရာကောင်းတယ်"
ချင်ရူယွင်က ကိုယ့်ပခုံးကိုယ် ပွေ့ဖက်လိုက်ပြီး ဘာပြန်ပြောရမှန်းမသိ။
တကယ်တမ်းတွင် သူမသည် ကုမ္ပဏီထံမှ အရင်းအမြစ်များစွာကို မယူခဲ့ပေ။ထို့အပြင် ကုမ္ပဏီ၏အရင်းအမြစ်များကို သူမလိုလည်းမလိုချင်ခဲ့ပေ။ အစကတည်းက သူမက သီချင်းဆိုချင်ခဲ့ခြင်းဖြစ်သည်။သူမ စပြီး စာချုပ်ချုပ်တုန်းက ယန်ကောက သူမကို သီချင်းပဲဆိုခိုင်းမည်ဟု ပြောခဲ့သည်။လက်မှတ်ရေးထိုးပြီးသည့် နောက်မှာ သူမမှာ ပရိသတ်မရှိသလို နာမည်လည်း မရှိသဖြင့် အယ်လ်ဘမ်မထုတ်နိုင်ဟုဆိုလာသည်။ထို့ကြောင့် သူမအနေဖြင့် အရင်ဆုံး သရုပ်ဆောင်သင့်သည်ဟု သူကပြောသည်။
ချင်ရူယွင်က သဘာဝအားဖြင့် စိတ်ထား နူးညံ့သည်။ အေးဂျင့်က ပြောသည့်အတိုင်းပဲ လိုက်လုပ်ခဲ့သည်။ ထို့နောက် သူက သူမကို ဒရမ်မာ သုံးခုတွင် ပါဝင်သရုပ်ဆောင်၍ရအောင်လုပ်ပေးခဲ့ပြီး ၎င်းတို့အားလုံးတွင် ဆိုးဆိုးရွှားရွှားကျရှုံးခဲ့သည်။ သူမက အစကတည်းက ယုံကြည်ချက်ရှိသူမဟုတ်လေရာ ယခု ကင်မရာကို မြင်တိုင်း ပို၍ပင် ကြောက်လာသည်။
"ကျွန်မ သရုပ်ဆောင်မလုပ်ချင်တော့ဘူး"
သူမက တိုးတိုးလေးပြောသည်။
"ဒါဆို ပိုက်ဆံပြန်ပေး"
ယန်ကောက အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။
"နင့်ကိုယ်နင် တကယ် သီချင်းကောင်းကောင်းဆိုနိုင်မယ်လို့ ထင်လား...ငါ နင့်ကို ပြောမယ်...နင် အဲဒီသီချင်းဆိုနေလို့ ငါနင့်ကိုသတိထားမိတာမဟုတ်ဘူး...နင့်ရုပ်လေးကလှလို့သာမဟုတ်ရင် ငါနင့်ကိုစာချုပ်ချုပ်ဖို့ စိတ်မ၀င်စားဘူး...နင်က အမှိုက်...နင့်ရုပ်က တအားလှနေတယ်ဆိုရင် ရုပ်လေးနဲ့ လုပ်စားလို့အဆင်ပြေတယ်...ဒါပေမဲ့ နင်ကဘာမှမလုပ်တတ်ဘူး...သရုပ်လည်းမဆောင်တတ်၊ရုပ်ကလည်း အရမ်းကြီး မလှဘူး... ငါက မျက်စိကန်းပြီး တကယ် ဒီလိုအမှိုက် လက်မှတ်ထိုးခဲ့တာပဲ"
သူကပြောပြီးသည်နှင့် ချင်ရူယွင်ကို ဂရုမစိုက်တော့ပေ။ ကားပေါ်တက်ပြီး ယာဉ်မောင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ချင်ရူယွင်က ကမန်းကတန်း လိုက်မည်ပြုသည်။၎င်းနောက် ကားတံခါးကိုဖွင့်၍ မရသည်ကိုသူမတွေ့လိုက်ရသည်။ သူမက ယာဥ်မောင်းထိုင်ခုံကို အံ့သြစွာကြည့်ကာ ဂရုတစိုက်ပြောလိုက်၏။
"ယန်ကော တံခါးကို မတော်တဆလော့ချထားမိပုံရတယ်"
