အပိုင်း ၂၂၃
Viewers 49k

Chapter 223




"ဒါပေမဲ့ အဲ့ဒါက တကယ်ရော ဟုတ်ရဲ့လား..."

သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ 

"အဲ့ဒါက ဥက္ကဌ ကျွမ်းနော်... မင်းက ပေါယွမ်နဲ့ စာချုပ်ချုပ်ဖို့ သူ့ကို လျော်ကြေးပေးရဦးမှာလား..."


"မလိုပါဘူး..."


ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။ 

"ဒီလုပ်ငန်းက သူ့အတွက်လည်း အကျိုးရှိတယ်လေ... အဲ့အပြင် သူ့ကို ရွေးဖို့ ငါ့ကို မရမကတောင်းဆိုတာလည်း သူပဲလေ... ပြီးတော့ ငါကလည်း သူနဲ့ စကားပြောဖို့ အရမ်း ပျင်းနေတာ..."


လင်းလော့ချင်း - အဲ့ဒါကောင်းတယ်...


"အဲ့ဒါဆိုရင်တော့ ဥက္ကဌ ကျွမ်းကို ကျေးဇူးတင်ရမှာပေါ့..."


ကျိယွီရှောင်က သူ့စကားများကို ကြားသောအခါ နှုတ်ခမ်းထောင့်များက ကွေးတက်သွား၏။ 

"အဲ့ဒါဆို အဲ့အချိန်ရောက်ရင် အရမ်းကြီးလန့်မသွားနဲ့..."


လင်းလော့ချင်း - ...


"ငါ သူ့ကို သိတယ်လား..."

လင်းလော့ချင်းက မေးမြန်းလိုက်သည်။ 


"အချိန်ရောက်ရင် မင်းသိပါလိမ့်မယ်..."

ကျိယွီရှောင်က ဆိုကာ သူ့၏ စိတ်ဝင်စားမှုကို ဆက်လက် မျှားယူလိုက်၏။ 


လင်းလော့ချင်းက အတန်ကြာအောင် တွေးတောလိုက်ပြီးနောက် သူ့မျက်လုံးများက ရုတ်တရက် ပြုးကျယ်လာသည်။  

 "အဲ့ဒါက ကျွမ်းယွဲ့တော့ မဟုတ်ဘူးမလား..."


သူ့အပြင် ကျွမ်းဟူသော ရှေ့နာမည်နှင့် ဘယ်သူ့ကိုမှ သူမသိပါချေ။ 


ကျိယွီရှောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

"မင်းက တကယ်ကို သူ့ကို မှတ်မိနေသေးတာလား... ငါကြောင်သွားတာပဲ..."


"သူက မင်းသူငယ်ချင်းလေ... ငါ့သူ့ကို ဘယ်လိုလုပ်ပြီး မမှတ်မိပဲနေမှာလဲ.... ဒါပေမဲ့ သူလို့တော့ တကယ်မထင်ထားဘူး.... ငါ နောက်တစ်ခေါက် သူ့ကိုတွေ့ရင် ကောင်းကောင်းကျေးဇူးတင်ရမယ်..."


"အဲ့ဒါဆို မင်းငါ့ကိုပဲ ကောင်းကောင်း ကျေးဇူးတင်သင့်တယ်..."

ကျိယွီရှောင်က ဆိုလိုက်၏။

"သူ့ကို ကျေးဇူးတင်လို့ ဘာအသုံးဝင်မှာလဲ... နောက်ဆုံးကျရင် အကုန်လုံးက ငါ့ဘက်ပဲ ဦးတည်လာမှာ မလား..."


လင်းလော့ချင်းက ပြုံးလိုက်သည်။

"ကောင်းပြီ... ငါမင်းကို ကျေးဇူးတင်ပါတယ် ဥက္ကဌ ကျိ... ငါတို့ ဥက္ကဌကျိက တကယ်ကို အရည်အချင်းတွေ အများကြီးရှိတဲ့ ယောက်ျားပဲ... တော်ပြီး ဉာဏ်ကောင်းတယ်... မိုင်းထောင်ချီ ကျယ်ပြန့်တဲ့ အမြင်လည်းရှိတယ်..."


