အပိုင်း ၄၆
Viewers 6k

🍬Chapter 46


------------


ရွှီလော့ယန်နာမည်ကြီးနေဆဲဖြစ်ကြောင်း အသိအသာဆုံးသက်သေကတော့ သူမှာအိမ်ပြန်ဖို့အချိန်ပင်မရှိခြင်းဖြစ်သည်။


ခရီးဆောင်အိတ်ကိုကားထဲထည့်လိုက်ပြီး အလယ်ခုံ၌၀င်ထိုင်လိုက်ပြီးနောက် သူ့အနေအထားအား သူ့ကိုယ်သူ အလျင်အမြန်ပြင်လိုက်ပြီး တတ်ကြွနေတဲ့လေသံဖြင့်မေးလိုက်၏။


"မစ်ရှင် ကိုဒီထက်ပိုပြီးပြင်းထန်တဲ့ဟာလုပ်ရအောင် ကျန်းကော ငါတို့ဘာဆက်လုပ်ကြမလဲ"


ကျန်းသုန့်က အချိန်ဇယားကိုလှန်လှောကြည့်လိုက်ပြီး "အ၀တ်အစား၀တ်ကြည့်ရမှာ2နာရီကြာမယ်၊ အဲ့ဒါက6နာရီခွဲဆိုတော့ ငါတို့၈နာရီခွဲ‌ဆိုရင်ပြီးမယ်၊ဒါပြီးရင်ထျန်းယာယာကမင်းကို မိတ်ကပ်ပြင်ပေးလိုက်မယ်"


နောက်တစ်နေ့မနက်ပိုင်း ရွှီလော့ယန် အင်္ကျီလဲလိုက် poseပေးလိုက်ဖြင့် အချိန်တွေကုန်ဆုံးနေခဲ့ရသည်။ဓာတ်ပုံဆရာရိုက်လို့ပြီးတော့ အလှချထားတဲ့ကတ္တီပါဆိုဖာပေါ်သို့ လှဲချလိုက်သည်။မျက်နှာကြက်ကိုစိုက်ကြည့်နေလျက် သူညည်းတွားလိုက်မိသည်။


"စုတ်ပြတ်သပ်နေတဲ့ အ၀တ်ရုပ်လေးလို နောက်တစ်ကြိမ် ခံစားလိုက်ရတယ်"


ရေတစ်ခွက်လှမ်းပေးလိုက်ကာ လုတိကသူ့ကိုအားပေးရှာ၏။


"ရွှီကော တောင်ခံထား၊ အင်တာဗျူးကိုဖြတ်ကျော်ပြီးရင် ကောပြန်အိပ်လိုက်လို့ရပြီ"


ယခုလိုအလုပ်များတဲ့နေတွေမှာ သူလည်းမထိန်းနိုင်ဘဲသန်းဝေမိလေသည်။


လက်တစ်ဖက်ထောက်ပြီးဆိုဖာပေါ်ကနေထကာ ရုတ်တရတ်ကြီးထမေးလိုက်သည်။


"ချန်အန်း အခုချိန်ဘာလုပ်နေမယ်ထင်လဲ"


"ချီလူကြီးမင်းလား" 


ရွှီလော့ယန်ဘာကြောင့် ထိုမေးခွန်းကိုမေးလဲဆိုတာ လုတိမသိသော်လည်း သူကအတတ်နိုင်ဆုံးကြိုးစားပြီးဖြေပေးလိုက်သည်။


"သူအလုပ်လုပ်နေမယ်ထင်တယ်၊ ကျွန်တော်တို့ဆီမှာ ည11နာရီလောက်ရှိနေပြီဆိုတော့ ချီလူကြီးမင်းတို့ဘက်မှာမနက်ပိုင်းဖြစ်လိမ့်မယ်"


"မနက်ပိုင်းလား"


ရွှီလော့ယန်က ဆိုဖာပေါ်က ကူရှင်ကိုလှမ်းယူလိုက်ပြီး စိုးရိမ်နေသည့်လေသံဖြင့် " တိဇီ သူအဲ့ဒီကမနက်စာကိုအသားကျပါမလား၊ချန်အန်းကအစားရွေးတဲ့လူလေ ဒါပေမယ့် သူမစားနိုင်တဲ့ဟာ မကြိုက်တဲ့ဟာနဲ့တွေ့ရင် သူကတခြားလူကိုလဲခိုင်းတာမဟုတ်ဘူး၊လုံး၀စားကိုမစားတော့တာ ဒီနည်းကသူကိုဗိုက်မပြည့်စေဘူးလေ"


