အပိုင်း ၃၄
Viewers 6k

🍬Chapter 34

------------


နေ့လည် တစ်ဆယ့်နှစ်နာရီ။


ရှစ်ယွမ်ဟောက်၏လက်ထောက်မှာ ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေခဲ့သည်။ မနေ့ညမှ တစ်ဆယ့်နှစ်နာရီသာ ကျော်လွန်သွားသော်လည်း ချီချန်အန်းနှင့်ရွှီလော့ယန်တို့ဘက်မှ လူထုအမြင်မှာ လုံးဝကိုအသာစီးရသွားပြီဖြစ်ကာ ပြန်လည်အဖတ်ဆယ်ရန် မဖြစ်နိုင်တော့ပေ။


မှုန်မိုင်းနေသည့်မျက်နှာနှင့် ရှစ်ယွမ်ဟောက်အား သူက သတိထား၍လှမ်းကြည့်ကာ၊ တစ်ခုခုပြောဆိုရန် သူ၏နှုတ်ကိုဟလိုက်သော်ငြား မည်သည့်စကားကိုမျှ မပြောရဲပေ။ သူတစ်ယောက်တည်းသာမဟုတ်။ ရှစ်ယွမ်ဟောက်၏ ရုန့်ကြမ်းသည့်ဒေါသအား တွေ့ကြုံဖူးကြသည့်အတွက် ဆေးရုံခန်းထဲတွင်ရှိနေသော အခြားသူများကလည်း အသံတစ်စက်လေးမျှ မထွက်ရဲပေ။ ယခုတွက် သူက ယမ်းမှုန့်အပြည့်ထည့်ထားသည့် ဗုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ 


သို့သော် ဆက်သွား၍မဖြစ်နိုင်တော့သည့်အတွက်၊ အဆုံးတွင်တော့ ရှစ်ယွမ်ဟောက်နှင့် အချိန်အတော်ကြာကြာရှိနေခဲ့သည့်လက်ထောက်ကသာ သူ့ပါးစပ်အား ဂရုတစိုက်နှင့် ဖွင့်လိုက်ရလေ၏။


"ယွမ်ဟောက်ကော ကျွန်တော်တို့ ဝူကောကို ဆက်သွယ်သင့်တယ်လို့ ....ထင်လား။ "


ချက်ချင်းပင်၊ လက်ဖက်ရည်ခွက်တစ်လုံးက ကုတင်ရာနေရာမှ ပျံသန်းလာပြီး ရှစ်ယွမ်ဟောက်၏ ဆဲရေးသံများကလည်း ထွက်ပေါ်လာသည်။ 


"တစ်ခြားသူတွေကို တိတ်တိတ်‌လေးကူညီပေးနေပြီး ငါ့အနားမှာနေနေကြတဲ့ စောက်ရူးတွေ မင်းတို့အားလုံး ဝူပိရဲ့စကားကိုနားထောင်တယ်ဆိုတာ ငါမသိဘူးမထင်နဲ့ မင်းတို့တွေ ငါ့ကို စောက်ဖက်လုပ်တာမဟုတ်ဘူး"


သူက အသက်ကိုရှိုက်ရှိုက်ရှုနေကာ၊ သူ့အနားတွင်ရှိသည့် တွေ့သမျှပစ္စည်းများအကုန် လက်မြှောက်ကာ ရိုက်ခွဲနေသဖြင့် သူ့နှုတ်ခမ်းထောင့်ရှိကြွက်သားများကတင်းမာနေလေသည်။ 


သူ့အရှေ့မှလူများ၏ ကြောက်လန့်နေသည့်မျက်နှာများကိုမြင်သောအခါ၊ သူက ဟိန်းဟောက်လိုက်သည်။


 "ထွက်သွားကြစမ်း မင်းတို့အားလုံး ထွက်သွားကြ။"


မကြာမီပင် ဆေးရုံခန်းအတွင်း လူမရှိတော့ပေ။


ရှစ်ယွမ်ဟောက်က တုန်ရီနေသည့်လက်များဖြင့် သူ့မျက်နှာကို ပွပ်သပ်လိုက်ပြီး သူ၏ဆိုရှယ်မီဒီယာကို ဖွင့်ကြည့်လိုက်သည်။ 


ဝေးပေါ်၏ နံပါတ်တစ် hot search မှာ "လူထုရန်ပုံငွေစုဆောင်းရေးရွေ့လျားစက်ခါးပတ်" နှင့် နံပါတ်သုံးနေရာတွင် "ကားပါကင်မှ ရီကော့ဒင်း" ဖြစ်ပြီး နံပါတ်နှစ်နေရာမှာ "ကုချန်း cp အတွက် ငါရင်နာတယ်" ဟူ၍ပင်။


