အပိုင်း ၁၁
Viewers 5k

Chapter 11




ရွှီလော့ယန်က လက်မကိုလှုပ်ရှားလိုက်ပြီး ချီချန်အန်းရဲ့နောက်ဆုံးတင်ထားသည့်ပိုစ့်ကို ပွတ်ဆွဲလိုက်ကာ likeလုပ်လိုက်သည်။


သူနည်းနည်းတော့အံအားသင့်သွားရတာကြောင့် မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။


"ခင်ဗျားလည်း fan groupထဲသွားချောင်းထားတာလား မဟုတ်ဘူး သွားပြီးတော့ကြည့်ထားတာလား"


ခေါင်းခါပြပြီးနောက် ချီချန်အန်းက တည်ငြိမ်စွာဖြင့်ပြန်မေးလိုက်သည်။


"မင်း အဲ့ထဲမှာရှိနေတာလား"


"ကျွန်တော်လား..."


သေစမ်း ထောင်ချောက်ထဲကျတော့မလို့...၊


ရွှီလော့ယန်က သူ့စကားကို အထစ်အငေါ့မရှိအောင်ပြောင်းလိုက်ကာ ပြန်ဖြေလိုက်သည်။


"သေချာပေါက်မဟုတ်ဘူးပေါ့ ကျွန်တော်က ဒီအတိုင်းသိချင်လို့ပါ 'သကြား'ဆိုတဲ့စကားလုံးကို ခင်ဗျားဘယ်နေရာကနေများ သိလာတာလဲလို့"


"ကိုယ့် ပရိတ်သတ်တွေဆီကနေသိတာလေ" 


ချီချန်အန်းက သူ့ရဲ့အလိမ်အညာလေးကို မဖော်ချင်တာကြောင့် သူရဲ့လတ်တလောweiboပိုစ့်ရဲ့commentနေရာကိုနှိပ်ပြီးတော့ ရွှီလော့ယန်အားပြလိုက်သည်။


"သူတို့ကအမြဲတမ်း အချိုပေးပါလို့တောင်းနေကြတာလေ ဓာတ်ပုံကောဘယ်မှာလဲတို့ ချန်အန်းလော့ယန်cpတူတူရှိဖို့ကြိုးစားကြစို့တို့ ဆိုတာတွေလေ ဖတ်လေဖတ်လေ နားလည်လာလေလေပဲ"


"ဟုတ်ပြီလေ" 


ရွှီလော့ယန်မှာ ထပ်ပြီးဘာပြန်ပြောရမလဲမသိတော့တာကြောင့် နားရွက်ကိုသာပွတ်လိုက်မိသည်။


ချီချန်အန်းတစ်ယောက် 'ကုချန်လော့ယန်cp'လို့ပြောတဲ့အသံထွက်က ပြောပြလို့မရနိုင်သည့် ဆွဲဆောင်မှုတချို့ပါ၀င်နေသည်။သူရဲ့လေးနက်သည့်မျက်နှာအမှုယာကိုတိတ်တိတ်လေး ချောင်းကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူပြန်မေးလိုက်မိ၏။ 


အဲ့ဒါက တကယ် သူပဲ ထင်ယောင်ထင်မှားဖြစ်နေမိတာပဲလား...။


ချီချန်အန်းက နောက်နေ့အတွက် ခရီးဆောင်အိတ်ထဲပစ္စည်းတွေသွားထည့်နေချိန်တွင် ရွှီလော့ယန်က တိတ်တိတ်လေးweibo commentအပိုင်းကိုသွားနှိပ်ကြည့်ရာ ထိပ်ဆုံးကမှတ်ချက်နှစ်ခုကိုတွေ့လိုက်ရသည်။


"တစ်ခုခုအရသာရှိတာကိုစားလိုက်ရလို့ ကျေနပ်နေတဲ့ ချီချန်အန်းမျက်နှာကို မြင်‌တာ ငါတစ်ယောက်ထဲလားဝေ့...ရွှီလော့ယန်က ရေချိုးပြီးခါစလို့ထင်တာ ငါတစ်ယောက်ထဲပဲလားဟေ့...ငါ့ခေါင်းထဲက ရထားသေးသေးလေးက တဝီဝီအော်ပြီး ဝေးဝေးကိုပြေးနေပြီဟ..."