လုတိက ပြန်မပြောနိုင်ခင်လေးမှာဘဲ ရွှီလော့ယန်ကဆက်ပြီး " သူကအအေးလည်းကြောက်တယ်၊ ဒါပေမယ့် ရာသီဥတုခန့်မှန်းချက်ကို ငါကြည့်ပြီးသွားပြီ၊ Bမြို့ထက် ကယ်လီဖိုးနီးယားက ပိုတောင်နွေးသေးတယ်"


စကားပြောနေရင်း ရွှီလော့ယန်တစ်ယောက်ငြိမ်ကျသွားပြီး ဆိုဖောပေါ်ပြန်လှဲချလိုက်သည်။လေကြောင့်နည်းနည်းလေးလှုပ်နေတဲ့ မီးဆိုင်းလေးအား ကြည့်လိုက်ကာ သူနှလုံးသားထဲ ချီချန်အန်းသောက်နေကျ လက်ဖက်ရည်အရသာလိုမျိုး ခါးသက်သက်ဖြစ်လာသည်။ပစိဖိတ်သမုုဒ္ဒရာကြီးတစ်ခုလုံးခြားကာ သူနှင့်ကွဲကွာနေတဲ့လူတစ်ယောက်ရှိနေသည်။


သူဘာမှမလုပ်နိုင်ပေမယ့် အဲ့ဒီလူနွေးနွေးထွေးထွေးဖြစ်နေရဲ့လား ကောင်းကောင်းစားရရဲ့လားဆိုတာကိုစိတ်ပူနေမိ၏။


သူက လှဲလျောင်းနေတဲ့ပုံစံကိုပြောင်းလိုက်ပြီးနောက် ရွှီလော့ယန်ကလုတိအားထပ်မေးလိုက်သည်။


"မင်း တစ်ယောက်ယောက်ကိုကြိုက်ဖူးလား"


လုတိက ရွှီလော့ယန်ရဲ့ခေါင်းစဉ်မြန်မြန်ပြောင်းသွားတာကို အသားကျနေပြီဖြစ်တာ‌ကြောင့် သူကအလေးအနက်ဖြင့်မှတ်မိဖို့ကြိုးစားလိုက်သည်။


"ကျွန်တော် မူကြိုအရွယ်လောက်တုန်းက ဘေးခန်းကငိုရတာကြိုက်တဲ့ကောင်မလေးကိုကြိုက်ဖူးတယ်၊ သူငိုသံကအရမ်းထူးခြားတယ်၊ အချိန်တိုင်းကြားနေရတာ"


"တိဇီ မင်းကအရမ်းတော်တာပဲ၊ဒါပေမယ့် ဒါကြီးက ကိုးကားဖို့အရမ်းဟောင်းနေပြီ၊တခြားဟာကိုပြောင်းပြော" 


"လောလောလတ်လတ်လား" လုတိရဲ့ဂျုံရောင်အသားရေကနည်းနည်းနီလာသည်။


"ရွှီကော 'The Search for a Man' ရိုက်တုန်းက ပထမအမျိုးသမီးဇာတ်ဆောင်ရဲ့လက်ထောက်ကိုသဘောကျတယ်၊သူမကတော်တော်လေးချစ်ဖို့ကောင်းတယ်၊ကျွန်တော်ထက်သုံးနှစ်ငယ်ပြီး အပြာရောင်၀တ်ရတာကြိုက်တယ်"


ရည်ရွယ်ချက်ရှိရှိဖြင့် ရွှီလော့ယန်က ပြန်ပြီးထထိုင်လိုက်ကာ စိတ်အားထက်သန်စွာမေးလိုက်သည်။


"အဲ့ဒါ ဘယ်လိုခံစားချက်မျိုးလဲ"


 မေးပြီးနောက် သူကထပ်ပြီးတော့ စကားဆိုလိုက်၏။


"ငါမေးတာ ဘာလို့လဲဆိုတော့ ဒီလိုခံစားချက်ကိုဘယ်လိုမျိုးလဲဆိုတာကိုကြုံဖူးချင်လို့၊ အင်တာဗျူးမှာ အချစ်ကဗျာတစ်ပုဒ်ကိုဖတ်ပြဖို့ဆိုရင် အရင်ဆုံး ငါ့စိတ်ခံစားချက်ကိုပြင်ရတယ်"


