အပိုင်း ၈
Viewers 5k

Chapter 8



------------


ရဲစခန်းရှိ လေအေးပေးစက်ရဲ့အပူချိန်က အနည်းငယ်နိမ့်လှလေသည်။


ရုပ်ပျက်ဆင်းပျက်ဖြင့် ထိုင်ခုံမှာပူးကပ်ထိုင်နေသော ရွှီလော့ယန်တစ်ယောက် ဖုန်းကိုကိုင်ပြီး မှတ်ချက်များကိုအစကနေ အဆုံးထိ လှန်လှောကြည့်နေပြီး မူရင်းweibo postဆီပြန်သွားလိုက်သည်။


အမှန်တကယ်ကို ဤpostကအတော်လေးတိုတောင်းလှပေမယ့် သူ့အတွက်တော့ နောက်ထပ်ရှင်းပြစရာတောင်မလိုအောင် လေးနက်ပြီးရိုးရှင်းတဲ့ အလီဘိုင်ပင်။


အခုဆိုရင် ပရိသတ်တွေက ဒီလောက်အထိရိုးရှင်းတဲ့စာကြောင်းလေးကို အချိန်တိုလေးအတွင်းမှာ စာလုံးရေ30,000အထိဖြစ်အောင် ဘယ်လိုများပြောင်းလဲလိုက်ကြတာလဲ...။


ပုံစံမျိုးစုံတောင်မှ ရှိသေးတယ်။


တကယ်တော့ ရွှီလော့ယန် တစ်ခါက လျှိုဝှက်အကောင့်တစ်ခုကိုရဲရဲဝံဝံဖွင့်ကာ သူရဲ့တရား၀င်ပရိသတ်Groupထဲ၀င်ပြီး သူ သုံးလလောက်ပုန်းလျှိုးကွယ်လျှိုးနေပြီးနောက် 'နံရံပေါ်ကျော်တတ်ခြင်း'တို့ 'အလင်းပေါက်ထွက်ခြင်း'စတဲ့ အခေါ်အဝေါတွေကိုအလျင်အမြန်သင်ယူနိုင်ခဲ့ပြီး 'CP သဲလွန်စတွေကိုရှာဖွေတဲ့ Group' 'ဦးနှောက်မရှိတဲ့ပရိသတ်Group' 'ဘာပဲဖြစ်နေဖြစ်နေ တခြားCP Groupတွေနဲ့ပဲ ရန်ပတ်ဖြစ်မယ်ဆိုတယ်' အစရှိတဲ့ အခေါ်အဝေါ်တွေကိုလည်း အံအားသင့်ဖွယ်သင်ယူနိုင်ခဲ့၏။


သို့သော် သူပွဲဦးစထွက်တဲ့အချိန်ကတည်းက သူ CP Hypeတာ တစ်ခါလေးတောင်မှ မလုပ်ဖူးပေ။ ထို့ကြောင့်သူ့တရား၀င်ဖန်ဂရုထဲကလူတွေက ပုံမှန်အားဖြင့်တခြားသူ‌တွေရဲ့ ပုံပြင်တွေကိုသာရေးကြပြီး သူကတော့ screenကိုသာ ခိုးကြည့်ပြီး အပျော်တမ်းသာထိုင်ကြည့်နိုင်သည်။


သို့သော် ဖုန်းရွှေကလှည့်လာပြီး ယနေ့တော့သူအလှည့်ကျလာချေပြီ။


'ကုချန်cp' ထိပ်ဆုံးသို့ရောက်လာတာကိုကြည့်ပြီး ရွှီလော့ယန် 'နောက်ဆုံးတော့ သူ့အလှည့်ကိုရောက်ပြီ' ဟုတွေးလိုက်ရင်း ပီတီဖြစ်လာမိသည်။


"ငါ အော်ပြီးတော့တောင်မှငိုပစ်လိုက်ချင်တယ အရမ်းကျော်ကြား နေတာက အဆင်ကောပြေရဲ့လား တိုင်ကောတိုင်ပင်ပြီးပြီလား ငါ နှလုံးသားလေးတော့ကွဲပါပြီ"