ရလဒ်အနေဖြင့် ကားစက်နှိူးသံနှင့် အိတ်ဇောနံ့ဆိုးဆိုးတို့ကိုသာ သူမကို တွေ့လိုက်ရသည်။
ချင်ရူယွင် သူမ၏ ဒေါက်မြင့်ဖိနပ်များနှင့် ပြေးလိုက်သွားခဲ့သည်။၎င်းနောက် ကားက ပိုပိုပြီး အဝေးရောက်သွားသည်ကို သူမလှမ်းမြင်လိုက်ရသည်။သူမ ရပ်လိုက်ပြီး မျက်ရည်တွေ တိတ်တဆိတ် စီးကျလာသည်။သူမကိုယ်သူမ အတော်ကိုအသုံးမကျသလို သူမ ခံစားရသည်။ သူမ ကောင်းကောင်းသရုပ်မဆောင်နိုင်သလို ဘာမှလည်း မလုပ်တတ်ပေ။သူမအေးဂျင့်ပင် သူမကို သည်းမခံနိုင်တော့ပေ။
ယန်ကောက အစပိုင်းတွင် သူမအပေါ် အလွန်ကောင်းကြောင်း ထင်ရှားသော်လည်း၊သူမက သူ့ကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့သည်။ ဤအရာက သူ့ကို ဤကဲ့သို့ ဖြစ်စေခဲ့သည်။ သူမက အလွန်မိုက်မဲပြီး အသုံးမဝင်လှပေ။
ချင်ရူယွင် သူမ၏ ပခုံးများကို ပွေ့ဖက်ကာ ထိုင်ချလိုက်သည်။
လင်းလော့ချင်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရန် မမျှော်လင့်ခဲ့ပေ။
ပါးလွှာသော ၀တ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော ချင်ရူယွင်ကို ကြည့်ကာ သူမနေနိုင်ဘဲ ရှေ့သို့နှစ်လှမ်းကို လှမ်းလိုက်မိသည်။သို့ပေမဲ့ သူက နောက်ပြန်ဆုတ်ကာ ဝူရှင်းယွမ်ကို ကြည့်လိုက်သည်။ "သွားပြီးတော့ ကောရဲ့ဂျာကင်ကို ပေးလိုက်ပါ...ရာသီ၍ဥတုက အရမ်းအေးနေတာ ...သူဒိလိုဆက်နေရင်အအေးမိလိမ့်မယ်"
ဝူရှင်းယွမ်လည်း သူမကို သနားသည်။ ခေါင်းညိတ်ပြပြီး သူ့အင်္ကျီကို ချွတ်ကာ သူမဆီကိုသို့ လျှောက်သွားလိုက်သည်။
ချင်ရူယွင် သူမဆီ တစ်ယောက်ယောက် ရောက်လာသည်ကို သတိထားမိပြီး ထိတ်လန့်တကြား လှမ်းကြည့်လိုက်၏။
ဝူရှင်းယွမ်က ပြုံးပြီး အင်္ကျီကို လှမ်းပေးလိုက်သည်။
"ဒါကို အရင်ဝတ်ထားလိုက်... အအေးမိမယ် ဂရုစိုက်ပါ"
ချင်ရူယွင်က သူ့ကို မသိသဖြင့် သူ့အဝတ်အစားတွေကို လက်မခံဝံ့ပေ။
လင်းလော့ချင်းက ရောက်လာပြီး စကားပြောရန် အစပျိုးလိုက်သည်။
"ကျွန်တော့်နာမည်က လင်းလော့ချင်းပါ...ဖူပင်းရဲ့သား ဖူဟန်နေရာကနေ ဇာတ်လမ်းထဲမှာ သရုပ်ဆောင်နေတဲ့သူပါ...ကျွန်တော်က ဒီနေ့မှ အဖွဲ့ထဲဝင်လာတာ...ဒါက ကျွန်တော့်ရဲ့ အေးဂျင့်ပါ"
ချင်ရူယွင်က ခေါင်းညိတ်လိုက်ပြီး ဖွဖွလေးဆိုသည်။
