အပိုင်း ၂
Viewers 8k

မင်လျိုရီ သူမ၏ခန္ဓာကိုယ်ကိုစစ်ဆေးရန်ကြိုးစားလိုက်သည်။ ရုတ်တရက် ကြည်လင်သောနေ့တစ်နေ့တွင် မိုးခြိမ်းသံကိုကြားလိုက်ရသလို အံ့ဩတုန်လှုပ်ကာ သူမ မျက်လုံးများပြူးကျယ်သွားသည်။ သူမရဲ့ ဝိညဏ်စမ်းချောင်းဘယ်ရောက်သွားတာလဲ… ဘာလို့ ခြောက်သွေ့လုနီးပါးနေရတာလဲ…

 

မင်လျိုရီ များပြားလှသည့်ခံစားချက်များထွက်ပေါ်လာပြီးနောက် ကံကောင်းသေးသည်ဟုတွေးလိုက်မိသည်။ အနည်းဆုံး အားလုံးခြောက်သွေ့သွားခြင်း မဟုတ်သည့်အတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသည်။ မဟုတ်လျင် သူမအတွက် ရွေးချယ်စရာ နှစ်လမ်းသာရှိပေတော့မည်။ တစ်လမ်းမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းပင်။ နောက်တစ်လမ်းမှာ အမျိုးသားဇာတ်လိုက်၏ လက်စားချေမှု စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှင်းပန်းမှု မျိုးစုံကိုခံစားပြီး ရူးသွပ်သွားရမည်ပင်။

 

သို့သော် သူမတွင် ဝိညဏ်စမ်းချောင်းရှိနေသေးသ၍ မျှော်လင့်ချက်ရှိနေသေးသည်။

 

“ အဟွတ်… ရေ… ရေ…”

 

မင်လျိုရီ ယခုမှနိုးလာဟန်ဆောင်ကာ အားလုံး၏အာရုံကိုဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

 

သို့သော် မည်သူမျှဂရုမစိုက်ပေ။ လူအုပ်ကြီးသည် သူမ၏မြင်ကွင်းကိုပိတ်ဆို့ထားသည်။

 

မင်လျိုရီ အနည်းငယ် အရှက်ရသလိုခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်အားလှုပ်ရှားရန်ကြိုးစားပြီးနောက် နာကျင်မှုများမရှိတော့သည်ကိုသိလိုက်ရသည်။ ယခုဆိုလျင် သူမ မပိုင်ဆိုင်သော ခန္ဓာကိုယ်အားထိန်းချုပ်နိုင်ပြီဖြစ်သည်။

 

သူမ၏လည်ချောင်းမှာပူလောင်ပြီး ရေငတ်လာသည်။ ရွေးစရာမရှိသည့်အတွက် သူမသာဘာ ဖြည်းညှင်းစွာထထိုင်ပြီး ဘေးနားရှိဗီရိုပေါ်မှ ရေနွေးအိုးကိုကောက်ကိုင်လိုက်သည်။ သူမအတွက် ရေတစ်ဖန်ခွက်လောက်သာ ငှဲ့ရန်ကြိုးစားလိုက်သော်လည်း ရေနွေးအိုး၏အလေးချိန်ကို သတိမထားခဲ့မိပေ။ ထို့ကြောင့် သူမ အားအလွန်အကျွံသုံးမိကာ ရေနွေးအိုးဖြင့် ဖန်ခွက်ကိုခွဲလိုက်မိတော့သည်။

 

“ ခွမ်း … “

 

ဖန်ခွက်ကွဲသံသည် လူတိုင်း၏အာရုံကိုဖမ်းစားသွားသည်။ နောက်ဆုံးတွင် သူတို့အားလုံး မင်လျိုရီနိုးလာသည်ကို သတိထားမိသွားကြသည်။

 

အနေရခက်စွာဖြင့် မည်သို့နှုတ်ဆက်ရမည်ကိုတွေးတောရင်း မင်လျိုရီ ပါးစပ်ဟလိုက်ချိန်တွင် လူတိုင်း၏ ဆူငေါက်သံကိုကြားလိုက်ရသည်။

 

ပထမဆုံးစပြောသူမှာ ယောင်ကွေ ဖြစ်သည်။ ကျယ်လောင်သည့်အသံဖြင့် သူမအားအော်ငေါက်တော့သည်။

 