"စိတ်မပူကြနဲ့ အစာထုတ်လုပ်တဲ့စက်ကြီး စစ်မြေမြင်ကိုရောက်ဖို့ငါးမိနစ်ပဲလိုတော့တယ် နတ်သမီးလေးတွေခုံလေးတွေယူပြီးအစာယူဖို့ ပြင်ထားကြတော့ ဒေါက် ဒေါက် အစာခွက်လေး"


သူ့မှာ နောက်ဆုံးတစ်ခေါက်ကနဲ့မတူ ထိုအဆိုပြုထားတဲ့ဆောင်းပါးကိုပုံစံမျိုးစုံနှင့်မြင်တော့ မသိလိုက်ပါဘဲ weiboကနေထွက်လိုက်သည်။ သို့ပေမယ့် ထိုသို့လုပ်ပြီးခါမှ သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။


"နေပါဦး ငါရေးတာမှမဟုတ်တာ ဘာလို့ငါကအပြစ်ရှိသလိုခံစားနေရတာလဲ"


ချီချန်အန်းထွက်သွားပေမယ့် ရွှီလော့ယန်ရဲ့ဘ၀အရင်အတိုင်း လည်ပတ်နေမြဲပင်။


အလုပ်ဆင်းချိန်ရောက်တိုင်း ချီချန်အန်းအားပို့နေကျစာတစ်စောင်ကို ပို့မိလေ့ရှိသည်။


"အလုပ်ဆင်းပြီ ကျွန်တော် ခင်ဗျားနဲ့ညစာစားဖို့လာနေပြီ"


ထိုစာကြောင်းကို ပို့မိသည့်အခါတိုင်း သူ့မှာသွေးရူးသွေးတန်းဖြင့် ဖျက်ပစ်ရစမြဲပင်။ သူ့မှာတူနှစ်စုံကိုပင် ပြင်ထားတတ်ပြီး နံနက်ခင်းသူ့အိပ်ခန်းထဲမှအပြေးအလွှားလုပ်သည့်ပထမဆုံးအရာက"ချီချန်အန်း"ဟုအော်ခေါ် လိုက်ခြင်းပင်။


ပြီးလျှင် သူ့ဘာသာသူ ထိတ်လန့်မိသွားကာ သူပြန်လာဖို့ဘယ်လောက်လိုသေး‌ ကြောင်းသူ့ကိုယ်သူ ပြန်မေးနေမိသည်။


ချီချန်အန်း နိုင်ငံခြားရောက်‌နေကြောင်းကို သူသတိရသွားတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်တင်းသွားရစမြဲသာ။


ဖုန်းပြောနေချိန်တွင် ကျန်းသုန့်က ချီချန်အန်းကိုမေးတာကိုကြားသည်နှင့် သူရဲ့မသိစိတ်က အလိုလို ပိတ်ထားတဲ့အိပ်ခန်းတံခါးကိုကြည့်လိုက်မိပြီး စက္ကန်အနည်းငယ်ကြာတော့မှ ပြန်စကားခေါ်မိသည်။


"ခုနကဘာပြောလိုက်တာလဲ ကျန်းကော"


"ငါမေးနေတာက ဒါရိုက်တာကျန်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကတွေ့သေးလားလို့"


"ဟင့်အင်း သိထားတာကတော့ ဒါရိုက်တာကျန်းရယ် ဇာတ်ညွှန်းရေးဆရာရယ် ရိုက်ကူးရေးအဖွဲ့ရယ်က ချင်းလီမြို့ထဲမှာပဲ ဒါပေမဲ့သူတို့က‌တော်တော်‌လေး‌လေး အပုန်း‌ကောင်းတယ် ကျွန်တော်နဲ့ချီချန်အန်း သူတို့နဲ့တစ်ခါမှမတွေ့ဖူးဘူး"


သူ့တို့နှစ်ယောက် အတူတူအလုပ်တွဲလုပ်လာတာကြာပြီဖြစ်တာကြောင့် ရွှီလော့ယန်သူ့စကားထဲကနေ တခုခုမူမမှန်တာကိုခံစားမိလိုက်သည်။


"တစ်ခုခု ဖြစ်လို့လား"


"ငါလည်း အရမ်းကြီးမသေချာဘူး ဒါပေမယ့် ငါ့မင်းနဲ့စကားအရင်ပြောချင်လို့"


