အပိုင်း ၃၀
Viewers 5k

Chapter 30


------------


ကျန်းသုန့်က ရွှီလော့ယန် အခန်းထဲကို လိုက်ပို့တော့ သူလက်ထဲ၌တူကိုကိုင်ထားကာ လမ်းလျှောက်ရင်း သီချင်းညည်းနေလေသည်။သတင်းဆိုးက သူ့စိတ်အခြေအနေကိုလုံးလုံး မထိခိုက်ပေ။


အခန်းတံခါးကိုပိတ်ပြီးနောက် ကျန်းသုန့်က ရွှီလော့ယန်ကိုမေးလိုက်၏။


"အမှန်တိုင်းပြော မင်း စိတ်ပျက်သွားတယ်မလား" 


ထိုစကားကိုပြောတော့ သူမျက်မှောင်ကြုတ်သွားရသည်။လွန်ခဲ့တဲ့နှစ်ရက်တည်းက သူသိပ်ပြီးအိပ်ရေးမ၀တာကြောင့် မျက်လုံးတွေကဖောင်းအစ်နေသည်။


ရွှီလော့ယန်က ပွင့်ပွင့်လင်းလင်းပင်။


"စိတ်ပျက်သွားလားလိုပြောရရင် တကယ်တော့ နည်းနည်းစိတ်ပျက်သွားတယ်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်သရုပ်ဆောင်ရတာကိုအရမ်းပျော်တယ်၊ကိုယ့်ကိုကိုယ်လည်း သရုပ်ဆောင်ထားတာအရမ်းပြောင်မြောက်တယ်လို့ထင်ထားတာ" 


ကျန်းသုန့်ရဲ့မရှင်း မရှင်းဖြစ်နေတဲ့မျက်နှာအမှုအရာကိုတစ်ချက်ကြည့်လိုက်ပြီး"ဒီတစ်ခေါက်ကော ကလိမ်ကကျစ်အလဲအလှယ်တွေရှိလား"


"အာ...အရမ်းကြီးကလိမ်ကကျစ်ကျတာလည်းမဟုတ်ဘူး"ကျန်းသုန့်ကရှင်းပြသည်။


"မင်းနဲ့စုန့်ယောင်ကအတူတူ ဆန်ခါတင်စာရင်း၀င်တာလေ၊သူ သရုပ်ဆောင်တာ မင်းလောက်လည်းမကောင်းဘူး၊ဒါ‌ပေမယ့် သူ့အရည်အချင်းနဲ့လူကြိုက်များတာကမင်းနဲ့တူတယ်၊ဘယ်သူဆုရမလဲဆိုတာက တကယ်တမ်းတော့ မင်းနဲ့သူ နှစ်ယောက်ထဲကတစ်ယောက်ပဲ"


ရွှီလော့ယန် နားလည်သွားရသည်။


"ဒါဆိုရင် ဒီတစ်ခေါက်က ဘယ်သူဆုရမလဲဆိုတဲ့ နောက်ဆုံးဆုံးဖြတ်ချက်က သရုပ်ဆောင်စွမ်းရည်နဲ့အရည်အချင်းပေါ်မှာမူမတည်ဘူးပေါ့၊ ဒါပေမယ့် အဓိကက အင်အားကြီးတဲ့သူတွေကြားက ကစားပွဲရဲ့ရလဒ်‌ပေါ့"


"ဟင်း... ပိုင်လဲ့မီဒီယာက လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ ထိပ်သီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးလေးခုထဲကနေ ပြုတ်ကျသွားတယ်လေ၊သူတို့ရဲ့အရင်နေရာကိုပြန်ရနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာ စုန့်ယောင်ကစာရင်းထဲပါလာဖို့ခက်တော့ ဒီတစ်ခေါက် ဆုရဖို့အခွင့်အရေးများတော့ သူတို့ အားအင်အကုန်စိုက်ထုတ်ထားတာ၊သူတို့ပိုက်ဆံတွေအများကြီးရင်နှီးမြှပ်နှံထားရတယ် "


"ကျေးဇူးပဲ ကျန်းကော" 


ရွှီလော့ယန်လေးလေးနက်နက်ပြောလိုက်သည်။စုန့်ယောင်နောက်က ကုမ္ပဏီကအတော်လေးကြိုးစားနေတာကို ကျန်းသုန့်သိကတည်းက အလှည့်အပြောင်းတွေပါတယ်ဆိုတာသဘောပေါက်လိုက်သည်။ ဤသည်ကိုပင် ကျန်းသုန့်ကအစွမ်းကုန်ကြိုစားနေဆဲဖြစ်သည်။


မဟုတ်ရင် သူဒီလောက်အထိပင်ပန်းတဲ့ပုံပေါက်နေမှာမဟုတ်ပေ။


ကျန်းသုန့်က သက်ပြင်းချလိုက်ပြီး ရွှီလော့ယန် ပခုံးအားပုတ်လိုက်သည်။


"မင်း ဘာလို့သဘောထားဒီလောက်ကြီးရတာလဲ၊ ဘာကို ကျေးဇူးတင်နေရတာလဲ၊ မင်းကိုအကောင်းဆုံးဇာတ်ဆောင်ဆုရအောင် ငါကကူညီပေးထားတာမှမဟုတ်တာ"


