အပိုင်း ၁၆၂
Viewers 30k

Chapter 162



ရှန်းလျိုရှန့်၏ အမြင်အာရုံက မှောင်မည်းသွားပြီးနောက် သူ့ဘေးတွင်ထိုင်နေသူက ငြိမ်သက်သွားသည်ကို သတိပြုမိလိုက်သည်။ သူ မေးမြန်းတော့မည့်အချိန်မှာပင် အိပ်ရာပေါ်ဖိကပ်ခံလိုက်ရပြီး လေးလံသည့်အရာတစ်ခုက သူ့လည်တိုင်ပေါ် ကျရောက်လာသည်။


ရှန်းလျိုရှန့်: "——"


ကျိုးရွှမ်လန်က သူ့ဝတ်ရုံခါးပတ်ကို လက်ချောင်းသွယ်သွယ်များဖြင့် ဆွဲချွတ်လိုက်သည့်အခါ လူငယ်လေး၏ အတွင်းဝတ်ရုံက တဖြည်းဖြည်းပြေလျော့သွားပြီး သူ့လည်တိုင်နှင့် ပခုံးအကြားမှ အသားအရည်ဖြူဖြူဖွေးဖွေးလေးများ ထွက်ပေါ်လာသည်။


ရှန်းလျိုရှန့် မူလက အမောတကောပင့်သက်ရှိုက်နေရာမှ မျက်လုံးများနီရဲသွားပြီး အသိစိတ်ကပါ ပြန့်ကျဲသွားရန် မကြာမြှင့်လိုက်ပေ။ 


သူက မျက်လုံးကို အုပ်ထားခံရသည်အား နေသားမကျ ဖြစ်နေသည်။


သူ့အမြင်အာရုံ အမှောင်ဖုံးလွှမ်းသွားသည့်အခါ အခြားသော အာရုံများက သိသိသာသာတိုးမြှင့်လာသည်။ သူ့နားရွက်ဖျားနားမှ ကျိုးရွှမ်လန်၏အသက်ရှုသံပြင်းပြင်းက အဆပေါင်းများစွာ ပိုပြင်းထန်လာသည်ဟု ထင်ရကာ သူ့ခန္ဓာကိုယ်ပေါ်ပြေးလွှားနေသည့် လက်ချောင်းများက မီးတောက်ကို ယပ်ခတ်ပေးနေသကဲ့သို့ ဖြစ်လာ၍ ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး ပူလောင်လာပြီး သူ့မျက်လုံးကိုကာထားသည့် အနက်ရောင်ဖဲကြိုးကို ဖယ်ပစ်ချင်လာသည်။


သို့သော် ဖဲကြိုးကိုဖယ်ပစ်တော့မည့်အချိန်မှာပင် တစ်ဖက်က အမြန်သတိပြုမိသွားပြီး သူ့လက်ကို အိပ်ရာပေါ်သို့ ဖိကပ်ထားလိုက်သည်။


‌ပိန်သွယ်သည့် လက်ကောက်ဝတ်ဖြူဖြူလေးက ဖမမ်းချုပ်ထားခံလိုက်ရ၍ မလှုပ်ရှားနိုင်တော့ပေ။ 


တစ်ချိန်တည်းမှာပင် ကျိုးရွှမ်လန်၏ အခြားလက်တစ်ဖက်က သူ့ခါးအောက်သို့ တဖြည်းဖြည်းဆင်းလာသည်။ ရှန်းလျိုရှန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး နှုတ်ခမ်းများတုန်ယင်လာကာ ပြောစရာစကားမဲ့သွားမိသည်။


ကျိုးရွှမ်လန်က သူ့အောက်ဘက်မှလူ၏ ခန္ဓာကိုယ်က တောင့်တင်းလာသည်ကိုမြင်၍ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး နားနားကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်း စိတ်လျှော့ထားပါ..."


ရှန်းလျိုရှန့် အနည်းငယ်စိတ်လျှော့ထားလိုက်ပြီးနောက် နှုတ်ခမ်းကိုက်လိုက်သော်လည်း ခဏအကြာတွင် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာကာ ငိုတော့မည့်အသံမျိုးဖြစ်လာသည်။

" ခဏ... မလုပ်နဲ့တော့..."


