အပိုင်း ၂၆
Viewers 6k

Chapter 26


------------


ပုံမှန်ပါပဲ...


ရွှီလော့ယန်က လောလောလတ်လတ် သူမြင်လိုက်ရတာကိုမတွေးဘဲ မနေနိုင်အောင်ပင်၊ဒါက မကောင်းဆိုးဝါးနတ်ဆိုးမျိုးနွယ်စုရဲ့ လူမျိုးရေးအားသာချက်များလား၊ဒါပေမယ့် ချီချန်အန်းက အင်္ကျီ၀တ်ပြီးသွားပြီဖြစ်တာကြောင့် အနီးကပ်ကြည့်လို့မရတော့ချေ။


မဟုတ်သေးပါဘူး...သူမှာဒီလိုမျိုးအတွေးတွေရှိနေတာကို မယုံနိုင်သေးဘူး။


ဆံပင်‌လေမှုတ်စက်အားလက်ထက်မှာကိုင်ထားလျက် ရွှီလော့ယန်က သူ့ခေါင်းထဲကညစ်တီးညစ်ပတ်အတွေးတွေအားလုံးကို လေနဲ့မှုတ်ပစ်ဖို့အချိန်အကြာကြီးယူလိုက်ရသည်။


ချီချန်အန်းက ရွှီလော့ယန်တစ်ယောက်ဆံပင်အ‌ခြောက်ခံနေတာကိုစိတ်ရှည်ရှည်ဖြင့်ထိုင်စောင့်နေသည်။ပြီးနောက် ဆံပင်ခြောက်စက်အားယူရန်ပြင်လိုက်သည့်အချိန်၌ ရွှီလော့ယန်၏မဖီးမသင်ရသေးတဲ့ ဆံပင်တွေအားမြင်ပြီး လက်ကမထိန်းနိုင်တော့ဘဲ နှစ်ခါလောက်ကိုင်ကြည့်လိုက်သည်။အတော်လေးကိုင်လို့ကောင်းလေသည်။


ရွှီလော့ယန်က တဖက်လူကိုင်ပြီးတာကိုစောင့်ပြီးတော့မှ နီရဲတွက်နေတဲ့နားရွက်များဖြင့် မကျေမနပ်ဖြစ်သွားကာ"မင်း ယောက်ျားလေးတယောက်ရဲ့ဆံပင်ကို ထိချင်တိုင်းထိလို့မရဘူးလေ"


" ဘာလို့လဲ " 


ချီချန်အန်းက သူ့ကို သဘောတကျဖြစ်နေတဲ့အမှုအရာဖြင့်ကြည့်နေလေသည်။


"ဘာကြောင့်လဲဆိုတော့ အဲ့လိုလုပ်ရင်အရပ်ရှည်မလာတော့ဘူးတဲ့" 


ထိုသို့ပြောပြီးနောက် ရွှီလော့ယန်က နောက်ထပ်အကြောင်းပြချက်တစ်ခုကို ထပ်ပြောလိုက်သည်။


"ကျွန်တော် ကြည့်မကောင်းဘဲနေလိမ့်မယ်"


"စိတ်မူပါနဲ့ မင်းက အခု အရမ်းကြည့်ကောင်းပါတယ်"


ချီချန်အန်းက ကုတင်အစွန်း၌ထိုင်လိုက်ပြီး သူ့ခြေထောက်ရှည်ရှည်တွေအား ပုံမှန်အတိုင်း အေးဆေး ဖြန့်ကားထားပြီးရွှီလော့ယန်အား "မင်း အိပ်ချင်နေသေးလား"


ရွှီလော့ယန်က ကုတင်ပေါ်ရှိကော်ဇောပေါ်၌ ခြေချိတ်ပြီးထိုင်‌နေကာ " ကျွန်တော် အခု တော်တော်လေး တတ်ကြွနေတယ်"


ဆံပင်အခြောက်ခံလိုက်တာက အိပ်ချင်နေတဲ့ပိုးတွေပါ ပါသွားစေတာများလား။


"ကိုယ်နဲ့အတူတူ ဇာတ်၀င်ခန်းကိုလေ့ကျင့်ချင်လား" 