ဤအချိန်မှာ မှတ်ချက်ထဲမှာဖန်တွေကော၊ ရေတပ်တွေကော၊ antiတွေရောဖြင့်ရှုပ်ထွေးနေလေသည်။ သို့ပေမယ့် ချီချန်အန်းက မှားယွင်းတဲ့သက်သေအထောက်အထားကိုပေးကာ နောက်ကွယ်ကနေလမ်းကြောင်းလွဲသွားအောင်လုပ်ပေးနေသည်ဟုထင်သည့်ဖြတ်သွားဖြတ်လာအချို့နှင် antiဖန်တွေကလွဲပြီးလူတွေအားလုံးရဲ့အာရုံက'မင်းသားနှစ်ယောက်နဲ့ဒါရိုက်တာကျန်းရဲ့ဇာတ်ကားသစ်'ပေါ်သို့ရောက်သွားကာ ထိပ်ပိုင်းအပေါ်ဆုံးနံပါတ်၂နေရာသို့ရောက်နေပြီဖြစ်၏။


ကျန်းသုန့် လုပ်နေကျပုံစံအတိုင်းဆိုလျှင် ယင်းကအဆုံးသတ်မဟုတ်သေးချေ။ အာရုံစိုက်နေတာကိုအခွင့်ကောင်းယူပြီး သူက ယွင်ရှုရဲ့သတင်းတုနှင့် ရွှီလော့ယန် တစ်ဖက်သပ်ဆဲဆိုခံရတဲ့အကြောင်းကိုချက်ချင်းဖော်ထုတ်လိုက်ကာ ရွှီလော့ယန်အား လုပ်ကြံဇာတ်လမ်းထဲကနေလုံး၀ဖယ်ရှားပစ်လိုက်သည်။


ဘာပဲဖြစ်ဖြစ် အချိန်ကိုက်ဖြစ်ဖို့က အရေးကြီးလှသည်။အခုချိန်ကတည်းက မရှင်းထားရင် နောက်ပိုင်းရောက်လျှင်ရှင်းနိုင်တော့မှာမဟုတ်ပေ။


ထို့ကြောင့် ရွှီလော့ယန်က ထပ်ပြီးဖတ်မနေတော့ဘဲ ချီချန်အန်းရဲ့weiboအကောင့်ထဲကိုသာ၀င်ကြည့်လိုက်သည်။


ချီချန်အန်းရဲ့weiboကweiboလောကရဲ့အထူးဆန်းဆုံးတွေထဲက တစ်ခုဖြစ်ပြီးအတော်လေးရှုပ်ထွေးစေနိုင်သည်။ချီချန်အန်း မနှစ်က သူ့အကောင့်ကိုစဖွင့်တော့ စနစ်က'အားလုံးပဲ မင်္ဂလာပါ၊ကျွန်တော်က ချီးချန်အန်း'ဟုအလိုအလျောက်တင်လိုက်သည်။


ထိုကတည်းက တစ်နှစ်ကျော်သာကြာသွားသည်။ဒုတိယတစ်ကြိမ်updateကိုမစောင်နိုင်တော့တဲ့ဖန်တွေက ရွှေးချယ်စရာမရှိသဖြင့် ထိုပိုစ့်အောက်မှာဘဲ comment၀င်ရေးရတာကြောင့် commentအရေအတွက်က ကိန်းဂဏန်းခုနှစ်လုံးထိတောင်မှရှိလေသည်။


'ချီချန်အန်းကweiboမှာပိုစ့်ဘယ်လိုတင်ရမလဲတောင်သိတာမဟုတ်ဘူး'ဆိုတဲ့အမှန်တရားကိုဖန်တွေအားလုံးအေးဆေးရင်ဆိုင်လိုက်ချိန်မှာပဲ ချီချန်အန်းကupdateထလုပ်လိုက်သည်။သူက ရွှီလော့ယန်ရဲ့ပိုစ့်ကိုပဲပြန်တင်လိုက်ပေမယ့် ဘာပဲဖြစ်ဖြစ် ယင်းကupdateလုပ်တာပဲဖြစ်သည်။


ဖန်တွေကပျော်လွန်းတာကြောင့် မီးရှူးမီးပန်းတွေပင်ဖောက်နေပြီဖြစ်သည်။


သူတို့followလုပ်ထားတဲ့သူကတကယ်ကြီး အသက်ရှိနေသေးတာပဲ...။


သို့ပေမယ့် ထိုrepostကထူးဆန်းတဲ့ ယန္တရားတစ်ခုဖွင့်လိုက်ပုံပေါ်သည်။ ထိုနေ့ကစပြီးတော့ ချီချန်အန်းကပုံမှန်တစ်နေ့ကိုပိုစ့်တစ်ခုနှုန်းဖြင့်updateလုပ်ပေးလာပြီး အားလုံးကရွှီလော့ယန်ရဲ့ပိုစ့်တွေအား ပြန်တင်ထားခြင်းဖြစ်လေသည်။တစ်ခါတစ်လေ အလွန်လေးနက်တဲ့စကားလုံးတွေကိုလည်းမှတ်ချက်ပေးတတ်သေး၏။