ကျိယွီရှောင်က ကျေနပ်သွားသည်။

"အဲ့ဒါပိုကောင်းတယ်..."


လင်းလော့ချင်းက စိတ်ပျော်လာသည်ဟု ခံစားရပြီး အပြုံးတစ်ခုနှင့် သူ့ပါးကို နမ်းလိုက်ကာ အထုပ်အပိုးဆက်ပြင်နေလိုက်သည်။ 


ချန်ဖုန်းမှာ အဖေလင်းက လင်းလော့ချင်းအား အထွေထွေ မန်နေဂျာအဖြစ် သတ်မှတ်ကာ သူ့အတွက် ရုံးခန်းတစ်ခုပြင်ဆင်ပေးနေသည်ကို ပေါယွမ်တွင် သူလွတ်ထားသော အတွင်းလူတစ်ယောက်ထံမှ သိလိုက်ရသည်။


"ခုဏတုန်းက ဥက္ကဌလင်းက ငါတို့ရဲ့ ဌာနကို သတိပေးစာတစ်ခုပို့ပြီး ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို စုပေးဖို့ ပြောထားတယ်... ဘာတွေ ဖြစ်နေတာလဲ ကျဲ... အဲ့ဒါက ငါတို့ ရှောင်ကျင်းဖြစ်သင့်တာ မဟုတ်ဘူးလား... လင်းလော့ချင်းကိုက ဥက္ကလင်း နှင်ထုတ်လိုက်တာ ကြာပြီမဟုတ်ဘူးလား..."


ချန်ဖုန်းသည်လည်း ကြောင်အသွားသည်။ သူမ၏ လက်များကို လက်သီးတင်းတင်းဆုပ်ကာ လက်သည်းများက လက်ဖဝါးထဲသို့ နစ်ဝင်နေသည်။ 

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာတာလဲ...


သူက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ...


သူက လင်းလော့ချင်းကို ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း ပေးပြီးပြီလေ... လင်းလော့ချင်းကို ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်ပါ ဘာလို့ ပေးလိုက်တာလဲ...


ဒီလိုဆို သူက ရှောင်ကျင်းကို ဘယ်လိုမျိုးထားမှာလဲ... သူ ရှောင်ကျင်းရဲ့ ခံစားချက်တွေကိုရော ထည့်တွက်ရဲ့လား...


ချန်ဖုန်းက ဝတ်ကျေတမ်းကျေ ဖုန်းချလိုက်သည်။ ထိုညပိုင်းတွင် အဖေလင်း အလုပ်မှ အိမ်သို့ ပြန်လာရာ သူမက အဖေလင်းနောက်မှ စာကြည့်ခန်းထဲထိ လိုက်လာပြီး ဆိုလိုက်၏။ 

"ရှင်က လော့ချင်းကို ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ပေးမှာပေါ့..."


အဖေလင်းက အေးစက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ 

"အဲ့ဒါမင်းနဲ့ ဘာဆိုင်လဲ..."


"ရှင်က ဘယ်လိုလုပ်ပြီး အဲ့လို လုပ်နိုင်ရတာလဲ..."

ချန်ဖုန်းက ယုံရခက်နေပေသည်။  

"လော့ကျင်းက ကုမ္ပဏီကို တစ်ခါမှ မဝင်ရသေးဘူး... သူ့မှာ ရှယ်ယာရော ရာထူးပါရော မရှိသေးဘူး... ဒါပေမဲ့ လော့ချင်းက သူ့ရှယ်ရာတွေကို ယူပြီးပြီ... ဘာလို့ သူ့ကို ကုမ္ပဏီပါထပ်ပေးနေတာလဲ... ပြီးတော့ အထွေထွေ မန်နေဂျာ ရာထူးရောပဲ... ရှင်ဒီလိုလုပ်တာ လော့ကျင်းအတွက် တရားသလား... သူကလည်း ရှင့်သားပါ... လော့ကျင်းမှာ ဘာလို့ တစ်ခုမှ မရှိရတာလဲ..."