လက်မလျော့သေးဘဲ သူက သူ၏ကိုယ်ပိုင်ဝေးပေါ်စာမျက်နှာကို ဖွင့်ကာ လက်မဖြင့် ခပ်မြန်မြန်ပွတ်ဆွဲ၍ကြည့်လိုက်ရာ၊ သူ့ အကောင့်၏ ကောမန့်နေရာများအားလုံးတွင် သူ့ကို အနုပညာလောကမှ ထွက်သွားရန်ပြောဆိုထားသည့် ကောမန့်များနှင့်ပြည့်နှက်နေလေသည်။ တလိမ့်လိမ့်ဒေါသများထွက်လာရပြီး သူက ဖုန်းကို နံရံဆီသို့ ပစ်ပေါက်လိုက်သည်။


သူက ကုတင်ပေါ်တွင် တစ်မိနစ်မျှထိုင်နေပြီးနောက်၊ တောင့်တင်းစွာဖြင့်ကုတင်ပေါ်မှဆင်းကာ၊ ပြတင်းပေါက်အနားသွာ၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ သေချာသလောက်ပင်၊ အောက်ထပ်ရှိနေရာတွင် သတင်းထောက်များပြည့်နှက်နေလေသည်။ သူကခြေမခိုင်တော့သဖြင့် ကြမ်း‌ပြင်ပေါ်သို့ပုံလျက်သားကျသွားရသည်။


သူ‌တော့ အဆုံးသတ်သွားရပြီ။


Brighton ဟိုတယ်ရှိ penthouse အခန်းတွင်။ 


နေ့လည်တစ်နာရီကျော်သည့်အထိ အိပ်နေသည့် ရွှီလော့ယန်က သူ့မျက်လုံးများကိုဖွင့်လိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးများက စူးအောင့်နေသလိုခံစားရသဖြင့် သူက ကမန်းကတန်းပင် ပြန်၍မျက်လုံးမှိတ်လိုက်ရသည်။


သို့သော် ခဏချင်းပင် သူက.... တစ်စုံတစ်ယောက်ထံမှအပွေ့ဖက်ခံရသည့်ဟန်ဖြစ်နေတာကို သိရှိသွားသည်။ 


ဖြည်းဖြည်းချင်း မျက်လုံးတစ်ဖက်အားဖွင့်လိုက်ပြီးနောက် ဘေးသို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ၊ တိတ်တဆိတ်နှင့်အိပ်မောကျနေသည့် ချီချန်အန်း၏မျက်နှာကို ရွှီလော့ယန်မြင်လိုက်ရသည်။ ချီချန်အန်း၏လက်များက သူ၏ခါးတစ်ဝိုက်တွင်တင်းတင်းကြပ်ကြပ်ဖက်ထားကာသူတို့ခြေထောက်များက အချင်းချင်းချိတ်တွယ်နေလေ၏။ ချီချန်အန်း၏တည်ငြိမ်သည့်အသက်ရှုသံကိုပင် သူကြားနိုင်လေသည်။


ရင်းနှီးသည့်အငွေ့အသက်လေးအား ခံစားရင်း ရွှီလော့ယန်က အတွေးထဲမြောနေကာ တစ်စုံတစ်ခုအား သတိထားမိသွားသည်။ 


ချီချန်အန်းသူ့အား ပွေ့ဖက်ထားသည့်ပုံမှာ အမွေးပွပွဝက်ရုပ်အားဖက်ထားပြီး သူအိပ်တတ်သည့်ပုံနှင့် အတူတူဖြစ်မနေဘူးလား။


ရုတ်တရက်ကြီး ချီချန်အန်းအား ရွှီလော့ယန်သနားသွားရသည်။ ‌ဖြစ်နိုင်သည်မှာ သူကဲ့သို့ ချီချန်အန်းလည်း တစ်စုံတစ်ခုကိုဖက်ထားမှကောင်းကောင်းအိပ်ပျော်ပေလိမ့်မည်။ သို့သော် သူက ရှက်နေသည့်အတွက်၊ ဘာမှမပြောခဲ့ခြင်းဖြစ်ရမည်။