ဒါဆို@ရွှီလော့ယန် ပိုစ့်က ချီချန်အန်းအတွက်တကယ်ကြီး ပထမဆုံးမူရင်းပိုစ့်ပေါ့လေ...။


ရွှီလော့ယန်က တဖက်လူရဲ့ဦးနှောက်ကို ရှင်းပြစရာမလိုဘဲနားလည်သည်။အရင်တုန်းက ချီချန်အန်းက သူဘာပိုစ့်မှမတင်တာက တခြားလူတွေကိုဝေမျှပေးဖို့ သူ့ဘ၀ထဲ၌ စိတ်၀င်စားစရာဘာမှမရှိလို့ဖြစ်ကြောင်း သူပြောဖူးလေသည်။


သို့ပေမယ့် ယခုမူ သူကအကြောင်းအရာအမျိုးမျိုးကို ပြန်တင်နေတာက သူအခုလက်ရှိအခြေအနေက စိတ်၀င်စားစရာကောင်းတယ်လို့ သူထင်လို့လား။


ထိုအကြောင်း သူတွေးနေတုန်း အလုပ်ဆင်းချိန်ရောက်ပြီဖြစ်ကြောင်း alarmမြည်လာလေသည်။ချီချန်အန်းနှင့်ညစာစားဖို့အချိန်ရောက်ပြီဖြစ်သည်။


သူကပို့နေကျအတိုင်း'ကျွန်တောာ်လာပြီ'ဟုချီချန်အန်းကို စာပို့လိုက်ပြီး စခန်းထဲကနေအမြန်ထွက်လာလိုက်သည်။


ချင်းလီမြို့က မြို့ကြီးမဟုတ်တာကြောင့် ရဲစခန်းကနေချီချန်အန်း လက်သမားပညာသင်ယူနေသည့်ဆီကိုသွားလိုပါကဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ရွှီလော့ယန်က ချီချန်အန်းပုံမှန်စောင့်နေကြနေရာ၌ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး မတ်တပ်ရပ်ကာ ခြံ၀င်းနံရံပေါက်ကိုစာငှက်တွေကထိုးဆိတ်နေတာကိုခေါင်းလေးစောင်းပြီးကြည့်ပြီး သူ့အားစောင့်နေလိုက်သည်။


နေ၀င်ချိန်က တဖက်လူရဲ့ပုံရိပ်အားနွေးထွေးတဲ့အလင်းအရောင်ပေးစွမ်းနေသည်နှင့်အမျှ သူ့ခေါင်းထဲစကားလုံးအချို့ပေါ်လာသည်။


ငါ့မှာလည်းcpရှိလာပြီကွ...၊


ခဏလောက် ထူးထူးဆန်းဆန်းဂုဏ်ယူမိသွားသည်။


ရွှီလော့ယန် ကြည့်နေတာကိုတွေ့တော့ ချီချန်အန်းကသူ့ခြေထောက်ရှည်ရှည်တွေဖြင့် လှမ်းလာရင်း ပုံမှန်မေးနေကြဖြစ်သည့်"ညစာ ဘာစားမှာလဲ"ဟုမေးလာ၏။


ရွှီလော့ယန်ရဲ့အာရုံက ချက်ချင်းကိုပြောင်းသွားပြီး သူခေါင်းထဲကအစားအသောက်မြေပုံအား လှန်လှောကြည့်လိုက်ပြီးနောက် "စားလို့ကောင်းတယ်ပြောကြတဲ့ အကြော်ဆိုင်တစ်ဆိုင်ရှိတယ် စားကြည့်မလား ကျွန်တော် သေချာပေါက် ဟင်းပွဲတွေအများကြီးမှာရမယ်...ကျွန်တော်ရဲ့အပြစ်ကင်းစင်မှုကိုကယ်တင်တဲ့project...လေးအောင်မြင်စွာပြီးဆုံးသွားတာကိုဂုဏ်ပြုတဲ့အနေနဲ့"


"ဟုတ်ပြီလေ"


ဆိုင်ထဲ၀င်ထိုင်လိုက်ပြီး ရွှီလော့ယန်ကmenuကိုကြည့်ကာ အာလူးခြစ်ကြော်၊သံပြားပူပြည်ကြီးငါး၊ငါးကြင်းပေါင်းဟင်းချိုနှင့် ခိုဥပေါင်းတစ်ပွဲတို့အားမှာယူလိုက်ပြီး menuစာရွက်အား ချီချန်အန်းကိုပေးလိုက်ကာ ၀မ်းသာအားရစွာဖြင့်ရှင်းပြပေးလိုက်သည်။