ကျိုးရွှမ်လန် ပြုံးလိုက်ပြီး သူပြောနေသည်ကို မကြားချင်ယောင်ဆောင်လိုက်သည်။


.....


ဖဲကြိုးနက်လေးက မျက်ရည်များဖြင့် စိုရွှဲသွားသည်။ ကျိုးရွှမ်လန် ဖဲကြိုးကို ပြန်ဖြည်ပေးလိုက်ချိန်တွင် အောက်ဘက်မှ သတိလက်လွတ်ဖြစ်ပြီး အရည်လဲ့နေသော ဇာမဏီမျက်ဝန်းများကို မြင်တွေ့လိုက်ရသည်။ မျက်လုံးထောင့်မှ စိမ့်ထွက်လာသော မျက်ရည်များက နီရဲနေသည့် မျက်ဝန်းနီလေးကို ပိုမိုဆွဲဆောင်မှု ရှိလာစေသည်။


လူငယ်လေးက အသက်ကိုဖြည်းဖြည်းချင်းရှုနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက အထိမခံနိုင်သည်အထိ နူးညံ့ပျော့ပျောင်းလာသည်။


သူ တပ်မက်မှုထဲ နစ်မြှုပ်သွားချိန် သို့မဟုတ် အရာအားလုံး ပြီးဆုံးသွားချိန်တွင် ဖြစ်ပေါ်လာသည့် အကြည့်က ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင် လှပပေသည်။


ကျိုးရွှမ်လန်က သူ၏ နီရဲနေသော နှုတ်ခမ်းပါးများကို နမ်းလိုက်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်း ကျွန်တော်နဲ့အတူတူ စုံတွဲကျင့်ကြံဖို့အချိန် ရောက်ပြီထင်တယ်..."


ရှန်းလျိုရှန့်၏ လွင့်ပျံ့နေသောအာရုံများ ပြန်လည်စုစည်းလာကာ အသိစိတ်ကပ်လာ၍ မျက်ဆံများကျုံ့ဝင်သွား‌သည်။ သူ အသည်းအသန်ခေါင်းခါယမ်းပြီး ရုန်းကန်ကာ တွန်းထုတ်နေမိတော့သည်။

" မလုပ်ဘူး မလုပ်ဘူး... ငါ ပင်ပန်းနေပြီ မရတော့ဘူး..."


ရှန်းလျိုရှန့်မှာ တစ်ညတာလုံး အနှိပ်စက်ခံခဲ့ရပြီးဖြစ်သည်။ ယခုအချိန်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေ၍ ငြင်းဆန်ခြင်းရ အရာရောက်ရမည့်အစား မီးစာကို ဆီလောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။


ကျိုးရွှမ်လန် ခေါင်းငုံ့လိုက်ပြီး မျက်နှာကို သူ့လည်တိုင်ထဲအပါကာ ညို့ယူဖမ်းစားနေသည့်ရနံ့တစ်မျိုးကို နမ်းရှိုက်ပြီး လူငယ်လေး၏ခါးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်မှာ ကျိုးကြေတော့မည်ဟု ထင်ရပေသည်။

 

.....


ရှန်းလျိုရှန့်မှာ အိပ်ရာပေါ်တွင် သေသွားတော့မည်ဟု သူ့ဘဝတွင် ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။ စုံတွဲကျင့်ကြံရေးနည်းစနစ်ကြောင့် သူ ကောင်းကောင်း မအိပ်ခဲ့ရဘဲ သတိလစ်သွားခဲ့ပေသည်။ သူ အကြိမ်ကြိမ်အခါခါ တောင့်ခံထားခဲ့ပြီး အသိစိတ်ကို ကြည်လင်အောင်ထားသော်လည်း နောက်ဆုံး၌ အော်ဟစ်ငိုယိုမိတော့သည်။ ကျိုးရွှမ်လန်၏ဩရှရှအသံဖြင့် ချော့မြူနေမှုများအောက်တွင် သူ စကားလုံးပေါင်းစုံသုံး၍ တောင်းပန်ခဲ့သည်။ ကျိုးရွှမ်လန်က စိတ်ကျေနပ်သွားချိန်တွင်မှ သူ့ကိုလွှတ်ပေးလိုက်လေသည်။