ရွှီလော့ယန်က အများကြီးတွေးမနေဘဲ သဘောတူလိုက်သည်။ 


"အင်း ကောင်းပြီလေ"


ချီချန်အန်းက ထိုအတိုင်းသူနှင့်ပိုပြီးအချိန်ဖြုန်းချင်လို့ဖြစ်သည်။


နှစ်ယောက်စလုံးက ဇာတ်ညွှန်းဖြင့်ရင်းနှီးပြီးသားဖြစ်တာကြောင့် တယောက်ကစပြီးတစ်ခွန်းလောက်ပြောလိုက်တာနှင့် တစ်ခြားတစ်ယောက်ကဘယ်ဇာတ်၀င်ခန်းလည်းဆိုတာကိုသိပြီး ချက်ချင်းတုန့်ပြန်နိုင်လေသည်။


ဆယ်မိနစ်နီးပါးကြာသွားတော့ ချီချန်အန်းက နောက်လှည့်ပြီး ရွှီလော့ယန်ကိုပြောလိုက်သည်။


"နောက်ထပ်ရက်အနည်းငယ်အတွင်း ငါအလုပ်လုပ်စရာတွေရှိတယ်၊မင်းတစ်ခုခု အကူအညီတောင်းချင်ရင် အလုပ်ရုံကိုသာလာခဲ့လိုက် ငါသွားတော့မယ်"


စိတ်ရှုပ်နေတဲ့အသံဖြင့် မတွေ့ရတာနှစ်အတော်ကြာပြီဖြစ်တဲ့သူငယ်ချင်းနှင့်ပြန်တွေ့ရတော့ ပြောင်းလဲသွားမှုတွေကြောင့် အကျွမ်းတ၀င်မဖြစ်တော့ပေ။ထို့ကြောင့် သူရဲ့အသံကစိတ်လှုပ်ရှားပြီး မသက်မသာဖြစ်နေသည်။


သူ့စာသားအားဖတ်ပြီးသည့်နောက် အချိန်အတော်လေးကြာတဲ့ အထိရွှီလော့ယန် ပြန်ပြောလာသံကိုမကြား၍ ချီချန်အန်း လှည့်ကြည့်လိုက်တော့ ရွှီလော့ယန်က ကုတင်ကိုမှီပြီးအိပ်မောကျနေတာကိုတွေ့လိုက်ရသည်။အသက်မှန်မှန်ရူနေလျက် သူ့ပတ်၀န်းကျင်ကလေတွေတောင်မှ ငြိမ်းချမ်းသွားသည့်အတိုင်းပင်။


ရွှီလော့ယန်အား သူလောဘတကြီး စိုက်ကြည့်နေခာမိသည်။အပြာနုရောက်ညအိပ်၀တ်စုံ၀တ်ထားကာ ဆံပင်ကိုအခြောက်ခံထားတာကြောင့် နည်းနည်းပွနေလျက်ရှိတာကြောင့် ယောက်ျားပိုဆန်ပြီး ပိုကြည့်ကောင်းသည်။လည်ပင်းမှာဆွဲထားတဲ့ peace claspက ကော်လာကနေထွက်ကျနေသည်။


ချီချန်အန်းက သူ့ကိုထိုင်ကြည့်နေတာအချိန်ဘယ်လောက်ကြာသွားလဲတောင်မသိလိုက်၊ သူထပြီးလျှောက်သွားလိုက်ကာ သယ်ရန် ကုန်းလိုက်သည်။ရွှီလော့ယန်ရဲ့ မျက်ခွံကနည်းနည်းလှုပ်သွားပေမယ့် သူအရမ်းအိပ်ချင်‌နေပြီး အနံကရင်းနှီးနေတာကြောင့် သူ့ဘာသူ ချီချန်အန်းရဲ့ပိုးအင်္ကျီအားပွတ်သပ်လိုက်ပြီးနောက် ပြန်ပြီးအိပ်ပျော်သွားတော့၏။