"ဒါက ကြည့်လို့မကောင်းဘူးလား သပ်ရပ်ပြီးတော့သန့်ရှင်းနေတာပဲ"


ကြည့်ကောင်းတယ်ဆိုတဲ့ဆိုလိုရင်းကို မကြာမီသဘောပေါက်သွားတော့ သူ့ကရီမောလိုက်ကာ"တကယ်ကြည့်လို့ကောင်းတယ်"


ပေါ့ပါးပြီးအစာကြေလွယ်တဲ့ ဟင်းနှစ်ပွဲလောက်မှာလိုက်ပြီးတော့ ချီချန်အန်းက ရွှီလော့ယန်ကိုတွန့်ဆုတ်နေတဲ့မျက်နှာအမှုအယာဖြင့်ကြည့်လိုက်ကာ"တစ်ခုခု မှားနေလို့လား"


"အင်း အင်း အင်း ကျွန်တော်က ခင်ဗျားမေးမှာကိုစောင့်နေတာ"


ရွှီလော့ယန်က သူ့လက်ချောင်းတွေဖြင့်မြေပဲကိုချေမွလိုက်ပြီးတော့ အဆုံးမှာ သူက ထုတ်မေးလိုက်၏။


"ခင်ဗျားနဲ့ ကျွန်တော်ကို cpအနေနဲ့Shipကြတာနဲ့ပတ်သတ်ပြီး ခင်ဗျားရဲ့အမြင်ကကော"


"ကိုယ့် အမြင်ကိုမေးတာလား"


ချီချန်အန်းက ထိုအကြောင်းစဉ်းစားလိုက်တော့ သူရဲ့ပါးစပ်ထောင့်စွန်းကကွေးတတ်သွားရကာ "နာမည်က ထူးခြားတယ်"


"ကုချန်ဆိုတဲ့ နာမည်ကိုပြောတာလား"


"အင်း"


ချီချန်အန်းက သူရဲ့သဘောထားအား ရှင်းရှင်းလင်းလင်းဖော်ပြထားပေသည်။ထိုcpကဖန်တွေကြောင့်ပဲ ယင်းကအလိုအလျောက်ဖြစ်သွားတာလား ဒါမှမဟုတ် ရွှီလော့ယန်ရဲ့နောက်ကွယ်ကအဖွဲ့ကဖန်တီးလိုက်တာလားဆိုတာကို သူကဂရုမစိုက်ပေ။


လက်ထဲမှာမြေပဲတွေကိုင်ထားကာ ရွှီလော့ယန်ကချီချန်အန်းကိုလေးလေးနက်နက်ကြည့်လိုက်ပြီး"ဒီတစ်ခေါက် ခင်ဗျား ကျွန်တော်အတွက်နဲ့စပြီးweiboမှာပိုစ့်တင်လိုက်ရပြီး‌တော့ ဖန်တွေဆီကလည်းအတင်းအကြပ်cpဖွဲ့တာလည်းခံလိုက်ရသေးတယ် အနာဂတ်မှာ ကျော်ကြားမှုအတွက်နဲ့ ကုချန်cpကို သေချာပေါက်သုံးမှာမဟုတ်ကြောင်း ကျွန်တော်အေးဂျင့်ကိုရှင်းရှင်းလင်းလင်းပြောပြထားပါ့မယ် ခင်ဗျားစိတ်မပူနဲ့"


ချီချန်အန်းက ယင်းကို သိပ်ဂရုမစိုက်ပေမယ့် ရွှီလော့ယန်ရဲ့လေးနက်မှုကိုခံစားမိတော့ သူခေါင်းအသာညိတ်ပြလိုက်ကာ"အင်း"ဟုပြောလိုက်သည်။


ညလယ်ခေါင် ၁၂နာရီခန့်...


ရွှီလော့ယန် သန်းဝေလိုက်သည်။


ကျန်းသုန့်နှင့်video callပြောနေတာဖြစ်ပြီး သူကအခုချိန်ထိPRအဖွဲ့နှင့် အချိန်ပိုအလုပ်လုပ်နေကာ စိတ်မပါလက်မပါဖြင့်ယွင်ရှု၏အဖွဲ့နှင့်ရင်ဆိုင်နေရပြီး ရွှီလော့ယန်ရဲ့အပြစ်ကင်းစင်မှုကိုထိန်းသိမ်းပေးမည်ဟုပြောလာသည်။


screenကိုအဝေးကနေ နာရီ၀က်လောက်ကြည့်ပြီးနောက် ၀န်ထမ်းတွေအား ကောင်းသောညပါဟု ပြောပြီးနောက် video callကိုချ၍အိပ်ဖို့ပြင်လိုက်သည်။