"ကောကိုကျေးဇူးတင်သင့်တာပါ၊ ကျွန်တော်တို့လို့ smartဖြစ်တဲ့သူတွေက အလုပ်လုပ် ရလဒ်တစ်ခုထဲကိုပဲကြည့်လို့မရဘူး လုပ်ဆောင်ချက်ကိုလည်းကြည့်ရတယ်၊ကျန်းကော ဒီရက်ပိုင်း တော်တော်လေကြိုးစားထားရတယ်မှတ်လား "


ပြောရင်းဆိုရင်းဖြင့် ရွှီလော့ယန်က လူကိုအခန်းထဲတွန်းလိုက်ကာ ပြုံးလိုက်ပြီး "မရရင်လည်း ကိစ္စမရှိဘူး၊ဘာပဲဖြစ်ဖြစ် ဆန်ခါတင်စာရင်းထဲ၀င်တာပဲလေ၊လောလောဆယ် ကျွန်တော်ရိုက်နေတဲ့ရုပ်ရှင်ရှိတာပဲ ကံကောင်းရင် ဆုရနိုင်တယ် "


ကျန်းသုန့်က သူဘက်ကိုလှည့်ကာ "ရုပ်ရှင်အကြောင်းပြောရင်းနဲ့မှ လော့ယန် ခန့်မှန်းချက်လေးပြောပါဦး ဒီကားက ဆုရနိုင်မယ်လို့ မင်းထင်လား"


ဒါရိုက်တာကျန်းရဲ့ အရည်အချင်းတစ်ခုတည်းကြောင့်သာ ရွှီလော့ယန်က အဓိကသရုပ်ဆောင်နေရာ ကိုရထားခြင်းဖြစ်သည်။ပြီးတော အဓိကသရုပ်ဆောင်နှစ်ယောက်ထဲက တစ်ယောက်ကချီချန်အန်း ဖြစ်တာကြောင့် ဆုရဖို့အခွင့်အလမ်းကပိုပြီးများလေသည်။သို့ပေမယ့် အခု [The Search for a Man]ကမျှော်လင့်ချက်မရှိတော့တာကြောင့် နောက်နှစ်နှစ်လောက်ကြာပါက ရွှီလော့ယန် အဆင့်အတန်းမြင့်တတ်လာဖို့က [Divergent Road]ရုပ်ရှင်ပေါ်တွင်မူတည်နေလေသည်။


ထို့ကြောင့် သူစိတ်ပူနေရသည်။


"ကျွန်တော်လည်းမသိဘူး" 


ရွှီလော့ယန်က သေ‌သေချာချာလေးတွေးလိုက်ပြီးတော့မှ


 "ဆုရမယ်ဆိုတာကိုတော့ အာမမခံရဲဘူး၊ဒါပေမယ့် ဒါရိုက်တာကျန်းရဲ့အဆင့်အတန်း၊ ကျွန်တော်နဲ့ချီချန်အန်းရဲ့သရုပ်ဆောင်ချက်ကော၊ ဇာတ်ညွှန်ရေးဆရာရဲ့အရည်အချင်းကြောင့်ကောဆိုရင်တော့ ဆုတစ်ဆု ဒါမှမဟုတ်ရင် ဆုအများကြီးရနိုင်မယ့် အခွင့်အလမ်းများပါတယ် "


"တကယ်လား"


"တကယ်ပေါ့"


ရွှီလော့ယန်ရဲ့မျက်နှာကခါးသက်သက်ဖြင့်


"ချန်အန်းနဲ့ကျွန်တော်ကို ဒါရိုက်တာကျန်းနဲ့ဇာတ်ညွှန်းရေးဆရာတို့ သေအောင်အမှုန့်ကြိတ်နေတာမမြင်ဘူးလား၊ ကျွန်တော်တို့ ဇာတ်၀င်ခန်းတစ်ခန်းကို ၅ကြိမ် ၆ကြိမ်လောက်ပြန်ရိုက်နေရတာ၊ ပြီးတော့ အလင်းအမှောင်၊ asetheticဖြစ်မဖြစ်ကော၊ အဲ့ဒါတွေအားလုံးကို အကြိမ်ပေါင်းမြောက်မြားစွာ ပြန်ပြင်နေရတာ၊တော်တော် လွန်လွန်ကဲကဲပါပဲ၊ရုပ်ရှင်ထွက်လာရင် အခန်းတိုင်းကိုscreenshotရိုက်ပြီးတော့wallpaperထားပစ်မယ်"


