Chapter 199
ထိုဇာတ်ဝင်ခန်းက အလွန်ရိုးရှင်းသည်။လောင်စွန်းက သူ့ညီလေးကို ပိုက်ဆံသုံးရန် ခေါ်လာပြီး သူ့အကြိုက်ဆုံး ရှောက်ယောင်က သူနှင့် အတူသောက်ရန် ပေါ်လာသည်။ထိုနေရာမှ သူမ ထွက်လာသောအခါ၊ လုပ်ဖော်ကိုင်ဖက် အဖြစ် အသွင်ယူထားသော ရဲအရာရှိက သူမကိုမေးသည်။
"အစ်မရှောက်ယောင် သူက ဘယ်သူလဲ...ဘာလို့ သူ့ကို အဖော်ပြုပေးဖို့ လိုတာလဲ"
ရှောက်ယောင်က စွဲမက်ဖွယ်ကောင်းသောကိုယ်လုံးလေးဖြင့် လမ်းလျှောက်လာပြီးဆိုသည်။
"လုံရှင်းအုပ်စုရဲ့ ဒုဥက္ကဋ္ဌ စွန်းကော"
အမျိုးသမီးရဲအရာရှိက အံ့သြသည့်မျက်နှာပြသလာပြီး ရှောက်ယောင်ကို ချီးကျူးရန်လည်းမမေ့ပေ။
ဤအခန်းက သဘာဝအရ မခက်ခဲပါချေ။ ထိုနေရာတွင် ထိပ်တန်းပြည်ကြီးဒါလီတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးနှင့်အညီ ညှို့အားပြင်းပြီး စွဲဆောင်မှုရှိရန်သာ လိုအပ်သည်။ သို့သော် ချင်ရူယွင်က ၎င်းကို ကောင်းမွန်စွာ သရုပ်မဆောင်နိုင်ခဲ့ပေ။
လင်းလော့ချင်းက သူမကို ကြည့်ပြီး ပြောလိုက်သည်။
"ပြုံးပါ...ပိုဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ ပြုံးကြည့်"
ချင်ရူယွင်က ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းထောင့်များကို ပင့်လိုက်သည်။
"အဲဒီလိုမဟုတ်ဘူး...ပိုသဘာဝကျရမယ်...ကျွန်တော်တို့က အခုရိုက်ကူးရေးလုပ်နေတာမဟုတ်ဘူး...ကျွန်တော်ကလည်း ဒါရိုက်တာဝမ် မဟုတ်ဘူး"
ချင်ရူယွင်က တောင့်တောင့်ကြီး ပြုံးနေဆဲဖြစ်သည်။
လင်းလော့ချင်း စိတ်ပူသွားသည်။
"ခင်ဗျားဖုန်းထဲမှာ ဓာတ်ပုံတွေရှိလား...ခင်ဗျားရိုက်ထားတဲ့ဆယ်ဖီ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ခင်ဗျားကိုရိုက်ပေးထားတာမျိူး"
ချင်ရူယွင်က ခေါင်းညိတ်ပြပြီး ဖုန်းကို လော့ဖွင့်ကာ ကမ်းပေးသည်။
လင်းလော့ချင်း : '...သူမက ရိုးအလွန်းတယ်...စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံရတယ်ဆိုတာ အံ့သြစရာမရှိတော့ဘူး'
"မိုဘိုင်းလ်ဖုန်းလိုမျိုး ကိုယ်ရေးကိုယ်တာပစ္စည်းတစ်ခုကို နောက်တစ်ခါမှာ သူများတွေကို တိုက်ရိုက်ကြီးမပေးနဲ...ခင်ဗျားကိုယ်တိုင် ကိုင်ထားပြီး တခြားသူတွေကို ပြလို့ရတယ်"
ချင်ရူယွင်က ခေါင်းညိတ်သည်။ "တောင်းပန်ပါတယ်"
"ကျွန်တော့်ကို တောင်းပန်စရာမလိုဘူး... ခင်ဗျားဘာအမှားမှ မလုပ်ခဲ့ဘူး...ကျွန်တော်က ခင်ဗျားကို ဆူတာမဟုတ်ပဲ သတိပေးတာပါ”
ချင်ရူယွင်က ခေါင်းညိတ်ပြပြန်ပြီး အလွန်ကို လိမ္မာဟန်ပင်။
