အပိုင်း ၂၄
Viewers 5k

Chapter 24


------------


တစ်နာရီလောက်ကြာအောင် ဖက်ထားပေးပြီးနောက် အဆုံးတွင် ချီချန်အန်း၏ ကိုယ်က အနည်းငယ်နွေးလာပြီဖြစ်သည်။ ရွှီလော့ယန်က ထို‌လူသားရဲ့ ကိုယ်အပူအအေးကို စမ်းသပ်ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် သက်ပြင်းအသာချလိုက်မိ၏။


သူ့နှလုံးသားထဲက တင်းကြပ်နေတဲ့ကြိုးတွေဟာ အနည်းငယ် ဖြေလျော့သွားပြီဖြစ်၍ ရွှီလော့ယန်က တိတ်တစိတ်သမ်းဝေကာ သူ့ဘေးနားတင်ပင်အိပ်ပျော်သွားသည်။ သို့သော် သူက ချီချန်အန်းကို စိတ်ပူနေသဖြင့် ကောင်းကောင်းအိပ်မပျော်တာကြောင့် အသံတိုးတိုးကြားလိုက်တာနှင့် ချက်ချင်းလန့်နိုးသွားရသည်။


သူ့မျက်လုံးတွေကို ချက်ချင်းဖွင့်ကြည့်လိုက်ရာ ရွှီလော့ယန်သည် ချီချန်အန်းတစ်ယောက် ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေတာကို တွေ့လိုက်ရပြီး သူ့ခေါင်းက ကုတင်ဘောင်ပေါ်ကို မသိစိတ်ဖြင့် အကြိမ်ကြိမ်တိုက်မိနေတာကြောင့် "တစ်တောက်တောက်" မြည်သံထွက်နေခြင်းပင်။ 


ခြောက်ကပ်ဖြူဖျော့နေတဲ့ နှုတ်ခမ်းတွေကသွေးရောင်တဖန်ပြန်သန်းလာပုံပေါ်နေသော်လည်း ယင်းမှာပြန်ကျန်းမာလာတာကြောင့်မဟုတ်ဘဲ သူအပြင်းအထန်ဖိကိုက်ထားသောကြောင့် သွေးတွေစီးကျနေတာဖြစ်ပြီး ဖျော့တော့နေတဲ့ အရေပြားထက်တွင် ယင်းမြင်ကွင်းက အနည်းငယ်ထိတ်လန့်တုန်လှုပ်စရာကောင်းနေခဲ့သည်။


သူ့နှလုံးသားတစ်ခုလုံး စုတ်ပြဲသွားသလို ခံစားလိုက်ရသဖြင့် ရွှီလော့ယန်က လက်ကိုဆန့်ပြီး ထိုလူကို သူ့ရင်ခွင်ထဲ ပြန်ဆွဲထည့်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားနေသော သူ့အသံမှာ ဖုံးကွယ်နိုင်စွမ်းကင်းမဲ့စွာထွက်ပေါ်လာ၏။


"ချန်းအန်း မင်း အဆင်မပြေပြန်ဘူးလား ဆေးထပ်သောက်ချင်သေးလား မင်းအတွက် ကျွန်တော်ရှာပေးမယ်လေ ဆေးဘယ်မှာလဲ...ဆေး သောက်ရုံနဲ့ အဆင်ပြေလို့လား ဒါမှမဟုတ်...တခြားတစ်ခုခုလိုသေးတာလားဟင်...“


စိတ်ကြောင့်မကျန်းမာတာမျိုးကို သက်သာနိုင်အောင် ဒီကမ္ဘာကြီးမယ် ဘယ်အရာကများ စွမ်းဆောင်နိုင်စွမ်းရှိမည်တဲ့လဲ။


ဤအခိုက်အတန့်တွင်၊ ချီချန်အန်းသာ နာကျင်မှုကို သက်သာစေလိုလျှင် သူ့သွေးကို တိုက်ရမည်ဆိုပါက သူချက်ချင်းဖြည့်ဆည်းပေးပသ်မည်ဟု အထိပါအတွေးရှိ၏။


လွန်ခဲ့သည့်တစ်နှစ်ခန့်က သူသည် ဤနတ်ဆိုးလိုလူ ချီချန်အန်း ၏ဝိသေသလက္ခဏာတချို့ကို သိခွင့်ရခဲ့ပြီး ထိုသူ့ရဲ့ပုံးကွယ်နေသော မျက်၀န်းပြာကြောင့် ထိုအရာကို မတွေးနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ တစ်နှစ်ကျော်အကြာတွင် သူက ချီချန်အန်းကို ဒုတိယအကြိမ်ပြန်တွေ့ခွင့်ရလိုက်သည်၊ အခြားတစ်ဖက်ရှိ သူ၏မျက်လုံးများက အနက်ရောင်သန့်သန့်ဖြစ်နေပြီဖြစ်ကာ လူများနှင့်ဆက်ဆံရာတွင်လည်း ယဉ်ကျေးသိမ်မွေ့သလိုရှိပေမယ့် တစ်ဖက်တည်းမှာတင် စိမ်းဝါးဝါးဖြစ်နေသလိုခံစားနေရသည်။


