အပိုင်း ၂၅
Viewers 5k

Chapter 25


------------


23ရက်နေ့ မနက်အစောပိုင်း မိုးသောက်ပြီးချိန် ရွှီလော့ယန်က ဟိုတယ်ထဲကနေ တိတ်တိတ်လေး ချီချန်အန်းနှင့်အတူထွက်လာပြီး သုံးဘီးပေါ်တတ်လိုက်သည်။


သုံးဘီးပေါ်‌ရောက်ပြီးနောက် ယာဉ်မောင်းအား သွားချင်သည့်နေရာအားပြောလိုက်သည်။ 


ရွှီလော့ယန်က စိတ်လှုပ်ရှားနေသည့်အမှုအယာဖြင့် maskကိုချွတ်လိုက်ကာ" ပိုင်ကျားပေါင်ဆိုင်ကပေါက်စီက အရမ်းအရသာရှိတယ် မစားရတာတော့ တော်တော်‌လေးကြာနေပြီ ဒါပေမယ့် မနေညကအိမ်မက်ထဲမှာ ငါးလုံးတစ်ထိုင်တည်းစားလိုက်တယ် လို့ မက်တယ် "ဟုပြောရင်း လက်ဆန့်ကာငါးချောင်းထောင်ပြလိုက်၏။


"ဒါဆို အခု မင်းဘယ်နှစ်ခုစားမှာလဲ" 


ချီချန်အန်းက စိတ်ကြည်လင်နေပုံရကာ ပြုံးရိပ်သန်းနေတဲ့မျက်လုံးများဖြင့်မေးလေသည်။


" ငါးခု " 


သူက ထိုသို့ပြောပြီးနောက် ချက်ချင်းစိတ်ဓာတ်ကျသွားရပြန်သည်။ ရွှီလော့ယန်က သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့်ပြောလေသည်။


"လှပတဲ့အိမ်မက်တွေက စိတ်ကူးယဉ်သက်သက်ပဲဆိုတာ အမှန်ပဲ၊သူတို့လုပ်နိုင်တာက လက်တွေ့ဘ၀က ဘယ်လောက်တောင် ခါးသက်လဲဆိုတာ သက်သေပြနိုင်ရုံတင်ပဲရယ်"


သုံးဘီးဆိုင်ကယ်မောင်းသံ အတော်လေးကျယ်တာကြောင့် တဖက်လူပြောတာကိုကြားရန် တစ်ယောက်နှင့်တစ်ယောက် အတော်လေးနီးနီးကပ်ကပ်ဖြစ်နေရသည်။


ချီချန်အန်းက နှစ်သိမ့်စကားပြောရန်ပြင်လိုက်ချိန်တွင် ရွှီလော့ယန်က ရုတ်တရတ် သူအနားကပ်လာတာကိုမြင်လိုက်ရသည်။


"ချန်အန်း မလှုပ်နဲ့ မင်းမျက်တောင်မွှေး ကျွတ်သွားတယ်"


ပြောရင်းဆိုရင်း လက်ကိုမြှောက်လိုက်ကာ ဂရုတစိုက်ဖြင့် ချီချန်အန်း မျက်လုံးအောက်က မျက်တောင်မွှေးအားဖယ်ပေးလိုက်သည်။


ချီချန်အန်းက နေရာမှာမြဲမြဲထိုင်နေပြီး လှုပ်ပင်မလှုပ်ရဲတော့၊ ရွှီလော့ယန်ပြန်ထိုင်လိုက်သည့်တိုင်အောင် သူကထိတ်လန့်နေရဆဲဖြစ်သည်။ ထိုအချိန်ခဏလေးအတွင်း၌ ရွှီလော့ယန်ရဲ့ အသက်ရှုထုတ်သံနွေးနွေးလေးက သူအရေပြားအားလာရောက်ကျီစယ်နေသည်။ ထိုယားယံမှုက သူနှလုံးသားထဲ တည့်တည့်မတ်မတ်ကို ထိရောက်သွားတာပင်။


ရွှီလော့ယန်ကမူ တစ်ခုခုဖြစ်နေတာကို သတိမထားမိဘဲ မျက်တောင်မွှေးကို လက်ညိုးဖြင့်ကိုင်ထားကာ "ချန်အန်း မြန်မြန် မြန်မြန်လေး ဆုတစ်ခုတောင်းလိုက်"