သူ အိပ်ရာနိုးလာချိန်၌ ခုတင်ပေါ်တွင် အပေါက်တစ်ခုဖောက်ပြီး ဝင်နေချင်စိတ်ပါ ဖြစ်လာသည်။


ကျိုးရွှမ်လန်က သူ့ရင်ခွင်ထဲမှလူ နိုးလာကြောင်းသိသည်နှင့် မျက်တောင်များ ကော့ညွတ်သည်အထိပြုံးလိုက်ပြီး ပြောလာသည်။

" ရှစ်စွမ်းရဲ့နှုတ်ခမ်းက အသံချိုချိုလေးတွေ ထွက်လာတတ်သားပဲ..."


ရှန်းလျိုရှန့်၏ပါးပြင်က နီရဲတွတ်နေပြီး အံကြိတ်ထား၍ ပြောလိုက်သည်။ 

" ပါးစပ်ပိတ်ထား... ဘာမှမပြောနဲ့..."


ငါသာ ကျိုးရွှမ်လန်နဲ့ စုံတွဲကျင့်ကြံခြင်းကို နောက်တစ်ခေါက်ထပ်လုပ်မိမယ်ဆိုရင်တော့ ...


" ဟမ်..."

ရှန်းလျိုရှန့်က စိတ်ရှုပ်ထွေးသွားသည့်အသံမျိုး ပြုလုပ်လိုက်မိသည်။


ယွမ်ယင်းက...


သူ ထိတ်လန့်တကြားဖြင့် ကျိုးရွှမ်လန်ကို ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ နက်စွေးစွေးမျက်ဝန်းများထဲ ပြုံးရိပ်သန်းလာသည်။

" တကယ်လို့ ရှစ်စွမ်းသာဆန္ဒရှိပြီး နည်းနည်းလောက်လေး ပိုကြိုးစားလိုက်မယ်ဆိုရင် ကျင့်ကြံဆင့်တက်လာဖို့က သိပ်မကြာလောက်ဘူး..."


ရှန်းလျိုရှန့် တုန်ယင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" ယွမ်... ယွမ်ယင်းက အဆင်ပြေပါတယ်... ငါလည်း ‌ဒီလောက်ဆို ကျေနပ်ပါတယ်... ကျင့်ကြံတဲ့နေရာမှာ တဖြည်းဖြာ်း တစ်ဆင့်ချင်းသွားမှ အားလုံး ညီညီမျှမျှ တိုးတက်မှာလေ..."


ကျိုးရွှမ်လန် : " ရှစ်စွမ်းက အဲလောက်သတိကြီးကြီးထားတတ်တဲ့သူလို့ မထင်ထားမိဘူး..."


ရှန်းလျိုရှန့် : " ငါ့ရဲ့တပည့်လိမ္မာလေးဆီကနေ သင်ခဲ့တာလေ..."


ကျိုးရွှမ်လန် ရယ်လိုက်ပြီး သူ့စကားများကို မကြားဟန်ဆောင်ကာ ရှန်းလျိုရှန့်ကို ပိုမိုတင်းကြပ်စွာဖက်ထားလိုက်ပြီး ခါးကို လက်တစ်ဖက်ဖြင့် ပွတ်သပ်နေလိုက်သည်။


ရှန်းလျိုရှန့် သက်တောင့်သက်သာဖြစ်စွာဖြင့် မျက်လုံးများမှေးကျဉ်းလိုက်ပြီး အခြေအနေကို တွေးတောမိကာ သူ့ရင်ထဲ ဂနာမငြိမ်ဖြစ်လာပြန်သည်။


သူ အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။

" ငါ့ကို သွားခွင့်ပြုပါလား... တကယ်လို့ မင်းစိတ်ပူတယ်ဆိုရင် ငါနဲ့တူတူလိုက်ခဲ့လေ... မင်းရဲ့ကျင့်ကြံဆင့်က တော်တော်လေးမြင့်နေပြီမလား ဘာကြောက်စရာလိုလို့လဲ... ပြီးရင် ငါနဲ့တူတူပြန်လာလို့ရပြီလေ..."