လုတိက အတော်လေးကိုပူပေါင်းဆောင်ရွက်ပေးလေသည်။


"ကျွန်တော်တုန်းက ဘာမှအထူးတလည်မခံစားရဖူး၊ ကျွန်တော်အတွက်မနက်စာ၀ယ်ရင် သူအတွက်လည်း၀ယ်လာပေးချင်တယ်၊ ညဖက်မျက်လုံးပိတ်ပြီး မအိပ်ခင်လေး သူနဲ့အမြဲစကားပြောချင်တယ်၊သူအကြောင်းအမြဲလိုလိုတွေးနေမိတယ်၊ ရိုက်ကွင်းမှာ လူတွေအများကြီးရှိပေမယ့် သူကိုအမြဲတမ်းအမြန်ရှာတွေ့နိုင်တယ်၊ အိုး ဟုတ်တယ် သူမကိုတွေ့တိုင်း ကျွန်တော်နှလုံးခုန် နှုန်းမြန်လာရပြီး ရှက်သွေးဖြာသွားရတယ်"


"ဒီလိုမျိုးကို "


ရွှီလော့ယန်ကလက်ဖြင့်မေးစေ့ကိုထောက်လိုက်ပြီး သေသေချာချာကို အခြေနေတစ်ခုချင်းစီကိုနှိုင်းယှဉ်ကာ အားလုံးကိုက်ညီတယ်ဟုထင်လေသည်။ သူနှလုံးခုန်နေတဲ့နေရာအား သူတောင်မှမသိလိုက်ဘဲ လက်တင်လိုက်မိသည်။ 


ချီချန်အန်းနှင့် သူမျက်နှာချင်းဆိုင်ရတိုင်း သူနှလုံးသားလေမြန်လာတာကို သတိရသွားပြီး ယခုလိုမျိုးဖြစ်တာလည်း တစ်ကြိမ်ထက်မကတော့ပေ။


ငါ သူ့ကိုကြိုက်နေတာများလား။


ရွှီလော့ယန်ကစိတ်ထဲ၌ - ဟုတ်တယ်လို့ဖြေမိလိုက်တာကို သူတောင်သတိမထားမိပေ။အချစ်က တောင်ပေါ်မှာကျနေတဲ့သစ်ရွက်ခြောက်‌တွေလိုပင် တစ်လွှာပြီးတစ်လွှာ ဖြည်းဖြည်းချင်းထူထပ်လာသည်။


သူစားနေကျmarshmellowလိုမျိုး သူ့နှလုံးသားလေးကတဖြည်းဖြည်းအရည်ပျော်ကျလာသည်။ရွှီလော့ယန်က သူ့ကိုယ်သူပြောလိုက်မိသည်။


"ဒါဆိုရင်တော့ ငါ မသေမျိုးဖြစ်အောင်ကျင့်ကြံမှဖြစ်တော့မယ်"


"မသေမျိုးဖြစ်အောင် ကျင့်မလို့" 


လုတိကအံအားသင့်သွားရလေသည်။


"ဟုတ်တယ်"


ရွှီလော့ယန်ကတောက်ပစွာ ပြုံးပြလိုက်ကာ"မသေမျိုးဖြစ်အောင်ကျင့်ကြံတာက အသက်ရှည်ရှည်နေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပဲ၊ဒါမှ အဲ့ဒီဆရာကြီးတွေက င့ါမှာရှားပါးတဲ့ကိုယ်ရည်ကိုယ်သွေးရှိတယ်ဆိုပြီး တပည့်အဖြစ်ခေါ်သွားလိမ့်မယ်"


လူသားတွေက ဆယ်စုနှစ်အနည်းငယ်လောက်သာ အသက်ရှင်နိုင်ကြသည်။သို့သော် မကောင်းဆိုးဝါးတွေကတော့ နှစ်ရာပေါင်း ဒါမှမဟုတ် ထောင်ပေါင်းများစွာအသက်ရှင်နေနိုင်လေသည်။


လုတိက ရွှီလော့ယန်ရဲ့ဦးနှောက်ကိုလိုက်မမှီတော့တာကြောင့် "ရွှီကော မင်းပျော်နေသရွေ့ပေါ့"