ထိုတော့မှပဲ ချီချန်အန်းက အသိစိတ်ပြန်ကပ်လာပေမယ့် သူက ဒီလိုမျိုးအရာတွေအပေါ် အယုံအကြည်မရှိ၊ သို့သော်လည်း မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့ ရွှီလော့ယန်၏မျက်လုံးတွေကို မြင်တော့ သူစိတ်ရင်းဖြင့်ဆုတစ်ခုတောင်းလိုက်မိသည်။


"လော့ယန် တစ်ထိုင်တည်း ပေါက်စီငါးလုံးစားနိုင်ပြီး ၀မလာဖို့ မျှော်လင့်ပါတယ်"


ရွှီလော့ယန်က ၀မ်းသာအားရပြုံးလိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးအား စူလိုက်ကာ မျက်တောင်မွှေးအားမှုတ်ထုတ်လိုက်သည်။


"ချန်အန်းကောရဲ့ဆုတောင်း အမှန်တကယ်ဖြစ်လာပါစေလို့ ကျွန်တော်မျှော်လင့်တယ် "


သို့သော်လည်း ရွှီလော့ယန်က သုံးဘီးဆိုင်ကယ်ပေါ်ကနေဆင်းလိုက်ပြီးနောက် အတော်ကို စိတ်မပျော်မရွှင်ဖြစ်သွားရသည်။ပေါက်စီဆိုင်ပိုင်ရှင်အား ထပ်ပြီး မေးလိုက်၏။


"တခြင်းကို ၁၈ယွမ်က တကယ်ပဲလား အရင်ကဆို တခြင်းမှာသုံးလုံးပါပြီး ၁၀ယွမ်လောက်ပဲရှိတာပါ"


အငွေ့တထောင်းထောင်းထနေတဲ့အနောက်ကနေဗိုက်မှာ အေပရွန်အဖြူရောင်၀တ်ထားတဲ့ ဆိုင်ပိုင်ရှင်လူကြီးက "ဟုတ်တယ် ‌ဈေးတတ်တာ တစ်လလောက်ရှိပြီ"


ရွှီလော့ယန်က ၈ခုထည့်ပေးရန်ပြောလိုက်ကာ ဓာတ်ပုံရိုက်ပြီး weiboပေါ်တင်လိုက်သည်။


"မပျော်တော့ဘူး တစ်ခြင်းကို၁၈ယွမ်တောင်ကျတယ်"


ပရိသတ်တွေကသူ့အကြောင်းကောင်းကောင်းသိတာကြောင့် 'မင်းရဲ့ခေါင်းလေးကိုပွတ်ပေးမယ်၊ ဒေါသမထွက်နဲ့' ဒါမှမဟုတ်ရင် မင်းရဲ့ခေါင်းလေးကိုပွတ်ပေးမယ် ပိုင်ကျားပေါင်ဆိုင်ကပေါက်စီ‌ဈေးတတ်သွားပြီလား'ဟုအားလုံးကမှတ်ချက်ပေးခဲ့ကြသည်။


သို့ပေမယ့် ခဏလောက်ကြာတော့ သူတို့တစ်နေရာနှင့်တစ်နေရာ ပေါက်စီဈေးနှုန်း‌တွေမတူကြတာကိုဆွေးနွေးရင်း comment sectionကလမ်းကြောင်းလွဲသွားလေသည်။


ချီချန်အန်းကလုပ်နေကြအတိုင်းပိုစ့်ကိုပြန်တင်လိုက်ပြီးမှတ်ချက်ရေးလိုက်သည်။


"ကိုယ်က မင်းရဲ့ခေါင်းလေးကိုပွတ်ပေးမယ် ဒေါသမထွက်နဲ့ ကိုယ့်ရဲ့ဝေစုထဲကပေးမယ်လေ ဟုတ်ပြီလား"


သူ ပိုစ့်တင်ပြီးတာနှင့်တပြိုင်နက် comment sectionကလုံး၀ကိုပြောင်းလဲသွားရ၏။


[ အားးးးးးး ဒါကမနက်စာတူတူထစားကြတာလား ဒါကြီးက တူတူအိပ်ပြီး တူတူထလာကြတာလား ငါ ကစားကွင်းကိုသွားပြီး ၁၀ပတ်သွားပြေးတော့မယ် ]