သူနှင့်ချီချန်အန်းရဲ့ အလုပ်လုပ်ချိန်က ယခုဆို မနက်၅နာရီဆိုတာနဲ့အိပ်ယာကထ ၇နာရီဆိုတာနဲ့စရိုက်ပြီး ညနေခင်းရိုက်ကူးရေးပြီးချိန်ကတော့မမှန်ပေ။ရိုက်ကူးရေးပြီးတာနှင့် ချန်ကျန်းကဆွဲပြီးဇာတ်ညွှန်းဖတ်ခိုင်းကာ တစ်ခုခုအဆင်မပြေပါက သူတို့ချက်ချင်းလက်ငင်း ပြန်လည်ပြီးတော့ပြင်ဆင်ရလေသည်။


ကျန်းသုန့်တစ်ယောက် ရွှီလော့ယန်ကို ဖိအားအများကြီးပေးမိသလိုဖြစ်မှာ စိုးရိမ်တာကြောင့် ထပ်ပြီးမမေးတော့ချေ။


" ကောင်းပြီး သေချာရိုက် ဒါပေမယ့် အရမ်းမပင်ပန်းစေနဲ့"


ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းသုန့်ကဆက်ပြီးပြောတာကိုကြားလိုက်ရသည်။


"Buddha Jumping Wall ဗုဒ္ဓနံရံကျော်တက် ကတော့ ....."


စိတ်ထဲ မကောင်းတော့ဘူးဟု ပြောလိုက်ရင်း ရွှီလော့ယန်က သတိရှိစွာဖြင့်မေးလိုက်သည်။


"စကားရဲ့ဒုတိယတစ်၀က်က ဘာလဲဟင်"


ကျန်းသုန့်က သူရဲ့မျက်နှာဟန်ပန်အနေအထားကိုသဘောတကျဖြစ်သွားရသည်။


"သွားပြီးစား၊ များများစားချင်လည်းစားခဲ့ ဒါပေမယ့် ပြန်ရောက်ရင် လေ့ကျင့်ခန်းကိုတစ်ပတ်လောက်ပြင်းပြင်းထန်ထန်လုပ်ရမယ်၊ကျေးဇူးပြုပြီး screenပေါ်မှာတော့ မျက်နှာဝိုင်းဝိုင်းနဲ့ဖောင်းကားမသွားစေနဲ့"


"အိုကေ အိုကေ အိုကေ တစ်ပတ်မပြောနဲ့၊ လ၀က်လောက်အထိလေ့ကျင့်ခန်းတွေလုပ်ပစ်လိုက်မယ်"


ရွှီလော့ယန်က ပြန်ဖြေလိုက်ရင် ကျန်းသုန့်အနားယူတော့မှာကိုမနှောက်ယှက်ချင်တာကြောင့် ချီချန်အန်းနှင့်ဆက်ပြီးဟော့ပေါ့စားဖို့လုပ်နေတုန်း ကျန်းသုန့်က လှမ်းမေးလိုက်တာကိုကြားလိုက်ရသည်။


 "မင်းရဲ့လက်ထဲမှာ ဘာလို့တူရှိနေတာလဲ"


"ဒါတွေကို ပြောတာလား"


ရွှီလော့ယန်က သူ့လက်ထဲရှိသစ်သားတူနှစ်ချောင်းကို ယမ်းပြလိုက်ပြီး မျက်ခုံးတွေတွန့်သွားတဲ့အထိ ကြားဝါတဲ့လေသံဖြင့်


 "ရိုးရိုးတူ မဟုတ်ဘူးလေ၊ ချန်အန်းကိုယ်တိုင်ကိုယ်ကျ ကျွန်တော်အတွက် လုပ်ပေးထားတာ၊ထင်ရှုးသားနဲ့လုပ်ထားတာလေ 'လော့ယန်'ဆိုတဲ့စာလုံးနှစ်လုံးတောင်ထိုးပေးထားသေးတယ်"


ကျန်းသုန့်ရဲ့မျက်ခုံးတွေတွန့်ချိုးသွားရပြီး"ဒါဆို လည်ပင်းမှာဆွဲထားတဲ့ မင်းချွတ်တောင်မချွတ်တဲ့ peace claspကကော"


"ချန်အန်း လုပ်ပေးထားတာလေ၊ အရမ်းလှတယ်မလား"


"အဲ့ဒါဆို မင်းလက်ကောက်၀တ်ပေါ်ကငါးသေးသေးလေးကကော၊မင်းရဲ့သော့ချိတ်ပေါ် မေပယ်လ်ရွက်ကကော"


ရွှီလော့ယန်က ကြက်ကလေးဆန်ကောက်သလို ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ကာ"နှစ်ခုလုံးပဲ ချန်အန်းက အံဩစရာမကောင်းလွန်းဘူးလား၊ သူ သစ်သားလက်မှုအတတ်ကိုသင်တာ တစ်လတောင်မှမပြည့်‌သေးဘူး၊ အားလုံးလုပ်တတ်နေပြီ"


"......."