"အဲ့ဒါက မင်းကိုယ်တိုင်နဲ့ သူ့ကို မေးသင့်တယ်..."

အဖေလင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက် လုပ်ခဲ့သမျှကို ငါပြန်ပြောစရာ လိုသေးလား..."


အဖေလင်းက သူ့ရှေ့မှအမျိုးသမီးကို မျက်နှာချင်းဆိုင်ရသည့်အခါ ချက်ချင်းပင် ရန်လိုလာတော့သည်။

"ငါက မင်းတို့နှစ်ယောက် အခုတစ်လော ပိုကောင်းလာပြီလို့ အထင်မှားနေတာ... ဒါပေမဲ့ မင်းတို့နှစ်ယောက်က ဒီအတိုင်းပဲ ပြန်ဖြစ်သွားတာပဲ... ချန်ဖုန်း ငါပြောမယ်... ငါပြောတာကညအမှန်ပဲ.... ကုမ္ပဏီမှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး... ငါသာ ဆန္ဒရှိရင် လော့ကျင်းက ရှယ်ယာရော ရာထူးရော ရနိုင်ပေမဲ့... ငါသာ ဆန္ဒမရှိရင် သူတစ်ခုမှ ရမှာမဟုတ်ဘူး... မင်းတို့နှစ်ယောက်လည်း အနှေးနဲ့ အမြန် အဲ့လိုပဲ ဖြစ်လာမှာ... ငါ့ကို ရန်လာမစနဲ့... နားလည်လား..."


သူမ နေ့တိုင်းသိတာက တရားလား မတရားလားဆိုတာပဲ... အဓိကက ဘာလဲ...


လင်းလော့ချင်းဆို အိမ်ပေါ်က နှင်ထုတ်ခံရတုန်းကတောင် မျှတမှုအကြောင်းတစ်ခါမှ မပြောခဲ့ဘူး...


အဲ့ဒါကမှ သူလိုတဲ့ သားပဲ...


လင်းလော့ချင်းက နာခံတတ်ကာ ဝတ္တရားကျေပွန်ပြီး သူ့ကို ပြန်မပြောပဲ သူ့စကားကိုသာ နာခံပေမည်။

ချန်ဖုန်းနှင့် တစ်ထေရာတည်း လင်းလော့ကျင်းက အဖေလင်းအတွက် ဘာအသုံးဝင်မှာလဲ...


အဖေလင်းက စိတ်ရှုပ်စွာ ပြန်ဖြေလိုက်၏။

"ပြန်တော့... ငါ့ကို ထပ်ပြီး အနှောင့်အယှက်မပေးနဲ့တော့... ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတာ မင်း မမြင်ဘူးလား..."


ချန်ဖုန်းက မကျေမနပ်ဖြစ်နေပေသည်။ သူမက လင်းလော့ကျင်းကို မွေးဖွားသည့် သူမငယ်ရွယ်စဉ် အချိန်မှစ၍ လင်းလော့ကျင်း အသက် ၂၂နှစ် ထိတိုင်အောင် အဖေလင်းဘေးတွင် နှစ်ပေါင်းများစွာနေခဲ့ပြီးဖြစ်သည်။

သူမက သူ့ကို ဘဝ သက်တမ်းရဲ့ တစ်ဝက်လောက် အဖော်ပြုပေးရပြီး.... သူ့အတွက် ကလေးမွေးပေးခဲ့ရတာတောင် သူက သူမကို ဒီလိုဆက်ဆံတယ်ပေါ့...


သူသာ ဆန္ဒမရှိရင် လင်းလော့ကျင်းက တစ်ခုမှမရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...