ရွှီလော့ယန်ကို ကုတင်ပေါ်ချပေးလိုက်ကာ စောင်ခြုံပေးလိုက်သည်။ချီချန်အန်းက ပြတင်းပေါက်ကိုပိတ်ပြီးပြန်လာတော့ ရွှီလော့ယန်ရဲ့ သတိရှိပုံရကာ ၀က်ဝံရုပ်အားလက်ထဲ၌ဖက်ထားတာကိုတွေ့လိုက်ရပြီး သူ့မျက်နှာပေါ်၌ကျေနပ်နေတဲ့အပြုံးတစ်ခုရှိနေသည်။


ဤအခိုက်အတန့်၌ ချီချန်အန်းက အရုပ်ကိုမနာလိုဖြစ်သွားရသည်။


သတိပြန်၀င်လာတော့ သူရပ်နေတာနည်းနည်းကြာနေပြီဖြစ်ကာ ရွှီလော့ယန်ကိုမီးပိတ်ပေးလိုက်ပြီးနောက် သူ့အခန်းကိုပြန်သွားလေသည်။


ထိုအချိန်၌ တခြားအခန်း၌


လုတိက ခေါက်ဆွဲပြုတ်ပန်းကန်ဖြင့်လက်တော့အရှေ့ထိုင်နေပြီး ကျန်းသုန့်ကို "ကျန်းကော ကျွန်တော်တို့ရဲ့ မားကတ်တင်းအကောင့်တွေကိုမကိုင်တာကြာပြီမှတ်လား ဘာလို့ဒီသတင်းကမြန်မြန်ကြီးတတ်လာရတာလဲ"


အဖွဲ့၌ followerသန်းချီရှိတဲ့မာကတ်တင်းအကောင့်များရှိသည်။အဓိကကတော့ အရေးကြီးအချိန်တွေ၌ ရွှီလော့ယန်ရဲ့ သတင်းနှင့်ဓာတ်ပုံများတင်ရန်ဖြစ်သည်။


လက်ထဲမှာ ကော်ဖီခါးခါးတစ်ခွက်ကိုင်ထားသည့်ကျန်းသုန့်ကလည်းခေါင်းကိုက်နေရသည်။


"မင်းအဲ့မှာရှိနေတာပဲ ဘာလို့လဲငါ့ကိုပြောပြ "


လက်ထဲကခေါက်ဆွဲပြုတ်ပန်းကန်ကိုချကာ လုတိသေချာပြန်စဉ်းစားနေသည်။


"ကျွန်တော် ရွှီကောနဲ့ချီလူကြီးမင်းတို့နဲ့ ဓာတ်ပုံအရိုက်ခံရမယ့်နေရာလျှောက်လာတော့ အပေါ်ကနေနှင်းဆီပန်းတစ်စည်းကျလာတယ် ပြုတ်ကျတဲ့နေရာကနီးနီးလေးဆိုတော့ ကျွန်တော်နားကဖန်ကပစ်လိုက်တာဖြစ်မယ်"


သူသည်လည်းမသေချာမရေရာဖြစ်နေပုံရ၏။


"ပြီးတော့ ဘာဖြစ်သွားမှန်းမသိလိုက်ဘူး ရွှီကောကရုတ်တရတ်ကြီးရပ်ပြီး အနောက်ကိုလှည့်ပြီး ချီလူကြီးမင်းရဲ့မျက်လုံးကိုကာလိုက်ပြီးတော့ ကျွန်တော်ကိုမျက်လုံးတစ်ဖက်မှိတ်ပြတယ်လေ"


"သူတို့တွေရပ်နေတာ အရမ်းနီးတယ်"


"အတော်လေးကိုနီးတာ "


လုတိကသေချာအောင်ပုံစံလုပ်ပြသည်။


"တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာ၊ရွှီကောက ချီလူကြီးမင်းရဲ့လက်ကိုဆွဲလိုက်ပေမယ့် သူကရပ်နေတုန်းပဲ မလိုလားတဲ့ပုံမပြဘဲ အတော်လေး ပူပေါင်းပေးပါတယ်"