“ ယောင်ကျိကျိုးကို ဘယ်လိုမျိုးဂရုစိုက်နေတာလဲ … ဇနီးတစ်ယောက်အနေနဲ့ သူဘယ်အချိန်နိုးမလဲဆိုတာ မေးမယ့်အစား ခွက်ကိုခွဲလိုက်ရလား … ကျိကျိုးအခုလိုဖြစ်ရတာ အားလုံးကနင့်ကြောင့်ပဲဆိုတာသေချာတယ် … နင် ဘယ်လိုလုပ်လိုက်တာလဲ … နင်က ဒီလိုရက်စက်တတ်မှန်း ငါကြိုသိရင် ဒီမိသားစုထဲဝင်ဖို့ ခွင့်ပြုခဲ့မှာမဟုတ်ဘူး … “

 

ယောင်ကွေ ၏အမြင်တွင် သူမသည် ချိုက်မိသားစုမှ လက်ထပ်ပွဲအတွက် အစားထိုးတစ်ယောက်သာဖြစ်သည်။ ထိုစဉ်ကတည်းက မကျေမနပ်ဖြစ်ခဲ့သည့်အပြင် ယခုလိုအခြေအနေဖြစ်လာသည့်အတွက် ပို၍ဒေါသထွက်နေသည်။

 

အချိန်ခဏအတွင်းမှာပင် လူအားလုံး၏အကြည့်သည် သူမအပေါ်တွင်သာစူးစိုက်ကျရောက်နေသည်။ ထိုအကြည့်များသည် ယောင်ကျကျိုး နိုးမလာခင် ၃ လအတွင်း သူမအားသတ်ပစ်တော့မလိုပင်။

 

“ အန်ကယ်ကွေ… ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ … ဒီနေရာမှာ နားလည်မှုတစ်ခုခုလွဲနေတာ ဖြစ်ပါလိမ့်မယ်… လျိုရီ … မင်းရောဘယ်လိုထင်လဲ … “

 

လူငယ်တစ်ဦးက ယောင်ကွေကိုဖျောင်းဖျရန် ပြောလိုက်သည်။

 

လူအုပ်ထဲမှ ထိုလူငယ်ကို မင်လျိုရီ တွေ့လိုက်သည်။ ယောင်ကျိကျိုး၏ဝမ်းကွဲ ယောင်ကျိရန်ဖြစ်သည်။

 

ယခုယောင်ကျိကျိုး၏ အိပ်ယာထက်၌ကိုမာဝင်သည့်အခြေအနေတွင် အကျိုးအရှိဆုံးမှာ ယောင်ကျိရန်ပင်ဖြစ်သည်။ မင်လျိုရီ မျက်နှာသာရရန်တွက် ဦးလေးဖြစ်သူအားဖျောင်းဖျနေသော်လည်း သူ၏နှလုံးသားထဲတွင် လက်ခုပ်လက်ဝါးတီးကာပျော်ရွှင်နေသည်။ ထိုမှသာ အားလုံး၏အမြင်တွင် ညီအစ်ကိုကောင်းဟူသည့် ပုံရိပ်အားစွဲထင်စေမည်မဟုတ်ပါလား။

 

ယောင်ကွေ သက်ပြင်းချလိုက်သည်။

 

“ ဒါဆို ငါ့ကိုရှင်းပြစမ်း … ဘာလို့အိမ်အကူတွေအားလုံးက ကျိကျိုးကို လှေကားကနေ နင်တွန်းချလိုက်ပါတယ်လို့ ပြောနေရတာလဲ … “

 

မင်လျိုရီ၏ဦနှောက် ချက်ချင်းအလုပ်များသွားသည်။ သူမမျက်လုံးကိုပြူးကျယ်ရင်း မရှိသည့်မျက်ရည်များကို ညှစ်ထုတ်လိုက်သည်။ ထို့နောက် ဆို့နစ်စွာဖြင့် ငိုရှိုက်ရင်းပြောသည်။

 

“ ကျွန်မက သူ့ကိုဘာလို့တွန်းချရမှာလဲ … ဒီကိစ္စမှာ ကျမလဲသူနဲ့အတူတူ ပြုတ်ကျခဲ့တာပဲလေ … ကျွန်မယောကျာ်းကို ဒုက္ခရောက်အောင်လုပ်ဖို့ ကျွန်မကိုယ်ကိုပါအနာခံပါ့မလား … ကျွန်မ ဝှီလ်းချဲကိုမထိန်းနိုင်ဖြစ်သွားတဲ့အချိန်မှာ ကျိကျိုးကိုလှမ်းဆွဲဖို့ကြိုးစားပါသေးတယ် … ဒါပေမယ့် နှစ်ယောက်လုံးပြုတ်ကျသွားတယ်လေ … အခုကျွန်မမျက်လုံးဖွင့်တာနဲ့ ရှင်စွပ်စွဲတာကိုခံလိုက်ရတော့တာပဲ … ”