ရှောင်ကျင်းမှာ သူ့သားပင်။ သူ၏ အမွေများကို လက်ခံပိုင်ခွင့်ကို သူက ကိုင်ဆောင်ထား၏။ သူက ကုမ္ပဏီ ရှယ်ယာများနှင့် ရာထူးရသင့်ပြီး လင်းလော့ချင်း၏ လုယူခြင်း မခံရသင့်သည်က သဘာဝကျပေသည်။ 


လင်းလော့ချင်းက ဘာအရည်အချင်း ရှိလို့လဲ... သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရှေ့ဂိတ်က နှင်ထုတ်ခံရတဲ့ အရူးတစ်ယောက်ပဲလေ... သူက ဘာကြောင့် သူ့သားပိုင်တဲ့ အရာအတွက် လာပြီး ရန်လုပ်ရမှာလဲ....


"ရှင်က ရှောင်ကျင်းအပေါ် တကယ်ကြီး အဲ့လောက်တောင် ရက်စက်တော့မှာလား..."

သူမက အဖေလင်းကို ဆိုလိုက်သည်။ 


အဖေလင်းက အရေးမလုပ်ပဲ ပြန်ဖြေလိုက်၏။

"ငါက ရက်စက်တယ်ဟုတ်လား... မနာခံပဲ သားသမီး ဝတ္တရားမကျေတာက သူလေ... သူက သားလိမ္မာ မဖြစ်နိုင်မှတော့ သူ့အဖေကလည်း သူ့ကို ကောင်းကောင်းဆက်ဆံဖို့ တွေးမနေနဲ့လေ..."


"သူလုပ်တာဆိုလို့ လင်းလော့ချင်းနဲ့ စကားများတာပဲ ရှိတာပါ... သူ တခြား ဘာမှ မမှားပါဘူး... သူက အဲ့ဒါတောင် ကောင်းကောင်း မနာခံတတ်ဘူးလား... သူ့ဆီကနေ ရှင် ဘာထပ်လိုချင်နေသေးတာလဲ..."


"ထွက်သွားတော့..."

အဖေလင်းက သူမကို စိတ်ရှုပ်လာသည်။ 

"မင်းက အရမ်း နားငြီးတာကို ငါအရင်က ဘာလို့ မသိခဲ့တာလဲ... ပြီးတော့ မင်းက အစကတည်းက ပညာတတ်နောက်ခံကနေ မွေးလာတာလည်း မဟုတ်ဘူး... ချိုးယုံကမှ မင်းထက် သီးသန့်ဆန်ပြီး ယဉ်ကျေးသေးတယ်...."


ချန်ဖုန်းက သူမကို ချိုးယုံနှင့် နှိုင်းယှဉ်ခံလိုက်ရသည်ကို ကြားသောအခါ သူမစိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်လာ၏။ 


သူမက အေးစက်စွာ ရယ်လိုက်သည်။

"အဲ့ဒါဆိုလည်း အဲ့တုန်းက ဘာလို့ သူ(မ)ကို စိတ်မဝင်စားတော့ပဲ သူ(မ)နောက်ကွယ်မှာ ကျွန်မနဲ့ ဖောက်ပြန်ခဲ့သေးလဲ... အဲ့တုန်းက ဘာလို့ သူ(မ)ကို ယဉ်ကျေးတယ်လို့ မထင်ခဲ့တာလဲ..."


အဖေလင်းက သူမ ထိုသို့ ပြောလာမည်ဟု မမျှော်လင့်ထားပဲ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။ သူက ချက်ချင်းပင် ခွက်တစ်ခုကို ကောက်ကိုင်ကာ သူမကို လှမ်းပစ်လိုက်သည်။


"မင်းမှာ အဲ့လိုပြောဖို့ မျက်နှာရှိသေးတာလား... ငါ့ကို တမင် စပြီးဆွဲဆောင်တာ မင်းမဟုတ်ဘူးလား... အဲ့ဒါကြောင့်သာမဟုတ်ရင် ငါက မင်းနဲ့ ဘယ်လိုလုပ်ပြီး အဆုံးသတ်သွားမှာလဲ... ထွက်သွားစမ်း...."