ကျိုးရွှမ်လန်၏ လက်ချောင်းများ လှုပ်ရှားနေရာမှ ရပ်တန့်သွားကာ အသံတစ်သံမှ မထွက်တော့ပေ။ 


ရှန်းလျိုရှန့်က သူစိတ်ယိုင်သွားသည်ကို သတိပြုမိ၍ အခွင့်အရေးကို အမြန်ဖမ်းဆုပ်လိုက်သည်။ ထို့နောက် တစ်ချက်ငိုရှိုက်ပြီး ဆို့နင့်နေသည့်အသံဖြင့် ပြောလိုက်သည်။

" အခု ဧကရာဇ်ကလည်း မရှိတော့ဘူး... ငါက ရှင်းချန်နဲ့ ရှင်းလျန်ရဲ့အစ်ကိုလေ... ဒီနှစ်တွေထဲမှာ အစ်ကိုကြီးတစ်ယောက်ရဲ့တာဝန် မကျေပွန်ခဲ့ဘူး... တကယ်လို့ ငါ အသက်ပြန်ရှင်လာနိုင်တာတောင်မှ သူတို့ကို သွားမတွေ့ဘူးဆိုရင် တစ်နေ့ကျ ခမည်းတော်နဲ့ ပြန်တွေ့ရင် ဘယ်လိုများ မျက်နှာပြရမလဲ..."


ကျိုးရွှမ်လန် တိတ်ဆိတ်နေပြီးနောက် ခဏအကြာတွင် ပြောလိုက်သည်။

" ရှစ်စွမ်း ခုထိ နားမလည်သေးဘူးပဲ... ရှစ်စွမ်း သူတို့ကို စိတ်ပူလေ ကျွန်တော်က မသွားစေချင်လေပဲ..."

 

သူ ရှန်းလျိုရှန့်ကို နန်းတွင်းသို့ခေါ်သွားနိုင်ပြီး မည်သူက သူတို့ကိုဟန့်တားသည်ဖြစ်စေ ဤနေရာသို့ လုံလုံခြုံခြုံ ပြန်ခေါ်လာနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ 


သို့ရာတွင် သူ စိတ်ပူသည်မှာ ထိုလူနှစ်ယောက်ကို တွေ့ပြီးချိန်၌ ပြောင်းလဲသွားမည့် ရှန်းလျိုရှန့်၏စိတ်နေစိတ်ထားဖြစ်သည်။ အကယ်၍ သူ ပြန်မလိုက်ချင်ပါက ကျိုးရွှမ်လန်ကလည်း သူ့ကို တစ်ယောက်ထဲထားခဲ့လိုမည်လည်း မဟုတ်ပေ။ 


ကျိုးရွှမ်လန်က လက်ချောင်းများကို တင်းကြပ်လိုက်ပြီး အချိန်အတန်ကြာသောအခါ သက်ပြင်းခပ်ဖွဖွချလိုက်သည်။

" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ် ပြန်ရောက်တာနဲ့ ရှစ်စွမ်းကို နန်းတွင်းခေါ်သွားပေးမယ်..."


ရှန်းလျိုရှန့် အလွန်ဝမ်းသာသွား၍ ကျိုးရွှမ်လန်၏ ခံ့ညားသောမျက်နှာနားသို့ တိုးကပ်သွားပြီး နှုတ်ခမ်းပါးလေးကို နမ်းလိုက်သည်။ ထို့နောက် သတိပေးသကဲ့သို့ အသံဩရှရှဖြင့် ပြောသည်ကို ကြားလိုက်ရသည်။

" ရှစ်စွမ်း အိပ်ရာပေါ်က မဆင်းချင်သေးဘူးလား..."


