အပိုင်း ၃၁
Viewers 5k

🍬Chapter 31


------------



ရွှီလော့ယန်က သွားရမယ့်နေရာရောက်တဲ့အထိတစ်လမ်းလုံးအိပ်လာခဲ့သည်။ကားတံခါးကိုဖွင့်ကာ အိပ်ချင်မူးတူးနဲ့အပြင်ကိုထွက်လိုက်တော့ အအေးဒဏ်ကြောင့် ချက်ချင်းနိုးနိုးကြားကြားဖြစ်သွားရသည်။သူကြည့်ကောင်းချင်ယောင်တောင်မဆောင်နိုင်တော့ဘဲ အမြန်ခေါင်းကိုငုံပြီး လေကာအင်္ကျီကိုကြယ်သီးအကုန်တပ်လိုက်ကာ သူ့ကိုယ်သူ အင်္ကျီဆယ်ထပ်လောက်သာပတ်ထားလိုက်ချင်တော့သည်။


ကားတံခါးပွင့်လာတော့ နောက်ခုံမှာထိုင်နေတုန်းဖြစ်သည့်ချီချန်အန်းက လေအေးကိုရှူပြီး ချောင်းနှစ်ချက်ခန့်ဆိုးလိုက်သည်။


ရွှီလော့ယန်က သူ့ကိုစိုးရီမ်တကြီးကြည့်နေတာ တွေ့တော့ ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ကာ"အဆင်ပြေပါတယ်"


"မပြေပါဘူး၊ ရာသီဥတုကအရမ်းအေးလွန်းတယ်"


ချီချန်အန်းရဲ့မာဖလာကို ရွှီလော့ယန်ကူပြင်ပေးလိုက်ပြီး


 "လုတိကို ကျွန်တော်တို့အတွက်လမ်းရှင်းခိုင်းလိုက်မယ်၊ဟိုတယ်ထဲမြန်မြန်၀င်ရအောင်"


သို့ပေမယ့် သူတို့နှစ်ယောက် မီဒီယာသတင်းထောက်တွေကြားထဲကနေဖြတ်ကျော်လာရုံလေးပဲရှိသေး ပွဲစီစဉ်သူတွေ စီမံပေးထားသည့်ဟိုတယ်ထဲကိုရောက်တော့lobbyမှာစောင့်နေတဲ့၀န်ထမ်းတွေရဲ့၀န်းရံခြင်းခံလိုက်ရသည်။ရွှီ‌လော့ယန်ကဓာတ်လှေကားထဲမ၀င်ခင်လေး ချီချန်အန်းကိုနှုတ်ဆက်ချိန်လေးသာရှိလိုက်သည်။


ဓာတ်လှေကား တံခါးပိတ်သွားပြီး ငါးစက္ကန့်လောက်တိတ်ဆိတ်သွားပြီးနောက် ရွှီလော့ယန်တစ်ယောက် Stylistမုလန်ဆီကနေ ဘက်ပေါင်းစုံတိုက်ခိုက်ခံလိုက်ရသည်။


"ဆံပင်ကကြမ်းနေပြီ conditionerနဲ့hair maskမသုံးတာ ဆယ်ရက်၊လ၀က်လောက်ရှိနေပြီမလား၊မျက်လုံးအောက်ကအညိုကွက်ကိုတောင်မဖုံးနိုင်တော့ဘူး နင့်ကိုကြည့်ရတာ သုံးပေါင်လောက်တတ်လာတယ်ထင်တယ် မျက်နှာတောင်ဝိုင်းလာသေး"


မုလန်ကပိန်ပိန်ပါးပါးဖြင့် ပေါ့ပေါ့ပါးပါးအနက်ရောင်အင်္ကျီကို၀တ်ဆင်ထားပြီး ဆံပင်တိုတိုဖြင့် စမတ်ကျပြီးထက်မြက်သည့်ပုံပေါက်သည်။သူမက ရွှီလော့ယန်အား အပေါ်အောက်နှစ်ကြိမ်တိတိကြည့်လိုက်ပြီးသရော်လိုက်သေးသည်။


"တော်သေးတာပေါ့ absတွေရှိသေးလို့ ကြည့်ရတာနင်

ကိုယ့်ကိုကိုယ် အလုံးစုံမလွှတ်ချသေးပုံပဲ"


မုလန်အလှည့်ပြီးတော့ သူ့နောက်ကနေ မိတ်ကပ်ဆရာထျန်းယာယာကလည်းလိုက်ပြီးပြောလေသည်။သို့သော် သူမရဲ့လေသံကမူ မုလန်ထက်စာလျှင် အတော်လေးညင်သာလှသည်။