Weiboပေါ်က များပြားလှတဲ့တုန့်ပြန်မှုတွေကိုတွေ့ပြီး ကျန်းသုန့်ကိုယ်တိုင်လည်း သံသယ၀င်လာရသည်။


"ဖန်တွေခန့်မှန်းတဲ့အတိုင်း ဖန်တယောက်က ချီချန်အန်းကိုနှင်းဆီပန်းတွေပစ်ပေးတော့ လော့ယန်ကမနာလိုဖြစ်ပြီး ချီချန်အန်းကိုမကြည့်ခိုင်းဘဲ မျက်လုံးတွေကိုကာပစ်လိုက်တာ ပြီးတော့ နှင်းဆီပန်းတွေကိုလည်းယူသွားခိုင်းတယ် "


လုတိက ခေါင်းဆွဲပြုတ်ဗူးကိုကိုင်ပြီး ခေါင်းထဲ၌ ထိုစကားကိုသာ ထပ်တလဲလဲပြောနေကာ အလေးအနက်ခေါင်းညိတ်လိုက်ကာ "ပြီးပြည့်စုံတဲ့အတွေးအခေါ်ပဲ"


"တကယ်ကို ပြီးပြည့်စုံတယ်" 


ကျန်းသုန့်ကမျက်ခုံးကိုပင်လိုက်ကာ စိတ်ပူနေသည့်အသံဖြင့် "ပုံတွေကိုကြည့်ပြီး ဒီလိုမျိုးတွေးမိလိုက်ရင် ဘာမှမမှားပါဘူး၊ဒါပေမယ့် ဒီအတိုင်းသာဆက်သွားနေရင် မနက်ဖြန်မနက် ရွှီလော့ယန် ထပ်ပြီးမနာလိုဖြစ်ပြန်ပြီလို့ သတင်းတတ်လာရင်ဘယ်လိုလုပ်မလဲ "


ရွှီလော့ယန်မှာ အဆင့်တန်းမြင့်မနာလိုတဲ့စွမ်းရည်မရှိသေးပေမယ့်လဲပေါ့နော်...


ကျန်းသုန့် စိုးရိမ်နေတာကိုမြင်တော့ လုတိကနားမလည်နိုင်ပေ။ 


"ကောပဲ ခဏလေးတောင်မှရွှီကောအာရုံစိုက်မခံရရင် စိတ်ပူနေတာမှတ်လား အခု သူhotsearchထဲခဏခဏရောက်နေတယ်လေ ကျွန်တော်တို့လည်း ပိုက်ဆံပေးစရာမလိုဘူး မကောင်းဘူးလား"


ဖန်သားပြင်ပေါ်က ဖန်တွေရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။


"ဖန်တွေကြောင့် hotsearchပေါ်ရောက်ရင်တော့ကောင်းတာပေါ့၊ဒါပေမယ့် ချီချန်အန်းနဲ့ပဲတစ်ရက်ထဲမှာနှစ်ခါဆိုရင်တော့ သိပ်မကောင်းတော့ဘူး "


ရွှီလော့ယန်နှင့်ချီချန်အန်းရဲ့ဆက်ဆံရေးအဆင်ပြေနေတာကိုစဉ်းစားလိုက်ကာ ကျန်းသုန့်ကော်ဖီသောက်တာကိုလက်စသပ်လိုက်သည်။


ခွက်အလွတ်အား လက်ချောင်းများဖြင့်ကိုင်ထားကာ "ထားလိုက်တော့ သူ့အတွက် သူငယ်ချင်းလုပ်ဖို့ကမလွယ်လှဘူး သူချီချန်အန်းနဲ့ရင်းနှီးချင်ရင် ရင်းနှီးပါစေ"


