အပိုင်း ၃၃
Viewers 5k

🍬Chapter 33

------------



"မင်းကိုကျွန်တော်ရဲ့မိဘတွေအကြောင်း ပြောပြမယ်"


"ကောင်းပြီ"


အခန်းထဲကမီးကိုပိတ်ထားတာကြောင့် အမှောင်ထုက ရွှီလော့ယန်ကိုထူးခြားပြီး လုံခြုံတဲ့ခံစားချက်ကိုပေးစွမ်းနေသည်။သူ့လက်တွေက စောင်ကိုတင်းတင်းဆုပ်ကိုင်ထားလျက် သူ့စိတ်ထဲကစကားတွေကိုပြောပြလိုက်၏။


"ခုနတုန်းက ရှစ်ယွမ်ဟောက်က ကျွန်တော်မိဘတွေအကြောင်းပြောတော့ ၀မ်းလည်းနည်းတယ်၊ဒေါသလည်းထွက်သွားတယ် သူတို့ကို ဘယ်သူမှလာပြီးစော်ကားလို့မရဘူး သူတို့ကတကယ်ကို လူကောင်းတွေ"


ချီချန်အန်းက တည်ကြည်လေးနက်စွာဖြင့် ခေါင်းကိုညိတ်ပြလာကာ သူ့လေသံကလည်း အင်မတန်ကိုပျော့ပျောင်းနေသည်။


"မင်းမိဘနှစ်ပါးလုံးက အရမ်းကိုကောင်းမွန်တဲ့လူတွေပဲဖြစ်ရမယ်"


"သေချာတာပေါ့" 


ရွှီလော့ယန် အနည်းငယ်ရယ်မောလိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် "တကယ်တော့ ကျွန်တော်အိပ်လို့မပျော်လို့"


ပြီးနောက် သူ့အသံကတဖြည်းဖြည်းတိုးသွားကာ 


"ကျွန်တော် သူတို့ကို လွမ်းတယ်၊ အရမ်း အရမ်းကိုလွမ်းတယ်"


ချီချန်အန်းက အဖေနှင့်အမေဆီကအချစ်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲကို သူလည်း မခံစားဖူးတာကြောင့် သာမန်မိသားစုက မိဘတွေရဲ့ပုံစံကဘယ်လိုလဲဆိုတာသေချာမသိ၊ ထို့ကြောင့်သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကိုလည်းမသိပေ။


၀မ်းနည်းနေတဲ့ရွှီလော့ယန်ရဲ့အသံကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာတော့ ဘေးနားမှာ လှဲလျောင်းနေတဲ့အနှီလူသားကို ရင်ခွင်ထဲသို့ဆွဲသွင်းထားလိုက်ချင်၏။


"မားမားနဲ့ပါးပါးနှစ်ယောက်လုံးက မိဘမဲ့တွေလေ၊ မိဘမဲ့ဂေဟာမှာတူတူကြီးပြင်းလာကြတာ၊ ပါးပါးပြောတာကတော့ မူလတန်းထဲက မားမား‌ကြောင့်ရန်ဖြစ်ခဲ့ရတာတဲ့၊မားမားက ထူးထူးခြားခြား ကြည့်ကောင်းတဲ့မိန်းကလေးလည်းဖြစ် ပြုံးနေရတာကိုလည်းကြိုက်တော့ အမြဲရည်းစားစာတွေရတတ်တယ်၊ယောက်ျားလေးတွေက သူမကိုဆို တာ၀န်ချိန်တွေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အကူအညီပေးဖို့ကို ပြိုင်ဆိုင်နေကြတာတဲ့"


ထိုအခါမှ ရွှီလော့ယန်သိလိုက်ရတာက သူစိတ်ထဲ၌မျိုသိပ်ထားခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေကို ထုတ်ပြောပြဖို့ ထင်သလောက်မခက်ခဲ၊သူ့မျက်လုံးတွေအား လက်ဖြင့်အသာထိတွေ့လိုက်ကာ ဂုဏ်ယူစွာဖြင့် "မျက်လုံးတွေက မားမားနဲ့တော်တော်လေးတူတာလေ နှာခေါင်းကောပဲ"