"နင် အခုတလော အရမ်းနောက်ကျတဲ့အထိနေနေရတာမလား၊ ငါ အသားရေထိန်းသိမ်းဖို့setအသစ်တစ်ခုပေးလိုက်မယ်၊ရိုက်ကွင်းကိုယူသွားပြီး သေချာလေးသုံး၊မျက်လုံးအောက်မှာ အညိုကွက်တွေရှိနေပေမယ့်ကံကောင်းတာက နင်မှာ၀က်ခြံတွေမရှိဘူး၊အတတ်နိုင်ဆုံးဖုံးပေးမယ်၊အစပ်တွေ‌လျှော့စား အဆီများတာတို့အချိုတွေကိုလည်းလျှော့စား ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီးအသားရေကောင်းအောင်နေ"


ရွှီလော့ယန်က ခေါင်းညိတ်ကာ သက်ပြင်းအရှည်ကြီးတစ်ခုချလိုက်မိ၏။


"ငါတို့မတွေ့တာကြာပြီကို အရင်ဆုံးငါ့ကိုမပွေ့ဖက်ချင်ဘူးလား"


မုလန်ကအေးစက်စက်ပြန်ပြောလိုက်သည်။


"နင်က ၀တုတ်ဖြစ်နေပြီ မဖက်ချင်ပါဘူး"


"....."


ဟိုတယ်အခန်းကအ၀တ်လဲခန်းအဖြစ်သို့ပြောင်းလဲသွားသည်။ထျန်းယာယာရဲ့ကိုယ်လုံးကသေးသေးလေးဆိုပေမယ့် သူမရဲ့မိတ်ကပ်အိတ်ကတော့ကီလိုနှစ်ဆယ်လောက်ရှိမည်။အထဲကပစ္စည်းတွေကဖြန့်ခင်းလိုက်တော့ချက်ချင်း ကြီးမားတဲ့စားပွဲတစ်ခုလုံး ပြည့်သွားရသည်။ ယခုတစ်ခေါက် မုလန်က ၀တ်စုံအထည်၂၀လောက်ယူလာပြီး တန်းပေါ်၌ချိတ်ထားသည်။


ရွှီလော့ယန်အခန်းထဲ၀င်လာပြီးနောက် ချီချန်အန်းကိုသူ့ဘယ်အခန်းမှာရှိ‌လဲဆိုတာကိုသာစာပို့လိုက်နိုင်ပြီးသူရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်လေးအား ကန့်သတ်ခံလိုက်ရသည်။


မုလန်က နောက်ဆုံး အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာနဲ့ရွှေရောင်စပ်ထားတဲ့ ပခုံးအကျယ်လက်အရှည်အားတိုင်းရန် မုလန်အတွက်လက်နှစ်ဖက်အားဆန့်တန်းပေးလိုက်ပြီးနောက် ရွှီလော့ယန်ကရေရွတ်လိုက်သည်။


"အရုပ်လိုပဲ"


မုလန်က သူ့ကိုကြည့်နေတာကိုမြင်တော့ ရွှီလော့ယန်ကရုတ်တရတ်ပါးစပ်ဟလိုက်ပြီး"သိပါတယ် လန်ကျဲကျဲဘာပြောမလဲဆိုတာကို ဒီလောက်၀နေတာကိုအရုပ်ဖြစ်ချင်နေသေးတာလား၊နှစ်သစ်ကူးအရုပ်နဲ့ပိုတူတယ်ဆိုပြီး ဟုတ်တယ်မလား"


"သိရင်ပြီးကော"


မုလန်က နောက်ဆုံးမထိန်းနိုင်ဘဲ အော်ရီမိလိုက်သည်။


နေ့ခင်းသုံးနာရီလောက်မှာ ရွှီလော့ယန်က "ပြုပြင်ပြောင်းလဲရေး"ဆိုတဲ့ပန်းတိုင်ကိုအောင်မြင်သွားကာ၊သူ့တစ်ကိုယ်လုံးအသစ်အဆန်းဖြစ်နေပြီး လွန်ခဲ့တဲ့နှစ်လတာအတွင်းစံချိန်အသစ်တင်နိုင်ခဲ့သည်။သို့ပေမယ့် ယခုမူ သူခန္ဓာကိုယ်မှာ အနွေးအိတ်၀တ်မယ်ဆိုပြီးခေါင်းမာမာဖြင့်အခိုင်အမာကိုပြောနေသည်။


"ကျွန်တော် ဖုန်းချန်ကလေအေးကိုမခံနိုင်တော့ဘူး၊red carpetပေါ်မှာအေးခဲပြီးသေသွားတာမမြင်ချင်ရင် အနွေးအိတ်လေးတော့၀တ်ခိုင်းလိုက်ပါ"