 

လူတိုင်းအမူအယာများ အနည်းငယ်ပြောင်းလဲသွားသည်ကို မင်လျိုရီမြင်လိုက်ရသည်။ ထို့ကြောင့် သူမ၏သရုပ်ဆောင်မှုကို အရှိန်မြှင့်တင်ရင်းဆက်ပြောလိုက်သည်။

 

“ ကျိကျိုးအပေါ် ကျွန်မရဲ့ခံစားချက်တွေက စစ်မှန်ပြီးရိုးသားပါတယ်… အခုသူဒုက္ခရောက်နေချိန်မှာ ရှင်တို့ကကျွန်မကိုအခုလိုဆက်ဆံနေမှတော့ … ကျွန်မသူနဲ့ကွာရှင်းပါရစေ… ကျွန်မအိမ်ကိုပြန်ချင်တယ် … ”

 

ထိုစကားပြောနေချိန်တွင် မင်လျိုရီ၏မျက်ရည်များမှာ အမှန်တကယ်ပင်။ သူမနှင့် မရင်းနှီးသည့်ပတ်ဝန်းကျင်တွင် သူမအတွက် သူစိမ်းဖြစ်သည့်လူများနှင့်သာတွေ့ကြုံနေရပြီး သူမချစ်ခင်သည့်မိသားစုတစ်ယောက်မှ အနားတွင်မရှိပေ။ ဒီဆိုးရွားသည့်အန္တရာယ်များကို သူမတစ်ယောက်တည်း ရင်ဆိုင်နေရသည်မဟုတ်ပါလား …

 

မင်လျိုရီ ငိုလေလေ သူမပိုဝမ်းနည်းလာလေလေဖြစ်သည်။ တဆက်တည်းမှာပင် ရှိုက်သံများပါထွက်ပေါ်လာသည့်အတွက် စောင့်ကြည့်နေသည့်လူများအား သူမကို သနားစိတ်ဝင်လာစေတော့သည်။

 

ထိုအခြင်းအရာကိုမြင်သည့် ယောင်ကွေ၏နှလုံးသားသည်လည်း ပျော့ပြောင်းသွားပြီး သူ၏လေသံမှာကြမ်းတမ်းသွားသည်ဟု ခံစားလိုက်မိသည်။ တခြားသူများသတိမထားမိသော်လည်း ထိခိုက်ဒဏ်ရာရပြီးကတည်းက ယောင်ကျိကျိုး၏ အကျင့်စရိုက်ပြောင်းလဲသွားသည်ကို သူသိသည်။ အရင်းနှီးဆုံးမိသားစုဝင်များကိုပါ စကားမပြောတော့ဘဲ လျစ်လျူရှုထားတတ်သည်။ မင်လျိုရီသည် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအပေါ်တွင်စိတ်ရင်းမှန်နှင့်သာဆက်ဆံခဲ့သည်။ သူမတွင်ဖိအားများစွာရှိနေပေလိမ့်မည်။

 

ယောင်ကွေ မတတ်သာသည့်အဆုံး လေသံကိုလျော့ကာ ပြောလိုက်သည်။

 

“ ဒါဆိုလဲ မင်း ကျိကျိုးနဲ့ကောင်းကောင်းမွန်မွန်နေပေးသင့်တယ် … သူက အခုတော့ကိုမာဝင်သွားပြီ … ပြီးတော့ ခန္ဓာကိုယ်ကအားလုံးပုံမှန်ပဲလို့ပြောတယ် … ဒီတော သူပြန်နိုးလာတဲ့အခါကျရင် မင်းဘဝပိုအဆင်ပြေသွားလိမ့်မယ် … “

 

အခန်းထဲရှိ မင်လျိုရီအပေါ် ရန်လိုနေသည့်လေထုမှာ ချက်ခြင်းပျောက်ကွယ်သွားသည်။ စာအုပ်ထဲသို့ သူမကူးပြောင်းပြီးနောက် အခြေအနေများကိုပြောင်းလဲလိုက်လျင် အေးချမ်းစွာနေနိုင်မည်ဟု သူမယုံကြည့်မိသည်။