ရှန်းလျိုရှန့် ချက်ချင်းသဘောပေါက်သွားသည်။


ကျိုးရွှမ်လန် ထွက်သွားသည့်အခါ ရှန်းလျိုရှန့်လည်း အိပ်ရာမှထလာပြီး အဝတ်အစားများလဲလှယ်ကာ လိမ္မော်သီးနှစ်လုံးကိုစားနေလျက်ဖြင့် တံခါးအပြင်ဘက်သို့ ထွက်လာသည်။ 


ကျိုးရွှမ်လန်က တစ်နေ့လည်ခင်းလုံး ပြန်မလာခဲ့ပေ။ ရှန်းလျိုရှန့် ပျင်းရိလာသောကြောင့် တောင်အနောက်ဘက်သို့သွား၍ ဝိညာဉ်သစ်သီးအချို့ခူးရန် ပြင်လိုက်သည်။ ယမန်နေ့က အမှတ်တမဲ့တွေ့ခဲ့သော ဂျင်ဆင်းပင်လေးကို သတိရသွား၍ တောင်ပေါ်သို့ တဖြည်းဖြည်းတက်သွားလိုက်သည်။


လမ်းတစ်လျှောက်တွင် ရှန်းလျိုရှန့်က လိမ္မော်သီးတစ်လုံးလက်ထဲကိုင်ထားပြီး ဆော့ကစားနေသည်။ ဂျင်ဆင်းပင်လေးရှိရာသို့ ရောက်သွားသည့်အခါ ကျောက်စိမ်းသဖွယ် ဖြူဖွေးသောလက်လေးဖြင့် အရွက်စိမ်းလေးများကို အသာဆော့ကစားနေလိုက်သည်။ 


သူ ချင်းလင်ဂိုဏ်း၏ တပည့်ဖြစ်ခဲ့စဉ်အချိန်က ကံကောင်းခြင်းနယ်မြေတစ်ခုသို့ ရောက်သွားခဲ့သည်။ တန်ဖိုးကြီးရတနာတစ်မျိုးမျိုးတွေ့ရန် အလို့ငှာ အသည်းအသန်ကြိုးစားအားထုတ်ပြီး တောင်တစ်ခုလုံးကို ရှာဖွေခဲ့ပေသည်။ သို့ရာတွင် ဂျင်ဆင်းပင်လေးတစ်ပင်ကိုသာ တူးထုတ်နိုင်ခဲ့သည်။


သူ အော်ဟစ်သံလေးတစ်သံ ကြားလိုက်ရသည်။

" ပါပါး..."


ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။ ဤရက်ပိုင်းအတွင်းတွင် သူက " ပါပါး ပါပါး " ဟူသည့် ဝမ်းသာအားရအော်ခေါ်သံလေးကို မကြာခဏကြားရတတ်ပေသည်။ 


သူ့အမှတ်တရများက အလွန်နက်ရှိုင်းလွန်းသောကြောင့် ထိုအချိန်ကို ပြန်တွေးမိချိန်တွင် ရှန်းပုပု၏အော်သံကို ကြား‌ယောင်လိုက်သည်ဟု ထင်လိုက်မိပေသည်။


သူ လိမ္မော်သီးကိုကိုက်ပြီး အသိစိတ်ပြန်ကပ်လာ၍ ထိုနေရာမှ ထွက်သွားတော့မည့်အချိန်၌ သူ့ခြေထောက်နားတွင် ဂျင်ဆင်းပင်လေးတစ်ပင် ထပ်မံရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုဂျင်ဆင်းပင်လေးက ဖြူဖြူဝဝလေးဖြစ်ကာ ဗိုက်အကာလေးကို ဝတ်ဆင်ထားပြီး သူ့ခေါင်းမှ ရွှေရောင်အရွက်လေးများ တွဲလောင်းကျနေသည်။ သူ့မျက်နှာသေးသေးလေးဖြင့် ရှန်းလျိုရှန့်၏ဝတ်ရုံကို ပျော်ရွှင်စွာပွတ်သပ်နေပေသည်။


" ပါပါး ပါပါး... သားက ပုပုလေ..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားကာ ခေါင်းခါလိုက်မိသည်။ ပုံရိပ်ယောင်မဟုတ်ကြောင်း အတည်ပြုပြီးသည့်အခါ လက်နှစ်ဖက်ဖြင့် ရှန်းပုပုကို ပွေ့ချီလိုက်သည်။


ထိုအချိန်၌ ဘေးနားမှ စူးရှသည့် အကြည့်တစ်ချက်ကို သတိပြုလိုက်မိသည်။


ရှန်းလျိုရှန့် တွေးတွေးဆဆဖြင့် ခေါင်းစောင်းကြည့်လိုက်သည့်အခါ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် လူတစ်ယောက်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရပြီး သူ့နားထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

" အစ်ကိုတော်..."