သူ့ခေါင်းထဲမှ ရှုပ်ရှက်ခတ်နေသည့်အတွေးများမှာ လှည့်ပတ်ငြင်းဆိုရင်း ဘောလုံးတစ်လုံးလိုပင်ဖြစ်သွားရသည်။ ရွှီလော့ယန်က သူ့ကိုယ်ကို မလှုတ်ဘဲ သူ့ရဲ့ ရှုပ်ထွေးနေသည့်မှတ်ဉာဏ်များအား စတင်၍ ပြန်လည်စီလိုက်သည်။ မနေ့ညက သူက အိပ်ရာပေါ်ခိုးတက်ရန် သူ့ခေါင်းအုံးကိုယူလာခဲ့သည်။ ပြီးနောက် ချီချန်အန်းက သူ့အား ကြင်နာစွာပင် ကုတင်ပေါ်သို့ခေါ်ခဲ့သည်။ ထို့နောက် သူက ငိုပြီးရင်းငိုပြီး အိပ်မောကျသွားခဲ့သည့်ပုံပင်။


လခွမ်း...သူတော့ မျက်နှာပျက်ကုန်ပါပြီ။


သို့သော် သူက ချက်ချင်းပြန်၍ စိတ်ငြိမ်သွားသည်။ ချီချန်အန်းအရှေ့တွင်၊ မျက်နှာဟူသည့်အရာမျိုး သူ့ထံရှိသေးလို့လား။


မရှိတော့သည်မှာ ကြာလှပြီဖြစ်သည်။


သို့နှင့်သူက ပြန်၍မျက်လုံးမှိတ်ကာခဏလောက် ဆက်လက်အိပ်စက်ရန်ပြင်လိုက်သော်လည်း ချီချန်အန်းက နိုးလာလေသည်။


''လော့ယန်.."


ချီချန်အန်း၏အသံမှာ အက်ကွဲနေပြီး အင်မတန်မှဆွဲဆောင်မှုရှိနေလေ၏။ ဤသို့စကားပြောခြင်းကနားထောင်၍ကောင်းသည်ဟု တွေးကာ ရွှီလော့ယန်လည်း အင်မတန်ပင် ထိုလေသံအား သင်ချင်မိသည်။ 


သို့နှင့် သူ၏အသံအား တမင်တကာ အက်ကွဲနေသည့်ပုံဖမ်းကာ "အင်း နိုးပြီလား" ဟုမေးလိုက်သည်။


ချီချန်အန်းက စိုးရိမ်တကြီး မျက်မှောက်ကြုတ်သွားရကာ "မင်း အအေးမိ‌သွားတာလား"


"....."


သူ၏ သင်ယူချင်နေသည့် စိတ်အားထက်သန်မှုလေးမှာ ရုတ်ချည်းနစ်မြှုပ်သွားရသည်။ 


ရွှီလော့ယန်က သူ့လေသံကို ပုံမှန်ပြန်ပြောင်းလိုက်ကာ ငြီးငြူနေသည့်ဟန်ဖြင့် "ကျွန်တောိ အအေးမမိပါဘူး ကျွန်တော်ကတော်ရုံမဖျားတတ်ဘူး" ဟုပြောရင်း သက်တောင့်သက်သာမရှိသဖြင့် သူကအနည်းငယ်လှုပ်ရှားလိုက်သည်။ 


သို့သော် သူလှုပ်လိုက်သည်နှင့် တစ်စုံတစ်ခုက သူ့အားလာထိုးလေသည်။


ပထမတော့ သူက ဘာလဲဆိုတာ သဘောမပေါက်သဖြင့် ထိုအရာအား ပွတ်သပ်ကြည်လိုက်သေးသည်။သို့သော် ထိုအရာက ပို၍ ကြီးလာသလိုပင်။ ထို့နောက် ချီချန်အန်းက သူ့ပခုံး‌ထက် မျက်နှာအပ်လိုက်ကာ ပို၍အက်ကွဲနေသောလေသံဖြင့် အသက်ပြင်းပြင်းရှုရင်းပြောလာမှ သတိထားမိသွား၏။


 "မလှုပ်နဲ့" 


"အဲ့ဒါက..." 