သူ မျက်လုံးမှိတ်လိုက်ရုံပဲရှိသေး ရုတ်တရတ်'ဘန်း'ဆိုသောအသံကိုကြားလိုက်ရသည်။သူ့ကုတင်ပေါ်ကနေဆတ်ခနဲထထိုင်လိုက်မိကာ အိပ်ချင်စိတ်ပင်ပျောက်သွားရသည်။အသံကြည့်ရတာ ဘေးအခန်းကလာပုံရသည်။


သူအိပ်ယာကနေထကာ ပလတ်စတစ်ဖိနပ်ပါးလေးကိုစီးပြီး ချီချန်အန်းရဲ့တံခါးနားကိုသွားလိုက်သည်။သို့ပေမယ့် တံခါးအဟလေးကနေအလင်းရောင်လေးပင်ရှိမနေချေ။


လှုပ်ရှားမှုလည်းမရှိ။


သူ့ခေါင်းထဲ မြင်ကွင်းမျိုးစုံကိုစဉ်းစားပြီးတဲ့နောက် 


ရွှီလော့ယန်က နှလုံးရှိတဲ့နေရာလေးကိုပွတ်ပြီးအားမွေးလိုက်ကာ "ချီချန်အန်း ခင်ဗျား.......အဆင်ပြေရဲ့လား"


သူ့ တံခါးကိုလေးခါမြောက်ခေါက်အပြီး စက္ကန့်၃၀လောက်ကြာတော့ သူကအသံကျယ်ကျယ်ဖြင့်နောက်တစ်ကြိမ်ထပ်ခေါ်လိုက်၏။  


"ချီချန်အန်း"


တံခါးကလော့ခ်မချ‌ထားသဖြင့် သူ့လက်ကိုအေးစက်နေတဲ့တံခါးလက်ကိုင်ပေါ်တင်လိုက်ကာ တံခါးကိုသတိထားပြီး ဖွင့်လိုက်သည်။


ဧည့်ခန်းကလာတဲ့အလင်းရောင်ကြောင့် အနည်းငယ် လင်းထင်းသွားပြီး ရေအိုင်တစ်ခုနှင့် ကွဲနေတဲ့ကြွေခွက်အပိုင်းအစတွေကိုသူတွေ့လိုက်ရသည်။


လန့်သွားပေမယ့် ရွှီလော့ယန်က သူ့ကိုယ်သူထိန်းလိုက်ပြီးတံခါး၀မှာရပ်ကာ တွန့်ဆုတ် တွန့်ဆုတ်ဖြင့်ခေါ်လိုက်သည်။


"ချီချန်အန်း "


ပြန်ဖြေသည့်အသံကိုမကြားပေမယ့် သူအသက်ရှုမြန်နေတဲ့အသံတစ်သံကိုဖျတ်ခနဲကြားလိုက်ရသည်။


ချီချန်အန်းက သူရဲ့မူလပုံစံအသွင်ပြောင်းသွားလို့များ စကားပြန်မပြောနိုင်တာများလား...။ဒါမှမဟုတ် လရဲ့အဆီအနှစ်ကို ဝါးမျိုပြီးကျင့်ကြံလိုက်လို့များ ရူးသွားတာလား...။


စိတ်မအေးသလိုခံစားရတာကြောင့် ရွှီလော့ယန် ထိုအတိုင်းသာ လက်ဆန့်ပြီး မီးဖွင့်လိုက်သည်။ ထို့နောက် သူအရမ်းလန့်သွားတာကြောင့် ထခုန်လုမတတ်ဖြစ်သွားရသည်။


ချီချန်အန်းက အဖြူရှောင်ရှပ်အင်္ကျီကို၀တ်ထားကာကြမ်းပြင်ပေါ်မှာ ကွေးကွေးလေး လဲကျနေပြီး သူ့လက်ချောင်းတွေက အကြောဆွဲသလို တုန်ယင်နေသည်။သူ ခုနကကြားလိုက်ရတဲ့အသံက ဖန်ခွက်ကြမ်းပြင်ပေါ်ကျပြီးကွဲသွားသည့်အသံဖြစ်ကာ၊ ကုတင်ပေါ်ကစားပွဲပေါ်တွင် ဆေးပုလင်းအလွတ်တစ်ပုလင်းနှင့် အဖြူရောင်ဆေးနှစ်လုံးရှိနေသည်။