လင်းလော့ချင်းက သူမဖုန်းကို မယူပေ။ သူ ကိုယ်ပဲကိုင်းပြီး ချင်ရူယွင်ကို လက်ဖြင့် သူမဓာတ်ပုံတွေကို ဆွဲပြခိုင်းသည်။
ချင်ရူယွင် အကြောင်းရင်းကို မသိသော်လည်း မည်သို့ပင်ဖြစ်စေ သူမအထွန့်မတက်ခဲ့ပေ။
ဝူရှင်းယွင် ၎င်းကိုမြင်ပြီး သူမ၏ ပင်ကိုယ်စရိုက်နှင့် ဖျော်ဖြေရေးနယ်ပယ်မှာ ရှိမနေသင့်ဘူးဟု တွေးမိသည်။သူမ၏ အေးဂျင့်က သူမကို အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်က အံ့သြစရာမဟုတ်ပေ။ သူမ၏ ကိုယ်ရည်ကိုယ်သွေးဖြင့်ဆိုလျှင် သူမကို သူမအေးဂျင့်က ဘာမကျန်သည်အထိ တကယ်စားပစ်နိုင်လျှင် အံဩစရာမဟုတ်ပေ။
လင်းလော့ချင်း ဓာတ်ပုံတစ်ပုံကို ကြည့်ကာ မျက်လုံးများ တောက်ပလာသည်။ သူက သူမဖုန်းထဲက ဓာတ်ပုံတစ်ပုံကို ညွှန်ပြပြီးမေးလိုက်၏။
"ဒီပုံက ဘယ်အခြေအနေမှာ ရိုက်ထားတာလဲ"
ချင်ရူယွင် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။
"ညီမလေးနဲ့အပြင်ထွက်လည်တုန်းက"
"ဒါဆို အဲဒီအချိန်ကို တွေးကြည့်လိုက်"
လင်းလော့ချင်းက သူမကို ပြောလိုက်သည်။
"မင်းညီမလေးရှေ့မှာ ရပ်နေတယ်လို့တွေးကြည့်... မင်းရဲ့ညီမလေးရှေ့မှာ မင်းကဘယ်လိုပုံစံလဲ"
ချင်ရူယွင် သူမညီမအကြောင်း ကြားလိုက်သည့်အခိုက်တွင်၊ နူးညံ့သိမ်မွေ့မှုသည် လှိုင်းထနေသကဲ့သို့ ပျံ့နှံ့သွားပြီး သူမ၏ အပြုံးက အလွန်နူးညံ့၍လာသည်။
"ဟုတ်တယ် ဒါမျိုး အရမ်းကောင်းတယ်...ဒီအခြေအနေအတိုင်း ထိန်းထားပြီး မျက်လွှာ နည်းနည်းချလိုက်... မဟုတ်ဘူး...နိုး နိုး အရမ်းချလွန်းသွားပြီး...နည်းနည်း ပြန်ကြွ...ခင်ဗျားညီမလေးနဲ့ ခင်ဗျားနဲ့ တူတူပုန်းတမ်း ဆော့နေတယ်...ခင်ဗျားက မျက်စိဖွင့်ပြီးခိုးကြည့်လိုက်မယ်...ဒါပေမဲ့ လူမိသွားမှာကိုလည်း ကြောက်နေတယ်"
ချင်ရူယွင်က သူမ၏ မျက်တောင်များကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး သူမ၏ မျက်လုံးများထဲရှိ နူးညံ့မှုက ရေကဲ့သို့ ဖြစ်နေသည်။
"အရမ်းကောင်းတယ်... အရမ်းကောင်းတယ်"
လင်းလော့ချင်းက သူ့ဖုန်းကို ထုတ်ကာ ဓာတ်ပုံအနည်းငယ်ရိုက်လိုက်သည်။
"ဒီခံစားချက်ကို မှတ်ထား"
ချင်ရူယွင်က ခေါင်းညိတ်လိုက်သည်။သူမက ကိုယ်ဟန်အနေအထားပြောင်းရမှာစိုးနေပြီး သူမ ဤကိုယ်ဟန်အနေအထားဖြင့် အေးခဲမသွားနိုင်သည်ကို မုန်းတီးနေပုံရသည်။
လင်းလော့ချင်း သူမကို သဘောကျပြီးရယ်လိုက်သည်။
"ကောင်းပြီ...အခု ဝူကောကို လောင်စွန်းလို့သဘောထားပြီး သူ့ပေါင်ပေါ်မှာ ထိုင်လိုက်... ပြီးရင် ဒီအခန်းကို အစမ်းလေ့ကျင့်ကြည့်မယ်"
ဝူရှင်းယွမ်: "????"
