အပိုင်း ၁
Viewers 3k

“ဘုန်း…”

ကျယ်လောင်သည့်အသံကြောင့် မင်လျိုရီ ၏မျက်လုံးများ ရုတ်တရက်ပွင့်သွားသည်။ သိုသော် သူမ၏အမြင်များမကြည်လင်ခင်မှာပင် မူးဝေမှုကိုခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး လက်တစ်ချောင်းပင်မလှုပ်နိုင်သည်အထိ အားအင်ချိနဲ့နေသည်။

သူမကိုယ်သူမ ဘာဖြစ်သွားမှန်းမသိသေခင်မှာပင် ခေါင်းထဲသို မှတ်ညဏ်များဖြည်းညင်းစွာဝင်လာသည်။ သူမစိတ်များတည်ငြိမ်အောင် အချိန်တစ်ခုယူပြီးနောက် ခေါင်းထဲမှအတွေးများကိုရှင်းလိုက်သည်။ အားလပ်ချိန်များတွင် သူမဖတ်လေ့ရှိသည့် စာအုပ်ထဲသို အမှန်တကယ်ကူးပြောင်းလာမှန်း နားလည်သွားသည်။

စာအုပ်အမည်မှာ “ ဒုက္ခိတဘောစ့်ကိုကယ်တင်ခြင်း “ ဖြစ်သည်။ စာအုပ်အမည်ကိုကြည့်လိုက်ရုံဖြင့် အလွန်ပျင်းစရာကောင်းမှန်း သိသာစေသည့်စာအုပ်ပင်။ သိုသော် အလွန်စွဲဆောင်မှုရှိသည်ဟု သူမပြောရမည်ပင်။

မင်လျိုရီ သည် ထိုစာအုပ်ထဲမှဇာတ်ကောင်သည် သူမအမည်နှင့်တူသောကြောင့် စိတ်ဝင်စားခဲ့သည်။ ဇာတ်လမ်းအကြမ်းဖျင်းမှာ အဓိကဇာတ်လိုက်ဖြစ်သည့် ယောင်ကျိကျိုး သည် တချိန်က တိကျပြတ်သားသည့် စီအီးအိုတစ်ဉီးဖြစ်ခဲ့သော်လည်း တစ်စုံတစ်ယောက်ကြောင့် အက်ဆီးဒင့်ဖြစ်ကာ ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုအကြောင်းကိုစုံစမ်းရန်ကြိုးစားချိန်တွင် ကြံစည်ထားသည့်မြေပြိုမှုကြောင့် သူ၏အမြင်အာရုံများဆုံးရှုးသည့်အပြင့် ခြေနှစ်ဖက်လုံးဒဏ်ရာအကြီးအကျယ်ရခဲ့သည်။ သိုသော် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့သော်လည်း ပြန်လည်ကုသမှုကိုလက်ခံရန် အပြင်းအထန်ငြင်းဆန်ခဲ့သည်။ ထိုအပြင့် ဖခင်ဖြစ်သူသည် တခြားသူများ၏ သူ့အားကောင်းမွန်စေရန်ဟူသော အကြံစကားများအားလက်ခံကာ သူ၏အိမ်ထောင်ရေးအား စီစဉ်ပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။ 

သူ့ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများသည် အမှန်တကယ်ပင်ဖြစ်သည်။ ထိုအနေအထားဖြင့် ဇနီးသည်အားမည်သိုကိုင်တွယ်နိုင်မည်နည်း….

သိုသော် Mr.ယောင် က ထိုကိစ္စအားစိတ်မပူခဲ့ပေ။ သူ၏သားဖြစ်သူသည် ဒဏ်ရာများရှိသော်လည်း မိသားစု၏ဂုဏ်သတင်းအောက်တွင်ရှီသောကြောင့်ပင်။ ဇနီးဖြစ်သူသည်လည်း နိမ့်ပါးသည့်နေရာမှလာသည့်သူမဖြစ်နိုင်ပေ။ ထိုသိုဖြင့် အဆုံးသတ်တွင် မင်လျိုရီ သည် ယောင် မိသားစုထဲသိုရောက်ရှိလာတော့သည်။ 