ထိုအသံက သူနှင့် ရင်းနှီးနေပုံရသော်လည်း အနည်းငယ်ထူးဆန်းနေသည်။


လွန်ခဲ့သည့် ၁၆နှစ်ကကဲ့သို့ တွန့်တွန့်ဆုတ်ဆုတ်ဖြင့်ခေါ်ခြင်း၊ လှောင်ပြောင်ထေ့ငေါ့လို၍ ခေါ်ခြင်းမျိုးနှင့် အရံအတားထဲတွင် ပိတ်မိနေသောကြောင့် တောင်းဆိုသည့်လေသံဖြင့် ခေါ်ခြင်းမျိုးတို့ မဟုတ်ပေ။ 


ယခုအချိန်၌ ကြားလိုက်ရသော ရှုရှင်းချန်၏အသံက တည်ကြည်နေပြီး နှုတ်ခမ်းပါးများက ထွက်ပေါ်လာသည့်လေသံက ညင်သာနေသော်လည်း လျစ်လျူရှု့၍မရပေ။ " အစ်ကိုတော်" ဟူသည့်စကားလုံးသုံးလုံးကို သူ့နှလုံးသားထဲတွင် လေးနက်စွာ ထွင်းထုထားပြီး ခေါ်လိုက်သည်နှင့်တူပေသည်။


ရှန်းလျိုရှန့် မျက်လုံးအသာဖွင့်ကြည့်လိုက်ပြီးနောက်တွင် သူ့လက်ထဲမှ လိမ္မော်သီးလေးက မြေကြီးပေါ် ပြုတ်ကျသွားတော့၏။


****

ညနေခင်းတွင် ကောင်းကင်ကြီးက တဖြည်းဖြည်း ပိုမိုမှောင်မည်းလာသည်။ 


အနားသို့ တဖြည်းဖြည်းလာနေသည့်ပုံရိပ်က ယခင်ထက်ပို၍ အရပ်ရှည်လာပြီး ခန္ဓာကိုယ်ကလည်း ပိုမိုတောင့်တင်းလာသည်။ သူက ယခင်ကဲ့သို့ ခရမ်းရောင်ဝတ်ရုံနှင့် တောက်ပနေသည့် ရွှေသရဖူကို ဆောင်းထားဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့်အော်ရာက အနည်းငယ်အနည်းငယ်ကွာခြားနေသည်။


ငယ်ရွယ်သောမင်းသားလေး ရှုရှင်းချန်က မာနကြီးပြီး သတိလက်လွတ်ပြုမူတတ်ခဲ့သော်လည်း ဧကရာဇ်ရှုရှင်းချန်မှာမူ အလွယ်တကူစိတ်ဆိုးဒေါသမထွက်တတ်ဘဲ ဩဇာတိက္ကတစ်မျိုး ရှိနေသည်။ ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် သူ့ကိုယ်မှ ထွက်ပေါ်လာသည့် ဖိနှိပ်ချုပ်ခြယ်မှုစွမ်းအားက အသက်ရှုကြပ်လောက်စရာဖြစ်ပြီး စေ့စေ့မကြည့်ရဲစရာပင်။ 


ရှန်းလျိုရှန့် အံ့အားသင့်နေစဉ်တွင် ရှုရှင်းချန်က သူ့ထံသို့ တဖြည်းဖြည်းလျှောက်လာသည်။ သူ ‌လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ပြီး မြက်ခင်း‌ပြင်ပေါ်ကျသွားသည့်လိမ္မော်သီးလေးကို ကောက်ပေးလိုက်သည်။


" အစ်ကိုတော့်ကို ပြန်ပေးတာ..."