သူလက်က ထိုသူ့လက်မောင်းလေးကိုထိလိုက်သည့်အခါ လောင်ကျွမ်းနေတဲ့မီးသွေးခဲကိုထိလိုက်ရသလိုမျိုး အရမ်းကိုပူလောင်နေသည်။


သူ ဘာလို့ဒီလောက်ကြီး ပူကျစ်နေရတာလဲ။


ရွှီလော့ယန်က ထိုသူ့နဖူးကိုစမ်းလိုက်သည်


"ချီချန်အန်း ခင်ဗျား နိုးနေလား ကျွန်တော်အသံကို ကြားရလား"


အမြဲ ဖြူဖျော့နေတဲ့ချီချန်အန်းရဲ့မျက်နှာက ပုံမှန်မဟုတ်နီရဲပြီး အသက်ရှုမြန်နေကာ မျက်တောင်မွှေးတွေကလည်း အသက်ရှုသံနှင့်လိုက်ပြီး တတ်လိုက်ကျလိုက်ဖြစ်နေသည်။သူ့ကြည့်ရတာ အတော်လေးမသက်မသာဖြစ်နေပုံရသည်။ မျက်ခုံးနှစ်ဖက်ကတစ်ချိန်လုံးရှုံတွနေကာ နဖူးပေါ်တွင်ချွေးစေးများလည်းပြန်နေသေးသည်။


အိမ်မှာ အဖျားတိုင်းတံမရှိတာကြောင့် ရွှီလော့ယန်က သူရဲ့အာရုံခံစားမှုဖြင့်သာတိုင်းတာလိုက်ပြီး အဖျားက40°လောက်ရှိလောက်မည်ဟုခန့်မှန်းလိုက်ပြီးနောက် မသိစိတ်ကထရပ်လိုက်ကာ "မဖြစ်တော့ဘူး ကျွန်တော်တို့ဆေးရုံကိုသွားမှရမယ်"


"မသွားဘူး"


သူနားကြားမှားတယ်လို့ထင်လုနီးပါးဖြစ်သွားရသဖြင့် ရွှီလော့ယန်က သေချာလေး ကုန်းပြီး အနားကိုတိုးကာ"ခင်ဗျား ဘာပြောလိုက်တာလဲ ခုနက ခင်ဗျားစကားပြောလိုက်တယ်မလား"


အတော်လေးကြာအောင်စောင့်ပြီးတဲ့အထိ ပြန်တုန့်ပြန်ခြင်းမရှိပေ။ရွှီလော့ယန်က အဓိကစကားကိုစမ်းပြီးပြောလိုက်၏။


"ဆေးရုံကို သွားမလား"


"ဆေးရုံကို....မသွားဘူး"


ဆေးရုံကိုမသွားဘူးတဲ့...!။


ရွှီလော့ယန်က သူ့ခေါင်းသူရိုက်လိုက်မိပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။


ဟုတ်သားပဲ...မကောင်းဆိုးဝါးကိုဘယ်လိုလုပ်ပြီး ဆေးရုံပို့လို့ရမှာလဲ...၊သူဘာလဲဆိုတာပေါ်သွားပြီးတော့ ဓာတ်ခွဲခန်းထဲထည့်ပြီး အရေခွံချွတ်ခံရရင်ကော ဘယ်လိုလုပ်မလဲ...၊သူတို့ အဲ့ဒီကိုသွားလို့မရဘူး...။


ချီချန်အန်းရဲ့လျှို၀ှက်ချက်ကို ထိန်းသိမ်းထားရန်ဆုံးဖြတ်လိုက်ပြီးနောက် ရွှီလော့ယန်က တဖြည်းဖြည်း တည်ငြိမ်လာသည်။အရင်ဆုံးသူ ကုတင်ဘေးကစားပွဲပေါ်ကဆေးပုလင်းတွေကိုတစ်ချက်ကြည့်လိုက်သည်။သူအရင်ကသောက်ခဲ့ဖူးတဲ့ဆေးတွေနှင့်ကွဲပြားနေတာကို တွေ့လိုက်ရသည်။


ပုလင်းပေါ်ကနံပါတ်က"01"ကနေ"04"သို့ပြောင်းသွားသည်။ကြည့်ရတာ ချီချန်အန်းက နေမကောင်းလို့ဆေးသောက်မလို့လုပ်နေပေမယ့် မူးလဲပြီးတော့ ကြွေခွက်ကိုတိုက်မိသွားတာဖြစ်မည်။


ရေနွေးပူပူလေး အသစ်တစ်ခွက်အားထည့်လိုက်ပြီးနောက် ရွှီလော့ယန်က သူ့ကိုဆွဲထူလိုက်ကာသူ့အပေါ်၌မှီခိုင်းလိုက်ပြီး"ဒီမှာ လာ ဆေးသောက်လိုက်"