ကျန်းသုန့်ကစပြီး အတွေးများလာရသည်။ချီချန်အန်းက အတော်လေးကိုအေးတိအေးစက်နိုင်သည်လူမျိုးဖြစ်ပြီးတော့ ချဉ်းကပ်ရန်မလွယ်ကူပေ။သူရဲ့အနုပညာရှင်ကမူ လူတကာကြိုက်ပြီးအချစ်ရေးကိစ္စဘာညာသကာရှိတဲ့အဆင့်ထိမရောက်သေးပေ။


ထို့ကြောင့် ချီချန်အန်းကရွှီလော့ယန်ကိုကြိုက်တာမဖြစ်နိုင်၊ သူပဲအတွေးလွန်နေတာများလား။


သို့ပေမယ့် တူ‌ချောင်းတွေကိုကြည့်ရင်း...ချီချန်အန်းကတကယ် အဲ့လိုစိတ်မျိုးရှိနေလို့ လှုပ်တောင်လှုပ်ရှားနေပြီးလားဟ။


ရွှီလော့ယန်ရဲ့ပြုံးပျော်‌နေတဲ့မျက်နှာကိုကြည့်လိုက်ပြီး ကျန်းသုန့်က သူရဲ့ထင်မြင်ချက်ကိုမပြောတော့ပေ။တကယ်တော့ သူရဲ့စိတ်ထဲ၌အလွန်ကိုတည်ငြိမ်လျက်ရှိသည်။အကယ်၍ ချီချန်အန်းလှုပ်ရှားလိုက်ရင်တောင်မှ ရွှီလော့ယန်က သူငယ်ချင်းဖြစ်ချင်လို့သာဟုတွေးလိမ့်မည်ပင်။


ဘာပဲဖြစ်ဖြစ် ဒီလောကထဲရွှီလော့ယန်ကို နှစ်နှစ်လောက်လက်မလျော့ပဲ လိုက်နေတဲ့ယောက်ျားလေးတစ်ယောက်တောင်ရှိခဲ့ဖူးတာပဲ၊ သူတို့အိမ်က ငတုံးရွှီကတော့ အဲ့ဒီလူကသူနဲ့ရုပ်ရှင်အတူတူရိုက်ချင်နေတာလို့ပဲထင်ခဲ့တယ်လေ...ဟမ့်။


အဲ့ဒီလိုတုံးအနေလို့သာမဟုတ်ရင် သူကဘယ်လိုလုပ်ပြီး တစ်ကိုယ်တည်းခွေးတစ်ကောင်အဖြစ် နှစ်ပေါင်းတစ်ရာကျော်ဖြစ်နေမှာတဲ့လဲ။


ထိုအချိန်၌ ချီချန်အန်းက သူ့အေးဂျင့်လျန်ချိုးဆီကနေ ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိလေသည်။


"ချီသခင်လေး Golden Pineဆုပေးပွဲကနေပြီးတော့ လေးခါမြောက် ဖိတ်ကြား........"


"ငါ လက်ခံတယ်"


လျန်ချိုး ပြန်မဖြေခင်နှစ်စက္ကန့်လောက်တောင့်တင်းသွားရသည်။


"သခင်လေးပြောတာ ဖိတ်ကြားချက်ကိုလက်ခံတာလား"


ချီချန်အန်းက ရွှီလော့ယန်၏အကြိုက်ဆုံးနံရိုးအနည်းငယ်လောက်ကို ဟော့ပေါ့ထဲထည့်လိုက်ပြီး လျန်ချိုးကိုပြန်ဖြေလိုက်သည်။


"ဟုတ်ကဲ့ ပွဲစီစဉ်သူတွေနဲ့ညှိလိုက်မယ်"


"Red Carpetမလျှောက်ဘူး...လော့ယန်ဘေးမှာပဲထိုင်မယ်"


"......"


လော့ယန်ဘေးမှာ လျန်ချိုးကချရေးလိုက်သည်။


"ကျွန်တော် ပွဲစီစဉ်သူတွေနဲ့ဆက်သွယ်လိုက်မယ်၊ပြီးတော့ မင်းရဲ့ဗန်ကားကို ရွှင်းယန်ရိုက်ကူးရေးနေရာကိုမောင်းခိုင်းလိုက်ရမလား၊ဒီလိုမျိုးဆို သခင်လေးအနားယူဖို့ ပိုပြီးအဆင်ပြေလိမ့်မယ်"


တွေးတောင်မနေဘဲ ကမ်းလှမ်းတာကိုထပ်ပြီးပယ်ချလိုက်ပြန်၏။


"အလုပ်ရှုပ်တယ် မလိုဘူး"


လ၀က်လောက်နေရင် ရွှီလော့ယန်နှင့်ချီချန်အန်းတို့ Golden Pineဆုပေးပွဲကိုသွားရမှာဖြစ်တာကြောင့်သုံးရက်လောက် အားဖို့လိုသဖြင့် ရိုက်ကူးရေကို အိပ်ချင်မူးတူးဖြင့်ပြေးနေရသည်။နေ့လည်စာအနားယူချိန်တောင်မှမရှိတော့ပေ။ရိုက်ကူးရေးကstaffတွေနေရာထိုင်ခင်းပြင်ဆင်နေတုန်း တစ်ခါတစ်လေအိပ်ရန် ဗန်ကားထဲသာသွားရသည်။