ချန်ဖုန်းက သူပစ်လိုက်သည်ကြောင့် မမှန်သွား၍ အော်ဟစ်ငိုကြွေးရန် အကြောင်းပြချက် မရှိပါချေ။


သူမက သူ့ကို ဆွဲဆောင်တယ်...


ဟုတ်တယ် သူမက သူ့ကို ဆွဲဆောင်တယ်လေ... ဒါပေမဲ့ နောက်ဆုံးမှာ သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို မထိန်းနိုင်တာ သူမဟုတ်ဘူးလား... 


အဲ့ဒါမှ မဟုတ်ရင် သူမက လင်းလော့ကျင်းကို တစ်ယောက်တည်း မွေးလို့မှ မရတာ...


အဲ့ဒါက နှစ်ဦးသဘောတူဖြစ်ခဲ့တာလေ... သူမက မျက်နှာသာပေးမခံရတာနဲ့ အရင် မကျေနပ်ချက်တွေပါ ပြန်ပြီး ပြောလာရုံတင်မကဘူး သူ့ကို ဆွဲဆောင်တာက သူမဖြစ်သွားပြန်တာတဲ့လား...


သူတို့နှစ်ယောက်လုံးက မှားတာကိုတောင် သူက သူ့အပြစ်လွတ်အောင် ဘယ်လိုရှောင်ရမလဲ သိနေတယ်...


သူမက သူ့ကို ဘာလို့ ဆွဲဆောင်ခဲ့လဲဆိုတာ ဘာလို့ သေချာပြန်မတွေးကြည့်တာလဲ... အဲ့တုန်းက သူ့မျက်လုံးတွေက အမြဲတမ်း သူမ အပေါ် ရောက်နေလို့ပဲ မဟုတ်ဘူးလား...


ဒါက တကယ်ကို မကောင်းတဲ့ ယောက်ျားပဲ...


ဖောက်ပြန်တတ်တဲ့ ယောက်ျား...


ချန်ဖုန်းက နောက်လှည့်ကာ ပြန်ထွက်သွားလိုက်သည်။


သူမက တံခါးဖွင့်လိုက်သောအခါ လင်းလော့ကျင်းက အပြင်တွင် ရပ်နေသည်ကို တွေ့လိုက်သည်။ 


ချန်ဖုန်းက ကြောင်သွားပြီး အနည်းငယ် ရှက်သွားလေသည်။ သူမက သူမ၏ သား မည်မျှအထိ ကြားသွားသည်ကို မသေချာ၍ "မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ..."ဟုသာ ပြောနိုင်လေ၏။ 


"အမေသူ့ကို လင်းလော့ချင်းကို ဘာလို့ အကုန် ပေးလိုက်တာလဲလို့ မေးနေတုန်းက..."


လင်းလော့ကျင်းက ပြန်ဖြေလိုက်သည်။ 


ချန်းဖုန်းက နေရခက်သွားပြီး ပြန်ဖြေလိုက်သည်။

"မင်းအဖေက ခဏ ခေါင်းရှုပ်နေလို့ပါ... သူမင်းကို ချစ်ပါတယ်... နောက်ဆုံးကျရင် ကုမ္ပဏီက မင်းအပိုင်ပဲဆိုတာ မင်းသိတယ်မလား..."


လင်းလော့ကျင်းက သူမကို မယုံပါချေ။ 


အဖေလင်းက သူတို့သားအမိအား အိမ်မှ နှင်ထုတ်ရန် ခြိမ်းခြောက်သည့် အချိန်မှစ၍ သူက ဤအဖေမှာ သူ့ကိုယ်တိုင်မှလွှဲ၍ တခြားသူကို မချစ်သည်အား ရှင်းလင်းသွားခဲ့လေပြီ။


အထူးသဖြင့် လင်းလော့ချင်းက သူ့ထက် တန်ဖိုးရှိသည်ကို ပြသလာသည့်အချိန်အထိပင်။ ထိုအချိန်မှစ၍ သူ့အဖေက သူ့အတွက် လုံးဝပင် မတွေးတော့ပါချေ။ 