ထို့နောက် သူတို့က အတူတူနေထိုင်စားသောက်ကြပြီး တိတ်တဆိတ်နားလည်မှုတို့ဖြင့် သူငယ်ချင်းကောင်းများဖြစ်လာကြသည်။ ချီချန်အန်းက အလွန်အလေးအနက်ထား၊ သိုဝှက်တက်ပေမယ့် နူးညံ့သိမ်မွေ့ကာစိတ်သဘောထားကောင်းမွန်သူကြောင်း သူ တဖြည်းဖြည်း တွေ့ရှိလာသည်။ 


လူအုပ်ထဲမှာ မတ်တပ်ရပ်ရတာက ထိုသူ့အတွက်အလွန် ခေါင်းကိုက်စရာဖြစ်လွန်း၏။


နာကျင်ခြင်း၊ အားနည်းခြင်း၊ ရှက်ရွံ့ခြင်းနှင့် ခွန်အားမရှိခြင်းတို့ရဲ့ နှိပ်စက်ခြင်းကို ခံနေသည့်သူက အခုတွင်တော့....


အချိန်တွေက အဆမတန် ရှည်လျားနေပုံရကာ လက်မောင်းတွေ နာကျင်ကိုက်ခဲနေပြီ ချွေးအေးတွေက အလွှာလိုက် ထွက်လာသဖြင့်ရှပ်အင်္ကျီကို စိုစွတ်သွားစေသည်။ သို့သော် သူက နာကျင်မှုကို ကျင့်သားရနေပုံရပြီး ညည်းတွားချင်သည့် အရိပ်အယောင်မျိုးအလျဥ်းမရှိဘဲ ထို့အစား ယင်းကို ခံနိုင်ရည်ရှိနေပုံရသည်။ သူ့နှုတ်ခမ်းနှင့် လျှာဖျားတို့ကို နောက်တစ်ကြိမ် နာကျင်စေတာမျိုးမှ တားဆီးရန်အတွက် ရွှီလော့ယန်က ထိုသူ၏သွားများကြားတွင် သူ့လက်ချောင်းကို ရိုးရှင်းစွာထည့်ကာ ကိုက်စေလိုက်သည်။


သို့သော် ထို့နောက်ပိုင်း အသိစိတ်က မရှင်းမလင်းဖြစ်နေပေမယ့် ချချန်းအန်းက သူ့အား ပြင်းပြင်းထန်ထန် မကိုက်ချေ။


ထိုအခြေအနေပြီးသွားပြီးနောက် တိုက်ပွဲရှည်ကြီးကို တိုက်ခိုက်၍ပြီးသွားသလိုပင် ချီချန်အန်း၏ အသက်ရှုသံ ဖြည်းဖြည်းချင်း ပြန်လည်ချောမွေ့လာတာကို တွေ့လိုက်ရတော့ ရွှီလော့ယန်မှာ ရုတ်တရက် စိတ်ပြေလျော့သွားကာ သူ့နောက်ကျောတစ်ခုလုံး ချွေးတွေ စီးကျလာတော့သည်။


တစ်မိနစ်နီးပါးကြာပြီးနောက် ချီချန်အန်းက မျက်လုံးဖွင့်ပြီး သူ့အနီးရှိ ရွှီလော့ယန်ကို ကြည့်လိုက်သည်။ သူကကျေးဇူတင်ကြောင်းပြောမည့်အချိန်တွင် အခြားတဖက်မှလူရဲ့ အထိတ်တလန့်ဖြင့်ပြောသံကိုကြားလိုက်ရသည်။


"ချန်အန်း မင်းမျက်လုံးတွေ"


ရွှီလော့ယန်သည် ချီချန်အန်းတစ်ယောက် ယခင်နှင့်မတူဘဲ တစ်ခုခု မှားယွင်းနေကြောင်း တန်းသိလိုက်သည်။ သူ့ဘယ်ဘက်မျက်လုံးနှင့်ယှဉ်လျှင် ချီချန်အန်း၏ ညာဘက်မျက်လုံးက ဦးတည်ရာဆုံမှတ်မရှိ ဖြစ်နေတာအရမ်းကို သိသာနေသည်။ သူ့ကို ကြည့်ချိန်တွင်မသိစိတ်က ခေါင်းကို ညာဘက်သို့ အနည်းငယ် စောင်းထားလေသည်။ သူ့ဘယ်ဘက်မျက်လုံးကိုအပထား သူ့ ညာဘက်မျက်လုံးတွေက မမြင်နိုင်တော့သယောင်ပင်။