ရွှီလော့ယန်ရဲ့သနားစရာကောင်းလှတဲ့မျက်လုံးတွေရဲ့တိုက်ခိုက်မှုကြောင့် ထျန်းယာယာကတော့ကျရှုံးသွားပေမယ့် မုလန်ကမူ မတုန်မလှုပ်ဖြင့်"ရွှီမျိုးရိုးနဲ့မင်းသား red carpet‌ပေါ်နှစ်လှမ်းပဲလျှောက်ရသေး အနွေးအိတ်ပြုတ်ကျဆိုတဲ့ခေါင်းစဥ်ကို ငါပိုပြီးစိတ်ပူတယ်၊ငါကိုယုံစမ်း မနက်ဖြန် နင်ခေါင်းကြီးပိုင်းမှာပါလာလိမ့်မယ်"


ထိုအချိန်မှာပဲ တံခါး‌ခေါက်သံကိုကြားလိုက်ရသည်။ရွှီလော့ယန်က လုတိအားတံခါးဖွင့်ခိုင်းလိုက်သည်။သို့သော် ဘာအသံမှမကြားရပေ။တဖြည်းဖြည်းနီးကပ်လာတဲ့ခြေသံကိုနားထောင်ရင်း ရုတ်တရတ် ရွှီလော့ယန်က ဘယ်သူလဲဆိုတာကိုသိသွားရကာ အမြန်ခေါင်းကိုနောက်လှည့်ပြီး စိုက်ကြည့်လိုက်သည်။


သူရဲ့ပုံမှန်၀တ်နေကျ‌သာမာန်ပေါ့ပေါ့ပါးပါး ရိုးရှင်းတဲ့စတိုင်ဖြင့်မတူဘဲ ချီချန်အန်းက ဤတစ်ကြိမ်တွင် ခေါင်းစခြေဆုံးအနက်ရောင်ကိုသာ၀တ်ထားလေသည်။အနက်ရောင်ရှူးဖိနပ်၊စတိုင်ဘောင်းဘီ၊ပိုးသားရှပ်အင်္ကျီနှင့်ခြေကျင်း၀တ်လောက်ထိရှည်တဲ့ငွေရောင်ချည်မျှင်တွေထိုးထားတဲ့ကုတ်အင်္ကျီတို့က သူရဲ့ဖြော့တော့နေတဲ့အသားရည်နှင့် ‌အရောင်မရှိတဲ့နှုတ်ခမ်းပါးပါးတို့ဖြင့် လိုက်ဖက်ညီစွာ သူကအတော်လေးကြည့်ကောင်းနေတာကြောင့် ရွှီလော့ယန်မှာ ခဏလောက်မတုန့်ပြန်နိုင်ဘဲ ဖြစ်သွားရသည်။


" လော့ယန် "


ချီချန်အန်းကလည်း ရွှီလော့ယန်ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာ စက္ကန့်အနည်းငယ်လောက်တောင့်တင်းသွားရပြီး သူမျက်စိရှေ့ကလူအား နင့်နင့်နဲနဲစိုက်ကြည့်နေမိသည်။ သူရဲ့အသံကြောင့် ရွှီလော့ယန်၏နားရွက်မှာ အနည်းငယ်ယားချင်သလိုဖြစ်သွားရသည်။


သူ့နာမည်ကိုခေါ်သံကြားမှပဲ ရွှီလော့ယန်က အသိစိတ်ပြန်၀င်လာကာ ပွင့်လင်းစွာချီးကျူးလိုက်သည်။


"ဒီနေ့ မင်းအရမ်းကြည့်ကောင်းနေတယ်"


ချီးကျူးစကားကြောင့် ချီချန်အန်းရဲ့အပြုံးမှာပိုပြီးသိသာထင်ရှားလာရပြီး"မင်းကို ကိုယ်ပို့ပေးထားတဲ့အနွေးအင်္ကျီ၀တ်ထားလား"


"အင်း ကျွန်တော်၀တ်ထားတယ်၊အရမ်းနွေးတယ်"


 ရွှီလော့ယန်ရဲ့နှလုံးသားမှာလှုပ်လှုပ်ရှားရှားဖြစ်သွားရပြီး သူမျက်လုံးတွေတောက်ပလာရကာ ချီချန်အန်းအားမေးလိုက်သည်။


"မင်းကို ကျွန်တော်ပို့ပေးထားတဲ့ အနွေးအိတ်၀တ်ထားလား"


"အင်း မင်းကအခု၅၀တောင်မှပို့ထားတာ တစ်ခါထဲမှသုံးလို့မကုန်တာ၊နောက်မှသုံးဖို့ချန်ထားတယ်"


ချီချန်အန်းရဲ့စကားကိုကြားပြီး ရွှီလော့ယန်ကမုလန်အား မျှော်လင့်တကြီးဖြင့်လှည့်ကြည့်လိုက်ပြီး"အစ်မလန် ချန်အန်းကောတောင်မှ အနွေးအိတ်၀တ်ထားတယ်လေ"