Golden Pineဆုပေးပွဲအား နို၀င်ဘာလ၂၆ရက်မှာကျင်းပမှာဖြစ်ပြီးတော့ ယခုနှစ်တွင်မူ ဖုန်းချန်မှာကျင်းပမှာဖြစ်လေသည်။


ရွှီလောယန်က ဖုန်းဖြင့်ရာသီဥတုခန့်မှန်းချက်ကို ၀မ်းနည်းသည့်အမှုအရာဖြင့်ကြည့်နေသည်။


"ဖုန်းချန် မှာဘာလို့ဒီလောက်အေးရတာလဲ၊နို၀င်ဘာလကုန်ပဲရှိသေးတာကို သုညဒီဂရီတောင်ရောက်နေပြီ၊ပွဲစီစဉ်သူတွေ အကျင့်ယုတ်လိုက်တာ"


သေချာပေါက် သူရဲ့သူငယ်ချင်းအသိုင်းအဝိုင်းကို တစ်ချက်လောက်ကြည့်လိုက်တာနှင့် Golden Pineဆုပေးပွဲကိုတတ်မယ့်သူတွေ red carpetလျှောက်ရင်း ငိုရတော့မှာပဲဆိုပြီး ညည်းညူနေကြသည်။


ရွှီလော့ယန်က ချက်ချင်းစိတ်သက်သာရသွားကာ ချီချန်အန်းထံသို့လျှောက်သွားလိုက်ပြီး" ကျွန်တော် အများကြီးမတောင်းဆိုချင်ပါဘူး၊ red carpetလျှောက်ပြီး အစီစဉ်တင်ဆက်သူနဲ့အမေးအဖြေလုပ်နေတုန်း နှာခေါင်းမခဲသွားရင် ကျေနပ်ပါပြီ၊ မဟုတ်ရင် ကျွန်တော်အချိန်အတော်လေးကြာတဲ့အထိအလှောင်ခံနေရတော့မှာ"


ချီချန်အန်းရဲ့မျက်နှာကသိပ်မကောင်လှ၊ မျက်လုံးတွေကလည်းနီရဲနေသေးသည်။သို့သော် ရွှီလော့ယန်ကိုတော့ပြုံးရင်း ပြောလိုက်သည်။


"လျန်ချိုးကို ကိုယ်တို့နှစ်ယောက်နွေးနွေးထွေးထွေဖြစ်အောင် အပူပေးအင်္ကျီနှစ်ထည်၀ယ်ခိုင်းထားတယ်၊ ဒါဆို အချိန်ရောက်ရင် တစ်ခုစီအင်္ကျီအောက်ခံ၀တ်သွားမယ်လေ"


"ကောင်းပြီလေ၊ ကျွန်တော်ရောပဲ လျှိုဝှက်လက်နက်ယူလာမယ်၊အချိန်ကျရင် မင်းကိုတစ်၀က်ပေးမယ်"


နှစ်ယောက်သား မနက်၉နာရီခွဲခန့်၌လေယာဉ်ပေါ်ကနေဆင်းပြီး ရွှီလော့ယန်က ဖုန်းထဲ၌ဂိမ်းဆော့နေရင်း လုတိအမြန်ကျော်တတ်သွားတာကိုမြင်လိုက်သည်။


"ဖန်တွေကအပြင်မှာတောင်စောင်နေကြပြီ၊ ရွှီကော အပြင်ကနေသွားမလား အထူးလမ်းကြောင်းထဲကနေသွားမလား"


ယင်းကိုကြားတော့ ရွှီလော့ယန်က အင်္ကျီအိတ်ကပ်ထဲဖုန်းကိုထည့်လိုက်ကာ ချီချန်အန်းအားကြည့်လိုက်ပြီး"ချန်အန်း မင်းဘယ်လိုထင်လဲ"


သူတို့အပြင်ကိုတိုက်ရိုက်ထွက်သွားပါက လူပင်လယ်ကြီးရှိနေမှာမလွှဲမသွေပင်၊ တခြားလူတွေဖြင့်ထိတွေ့ရမှာကို ရှောင်လွှဲလို့မရပေ။မနေ့ညက ချီချန်အန်းက အဖျားငွေ့ငွေ့ရှိထားတာကြောင့် စိတ်အခြေအနေမကောင်းလှ၊ သူမနက်ခင်းထတော့ အဖျားကျသွားပြီဆိုပေမယ့် ရွှီလော့ယန်ကနည်းနည်းတော့စိတ်ပူနေသေးသည်။


" အဆင်ပြေပါတယ် "


လေယာဉ်ပေါ်၌ရွှီလော့ယန် ပေါ်မှီပြီး ခဏလောက်အိပ်လိုက်တာကြောင့် ချီချန်အန်းရဲ့မျက်ခုံးနှစ်ခုကြားကပင်းပန်းနွမ်းနယ်မှုတွေက အနည်းငယ်ပြေလျော့သွားရလေသည်။