သူ့အားထိုးမိနေသော ဤအရာမှာ အတိအကျဘာဖြစ်သည်ကို ရုတ်တရက်သိသွားပြီးသည့်နောက်၊ ရွှီလော့ယန်က မယုံနိုင်စရာကောင်းသည့်အရာတစ်ခုအား သူလုပ်မိသွားသလို ခံစားလိုက်ရသည်။ မျက်နှာကြက်မှမီးဆိုင်းကိုသာကြောင်ကြည့်နေမိကာ၊ သူ အနည်းငယ်နေရခက်နေမိသည်။ 


သူက အကြည့်လွှဲလိုက်ပြီး "ကျွန်တော်သိပြီ ဒါက သာမန်ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုပဲလေ "


အား... တကယ် ရှက်စရာကောင်းတာပဲ။


"အင်း" ချီချန်အန်းက ခပ်တိုးတိုးပြန်ဖြေသည်။


ချီချန်အန်း၏အသက်ရှုထုတ်နေသည့်လေနွေးနွေးလေးက သူ့လည်ပင်းအရေပြားပေါ်တွင် ကျနေသဖြင့် အနည်းငယ်ယားသလိုခံစားလာရသဖြင့်၊ ရွှီလော့ယန်က မနေနိုင်ဘဲ လည်ပင်းကိုကြုံ့ကာ အကြံပေးလိုက်သည်။ 


"အဲ့ဒီတော့... အဲဒါကို သွားမဖြေရှင်းချင်ဘူးလား။"


ဤအကြိမ်တွင်တော့ ချီချန်အန်းက ပြန်မဖြေမီ ခနလောက် ရပ်သွားပြီးမှ "အင်း" ဟုဆိုလာသည်။


ရေချိုးခန်းတံခါးပိတ်သွားမှ ရွှီလော့ယန်က ကုတင်ပေါ်ထထိုင်လိုက်သည်။ သူက မနေနိုင်ဘဲ ယခုလေးတင်မြင်လိုက်ရသည့် ချီချန်အန်းမတ်တပ်ရပ်စဉ်အခါက မြင်ကွင်းကို ပြန်တွေးလိုက်မိသည်။


ဘယ်လိုလုပ် အဲ့ဒါက အရင်တစ်ခေါက်သူမြင်တုန်းကထက် ပိုပြီးကြီးလာသလို ထင်နေရတာလဲ။ 


ဖြစ်နိုင်တာက နတ်ဆိုးတွေက ဒီနေရာမှာ ကောင်းချီးပေးခံထားရပြီး အရွယ်အစားပါ ပြောင်းနိုင်လို့များလား...အံ့အားသင့်စရာပဲ။


ရွှီလော့ယန်က အခြားရေချိုးခန်းတစ်ခု၌ ရေချိုး၊ အဝတ်အစားလဲ၊ ဆံပင်အခြောက်ခံလိုက်ပြီး အိပ်ရာကိုသိမ်းလိုက်သည်။ သူက အခန်းဝန်ဆောင်မှုကိုလည်းခေါ်ကာ နေ့လည်စာမှာလိုက်သည်။ အားလုံးလုပ်ပြီးသည့်အခါ မျက်နှာကြက်အထိမြင့်သည့် ပြတင်းပေါက်အရှေ့၌ရှိသော သံကုထားထိုင်ပေါ်တွင်ထိုင်ကာ မိနစ်အနည်းငယ်ခန့် ဝေးပေါ်အား‌ပွတ်ကြည့်နေလေသည်။ ထို့နောက်မှ ချီချန်အန်းက ရေချိုးခန်းထဲမှ ထွက်လာသည်။ 


အချိန်အားတစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီလော့ယန်က မထိန်းနိုင်ဘဲပြောမိသွားသည်။ 


"မင်း... အချိန်တော်တော်ကြာတာပဲ"


‌ချီချန်အန်း၏ခြေလှမ်းများက တန့်သွားရသည်။ ထို့နောက် သူက ပုံမှန်အတိုင်းလျှောက်လာကာ ရွှီလော့ယန်နှင့်မျက်နှာချင်းဆိုင်စားပွဲမှခုံတစ်ခုအပေါ်ထိုင်လိုက်သည်။ 


"အဲ့ဒါက အဆင်ပြေပါတယ်"


ဤအကြောင်းအရာ၏ ခေါင်းစဉ်နှင့်လမ်းကြောင်းမှာ အနည်းငယ်ထူးဆန်းနေသလို ခံစားရသည့်အတွက် ရွှီလော့ယန်က ဆက်၍မပြောတော့ပေ။ 


သူက celadonခွက်အား ချီချန်အန်းထံ တွန်း‌လိုက်ကာ "စားပွဲပေါ်မှာ လက်ဖက်ခြောက်ကရားတွေ့လိုက်တာနဲ့ မင်းအတွက် လက်ဖက်ရည်နှပ်ထားပေးတယ် မင်း သောက်ကြည့်ပါလား။"


