အပိုင်း ၅၇
Viewers 6k

🍬Chapter 57


------------


ကျန်းသုန့်က နေ့လည်တစ်နာရီကျော်တဲ့အထိ အလုပ်များနေပြီးနောက် လုတိကို ခေါ်ပြီးဆေးရုံသို့ရောက်လာလေသည်။ တံခါးဖွင့်ဖွင့်ချင်းပင် အလွန်စပ်ပြင်းတဲ့ မြင်ကွင်းတစ်ခုဖြင့် တည့်တည့်တိုးချိန်မှာတော့ သည်းမခံနိုင်တော့သဖြင့် နှဖူးကိုလက်ဖြင့်ထိန်းကိုင်လိုက်ပြီး "လော့ယန် မင်းလက်ကလဲကျိုးသွားတာလား "


လော့ယန်က ချီချန်အန်း ကျွေးတဲ့ ဇွန်းအပြည့် ယာဂုတစ်ဇွန်းကို သောက်လိုက်ကာ တံခါးဝမှာ ရပ်နေတဲ့ ကျန်းသုန့်ကို ကြည့်ပြီး "ကျွန်တော်က လူနာတစ်ယောက်လေ" လို့ပြောပြီးနောက် ပန်းကန်လုံးအား တစ်ဖန်ငုံ့ကြည့်လိုက်ပြီး "ချန်းအန်း၊ ကျွန်တော်ကြာစေ့စားချင်တယ်"


ချီချန်အန်းက သဘာဝကျကျပဲ အရသာကောင်းမွန်ပုံပေါ်တဲ့ ကြာစေ့ကို ဇွန်းနဲ့ခပ်ယူလိုက်ပြီး အေးသွားသည်အထိ မှုတ်ပြီးတဲ့နောက် ရွှီလော့ယန်အား ကျွေးလိုက်၏။


ယင်းကိုမြင်တော့ ကျန်းသုန့်က မျက်ခုံးပင့်လိုက်ပြီး "မင်းတို့တွေ"


"ဟုတ်တယ်၊ကျွန်တော်တို့အတူရှိနေပြီ" 


ရွှီလော့ယန်က ပြောဖို့ မစောင့်နိုင်တော့ချေ။ 


"ကျွန်တော်တို့တွဲနေကြပြီ " 


ဇွန်းကို ကိုင်ထားသည့်ချီချန်အန်းကမူ သူ့ကိုအပြုံးတစ်ပွင့်နှင့်အတူငေးကြည့်နေပေသည်။


"..........."


ဒါက ပိုတောင် စပ်ဖျင်းနေသလိုပဲ။


ကုလားထိုင်နှစ်လုံးကိုယူပြီး ကုတင်ဘေးမှာချလိုက်ပြီးနောက် ကျန်းသုန့်က လုတိနဲ့အတူထိုင်လိုက်ပြီး ရွှီလော့ယန်ရဲ့ မျက်နှာကို သေချာကြည့်ကာ " မင်းတစ်ကယ် အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်၊ ကျွန်တော့ခေါင်းက နည်းနည်းလေးနေသေးပေမယ့် မီတာ ၅၀၀၀ အပြေးပြိုင်ခိုင်းရင်တောင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး" 


ရွှီလော့ယန်က ထိုသို့ပြောနေရင်းဖြင့် ချီချန်အန်းကျွေးနေတာကို အနှောက်အယှက်မဖြစ်သလိုစားနေတုန်းဖြစ်သည်။


အဝေးကိုငေးကြည့်ပြီး ကျန်းသုန့်ကသူ့ကိုယ်သူ စိတ်ထဲမှာမေးလိုက်မိသည် -ဒါက ဒဏ္ဍာရီဆန်တဲ့ အချစ်ရဲ့ ဆွဲဆောင်မှုလို့ပြောကြတဲ့ဟာလား။


"ဒါဆိုကောင်းကောင်း အနားယူလိုက်ဦး၊ အလုပ်ကိစ္စတွေက-"


"ကျန်းကော၊ အခုဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်သိပြီးသွားပြီ" 