အခြေအနေကို ချက်ချင်းသဘောပေါက်သွားကာ ချီချန်အန်းကလည်း စိတ်ဖိစီးနေတဲ့မုလန်ကိုကြည့်လိုက်ပြီး"စုစုပေါင်းခြောက်ခုတောင်၀တ်ထားတာ"


ဆယ်စက္ကန့်လောက်တိတ်ဆိတ်နေပြီးနောက် မုလန်က အံကြိတ်လိုက်ကာ"နှစ်ခုပဲ ဒီထက်ပိုမရဘူး"


သို့ပေမယ့် နွေး‌ထွေးတဲ့အ၀တ်အစားတွေ၀တ်ကာ အနွေးအိတ်တွေ၀တ်ထားတောင်မှ red carpetလျှောက်တော့ အတော်လေးအေးနေသေးသည်။ခက်ခက်ခဲခဲပြုံးပြနေရကာ နှစ်ဖက်စလုံးကဖန်တွေကိုလက်ပြနှုတ်ဆက်လိုက်၏။


မီဒီယာတွေဓာတ်ပုံရိုက်တဲ့နေရာကိုသူရောက်တော့ ပိုစ့်အမျိုးမျိုးဖြင့်ဓာတ်ပုံရိုက်ရန် ရပ်လိုက်သည်။သူရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုကြောင့်သာမဟုတ်လျှင် ယခုလောက်အေးနေတဲ့လေဖြင့် သူ့ထိန်းထားနိုင်မှာမဟုတ်ပေ။red carpetကိုမိတာ၁၀၀ပြေးပွဲပြိုင်ပွဲအဖြစ်သဘောထားလိုက်လျှင် သူစံချိန်တောင်ချိုးနိုင်လောက်သည်။


ကောင်းတဲ့အချက်က အစီအစဉ်တင်ဆက်သူက နားလည်မှုရှိတာကြောင့် မေးနေကျမေးခွန်းတစ်ခုနှစ်ခုသာမေးပြီးနောက် လက်မှတ်ထိုးရန်သူ့ကိုလွှတ်ပေးလိုက်သည်။မီဒီယာတွေ ဓာတ်ပုံရိုက်ပြီးတာနှင့် ရွှီလော့ယန်ကစင်ပေါ်ကနေ ခုန်ဆင်းလုနီးပါးပင်၊


သူက ၀န်ထမ်းနောက်ကနေခြေလှမ်းနည်းနည်းလောက်လိုက်ပြီးနောက် လမ်းကြားလေးမှာ သူကိုရပ်စောင့်နေတဲ့ ချီချန်အန်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သူ့နောက်ကျောက လက်တန်းကိုမှီထားကာ ခပ်စောင်းစောင်းမီးရောင်အောက်တွင် သူပုံရိပ်က ပန်းချီကားတစ်ချပ်လိုပင်၊တစ်စုံတစ်ယောက်ကတော့ ဘာမှမတတ်နိုင်စွာ မြတ်နိုးချင်စရာအတိကောင်းနေ၏။


သူ့ကိုမြင်တော့ ချီချန်အန်းက လမ်းလျှောက်လာသည်။ရွှီလော့ယန် ပါးစပ်တောင်မဟရသေးခင်လေးမှာဘဲ သူ့ပခုံးပေါ်၌လေးလံတဲ့အရာတစ်ခုရောက်လာတာကိုခံစားမိလိုက်သည်။ချီချန်အန်းက သူ့အပေါ် သူရဲ့အနက်ရောက်ကုတ်အင်္ကျီအရှည်အားခြုံပေးလာသည်။


ကုတ်အင်္ကျီပေါ်က ကိုယ်ငွေ့အပူက သူ့ခြေလက်တွေထံအလျင်အမြန်၀င်ရောက်လာပြီး ရွှီလော့ယန်ရဲ့နှလုံးသားလေးအားနွေးထွေးသွားစေသည်။ချီချန်အန်းကိုမကြည့်ရဲတာကြောင့် နှုတ်ခမ်းထောင့်ကိုသာကြည့်နေခဲ့ပြီး စကားတစ်ခွန်းလောက်ပြောဖို့ သူတော်တော်လေးကြာသွားသည်။


".....မင်းကောမအေးဘူးလား"


"အထဲရောက်တော့ မအေးတော့ဘူးလေ"


ရွှီလော့ယန်က သူကို့မကြည့်ရဲတာကိုသိတော့ အဆင်မပြေဖြစ်မှာဆိုးတာကြောင့်ချီချန်အန်းက အရင်ဟိုဖက်လှည့်လိုက်ပြီး


 "သွားစို့ အထဲ၀င်ရအောင်"