ချီချန်အန်းက ရယ်သွမ်းသွေးသည့်အသံဖြင့်"အင်း မင်းရဲ့မားမားက သေချာပေါက်လှမှာပဲ"


"အင်း သူမကအတော်လေးကလှတာ၊ သေချာပေါက်ကိုအလှဆုံးပဲ ပြီးတော့ သူတို့နှစ်ယောက်က မူလတန်းကနေအလယ်တန်းအထိ ကျောင်းတူတူတတ်ပြီး တက္ကသိုလ်တစ်ခုတည်းကို ၀င်နိုင်ခဲ့တယ်လေ" 


ရွှီလော့ယန်ကဆက်ပြီး "တက္ကသိုလ်ကနေဘွဲ့ရပြီး သိပ်မကြာခင်မှာပဲ ပါးပါးက ပထမဆုံးအကောင်းဆုံးဒါရိုက်တာဆုကိုရပြီး အခမ်းအနားမှာပဲ ဒူးထောက်ပြီးမားမားကို လက်ထပ်ခွင့်တောင်းခဲ့တယ်လေ မားမားက တွေဝေတာမျိုးတောင်မရှိဘဲ 'Yes' လို့ပြောခဲ့တယ်"


ရွှီလော့ယန်ကသဘောတကျရယ်မောလျက်"ကျွန်တော် အဲ့ဒီဆုပေးပွဲအခမ်းအနားရဲ့ ဗီဒီယိုကိုကြည့်လိုက်ရတယ်၊အဲ့ဒီအချိန်တုန်းက မားမားကခေါင်းညိတ်ပြီး'Yes'လို့ပြောလိုက်တော့ ပါးပါးကနေရာမှာတင်ငိုချလိုက်တယ်လေ ငိုတာရပ်တောင်မရပ်နိုင်ဘူး အထူးသဖြင့် သူပုံကငတုံးတစ်ယောက်လိုပဲ "


"မင်းရဲ့ပါးပါးက မားမားကိုအတော်လေးကိုချစ်တာပဲ"


"သေချာပေါက် ဟုတ်တာပေါ့" 


ရွှီလော့ယန်ကထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။


"ပြောရရင် မားမားက ကျွန်တော်ကိုအသက်၃၄နှစ်မှာမှမွေးတယ်၊ သူမကအလုပ်ရှုပ်နေလို့ကော သူတို့နှစ်ယောက်လုံးက တစ်နှစ်ပတ်လုံး ရိုက်ကွင်းမှာပဲရှိနေတာကြောင့်ကော ပါးပါးက မားမားကလေးမွေးရင် အရမ်းနာမှာဆိုးလို့ကော ခက်ခက်ခဲခဲကလေးမွေးရင်း သေသွားမှာစိုးတာကြောင့်ကော ကလေးယူဖို့ငြင်းဆန်ခဲ့တယ်လေ၊ နောက်ဆုံး မားမားက ကျွန်တော်ကိုမရမကမွေးခဲ့တာ"


"ခွဲစိတ်အခန်းအပြင်မှာရပ်စောင့်နေတဲ့ပါးပါးက ကျွန်တော်ရဲ့ငိုသံကကြားတာနဲ့ ချက်ချင်းငိုချလိုက်ပြီး ကျွန်တော်ကိုတောင်မှမကြည့်ဘဲ မားမားရဲ့ကုတင်ဘေးကိုပြေးထိုင်ပြီး မျက်ရည်တွေဆက်တိုက်ကျနေခဲ့တာတဲ့"


"မင်းရဲ့ပါးပါးက မင်းမားမားကို ဆုံးရှုံးရမှာကြောက်လို့ပါ" 