ချီချန်အန်းက တစ်ငုံလောက်မြည်းကြည့်ကာ "အရသာရှိတယ်" 


သူ့မျက်ဝန်းများထဲ အပြုံးတစ်ခုပင်ပေါ်လာသည်။ သူက လက်ဖက်ရည်ခပ်ပြင်းပြင်းသောက်ရတာကိုကြိုက်ပြီး လက်ဖက်ရွက်များများထည့်သောက်လေ့ရှိသည်။ ရွှီလော့ယန်က ဤအပြုအမူအား မှတ်မိနေရုံသာမက လက်ဖက်ရွက်ပမာဏကိုပင် တိတိကျကျ အသုံးပြုထားလေသည်။


"ပြောကာမှပဲ ကားပါကင်က ဗီဒီယိုကို မနေ့က မနက်စောစောတုန်းက တင်လိုက်တယ် ပြီးတော့ ဒီနေ့မနက်မှာ လုတိအသံဖမ်းထားတဲ့ အသံဖိုင်ထွင်လာပြီ" 


ရွှီလော့ယန်က သူ့ဖုန်းကို လှမ်းပေးကာ "ဒါက အခုလေးတင်တက်လာတဲ့ သတင်းတွေ ရှစ်ယွမ်ဟောက်က ဆေးရုံကတစ်ယောက်တည်းထွက်လာပြီး သတင်းထောက်တွေအဝိုင်းခံနေရတယ် သူက အဲ့ဒီနေရာမှာပဲ သတင်းထောက်နှစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့ပေမယ့် ဝူပိက ပေါ်မလာဘူး''


"သူ့ကို လက်လွှတ်လိုက်ပြီလား" ချီချန်အန်းက ချက်ချင်းပြန်မေးလာသည်။


"ထင်တာပဲ" ရွှီလော့ယန်က သူ့ဖုန်းကို ပြန်ယူလိုက်သည်။ 


"ဝူပိက ရှစ်ယွမ်ဟောက်ကို လက်လွှတ်လိုက်ပြီ ဒါ‌ပေမယ့် ရှစ်ယွမ်ဟောက်က ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတုန်းပဲ အကယ်၍ သူသာ စာချုပ်ကိုမဖျက်ရင်၊ သူ လုံးဝပစ်ထားခံရတော့မှာ ဒါပေမယ့်တခြားကုမ္ပဏီတစ်ခုအတွက် စာချုပ်ဖျက်မယ်ဆိုရင်လည်း၊ စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးအများကြီး‌သူပေးရမှာ သေချာတယ်"


ချီချန်အန်းသူ့ကိုကြည့်နေတာကို မြင်သည့်အခါ ရွှီလော့ယန်က ပြုံးလျက်" ကျွန်တော်က ဒီလောက်လည်း သဘောထားမကြီးပါဘူး ရှစ်ယွမ်ဟောက်ဘက်က အရင်စတာလေ အကယ်၍ ကျွန်တော်သာပြန်မတိုက်ခိုက်ရင်၊ အခုချိန် သတင်းထောက်တွေအဝိုင်းခံရပြီး 'အနုပညာလောကထဲကထွက်သွား' လို့ တိုက်တွန်း‌ခံနေရမယ့်လူက ကျွန်တော်ဖြစ်သွားမှာ တစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့အမည်းစက်က ဘယ်တော့မှ ရှင်းလို့ရမှာမဟုတ်တော့ပဲ၊ ကျွန်တော်က ကြမ်းကြုတ်ပြီး အိမ်တွင်းအကြမ်းဖက်တာတွေလည်းလုပ်တယ်ဆိုတဲ့ သတင်းတွေပါထွက်လာလိမ့်မယ် ဒါပေမယ့် ကျွန်တော်မှာ စိတ်ဝင်စားနေတဲ့လူတောင်မရှိသေးဘဲနဲ့...ဟဟ။"


စိတ်ဝင်စားနေတဲ့လူ...။ 


လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ပြီးနောက်၊ ချီချန်အန်း၏ပါးစပ်ထဲ ခါးသက်သက်အရသာက ပျံ့နှံ့သွားသည်။ သူက မနေနိုင်ဘဲ မေးမိသည်။


 "အကယ်၍ မင်းသာ ချစ်မိသွားမယ်ဆိုရင်၊ ဘယ်လိုလူမျိုးကို ရွေးမှာလဲ"


"ဒါက တကယ်ခက်တဲ့မေးခွန်းပဲ" 