သူ့ကိုယ်ပေါ်ကကုတ်အင်္ကျီအား တင်းနေအောင်ကိုင်ထားပြီး ရွှီလော့ယန်က သူ့ကိုယ်သူ ထိန်းလိုက်ပြီး"အင်း"ဟုသာပြောလိုက်သည်။


ခန်းမထဲရောက်တော့ လူတော်တော်များ ထိုင်နေကြပြီဖြစ်သည်။ ရွှီလော့ယန်က လမ်းတလျှောက် ပြုံးပြုံရွှင်ရွှင်နှုတ်ဆက်ကာ ဝါရင့်စီနီယာများဖြင့် စကားဖလှယ်ရန်အတွက် ခဏ ခဏရပ်တန့်လိုက်သည်။ထိုသို့ဖြစ်တိုင်း ချီချန်အန်းကသူ့ဘေးမှာရပ်ကာ လမ်းဆက်လျှောက်မသွားဘဲ ရွှီလော့ယန်စကားပြောလို့ပြီးတဲ့အထိစိတ်ရှည်ရှည်ဖြင့်စောင့်နေလေ့ရှိသည်။


ဤသို့နှယ် အပေါက်၀ကနေထိုင်ခုံရောက်တဲ့အထိ နှစ်ယောက်သား လမ်းလျှောက်တာ မိနစ်နှစ်ဆယ်နီးပါးကြာသွားသည်။


ချီချန်အန်းက သူဘေးမှာထိုင်ချလိုက်တော့ ရွှီလော့ယန်မှာ အံအားသင့်သွားရပြီး ပြုံးရွှင်စွာဖြင့်"တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့ထိုင်ခုံတွေကဘေးချင်းကပ်ရပ်ပဲ"


"အင်း...ဒါက အတော်လေးတိုက်ဆိုင်တာပဲ"


ရွှီလော့ယန်က ၀မ်းသာအားရဖြင့် ကုတ်အင်္ကျီအိတ်ကပ်ထဲလက်ထည့်လိုက်ကာ သစ်သီးအရသာသကြားလုံးနှစ်လုံးကိုထုတ်လိုက်သည်။


ချီချန်အန်းကိုတစ်လုံးပေးလိုက်ပြီးနောက် ဂုဏ်ယူနေတဲ့လေသံဖြင့်"ရှောင်လန် အာရုံမစိုက်နိုင်တုန်း အခွင့်ကောင်းယူပြီး အိတ်ထဲတိတ်တိတ်လေးထည့်လာတာ"


သစ်သီးသကြားလုံးအား ချီချန်အန်းက အိတ်ထဲထည့်လိုက်ကာ"လက်ထုတ်လိုက် မင်းကို မျက်လှည့်တစ်ခုလုပ်ပြရမလား"


"အင်း"


စိတ်လှုပ်ရှားစွာဖြင့် ရွှီလော့ယန်က မျက်လုံးမှိတ်လိုက်ပြီး စက္ကန်အနည်းငယ်လောက်ကြာတော့ လက်ဖဝါး၌ယားယံမှုအနည်းငယ်ခံစားမိလိုက်ပြီး မည်သည့်အရာလည်းဆိုတာကို ခန့်မမှန်းနိုင်ပေ။ချီချန်အန်းပြောတဲ့အတိုင်း သူ့မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့အကြိုက်ချောကလက်တံဆိတ် လက်တစ်ဆုပ်စာကိုလက်ဖဝါးပေါ်၌တွေ့လိုက်ရ၏။


ရွှီလော့ယန် ခဏလောက်မလှုပ်ရှားနိုင်ဖြစ်သွားရသည်။


ရွှီလော့ယန်၏တောက်ပပြီးကြယ်အပြည့်ဖြင့်မျက်လုံးများကိုတွေ့ပြီးနောက် ချီချန်အန်းက ရှားရှားပါးပါး မသက်မသာဖြစ်သွားရတာကြောင့် စင်အလယ်ကဖန်သားပြင်ကြီးအားကြည့်လိုက်ကာ"မင်း ဘာမှမစားရသေးဘူးမှတ်လား"


" အင်း "


ရွှီလော့ယန်က သူ့လက်ငါးချောင်းအားပိတ်လိုက်ကာပြုံးနေတာကိုမရပ်နိုင်တော့ပေ။


 "ကျွန်တော် သိမ်းထားပြီးဖြည်းဖြည်းချင်းစားရမယ်"