"ကိုယ်တို့ အထူးလမ်းကြောင်းကနေထွက်သွားရင် ဖန်တွေသေချာပေါက်စိတ်မကောင်းဖြစ်သွားလိမ့်မယ်၊ တိုက်ရိုက်ပဲထွက်လိုက်ရအောင်၊ ကိုယ်မင်းနဲ့အတူသွားမယ်"


ရွှီလော့ယန်က ခဏလောက်ဝေခွဲမရဖြစ်သွားပြီးနောက် တစ်ခုခုကိုတွေးမိကာ နောက်ဆုံးသူခေါင်းညိတ်လိုက်သည်။


"ကျွန်တော် မင်းကိုကာကွယ်ပေးမယ် "


ရွှီလော့ယန်နှင့်ချီချန်အန်းတို့ ရိုက်ကူးရေကနေ အတူထွက်လာပြီး လေယာဉ်တူတူပဲဖြစ်တာကြောင့် လေဆိပ်ထွက်ပေါက်၌ဖန်များဖြင့်ပြည့်နှက်နေသည်။ နှစ်ယောက်စလုံးရဲ့ ဖန်တွေက ထွက်ပေါက်တစ်ခုတည်း၌စောင့်နေကြလေသည်။ သူတို့နာမည်တွေရေးထားတဲ့မီးရောင်ဆိုင်းဘုတ်တွေ၊ အချို့ကမူသူတို့နှစ်ဦးရဲ့ နာမည်ကိုပဲအတူတွဲပြီးရိုးရိုးလေးရေးထားကြသည်။ အချိုကပိုပြီးတောင်မှပွင့်လင်းမြင်သာသေး၊'ကုချန်cp'ဆိုပြီး တိုက်ရိုက်ရေးထားကြ၏။


ရွှီလော့ယန်ပေါ်လာတာနှင့် ဖန်တွေရဲ့အော်သံကဂိတ်ကိုဇောက်ထိုးဖြစ်လုနီးပါးပင် "အား အား အား လော့ယန် လော့ယန်"


"သူကအပြင်မှာ ပိုပြီးတော့ချောတယ်၊ သူရဲ့အသားရေကဖွေးစွတ်နေတာပဲ မျက်လုံးတွေကအတော်လေးကြီးပြီးတောက်ပနေတာပဲ အား အား အား "


ရွှီလော့ယန်က အနက်ရောင်အိတ်တစ်လုံးသာ လွယ်ထားပြီး ၊maskနှင့် နေ‌ကာမျက်မှန်ကိုမ၀တ်ထားပေ။ရွှီလော့ယန် နေရာ၌ရပ်နေကာ ချီချန်အန်းအား ထွက်လာတာကိုစောင့်နေလိုက်သည်။ပြီးနောက် ဘေးချင်းကပ်လျက် လမ်းဆက်လျှောက်‌လိုက်သည်။ထိုမြင်ကွင်းကိုဖန်တွေမြင်တော့ သူတို့ရဲ့အော်သံတွေကလေဆိပ်ကိုဇောက်ထိုးမိုးမျှော်ဖြစ်လုနီးပါပင်။


"အိုးမိုင်ဂေါ့ နှစ်ယောက်က တူတူရပ်နေတယ်၊ ငါ ငိုလို့ရပြီ ၊ ငိုလို့ရပြီ နှစ်ယောက်လုံးကအရမ်းကြည့်ကောင်းတာပဲ"


"ချန်အန်း လော့ယန် ချစ်တယ်"


ထိုအချိန်မှာပဲ ရွှီလော့ယန်ကရုတ်တရတ်ရပ်လိုက်ကာ"ရှူး"အမူအရာလုပ်ပြလိုက်ပြီး ပြုံးပြလိုက်၏။


တဖြည်းဖြည်း သူတို့နားကဖန်တွေအားလုံးငြိမ်သက်သွားပြီး ဆိုင်းဘုတ်ပေါ်ကရောင်စုံမီးတွေပဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီးကျန်နေတော့သည်။


လုံးလုံးတိတ်သွားတော့မှပဲ ရွှီလော့ယန်ကပြုံးပြရင်း အသံကျယ်ကျယ်ဖြင့်ပြောလိုက်၏။


"ချန်အန်းနဲ့ ကျွန်တော်နေလို့မကောင်းလို့ဟိုတယ်ကိုစောစောလေးသွားပြီး အနားယူချင်လို့၊ ကျွန်တော်တို့ကိုထွက်ဖို့လမ်းလေးလုပ်ပေးပါလား၊ လက်မှတ်ထိုးထားတဲ့ဓာတ်ပုံတွေနဲ့ လာဘ်ထိုးမယ်လေဟုတ်ပြီလား"