ဝူရှင်းယွမ် သူဤနေရာမှာရှိနေရခြင်းက အရှုပ်တော်ပုံများကို တားဆီးရန်ဟု ထင်ခဲ့သည်။ဘယ်တုန်းက သူ့မှာအဲသလိုလေ့ကျင့်ဖို့အရည်အချင်းရှိသွားတာလဲ...
သူကိုယ်တိုင်တောင် မသိလိုက်ဘူးးး...
ဝူရှင်းယွမ် ချင်ရူယွင်ကိုကြည့်ကာ အနည်းငယ် တောင့်တင်းသွားသည်။
ချင်ရူယွင်က သူ့ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"
"ရပါတယ်"
ဝူရှင်းယွင်က သူမကို နှစ်သိမ့်ပေးသည်။
ချင်ရူယွင်က ရှေ့တိုးပြီး သူ့ပေါင်ပေါ်တွင် ရဲဝံ့စွာ ဝင်ထိုင်သည်။
သူမက အလွန်သီးသန့်ဆန်ပြီး ရှက်တတ်သော မိန်းကလေးဖြစ်သည်မှာ ထင်ရှားသည်။ဝူရှင်းယွမ်၏ပေါင်ပေါ်တွင် ထိုင်နိုင်လိုက်သည်နှင့် သူတန်းပြီးအနေရခက်သွားည်။သူမ သုံးပုံတစ်ပုံသာ ထိုင်ပြီး နောက်ထပ် ဆက်မတိုးရဲတော့ပေ။
"ပြန်ထိုင်"
လင်းလော့ချင်းက သူမကို ပြောလိုက်သည်။
"ရဲရဲတင်းတင်းထိုင်...ပေါင်တစ်ခုလုံးပေါ်အပြည့်ထိုင်... ပြီးရင် သူ့ကို မှီလို့လည်းရတယ်"
ချင်ရူယွင် နောက်တစ်ကြိမ် ပြန်ထိုင်ရုံသာတတ်နိုင်သည်။သို့သော်လည်း လင်းလော့ချင်း လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိနိုင်သေးပေ။
လင်းလော့ချင်း ကူကယ်ရာမဲ့ဖြစ်ပြီး သူ့ဘာသူတွေးလိုက်မိသည်။ဒါရိုက်တာဝမ်က အဘယ်ကြောင့် ထိုမျှစိတ်တိုနေသည်မှာ အံ့သြစရာမဟုတ်ပေ။သူ တောင် သူပဲ သူမနေရာမှာအစားဝင်ပြီး သရုပ်ဆောင်ပစ်လို့မရတာကိုမုန်းနေပြီ...သူမ ဘယ်လိုများ ဒီလောက်ကြီး တောင့်တင်းနေရတာလဲ...