သူ့ညာလက်နှင့် ဘယ်လက်က ပြီးပြည့်စုံတဲ့ပူးပေါင်းခြင်းမျိုးဖြင့် တစ်လက်က မိန်းမောနေတဲ့ချီချန်အန်းကိုပါးစပ်ဖွင့်ရန် ချော့မော့နေကာ တစ်ဖက်ကအမြန်ဆေးနှစ်လုံးကိုထည့်ရန်ပြင်လိုက်ပြီးနောက် ချီချန်အန်းနားထဲသို့အလွန်ကိုစိတ်ရှည်လှသည့်အသံဖြင့်တိုးတိုးလေးပြောလိုက်သည်။


"ဟုတ်ပြီ ပါးစပ်ကိုဟလိုက် ရေလေးသောက်လိုက်ဦး နောက်ဆုံးမှမျိုချလိုက် ဂရုစိုက် သီးသွားလိမ့်မယ်"


ဆေးတိုက်ပြီးနောက် လူကိုကုတင်ပေါ်၌လှဲခိုင်းလိုက်သည်။


ရွှီလော့ယန်တစ်ယောက် ဘာလုပ်ရမလဲမသိတော့...မကောင်းဆိုးဝါးတသ်ကောင်နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ...။


နောက်ဆုံး သူအရာအားလုံးကိုကြည့်ကြပ်လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူအပြင်ကိုထွက်ပြီး ရေနွေးထည့်ထားသည့် ဇလုံယူလိုက်ကာ ရေစို၀တ်ကို ချီချန်အန်းရဲ့နဖူးအပေါ်တင်ပေးလိုက်သည်။


နာရီ၀က်လောက်ကြာတော့ တဘက်ကိုပဲ အာရုံစိုက်ပြီးကြည့်နေသည့် ရွှီလော့ယန်တစ်ယောက် ရုတ်တရတ် ချီချန်အန်းရဲ့မျက်လုံးဖွင့်လာတာကို သတိထားမိလိုက်သည်။သူ့နားကို အမြန်တိုးသွားပြီး သူ့နာမည်ကိုနှစ်ကြိမ်လောက်ခေါ်လိုက်ပေမယ့် ပြန်ပြီးမတုန့်ပြန်ပေ။


သူခွေးခြေခုံပေါ်ပြန်ထိုင်မလို့ပြင်နေတုန်း ချီချန်အန်းရဲ့ အသံကိုကြားလိုက်ရသည်။


"....မား"


"......."


ရွှီလော့ယန်ခမျာ ကြမ်းပြင်ပေါ်လဲကျလုနီးနီးဖြစ်သွားရကာ...သူ့ လက်ဖြင့်တဘတ်ကိုနောက်တစ်ကြိမ်လှမ်းယူပြီးလှဲလှယ်ပေးလိုက်သည်။


နည်းနည်းကူကယ်ရာမဲ့စွာဖြင့်"ကျွန်တော်က ခင်ဗျားရဲ့အမေမဟုတ်ဘူးဗျ ကျွန်တော်က ယောက်ျားကြီး အထီးဗျ..."


အရင်တုန်းက သူလွန်ဆွဲဖူးသည်။ ချီချန်အန်းက သူ့ဘာသာသူကျင့်ကြီးပြီးမကောင်းဆိုးဝါးဖြစ်လာတာလား ဒါမှမဟုတ် မွေးကတည်းကမကောင်းဆိုးဝါးအဖြစ်မွေးဖွားလာတာလားဆိုတာကို...။


အခု သူ့မှာအမေရှိတယ်ဆိုတော့...သူက သန့်စင်တဲ့သွေးနှင့်ဒုတိယမျိုးဆက် မကောင်းဆိုးဝါးဖြစ်လောက်သည်။


သူ့ကိုယ်ခံအားကနည်းတယ်ဆိုတော့...သူကလူသားနဲ့မကောင်းဆိုးဝါးရောတဲ့သွေးနှောများလား။


ခဏလောက်အကြာတွင် ရွှီလော့ယန်သည်လည်း စိတ်ဓာတ်ကျသွားရကာ စိတ်နှလုံးမှာတုန်ယင်လာရပြီး သူ့ကိုယ်သူအသံတိုးတိုးဖြင့်ပြောလိုက်သည်။


"ကျွန်တော်လည်း အမေကိုလွမ်းတယ်..."