ဓာတ်ပုံရိုက်ပြီး အင်တာဗျူး၌ သူရဲ့ အနာဂတ်ချစ်သူအတွက် အသက်သတ်မှတ်ချက်ရှိ၊ မရှိကိုမေးမြန်းရာ ရွှီလော့ယန်က "ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သဘောကျနေသရွေ့ တစ်ဖက်လူက ကျွန်တော်ထက်နှစ်ထောင်ပေါင်းများစွာ အသက်ကြီးနေရင်တောင်အဆင်ပြေပါတယ်"


ချီချန်အန်း ဖြစ်နေသရွေ့ပေါ့...၊သူ့အသက်ကနှစ်တစ်သောင်းဖြစ်နေလည်းကိစ္စမရှိဘူး၊ ဒါပေမယ့် ဒါကြီးက အသက်ကြီးတဲ့သူနဲ့ငယ်ရွယ်သူတို့ရဲ့အချစ်ဇာတ်လမ်းလား၊နွားအို မြက်နုကြိုက်သလိုမျိုးပေါ့...


အယ်ဒီတာက သူအတိသယဝုတ္တိကိုအသုံးပြုနေတယ်လို့ထင်သွားကာ "မင်းရဲ့အနာဂတ်ချစ်သူကိုတစ်ခုခုပြောရမယ်ဆိုရင် မင်း ဘာပြောချင်လဲ"


ဤတစ်ကြိမ်တွင်မူ ရွှီလော့ယန်က၁၀စက္ကန့်လောက်ငြိမ်ကျသွားပြီးတော့မှ ကင်မရာကို နူးညံတဲ့အသံဖြင့်"မင်းကောင်းကောင်းစား၊နေမကောင်းမဖြစ်စေနဲ့၊ငါ မင်းဆီကိုလာနေတာကို စောင့်နေ၊ငါမင်းကို ဒီနေ့ကစပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမှာမို့ စိတ်မပူနဲ့တော့"


သူက ပြောချင်ရာပြောပြီးမှ ချက်ချင်းပင် သူ့နားရွက်တွေကရဲတတ်သွားသည်။


မေးခွန်းတွေအားလုံးမေးပြီးနောက် 'Sound'ရဲ့အယ်ဒီတာကရယ်မောရင်းဆိုလာသည်။


"မကြာခင်လူကြီးမင်းချွီလင်းကျန်းကွန်လွန်တာ နှစ်၆၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်တာဗျူးရဲ့highlightထုတ်ဖို့အတွက် လူကြီးမင်းလင်းကျန်းရဲ့ကဗျာတစ်ပုဒ်လောက်ရွတ်ပြပေးလို့ရမလား"


ယင်းကနေလည်စာစားချိန်တုန်းကရွှီလော့ယန် အယ်ဒီတာကိုကတိပေးထားပြီးတာဖြစ်လေသည်။


သူကခေါင်းညိတ်ပြလိုက်သည်။


"ရတာပေါ့"


ထို့နောက် ကဗျာရဲ့နောက်ဆုံးစာကြောင်းအားဖတ်ပြလိုက်သည်။ 


"မင်းရဲ့နာမည်က ကိုယ့်ရဲ့ရေးလက်စကဗျာတစ်ပုဒ်ပါ၊ 


ဒါကြောင့် တစ်ဘ၀စာလုံးသုံးပြီး 


ပြီးအောင်ရေးပေးပါရစေ..."


သူအလုပ်ကနေအိမ်ပြန်ရောက်တော့ မနက်နှစ်နာရီတောင်ရှိနေပြီဖြစ်သည်။ရွှီလော့ယန်ကမီးဖွင့်ပြီးနောက် အိမ်နေရင်းဖိနပ်ပါးလေးကိုစီးလိုက်ကာ စာကြည့်ခန်းထဲသို့တန်း၀င်လိုက်သည်။


သူကစာအုပ်ဟောင်းအထပ်လိုက်ကြီးအား လှန်လှော်လိုက်ပြီး ကြည့်လိုက်ရာ 'လျောင်ကျောင်းကျစ်ယိ' 'ဆို့ရှန်းကျိ' 'ဟွိုင်နန်ကျစ်' 'ပေါင်ဖူကျစ်'အစရှိတဲ့ စာအုပ်မျိုးစုံကလူတစ်၀က်နီးပါးလောက်ရှိနေလေသည်။