ဘာပဲဖြစ်ဖြစ် သူ့ကို သူအနောက်ကနေကူညီပေးနိုင်လေသည်။


နောက်တနေ့မနက်ပိုင်း ရွှီလော့ယန်အတော်လေးနောက်ကျမှအိပ်ယာကနိုးလေသည်။


သူ ပါးစပ်ထဲသွားတိုက်တံဖြင့် သစ်သားတံခါးကိုဖွင့်လိုက်ပြီး အရှေ့ကိုလှမ်းကြည့်လိုက်တော့ ချီချန်အန်းကအ၀တ်လဲပြီးပြီတောင်ဖြစ်သည်။ သူကပြတင်းပေါက်တံခါးကိုမှီ၍ ဇာတ်ညွှန်းဖတ်နေသည်။


သူ့ပါးစပ်က အဖြူရောင်ပူဖောင်းများထွက်လာကာ ရွှီလော့ယန် ချီချန်အန်းအားမသဲမကွဲအသံဖြင့် "ကျွန်တော်ကို ၅မိနစ်လောက်စောင့် "


ပြောရင်းနှင့်သူခြေလှမ်း၂လှမ်းလောက်ပြန်သွားပြီး တစ်ခုခုကိုမှတ်မိသွားသည့်ပုံဖြင့် တံခါးကိုပြန်ဆွဲလိုက်ကာ "ကျွန်တော်မှတ်မိပြီ မနေ့ညက ကျွန်တော်တို့စာသားတွေလေ့ကျင့်နေတာလားလို့"


ချီချန်အန်းကခေါင်းညိတ်ပြလေသည်။


"မင်း အိပ်ငိုက်နေလို့ အခန်းထဲပြန်သွားပြီး အိပ်သွားတယ်လေ"


ရွှီလော့ယန်က ပြန်စဉ်းစားကြည့်ပေမယ့်လည်း မနေ့ညကအိပ်ရာမ၀င်ခင်ကမှတ်ဉာဏ်က ဝိုးတိုးဝါးတားဖြစ်နေသည်။သူနဲ့ချီး

ချန်အန်း တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်ပြီး စာသားလေ့ကျင့်နေခဲ့တာကိုသာမှတ်မိလေသည်။ထပ်ပြီးစဉ်းစားဖို့ပျင်းလွန်းတာကြောင့် ရေချိုးခန်းထဲပြန်၀င်လိုက်ကာ ကမန်းကတန်းသွားတိုက်လိုက်ပြီး မျက်နှာသစ်လိုက်ကာ အင်္ကျီလဲလိုက်သည်။သူနောက်ကျနေတာကိုသတိရသွားပြီး စိတ်ပူလာရသည်။


ဓာတ်လှေကားထဲသို့၀င်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ချီချန်အန်းကို ရှင်းပြလိုက်သည်။ 


"ကျွန်တော်အိပ်ရာထနောက်ကျချင်လို့မဟုတ်ပါဘူး၊ အမွှေးပွ၀က်ရုပ်က ကျွန်တော်ကိုသွားခွင့်မပြုလို့ပါ "


ချီချန်အန်းက သူ့ကိုပြုံးပြီးသာ ကြည့်နေသည်။


ရွှီလော့ယန်၏မျက်နှာအမှုအယာက လွမ်းဆွေးနေသည့်ပုံဖြင့် " သူ့အသည်းကိုခွဲမိမှာကြောက်လို့ပါ၊ဒါကြောင့် သူကိုအဖော်ပြုပြီးနည်းနည်းပိုအိပ်ပေးခဲ့တယ်"


သူ့မျက်လုံးထဲအပြုံးပျောက်ကွယ်သွားရပြီး ချီချန်အန်းက ဘာပြောရမလဲမသိဖြစ်သွားရသည်။


"ဒါဆို မင်း ကိုယ့်အသည်းကိုခွဲမိမှာကော မကြောက်ဘူးလား "


အာ...