ကျန်းသုန့်က တွန့်ဆုတ်မနေဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


"မင်း ရှစ်ယွမ်ဟောက်ကိုမှတ်မိသေးလား"


"ကျွန်တော် မှတ်မိပြီ သူ့ကိုဆုကြေညာသူလုပ်တုန်းကတစ်ခေါက်တွေ့ဖူးတယ်"


ရွှီလော့ယန်က သူ့‌ခေါင်းထဲကနေ သူနှင့်ပတ်သတ်သည့် မှတ်ဉာဏ်တွေကို ဆွဲထုတ်ဖို့အကောင်းဆုံးကြိုးစားလိုက်ကာ"သူကြည့်ရတာ မဆိုးပါဘူး ဟိုင်ယန်မီဒီယာကမလား"


ဟိုင်ယန်မီဒီယာက သူတို့ရဲ့ပြိုင်ဘက်ကုမ္ပဏီဖြစ်ပြီးတော့ အချင်းချင်းထိပ်တိုက်မတွေသည့်နေ့ဆိုတာမရှိသလောက်ရှား၏။


"အဲ့ဒါသူပဲ ရှစ်ယွမ်ဟောက်ရဲ့အေးဂျင့်က ဒါရိုက်တာကျန်းကိုဆက်သွယ်လာတယ်ဆိုတဲ့ သတင်းတစ်ခုရထားလို့"


ရွှီလော့ယန်မှာရပ်သွားရကာ ချက်ချင်းတုံပြန်လာသည်။


"သူက ကျွန်တော် ဇာတ်ကောင်ကိုခိုးချင်တာလား"


တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲရုတ်တရတ်အချို့အရာတွေကိုဆက်စပ်မိသွားသည်။


ရှစ်ယွမ်ဟောက်ရဲ့အေးဂျင့် ဝူပိက ဟိုင်ယန်မီဒီယာရဲ့အေးဂျင့်ဌာနတွင် ရွှေတစ်ဆိပ်ဆုရှင်ဖြစ်လေသည်။


သူထိပ်ဆုံးကိုအလျင်အမြန်တတ်လာနိုင်ခဲ့သည့် အဓိကအကြောင်းအရင်းက ယို့လိအင်တာတိန်းမန့်ရဲ့ရုပ်ရှင်ဘုရင်မယွင်ရှုကို ခိုးယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုကနေစပြီး ကျန်းသုန့်နှင့်ဝူပိတို့ တစ်ယောက်ကိုတစ်ယောက် လမ်းမှာတွေ့လျှင်ပင် လေကဲ့သိုဆက်ဆံကြသည်။


ပြီးတော့ ယခုတစ်ခေါက် ကျန်းသုန့်နှင့်ရွှီလော့ယန်တို့က ယွင်ရှုကို နောက်ပြန်လှည့်လို့မရအောင်လုပ်ထားတာကြောင့် ဝူပိက သူတို့ကိုလက်စားချေမည်မှာ သေချာပေါက်ပင်။


"သတင်းက ဒီလို"


ကျန်းသုန့်တ‌စ်ယောက်ရွှီလော့ယန်က ကျိုးကြောင်းဆင်ခြင်နိုင်သည့် သူဆိုတာကိုသိသဖြင့် သေချာရှင်းပြလိုက်၏။


"ဝူပိက မင်းရဲ့ဇာတ်ကောင်ကိုပစ်မှတ်ထားနေတာ ဒါရိုက်တာကျန်းက မင်းနဲ့ချီချန်အန်းကိုခေါင်းဆောင်မင်းသားနှစ်ယောက်အဖြစ် ရွေးထားတဲ့အကြောင်းပြချက်က ချီချန်အန်းမှာကဘမယုံကြည်နိုင်လောက်အောင်ကောင်းတဲ့သရုပ်ဆောင်စွမ်းရည်ရှိလို့ကော နိုင်ငံတကာရုပ်ရှင်ပွဲတော်ကဒိုင်လူကြီးတွေနဲ့ရင်းနှီးပြီးသားဖြစ်တာက ဆုတစ်ဆုရနိုင်ဖို့အာမခံချက်ပေးနိုင်တယ်လေ"