သူကအရင်ဆုံး'လျောင်ကျောင်းကျစ်ယိ'ကိုရွေးချယ်လိုက်ပြီး ကော်ဇောပေါ်ထိုင်ကာ စတင်ဖတ်လိုက်သည်။သို့သော် ဇာတ်လမ်းနှစ်ခုလောက်ပြီးနောက် သူဆက်မဖတ်နိုင်တော့ချေ။



နောက်၁၀ရက်လောက်အထိ ရွှီလော့ယန်ကလေးလေးနက်နက် လုံလဝီရီယရှိစွာကြိုးစားနေလေသည်။ကျန်းသုန့်ကတော့ ဘေးကနေကြည့်ရင်းစိုးရိမ်လာရကာ နောက်ဆုံးမနေနိုင်တော့ဘဲမေးလိုက်မိသည်။


"လော့ယန် လတ်တလော တစ်ခုခု သိပ်မကောင်းတာများဖြစ်ထားသေးလား"


ရွှီလော့ယန်က ဂရုတစိုက်ဖြင့် [The Nine Mysteries of Ascension in the Last Fifty Years]အားခွဲခြမ်းစိပ်ဖြာနေသည်။


[ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်က အထက်ဘုံ၉ဘုံသို့ တက်လှမ်းသွားခြင်း ]


ကျန်းသုန့်ပြောတာကိုကြားတော့ ဂရုစိုက်စွာဖြင့်" လတ်တလော တစ်ခုခုဆိုးရွားတာတစ်ခုခု ကြုံရလားကိုမေးတာလား၊သေချာပေါက်ရှိတာပေါ့ ကျန်းကော ပြီးခဲ့တဲ့ရက်ကပဲ ကျွန်တော်လွတ်လွတ်လပ်လပ်စားသောက်နေတာကို ထိန်းချုပ်ဖို့ အစ်မလန်နဲ့လက်တွဲထားတယ်မလား၊ဒီလိုမျိုး ကျောချမ်းဖို့ကောင်းတဲ့ဆုံးဖြတ်ချကိုချထားလို့မေးတာလား"


"......."


ရွှီလော့ယန်က အသားလေးမစားရလို့ ဒီလိုမျိုးအထိမဖြစ်သွားနိုင်တာကိုသိတာကြောင့် ကျန်းသုန့်ကစိုးရိမ်သွားရပြီး "ဒါကလွဲပြီး တခြားဘာမှမရှိဘူးနော်"


" ဘာမှမရှိဘူး " 


ရွှီလော့ယန်က နည်းနည်းတောင်မှစိတ်ရှုပ်သွားရပြီး တစ်ခုခုကိုတွေးမိလိုက်ပြီးနောက် သူ့မျက်နှာအမှုအရာကရုတ်တစ်ရတ် အလန့်တကြားဖြစ်သွားပြီး"ကျန်းကော တစ်ခုခုကြားလို့လား ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်တော်ကို ကောကနေတစ်ဆင့် လျို့၀ှက်ထားတဲ့စည်းမျဥ်းတွေကိုသုံးဖို့ ကြိုးစားနေတာလား"


ရွှီလော့ယန်ကို ခေါင်းစခြေအဆုံးကြည့်လိုက်ပြီးနောက် ကျန်းသုန့်အတော်လေး မနှစ်မြို့သည်ပုံဖြင့် "ရိုက်ကွင်းကနေပြန်သယ်လာတဲ့ မင်းရဲ့ကြမ်းကြမ်းတမ်းတမ်းပုံကိုဘယ်ရင်းနှီးမြှပ်နှံသူကများ မျက်စိအနာခံပြီးကြည့်ချင်နေမှာလဲ"


ရွှီလော့ယန်က ထိုစကားအား မကြားချင်ယောင်ဆောင်ထားလိုက်သည်။


"ဒါဆို မင်းဘာမှဖြစ်မနေရင် ဘာလို့ [The Diamond Sutra-စိန်ကျမ်း]ကိုလှန်ပြီး [Spirit Ascension Sutra-၀ိညာဥ်တက်လှမ်းခြင်းကျမ်း]တို့ တခြားဟာတွေကို ‌တစ်နေကုန်ထိုင်ဖတ်‌နေရတာလဲ ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ခေတ်သစ်ကျင့်ကြံရေး ကိုဖတ်နေသေးတယ်လေ၊မင်းကောင်းကင်ဘုံကိုသွားချင်နေတာလား"


"ကောင်းကင်ဘုံကိုသွားချင်နေလို့တော့မဟုတ်ပါဘူး"