ရှုရှင်းချန်က သူ့ကိုလိမ္မော်သီးလေး ပြန်ပေးလာသည်။

 

ရှန်းလျိုရှန့် ထိုအချိန်တွင်မှ အသိစိတ်ပြန်ကပ်သွားတော့သည်။ သူ ပြောချင်သည့်အရာများစွာရှိသော်လည်း မည်သည့်နေရာမှ စပြောရမည်ကို မသိပေ။ သို့ဖြစ်၍ ပါးစပ်ဟလိုက်ချိန်တွင် မည်သည့်စကားလုံးမှ ထွက်မလာတော့ချေ။ 


ရှုရှင်းချန်က စကားတစ်ခွန်းမှမပြောဘဲ သူ့ကို ငြိမ်သက်စွာကြည့်နေသည်။


တောအုပ်ထဲတွင် သစ်ရွက်များကြွေကျသံမှလွဲ၍ တိတ်ဆိတ်မှုတို့ကြီးစိုးနေသည်။

 

ရှန်းပုပုက ခေါင်းလေးစောင်းထားပြီး စိတ်ရှုပ်ထွေးနေပုံရသည့်လူနှစ်ယောက်ကို အရည်လဲ့နေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။ ခဏအကြာ၌ သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ရှန်းလျိုရှန့်၏ခြေထောက်ကိုပွေ့ဖက်ရန် ပြင်လိုက်သည်။ 


သို့ရာတွင် လက်ဖောင်းဖောင်းလေးနှစ်ဖက်က လေကိုသာ ပွေ့ဖက်မိသွားသည်။ 


" ငါတို့တွေ အကြာကြီးခွဲနေခဲ့ရပြီးမှ ပြန်ဆုံကြတာပဲ..."

ရှန်းလျိုရှန့်က စိတ်ပိုင်းဖြတ်လိုက်ပြီး ရှေ့သို့ဦးစွာတိုးလာကာ မလှုပ်မယှက်ဖြစ်နေသူကို ပွေ့ဖက်လိုက်သည်။

" အရင်ဆုံး အစ်ကိုတော့်ကို ဖက်ပါဦး..."


သူက ရှုရှင်းချန်နှင့်သူ့အကြားမှ နေရခက်နေသော အခြေအနေကြီးကို ဖြိုခွင်းလိုက်လိုခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်ပြီး စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိသည့်အပြင် မယုံကြည်နိုင်စရာကောင်းအောင် တည်ကြည်နေသည်။


ရှန်းလျိုရှန့် သက်ပြင်းချလိုက်မိသည်။ ယခင်ကနှင့် မတူတော့သည်မှာ ယခုအချိန်၌ ရှုရှင်းချန်၏စိတ်ထဲတွေးတောနေသည့်အရာကို သူ မမှန်းဆနိုင်တော့ပေ။


" ပါပါးက ပုပုကိုကျတော့ မေ့နေတာပဲ..."


ရှန်းလျိုရှန့်က သူ့အပြင် အခြားလူတစ်ယောက်ကို ဖက်နေသည်အား ရှန်းပုပုမြင်သည့်အခါ ခြေထောက်နားသို့ အမြန်ပြေးလာသည်။

" ပုပုလည်း အဖက်ခံချင်တာပေါ့..."


ဘာလို့ ပုပုကို မေ့နေရတာလဲ...


ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ အကောင်ပေါက်စလေးက သူ့အဝတ်အစားများကိုဆွဲထားပြီး မကျေမနပ်ဖြင့် ပွစိပွစိပြောနေသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးလိုက်မိပြီး ရှုရှင်းချန်ကိုဖက်ထားရာမှ လွှတ်ပေးလိုက်ကာ ပုပုကိုဖက်ရန် ပြင်လိုက်သည်။


ထိုအချိန်တွင်မှ ရှုရှင်းချန်က ရုတ်တရက် လှုပ်ရှားလာသည်။  


သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်၍ ရှန်းလျိုရှန့်ကို တင်းကြပ်စွာပွေ့ဖက်ထားလိုက်ပြီး ခေါင်းငုံ့၍ ပခုံးပေါ်မေးတင်ထားလိုက်သည်။

" ရှန်းလျိုရှန့် ခင်ဗျား အသက်ပြန်ရှင်လာနိုင်ပြီးတော့ ကျွန်တော့်ဆီကို နေရာကူးပြောင်းအင်းစာရွက် ပို့ရကောင်းမှန်းတော့ သိသေးတာပဲ... ကျွန်တော်က ခင်‌ဗျား..."