အရင်က သူဒီအကြောင်းကို သေချာမတွေးခဲ့မိကြောင်း သဘောပေါက်သွားပြီး၊ ရွှီလော့ယန်က မေးစေ့အောက်လက်ထောက်ကာ သေသေချာချာစဉ်းစားလိုက်သည်။ 


"ကျွန်တော်အရင်က ဘယ်သူ့ကိုမှမကြိုက်ဖူးတော့ ဒီအကြောင်းလည်း လုံးဝမတွေးမိဘူး ဒါပေမယ့် ကျွန်တော်အနေနဲ့ ကြည့်ကောင်းတဲ့လူတစ်ယောက်ယောက်ကို ရွေးမိမယ်ထင်တယ်"


ချီချန်အန်း၏လက်များက ခွက်၏လက်ကိုင်ကွင်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိသွားသည်။ 


"အဲ့ဒါဆို တခြားလိုအပ်ချက်တွေရော ရှိသေးလား ဥပမာ အရပ်အမြင့်လိုမျိုး"


"အရပ်လား..." ရွှီလော့ယန်က သူ့မေးခွန်းကို စဉ်းစားလိုက်သည်။


"ကျွန်တော် အရပ်ပုသလိုလို လူတွေကို မကြိုက်ဘူး ဘာလို့လဲဆို ကျွန်တော်ကိုယ်တိုင်က ငါးပေရှစ်လက်မလေ ကျွန်တော်သာရှုးဖိနပ်တွေစီးလိုက်ရင် နည်းနည်းထပ်မြင့်သွားဦးမှာ အဲ့ဒီတော့ ကျွန်တော်ကောင်မလေးက ငါးပေခြောက်လက်မလောက်ဆိုရင်၊ နွေရာသီကျ ကျွန်တော်လက်ထဲထီးကိုင်ထားရင် သူ့မေ့စေ့ကို နေလောင်သွားမှာပေါ့" ရွှီလော့ယန်ရဲ့လေသံက စိတ်ညစ်နေသည့်လေသံပေါက်နေသည်။ 


"ပြီးတော့ ဆောင်းရာသီမှာ မာဖလာတစ်ခုကို အတူတူပတ်ပြီးလမ်းလျှောက်ကြမယ်ဆို သူ့လည်ပင်းကို ညှစ်နေသလိုဖြစ်နေတော့မှာလေ" 


ချီချန်အန်းက သူ့မျက်နှာအမူအရာပြောင်းသွားခြင်းမရှိဘဲ သဘောတူလိုက်သည်။ 


"အင်း...အဲ့ဒါမှန်တာပဲ" 


"အဲ့ဒီတော့၊ ကောင်လေးသာဆို ပိုကောင်းမယ်ထင်တယ်" 


ထိုစကားကိုကြားသည့်အခါ ချီချန်အန်း၏နှလုံးက တုန်လှုပ်သွားပြီး သူ့လေသံကိုပင် တည်ငြိမ်အောင် မနည်းထိန်းထားပြီးမှ မေးလိုက်မိသည်။ 


"မင်း ကောင်လေးထားမှာလား"


"ကျွန်တော်မသိသေးဘူး ကျွန်တော် ဘယ်ယောင်္ကျားလေး၊ဘယ်မိန်းကလေးကိုမှ မကြိုက်ဖူးဘူးလေ ဒီတိုင်း ဖြစ်သလိုပဲလွှတ်ထားလိုက်မယ် ကျွန်တော်က အရမ်းကို ဗုဒ္ဓဘာသာဆန်ပါတယ်နော် "


 ရွှီလော့ယန်က ချီချန်အန်းအား သိချင်စိတ်ကြီးစွာ ပြန်မေးလိုက်သည်။


"မင်းကရော၊ အကယ်၍မင်းသာ ချစ်မိသွားရင် ဘယ်လိုလူမျိုးကို ရှာမှာလဲ"


"ကိုယ်ကတော့ ခဏခဏပြုံးနေတတ်တဲ့သူ၊ အသားဖြူပြီး အသားတွေစားရတာကိုသဘောကျတဲ့သူ၊ စန္ဒယားလည်း တီးတတ်ပြီး သီးချင်းဆိုတတ်တဲ့သူမျိုး တစ်ယောက်ယောက်ကို ရှာမှာ" 


အဲ့ဒီ တစ်ယောက်ယောက်ရဲ့ နာမည်က ရွှီလော့ယန်တဲ့...။


ချီချန်အန်း၏အကြည့်များအား အလိုလိုအဓိပ္ပာယ်ကောက်လွဲသလို့ဖြစ်သွားပြီး ရွှီလော့ယန်က စိတ်ထဲအနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ ထိုစဉ် တံခါးခေါင်းလောင်းက ရုတ်တရုက်မြည်လာလေသည်။