[ ချီလူကြီးမင်းက ရွှီလော့ယန်ရဲ့ခေါင်းကိုပွတ်ပေးနေတာ အရမ်းကို မိုက်တာပဲ၊ငါကုတင်ပေါ်မှာ လူးလှိမ့်နေတာကိုမရပ်နိုင်တော့ဘူးဟေ့ ]


[ နူးညံတဲ့Gongက စိတ်ဆိုးနေတဲ့Shouရဲ့ဆံပင်လေးတွေကိုပွတ်ပေးနေတာနဲ့တူတယ်၊ နှာခေါင်းသွေးတောင်လျှံချင်တယ်ဟေ့ ]


မှတ်ချက်တွေကိုအပေါ်အောက်ဆွဲကြည့်နေတဲ့ ရွှီလော့ယန်ကလည်းပိုစ့်ပြန်တင်ထားတာကိုမြင်သွားကာ စိတ်ထဲထူးဆန်းသလိုဖြစ်သွားရသည်။မော့ကြည့်လိုက်ပြီး ချီချန်အန်းကို သူ့ဝေစုထဲကခွဲပေးဖို့မလိုကြောင်း ပြောရန်ပြင်နေတုန်းမှာပဲ ချီချန်အန်းကတကယ်ကြီးလက်ကိုမြှောက်ကာ သူခေါင်းကိုပွတ်သပ်ပေးလာသည်။


ဇာတ်ကောင်ပုံရိပ်နှင့် အံ့၀င်ခွင်ကျဖြစ်ဖို့လိုအပ်တာ‌ကြောင့် ရွှီလော့ယန်ကဆံပင်အား အနက်ရောင်ပြန်ဆိုးထားရသည်။ styling sprayတွေကော တခြားဘာညာတွေကောမလုပ်ထားတာကြောင့် ကိုင်လို့အတော်ကောင်းလှသည်။ ချီချန်အန်းက နှစ်ကြိမ်တိတိပွတ်သပ်လိုက်ပြီး နူးညံလှတဲ့လေသံဖြင့် ပြုံးရင်းပြောလာ၏။


"ကိုယ် မင်းရဲ့ခေါင်း‌ကိုပွတ်ပေးမယ် လော့ယန် ဒေါသမထွက်နဲ့တော့နော်"


ရွှီလော့ယန်ထံ၌ ဖြူစွတ်စွတ်အသားရည်၊ သေးသွယ်တဲ့မျက်နှာရှိတာကြောင့် big screenတွေဖြင့်လိုက်ဖက်လှသည်။ သူရဲ့ကောင်းမွန်လှတဲ့ဆံပင်၊ဝိုင်းစက်နေတဲ့မျက်လုံးတွေက အန္တရာယ်မရှိတဲ့တိရစ္ဆာန်ငယ်လေးတစ်ကောင်လိုပင်။


ထိုပိုစ့်မှစကားလုံးတွေအား လက်တွေ့ဆန်ဆန်အသုံးချလိုက်တော့ သူဆယ်စက္ကန့်လောက်ကြက်ကြက်သေသွားရကာ ဘာမှပြန်မပြောနိုင်တောလပေ။ သူ တစ်ခါမှ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့ဘူး၊ တစ်နေ့မှာ သူ့သမိုင်းမှာကျန်ရစ်လောက်ရတဲ့အထိ ခေါင်းပွတ်ပေးတာခံရလိမ့်မည်ဟု။


ချီချန်အန်းရဲ့ဩရှရှအသံက သူရဲ့ဦးရေပြားရှိ ထိခိုက်လွယ်တဲ့အာရုံကြောအား နွေးထွေးသွားစေသည်။အရှိန်ပြင်းပြင်းဖြင့် ရေလွှမ်းမိုးသွားသလို ရွှီလော့ယန်အား ထိန်းမနိုင်သိမ်းမနိုင် ရှက်ရွံသွားစေသည်။


ခဏနေတော့ ပေါက်စီတွေရလာချေပြီ။သူရဲ့ရှက်ရွံမှုအားဖုံးကွယ်ရန်အတွက် သစ်သားတူအားအမြန်ကောက်ကိုင်လိုက်ကာ ပေါက်စီတစ်လုံးကိုယူလိုက်ပြီး ချီချန်အန်းရဲ့ ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။