ထို ကိုဘော့အပြာရောင် စက်ဝိုင်းကို နောက်တစ်ကြိမ် ဖျတ်ခနဲ မြင်ရပြန်သည်။


ပြဿနာကို သူသိလိုက်သည်နှင့် ချီချန်အန်းသည် ချင်းလီမြို့ရှိ သူ့အခန်းတွင် မူးမေ့လဲသွားချိန်တုန်းက အလားတူ လက္ခဏာများ ရှိနေပုံပေါ်ကြောင်း သတိရမိသွားသည်။


ဤသို့ဆိုလျှင် ရောဂါဖြစ်တဲ့အခါတိုင်း ချီချန်အန်း၏ ညာဘက်မျက်လုံးက ခဏတာ ကန်းသွားတာမျိုးလား....ဒါဆို သူအတွက် အရမ်းခက်ခဲတာပေါ့....သူနည်းနည်းလေးလှုပ်ဖို့အတွက်တောင်ခက်ခဲနေရမှာ.....ဒါကို တွေးကြည့်လိုက်ရုံနဲ့ သူ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပဲ...


ရွှီလော့ယန်ရည်ညွှန်းတာကို ချက်ခြင်းနားလည်းလိုက်သည့် ချီချန်အန်းက သူ့မျက်လုံးတွေကို အလိုလိုပြန်မှိတ်လိုက်မိပြီး ထပ်မဖွင့်ရဲတော့ချေ။


သူရုတ်တရက် ကြောက်လန့်သွားသလို ခံစားလိုက်ရသည်။ 


ရွှီလော့ယန်က သူ့ညာဘက်မျက်လုံးတွေက ဘာကြောင့် မမြင်ရတာလဲ၊ ဘာကြောင့် ဗိုက်နာနေရတာလဲ၊ ဒါမှမဟုတ် ဆေးရုံကို မသွားခိုင်းဘဲ ဘာကြောင့်များ ယူလာတဲ့ ဆေးတွေကိုပဲ သောက်နေရတာလဲလို့ မေးလာရင်၊ သူဘာပြန်ပြောရမလဲ။


သူ့ကို မလိမ်ချင်ပေမယ့် ငယ်ငယ်ကတည်းက သူ့အမေက မိသားစုဆရာဝန်နှင့် ပြပြီး သူက အပြင်းဖျားနေလို့ ဆေးတွေ အများကြီးသောက်ဖို့လိုတယ်လို့ပြောကြသည်။ အိပ်ရာပေါ်ကနေ လမ်းမလျှောက်ဖို့ တားမြစ်ပြီး ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာခဲ့ရသည်။ အစာအိမ်ရဲ့ သုံးပုံတစ်ပုံကို ဖြတ်တောက်ပစ်ကြပြီး နှာခေါင်းပိုက်ဖြင့်သာ အစာစားခွင့်ပေးခဲ့ကြ၏။


အတိတ်တစ်ချိန်၊ သိက္ခာလုံး၀မဲ့နေသောကာလတွင် သူက ဆေးရုံခုတင်ပေါ်တွင် အကျဉ်းချခြင်းခံခဲ့ရပြီး ဆေးဝါးအမျိုးမျိုးကြောင့် အာရုံကြောနှင့် ကိုယ်ခံအားကို ပျက်စီးစေပြီး၊ မိခင်ဖြစ်သူကြောင့် ကျန်းမာသော ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများကို ဖြတ်တောက်ခြင်းခံခဲ့ရကာ ကမ္ဘာကြီးနှင့်လည်း အဆက်အသွယ် ဖြတ်တောက်ခြင်းကိုခံခဲ့ရသည်။


သူ မပြောနိုင်ဘူး..... သူရဲ့အမှောင်ခြမ်းကို မသိစေချင်ဘူး....အထူးသဖြင့်ရွှီလော့ယန်ကို...