"အရင်ထပြီး ကျွန်တော်လုပ်တာကို ကြည့်"
လင်းလော့ချင်း သူမကို အမိန့်ပေးလိုက်သည်။
ချင်ရူယွင်က မတ်တပ်ထရပ်လိုက်သည်။
လင်းလော့ချင်းက တိုက်ရိုက် လျှောက်လာပြီး ဝူရှင်းယွမ်၏ ပေါင်ပေါ်၌ ထိုင်လိုက်သည်။ နောက်တစက္ကန့်တွင် သူက ဝူရှင်းယွမ်၏ရင်ဘက်ကို မှီကာ လက်တစ်ဖက်ကို ဝူရှင်းယွမ်၏ရင်ဘတ်ပေါ်တင်လိုက်သည်။ကျန်လက်တစ်ဖက်ကိုသူ့မေးစေ့အောက်တွင် ထောက်ကာ ဝူရှင်းယွမ်ကို စိုက်ကြည့်နေသည်။သူက စကားမပြောဘဲ ပြုံးရုံသာပြုံးထားသော်လည်း သူ့မျက်လုံးများက ဆွဲဆောင်မှုရှိပြီး ညှို့ငင်နေသည်။ဝူရှင်းယွမ် ကြောက်လန့်တကြား ခုန်ထလုနီးပါးပင်။
ဖာ့ခ် ဥက္ကဋ္ဌကျိသာသိသွားရင်...
သူ သူ့ဒီခြေထောက်တွေကို ကယ်တင်နိုင်ပါဦးမလား...
ဝူရှင်းယွမ် သူ့ခြေထောက်တွေမှာ ခံစားမှု ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။ခြေတုတွေတပ်ထားသလိုပဲ...
ဥက္ကဋ္ဌကျိ...ကျွန်တော်က တကယ်အပြစ်ကင်းပါတယ်ဗျာ...ခင်ဗျားရဲ့ဇနီးက အရင် သူ့ဘာသူလာလုပ်နေတာနော်...
ဝူရှင်းယွမ်က သူ့ကို မကြည့်ဝံ့ဘဲ တိတ်တဆိတ် ခေါင်းလွှဲထားလိုက်သည်။
လင်းလော့ချင်း:"……"
"ကျွန်တော့်ကိုကြည့်"
လင်းလော့ချင်းက သူ့ကို ညွှန်ကြားလိုက်သည်။
ဝူရှင်းယွမ် : '... QAQ မကြည့်ရဲဘူး... ဒီ 24K တိုက်တေနီယမ် သတ္တုစပ် ခွေးမျက်လုံးတွေကို ငါလိုချင်နေတုန်းပဲ'
"ရ...ရပြီထင်တယ်"
ဝူရှင်းယွမ် သူ့ကိုယ်သူ တွယ်ချိတ်များနှင့် အပ်များပေါ်တွင် ထိုင်နေသလို ခံစားရသည်။
လင်းလော့ချင်း ချင်ရူယွင်ကို လှည့်ကြည့်လိုက်သည်။
"အကုန်မှတ်မိလိုက်လား"
ချင်ရူယွင်က သူ၏ ထူးချွန်သော သရုပ်ဆောင်စွမ်းရည်ထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။ နောက်ဆုံးမှာ သူမအာရုံတွေ ပြန်ရလာသည်။
"ဟုတ်ကဲ့"
လင်းလော့ချင်းက မတ်တပ်ရပ်လိုက်သည်။
"ဒါဆို လုပ်ကြည့်"
ချင်ရူယွင်က ဝူရှင်းယွမ်ဘေးသို့ ပြန်လာခဲ့သည်။
သူမက အသက်ပြင်းပြင်းရှူပြီး သူ့ပေါ်တွင် နောက်ကို မှီကာ ထိုင်လိုက်သည်။ဤတစ်ခေါက်တွင် သူမက မှီလွန်းနေသဖြင့် လင်းလော့ချင်း သူမနောက်ကျောကို ပုတ်လိုက်သည်။
"ရှေ့ကိုပြန်မတ်"
ချင်ရှုယွမ်က ရှေ့ပြန်မတ်လိုက်သည်။
"ကောင်းတယ်...အခု သူ့ကိုမှီလိုက်"
ချင်ရူယွင်က ဖြည်းဖြည်းချင်း မှီလိုက်သည်။
လင်းလော့ချင်း သူမ၏အနေထားကို ခေါင်းကနေခြေအဆုံးပြင်ပေးလိုက်သည်။ရလောက်ပြီဟု သူခံစားရကာမှ သူကပြောလိုက်သည်။
"ပြုံး"