"ဒါလေးစားကြည့်"


ချီချန်အန်းက သူ့ရဲ့ပျာယာခတ်နေတဲ့ပုံအားကြည့်ကာရယ်မောလိုက်ပြီး "မင်းဒါကိုစားချင်နေတာကြာပြီမှတ်လား မင်းလည်း တစ်ခုစား"


သူ့ပန်းကန်ထဲကပေါက်စီအားစိုက်ကြည့်နေရင်း ရွှီလော့ယန်၏ဝိညာဉ်ကပျောက်ဆုံးသွားသလိုပင်၊ သူမျက်လုံးတွေက ပြုံးရိပ်သန်းနေတဲ့ချီချန်အန်းရဲ့မျက်ခုံးတွေအား ထပ်ပြီးစိုက်ကြည့်လိုက်မိပြန်သည်။


ရုတ်တရတ်ကြီး သူ စားပွဲပေါ်တူကိုချလိုက်ကာ သူ့ခေါင်းအားအမြန်ငုံလိုက်မိပြီး နားရွက်နီနီတွေသာ ဖော်ထားလိုက်တော့သည်။


သွားပြီ....သွားပြီ...သူနှလုံးသားလေးကအဝေးပြေးလမ်းမပေါ်မှာ ခုန်ပေါက်ပြေးလွှားနေလို့...သူရပ်တန့်လို့မရတော့ဘူး။


သူတို့မနက်စာစားပြီး ဟိုတယ်ကိုပြန်ရောက်တော့ ဓာတ်လှေကားထဲကထွက်လာတဲ့လုတိနှင့်ကျန်းသုန့်တို့ဖြင့်ဆုံလေသည်။ 


အနက်ရောင်အိတ်ကြီးကိုကိုင်ထားတဲ့လုတိက တတ်ကြွစွာဖြင့်"ရွှီကော ချီလူကြီးမင်း မင်္ဂလာနံနက်ခင်းပါ "


သူ့ဘေးက မနေ့ကမနက်၃နာရီထိအလုပ်ရှုပ်နေခဲ့ရတဲ့ ကျန်းသုန့်ကမူ ရွှီလော့ယန်ကမ်းပေးလာတဲ့ ပေါက်စီကိုယူလိုက်ပြီး လုတိအားပေးလိုက်ကာ "မင်းဆီ အားလုံးအပ်ခဲ့ပြီနော်"


"စိတ်မပူနဲ့ စိတ်သာချထားလိုက်" 


လုတိကပေါက်စီတွေပါတဲ့စက္ကူအိတ်အားဖွင့်လိုက်ကာ နှစ်ကိုက်ကိုက်ပြီးနောက် တစ်လုံးကုန်သွားကာ စိတ်ကျေနပ်အားရသွားစွာဖြင့်ပြုံးလိုက်သည်။


Lifeရဲ့ထုတ်လုပ်သူက ဟိုတယ်အပေါက်၀မှာ ၀န်ထမ်းတွေနှင့်ကားတွေကိုစီစဉ်ပေးနေတာကိုတွေ့လိုက်သည်။လုတိစားလို့ပြီးသွားတော့ ရွှီလော့ယန်က ထုတ်လုပ်သူအား ချီချန်အန်းက သူရဲ့ဗန်ကားနှင့်အတူသွားမှာဖြစ်တာကြောင့် အခြားကားတစ်စီးစီစဉ်ပေးရန်မလိုအပ်ကြောင်းကိုသွားပြောခိုင်းလိုက်၏။


ထိုကိစ္စကသူတို့အရင်ကတည်းကဆွေးနွေးဖူးတဲ့အရာပင်၊ရိုက်ကူးရေးအဖွဲ့ကသွားလာရန်စီစဉ်ပေးထားတဲ့ကားထက် ရွှီလော့ယန်ရဲ့အနုပညာရှင်သုံးဗန်ကားကပိုပြီးသက်တောင့်သက်သာလည်းရှိသလို လမ်းမှာလည်းအိပ်လို့ရလေသည်။ အထူးသဖြင့် ယခုရွှီလော့ယန်ရဲ့အာရုံက သူသာဂရုမစိုက်ရင် ချီချန်အန်းက သူမမြင်နိုင်တဲ့ထောင့်တစ်နေရာမှာ နေမကောင်းဖြစ်နေမှာဆိုးတာကြောင့်ဖြစ်လေသည်။