ရွှီလော့ယန်က ချီချန်အန်း၏မျက်နှာအမှုအယာကို ဂရုတစိုက်ကြည့်လိုက်ပေမယ့် ချီချန်အန်းကသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တာကြောင့် သူ၀မ်းနည်းနေတာလား၊ဟန်ဆောင်နေတာလားဆိုတာကိုမပြောနိုင်ပေ။ 


ထို့ကြောင့် သူကိုစမ်းပြီး "ကျွန်တော် မင်းကိုလေမှုတ်ပေးမယ်လေ ဘယ်လိုလဲ "


ချီချန်အန်းက "လေမှုတ်ပေးရမလား"ဆိုတဲ့အဓိပ္ပာယ်ကိုနားမလည်သေးခင်မှာဘဲ ရွှီလော့ယန်ကသူ့ဘက်ကိုကိုယ့်ကိုကိုင်းလာပြီး နှုတ်ခမ်းစူပြီး သူ့နှလုံးရှိသည့်နေရာကို လေမှုတ်ပေးလေသည်။ပြီးနောက် ခေါင်းကိုမော့ပြီး သူကိုပြုံးပြကာ မျက်ခုံးပင့်လိုက်သည်။


"ချီလူကြီးမင်းရဲ့ဒဏ်ရာရနေတဲ့နှလုံးသားလေးကိုကုပေးလိုက်ပြီနော်"


ရွှီလော့ယန်ကိုကြည့်ပြီး ချီချန်အန်းရဲ့မျက်လုံးထဲအကြည့်ကပိုပြီး နက်ရှိုင်းလာရကာ-မပျောက်သွားသည့်အပြင်ကိုမှ သူရဲ့နှလုံးသားလေးဗြောင်းဆန်သွားရသည်။


သူတို့နှစ်ယောက်စတူဒီယိုထဲအတူ၀င်လာတော့ ဒါရိုက်တာကျန်းကပေါက်စီစားနေပေမယ့် သူတို့နှစ်ယောက်ရောက်လာတာကိုမြင်ပြီး ပဲနို့တစ်ခွက်ကို အမြန်သောက်လိုက်သည်။အာလာပသလာပပြောမနေတော့ဘဲ ဇာတ်၀င်ခန်းအကြောင်းစပြောလေသည်။


"ဒီအခန်းမှာ ချင်းချောင်က ရဲအရာရှိအဖြစ်ကနေအလုပ်ဖြုတ်ခံရပြီးစိတ်ပျက်လက်ပျက်နဲ့မွေးရပ်မြေကိုပြန်လာ‌တယ်၊မိသားစုနဲ့လည်းဆက်ဆံရေးကမကောင်းတာကြောင့် သူရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ရွှီကျန့်ဆီပဲသွားစရာရှိတယ်"


"သူတို့မတွေ့တာနှစ်အတော်လေးကြာပြီဆိုတော့ကား ကသိကအောက်ဖြစ်တာလေးတွေရှိတယ်၊ ရွှီကျန့်ကကျ လူတစ်ယောက်ကိုသတ်ထားဖူးတာကြောင့် သူရဲ့ရဲအရာရှိဖြစ်ဖူးတဲ့ဖြောင့်မတ်တဲ့သူငယ်ချင်းကိုပြန်တွေ့ရတာကိုသတ္တိမရှိဖြစ်နေတယ်၊ ဒါပေမယ့် ရွှီကျန့်ကဆင်းရဲတဲ့လက်သမားတစ်ဦးဖြစ်လို့ အိမ်ကသေးပြီးကုတင်တစ်လုံးထဲရှိတာကြောင့် သူတို့အတူတူအိပ်ရတယ်"


သူကချီချန်အန်းကိုကြည့်လိုက်ကာ "မင်းတို့နှစ်ယောက်အတူတူလှဲအိပ်ရရင် အဆင်ပြေရဲ့လား"


ဒါရိုက်တာကျန်းသည် ချီချန်အန်းကရုပ်ပိုင်းဆိုင်ရာထိတွေ့ရတာကိုမကြိုက်ကြောင်း အစတည်းကသိလေသည်။ ယင်းက သူတို့နှစ်ဦးကို ချင်းလီမှာနှစ်လလောက် အခန်းတူတူမျှသုံးရန်စီစဉ်ခဲ့သည့် အကြောင်းအရင်းတစ်ခုဖြစ်လေသည်။