ချင်းရူယွင်က အကြိမ်ပေါင်းများစွာ ပြုးပြီး ခုနကခံစားချက်ကိုပြန်ရှာနေခဲ့သည်။နောက်ဆုံးမှာ သူမက အတော်လေး နူးညံ့စွာပြုံးလိုက်သည်။မိတ်ကပ်ကထပ်ဖြည့်လိုက်သောအခါ သူမ၏အပြုံးက အတော်လေးဖြားယောင်းသွေးဆောင်နိုင်ပေမဲ့ မလုံလောက်သေးပေ။
လင်းလော့ချင်း သူမကို အကြာကြီး စေ့စေ့စပ်စပ်ကြည့်နေခဲ့သည်။နောက်ဆုံးမှာ ရှေ့ကျနေသောဆံပင်တွေကို ဘေးပို့ပြီး ဆံပင်၏အရိပ်ကိုသူမ၏ညှိ့ဓာတ်နှင့် ဖြားယောင်းသွေးဆောင်နိုင်မှုကိုမြင့်လိုက်သည်။
သူမ၏ဆံပင် နေရာတကျရှိကြောင်းသေချာစေရရန် သူမကို ဆံပင်အဖျားကိုကိုင်၍ လောင်စွန်း၏မေးကိုကျီစယ်သည့်အကွက်လေး ထပ်ထည့်ပေးလိုက်သည်။ထို့နောက် သူမက လောင်စွန်း ၎င်းတို့ကိုမထိတွေ့နိုင်စေရန် ညင်သာစွာ ပြန်ချထားမှာဖြစ်၏။
"ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး ဆံပင်ကို ဒီပုံစံအတိုင်းကျသွားအောင်လုပ်ဖို့သတိရ"
"ဟုတ်"
ချင်ရူယွင်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
လင်းလော့ချင်း သူမအတွက် ဗီဒီရိုရိုက်ပေးထားသည်။
"အခု စာသားတွေပြောမယ်"
အံဩဖွယ်ကောင်းစွာပင် ချင်ရူယွင် စာသားရွတ်ပုံတွေက အတော်လေးကောင်း၏။သူမ၏ သရုပ်ဆောင်စွမ်းရည်ကမကောင်းသဖြင့် သူမ၏စာသားပြောပုံကလည်းမကောင်းလောက်ဟုသူထင်ခဲ့သည်။သူမ ပြောပုံကအတော်လေးအသက်ပါ၏။ထို့အပြင် သူမမှာရှောက်ယောင်ဇာတ်ရုပ်နှင့် အလွန်လိုက်ဖက်သော နူးညံ့သည့်အသံရှိလေသည်။
ဇာတ်ဝင်ခန်းတစ်ခုအတွက် လင်းလော့ချင်း ချင်ရူယွင်ကို သူမ၏လှုပ်ရှားမှုတွေအမူအယာတွေအတွက် သုံးနာရီကျော်ကြာအောင် ညွှန်ကြားပေးခဲ့ရသည်။သူမကို ညွှန်ကြားပြီးနောက် သူ ချင်ရူယွင်ကို သူမ၎င်းနှင့် သည်ပိုပြီးရင်နှီးကျွမ်းဝင်နိုင်စရာမရှိတော့သည်အထိ လေ့ကျင့်ခိုင်းခဲ့သည်။
ချင်ရူယွင်က နာခံမှုရှိသည်။သူမက ဝူရှင်းယွမ်၏ပေါ်ပေါ်မှာ ၎င်းကိုထပ်ခါထပ်ခါလေ့ကျင့်ခဲ့သည်။
သူမဖုန်းမြည်လာပြီး သူမ၏အေးဂျင့်က သူမကိုပြန်လာရန်ပြောခါမှ ချင်ရူယွင်မနက်တစ်နာရီကျော်နေပြီမှန်း သတိထားမိလိုက်၏။သူမ လင်းလော့ချင်းကို အမြန်တောင်းပန်လိုက်သည်။
"နောက်ကျနေပြီ...ကျွန်မ ရှင့်ကို အကြာကြီအနှောက်အယှက်ပေးမိသွားတယ်"
"ရပါတယ်"
လင်းလော့ချင်းက ဂရုမစိုက်ပေ။
"မနက်ဖြန်ကျ အချိန်ရရင်ပြန်လေ့ကျင့်...မေးစရာရှိရင် ကျွန်တော့်ဆီထပ်လာခဲ့"
"အင်း ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး"
လင်းလော့ချင်းက သူမကိုပြောလိုက်၏။
"အရင်ပြန်ပြီး စောစောနားပါ"