အံအားသင့်စရာကောင်းတာက တစ်မိနစ်တောင်မကြာလိုက်ဘဲ လူအုပ်ကြီးက ဓာတ်ပုံနှင့်ဗီဒီယိုတွေရိုက်ဖို့အားလုံးကဖုန်းတွေကိုင်ထားရင်း ဆူညံချင်းမရှိဘဲ လမ်းဖွင့်ပေးလိုက်သည်။ ဖန်တစ်ယောက်က ဖုန်းပေါ်၌စာတစ်ကြောင်းရိုက်လိုက်သည်။


"အနားယူပါ၊ကိုယ့်ကိုကိုယ်ဂရုစိုက်"


ဖန်အုပ်စုကြီးအားဖြတ်ကျော်ပြီးနောက် ရွှီလော့ယန် အနောက်ကိုလှည့်ကာဦးညွှတ်လိုက်ပြီး ညာလက်ဖြင့်အသည်းပုံစံလုပ်ပြလိုက်သည်။


"ကျွန်တော်နဲ့ချန်အန်း ကိုလာကြိုပေးလို့ကျေးဇူးပဲ၊ မင်းတို့အားလုံးရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ အိမ်ပြန်ရင် ဂရုစိုက်ပြီးပြန်ကြဦးနော်"


ချီချန်အန်းရဲ့နှုတ်ခမ်းထောင့်ကဖြည်းဖြည်းချင်းကော့တတ်သွားရပြီး သူ့ဘေးနားက လူတွေအား စိတ်ပါလက်ပါဖြင့်ပြုံးပြလိုက်သည်။


သူတို့ကို လာကြိုတဲ့ပွဲစီစဉ်သူတွေလွှတ်လိုက်တဲ့ကားပေါ်သိုတတ်လိုက်သည်။


ရွှီလော့ယန်ကစိတ်အခြေအနေကောင်းနေပုံရကာ"ချန်အန်း မင်းမြင်လိုက်လား မင်းစနိုက်ပါနဲ့ဆေးလိတ်မီးညှိနေတဲ့ ပုံတစ်ပုံတွေ့လိုက်လားဟင်...လက်တစ်ဖက်ကသေနတ်နဲ့ ဖုံးကွယ်ထားတဲ့တိုက်ခိုက်ရေး၀တ်စုံကို၀တ်ထားတာလေ၊မီးတောက်ကလိမ္မာရောင်နဲ့ မင်းကအရမ်းကြည့်လို့ကောင်းတာပဲ"


ချီချန်အန်းကပြုံးရင်း "မင်းကို နောက်တစ်ခေါက်ကျရင်၀တ်ပြရမလား"


"တကယ် ၀တ်ပြမှာလား"


ရွှီလော့ယန်က ထိုပုံကို စိတ်ကူးယဉ်ကြည့်လိုက်ပြီးနောက် နှလုံးခုန်မြန်လာတာကိုခံစားမိလိုက်သည်။


"အင်း ၀တ်ပြမယ်လေ၊ မင်းမြင်ချင်ရင် ၀တ်ပြမယ်"


ကားသုံးစီးက မြို့ထဲရောက်တော့လမ်းကြပ်နေတုန်း ရွှီလော့ယန်ကအိတ်ထဲကနေ အမွှေးပွမာဖလာနှစ်ခုအားထုတ်ယူလိုက်သည်။အရင်ဆုံးမီးခိုရောင်အား ချီချန်အန်းရဲ့လည်ပင်း၌ပတ်ပေးလိုက်ပြီးနောက် အနက်ရောင်ကို သူ့လည်ပင်း၌ပတ်လိုက်သည်။


"ကျွန်တော် ကြည့်ပြီးပြီ၊ ဖုန်းချန်က ခြောက်သွေ့ပြီးအေးလွန်းတယ် အခုလေတွေအရမ်းတိုက်နေတော့ အပြည့်အ၀ပြင်ထားဖို့လိုတယ်၊မဟုတ်ရင် ကားပေါ်ကနေဆင်းရင် ‌မင်းအေးနေလိမ့်မယ်"


မာဖလာရဲ့နူးညံတဲ့အထိအတွေ့အား ခံစားမိလိုက်တော့ ချီချန်အန်းက ခေါင်းညိတ်လိုက်သည်။


"မင်းစကားကိုနားထောင်မယ်"


ကားမောင်းသူရဲ့ဘေးခုံမှာထိုင်နေတဲ့ လုတိက စာပို့နေလျက်ရှိပြီး အချို့အရေးကြီးတဲ့ အချက်အလက်တွေအား ရွှီလော့ယန်ကို အချိန်နှင့်တပြေးညီပြောပြပေးနေသည်။


"ရွှီကော အစ်ကိုနဲ့ချီလူကြီးမင်းရဲ့ လေဆိပ်ကပုံတွေကိုတင်လိုက်ကြပြီ ဖန်တော်တော်များကလာကြိုတဲ့ပုံနဲ့ဗီဒီယိုတွေကိုတင်လိုက်ကြပြီလေ၊ Golden Pine ဆုပေးပွဲခေါင်းစဉ်အောက်မှာလည်း အစ်ကိုနဲ့ချီလူကြီးမင်းတို့ရဲ့ပုံတွေကို ဆက်တိုက်ကိုupdateလုပ်နေတယ်"