မိနစ်ပိုင်းလောက်ကြာသွားပြီးနောက် Lifeရဲ့ထုတ်လုပ်သူက လုတိ အနောက်ကနေအမြန်လိုက်လာကာ နှောင့်နှေးမှုအတွက် မင်းသားနှစ်ဦးအား ပထမဆုံးတောင်းပန်လိုက်သည်။


"တောင်းပန်စရာ မလိုပါဘူး " ရွှီလော့ယန်က ပြုံးရင်း လက်ခါပြလိုက်သည်။


 "ပထမဆုံးနေ့မှာက အလုပ်ရှုပ်နေကျပဲ ခင်ဗျားအတွက်အတော်လေးကို ခက်ခဲနေပါပြီ ချန်အန်းနဲ့ကျွန်တော်တူတူသွားလိုက်ပါမယ် ဒါဆို လမ်းမှာကျွန်တော်တို့စာသားတွေကိုအတူလေ့ကျင့်နိုင်တယ်လေ"


ထိုသို့လိုပြောပြီးနောက် သူရဲ့လက်ချောင်းတွေက နောက်ကျောဘက်ကိုရောက်လာကာ ချီချန်အန်းရဲ့ခါးအားညင်သာစွာတို့ထိလိုက်သည်။


ချီချန်အန်းက ငြိမ်ငြိမ်မနေတဲ့လက်ချောင်းတွေအားဆုပ်ကိုင်လိုက်ကာ မျက်နှာအမှုအရာနည်းနည်းလေးတောင်မပြောင်းလဲဘဲ ခေါင်းညိတ်ပြကာ‌ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။


"လော့ယန်နဲ့အဆင်ပြေတယ် အလုပ်ရှုပ်ခံပြီး ကားစီစဉ်ပေးမနေနဲ့တော့"ဟုနားထောင်လို့ကောင်းတဲ့အသံဖြင့်ပြောလိုက်သည်။


ထုတ်လုပ်သူ၀မ်ရဲ့နှလုံးသားထဲကအစိုင်အခဲကြီးမှ ပြုတ်ကျသွားရချေပြီ။ချီချန်အန်းက ပထမအမျိုးသားဇာတ်ဆောင်ဖြစ်ပြီး အဆင့်အတန်းမြင့်မားတဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် နိုင်ငံတကာရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် တရုတ်မှာဇာတ်လမ်းမရိုက်ကူးဖူးပေ။ထို့အပြင် သူကအေးဂျင့်ကိုကော လက်ထောက်ကိုကော ယခုတစ်ကြိမ်တွင်ခေါ်မလာတာကြောင့် သူ့ရဲ့စိတ်နေစိတ်ထားနှင့်အကြိုက်တွေကဘယ်လိုလဲဆိုတာကိုမသိရ၊သွားလာရန် ကားစီစဉ်ပေးတဲ့အခါမှာလည်း သူကSUVလား ထမ်းစင်လား၊အနက်ရောင်လား၊အဖြူရောင်လား၊အနီရဲရဲလား ဒါမှမဟုတ် အပြာရောင်ကိုရွေးရမှာလားဆိုတာ သူလည်းမသိတော့ပေ။


ယခုအချိန်၌ သူကစိတ်အရင်းခံကိုရှင်းရှင်းလင်းလင်းထုတ်ဖော်လာတာကြောင့် ရယ်မောကာအမြန်ပြောလိုက်၏။


"ဒါဆိုလည်း လမ်းခရီးမှာချောမွေ့ပါစေနော်"


အနုပညာရှင်သုံးဗန်ကားထဲ၀င်လိုက်ကြပြီးနောက် ရွှီလော့ယန်ဘေးနားမှာထိုင်လိုက်ရင်း ချီချန်အန်းက"အခု မင်း ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ့်ဘက်မှာရပ်တည်ပေးလိုက်တာလား"


"အင်း"