ချင်ရှုယွင်က အွန်းဟုအသံပြုသည်။ထို့နောက် သူမက သူ့ကိုမရဲတရဲမေးလာသည်။
"ရှင်က ကျွန်မကို ဒီလောက်အများကြီးကူညီထားတာ...ကျွန်မဘယ်လိုပြန်ဆပ်ရမလဲ"
"မလိုပါဘူး... ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲ သိပ်ပြီး အားနာနေစရာမလိုဘူး...နောင်ကျရင် ကျွန်တော်လည်း ခင်ဗျားရဲ့အကူအညီလိုချင်လည်းလိုမှာပေါ့"
"ဒါဆို ကျွန်မ ကျွန်မရဲ့Wechatပေးထားခဲ့မယ်လေ...ကျွန်မဆီကအကူအညီလိုရင် လာပြောလို့ရတယ်"
"အိုကေ"
လင်းလော့ချင်း သူမနှင့်WeChatအပ်ပြီး ဖုန်းနံပါတ်ချင်းဖလှယ်ပြီးနောက် သူမကိုအပြင်လိုက်ပို့လိုက်သည်။
စာညံသည့်ကျောင်းသားတွေပင် မည်သို့ ကြိုးစားရမည်ကိုသိကြကြောင်း လင်းလော့ချင်းဝန်ခံရမည်ပင်။ချင်ရူယွင်သာမက ယန်မော့မော့ကလည်း သူ့ကိုမြင်လျှင် သူမယခင်က လုံလုံလောက်လောက် မကြိုးစားခဲ့မိကြောင်း ညည်းတွားတတ်သည်။
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့ပြန်လှည့်လိုက်ချိန်တွင် ဝူရှင်းယွမ်က သူ့ကို နာကျည်းနေသောမျက်လုံးများဖြင့်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ"
"ဒီညဖြစ်ခဲ့တာတွေကို ဥက္ကဋ္ဌကျိသိသွားလို့မဖြစ်ဘူး နားလည်လား"
လင်းလော့ချင်းက ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...သူကအဲသလောက် သဘောထားမသေးပါဘူး"
ဝူရှင်းယွမ်:'..ဒါကိုဂရုမစိုက်ရင် သူကလူမဟုတ်လို့ပဲ'
"ငါ့ကို သူနဲ့တွဲလေ့ကျင့်ခိုင်းဖို့ မင်းဘယ်လိုများစိတ်ကူးရလာတာလဲ"
ဝူရှင်းယွမ်က သက်ပြင်းချလိုက်သည်။ "ကံကောင်းတာက ငါ့မိန်းမကသဘောထားကြီးတယ်၊ နားလည်ပေးတယ်... မဟုတ်ရင် ကုတင်ဘေးမှာ ဒူးထောက်ရလိမ့်မယ်”
"ဝါး"
လင်းလော့ချင်း အံ့သြသွားသည်။
"ခင်ဗျားမိန်းမက အဲသလောက်အာဏာပြင်းတာလား"
"အဓိကကတော့ ငါက လူကြီးလူကောင်းတစ်ယောက်နဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ခါးပတ်လိုမြဲနေအောင်လိုက်နာလို့ပဲ"
ဝူရှင်းယွင်က သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေဟန်ပင် သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။
လင်းလော့ချင်းက ရယ်ရယ်မောမောနှင့် သူ့ကို တမင်တကာ ပြောင်လိုက်သည်။
"ဒါဆို ခင်ဗျ
ားက ချင်ရူယွင်ကို ကျွန်တော့်ပေါင်ပေါ်ထိုင်ပြီး ကျွန်တော့်ကို ပရောပလုပ်စေချင်တာလား...အဲဒါဆိုလည်း နောက်တစ်ခါ ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်မယ်...ဥက္ကဋ္ဌကျိကမေးရင် ခင်ဗျားက အကြံပြုထားတာလို့ ပြောလိုက်မယ်.."