နူးညံ့နွေးထွေးတဲ့လက်ဖ၀ါးက ချီချန်အန်း၏နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးလာချိန်တွင် ချီချန်အန်းသည် ကျေနပ်မှုနှင့်နှစ်သိမ့်မှုကိုတပြိုင်နက်တည်းခံစားလိုက်ရသည်။ ရွှီလော့ယန်ကလည်း သူသာအားအနည်းငယ်စိုက်လိုက်ပါက တစ်ပါးသူထိခိုက်သွားမည်ကိုစိုးရိမ်သဖြင့် အတတ်နိုင်ဆုံးအားကိုလျှော့ချကာ ဖြည်းညှင်းစွာပွတ်သပ်ပေးနေလိုက်၏။


"ကျွန်တော် ကျွန်တော် မေးခွန်းတွေ ထပ်မမေးတော့ဘူး လူတိုင်းမှာ မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လေ"


ရွှီလော့ယန်က သူ့ဖိနပ်တွေကို သေချာပြင်၀တ်ရင်း စကားလုံးတွေကိုသေချာစီနေမိသည်။


"ကျွန်တော်အတွက်ကတော့ မင်းက ဒီတိုင်း ချီချန်အန်းပဲ မင်းဘယ်သူပဲဖြစ်‌နေနေ မင်းဘယ်မှာနေနေ ဘာပဲလုပ်လုပ် ကျွန်တော်သိတာတစ်လကျော်ကျော်ရှိနေပြီဖြစ်တဲ့ ကျွန်တော့် ပါတနာက မင်းဆိုတာပဲ ကျွန်တော်သိတယ်... အားဟွေနဲ့ Sean တို့က ဒီအတိုင်း ဇာတ်ကားရဲ့ ဇာတ်ကောင်တွေ....သူတို့ကို သရုပ်ဆောင်ဖို့အတွက် မင်းက အများကြီး ပေးဆပ်ခဲ့ရတဲ့ ဇာတ်ကောင်တွေ..

သူတို့က ကျွန်တော်ကို သရုပ်ဆောင်တယ်ဆိုတာဘာလဲသိဖို့ လမ်းပြပေးတယ် ပြီးတော့ ချီချန်အန်းရှိမယ့် နေရာကိုလည်းခေါ်သွားပေးတယ် “


သူ့ရင်ခွင်ထဲက တင်းကြပ်နေတဲ့ထိုလူက အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရတော့မှ ရွှီလော့ယန်က သူမှန်းဆထားတာမှန်မှန်းသိလိုက်ရသည်။သူက သက်ပြင်းကြိတ်ချကာ၊ ခါးသီးမှုတွေနှင့် စိုးရိမ်ပူပန်မှုတွေကို မျိုသိပ်ပြီး သူစကားကိုဖြေးဖြေးချင်း ဆက်ပြောသည်။


“အင်တာနက်ပေါ်က သတင်းတွေနဲ့ ကောလဟာလတွေကို မင်းဘယ်တော့မှ မယုံသလိုဘဲ ကျွန်တော်သိတဲ့လူ မင်းကသာအစစ်အမှန်ပဲ” 


ဒါကြောင့် မကြောက်ပါနဲ့.....


ချီချန်အန်းက သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံး နက်နက်နှင့် နှုတ်ခမ်းဖြူဖျော့ဖျော့လေးကအနည်းငယ် လှုပ်သွားကာ "ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေး ပြောလာသည်။ 


သူက စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်နေပြီးမှ အဆုံးတွင် သူ့အသံက ခိုင်မာလာပြီး "အတိတ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိလာတဲ့တနေ့ကျရင် ကိုယ် မင်းကိုပြောပြမယ်..."


"အင်း" 


ရွှီလော့ယန်က ကုတင်ဘေး စားပွဲပေါ်မှ တစ်ရှူးနှစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ချီချန်အန်း၏ နဖူးမှ ချွေးအေးများကို သုတ်ပေးပြီးနောက် ပြုံးကာ "ဒါဆို ကျွန်တော်စောင့်နေမယ်နော်"


ခေါင်းညိတ်ပြရင်း ချီချန်အန်းက သူ့မျက်လုံးများကို ပင်ပန်းနွမ်းနယ်စွာမှိတ်လိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ထပ်အိပ်ပျော်သွားပြန်သည်။


အဆုံးတွင် ရွှီလော့ယန်က မျက်ခုံးတွေတွန့်ကြုတ်ကာ တစ်ယောက်တည်း ငြိမ်သက်စွာ အတွေးနက်နေမိတော့၏။


တစ်နေ့မှာ ချီချန်အန်းက သူက နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း အမှန်အတိုင်းပြောလာပါလျှင် သူက သိထားပြီးသားလို့ ပြောသင့်သလား ဒါမှမဟုတ် သူ့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ကိုပဲ ပြလိုက်သင့်သလား။ 


သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက အဆင့်ဆင့် ဆင့်ကဲဖြစ်စဥ်သဖွယ် ပြောင်းလဲသွားပြီး ယင်းမှာ "တုန်လှုပ်ခြောက်ချားဖွယ်ရာလျို့၀ှက်ချက်- လက်မခံနိုင်စရာကိစ္စ- အလွန်အမင်း ရှုပ်ယှက်ခတ်နေတဲ့အတွင်းရေး- နောက်ဆုံးတွင် သူငယ်ချင်းကောင်းဖြစ်နေသဖြင့် နတ်ဆိုးဆိုလည်း လက်ခံခြင်း" ဟူ၍ပင်။


ချီးပဲ...အရမ်းစိတ်ရှုပ်စရာကောင်းလိုက်တာနော်...


ရွှီလော့ယန်သည် ညဘက်တွင် ချန်အန်း၏ အိပ်ယာပေါ်တွင် 12:00 ကျော်သည်အထိ အိပ်ပျော်ခြင်းအလျဥ်းမရှိဘဲ ထိန်းထားနိုင်ပြီး နောက်ဆုံးတွင် ဗိုက်ဆာလွန်းသဖြင့် သည်းမခံနိုင်တော့ချေ။


အိပ်ရာထဲမှ ဂရုတစိုက်ဖြင့်ထလိုက်ကာ၊ ချီချန်းအန်း မနိုးတာသေချာအောင်လုပ်ပြီးမှ ရွှီလော့ယန်ကတံခါးဖွင့်ပြီး သူ့အခန်းထဲပြန်ဝင်ကာ လုတိထံ စာတိုတစ်စောင်ပို့၍ သူအိပ်နေပြီလားလို့ မေးလိုက်သည်။


လုတိကလျှင်မြန်စွာ စာပြန်လာသည်။


"ကျွန်တော် အပူတပြင်းရှာဖွေစရာလေးရှိလို့ ကျွန်တော်နိုးနေသေးတယ်" 


 "..."


"အပူတပြင်းရှာဖွေမှု" ဟူသော စကားလုံးကို မြင်လိုက်ရချိန်တွင် ရွှီလော့ယန်သည် အိပ်ယာပေါ်ရှိ ၀က်ရုပ်ကို မသိစိတ်က လှမ်းကြည့်လိုက်မိပြီးနောက် ဆာလောင်မှုကိုသီးမခံနိူင်တော့သဖြင့် မက်ဆေ့ကို အမြန်ပြန်ဖြေပြီး လုတိကို အောက်ထပ်သို့ဆင်းကာ အသားကင်ဝယ်ခိုင်းလိုက်သည်။


မူလက သူကိုယ်တိုင် ဆင်းပြီးသွား၀ယ်နိုင်ပေမယ့် ချီချန်အန်း၏ အခြေအနေက ထပ်ဖြစ်ဦးမလားဆိုတာမသိနိုင်ချေ။ သူတကယ်ကို စိတ်ပူနေသဖြင့် လုတိကို အကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။


လုတိက စကားနှစ်လုံးသာ ပြန်ပို့လာသည်။


" အသားကင် တစ်Setလား"


"ဟုတ်တယ် အသားကင် Setလိုက်ပဲ"


မိနစ်လေးဆယ်ကြာတော့ တစ်ခန်းလုံး အသားကင်နံ့များပျံ့နှံ့သွားသည်။


"ရွှီကောလျှို့ဝှက်ချက်နော် ကျန်းကောသာသိသွားရင် ကျွန်တော်ဘောနပ်စ်တွေ အကုန်ပလုံသွားမှာ" 


လုတိက တီရှပ်လက်ရှည်ကို ပင့်တင်လိုက်ပြီး ကျန်းကော၏ လေသံကို တုပကာ ဆိုရင်း ကြွပ်ရွနေသော အသားများကို စတင်ကာ စားသောက်တော့သည်။


"ညဉ့်နက်မှ အသားကင်စားတက်တဲ့ ရွှီလို့အမည်ရှိတဲ့ ကိုယ်အလေးချိန်တတ်လာတဲ့ အနုပညာရှင်တစ်ယောက်နဲ့ အလုပ်တွဲလုပ်ရလို့ ဒီဇိုင်နာတော့ ကျိန်ဆဲနေရပြီကွ"


ရွှီလော့ယန်က ရေခဲမှုန့်ပန်းကန်လုံးကို ကျေနပ်ပျော်ရွှင်စာဖြင့် အလုပ်ကြီးကြီးမြိုချလိုက်ကာ-