"လော့ယန်နဲ့ ကျွန်တော်ပြသနာမရှိပါဘူး"


ဒါရိုက်တာကျန်းက ခေါင်းညိတ်လိုက်ကာ "ကောင်းပြီလေ ဒါဆို အဲ့ဒါကို မင်းတို့လက်ထဲထားခဲ့ပြီနော်၊အရင်ဆုံးမင်းတို့တစ်ခေါက်လောက် စမ်းကြည့်လိုက်"


လေပူပေးစက်ကြောင့် အိပ်ခန်းအတွင်း၌အပူရှိန်ရှိနေကာ ချင်းချောင် လည်ပင်း၌မျက်နှာသုပ်ပုဝါ၊ခြေထောက်၌ပလတ်စတစ်ဖိနပ်ပါးတစ်ရံစီးလျက် တံခါးကနေ၀င်လာရင်း မျက်နှာသုတ်လိုက်သည်။


ရွှီကျန့်က ဓားသေးလေးတစ်ခုဖြင့် စားပွဲ၌ထိုင်နေကာ သစ်သားထွင်းနေသည်။ပုံစံကြည့်ရတာ အတော်လေးလေးနက်နက်ရှိလှသည်။


ခြေသံကြားတော့မှ တိတ်တိတ်လေး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာ ခြေလှမ်းအနည်းငယ်လောက်သာဝေးကွာတော့သည့်လူကိုကြည့်လိုက်ပြီး "မင်း ပြီးပြီလား"


"ပြီးသွားပြီ" 


ချင်းချောင်က သူ့အနောက်မှာရပ်လိုက်ကာ ရုတ်တရတ် ခေါင်းငုံလိုက်ပြီး "ဘာတွေထွင်းနေတာလဲ"


သူနှုတ်ခမ်းပါးပါးတွေက ရွှီကျန့်နားထိပ်ဖြင့်ကပ်နေပြီး သူအသံကနည်းနည်းတိုးသွားသည်။


" ဘာမှမဟုတ်ပါဘူး " 


ရွှီကျန့်ကဘာသိဘာသာပြန်ဖြေလိုက်ပေမယ့် တခြားလူရဲ့အသက်ရှုသံကသိသာလှတာကြောင့် သူမသိလိုက်ဘဲ ဂနာမငြိမ်ဖြစ်သွားရသည်။


ချင်းချောင်ပြန်ဖြေရန် မပြောဘဲ နည်းနည်းစိတ်၀င်စားတာကြောင့် ရပ်နေ‌သည်။ကုတင်ပေါ်ပြန်ထိုင်ချလိုက်ကာ ဖြေးညင်းစွာမေးလေသည်။ 


"ငါအထဲမှာအိပါရမလား ဒါမှမဟုတ် မင်းအထဲမှာအိပ်မလား "


ရွှီကျန့်လက်ချောင်းတွေ သစ်သားထွင်းဓားအားဖျစ်ညှစ်လိုက်မိပြီး ခေါင်းငုံသွားကာ " မင်းသဘော "


"ဒါဆိုလည်း ငါအပြင်မှာအိပ်လိုက်မယ်၊အထက်တန်းတုန်းက ငါ မင်းဆီမှာအိပ်တိုင်း အပြင်မှာအိပ်ရတယ်၊ညဘက်ဆို မင်းကစောင်တွေကိုကန်ထုတ်လို့ "


သူတို့နှစ်ဦးကြား လေထုအခြေအနေက နောက်ဆုံး နည်းနည်းဖြေလျော့သွားရသည်။


ရွှီကျန့်က သစ်သားထွင်းဓားဖြင့်မထွင်းရသေးတဲ့ သစ်သားအား အောက်သို့ချလိုက်ပြီး မီးပိတ်လိုက်ကာချင်းချောင်းခန္ဓာကိုယ်ကိုကျော်လိုက်ပြီး ဂရုတစိုက်လှဲချလိုက်သည်။