"ဒါပေမယ့် ချီချန်အန်းမှာလည်းချို့ယွင်းချက်သိသိသာသာကိုရှိတယ်လေ သူမှာဇာတ်ကားနှစ်ခုပဲရှိသေးတယ် အင်တာဗျူးဖြေထားတာတွေလည်းမရှိ ကြေညာရိုက်ထားတာလည်းမရှိသလို ရသစုံလင်ရှိူးတွေလည်းမရှိ မီဒီယာတွေမှာလည်းမကြာခဏဖော်ပြခံရလေ့မရှိဘူး မင်းကျတော့ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ချီချန်အန်းလောက်လည်းမကောင်းသလို မင်းကပြောင်မြောက်လှတဲ့ဆုတွေကိုရထားတဲ့သူလည်းမဟုတ်ဘူးဆိုပေမယ့် မင်းရဲ့box officeကဆွဲဆောင်နိုင်အားကောင်းတယ် မင်းကစန်းလည်းရှိသေးတဲ့အပြင် ဖန်အင်အားကလည်းတောင့်သေးတယ် မင်းကိုကျော်ကြားတယ်လို့သတ်မှတ်လို့ရတယ် ဆိုရရင် မင်းနဲ့ချီချန်အန်းကလိုက်တယ်"


ရွှီလော့ယန်:"ဒါရိုက်တာကျန်းရဲ့ ရည်မှန်းချက်က ဆုရဖို့ပဲ ဒါကြောင့် ချီချန်အန်းကိုသေချာပေါက်အစားထိုးမှာမဟုတ်ဘူး ဒါပေမယ့် ကျွန်တော်ကကြတော့မတူဘူး ကျွန်တော်ဇာတ်ကောင်နေရာမှာအစားထိုးနိုင်တဲ့သူတွေအများကြီးရှိတယ်"


သူကအမြဲသတိရှိသည်။သူကနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပေမယ့် ဒီလောကမှာ သူတစ်ယောက်ထဲနာမည်ကြီးတဲ့သူမဟုတ်ပေ။


"ဟုတ်တယ်"


ကျန်းသုန့်ကပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


"ရှစ်ယွမ်ဟောက် လိုမျိုးပေါ့ ဝူပိကဒါကိုရှင်းရှင်းလင်းလင်းမြင်လို့ ကြိုးစားနေတာလေ"


ရွှီလော့ယန်"ကျွန်တော်တို့စာချုပ်ချုပ်ပြီးပြီဆိုပေမယ့် နေရာမှာလူစားထိုးလိုက်တာမျိုးကအဆန်းမှ မဟုတ်တာ စတောင်မရိုက်ရသေးတာမျိုးဆို ပြောမနေနဲ့တော့ သူတို့သာအစားထိုးလိုက်ရင် hot searchအသစ်တောင်မှလုပ်လို့ရသေးတယ်လေ"


"လာမယ့်နှစ်ရက်အတွင်း ငါ ဒါရိုက်တာကျန်းနဲ့ညစာစားဖို့အချိန်ရှာပြီး ဘယ်လိုတွေဖြစ်နေပြီလဲကြည့်လိုက်မယ်"


"ကျွန်တော်လည်း သတင်းအသစ်တွေကိုဆက်ပြီးနားစွင့်နေမယ်"


သူတို့က ထိုအကြောင်းအရာကိုပြောလို့ပြီးသွားသည်နှင့် ကျန်းသုန့်ကရုတ်တရတ်ခေါင်းစဉ်ပြောင်းလိုက်သည်။


"ငါခုနကမင်းနဲ့ချီချန်အန်းweiboမှာဓာတ်ပုံတင်ထားတာကိုတွေ့လိုက်တယ်"


ကျန်းသုန့်ဆိုလိုချင်သည့်အဓိပ္ပာယ်ကိုနားလည်သွားတာနှင့် သူကချက်ချင်းပြန်ပြောလိုက်သည်။


"ကျွန်တော်ချီချန်အန်းကို cpကိုအသုံးချပြီးpromoteမလုပ်ဘူးလို့ ကတိပေးထားတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်က 'ကုချန်cp'ကိုထိပ်ဆုံးရှာဖွေမှုစာရင်းရောက်အောင်လုပ်ပြီး မီဒီယာတွေကိုဆောင်းပါးတွေရေးခိုင်းလည်း ရိုက်ကူးရေးအဖွဲ့နဲ့ရင်းနှီးမြုပ်နှံသူတွေက မင်းသားပြောင်းလို့ရတဲ့နည်းလမ်းကိုရှာမှာပဲ"