"ဟား...မင်းက သင်ယူတက်မြောက်လွယ်လိုက်တာကွ... ဒါပေမယ့် တိတ်တိတ်လေး စားပြီး သဲလွန်စတွေ အားလုံးကို ရှင်းပြစ်ကြရအောင် မင်းသာ သူ့ကိုမပြောရင် ကောင်းကင်သိ၊ မြေကြီးသိ၊ မင်းသိ ငါသိ ဒါ့အပြင် ဘယ်သူမှ သိမှာမဟုတ်တော့ဘူး...“


သူကပြောနေရင်းမှ ဘေးအခန်းက လှုပ်ရှားမှုကို သေချာနားထောင်ပြီးနောက် စဉ်းစားရင်းမတ်တပ်ထရပ်ကာ-


 "ငါချန်အန်းကို သွားကြည့်လိုက်ဦးမယ် သူသိပ်နေမကောင်းဘူး ခဏစောင့် နောက်မှ ပြန်လာခဲ့မယ်"


ထို့နောက် သစ်သားတံခါးကိုဖြတ်ပြီးသွားတော့သည်။


လုတိက ကိုလာအေးတစ်လုတ်မော့သောက်လိုက်ပြီးနောက် ရုတ်ချည်းဆိုသလို ဘဝက ပြီးပြည့်စုံလွန်းတယ်ဟု ခံစားလိုက်ရသည်။ 


ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။ ဤမျှလောက် နောက်ကျမှ တံခါးလာခေါက်မည့်သူကို တွေးနေရင်းမှ ထရပ်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။


ဆယ်စက္ကန့်အကြာတွင် သူက အမဲသားကင် တစ်ခုကိုကိုင်ရင်းမှ တံခါးသွားဖွင့်ရာ တံခါးဝတွင် ကျန်းကောကိုမြင်လိုက်ရသည်။


ရုတ်တရက် သူ့အရှေ့တွင် ဘယ်သူရှိမှန်း သတိထားမိလိုက်သည်နှင့် သူ့လက်ကို ပြင်းပြင်းထန်ထန် အလုပ်ပေးကာ တံခါးပိတ်ရန်ကြိုးစားတော့၏။


သို့သော် ကျန်းက ခံစစ်အနေဖြင့် တံတောင်ဆစ်နှင့်ထောက်ထားတာကြောင့် အခန်းထဲသို့ ဝေ့ကြည့်နိုင်လိုက်သည်။ 


သေချာပေါက်ပင်။ အခန်းထဲရှိ ကော်ဖီသောက်စားပွဲခုံတွင် များပြားလှသော ပါကင်ဘူးများနှင့် အသားကင်ငွေလက်မှတ်ဖြတ်ပိုင်းတွေက အထင်းသားမြင်နေရသည်။


 "ရှင်းပြချင်သေးလား"


ကျန်းကောရဲ့ အသံက လုံး၀ အေးစက်နေသည်။


လုတိက အလွန်တာဝန်ယူတတ်သူမျိုးပင်။


"ကျွန်တော် တစ်ယောက်တည်း စားခဲ့တာ ရွှီကောက သူ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အနံ့ခံရုံလောက်ပဲ လုပ်သွားရှာတာ"


ကျန်းကောက သူ့ကို စိုက်သာကြည့်နေသည်။


"ငါသာမင်းကိုအဲလိုပြောရင် မင်းယုံမှာလား"


လုတိက စကားပြောနေတာကိုရပ်တန်းလိုက်သည် - သူကအရူးမှ မဟုတ်‌တာ ၊ ဘယ်လိုလုပ် ယုံမှာတဲ့လဲ။


ကုတင်ကို ကြည့်လိုက်တော့ စောင်တွေ အကုန်ပျောက်နေပြီး ဝက်အရုပ်လေးကိုသာတစ်ကောင်ထဲ အထီးကျန်စွာထားထားသည်။ ကျန်းကောက ပိုလို့ပင်အန္တရာယ်ရှိတဲ့ လေသံဖြင့် မေးလာသည်။


"မင်းရဲ့ ရွှီကောက အခုဘယ်မှာလဲ"


ပြောရမှာက 'မင်းရဲ့ ရွှီကော' အကြောင်းမဟုတ်ဘူး 'ငါတို့ မိသားစုရဲ့လော့ယန်' ဟုတ်ပြီလား။


လုတိက အခုချိန် ဥတုပုံမှန်မဟုတ်ဖြစ်နေတဲ့ ကျန်းကောကို တိတ်တဆိတ်ဆဲရေးလိုက်ပြီးနောက် သတ္တိရှိစွာရှင်းပြလာသည်။


"သူကဘေးခန်းမှာ ဘာလို့ဆို..."