ရွှီလော့ယန်က ခေါင်းညိတ်ပြီး " အိမ်မှာနေရတဲ့ပတ်၀န်းကျင်နဲ့ နိုင်ငံရပ်ခြားကမတူဘူးလေ၊ lifeရဲ့ထုတ်လုပ်သူက ရိုက်ကူးရေးအဖွဲ့ရဲ့ဝေယျာ၀စ္စတွေအားလုံးစီစဉ်ပေးတယ် အထူးသဖြင့် ထမင်းသုံးနပ်နဲ့ညဖက်အဆာပြေစားစရာတွေကောပေါ့ ဒါကြောင့် သူအတွက်က ဘယ်သူ့ကိုမဆိုလှည့်စားရတာလွယ်လွယ်လေး လှည့်စားခံရတဲ့သူတွေကလည်း ဘာမှပြန်မပြောနိုင်ဘူး"


ရွှီလော့ယန် ငယ်ငယ်က သူ့အဖေရဲ့ရိုက်ကွင်းမှာပြေးရင်းလွှားရင်းဖြင့်ကော၊သူရိုက်ကူးနေရင်းနဲ့ကော၊ရိုက်ကွင်းမှာနေတာနှစ်တွေကြာနေပြီဖြစ်တာကြောင့် ယခုလိုမျိုးဖြစ်ရပ်တွေအများအပြားကိုတွေ့‌ဖူးလေသည်။အထူးသဖြင့် ချီချန်အန်းက မတည့်တာကော၊မစားနိုင်တဲ့အရာကောများတာကြောင့် တကယ်တမ်းတစ်ယောက်ယောက်က သူ့ကိုတစ်ခုခုလုပ်ချင်ရင် မခက်ပေ။


ချီချန်အန်းက သူတစ်ခုခုဖြစ်မှာကို ရွှီလော့ယန်စိတ်ပူနေမှန်းသိတာကြောင့်" ဟင်း...ကိုယ်သတိထားပါမယ်"


ကျန်းသုန့်က ဘေးကနေတိတ်တိတ်လေးကြည့်နေသည်။ရွှီလော့ယန်၏ရည်ရွယ်ချက်ကို အစတည်းကသိပေမယ့် မတားခဲ့၊ ချီချန်းအန်းက သူကိုအသိမှတ်ပြုရုံသာမက ရွှီလော့ယန်အား ကပ်ဖားရပ်ဖားလုပ်နေတယ်ဟုထင်သွားမှာလည်းဆိုးလေသည်။


ယခုတော့သူ‌မြင်လိုက်ရတာက နှစ်ယောက်သားက အတော်လေးကိုရင်းနှီးကြပြီး သူတို့အား ဘယ်အရာကမှခွဲခွာလို့မရပေ။ ယခုသူစိတ်ချသွားပြီဖြစ်ကာ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတော့သည်။


နှစ်မိနစ်လောက်မကြာသေးခင်မှာဘဲ ရွှီလော့ယန်လည်းစတင်ငိုက်မြည်းလာသည်။


မနေ့ညက ဒါရိုက်တာကျန်းက သူတို့ကို 'ဇာတ်ညွှန်းဖတ်ရန်'နှင့်'သူတို့၏စာသားများဖတ်ခိုင်းကာ ဇာတ်ကောင်အားဝေဖန်ပိုင်းခြားရန်"ဆွဲခေါ်ခြင်းခံခဲ့ရသည်။ည၁၂နာရီကျော်မှ သူတို့ကိုပြန်လွှတ်ပေးလိုက်သည်။


မော်တီဗေးရှင်းအနေဖြင့် ပိုင်ကျားပေါင်ဆိုင်ကပေါက်စီကြောင့်သာမဟုတ်ရင် ရွှီလော့ယန် ဒီမနက် ထနိုင်မှာတောင်မဟုတ်ပေ။


" အိပ်ချင်လို့လား " 


ချီချန်အန်းက ခေါင်းအားစောင်းပြီးမေးလိုက်သည်။သူ့အသံကခပ်တိုးတိုးဖြင့်ဩရှရှနိုင်လှသည်။


ရွှီလော့ယန်က ခေါင်းညိတ်ပြတာကိုမြင်တော့ နည်းနည်းတိုးလိုက်ပြီး"ကိုယ့်ပခုံးပေါ်မှီလိုက် ပိုပြီးသက်တောင့်သက်သာဖြစ်သွားအောင် ရိုက်ကွင်းရောက်ရင်နှိုးလိုက်မယ်"