အလင်းရောင်ကြောင့်လားတော့ သူ မသိ ချီချန်အန်းရဲ့ညာဘက်မျက်လုံးမှာ ကိုဗော့အပြာရောင်အကွင်းလေးကို နောက်တစ်ကြိမ်ထပ်တွေ့လိုက်ရပြန်သည်။သို့ပေမဲ့ သူကအတော်လေးတည်ငြိမ်လျက်ရှိပြီး ဇလုံထဲကိုရေနွေးအနည်းငယ်ထည့်ကာ တဘက်ကိုရေဆက်ညစ်လိုက်သည်။


ချီချန်အန်းက နောက်တစ်ကြိမ် ငိုကြွေးရင်းသူ့အမေကိုခေါ်နေတာကို သူကြားသည့်အခါ ရွှီလော့ယန် အနည်းငယ်စိတ်မကောင်းဖြစ်သွားရသဖြင့်"ခင်ဗျားရဲ့မားက ဘယ်မှာလဲ ခင်ဗျားသူအသံကိုကြားရအောင် ကျွန်တော်ဖုန်းခေါ်ပေးမယ်လေ ဒါဆိုအဆင်ပြေလား"


"မား...မားကသေသွားပြီ"


ရေညှစ်နေတဲ့ ရွှီလော့ယန်ရဲ့လက်ကရပ်တန့်သွားရပြီး ဇလုံထဲကရေ‌တွေလှုပ်ခါနေတာကို စိုက်ကြည့်နေရင်းမှ နေ့လည်တုန်းက ဇာတ်၀င်ခန်းတစ်ခုမှာ ချီချန်အန်း ရုတ်တရတ်ကြီး စိတ်ခံစားချက်တွေပြိုလဲသွားကာ သူ့မျက်လုံးတွေထဲခဏလောက် စိတ်အားငယ်မှုတွေပြည့်နှက်နေတာကို သူသတိရသွားသည်။ပြီးနောက် သူ့လက်တွေကို လုပ်လက်စအတွက်ဆက်လက်ပြီးလှုပ်ရှားလိုက်သည်။


သူ့လက်ထဲက တဘက်ကိုချလိုက်ကာ စက္ကန့်အနည်းငယ်လောက်တွန့်ဆုတ်နေပြီးနောက် ရွှီလော့ယန်ကခွေးခြေခုံပေါ်၌ထိုင်ပြီး ချီချန်အန်းရဲ့ပူကျစ်နေတဲ့လက်အား ခပ်ဖွဖွလေးကိုင်ထားကာ "ဒါဆို ကျွန်တော့တို့နှစ်ယောက်လုံးမှာ အမေမရှိကြတော့ဘူးပေါ့"


ချီချန်အန်းရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်း ပုံမှန်မဟုတ်ဘဲနီရဲနေတဲ့မျက်နှာကိုသူကြည့်လိုက်ပြီး သက်ပြင်းဖွဖွချကာ"အဖြစ်ချင်းတူလို့ကိုယ်ချင်းစာ သနားပြီး ခင်ဗျားရဲ့မားနေရာမှာ ခဏနေပေးမယ်လေ ဒါ့အပြင် ကျွန်တော်လည်းဘာတတ်နိုင်တော့မှာလဲ"


ထိုစကားကိုပြောပြီးသည်နှင့် သူသတ္တိမွေးကာ သူ့လက်ဖ၀ါးဖြင့် ချီချန်အန်းကိုညင်ညင်သာသာလေးပုတ်ပေးလိုက်သည်။


"အိပ်ပါတော့ ချန်အန်းလေးရယ် မားမား ဒီမှာရှိပါတယ်..."


သို့ပေမဲ့ သူတစ်ချက်‌လောက်လေးပုတ်ပေးရုံမျှနှင့် ချီချန်အန်းတစ်ယောက် နိုးလာလိမ့်မည်ဟုသူ တကယ်ကြီးမထင်ထားချေ။


သူ့လက်ကိုသူတစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီလော့ယန်အံအားသင့်သွားရကာ သူ့ကိုယ်သူ တွေးလိုက်မိသည်။


သေစမ်း...ဘယ်လိုမှော်ပညာမျိုးလဲဟ...။



"လော့ယန်" 


ချီးချန်အန်းရဲ့အသံက ကွဲအက်နေကာ သူ့တွေးခေါ်နိုင်စွမ်းက အခုထိ မကြည်လင်သေးပုံရသည်။


"မင်းခုနကပြောလိုက်တာ.........ဘယ်သူရှိတယ်"


ရွှီလော့ယန်က ရဲရင့်တဲ့အမှုအယာမျိုးဖြင့်"ချန်အန်းကော နောက်ဆုံးတော့ နိုးလာပြီပေါ့"


__