ရွှီလော့ယန်က ပထမဆုံးအနေဖြင့်ရှားရှားပါးပါး စကားဖြတ်ပြောလိုက်ပြီး "ချန်အန်းကိုသွားမကြည့်နဲ့၊ သူကလည်း ကျွန်တော့စီကနေ ဖုန်းကွယ်ထားပြီး ကျွန်တော့ရဲ့ဖုန်းကိုတောင်ဖွက်ထားလိုက်သေးတယ် ဘာတွေဖြစ်နေလဲဆိုတာ ကျွန့်တော့ဘာသာခန့်မှန်းခဲ့တာ"


လုတိက ကျန်းသုန့်ကသူ့ကို လမ်းမှာထိုကိစ္စကို လော့ယန်ကိုမပြောဖို့ သတိပေးထားပေမယ့် အခု သူက ဒီအကြောင်းကို သိနေပြီးသားဆိုတော့ သူပြောချင်တာကိုထိန်းမထားနိုင်တော့ချေ။


"ဝမ်ယွိရှင်းက အရမ်းစက်ဆုပ်စရာကောင်းတာပဲ၊သူကတစ်ယောက်ယောက်ကို ရွှီကောရဲ့ အတန်းဖော်တစ်ယောက်လိုဟန်ဆောင်ခိုင်ပြီး နစ်နာသူတစ်ယောက်တောင်ဖန်တီးလိုက်သေးတယ်"


"လုတိ စိတ်လျော့ထား၊ ဒါက ဒေါသထွက်ဖို့အတွက်ကိုမတန်ဘူး၊ ငါဘာမှ အမှားလုပ်ထားတာလဲမရှိဘူး၊ဝမ်ယွိရှင်းအနေနဲ့ အလွန်ဆုံးမှ လုပ်ကြံပြောဖို့ပဲရှိတာ၊ ဒါပေမယ့် လိမ်ညာမှုတွေက ဘယ်တော့မှ အမှန်ဖြစ်လာမှာ မဟုတ်ဘူး"


ရွှီလော့ယန်က နောက်ရက်အနည်းငယ်အတွက် အချိန်ဇယားကိုကြည့်လိုက်ပြီး ကျန်းသုန့်အား "ကျန်းကော၊ ဒီနေ့မွန်းလွဲပိုင်းနဲ့ မနက်ပိုင်းကို ထောက်ခံချက် ဆွေးနွေးပွဲကို သွားဖို့ စီစဉ်ထားတာ မလား၊အဲ့ဒါကို ဒီနေ့ဖျက်လိုက်ရအောင်"


အခြေအနေတွေ ပိုပြီးပြင်းထန်နေပြီဆိုတာ သူ့စိတ်ထဲမှာသိနေသည်။ အမှန်တရားက ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် ကုမ္ပဏီတွေကလည်း သူ့ကိုကုန်ပစ္စည်းအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် လက်မှတ်ထိုးဖို့ရာ ချိတုန်ချတုန်ဖြစ်နေတာကိုလည်းသတိထားမိပေသည်။ 


ကျန်းသုန့်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ" 


သူက ပြုံးနေဆဲဖြစ်တဲ့ ရွှီလော့ယန်ကိုကြည့်ပြီး သက်ပြင်းချလိုက်ရင်း "အခုအခြေအနေတွေက ထိန်းချုပ်မှုအောက်မှာရှိနေတုန်းပဲ။ မင်းနဲ့ အခုအွန်လိုင်းမှာပျံ့နှံ့နေတဲ့အရာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သက်သေပြနိုင်သရွေ့တော့ အားလုံးအဆင်ပြေသွားမှာပါ"


လုတိရဲ့ လေသံကမူဆိုးဝါးနေပြီး "အခုကျွန်တော်တို့ချောင်ပိတ်ခံနေရတယ်ဆိုတာ သိသာတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ ရှာရမှာပဲ"


ကျန်းသုန့်က သူ့စကားကို တုံ့ပြန်မှုမရှိချေ။ 


"ဒါပေမယ့် ဒီမှာ အခက်အခဲတစ်ခုရှိနေတယ်"


"အနုပညာတက္ကသိုလ်ရဲ့ အနေအထားနဲ့ သဘောထား၊ဟုတ်တယ်မလား" 