မျက်လုံးတောင်ဖွင့်လို့မရတော့တာကြောင့် ရွှီလော့ယန်က ယဉ်ကျေးမနေတော့ဘဲ ခေါင်းစောင်းပြီး ချီချန်အန်းပခုံးပေါ်၌ မှီ၍အိပ်ပျော်သွားတော့သည်။


သူပခုံးပေါ်ကအလေးချိန်ကိုခံစားမိတာကြောင့် ချီချန်အန်းကလည်းအနားယူဖို့မျက်လုံးမှိတ်လိုက်သည်။


မိနစ်၅၀လောက်ကြာပြီးနောက် ရွှီလော့ယန်က ရိုက်ကွင်းကိုရောက်သွားလေသည်။ဒါရိုက်တာကျန်း၏အသံကြောင့် အိပ်ချင်စိတ်ပျောက်သွားရသည်။


"ဒါရိုက်တာကျန်း အသံချဲ့စက်အသံလေးကိုလျော့ပေးလို့ရမလား"ဟု ရွှီလော့ယန်က ညည်းညူးရင်း နားရွက်တွေကိုပွတ်လိုက်သည်။


ဒါရိုက်တာကျန်းက စက်ကိုပိတ်လိုက်ပြီး ခါးပတ်မှာချိတ်လိုက်ကာ"ဟား ဟား ဒါကနှိုးစက်ပေးထားတာထက်ပိုကောင်းတယ်မှတ်လား "


ဒါရိုက်တာကျန်းက အတော်လေးရွှင်မြူးနေသည်။‌နည်းနည်းပါးတဲ့ဘောင်းဘီရှည်ကို၀တ်ထားသဖြင့် သူကြည့်ရတာပူနေပုံရသည်။အင်္ကျီလက်ကိုခေါက်တင်ထားပြီးတက်ကြွနေပုံက သူ မနေ့ညကနောက်ကျမှအိပ်တယ်လို့ပင်မထင်ရပေ။


ထိုအချိန်၍ ဒါရိုက်တာရဲ့လက်ထောက်ဖြစ်သူ ထောင်ရှောင်ထူက လူအရပ်တစ်၀က်နီးပါးလောက်ရှိသည့်အမွှေးတိုင်းသုံးချောင်းကိုယူလာပြီး တစ်ယောက်တစ်ခုစီပေးကာ အမြန်ပြန်ထွက်သွားသည်။


ဒါရိုက်တာကျန်းက ကိစွအားလုံးတခြားတစ်ယောက်ကိုခိုင်းထားတာကြောင့် အားနေပေ၏။


သူက ဂုဏ်ယူနေတဲ့လေသံဖြင့် "အမွှေးတိုင်ကအရမ်းထူမနေဘူးလား ငါကိုယ်တိုင်ရွှေးထားတာ ကိုင်ရတာတော်တော်လေးတာပဲ...နတ်ဘုရားတွေကို လှူဒါန်းမှာဆိုတော့ ငါ့တို့ရိုက်ကူးရေးအဖွဲ့သားတွေကို လအနည်းငယ်လောက် နတ်ဘုရားတွေဆောင်မပေးအောင် လက်ထိုးရတာပေါ့ "


ရွှီလော့ယန်ကထောက်ခံလိုက်သည်။ 


"တော်တော်လေးတာပဲ" 


ပြီးနောက်ဒါရိုက်တာကျန်းကိုမေးလိုက်သည်။


"ကန်တော့ပွဲအခမ်းအနားက ဘယ်အချိန်စမှာလဲ "


"၉နာရီ၁၃မိနစ် အခမ်းအနားပြီးရင်ဓာတ်ပုံနည်းနည်းလောက်ရိုက်မယ်၊ဒါ‌ပေမယ့် ငါတို့မီဒီယာတွေနဲ့အင်တာဗျူးဖြေရဦးမယ် အဲ့ဒီမှာမင်းတို့နှစ်ယောက်ကိုအာရုံစိုက်‌နေကြလိမ်မယ် "


သိပ်မကြာလိုက် လက်ထောက်ဒါရိုက်တာကအားလုံးကိုလူစုပေးဖို့အော်နေချေပြီ။ချီချန်အန်းကို ရွှီလော့ယန်ဆွဲခေါ်သွားကာ ပထမဆုံးအတန်းရဲအလယ်မှာရပ်လိုက်သည်။