"အင်း ဆက်ပြီးစောင့်ကြည့်ထား"


ပြောရင်းဆိုရင်း ရွှီလော့ယန်က weiboကိုဖွင့်လိုက်ကာ သူရဲ့တရား၀င်weiboဖန်အကောင့်ရဲ့ပင်မစာမျက်နှာကိုကြည့်လိုက်သည်။နောက်ဆုံးတင်ထားတဲ့ဗီဒီယို၌ သူနဲ့ချီချန်အန်း တစ်ယောက်ပြီးတစ်ယောက်ကားပေါ်တတ်သွားတာကိုပြထားလေသည်။


Commentတွေကိုနိုပ်လိုက်တာနှင့် "ကုချန်cp"ဆိုတာနဲ့"အား အား အား အား"ဆိုတာများသာပြည့်နှက်နေသည်။


ရွှီလော့ယန်ကဘေးကိုတစ်ချက်ကြည့်ကာ ရုတ်တရတ် သူ့ဖုန်းအား ချီချန်အန်းကိုပေးလိုက်သည်။


"သူတို့အားလုံး ပြောနေကြတာက ကျွန်တော်တို့နှစ်ယောက်ကစုံတွဲတွေလိုအင်္ကျီဆင်တူ၀တ်ထားတယ်တဲ့၊ ဟား ဟား ကျွန်တော်တောင် သတိမထားမိဘူး"


ပြောရင်း ပုံတွေကိုသေချာပြန်ကြည့်လိုက်တော့ သူက သနပ်ခါးရောင်ကုတ်အင်္ကျီအရှည်၊ အဖြူရောင်ဂျာစီနှင့်အနက်ရောင်ဘောင်းဘီ၀တ်ထားပြီး ချီချန်အန်းကတော့ အနက်ရောင်ကုတ်အင်္ကျီအရှည် အဖြူရောင်ရှပ် နှင့်အနက်ရောင်ဘောင်းဘီရှည်ကို၀တ်ဆင်ထားလေသည်။


"ဟေး ပထမတစ်ချက်ကြည့်လိုက်တော့ အတွင်းအင်္ကျီမတူပေမယ့် ကုတ်အင်္ကျီတွေက အတွဲတွေလိုပဲ"


ချီချန်အန်းက သူ့ဖုန်း၏မျက်နှာပြင်အားငုံကြည့်လိုက်ပြီး သူမျက်နှာအမူအရာကတစ်ချက်လေးတောင်ပြောင်းမသွားဘဲ "အငါး ဆင်ပါတယ်"


သို့နှင့် ရွှီလော့ယန်ကပိုစ့်ကိုlikeပေးလိုက်သည်။


likeလုပ်လိုက်ပြီး ရွှီလော့ယန်ဖုန်းကိုပိတ်ကာ အနားယူရန်မျက်လုံးမှိတ်လိုက်သည်။ စက္ကန့်သုံးဆယ်နီးပါးကြာတော့ ထိုပိုစ့်အောက်ကcommentအရေအတွက်တွေစပြိးတိုးလာတာကိုမမြင်လိုက်ပေ။


[ သေစမ်း ဒါတရား၀င်အကောင့်ရဲ့ တံဆိပ်မဟုတ်ဘူး‌လား၊ငါ မှတ်မိနေအောင်ssရိုက်ထားပြီး ဘောင်ခတ်ထားရမယ် ]


[ သူလေဆိပ်မှာ ခုနကမှခွေးစာတွေကြဲထားတာလေ၊ အခုweiboပေါ်လာပြီး ခွေးစာကြဲသွားပြန်ပြီလား၊ ပြောချင်တာက အိမ်မှာခွက်တွေအများကြီးရှိသေးတယ် မရပ်လိုက်နဲ့ ]


[ အားးးးးး လေဆိပ်မှာ ချီလူကြီမင်းရဲ့ မျက်လု့းတွေ တကယ်ကြီးကို နူးညံနေတာ၊ပြီးတော့ လော့ယန် နှုတ်ခမ်းပေါ်လက်ချောင်းတင်ထားတဲ့ပုံက အရမ်း အရမ်းကို ပူလောင်စေတာပဲ၊ ဒီ'ကုချန်cp'ကိုအရမ်းကြိုက်တာပဲ ]


[ Screenshotတင်လိုက်ပြီနော်၊'မကြိုက်ဘူးလို့တို့၊လက်ချော်သွားတာတို့ မျက်လုံးတွေဝါးနေလို့likeလိုက်တာလို့ဆိုတဲ့ဖြေရှင်းချက်တွေမမြင်ချင်ဘူး ]


[ လော့ယန် ငါတို့ ချီလူကြီးမင်းကို မင်းလက်ထဲအပ်လိုက်ပြီနော် ကျေးဇူးပြုပြီးဂရုစိုက်ပေးပါဦး ကျေးဇူးတင်ပါတယ် ]



______


Translated By IQ-Team.