"အင်း အဲ့ဒါကအမှန်ပဲ ငါမင်းပြောတဲ့အတိုင်းလုပ်ပေးမယ်"


ကျန်းသုန့်ကရွှီလော့ယန်ရဲ့ဆန္ဒကိုအမြဲအလေးထားလေ့ရှိသည်။သူက ညွှန်ကြားချက်အချို့ပေးပြီးမှသာ ဖုန်းချသွားသည်။


သူကဆိုဖာပေါ် ဖုန်းပစ်တင်လိုက်ပြီး အပြင်ဘက်ကမည်းမှောင်နေသည့် တိမ်တွေကိုရွှီလော့ယန်ကြည့်လိုက်ကာ"မိုးရွာဦးမယ်ထင်တယ်"


Montreal...


ချီချန်အန်းက 12:30တိတိမှာအိမ်သို့ပြန်ရောက်လာသည်။သူကစတူဒီယိုထဲမှာပဲ ငါးရက်လောက်နေကာရုပ်ရှင်ကိုအပြေးအလွှားသွားရိုက်ရသေးသည်။သူ့တစ်ကိုယ်လုံးနေလို့မကောင်းသည့်အပြင် သူ့မျက်နှာကပိုလို့ပင်ဖြူဖျော့နေ၏။


အိမ်တော်ထိန်းအန်တီကျန်းကအလုပ်သမားတွေကိုသူရဲ့ခရီးဆောင်အိတ်ကိုသယ်ခိုင်းလိုက်ကာ သတိထားနေသည့်အသံဖြင့်ပြောလာသည်။


"ရေချိုးဖို့ပြင်ထားပြီးပြီ သခင်လေးချန်ယင်းက ဒီနေ့ရုံးမှာမဟုတ်ဘူး သခင်လေးကို ဧည့်ခန်းထဲမှာစောင့်နေတယ်"


"ဧည့်ခန်းလား"


ချီချန်အန်းက သူနားထင်ကိုနှစ်ချက်လောက်ပွတ်သပ် လိုက်ကာ"ကောကိုပြောလိုက် ကျွန်တော်နောက်ထပ်မိနစ်၃၀လောက်နေရင် သူ့ကိုလာတွေ့မယ်လို့"


"ဟုတ်ကဲ့ပါ ချန်အန်းသခင်လေး"


ချီချန်အန်းက အ၀တ်လဲပြီးသည်နှင့် ဧည့်ခန်းထဲကိုသွားလိုက်ချိန်တွင် သူ့အစ်ကိုရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသည့် မိတ်ဆွေဟောင်းကိုမြင်တာနှင့် သူလှည့်ပြီးထွက်သွားချင်သွားသည်။


ချီချန်ယင်းက သူနောက်ကျောမှာမျက်လုံးတွေရှိနေသည့်အလားဆိုလာ၏။


"ချန်အန်း ဒီနေရာမှာမရှိသလို ဟန်မဆောင်နဲ့"


ချီချန်အန်းက မျက်နှာချင်းဆိုင်က ဆံပင်ညိုညို မျက်လုံးပြာပြာဖြင့် သက်လတ်ပိုင်းအမျိုးသားကိုခေါင်းညိတ်ပြလိုက်ကာ"တွေ့ရတာ၀မ်းသာပါတယ် ဒေါက်တာဟိုးလ်မန်း"


ဒေါက်တာဟိုးလိမန်းက ချီချန်အန်းရဲ့ဆရာ၀န်ဖြစ်လာတာ ဆယ့်လေးနှစ်လောက်ရှိပြီဖြစ်တာကြောင့် သူရဲ့ခံနိုင်ရည်ကိုနားလည်ကာ ဆရာ၀န်တွေရဲ့သံသယအတိုင်း"မင်းကတော့ငါ့ကိုတွေ့တာ၀မ်းသာပုံမရဘူး ဒါပေမယ့် မင်းကငါမျှော်လင့်ထားတာထက်ပိုပြီးကောင်းနေလို့ ငါ့၀မ်းသာပါတယ်"


သူ့ကစကားစကိုဖြတ်လိုက်ကာ "ငါမင်းရဲ့နေ့စဉ်လက်ထောက် လူကြီးမင်းလျန်ဆီကနေအကြောင်းကြားစာရတယ် လွန်ခဲ့တဲ့ဆယ့်ရက်ကမင်း ရောဂါပြန်ထလို့ဆို"