"ဒီနေ့ ရိုက်ကူးနေတာတွေ့တယ်...ကျွန်မနာမည်က ချင်ရူယွင်ပါ..ရှောက်ယောင်အဖြစ် သရုပ်ဆောင်နေတာပါ...ရှင်က ကျွန်မကိုသိမှာမဟုတ်ဘူး...ကျွန်မမှာ ဇာတ်ကွက်တွေ အများကြီး မရှိဘူး"
"ကျွန်တော်သိပါတယ်"
လင်းလော့ချင်းက ပြုံးလိုက်သည်။
"နွေဦးရဲ့ နံပါတ်တစ်ကတ်၊လောင်စွန်းရဲ့ ချစ်သူ"
ချင်ရူယွင် သူမ သူမကို တကယ်သိနေသဖြင့် အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။
သူမ၏ မျက်နှာက အလွန်နူးညံ့ပြီး လှပသည်။ အထူးသဖြင့် သူမက မိတ်ကပ်လိမ်းထားပြီးနောက် ကားပါကင်၏ ဝိုးတဝါးအလင်းရောင်အောက်မှာ ပို၍ပင် ဆွဲဆောင်မှုရှိပုံပေါ်၏။နွေဦး၏နံပါတ်တစ်ကတ် အခန်းကဏ္ဍအတွက်တကယ်ကိုသင့်လျော်လေသည်။
စိတ်မကောင်းစရာက သူမကသင့်တော်ရုံထက်မပိုခြင်းဖြစ်၏။
"ဝတ်ထားလိုက်ပါ"
လင်းလော့ချင်းက သူမကို နူးညံ့စွာပြောလိုက်သည်။
"ကျွန်တော်တို့လည်း ဟိုတယ်ကို ပြန်ကြမှာ...အတူတူသွားချင်လား"
"ဒါ... အဆင်ပြေရဲ့လား...ရှင့်ကို အနှောက်အယှက်ပေးရာကျနေမလားလို့" သူမ၏မျက်လုံးများက ရှက်ရွံ့နေပြီး အခြားသူများကို ဒုက္ခပေးမိမှာ ကြောက်ရွံ့နေပုံရသည်။
"အဲလိုမဖြစ်ပါဘူး"
လင်းလော့ချင်းက ပြန်ဖြေသည်။
ချင်ရူယွင် ဝူရှင်းယွမ်၏ ကုတ်အင်္ကျီကို ယူပြီး သူ့ကို ကျေးဇူးတင်စကားပြောကာ သူမကိုယ်ပေါ်မှာခြုံထားလိုက်သည်။
တကယ်တမ်းတွင် သူမ အေးခဲနေသည်မှာကြာပြီဖြစ်ပြီး ကြာကြာ တောင့်မခံနိုင်တော့ပေ။သို့သော်လည်း သူမ၏ အေးဂျင့်က သူမကို အနွေးထည် မပေးပေ။သူမ တစ်ခါတောင်းပြီးပြီဖြစ်ပြီး အေးဂျင့်က သူမကို ငေါက်ခဲ့သည်။
"နင်က အမြဲတမ်း ဒီလိုပဲ...အေးတယ်လို့ပြောရတာ မရှက်ဘူးလား...ငါက ကြိုးစားပမ်းစား နင့်နောက်ကိုလိုက်နေရတာရော မအေးဘူးထင်လား"
သူမ ထပ်မတောင်းဆိုရဲတော့ပေ။
သူမက သူမ၏ အေးဂျင့်၏ထိုးနှက်ခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုကို ကျင့်သားရလာခဲ့သည်။ထိုသို့ဖြစ်တိုင်း သူမက မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး၊ မိမိကိုယ်ကို ဆန်းစစ်ကြည့်မည်၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးပြီး မိမိကိုယ်ကိုပဲ ထိခိုက်စေတတ်သည်။