မူလ မင်လျိုရီ တွင် ချစ်သူတစ်ယောက်ရှိနေပြီး မသန်စွမ်းဒုက္ခိတတစ်ယောက်နှင့် အတင်းတကြပ်လက်ထပ်ခဲ့ရသဖြင့် သူမ၏စိတ်အခြေအနေသည် ဆိုးရွားခဲ့ပြီး အမျိုးသားဇာတ်လိုက်အား နှိပ်စက်ညှင်းပန်းသည့် အမျိုးသမီးဇာတ်ပိုတစ်ဦးဖြစ်လာခဲ့သည်။ အနိုင်ကျင့်မှု နှိပ်စက်မှုများက တစ်စထက်တစ်စ ဆိုးရွားလာခဲ့ပြီး အဆိုးဆုံးမှာ လှေကားပေါ်မှ ယောင်ကျိကျိုး အားတွန်းချခဲ့ပြီး သတိလစ်မေ့မျောစေသည့် အခြေအနေသိုရောက်စေခဲ့ခြင်းပင်ဖြစ်သည်။ 

မူလဇာတ်လမ်းတွင် လုံးဝပြန်သတိမလည်လာနိုင်ဘူးဟု လူတိုင်းကထင်ထားသည့် အမျိုးသားဇာတ်လိုက်သည် အံ့အားသင့်စရာကောင်းလှစွာဖြင့် ၃ လအကြာတွင် ပြန်လည်နိုးထလာနိုင်သည်။ သူသတိပြန်ရသည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ သူ၏ဇနီးသည်အားလက်စားချေခြင်းပင်။

ကြေကွဲဖွယ်ရာအဆုံးသတ်ကို ခန့်မှန်းကြည့်နိုင်သော်လည်း သူမထိုဝတ္တု၏အဆုံးသတ်ပိုင်းအထိ မဖတ်ရသေးပေ။ ထိုကြောင့် အခြေအနေအားလုံးကို ပြန်လည်ပြုပြင်နိုင်မည့် အခွင့်အရေးရှိရန် မျှော်လင့်မိသည်။

ယခုအချိန်တွင် မင်လျိုရီ သည် သူမ၏မှတ်ညဏ်များကို သေသေချာချာစဉ်းစားပြီးဖြစ်၍ အတော်လေးတုန်လှုပ်ခြောက်ခြားသွားသည်။ သူမ၏မျက်လုံးများ အလင်းရောင်နှင့်အသားတကျဖြစ်ချိန်တွင် တစ်စုံတစ်ဦး အသံကိုကြားလိုက်ရသည်။

အပြင်ဘက်တွင် မိုးသက်မုန်တိုင်း၏အရှိန်ကြောင့် မိုးခြိမ်းသံများဆူညံကာ လျက်စီးများလက်နေသော်လည်း အခန်းထဲရှိလေထုသည် စိုးရိမ်စရာဖြစ်နေသည်။

“Mr.ယောင် ရဲ့ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ပါပဲ… ဒါပေမယ့် … သတိပြန်လည်မလာသေးပါဘူး … “

ယောင်ကျိကျိုး ၏ ဆရာဝန်က ပြောလိုက်သည်။

“ သူဘယ်အချိန် သတိပြန်ရမလဲဆိုတာပဲ သိချင်တယ်”

လူအိုကြီးတစ်ယောက်၏ စိုးရိမ်တကြီးအသံထွက်ပေါ်လာသည်။

ယောင်ကျိကျိုး ၏ ဖခင် ယောင်ကွေ ဖြစ်မည်ဟု မင်လျိုရီ မှန်းဆမိသည်။

“ ဒါက… ကျွန်တော်အသေအချာပြောလိုမရဘူး … ပြန်လည်ထူထောင်ရေးက တစ်ယောက်နဲ့တစ်ယောက်မတူဘူး … တကယ်လို Mr ယောင် သာ စိတ်ဓာတ်မခိုင်မာဘူးဆိုရင် ဒီအခြေအနေတိုင်းပဲ ဆက်ရှိနေလိမ့်မယ်… အားလုံးပဲစိတ်ကိုကြိုပြင်ဆင်ထားဖို ပြောချင်ပါတယ်… “