ချင်းချောင်က ပါးလွှတဲ့စောင်ကိုကိုယ်ပေါ်ခြုံလိုက်ကာပတ်လိုက်ပြီး သူဘက်ကိုလှည့်ကာ လက်နှစ်ဖက်ဖြင့်ခေါင်းအုံးလိုက်ပြီး ရွှီကျန့်အား အမေးရှိလိုက်၏။


" လွန်ခဲ့တဲ့နှစ်တွေက မင်းဘယ်လိုနေခဲ့လဲ"


သိသိသာသာကို သူဘက်ကနေပြီး ထိုထူးဆန်းတဲ့ခံစားချက်တွေကို ရှင်းလင်းရန်အဆင်သင့်ဖြစ်နေသည်။


"ငါ လက်သမားပညာ သင်ခဲ့တယ်" 


ရွှီကျန့်ကချင်းချောင်းကိုမကြည့် သူအသံအေးတိအေးစက်နိုင်လှသည်။လမ်းမီးတိုင်ကလာတဲ့အလင်းရောင်ကပြတင်းပေါက်အားဖြတ်ကာ အခြားလူ၏မျက်နှာအားဖျက်ခနဲမြင်လိုက်ရသည်။


ချင်းချောင်ကသူ့ပုံစံကိုသိတာကြောင့် သူရဲ့အေးတိအေးစက် သဘောထားကိုစိတ်ထဲမထားပေ။


"ဒီအလုပ်ကမင်းနဲ့လိုက်တယ် လူတွေနဲ့ဆက်ဆံစရာမလိုဘူး"


ရုတ်တရတ်ခေါင်းငုံလိုက်ပြီး သူ့နှာခေါင်းအား ရွှီကျန့်လည်ပင်းနားကပ်လိုက်ကာ " မင်းဆီကသစ်သားနံရနေတာမဆန်းပါဘူး"


ရွှီလော့ယန်က သူ့စာသားကိုပြောလို့ပြီးသွားတော့ ရုတ်တရတ်ချီချန်အန်း မျက်နှာအမှုအယာပြောင်းသွားတာကိုမြင်လိုက်ရလေသည်။


"ဒါရိုက်တာကျန်း ကျေးဇူးပြုပြီးရပ်ပေးလို့ရမလား ကျွန်တော်ပြောရမယ့်စာသားမေ့သွားလို့"


ချီချန်အန်းက သူပြောရမယ့်စာသားမေ့သွားတယ်ဆိုတာဖြစ်နိုင်လို့လား၊တခြားလူတွေမသိပေမယ့် ရွှီလော့ယန်ကတော့ကောင်းကောင်းသိလေသည်။


ဘယ်အချိန်ပဲဖြစ်ဖြစ် ချီချန်အန်းကဇာတ်ညွှန်းဖတ်ဖတ် တစ်ခါလောက်ဖတ်လိုက်ရုံဖြင့် သူပြောရမည့်စာသားတွေမှတ်မိလေသည်။သူတို့နှစ်ယောက် အတူတူလေ့ကျင့်ခဲ့တဲ့တစ်လျှောက်လုံး ချီချန်အန်း ပြောရမည့်စာသားမေ့သွားတာကို တစ်ခါမှမတွေ့ဖူးပေ။


ထိုအချိန်၌ ချီချန်အန်းကတည်ငြိမ်နေပုံရသော်လည်း ရွှီလော့ယန်က ခေါင်းကိုငုံ့လိုက်ချိန်တွင် သူ့နှာသီးဖျားက လည်ပင်းက sensitiveဖြစ်တဲ့အရေပြားကိုအသာလေးကလိထိုးလိုက်သလိုဖြစ်သွားတာကြောင့် တုန်လှုန်သွားပြီး သူမာသွားချေပြီ။ 



__



ရွှီလော့ယန်၏သေးငယ်တဲ့ခံစားချက်များ


ကျွန်တော် ခေါင်းကိုမထိနဲ့ ကျွန်တော်ရှက်တယ် Q-Q



_


Translated By IQ-Team.