ကြောက်စရာအကောင်းဆုံးက သူမ ၎င်းကို လုံးဝသတိမထားမိခဲ့ခြင်းဖြစ်သည်။သူမက ဆိုးဝါလွန်းပြီး ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်ဟုသာ သူမခံစားရသည်။ထို့ကြောင့် ဒါရိုက်တာနှင့်အေးဂျင့်က သူ့ကို ဆူငေါက်ခြင်းသာဖြစ်၏။
သူမ အစတုန်းက လုံးဝ သရုပ်မဆောင်လိုခဲ့ကြောင်းကို လုံးဝ မေ့သွားခဲ့သည်။ သူမက သီချင်းပဲဆိုချင်ခဲ့သည်။သူမကို မရမကသရုပ်ဆောင်ခိုင်းပြီး သူမအတွက် မသင့်တော်သည့် ဤလမ်းကို လျှောက်ခိုင်းခဲ့သည်မှာ သူမ၏အေးဂျင့်ဖြစ်သည်။
လင်းလော့ချင်း သူ့နောက်ကို ခေါင်းငုံ့ပြီး လိုက်နေသည့် သူမကို ကြည့်ပြီး သူမက အလွန်သနားစရာကောင်းကာ လေလွင့်ကြောင်လေးတစ်ကောင်နှင့်တူသည်ဟု ခံစားလိုက်ရသည်။
သူမ၏ အေးဂျင့်က လူကောင်းမဟုတ်မှန်း သိသာသည်။ ဤကိုယ်ခန္ဓာ၏ မူလပိုင်ရှင်မှာ ကြောက်မက်ဖွယ်ကောင်းသော သရုပ်ဆောင်ခံယူချက်မျိုးနှင့် သရုပ်ဆောင်စွမ်းရည်ရှိသော်လည်း လီကောက 'အမှိုက်' နှင့် 'အသုံးမကျဘူး' ကဲ့သို့သော အရာများကို ပြောဆိုခြင်းဖြင့် သူ့ကို ဘယ်သောအခါမှ မဆူပူခဲ့ဖူးပေ။
ပြောစရာမရှိလောက်အောင် အေးသည့်ရာသီဥတုမှာ ကားပါကင်မှာ သူ့ကို ထားခဲ့ပြီး အနွေးအင်္ကျီလည်းမပေးခဲ့ရန်က ဝေးစွပင်။
သူမကို စတွေ့တုန်းက ဘာကြောင့် ငိုနေသလဲဆိုသည်ကို သူ မအံ့သြတော့ပေ။
သူမက သိပ်ပြီးလည်း အသက်ကြီးပုံအရပေ။ထို့အပြင် ရှက်တတ်ကြောက်တတ်ပြီး အလွန်နူးညံ့သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူမ ငိုသည်မှာ သဘာဝဖြစ်၏။
လင်းလော့ချင်း သူ့နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အတော်လေးကရုဏာသက်မိသွားသည်။
ချင်ရူယွင် လင်းလော့ချင်းနောက်ကနေ ကားထဲသို့ လိုက်သွားခဲ့သည်။ဒါရိုင်ဘာက အပူပေးစက်ဖွင့်လိုက်ပြီး ဝူရှင်းယွမ်က သူမကို ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။ချင်ရူယွင် ရေနွေးခွက်ကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားရင်း အေးခဲနေခြင်းမှ ဖြည်းညှင်းစွာ ပြန်လည်သက်သာလာခဲ့သည်။
သူမလက်ထဲက ခွက်ကို ကြည့်ရင်း အရှက်တရားတွေက သူမနှလုံးသားထဲမှာ တဖြည်းဖြည်း အချဥ်ပေါက်လာသည်။
တစ်ဖက်လူက သူမ ဒါရိုက်တာဝမ်နှင့် သူမအေးဂျင့်ဆီက အငေါက်ခံနေရသည်ကို မြင်သွားလောက်သည်။ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ...