 သူက ချက်ချင်းထရပ်လိုက်ကာ တံခါးဆီသို့လျှောက်သွားရင်း "နေ့လည်စာ‌ ရောက်လာပြီ ကျွန်တော်သွားယူလိုက်မယ်"


သူက လမ်းလျှောက်သွားရင်းတွေးနေမိသည်။ ဤမျှအသေးစိတ်ကျကျပြောနေပုံအရ၊ ချီချန်အန်းထံတွင် သူသဘောကျနေသည့်သူ တစ်ယောက်ယောက် ရှိနေပြီလား။ 


ဒါနဲ့ ဘာကြောင့်များ သူက မပျော်ရွှင်သလိုခံစားနေရတာလဲ...။ 


'သူငယ်ချင်းထက်ချစ်သူကိုပို၍သဘောကျသည့် သူငယ်ချင်းများ' အစည်းအရုံးသို့ သူ၏အခင်ရဆုံးသူငယ်ချင်းက ဝင်ရောက်သွားနိုင်ချေရှိနေသည့်အတွက်များလား။


အင်း.....အဲ့ဒါကြောင့်ပဲ ဖြစ်ရမယ်။


သူတို့နှစ်ဦးက Brighton ဟိုတယ်တွင် နောက်ထပ်တစ်ညထပ်၍ နေလိုက်ကြပြီးနောက်၊ ရွှမ်ယန်ရုပ်ရှင်မြို့တော်သို့ တန်း၍ပြန်သွားကြသည်။


သူတို့က 'ဗုဒ္ဓခုန်ထ' ဟင်းပွဲအတွက် ဘီမြို့သို့သွားရန်အချိန်ပင် မရှိခဲ့ပေ။


လေယာဉ်ပေါ်မှဆင်းသည့်အချိန်အထိ၊ ရွှီလော့ယန်က စိတ်ဓာတ်ကျနေဆဲပင်။ 


ချီချန်အန်းက သူ့ဆံပင်ကို ပွတ်သပ်လာကာ "မင်း တကယ်စားချင်နေတာလား"


ရွှီလော့ယန်က ခေါင်းညိတ်ရန်ပြင်စဉ် ရဲတင်းသည့်အကြံတစ်ခု သူ့စိတ်ထဲထွက်လာသည်။ 


"အကယ်၍ ကျွန်တော်စားချင်တယ်ဆို၊ မင်း စားဖိုမှူးကို ပါဝင်ပစ္စည်းတွေနဲ့အတူတူ၊ ဒီကိုခေါ်ပေးမှာလား"


ချီချန်အန်းက သဘာဝကျကျပင် ခေါင်းညိတ်လိုက်သည်။ 


"အင်း... အဲ့ဒါက သိပ်မခက်ပါဘူး။"


ရွှီလော့ယန်က သူ့ကို ကမန်းကတန်းပင် တားလိုက်ကာ " အဲ့လောက်အထိ ဒုက္ခခံစရာမလိုပါဘူး နောက်မှ သွားစားလည်း အတူတူပါပဲ"


"အင်း...မင်းသဘောအတိုင်းပါပဲ။"


အမည်းရောင်ကုတ်အင်္ကျီရှည်ကိုဝတ်ထားသည့် ချီချန်အန်းကိုကြည့်ကာ ရွှီလော့ယန်က သူ့စိတ်ထဲ တိတ်တိတ်လေးတွေးမိသည်။ 


'မင်းက လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့နတ်ဆိုးတစ်ယောက်ဖြစ်မယ်လို့ ငါတော့မထင်ဘူး'


နှစ်သစ်ကူးရက်ကျော်လွန်သွားသည်နှင့်၊ အပူချိန်မှာ ဒီဂရီများသွာကျဆင်းသွားပြီး နေ့လည်စာထမင်းဘူးများမှာလည်း အလွန်ပင်မြန်မြန်ဆန်ဆန် အေးသွားလေသည်။ ရုပ်ရှင်အဖွဲ့သားများက ပူစပ်ပူစပ်ဟော့ပေါ့အား စတင်၍ စုပြုံစားသောက်ကြလေသည်။ ရွှီလော့ယန်က လုတိအား induction cooker တစ်လုံးအား ဝယ်ခိုင်းလိုက်ပြီး အဝတ်လဲခန်းထဲထားကာ၊ စွပ်ပြုတ်ချက်လျှင်ချက်၊ မဟုတ်လျှင် နေ့လည်နေ့ခင်းတိုင်း ဟော့ပေါ့စားကြလေသည်။