ချီချန်အန်းက ရွှီလော့ယန်ကိုကြည့်ရင်း သူနှလုံးသားလေးကပါ နူးညံလာရသည်။


ချစ်ခြင်းမေတ္တာအပြည့်နဲ့ မင်းလူ့လောကကြီးထဲကိုရောက်လာရတာ သိပ်ကောင်းတာပဲ။


သူ့ခြေဖဝါးအားဖိကပ်ထားတဲ့အရေပြားကပူနွေးလာတာကိုခံစားမိတော့ ရွှီလော့ယန်ကသူနေနေတဲ့ပုံစံအားပြောင်းလိုက်ကာဆက်ပြီး "တစ်ခါ အဖေက အင်တာဗျူးတစ်ခုမှာသူ့ကိုယ်သူ ၀န်ခံဖူးတယ် သူကအရည်အချင်းပြည့်မှီတဲ့အဖေတစ်‌ယောက်မဟုတ်ကြောင်းကို၊သူကမနာလိုဖြစ်နေတာ ကျွန်တော်ကအိမ်မှာ အမေရဲ့အာရုံစိုက်မှုကိုခိုးထားတယ်ဆိုပြီး၊ ငယ်ငယ်တုန်းကဆို အမြဲကိုယ့်ဘာသာကိုယ်ဆော့ရတယ် သူတို့နှစ်ယောက်က လက်ထပ်ထားတာကြာနေတာတောင်မှ နေ့တိုင်း အချစ်ရဲ့ချဉ်စူးစူးအနံထွက်နေတုန်းပဲ အရမ်းနံတာပဲ"


ရွှီလော့ယန်ရဲ့ရယ်မောသံကပျောက်သွားကာ"ဒါပေမယ့် အဲ့နောက် မားမားကနှလုံးရောဂါနဲ့ဆုံးသွားတယ် ကျွန်တော်ရဲ့၁၆နှစ်ပြည့်မွေးနေ့မရောက်ခင်တစ်ရက်အလို မားမားကမွေးနေ့ပွဲကျင်းပပေးဖို့ ရိုက်ကွင်းကနေစောစောပြန်လာပြီး အိမ်မှာသတိလစ်သွားတယ် ကျွန်တော်လူနာတင်ကားခေါ်ပြီးသိပ်မကြာဘူး ပါးပါးလည်းပြန်ရောက်လာတယ်၊အကောင်းဆုံးဆရာ၀န်နဲ့ဆေးဝါးတွေကိုသုံးပြီး မားမားကလည်းကုသမှုကိုအတော်လေးပူပေါင်းဆောင်ရွက်ခဲ့ပေမယ့်


တစ်လပဲခံလိုက်တယ်"


သူက ခဏလောက်ငြိမ်ကျသွားပြီး နှာသံလေးဖြင့်ထပ်ပြောလေသည်။


"မားမားဆုံးသွားတော့ ပါးပါးမှာထောက်တိုင်ကြီး မရှိတော့သလိုပဲ၊သူရိုက်မယ်လုပ်ထားတဲ့ဇာတ်ကားတစ်၀က်လောက်ကို မရိုက်တော့ဘူး၊ငွေအများအပြားကိုလည်းဆုံရှုံးလိုက်ရတယ်၊အိမ်မှာနေ့တိုင်း အရက်သောက်ပြီး မူးလာရင်မားမားကိုတွေ့ရမလားအထင်နဲ့‌ပေါ့"


"သိပ်မကြာခင် သူ့မှာကင်ဆာဖြစ်နေမှန်းသိလိုက်ရတယ် သူကလုံး၀ကုသမှုမခံချင်ဘူးဆိုတာ ကျွန်တော်တပ်အပ်ပြောနိုင်တယ် သူကမားမားနောက်ကို အမြန်လိုက်သွားချင်နေတာလေ ဒါ‌ပေမယ့် အဲ့ဒီအချိန်တုန်းက ကျွန်တော့်မိဘကိုထပ်ပြီးဆုံးရှုံးရမှာကို အတော်လေး ကြောက်နေမိတယ်"


"ဒါနဲ့ မားမားမထွက်သွားခင် နောက်ဆုံးရေးခဲ့တဲ့ဇာတ်ညွှန်းကိုယူပြီး ပါးပါးကိုပေးလိုက်တယ် ပြီးတော့ မားမားကဒီဇာတ်ညွှန်းကိုအတော်လေးရိုက်ချင်ခဲ့တာလို့ပြောလိုက်တယ် ကျွန်တော်အောင်မြင်သွားပြီး ဒါကြောင့်နဲ့ပါးပါးက ၁၀လလောက်ကျွန်တော်နဲ့ပိုနေသွားပေးတယ်"