ရွှီလော့ယန်က ဒုတိယသာရကြောင်းကို သိထားပြီးသားဖြစ်၍ ပွဲတလျှောက်လုံးစိတ်အေးလက်အေးဖြစ်နေသည်။ သူက အလေးအနက်လက်ခုပ်တီးကာ ဖျော်ထြေတင်ဆက်မှုတွေကိုဂရုတစိုက်ကြည့်ပြီး ချီချန်အန်းရဲ့လက်ဖ၀ါးပေါ်၌ ရံဖန်ရံခါ ရေးပြီး ဆုဘယ်သူရလဲဆိုတာကိုခန့်မှန်းနေတတ်သည်။ သူ ခန့်မှန်းတာမှန်ပါက ဂုဏ်ယူ နေပုံရပြီး မှားပါက စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။သူ့မျက်နှာအမူအရာကအတော်လေးကိုများပြားလှသည်။ 


ဘယ်အချိန်ပဲပဲဖြစ်ဖြစ် ကင်မရာသူ့ဘက်ကိုရောက်လာတာနှင့် တည့်တည့်မတ်မတ်ပြန်ထိုင်လိုက်ပြီး သူပုံမှန်ပြုံးနေကျအပြုံးပြုံးပြတတ်သည်။ အထူးသဖြင့်အလျင်အမြန် သူအနေအထိုင်ကို သဘာ၀ကျကျပြောင်းလိုက်တာပင်။


ပွဲတစ်၀က်လောက်ရောက်တော့ ချီချန်အန်းကအကောင်းဆုံးဇာတ်ပို့ဆုအားကြေညာရန်အတွက်စင်ပေါ် တတ်သွားသည်။ မထိန်းနိုင်ဘဲ ရွှီလော့ယန်က ဆုရတဲ့သူတွေကိုကြေညာပေးနေတဲ့ချီချန်အန်းရဲ့ ပုံကိုဖုန်းဖြင့်ရိုက်လိုက်ပြီး သူ့ကိုယ်သူတွေးလိုက်သေးသည်။


360°ဘယ်ကကြည့်ကြည့် ကောင်းမွန်လှတဲ့ရိုက်ချက်ဆိုတာကိုပြောနိုင်လေသည်။


သူ့weiboပေါ် ၌


 "ရွှီလော့ယန်:ဆုကြေညာသူအကြောင်းသိရအောင်"ဆိုပြီးပုံနဲ့တွဲတင်လိုက်သည်။


စင်နောက်ကိုရောက်သွားတဲ့ချီချန်အန်းက ဖုန်းကိုဖွင့်ကြည့်လိုက်ချ်န်တွင် ရွှီလော့ယန်၏ပို့စ်ကိုမြင်သွားကာ ပြန်တင်ရန်နိုပ်လိုက်သည်။


ချီချန်အန်း : အိုကေ//ရွှီလော့ယန်:ဆုကြေညာသူအကြောင်းသိရအောင်၊


ဆုပေးပွဲအခမ်းအနားပြီးနောက် နှစ်ယောက်သားအတူတူဧည်ခံပွဲကနေထွက်ပြေးလာကြသည်။လုတိကလမ်းကိုကြိုတင်ပြီးရှင်းလင်းထားတာကြောင့် ချီချန်အန်းနှင့်ရွှီလော့ယန်တို့အား ဓာတ်လှေကားထဲအရင်၀င်ခိုင်းလိုက်ပြီး ကားပါကင်ဆီသို့တည့်တည့်မတ်မတ်ခေါ်သွားလိုက်သည်။


ဓာတ်လှေကားကဖြည်းဖြည်းချင်း အောက်ကိုဆင်းနေတုန်း ချီချန်အန်းကရုတ်တရတ်ထပြောလေသည်။


"ကိုယ့်ကိုယုံတယ်မလား"


ချီချန်အန်းက ရုတ်တရတ် ဒီမေးခွန်းကိုဘာကြောင့်မေးလဲဆိုတာကိုသူမသိပေမယ့် ချက်ချင်းခေါင်းညိတ်လိုက်ပြီး" ယုံတယ် "


ချီချန်အန်း၏မျက်လုံးတွေကနူးညံသွားကာ ပုံသွင်းထားတဲ့သူ့ဆံပင်အား ဖွလိုက်သည်။


"ဟင်း...ကိုယ်တို့ရဲ့လော့ယန်လေးလည်း ရုပ်ရှင်သရုပ်ဆောင်ဆုရလာမှာ"


သူ့ဆံပင်ကိုပြန်ပြင်ဖို့လက်လှမ်းလိုက်ချိန်မှ သူ့နားရွက်တွေပူနေတာကိုရွှီလော့ယန်သိလိုက်ရသည်။


သို့ပေမယ့် ဓာတ်လှေကားတံခါးမပွင့်သေးခင်အချိန်ထိသာ စိတ်အခြေအနေကောင်းနေပြီး အဝေးကနေ လမ်းလျှောက်လာနေသည့် ရှစ်ယွမ်ဟောက်ကိုတွေ့တော့ ရွှီလော့ယန်မျက်မှောင်ကြုတ်ပြီးမမြင်ချင်ယောင်ဆောင်ဖို့သာဆုံးဖြတ်လိုက်သည်။