သူက နောက်ဆုံးတွင် ဘွဲ့ရပြီ ဖြစ်သော်လည်း သူ့အစ်ကိုက ရှယ်ယာများရကာ ကုမ္ပဏီတွင် ရထူးရသွားလေသည်။ ဤအတိုင်းဆက်သွားပါက သူက ဘာမှ မရပဲ ကျန်ခဲ့မည်ပင်။ 


သူက သူ့အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ရပေမည်။ 


လင်းလော့ကျင်းက သူ့အခန်းထဲသို့ပြန်လာကာ ဂရုတစိုက် တွေးတောလိုက်သည်။


သူက လင်းလော့ချင်းနှင့် စတင်ရန် မရည်ရွယ်ထားပေ။ လင်းလော့ချင်းကိုယ်တိုင်မှာ အခြေအနေရုတ်တ ရက် ပြောင်းသွားခြင်းကို သတိလက်လွတ်ဖြစ်နေလေသည်။ ယခုတွင် လင်းလော့ချင်းက နာမည်ကြီးနေ၍ သူ တစ်ခုခုဖြစ်သွားပါက သူ့ပရိသတ်များက ဒီအတိုင်းထားမည် မဟုတ်ပေ။ ၄င်းက လင်းလော့ကျင်း အလိုရှိသော ရလာဒ် မဟုတ်ချေ။ 


ထို့အပြင် လင်းလော့ချင်းမှာ ကြားခံတစ်ဦးသာဖြစ်သည်။ ဆုံးဖြတ်ချက်များကို အမှန်တကယ် ပြုလုပ်နေသူက သူ့အဖေပင်။ 


သို့ဖြစ်၍ သူ့အဖေက အဓိက ဖြစ်သည်။ 


သူက ကိစ္စများ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် အစီအစဉ်တစ်ခု ချရပေမည်။ 


လင်းလော့ကျင်းက သူ့အိပ်ရာပေါ်တွင်ထိုင်ကာ အသည်းအသန် တွေးတောလိုက်သည်။


*****

လက်ရှိတွင် လင်းလော့ချင်းမှာ လင်းလော့ကျင်းနှင့် ချန်ဖုန်းတို့ သားအမိကဲ့သို့ ဒုက္ခမများနေပါပေ။ သူက ကလေးနှစ်ယောက်ကို ရေချိုးပေးရင်း ခရီးစဉ်အကြောင်း ပြောပြပြီး နှစ်ရက်ကြာသွားကာ သဘက်ခါ ညနေတွင် ပြန်ရောက်လာမည့် အချိန်ဇယားအကြောင်းကို ပြောပြနေသည်။


လင်းဖေးက လင်းလော့ချင်းမှာ သဘက်ခါ ပြန်လာမည်ကို ကြားသောအခါ သူက ပြောမပြတတ်အောင် ပျော်ရွှင်နေပေသည်။ ဤတစ်ကြိမ်တွင် လင်းလော့ချင်းက ရှားရှားပါးပါး အကြာကြီး မသွားပါချေ။ 


ကျိလဲ့ယွီက လင်းလော့ချင်း အိမ်မှ ထပ်၍ ထွက်သွားရန် လိုသည်ဟု ပြောလာသည်ကိုကြားရာ ခေါင်းညိတ်ကာ ချွဲတဲတဲနှင့် ပြန်ဖြေလိုက်သည်။ 

"အဲ့ဒါဆို ပါးပါး အိမ်ကို မြန်မြန်ပြန်လာခဲ့နော်..."


"ဟုတ်ပါပြီ..."

လင်းလော့ချင်းက ရှေ့သို့ မှီကာ ကလေးနှစ်ယောက်ကို နမ်းလိုက်သည်။ 

"ပါးပါး အလုပ်ပြီးတာနဲ့ အိမ်ကို တန်းပြန်ခဲ့မယ်နော်... လက်ဆောင်တွေလည်း ဝယ်ခဲ့မယ်..."