သို့သော် သူစကားမဆုံးခင် ကျန်းကောက သူ့အသံကို ဂရုတစိုက် လျှော့ချလိုက်တာကို တွေ့လိုက်ရ၏။


"သူတို့ကတကယ်ချစ်နေကြတာလား တစ်ယောက်နဲ့တစ်ယောက် ခဏလောက်ခွဲအိပ်‌ဖို့တောင်ခက်နေကြပြီပေါ့ သနားစရာ၀က်လေးရယ် မင်းသခင်က မင်းနဲ့အတူတူမအိပ်နိုင်တော့ဘူး"


သူလေသံထဲတွင် နာကျည်းမှုတွေကတော့ ရှိနေတုန်းပင်။


"ဒါပေမယ့် လော့ယန်က သူ့မှာသာချစ်သူရှိလာရင် ငါ့ကိုဖုံးကွယ်ထားမှာမဟုတ်ဘူးလို့ ကတိပေးထားတယ်လေ မင်းကတောင်ငါ့ကိုမပြောပြဘဲ ဖုံးကွယ်ပေးထားတယ်ပေါ့လေ ဟုတ်လား"


လုတိက သူ့နေရာတွင်သာ ငြိမ်ငြိမ်လေးရပ်ရင်း ဂရုတစိုက် နားထောင်သည်။


သူ နားထောင်လေလေ စိတ်ရှုပ်လာလေလေပင်.... ရွှီကောက မစ္စတာချီနေမကောင်းလို့ဆိုပြီး ဘေးအခန်းကိုသွားတာမဟုတ်ဘူးလား.... ဘယ်အချိန်ကစလို့ ချိန်းတွေတယ်လို့သတ်မှတ်ခံလိုက်ရတာလဲ..... စင်ဂယ်ခွေးတစ်ကောင်က အသက်တစ်သောင်း အရွယ် ခွေးတစ်ကောင်နဲ့ သွားချိန်းတွေ့ တာလား...။


ထိုအချိန်တွင် သစ်သားတံခါးပွင့်လာပြီး၊ ရွှီလော့ယန်ထွက်လာသည်နှင့် နောက်ခံအဖြစ် မကုန်ဆုံးသေးသော အသားကင်တစ်ခုနှင့် ဘူးခွံအလွတ်တွေနှင့်အတူ အလယ်တွင်ရပ်နေသော ကျန်းကောကိုတွေ့လိုက်ရသည်။ 


သူက ရုတ်ချည်းဆိုသလို အပြစ်ရှိသလိုခံစားလိုက်ရ၏။


"ကျန်းကောက ဘယ်လိုရောက်လာတာလဲ chat ကတစ်ယောက်ယောက်ရဲ့ မန်းရှင်းတာကြောင့်လား.... ပြီးတော့ ကောင်းကင်က ကျွန်တော်ကို သတ်ဖို့ကြိုးစားနေတယ်လို့ ခံစားနေရတယ် ကျွန်တော် အသားမစားရတာ တစ်လလောက်ရှိနေပြီလေ"


ကျန်းကောက သူအပြစ်လုပ်ထားတာကိုဝန်ခံလိုစိတ်ရှိတာကိုတွေ့ပြီးနောက် ယင်းကိစ္စကိုခဏဖယ်ကာ သူ့စိတ်ထဲမှ ထင်ကြေးတွေကို ဦးစွာအတည်ပြုလိုက်သည်။


"မင်း ငါ့ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခွင့်လေးတော့ပေးပြီး အစီအစဉ်တစ်ခုတော့ အရင်ဆုံး လုပ်ခွင့်ပြုပါဦးလား ဒါပေမယ့် မင်းဘယ်တုန်းက ချစ်သွားတာလဲ ငါ အဲဒါကိုပဲ အရင်သိချင်မိတယ်..."


 " ? "


ရွှီလော့ယန်ကြည့်ရတာ အတော်လေး ဆွံအသွားပုံရ၏။


ကျန်းကော လည်း တစ်ခုခုမှားနေမှန်း ခံစားလိုက်ရသည်။


"မချစ်ဘူးလား ဒါဆို ဘေးအခန်းမှာနေတဲ့သူက ဘယ်သူလဲ “


ရွှီလော့ယန်နားမလည်နိုင်သေးခင် ချီချန်အန်းက သူ့အနောက်ကနေ ထွက်လာသည်။


"ကျွန်တော်ပါ"


လျှို့ဝှက်ဆန်းကြယ်စွာ အခန်းကတိတ်ဆိတ်သွားပြန်သည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက်ကျန်းကောက လုတိကို ရုတ်တရက်ကြည့်လိုက်ပြီး "မင်းမဆုံးသေးတဲ့စကားကို အရင် ပြီးအောင်ပြော"