ကျန်းသုန့်၏ခန့်မှန်းချက်တွေကို ရွှီလော့ယန်ကအမြန်ငြင်းဆိုလိုက်၏။ သူကမကြာခင်relationshipတစ်ခုတည်ဆောက်တော့မယ်လိုမပြောနိုင်ပေ။


ထို့ကြောင့် ကောင်းမွန်တဲ့အကြောင်းပြချက်ပြကာ " ဒါကစိတ်၀င်စားဖို့ကောင်းတဲ့အရာအပေါ်လိုက်စားတာလို့ခေါ်တယ်၊အခုခေတ်မှာ လူတိုင်းကဒီအတွက်တွန်းအားပေးကြိုးစားနေကြတာလေ"


[Clear Diety Reflection]ကိုညွှန်ပြပြီး ကျန်းသုန့် မျက်ခုံးပင့်ကာ "မင်းက မျက်နှာဖတ်တက်၊ဗေဒင်ဟောတတ်ပြီး မသေမျိုးဖြစ်အောင်ကျင့်ကြံနိုင်တဲ့ မင်းသားတစ်ယောက်ဖြစ်ချင်နေတာလား"


ရွှီလော့ယန်က အရှက်ပြေရယ်မောလိုက်ကာ "နောင်တချိန် အနုပညာအလုပ်မလုပ်နိုင်တော့ရင် ရင်ပြင်မှာဆိုင်လေးတစ်ခုဖွင့်ပြီးတော့ လူတွေကိုမျက်နှာဖတ်ပြီး ဗေဒင်ဟောတာတို့ ဘာတွေလုပ်မယ်လေ၊ဟား ဟား ကျန်းကော စိတ်မပူနဲ့ ကောကိုတစ်သက်တာအသင်း၀င်ကဒ်ပေးမယ်လေ"


ထိုအချိန်၌ ၀န်ထမ်းတစ်ဦးက စင်ပေါ်တတ်ရတော့မည်ဖြစ်ကြောင်း တံခါး‌လာခေါက်သည်။


ရွှီလော့ယန်က နားနေခန်းမှနေ၀န်ထမ်းနောက်လိုက်သွားတာကိုကြည့်ရင်း ကျန်းသုန့်တစ်ယောက်စိတ်ပူလာရသည်။


စင်ပေါ်ရောက်သွားပြီးမှ ရွှီလော့ယန်လက်ထဲကနေအစီအရင်တစ်ခုထွက်လာပြီး တင်ပျဉ်ခွေထိုင်ကာ နေနဲ့လရဲ့အစွမ်း ဒါမှမဟုတ် တခြားတစ်ခုခုကိုထိုင်ပြီးစုပ်ယူနေရင်ကော...


ရေနှစ်ငုံအား ခပ်မြန်မြန်လေးသောက်လိုက်ပြီးနောက် ကျန်းသုန့်တစ်ယောက် ရွှီလော့ယန်ကြောင့် အတော်လေးလမ်းလွဲသွားသလို ခံစားလိုက်ရသည်။


[Star Show]ဆိုတာ Cနိုင်ငံရဲ့ထိပ်တန်း ရသစုံဖျော်ဖြေရေးရှိုးတစ်ခုဖြစ်ကာ ရွှီလော့ယန်က တတိယအကြိမ် မြောက်ပါ၀င်ခြင်းဖြစ်သည်။ပရိသတ်အားနှုတ်ဆက်ပြီးနောက် ရွှီလော့ယန်က အမျိုးသားစီစဉ်တင်ဆက်သူ စုန့်ထန်ကနေပြီး စင်အလယ်သို့ရောက်အောင်ဆွဲခေါ်သွားတာကိုခံလိုက်ရသည်။


"လော့ယန် မင်းငါတို့ရဲ့ရှိုးကိုလာတာ ဒီတစ်ခေါက်က သုံးကြိမ်မြောက်နော်၊အားလုံးကို ပြောချင်တာတစ်ခုခုရှိလား"


မိုက်ကိုင်လိုက်ပြီး စုန့်ထန်ကို ရွှီလော့ယန်ကမေးလိုက်သည်။


"ကျွန်တော် ဘာမဆိုပြောလို့ရလား"


"သေချာပေါက် ရတာပေါ့"