သို့ပေမယ့် ရှစ်ယွမ်ဟောက်ကတော့ ရန်ဖြစ်ဖို့လာသည်မှာ သိသာလှ၏။


"မင်း ‌အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုမရတော့ မင်းရဲ့ခြေထောက်ကြားထဲအမြှီးကုတ်ပြီးပြေးပြီပေါ့၊ အခု စုန့်ယောင်ကမီဒီယာတွေနဲအင်တာဗျူးဖြေနေတယ်လေ၊ ရွှီလော့ယန် မင်းစိတ်အခြေအနေမကောင်းဘူးမလား"


ရွှီလော့ယန်က စိတ်ပျက်သွားတာမှန်ပေမယ့် ဆုကိုသိပ်ပြီးဂရုမစိုက်တာကြောင့် ယခုလိုမျိုးသိသိသာသာ စကားနာထိုးတာကို တုန့်ပြန်ဖို့မပြင်ဆင်ထားပေ။ရွှီလော့ယန်က ချီချန်အန်းရဲ့လက်ကောက်၀တ်ကိုကိုင်လျက် လုတိတစ်ယောက်စိတ်မြန်လက်မြန်ထလုပ်လိုက်မှာဆိုးတာကြောင့်လမ်းဆက်လျှောက်လိုက်သည်။


သို့သော် သူ့ကိုအကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ရှစ်ယွမ်ဟောက်က အလွယ်တကူလွှတ်ပေးရန်ဆန္ဒမရှိပေ။


သူကနောက်တစ်ကြိမ်ပါးစပ်ဖွင့်လိုက်ချိန်တွင် သူ့ရဲ့လေသံကမထီမဲ့မြင်ဖြစ်စွာ မလိုမုန်းထားအပြည့်ဖြင့်ပင်။ 


"ဒါရိုက်တာရွှီချွမ်ချင်းရဲ့တစ်ဦးတည်းသောသားက အကောင်ဆုံးအမျိုးသားဇာတ်ဆောင်ဆုတောင်မရဘူးတဲ့၊ မင်းရဲ့လူအိုကြီးသာ အသက်ရှင်သေးရင် သေချာပေါက်ရှက်နေမှာပဲ"


ရွှီလော့ယန်ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားသည်။


သူက အသက်ပြင်းပြင်တစ်ချက်ရှူလိုက်ကာ အနောက်ကိုလှည့်လိုက်သည်။အပြုံးမျက်နှာပေမယ့် အသံကတော့တည်ငြိမ်နေသည်။


"ရှစ်ယွမ်ဟောက် မင်းဒီထက်ပိုပြီးနည်းနည်းလောက် အသစ်လေးဘာလေးလုပ်ပါဦး ငါဆီလာတာကို မင်းရဲ့အေးဂျင့်မသိဘူးမလား"


ထို့နောက် သူကပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ကာ "ငါ့ကိုဒေါသထွက်အောင်လုပ်ပြီး သတင်းထောက်တွေကိုအမှောင်ထဲမှာပုန်းခိုင်းထားတယ်မလား၊ငါ့ကမခံရပ်နိုင်ဖြစ်ပြီး မင်းကိုဆွဲထိုးရင် ငါရဲ့ဓာတ်ပုံတွေကိုရိုက်ပြီး ဇာတ်ညွှန်း၀ယ်ပြီးတော့ ရေတပ်တွေနဲ့ငါကိုဆွဲချမလို့မလား"


ရွှီလော့ယန်ကချီချန်အန်းရဲ့လက်ကောက်၀တ်ကိုဆုတ်ကိုင်ထားပြီး ရွှီ‌လာ့ယန်ရဲ့အသံအနေအထားကိုနားထောင်ကြည့်ရုံဖြင့် ဒေါသထွက်နေပြီဆိုတာကိုသူသိလိုက်သည်။


သူရဲ့အကြံအစည် ဖော်ခံလိုက်ရတာကြောင့် ရှစ်ယွမ်ဟောက်ကဒေါသထွက်သွားပြီး သူကိုကျိန်ဆဲဖို့ပါးစပ်ဖွင့်လိုက်ကာ"အဲ့တော့ ဘာဖြစ်လဲ၊ မင်းအဖေကသေသွားပြီလေ ငါ ဘာလို့မပြောရဲရမှာလဲ၊ သူ ကင်ဆာနဲ့သေသွားတာထိုက်တန်တယ်လို့ထင်တယ်၊ အရင်တုန်းက ဒါရိုက်တာဆိုတဲ့နောက်ခံနဲ့ ရွှီချွမ်ချင်း မင်းသမီးဘယ်နှစ်ယောက်လောက်နဲ့အိပ်ခဲ့လဲ ၅၀လား ဒါမှမဟုတ်၁၀၀လောက်လား၊မင်းအမေသေသွားတာမင်းအဖေကြောင့်ပဲဖြစ်မယ်၊မင်း..."