‘’ ဒီစကားက ဘာအဓိပ္ပာယ်လဲ “ 

ရုတ်တရက် ယောင်ကွေ ဒေါသတကြီးအော်ဟစ်လိုက်သည်။ 

“ငါ့သားက အသိပြန်မဝင်တော့ဘူး တချိန်လုံးသတိလစ်နေမယ်လို ဆိုချင်တာလား … “

နောက်ဆက်တွဲအနေဖြင့် ဆူညံသံများထွက်ပေါ်လာသည်။ အခန်းထဲတွင် ဆရာဝန်၏ အကြံပေးချက်များ နာစ်များ၏နှစ်သိမ်သံများ မိသားစုဝင်များ၏မေးမြန်းသံများ သက်ပြင်းချသံများ ငိုသံများဖြင့် ပြည့်နှက်သွားသည်။

မင်လျိုရီ နားမလည်စွာဖြင့် မျက်လုံးမှိတ်လိုက်မိသည်။ 

‘ ဒါဆေးရုံတစ်ခုမှာပဲ…’

ထိုအခြေအနေကို မင်လျိုရီ မူလဇာတ်လမ်းထဲတွင်ဖတ်ပြီးသားဖြစ်သည်။ မူလ မင်လျိုရီ သည် မကောင်းသည့်အရာများ အားလုံးကိုလုပ်ဆောင်ပြီး ဖြစ်ကြောင်းသူမနားလည်လိုက်သည်။ 

‘ ဒီအခြေအနေကို သူမဘယ်လိုပြန်လှန်ခဲ့သလဲ… ‘

မူလဝတ္တုထဲတွင် မင်လျိုရီ သည် ယောင်ကျိကျိုး ကိုလှေကားမှတွန်းချခဲ့သည်။ သိုသော် ယောင်ကျိကျိုးသည် ချက်ခြင်းပြုတ်မကျသွားခဲ့ပဲ သူမလက်ကိုပါဆွဲထားသည့်အတွက် နှစ်ယောက်လုံးပြုတ်ကျခဲ့သည်။ 

ထိုနောက်တစ်ဉီးမှာ ကိုမာအနေအထားဖြစ်ခဲ့ပြီး နောက်တစ်ဉီးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်။

ထိုကြောင့် နောက် ၃ လ ယောင်ကျိကျိုး ပြန်လည်သတိရလာချိန်တွင် မင်လျိုရီ ရင်ဆိုင်ရမည့်အရာမှာ ယောင်ကျိကျိုး ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် လက်စားချေမှုပင်….

မင်လျိုရီ အကူညီမဲ့စွာဖြင့် သက်ပြင်းချမိသည်။ တကယ်တမ်းတွင် စာအုပ်ထဲသိုမကူးပြောင်းခင်က သူမသည် သာမာန်လူတစ်ယောက်မဟုတ်ခဲ့ပေ။ သာမန်လူများတွင် ဝိညဏ်စမ်းချောင်း၏ အကာအကွယ်မရှိပေ။ ထိုအပြင့် မိသားစုထဲတွင်သူမသည် အငယ်ဆုံးကလေးဖြစ်သောကြောင့် အလိုလိုက်ခံခဲ့ရသည်။ မည်သူမှသူမအားအနာတရဖြစ်အောင်မလုပ်နိုင်ပေ။ ထိုကြောင့်သူမသည် နာခံမှုမရှိသည့်အပြင့် မကြာခဏ အပြင်သိုတစ်ယောက်တည်း ထွက်လေ့ရှိသည်။

ထိုအခြင်းအရာကိုကောင်းကင်မှ မကြည့်ရက်သည့်အတွက် စာအုပ်ထဲမှ သူမနှင့်အမည်တူသည့် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ကောင်၏ ခန္ဓာကိုယ်ထဲသို  ကူးပြောင်းပေးခြင်းပင်ဖြစ်မည်။ ‘

‘ သူမအား ဒီကမ္ဘာကြီး၏မကောင်းမှုများကို ခံစားခွင့်ပေးလိုက်တာများလား …’