လုတိကဤ အခြေအနေမှ အလျဥ်ကယ်တင်ပေးလိုက်သည်။


"ဘေးအခန်းက မစ္စတာချီ နေမကောင်းလို့ ရွှီကောက သူ့ကို ဂရုစိုက်ပေးနေတာ"


  "•••"


ကော်ဖီ စားပွဲဝိုင်းတွင် လူလေးယောက် ၀ိုင်းထိုင်နေကြသည်။ ချီချန်အန်း၏ညာဘက်မျက်လုံးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း အနည်းငယ်အားနည်းနေသေးသည်။ ရွှီလော့ယန်က ၀က်ရုပ်လေးကို သူ့အတွက် ခါးခုစရာအဖြစ်လုပ်ပေးလိုက်သည်။


ထို့နောက် ရွှီလော့ယန်က အလွန်အံဩနေဟန်ဖြင့် "ကျန်းကော ကျွန်တော့မှာ တကယ်ချစ်သူမရှိသေးဘူး ကျွန်တော်တကယ်လို့ရှိခဲ့ရင် ကောကို ကျွန်တော်သေချာပေါက်အရင်ပြောမယ်


ညနက်သန်းခေါင်ကြီး အသားကင်တွေ အများကြီးစားတာကဘကျွန်တော်အမှားပါ တစ်ပတ်လောက် အသားမစားဘူးလို့ ကတိပေးတယ် ကိုယ်အလေးချိန် ကျွန်တော်ထိန်းပါ့မယ် “


"သဘက်ခါကျပြန်လာမယ် မင်းရဲ့ကိုယ်အလေးချိန်ကို တကယ်ထိန်းထားရမှာမို့လို့ မင်းအတွက် တစ်ပတ်စာ အစားအသောက်ကို သေချာပြန်စီစဉ်ပေးမယ်" 


ဤသို့ဖြင့် ကျန်းကောက စိုးရိမ်တဲ့မျက်လုံးတွေနှင့် ရွှီလော့ယန် ကို ကြည့်လာပြန်သည်။ 


"ဒါနဲ့ ဘာလို့ အခုထိ မချစ်သေးတာလဲ မင်းအသက်အရွယ်မှာ မင်းအဖေက မင်းအမေကို ချစ်ပြီးရုံတင်မဟုတ်ဘူး လက်ပါထပ်ပြီးနေလောက်ပြီ“


 "•••"


ရွှီလော့ယန်မှာ အလွန်တရာမှရှုပ်ထွေးသော ခံစားချက်တစ်ခုကိုခံစားလိုက်ရ၏။ အခြားအေးဂျင့်များအားလုံးက သူတို့ရဲ့အနုပညာရှင်တွေ မချစ်ကြိုက်မိစေရန် သတိထားနေကြရသည်။ သူ့အေးဂျင့်ကမူ သူ အထီးကျန်ဆန်တဲ့ အဘိုးကြီးတစ်ယောက်အဖြစ် အဆုံးသတ်ရမှာကို နေ့တိုင်း စိုးရိမ်ပူပန်နေသည်။


ကျန်းကောက အကြောင်းအရာခေါင်းစဥ်ကို ထပ်မံပြောင်းလဲလိုက်သည်။ 


"ကုမ္ပဏီက ဖိအားတွေ များနေလို့ ရိုက်ကူးရေးတွေ ပြီးသွားတဲ့အခါ မင်းရဲ့ အချိန်ဇယားက နည်းနည်း အလုပ်ရှုပ်သွားလိမ့်မယ် ဒီအချိန်အတွင်းမှာ မင်းအတွက် ဇာတ်ညွှန်းနဲ့ ကုန်ပစ္စည်းထောက်ခံချက်တွေကို ခွဲခြမ်းစိပ်ဖြာပြီး မင်းအဆင်ပြေပြေရိုက်ကူးနိုင်အောင် ငါ ကူညီပေးပါ့မယ်"


ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး လေထုက အလွန်တရာမှ ငြိမ်းချမ်းရေးရနေသည်။


သို့ပေမယ့် ကျန်းကောမသိအောင် အသားတွေမစားတော့ပါဘူးလို့ ကတိအထပ်ထပ်ပေးလိုက်ရသည်။ 


ထိုစဥ် ရွှီလော့ယန်ရဲ့ မိုဘိုင်းလ်ဖုန်းက ချီချန်းအန်းထံမှမက်ဆေ့ခ်တစ်စောင်ကိုလက်ခံရရှိလိုက်၏။


"ကိုယ့်ဟာတွေကို မင်းကိုပေးပါ့မယ်"


_____


Translated By IQ-Team.