ရွှီလော့ယန်က အမှောင်ထဲ သတင်းထောက်တွေရှိလားမရှိဘူးလားဆိတာကို ဂရုမစိုက်နိုင်တော့ပေ။ ဘာကြောင့်လဲဆို ရှစ်ယွမ်ဟောက်ကတကယ့်ကိုနာကျင်စရာအချက်ကိုရှာနိုင်ကြောင်း သူ၀န်ခံရမည်။


လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ရွှစ်ယွမ်ဟောက်ဆီကိုလျှောက်သွားလိုက်တော့ ရှစ်ယွမ်ဟောက်မျက်နှာပေါ်ကသရော်ပြုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် လုတိကအလောတကြီးစကားလှမ်းပြောလိုက်တာကိုလည်းကြားလိုက်ရသည်။


"ရွှီကော ရှစ်ယွမ်ဟောက်ကဒီနေရာကို သတင်းထောက်၅ယောက်ခေါ်လာတယ်၊လောလောဆယ် စိတ်ထိန်းလိုက်ပါ၊ကျွန်တော်တို့ ညဘက်ရောက်မှ အိတ်စွပ်ပြီး သေအောင်ရိုက်ကြမယ်လေ"


ရွှီလော့ယန်သာ ယခုအဖြစ်အပျက်အား ရိုက်ကူးခံရပြီး ပျံ့သွားပါက သူပြန်လည်ချေပပြောဆိုလို့တောင်ရမည်မဟုတ်ကြောင်းသိလေသည်။အားလုံးကသူ လူရိုက်တာကိုပဲမြင်ပြီး ဒါကကျိန်းသေပေါက်အစွန်းအထင်းဖြစ်သွားလိမ့်မည်။နောက်ပိုင်းကျန်းသုန့်ကအကောင်းဆုံးကြိုးစားရင်တောင်မှ ဒီကိစ္စကလုံး၀ရှင်းလင်းသွားမှာမဟုတ်ပေ။


သူ အကျိုးဆက်တွေအားလုံးကိုသေသေချာချာတွေးတောလိုက်ပေမယ့် သူ့မိဘတွေကိုလာစော်ကားတာကိုတော့လက်မခံနိုင်ပေ။


ထိုအချိန်၌ ရွှီလော့ယန်ရဲ့လက်သီးက ချီချန်အန်းရဲ့ လက်ဖြင့်ဖမ်းဆုပ်ခြင်းကိုခံလိုက်ရပြီး မော့ကြည့်လိုက်တော့ ချီချန်အန်းကသူ့အား ခေါင်းဖြေးဖြေးလေးခါပြတာကိုတွေ့လိုက်ရသည်။


ရွှီလော့ယန်ရဲ့မျက်လုံးစူးခနဲဖြစ်သွားရကာ ရုတ်တရုတ်သူနှလုံးသားထဲအတော်လေးကို နာကျင်သွားရသည်။


မင်းကပါ ငါ့ကိုတားနေတာလား။


"လိမ္မာတယ်၊ ကိုယ့်ကိုစောင့်နေ"


ပြီးနောက် ချီချန်အန်းဘယ်လိုထိုးလိုက်သလဲဆိုတာကိုပင် သူသေချာမမြင်လိုက်ရဘဲ ကြည့်လိုက်တော့ရှစ်ယွမ်ဟောက်တစ်ယောက် မြေကြီးပေါ်လဲကျနေပြီး ပါးစပ်ကနေသွေးထွက်နေတာကိုတွေ့လိုက်ရသည်။သူ့ရဲ့သွားသုံးချောင်းလောက်က ကျွတ်ထွက်သွားပြီး နှာခေါင်းကိုလက်ဖြင့်ကိုင်ပြီး အော်ဟစ်နေလေသည်။


ကြည့်ရတာ နှာခေါင်းရိုးကျိုးသွားပုံပင်။


ကြမ်းတမ်းခက်ထန်တဲ့ပုံရိပ်မရှိဘဲ ချီချန်အန်းက လက်ကိုtissueဖြင့်သုတ်လိုက်ကာ ကြောင်တောင်တောင်ဖြစ်‌နေတဲ့ရွှီလော့ယန်အား သူ့လက်မောင်းတွေကြားထဲထည့်လိုက်ပြီး မေးစေ့ကိုသူခေါင်းပေါ်တင်လျက် နူးနူးညံညံလေားပြောလာသည်။


"ဒေါသတွေကိုလျှော့လိုက်တော့ နျောင်နျောင် ၀မ်းမနည်းနဲ့တော့နော်"


___


Translated By IQ-Team.