ချောင်းနှစ်ချက်ခန့်ဆိုးလိုက်ကာ ရွှီလော့ယန်က ပရိသတ်ကိုကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတွေကွေးတတ်သွားတဲ့အထိပြုံးလိုက်ကာ "ပြောချင်တာကတော့ ပြီးခဲ့တဲ့နှစ်ခေါက်နဲ့ယှဉ်လိုက်ရင် ကျွန်တော်ပိုကြည့်ကောင်းလာတယ်မှတ်လား"


သူမေးပြီးချက်ချင်း ပရိသတ်ကတညီတညွှတ်တည်းပြန်ဖြေလာသည်။


"ကြည့်ကောင်းလာတယ်"


ရွှီလော့ယန်က screenကိုပြန်လှည့်ကြည့်လိုက်ကာ သူ့ကိုယ်သူအပြုံးလေးဖြင့်ကြည့်လိုက်ပြီးနောက် ရိုးသားသည့်မျက်နှာအမှုအရာဖြင့် ပရိသတ်ဆီပြန်လှည့်လာပြီး "အောက်မှာရှိနေတဲ့သူတွေအားလုံး မျက်လုံးကောင်းကြတာပဲ"


စုန့်ထန်ကသဘောတကျရယ်မောလိုက်ပြီး"သူ ပိုပြီးကြည့်ကောင်းလာလား မလာဘူးလားဆိုတာမပြောတတ်ပေမယ့် သေချာပေါက်သူမျက်နှာအရည်ထူလာတယ်ဆိုတာကိုတော့ပြောနိုင်တယ်"


ပြီးနောက်သူဘေးမှာရပ်နေတဲ့အစီစဉ်တင်ဆက်သူနှစ်ယောက်အား"လော့ယန်ပထမဆုံး ငါတို့ရဲ့ရှိုးကိုလာတုန်းက မှတ်မိသေးလား၊ငါတို့က သူကိုကြည့်ကောင်းတယ်ပြောတော့ သုံးစက္ကန့်လောက်ရှက်သွားသေးတယ်လေ"


"ဟုတ်တယ် ငါမှတ်မိသေးတယ်"


အမျိုးသမီးအစီစဉ်တင်ဆက်သူလျိုယိကလည်း ထပ်တလဲလဲခေါင်းညိတ်ပြလိုက်ပြီး


"အဲ့ဒီအချိန်တုန်းက လော့ယန် ပထမဆုံးရုပ်ရှင်ထွက်ထားတာလေ၊ကောင်းကောင်းမှတ်မိနေသေးတယ် အဲ့ဒါက[I waited for you]ဆိုတဲ့ကျောင်းတွင်းအချစ်ရုပ်ရှင်လေ၊ မျက်ရည်ချူတဲ့ကားကောင်းတစ်ခုပဲ"


"ဟုတ်တယ်" ရွှီလော့ယန်က ခေါင်းညိတ်လိုက်ပြီး


"အဲ့ဒီတုန်းက ကျွန်တော်ကငယ်သေးတော့ ကျောင်းယူနီဖောင်းနဲ့အထက်တန်းကျောင်းသားတစ်ယောက်လိုနည်းနည်းဟန်ဆောင်နိုင်သေးတယ်"


"ဒါဆို အခုကော"


"အခုတော့လား" 


ရွှီလော့ယန်က ချီတုံချတုံဖြစ်နေတဲ့အသံဖြင့်" ကျွန်တော် အထက်တန်းကျောင်းဘေးနားမှာ သုံးဘီးဆိုင်ကယ်လေးတွန်းပြီး နံစော်နေတဲ့တို့ဖူးပဲပြရောင်းလို့ရတော့တယ် ဟုတ်တယ်မလား"


စုန့်ထန်က အတော်လေးကိုချဲ့ကားလှတဲ့လေသံဖြင့်"ဝိုး မင်းအထက်တန်းကျောင်းရှေ့မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေရင် ကျေးဇူးပြုပြီး ငါ့ကိုအသိပေး ငါ့ မင်းရဲ့စီးပွားရေးကိုဂရုစိုက်ပေးမယ်၊ဒါပေမယ့် ပထမဆုံးအကြိမ် မင်းဒီကိုလာတုန်းက yangkoအကနဲ့ပြောမြောက်လှတဲ့ဖျော်ဖြေတင်ဆက်မှုပေးခဲ့တာကို ငါကောင်းကောင်းမှတ်မိနေသေးတယ်"


____



Translated By IQ-Team.