နှာခေါင်းအားရှုပ်လိုက်ကာ ရွှီလော့ယန်က နည်းနည်းအေးလာသလိုခံစားလိုက်ရသည်။သူ့ကိုယ်သူ မှတ်ဉာဏ်ထဲပိတ်မိနေတဲ့ပုံဖြင့် စောင်ကိုပတ်ထားလေ၏။


"မသေခင် ကျွန်တော်ကိုပြောခဲ့တယ် 'လော့ယန် ပါးပါး စိတ်မကောင်းပါဘူး ပါးပါးကအဖေကောင်းတစ်ယောက်မဟုတ်ဘူး ဒါပေမယ့် မင်းချစ်ရတဲ့သူနဲ့တွေရင် ပါးပါးက မင်းမားမားတစ်ယောက်ကိုပဲမျက်လုံးထဲမှာရှိပြီး တခြားဘယ်သူမှမရှိတာကို မင်းနားလည်သွားမှာပါ' တဲ့လေ"


"တကယ်တော့ ကျွန်တော်သိတယ် ကျွန်တော်အားလုံးကိုနားလည်နိုင်တယ်၊အမေကသူအတွက်တော့ ချစ်သူကော မိသားစု၀င်တစ်ယောက်လိုကော သူငယ်ချင်းတစ်ယောက်လိုလည်းဖြစ်တယ်ဆိုတာကိုကော၊အခက်အခဲဆုံးအချိန်တွေမှာနှစ်ယောက်ကအမြဲအတူတူရှိနေခဲ့တာ၊ဒါကြောင့် သေခြင်းတရားကတောင်မှ သူတို့ကိုခွဲလို့မရဘူး"


မျက်လုံးထောင့်ကနေမျက်ရည်များစီးကျလာပြီး နောက်ဆုံးခေါင်းအုံးထဲသို့စိမ့်၀င်စီးကျသွားသည်။


ရွှီလော့ယန်ကဆိုနင့်နေတဲ့အသံဖြင့်"ကျွန်တော်အဖေတစ်ခါပြောဖူးတယ် ဘ၀မှာ ပထမက လင်းကျိရိကိုချစ်တာ၊ဒုတိယကရုပ်ရှင်တွေကိုမြတ်နိုးတာ လင်းကျိရိနဲ့ရုပ်ရှင်တွေမရှိရင် ဘ၀ကသူအတွက်ဘာအဓိပ္ပာယ်မှမရှိတော့ဘူးတဲ့"


ဒါကြောင့် သူအဖေကဇနီးမရှိတော့တာနဲ့ အရာအားလုံးကိုစွန့်ပစ်ပြီး သူမနောက်ကိုလိုက်သွားခဲ့တယ်...။


ရွှီလော့ယန်ကပြောရင်းဖြင့် မျက်ရည်ကိုထိန်းမထားနိုင်တော့ပေ။သူ့မျက်နှာအား ခေါင်းအုံးထဲမြှပ်လိုက်ပြီး စွန်ပစ်ခံထားရတဲ့တိရစ္ဆာန်လေးတစ်ကောင်အလား ငိုကြွေးတော့သည်။


သူရဲ့၀မ်းနည်းပူဆွေးမှုတွေက ဘယ်သောအခါမှပျောက်ကွယ်မသွားခဲ့၊ ဒီအတိုင်း ဘယ်သူမှ ကြည့်လိုမရအောင် သူရင်ထဲမှာမျိုသိပ်ထားခဲ့ရုံသာ။


"ကျွန်တော် သူတို့ကိုတကယ်လွမ်းတယ်၊မားမားကိုကော၊ပါးပါးကိုကောအရမ်းလွမ်းတာပဲ"


ချီချန်အန်းက ထိုအသံကိုကြားလိုက်ရသည်နှင့် သူ့ဝိညာဉ်အားချွန်ထက်နေတဲ့ဓားဖြင့်ဖြတ်ခံလိုက်ရသလို၊စက္ကန့်အနည်းငယ်လောက် တုန့်ဆိုင်းသွားရပေမယ့် အဆုံးတွင် သူရင်ခွင်ထဲသို့ဆွဲသွင်းလိုက်တော့သည်။