စကားပြောနေစဉ်မှာပင် သူ့လေသံက တဖြည်းဖြည်းတိုးဝင်လာသည်။


သူက ကြီးမြတ်သောဖိအားတစ်မျိုး ထုတ်လွှတ်နေသည့် ဧကရာဇ်ပုံစံမှ ထိခိုက်ဒဏ်ရာရ၍ စွန့်ပယ်ခံလိုက်ရသည့် သားရဲကောင်ငယ်လေးအဖြစ် ပြောင်းလဲသွားသည်။ သူ့ပါးပြင်ကို ရှန်းလျိုရှန့်၏လည်တိုင်တွင်အပ်ထားပြီး ဝမ်းနည်းစွာဖြင့် ပွတ်သပ်နေလိုက်သည်။


" ကျွန်တော် ခမည်းတော်ကိုပြန်တွေ့ရင် ခင်ဗျားကြောင့် အပြစ်ပေးခံရတော့မယ်လို့ ထင်ခဲ့တာ..."


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် နေရခက်သည့် ခံစားချက်မျိုး ပျောက်ကွယ်သွားကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးလာသည်။

" အင်း ငါအခု ပြန်ရောက်လာပြီလေ..."


စကားပြောနေစဉ်တွင် ပုပုက သူ့ခြေထောက်ဘေးနား၌ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက လက်သေးသေးလေးနှစ်ဖက်ကိုမြှောက်ထားပြီး လက်မလျှော့သေးဘဲ သူ့ကိုပွေ့ချိီခိုင်းနေကာ မျက်လုံးထဲတွင်လည်း တဖြည်းဖြည်း မျက်ရည်ဝဲလာသည်။

" ပါပါးက ပုပုကိုဖက်ဖို့တောင် မေ့နေပြီ... ပုပုကို မချစ်တော့ဘူးထင်တယ်..."


ရှန်းလျိုရှန့်က ရှုရှင်းချန်၏လက်မောင်းကို အသာပုတ်ပြီး လွှတ်ခိုင်းလိုက်ကာ ရှန်းပုပုကို ချီလိုက်သည်။

" လေးလာတာပဲ..."


ရှန်းပုပု နှုတ်ခမ်းစူလိုက်သည်။


ရှန်းလျိုရှန့် : " မင်းတို့ ငါ့ကို ဘယ်လိုရှာတွေ့တာလံ..."


ရှန်းပုပုက မြေကြီးပေါ်ကို လက်ညှိုးထိုးပြလိုက်သည်။ 

" မမဂျင်ဆင်းဆီကနေ သတင်းရလာတာ... ဒါပေမဲ့ အရမ်းဝေးလွန်းတော့ ပုပုက နေရာအတိအကျကို မသိဘူးလေ... နောက်တော့မှ အရင်ကရထားတဲ့သတင်းတွေကြောင့် ကိုကြီးက ပုပုကို ဒီနေရာခေါ်လာပေးတာ..."


ရှန်းပုပုက ပြောပြောဆိုဆိုဖြင့် ရှန်းလျိုရှန့်၏လည်ပင်းကိုပွေ့ဖက်ကာ သူ့ပခုံးပေါ် မှီလိုက်သည်။

" ပုပုက ပါပါးကို အရမ်းလွမ်းနေခဲ့တာ..."


ရှန်းလျိုရှန့် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်မိသည်။ ရှုရှင်းချန်က ခဏတာမျှပင် မစောင့်နိုင်ဘဲ ရှန်းပုပုကို မြေကြီးပေါ် ပြန်ချပေးလိုက်သည်။


" ပြန်သွားချိန်တန်ပြီ... ရှင်းလျန်က ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲ... အစ်ကိုတော်ပြန်ရောက်လာရင်တော့ သူ အရမ်းပျော်သွားတော့မှာ..."