ပွဲစရန်မိနစ်အနည်းငယ်သာလိုတော့သည့်အချိန်၌ ရွှီလော့ယန်က အနားကပ်ကာ ချီချန်အန်းကိုတိုးတိုးလေးမေးလိုက်သည်။ 


"မင်းဘယ်သူ့ကိုကန်တော့မှာလဲ"


ရိုက်ကူးရေးအဖွဲ့ကကန်တော့ပွဲအခမ်းအနားကို အချိန်ကောင်းတွက်ချက်ကာ ကင်မရာကိုအနီရောင်အစတွေဖြင့်ဖုံးထားပြီး အချိန်‌တန်မှလှန်ပေမယ့် ဘုရားသခင်ကိုကန်တော့တာနှင့်ပတ်သတ်ပြီးတော့ကန့်သတ်ခြင်းမရှိပေ။သူတို့အလိုကျ ကန်တော့နိုင်လေသည်။


"ကိုယ် မကန်တော့ဘူး အချိန်ရောက်ရင် မင်းလှုပ်ရှားသလို လိုက်လှုပ်ရှားလိုက်မယ်"


ချီချန်အန်းက ဘုရားသခင်အားအယုံကြည်မရှိ၊ငယ်ငယ်က ဆေးရုံကုတင်ပေါ်မှာပိတ်မိနေပြီး တစ်ညလုံးဆုတောင်းတောင်မှ ဘာဖြစ်လို့သူ့ထံအံဩဖွယ်ရာဖြစ်ရပ်တွေဖြစ်မလာရတာလဲ၊ဘုရားသခင်ကိုယုံကြည်တာထက် သူ့ကိုယ်သူပိုပြီးယုံကြည်လေသည်။


"အင်း..ဒီလိုဆိုလည်းအဆင်ပြေပါတယ်"ရွှီလော့ယန် စိတ်ပူမိသွားသည်။


ချီချန်အန်းက အနည်း‌ဆုံး နက်နဲတဲ့နောက်ခံရှိသည့် ဒုတိယမျိုးဆက် နတ်ဆိုးတစ်ဦးဖြစ်ရမည်။သာမာန်ဘုရားသခင်ကိုတောင်မှ သူသုံးကြိမ်ရှိခိုးဖို့ မလုပ်နိုင်ဖြစ်နေမှာစိုးနေမိ၏။ ယင်းကိုနားထောင်ပြီးမှ ရွှီလော့ယန်စိတ်အေးသွားရသည်။


မင်္ဂလာအချိန်ရောက်လာတော့ လူအုပ်ကြီးနည်းတူ ရွှီလော့ယန်မျက်လုံးမှိတ်လိုက်ကာ စိတ်ထဲ၌ပြောလိုက်သည်။


ပါး၊မား ဒါကကျွန်တော်ရဲ့ခုနှစ်ခုမြောက်ရုပ်ရှင်ပါ နျောင်နျောင်ကအရမ်းတော်တယ်မှတ်လား ကောင်းကောင်းစားတယ် အိပ်တယ် ဒါကြောင့်သားကိုစိတ်မပူပါနဲ့ ဒီတစ်ခေါက် သား တွဲဖော်သရုပ်ဆောင်က အစွမ်းထက်တဲ့နတ်ဆိုးဖြစ်နေပေမယ့် သူကအတော်လေးကောင်းပါတယ် ဒါကြောင့်စိတ်မပူနဲ့ သားကောင်းကောင်းလုပ်နိုင်ပါတယ်...


အမွှေးတိုင်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားကာ ရွှီလော့ယန်က ဘေးမှာရပ်နေတဲ့ချီချန်အန်းကို မျက်လုံးဖွင့်ပြီး လှည့်ကြည့်လိုက်တော့ ထိုသူကမျက်လုံးတွေမှိတ်ထားကာ မျက်ခုံးကလည်းငြိမ်သက်နေတာကိုတွေ့ လိုက်ရသည်။


ဒါဆို ကမ္ဘာမှာနတ်ဆိုးတွေရှိရင် ဝိညာဉ်တွေလည်းရှိရမယ်မှတ်လား...ဒါဆို ပါးထွက်သွားတာ တစ်နှစ်ကျော်လောက်နောက်ကျလည်း မားကိုရှာတွေ့မှာသေချာတယ်...



____


Translated By IQ-Team.