ကျန်းသုန့်ခေါင်းညိတ်ပြတာကိုမြင်ပြီးနောက် ရွှီလော့ယန်က'' ကျောင်းက ကျွန်တော့ကိုထုတ်ပယ်လိုက်တာက အဆုံးသတ်ဖြစ်ပြီးတော့ အခုသူ့တို့ရဲ့ ဂုဏ်သတင်းကိုအဖက်ဆယ်ချင်ရင်တောင် အဲ့တုန်းက ကျွန်တော်ရဲ့ ကိစ္စမှာတရားမျှတမှုမရှိခဲ့ဘူးလို့ ကျွန်တော်ဘက်ကနေ သက်သေလုပ်ပေးမှာမဟုတ်ဘူး"


ရွှီလော့ယန်ရဲ့အမူအရာကို ဂရုတစိုက်ကြည့်ပြီးနောက် ကျန်းသုန့်ကမေးလိုက်၏။ 


"အဲဒီတုန်းက အခြေအနေက ဘယ်လိုလဲ"


"ပြောဖို့တော့ခက်တယ်" 


ရွှီလော့ယန်ရဲ့ အပြုံးက အနည်းငယ် မှိန်ဖျော့သွားပြီး၊ "အဲ့အချိန်တုန်းက သိုက်ရွှယ်ချင်းက ဟွားလိအဖွဲ့ရဲ့ထိပ်မှာရှိနေပြီး လူအနည်းငယ်လောက်ပဲ သူ့ကိုဆန့်ကျင်ရဲတာ၊ အဲ့ဒါကိုကြည့်တာနဲ့တင်သူက ပါဝါရှိတဲ့သူဆိုတာသိသာတယ်၊ သူက ကျွန်တော်ကို ထုတ်ပယ်ဖို့ကျောင်းကို ဖိအားပေးခဲ့ပြီး ကျောင်းဘက်ကလည်းလက်ခံလိုက်ပေမယ့် ကျောင်းသားတစ်ယောက်ကို


နှင်ထုတ်ဖို့ အကြောင်းပြချက်လိုတယ်လို့ပြန်ပြောခဲ့တယ်ထင်တယ် အဲ့လိုနဲ့ တစ်လအကြာမှာတော့ ကျောင်းက ကျွန်တော်က စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ လူမိုက်အချို့ကိုပိုက်ဆံပေးခဲ့ပြီး အဲ့ကောင်မလေးကိုသက်သေဖို့တွန်းပို့ခဲ့တယ်ဆိုတဲ့ သက်သေကိုထုတ်လာခဲ့တာ"


"ပြီးတော့ဘာဆက်ဖြစ်သွားလဲ" 


ကျန်းသုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းသူတို့နဲ့ စကားသွားမပြောခဲ့ဘူးလား"


"သေချာပေါက်သွားပြောခဲ့တာပေါ့ ဒါပေမဲ့ သူတို့မှာသက်သေအတိအကျရှိနေတယ်ဆိုပြီး ကျွန်တော်ကိုထုတ်ပယ်ကြောင်းအကြောင်းကြားလာတယ်လအစောပိုင်းတုန်းက ကျောင်းကိုမကြာခဏသွားသေးပေမဲ့ နောက်ပိုင်းမှာ အတားခံလိုက်ရတယ်လေ"


"ကျန်းကျယ် စီကနေလား"