ကျိလဲ့ယွီက နာနာခံခံ ခေါင်းခါပြလိုက်သည်။

"သား လက်ဆောင်မလိုချင်ပါဘူး... သားက ပါးပါးကိုပဲ လိုချင်တာ... ပါးပါးအိမ်ပြန်လာရင် ရပါပြီ~"


လင်းလော့ချင်းက ရယ်ကာ သူ့ပါးလေးများကို ဆွဲဆိတ်လိုက်သည်။

"သိပါပြီ..."


သူက ကျိလဲ့ယွီကို ထပ်နမ်းလိုက်ကာ သူ့ဘေးရှိ လင်းဖေးကိုလည်း ထပ်နမ်းလိုက်ပြီးနောက် ရေဆက်ချိုးပေးလိုက်၏။  


သူက လင်းဖေးနှင့် ကျိလဲ့ယွီကို ကျောင်းပို့ပြီး နောက်တစ်ရက်တွင် လော့ကျားကို လေဆိပ်သို့ တိုက်ရိုက် ပို့ခိုင်းလိုက်သည်။ 


ဝူရှင်းယွမ်နှင့် တခြားသူများက လေဆိပ် အပေါက်ဝတွင် သူ့ကို စောင့်နှင့်နေကြပြီး ဖြစ်သည်။ 


ဤတစ်ကြိမ်တွင် သူက လင်းလော့ချင်းကို VIP ဝင်ပေါက်မှ ပို့ရန် မရည်ရွယ်တော့ပါပေ။ ထိုသည်ထက် သူက လင်းလော့ချင်းကို သူ့၏ တိုးပွားလာသော နာမည်ကျော်မှုဖြင့် အသားကျစေလိုပေသည်။  


လင်းလော့ချင်းက သူ့အား အခြေအနေများကို အကျယ်ချဲ့နေသည်ဟု ထင်သော်လည်း သူလေဆိပ်သို့ ဝင်လာသည်နှင့် ပရိသတ်များ ဝိုင်းအုံလာပေသည်။ သူ့၏ ကျော်ကြားမှုမှာ သူလျော့တွက်ထားမိသော အနေအထားအထိ အမှန်တကယ် တိုးတက်လာသည်ကို သဘောပေါက်သွားလေ၏။ 


ဤသည်က သူနာမည်ကျော်လာသည့်အချိန်မှစ၍ သူ့ပရိသတ်များက သူ့ကို မိတ်ဆက်ကာ တွေ့ဆုံနိုင်သည့် ပထမဆုံးအကြိမ်ဖြစ်ရာ သူတို့က အော်ဟစ်နေကြသည်။ 

"အား.... ကောကော အရမ်းချောတာပဲ..."


"ဘယ်လိုလုပ်ပြီး TV ထဲမှာထက် ပိုကြည့်ကောင်းနေရတာလဲ... အရမ်းလွန်တာပဲ..."


"ကောကော... ဒါက ကောကောအတွက်..."


 "ဒီမှာရောပဲ... ဒါတွေ အကုန် ကောကောအတွက်..."


"ကောကော ရသစုံ ရှိုးတွေမှာ ပါဦးမှာလား..."


"ကောကော နောက်ရုပ်ရှင်ကို ဆုံးဖြတ်ပြီးပြီလား... အဲ့ဒါ ဘာအမျိုးအစားလဲ..."


"'ကွမ်းမန့်'က ဘယ်အချိန် ထုတ်လွှင့်မှာလဲ... ငါ ကောကောကို ရဲဝတ်စုံနဲ့ တွေ့ချင်တယ်..."


ပရိသတ်များက လင်းလော့ချင်းနောက်လိုက်ရင်းဖြင့် မေးမြန်းနေသည်။


လင်းလော့ချင်းက သူတို့လမ်းတွင် ပေးသည့် လက်ဆောင်များကို လက်မခံပါပေ။ သူက ပရိသတ်များ တွန်းပေးလာသော လက်ရေးစာများကိုသာ လက်ခံကာ တချို့မေးခွန်းများကို ရွေးဖြေပေးလိုက်သည်။


ဝူရှင်းယွမ်နှင့် သူ့လက်ထောက်က သူ့ဘေးနှစ်ဖက်မှ ကာထားကာ ဆက်တိုက်အော်နေသည်။

"လူတိုင်းပဲ... ကျေးဇူးပြုပြီး မတွန်းပါနဲ့... လော့ချင်းကို နေရာလေးပေးလိုက်ကြပါ... ကျေးဇူးပါ..."