"ဟုတ်တယ် ကနဦးလက္ခဏာက ဗိုက်နာပြီးတော့ ရုတ်တရတ်အဖျားကြီးတယ် ညာဘက်မျက်လုံးက တစ်မီတာအကွာအဝေးထိပဲမြင်ရတော့တယ် ညာဘက်နားကလည်းလုံးလုံးမကြားရတော့ဘူး"


ချီချန်အန်းရဲ့အသံကတည်ငြိမ်လျက်ရှိပြီး သူကြည့်ရတာသူ့အခြေအနေကိုပြောပြနေတာနှင့်လုံး၀မတူပေ။ သို့ပေမယ့် နည်းနည်းလျစ်လျူရှုထားသည့်ပုံပေါက်နေပေမယ့် အခြေအနေကိုမူအသေးစိတ်ပြောပြပေးလေသည်။


ဒေါက်တာဟိုလ်မန်းက ရေးစရာရှိတာချရေးပြီးနောက်ထပြီး ထွက်သွားတာကြောင့် ဧည့်ခန်းထဲမှာညီအစ်ကိုနှစ်ယောက်ထဲသာကျန်ခဲ့တော့သည်။နှစ်ယောက်စလုံးကစကားများများမပြောတတ်တာကြောင့် ခဏလောက်တိတ်ဆိတ်သွားရ၏။


ချီချန်ယင်းက ချီချန်အန်းထက်ခြောက်နှစ်ပိုကြီးကာ ရာထူးအမြင့်ပိုင်းမှာရှိနေတာ နှစ်မနည်းတော့ပေမယ့် သူညီလေးအရှေ့တွင်မူ သူ့ကိုယ်သူအမြဲချုပ်တည်းထားသူဖြစ်သည်။


"မင်း ကယ်လီဖိုးနီးယားကနေ တိုက်ရိုက်ပြန်မှာလား"


"အင်း ကျွန်တော်အလျင်လိုနေလို့"


ချီချန်အန်းက လန်းဆန်းသွားအောင် ပြင်းတဲ့လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်သည်။


"တစ်ပတ်လောက်နေပြီးရင်ပြန်လာမယ်လို့ လူတစ်ယောက်ကို ကတိပေးထားတယ်"


ချီချန်အန်းက ဒါရိုက်တာနှင့်ချိန်းဆိုထားတယ်လိုထင်သွားပြီး သူပုံစံကြည့်ရတာပင်ပန်းနေပုံရတာကြောင့် ချီချန်ယင်းကဘာမှထပ်မမေးတော့ပေ။


"သွားပြီး အရင်အနားယူလိုက် မင်းနိုးလာမှကျန်တာတွေဆက်ပြောကြမယ်"


"အင်း ညစာစားချိန်ကျရင် ကျွန်တော်ကိုခေါ်ဖို့သတိရ"


ချီချန်အန်းကပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ ထွက်သွားဖို့ပြင်လိုက်သည်။


"ချန်အန်း"


ချီချန်ယင်းက သူ့နောက်ကျောကိုကြည့်ရင်း စကားဆိုလိုက်စဥ်တွင် သူအသံကပုံမှန်ထက်ပိုပျော့ပျောင်းသွားပြီး"ရက်အနည်းငယ်လောက်ကြာရင် ပါးနဲ့မား ဆုံးတဲ့နှစ်ပတ်လည်နေ့...မင်း"


"ကျွန်တော် အခန်းထဲပြန်တော့မယ်"


ချီချန်အန်းက သူ့အစ်ကိုပြီးအောင်ပင်မပြောရသေးသည့် စကားကိုဖြတ်ပြောလိုက်ချိန်တွင် သူ့မျက်နှာအမှုအရာက နဂိုထက်ပိုတင်းမာနေသည်။


ချီချန်အန်း ဧည့်ခန်းထဲကနေထွက်သွားတာကိုကြည့်ပြီး ချီချန်ယင်းရဲ့နှုတ်ခမ်းထောင့်မှာ ခါးသက်သက်အပြုံးတစ်ခုပေါ်လာသည်။