သူပြောပြလိုက်ချင်သည်။


မင်းမှာ ကိုယ်ရှိပါသေးတယ်ဆိုတဲ့အကြောင်း၊ မင်းမိဘတွေထက်တောင်မှပိုပြီးချစ်တယ်ဆိုတဲ့အကြောင်းကိုပေါ့။


သူပြောပြလိုက်ချင်သေးသည်။


ဒီဘ၀မှာ ရွှီလော့ယန်ကိုချစ်တာပထမ၊ ဒုတိယကလည်း ရွှီလော့ယန်ကိုချစ်တာ...ဆိုပြီး၊


သို့သော် နောက်ဆုံးသူထုတ်ပြောလိုက်နိုင်တာက "နျောင်နျောင်...ကိုယ်ဒီမှာရှိနေတယ် အမြဲတမ်း"


ချီချန်အန်းအသံကလည်းကြေကွဲ၀မ်းနည်းမှုတို့ဆွတ်ပျံ့နေခဲ့သည်။


နောက်ဆုံး၌ ရွှီလော့ယန်က အားရပါးရငိုပြီးအိပ်ပျော်သွားသည်။သူ့မျက်လုံးထောင့်များကနီဆွေးလျက်ရှိပြီး မျက်တောင်မွှေးများကလည်း မျက်ရည်ကြောင့်စိုစွတ်နေသည်။သူအိပ်ပျော်နေတာတောင် ဂနာမငြိမ်ဖြစ်နေပြီး အိမ်မက်ထဲမှာတောင်မှ၀မ်းနည်းပြီးစိတ်ပျက်နေပုံရသည်။


ချီချန်အန်းက ဂရုတစိုက်ဖြင့်ထလိုက်ပြီး သဘတ်နွေးနွေးလေးဖြင့် ရွှီလော့ယန်မျက်နှာပေါ်ရှိ မျက်ရည်စများကိုဖြည်းညင်းစွာ ဂရုတစိုက်ဖြင့်ပွတ်ပေးလိုက်ကာ ငုံကြည့်လိုက်သည်။


ကောင်းသောညပါ ကိုယ်ရဲ့နျောင်နျောင်လေး...


ထိုအချိန်အတောအတွင်း ပွဲစီစဉ်သူတွေဘိုကင်တင်ပေးထားတဲ့ဟိုတယ်၌ ရွှီလော့ယန်၏အခန်းကတော့ ယာယီအလုပ်ခန်းအဖြစ်ပြောင်းလဲခံလိုက်ရသည်။


လက်ထဲ၌black coffeeတစ်ခွက်ဖြင့် ကျန်းသုန့်တစါယောက် ကွန်ပြူတာမျက်နှာပြင်အားကြည့်နေလျက် ရွှီလော့ယန်ရဲ့publicityပိုင်းကိုတာ၀န်ယူထားရတဲ့လက်ထောက် ရွှယ်ယင်းကိုမေးလိုက်သည်။


"အခြေအနေ ဘယ်လိုလဲ"


" 'ကျွန်တော်ကဖျော်ဖြေရေး ဘလော့ဂါ'ဆိုတဲ့ ဘလော့ဂါသေးသေးလေးကနေ အရိုက်ခံရတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုအပိုင်းအစတွေကိုတင်လာပြီးတဲ့နောက် အင်တာတိန်းမန့်အကောင့်၆ခုကနေ အလျင်အမြန်သတင်းကိုပြန်တင်ပေးလာတယ် ရေတပ်ကအင်အားအပြည်နဲ့ကိုဆင်းချလာပြီး လူသိများတဲ့ဖိုရမ်တွေကိုလည်း ဆွေးနွေးဖို့ ရောက်ရှိလာကြတယ် ရှစ်ယွမ်ဟောက်ရဲ့ရေတပ်ဖန်တွေနဲ့ဖြတ်သွားဖြတ်လာတချို့ကတော့ ချီလူကြီးမင်းနဲ့ လော့ယန်ရဲ့weiboဆီလာပြီးဆူပူကျိန်ဆဲနေကြပြီ"


___


Translated By IQ-Team.