သူမ၏လက်ကျန်ကိုယ့်ကိုယ်ကို လေးစားမှုက လက်ရှိအချိန်တွင် ခုန်ထွက်လာပြီး သူမ ယခုအချိန်မှာ တကယ်ရုပ်ဆိုးနေလောက်မှာဖြစ်ကြောင်း သတိပေးလာခဲ့သည်။
လင်းလော့ချင်းက အလွန်စာနာတတ်ပြီး စကားသိပ်မပြောပေ။
ဆန့်ကျင်ဘက်အနေနှင့်၊ ဝူရှင်းယွမ်က သူမ၏၀တ်စုံကို ကြည့်ကာ မေးသည်။
"မင်းရဲ့ အခန်းကတ်ကို ယူလာလား"
ချင်ရူယွင်က ခေါင်းညိတ်ပြီး တိုးတိုးလေးပြောသည်။
"ကျွန်မ ယူလာခဲ့တယ်"
သူမ စကားပြောပြီးသည်နှင့် အကျင့်ပါနေသည့်အတိုင်း သူမ၏ အခန်းကတ်ကို စမ်းလိုက်သည်။ ထို့နောက် သူမ၏ အခန်းကတ်က သူမ၏ ကုတ်အင်္ကျီအိတ်ကပ်ထဲတွင် ရှိနေပြီး ကုတ်အင်္ကျီက သူမ၏ အေးဂျင့်နှင့်အတူ ရှိနေကြောင်း သတိရမိသွားသည်။
သူမ မယုံကြည်နိုင်စွာ မျက်တောင်ခတ်လိုက်ကာ အသံကတိုးဝင်သွားသည်။ "ကျွန်မရဲ့ အေးဂျင့် ယူသွားတယ်"
ဝူရှင်းယွမ် သူမ၏ အေးဂျင့်က ဟိုတယ်ကိုပြန်သွားသလား၊ အခြားနေရာကို သွားသလား တွေးရင်း ခေါင်းညိတ်လိုက်သည်။ ဟိုတယ်ကို ပြန်သွားလျှင် အဆင်ပြေသည်။သို့ပေမယ့် ဟိုတယ်ကို ပြန်မသွားခဲ့လျှင် ဤမိန်းကလေး ဘယ်သွားရမည်ကို သိမှာမဟုတ်ပေ။
သူမ၏ အေးဂျင့်က တကယ်ကို အားကိုး၍မရပါချေ။
မည်သို့ပင်ဖြစ်စေကာမူ အေးဂျင့်တစ်ယောက်က သူတို့၏ အနုပညာရှင်ကို တစ်ယောက်တည်း မထားခဲ့သင့်ပါချေ။ သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...
အထူးသဖြင့် ယခုလို ပါးလွှာသည့်အဝတ်အစားတွေကို ၀တ်ထားချိန်မှာဖြစ်၏။
သူ တွေးနေချိန်မှာ လင်းလော့ချင်းက သူမကို မေးသည်ကိုသူကြားလိုက်ရသည်။
"ပြန်ရောက်တာနဲ့ အနားယူဖို့ အလျင်လိုနေလား"
ချင်ရူယွင် အနည်းငယ် မှင်တက်သွားသည်။ သူမ ခေါင်းကို မော့ကြည့်လိုက်ပြီး ဤစကားက သူဘာကိုဆိုလိုသည်ကို နားမလည်ခဲ့ပါချေ။
"ခင်ဗျား အလျင်လိုမနေဘူးဆိုရင် ကျွန်တော် ခင်ဗျားနဲ့အတူတူ ခင်ဗျားရဲ့ဇာတ်ကွက်ကို လေ့ကျင့်ပေးနိုင်တယ်... ခင်ဗျားသရုပ်ဆောင်တာကို ကျွန်တော်ကြည့်ခဲ့တယ်...အဲဒါက တကယ်ကို တိုးတက်မှုတချို့လိုသေးတယ်...လေ့ကျင့်ချင်လား"
ချင်ရူယွင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပေမဲ့ ၎င်းနောက် စိုးရိမ်သွားပြီးမေးသည်။
"ရှင့်ကို အနှောက်အယှက်ပေးရာများကျနေမလား"
"မကျပါဘူး"
လင်းလော့ချင်းက ပြုံးလိုက်သည်။
"ကျွန်တော်က အဲသလောက်အစောကြီး မအိပ်ဘူး"
"ကျေးဇူးတင်ပါတယ်"