အရှေ့တန်းမှ ပရိသတ်များက ချက်ချင်းနောက်ဆုတ်သွားသော်လည်း လူအလွန်များနေ၍ နောက်မဆုတ်နိုင်ကြပေ။ 


လင်းလော့ချင်းက ၄င်းကိုမြင်ရာ ဤသည်မှာ သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်ဟု... ထပ်မံ မဆိုပဲ မနေနိုင်ပါချေ။ 


ပရိသတ်များက သူ့နောက်ကို လုံခြုံရေး စစ်ဆေးရာနေရာအထိ လိုက်လာကြသည်။ လင်းလော့ချင်းက လုံခြုံရေး စစ်ဆေးရာနေရာကို ကျော်သွားသည်နှင့် သူက ပရိသတ်များကို လက်ယမ်းပြလိုက်သည်။ သူတို့က စိတ်းထက်သန်စွာ လက်ပြန်ယမ်းပြပြီး သူ့ကိုယ်သူ ဂရုစိုက်ရန် ပြောကြသည်။ 


လင်းလော့ချင်းက ပြုံးကာ ခေါင်းညိတ်ပြပြီး ထွက်ခွာရန် နေရာသို့ လျှောက်သွားလိုက်သည်။ 


"ဒါက တကယ်ကို ကြည့်ကောင်းတဲ့ မြင်ကွင်းပဲ..."

လင်းလော့ချင်းက ဝူရှင်းယွမ်ကို ဆိုလိုက်သည်။

"ဒါက ငါထင်ထားတဲ့လူထက် ပိုများနေတယ်..."


"မင်းက နာမည်ကြီးမို့လေ..."


"အဲ့ဒါက ရုတ်တရက် အရမ်းဆန်တာပဲ..."

လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။ 


"နာမည်ကြီးဆိုတာ အဲ့လိုပဲလေ... အကုန်လုံး ဒီအတိုင်းပဲ.... ရုပ်ရှင်တစ်ခု... သီချင်းတစ်ခုကတောင် မင်းနာမည်ကို ထိုးတက်သွားအောင် လုပ်နိုင်တယ်... ဒါပေမဲ့ နာမည်ကြီးဖို့ လွယ်သလို... နာမည်ကြီးတာကို ထိန်းထားဖို့လဲ ခက်တယ်..."


"အမှန်ပဲ..."


"ဒါပေမဲ့ မင်းရဲ့နာမည်ကတော့ အတော်လေး ကြာသင့်တယ်..."

ဝူရှင်းယွမ်က သူ့ကို ကြည့်ကာ စိတ်ရင်းဖြင့် တွက်ချက်လိုက်၏။

"မင်းမှာက ရေရှည်အဆင်ပြေစေမဲ့ စိတ်ရင်းကောင်းလေးရှိတယ်..."


လင်းလော့ချင်းက သူ့ရှေ့မှ လူကို ကြည့်လိုက်ပြီး သူကိုယ်တိုင်မှာ သူမျှော်လင့်ထားသည့်

ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှု ကင်းမဲ့နေသည်ကို ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်မှာ ဤလုပ်ငန်းသည် အလွန်ချောမွေ့နေ၍ ဤကဲ့သို့ ကိစ္စကြီးနှင့် ကြုံတွေ့ရလျှင်ပင် လင်းလော့ချင်းက တည်ငြိမ်ကာ အပြုံးလေးနှင့် ရင်ဆိုင်နိုင်၏။ သူက သာမန်နှင့် ကွဲပြားနေဟန် မရပါပေ။