ဒါရိုက်တာကျန်းက တံခါးကိုဖွင့်ကာ ဝင်လာရင်း သူက တစ်ချက်လောက် အနံ့ခံကာ၊ ရယ်ရယ်မောမောဖြင့် "မင်းတို့နှစ်ယောက်ကတော့ တကယ့်ကို အံ့ဖွယ်ပဲ နေ့တိုင်း ဒီမှာပုန်းပြီး အစားခိုးစားနေကြတယ်ပေါ့လေ"


ကြက်ခြေထောက်ကိုက်နေသည့်ရွှီလော့ယန်က၊ ပန်းကန်လုံးနှင့်တူတစ်စုံအား ဒါရိုက်တာကျန်းဆီသို့လှမ်းပေးလိုက်ကာ "ဒီနေ့က ကြက်သားနဲ့မှိုစွပ်ပြုတ် အဲ့ဒါက တကယ်အရမ်းအရသာရှိတယ်"


ဒါရိုက်တာကျန်းက စွပ်ပြုတ်ပန်းကန်အား နှစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ကာ၊ "တကယ့်ကို လတ်ဆတ်တာပဲ ဒါပေမယ့် လော့ယန်၊ မင်းက စပ်တဲ့အစားအစာတွေကို အရမ်းကြိုက်တာမို့လား မင်း ဖျားယောင်းမှုကိုကြံ့ကြံ့ခံပြီး ပူစပ်ပူစပ်ဟော့ပေါ့ကို သွားမစားတာ ငါယုံတောင်မယုံနိုင်ဘူး"


ရွှီလောယန်က တွေးလိုက်သည်။ အကယ်၍သူသာ စပ်တဲ့အစားအသောက်တွေကို စားသောက်ဖို့ ချီချန်အန်းကို တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားရင်၊ ဒါကဘယ်လိုတောင် သမာသမတ်မကျလိုက်သလဲ။ 


သူက ပြုံး၍ပြန်ဖြေလိုက်သည်။ 


"ဒီစွပ်ပြုတ်က ဆောင်းရာသီမှာ အာဟာရဖြစ်စေတယ်လေ " 


ပြောရင်းနှင့်သူက ဒါရိုက်တာကျန်းအတွက် နောက်တစ်ခွက်ထပ်ပြီး ထည့်ပေးလိုက်သည်။


ဒါရိုက်တာကျန်းက တထိုင်တည်း သုံးခွက်လောက်သောက်လိုက်ပြီးမှ အလုပ်ကိစ္စကိုပြောလာသည်။


"ငါတို့ ရိုက်ကူးရေးလုပ်နေတာ သုံးလလောက်ရှိနေပြီ ပြီးတော့ မင်းတို့နှစ်ယောက် ရိုက်ရမယ့်အခန်းတွေလည်း ကုန်သလောက်ရှိနေပြီ"


ရွှီလော့ယန်က ပါးစပ်ထဲရှိအစာအား မျိုချလိုက်ပြီး လွန်လွန်ကဲကဲသက်ပြင်းချ၍ "နောက်ဆုံးတော့ ထုတ်လုပ်ရေးပိုင်းကို ညှင်းဆဲဖို့အချိန်‌ရောက်ပြီပေါ့ နောက်ဆုံးတော့ ကျွန်တော်လည်း ဒါရိုက်တာရဲ့ မိစ္ဆာအာဏာစက်ကွင်းအောက်ကနေ လွတ်ပြီပေါ့လေ၊ ဒါရိုက်တာကျန်း..."


"မိစ္ဆာအာဏာစက်ကွင်း..." 


ဒါရိုက်တာကျန်းက သူ၏အသံချဲ့စက်အား ဖွင့်ကာ အဝကို ရွှီလော့ယန်ဘက်သို့လှည့်၍ "ငါမင်းကို အကြိမ်တစ်ရာလောက် NG လုပ်ပစ်မယ်ဆိုတာ မင်းယုံလား"


"လူကို ဒီလိုမျိုးအနိုင်မကျင့်နဲ့လေ"


ရွှီလော့ယန်က သူ့နားကိုအုပ်ကာ ဒါရိုက်တာကျန်းဆီမှ ခါးသက်စွာ ပုန်းရှောင်လိုက်ရ၏။


_____



Translated By IQ-Team.