ချင်ရူယွင်က လျင်မြန်စွာ ဦးညွှတ်ပြီး သူ့ကို ကျေးဇူးတင်သည်။ အကယ်၍ သူမသာ ယခု ကားထဲတွင် ထိုင်မနေပါက သူ့အား မတ်တပ်ရပ်ကာ 90°ကိုင်းညွှတ်၍ ဦးညွှတ်လိမ့်မည်ဟု လင်းလော့ချင်း ခံစားရသည်။
"မလိုပါဘူး"
လင်းလော့ချင်းက နူးညံ့စွာပြောသည်။
သူ့လေသံကိုကြားသောအခါ ချင်ရူယွင် သူမ၏နှလုံးသားထဲတွင် ပို၍ပင် ကျေးဇူးတင်လာသည်။ သူမ၏ မျက်လုံးအိမ်များတွင် အရည်များလဲ့လာကာ ခဏအကြာတွင် မျက်ရည်များ စီးကျလာပြန်သည်။ သူမက ခေါင်းကို အမြန်လှည့်ကာ ခေါင်းငုံ့၍ လက်ထဲက ခွက်ကို ကြည့်နေလေသည်။ သူမဆီက စကားသံများထပ်ထွက်မလာပေ။
လင်းလော့ချင်း သူမကို ကြည့်ပြီး ပိုပိုပြီး သနားလာမိသည်။
ဟိုတယ်ကို အပြန်ခရီးက အတော်လေး ချောမွေ့ခဲ့၏။ချင်ရူယွင် အဝတ်အစားလဲရန် သူမအခန်းကို အရင်ပြန်ဦးမည်ဟုဆိုကာ လင်းလော့ချင်းကလည်း သဘောတူခဲ့သည်။သူ သူ့အခန်းနံပါတ်ကို ချန်ထားခဲ့ကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။
ချင်ရူယွင်ကို ပြန်မြင်ရသောအခါတွင် သူမက ခုနကဝတ်စုံကိုပဲ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်ထားဆဲဖြစ်သည်ကို သူမြင်လိုက်ရသည်။ သူမက အနည်းငယ်ရှက်ရွံ့နေဟန် စကတ်အနားစွန်းတွေကိုဆွဲချရင်း အထစ်ထစ်အ,အအဆိုလေသည်။
"ယန်ကော သူက... သူကပြန်လာပုံမပေါ်ဘူး"
လင်းလော့ချင်း နားလည်သည်။အနှီယန်ကောက သူမကို ယနေ့ ရည်ရွယ်ချက်ရှိရှိ ဒုက္ခခံစေချင်ပုံရသည်။သူမ သူ့ကိုဖုန်းဆက်သည့်အခါ သူမကို လျစ်လျူရှုပြီးဖုန်းမကိုင်ချင်းမျိုးဖြစ်နိုင်သည်။မဟုတ်လျှင်လည်း သူမကို ထပ်ပြီး ငေါက်ခြင်းမျိုး ဖြစ်နိုင်သည်။
"အထဲဝင်ပါ"
လင်းလော့ချင်း ဘေးကိုရွှေ့ကာ သူမ အိမ်ထဲသို့ ဝင်ရအောင် လမ်းဖယ်ပေး လိုက်သည်။
ထို့နောက် အပြင်ထွက်ပြီး မျက်နှာချင်းဆိုင်တံခါးကို ခေါက်ကာ ဝူရှင်းယွမ်ကိုလည်း သူ့အခန်းထဲ ၀င်ခိုင်းလိုက်၏။
ဝူရှင်းယွမ်က ဝင်လာပြီး သူမ ထိုဝတ်စုံကို ၀တ်ထားဆဲဖြစ်သည်ကို မြင်သောအခါ အရာအားလုံးကို နားလည်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အခန်းတွင်းအပူပေးစက်ကိုဖွင့်ထားပြီး မအေးပေ။သူ သူမကို သူ့အင်္ကျီကို ထပ်ပြီး ငှားစရာ မလိုတော့ချေ။
လင်းလော့ချင်းက သူမ သူမအခန်းကိုပြန်သွားသည့် အချိန်အတွင်း သူမ ယနေ့ရိုက်ကူးရသည့်အခန်းကို ဖတ်ပြီးပြီးဖြစ်သည်။