သူတကယ်ကို အလျင်လိုနေတဲ့ပုံပဲ...။


သူ့အိပ်ခန်းထဲကို‌ပြန်ရောက်သည်နှင့် ချီချန်အန်းက သူ့နောက်ကတံခါးကိုပိတ်လိုက်သည်။သူ့ အခန်းကတစ်စက်လေးပင်မပြောင်းလဲသွားပေ။စားပွဲပေါ်ကစာအုပ်ကအစ သူထွက်မသွားခင်ကဖတ်ခဲ့သည့် စာမျက်နှာအတိုင်းရှိနေဆဲပင်။


ဆယ်မိနစ်လောက်ကြာပြီးနောက် သူ့ဖုန်းကိုထုတ်ကာအချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ချင်းလီမြို့မှာ နံနက်၁နာရီခွဲနေပြီဖြစ်သည်။ရွှီလော့ယန်တစ်ယောက် အိပ်ပျော်သွားလောက်ပြီးဟုတွေးလိုက်ပြီးကာမှ သူရဲ့နောက်ဆုံးupdateကိုမြင်လိုက်ရသည်။


"အိပ်လို့မရဘူး...QAQ"


အချိန်ကလွန်ခဲ့တဲ့ဆယ်မိနစ်ခန့်ကဖြစ်သည်။


ချီချန်အန်းက ပြန်တင်ရန်ဆိုသည့်ခလုပ်မှာနှစ်စက္ကန့်လောက်ရပ်တန့်သွားသည်။ပြီးနောက် လက်လျော့လိုက်ပြီး ရွှိလော့ယန်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဖုန်းခေါ်လိုက်သည်။


"ချန်အန်း"


ရွှီလော့ယန်ရဲ့အသံက ယခုအချိန်ရောက်နေတာတောင် အလွန်တတ်ကြွနေသေးသည်။


"အင်း ကိုယ်ပါ"


သူ့ရဲ့နှလုံးသားထဲက တင်းနေသည့်ကြိုးမှာတဖြည်းဖြည်း ပြေလျော့သွားသလိုခံစားလိုက်ရပြီး ချီချန်အန်း မျက်လုံးအား သက်သောင့်သက်သာဖြစ်စွာမှိတ်လိုက်သည်။


"အိပ်လို့မပျော်ဘူးလား"


ရွှီလော့ယန်က စောင်ပုံထဲရောက်နေတာကြောင့် ချီချန်အန်းရဲ့အသံက နဂိုထက် နည်းနည်းလေးကျယ်နေသည်။ 


မသိလိုက်ဘဲ ဖုန်းကို သူ့နားမှခပ်ခွာခွာထားလိုက်ပြီး"ခင်ဗျား ကျွန်တော် weiboပိုစ့်ကိုမြင်လို့လား ကျွန်တော် မလိမ်ဘူး ကြိုးစားနေတာတစ်နာရီလောက်ရှိပြီ လုံး၀ အိပ်လို့မရဘူး ဘာလုပ်ရမှန်းလဲမသိတော့ဘူး ထပြီးကြမ်းတိုက်လိုက်ရမလား ဒါမှမဟုတ်လဲ တစ်ခုခုပေါ့ ကျွန်တော်ကိုယ်ကျွန်တော်ပင်ပန်းအောင်လုပ်လိုက်ရင် အိပ်ချင်သွားလိမ့်မယ်ထင်တယ်"


ကုတင်ပေါ်လှိမ့်နေရင်းမှ ရွှီလော့ယန်တစ်ယောက် သူ တစ်ခုခုမှားနေကြောင်း ထူးထူးခြားခြားခံစားမိလိုက်သည်။သူ့ကြည့်ရတာ အတော်လေးပင်ပန်းနေသည့်ပုံပေါက်နေပေမဲ့ ထိုသို့လည်းအတိအကျဟုတ်ဟန်မတူပေ။


သူအသံက နားထောင်နေရတဲ့သူကိုပင် နည်းနည်း၀မ်းနည်းလာစေ၏။


"ချန်အန်း ခင်ဗျားဘက်မှာ တစ်ခုခုဖြစ်လို့လား"


"ဘာမှမဖြစ်ပါဘူး"


ကိုယ့်ရဲ့ ဘေးပတ်ပတ်လည်က အရမ်းကိုတိတ်ဆိတ်လွန်းလို့ မင်းရဲ့အသံလေးကိုကြားချင်ရုံလေးပါ...။


____