"ဟုတ်တယ် ဦးလေးကျန်းက ကျွန်တော့ကိုတားခဲ့တာ သူက မိဘမဲ့ဂေဟာမှာ ကျွန်တော်မိဘတွေနဲ့ အတူတူ ကြီးပြင်းခဲ့ပြီး သူတို့က အမြဲတမ်း ရင်းနှီးခဲ့ကြတာ အရင်ကအမေ့စီကနေ သူ့အကြောင်းတွေအများကြီးကြားဖူးခဲ့တယ်၊ သူကစာမေးပွဲတိုင်းကို အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ၊USမှာကျောင်းဝင်ခွင့်ရတာနဲ့ နောက်ပိုင်းအဲ့မှာပဲအခြေချနေတော့တာ သူက ကျွန်တော့်ကို ကျောင်းကနေ ချက်ခြင်းခေါ်သွားပြီး လက်မှတ်ဝယ်ပေးတယ်ကျောင်းကနေ လေဆိပ်ကိုသွာနေတဲ့လမ်းမှာပဲ ဒီကိစ္စကိုသိုက်ရွှယ်ချင်းလုပ်တာဆိုတာသိလိုက်ရတာ ဦးလေးကျန်းက အဲ့အကြောင်းကို ကြားပြီး နိုင်ငံခြားကနေ အပြေးပြန်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့တယ်လေ၊ ကံကောင်းစွာနဲ့ပဲ နိုင်ငံခြားမှာ သိုက်ရွှယ်ချင်းက အာဏာသိပ်မရှိတဲ့အတွက် ကျောင်းကိုအနှောက်အယှက်မရှိဘဲ ပြီးဆုံးအောင်တက်နိုင်ခဲ့တာ"


ရွှီလော့ယန်ကပြုံးလိုက်ရင်း"ကျွန်တော့ရဲ့မိဘတွေက မိဘမဲ့တွေဆိုတော့ တရုတ်မှာဆွေမျိုးလည်းမရှိတော့တာမလို့ အနည်းဆုံးတော့ ပညာရေးကိုပြီးဆုံးအောင်လုပ်ရမယ်လို့တွေးပြီး လိုက်သွားခဲ့တာ၊ အစက ဦးလေးကျန်းက ကျွန်တော့ကို USကိုခေါ်သွားဖို့ စီစဥ်ခဲ့ပေမဲ့၊ဒီလိုမျိုး ပြန်လာပြီးတကူးတက ကူညီပေးတာကတင် တော်တော်လေး ကြင်နာလွန်းရာကျနေပြီမလို့ သူ့ဘဝကိုမနှောက်ယှက်တော့ဘဲ နောက်ဆုံးမှာဥရောပကို သွားဖို့ပဲရွေးချယ်ခဲ့လိုက်တာ"


သေချာစဥ်းစားကြည့်လိုက်ပြီးနောက် ရွှီလော့ယန်က "သူတို့ကျောင်းကိုတင်ပြခဲ့တဲ့ အထောက်အထားအားလုံးမှာ ပြစ်မှုကျူးလွန်သူရော ကျူးလွန်ခံရသူရောက သိုက်ရွယ်ချင်းရဲ့ လူတွေပဲမလို့ သတ်သေဖို့ကြိုးစားခဲ့တယ်ဆိုတဲ့သက်သေကလဲ လုပ်ကြံထားတာပဲဖြစ်လိမ့်မယ်၊ အဲ့တော့ သူတို့အဲ့ဒါကို မပေါက်ကြားအောင်လို့ သေချာပေါက် နှုတ်ပိတ်ထားမှာပဲ အဲ့အချိန်တုန်းက ကိစ္စတွေက ကျွန်တော်မလုပ်ခဲ့ဘူးဆိုတဲ့ သက်သေကိုရှာလို့ရမှာမဟုတ်ဘူး ဟွားလိမှာ ကုမ္ပဏီတွင်း အာဏာလုမှုတွေပြင်းထန်ခဲ့ပြီးနောက်ဆုံး သိုက်ရွယ်ချင်း အာဏာဆုံးရှုံးသွားချိန်၊တောင်အမေရိကကိုထွက်ပြေးသွားတဲ့အချိန်ကျမှ ကျွန်တော်နိုင်ငံခြားကနေပြန်လာခဲ့တာ၊အခု ဒီကိစ္စကိုပြန်ဖော်နေတာက ဝမ်ယွိရှင်းရဲ့ အကြံအစည်လား သိုက်ရွယ်ချင်းဝင်စွက်ဖက်ထားတာလားဆိုတာက ပြောလို့မရဘူး"


"လော့ယန်အပြစ်ကင်းကြောင်းပြနိုင်ဖို့ဆိုရင် သိုက်ရွှယ်ချင်းကိုယ်တိုင် ဝန်ခံလာအောင်လုပ်ဖို့ တစ်နည်းပဲရှိတယ်" 


အစောကတည်းက တိတ်ဆိတ်နေတဲ့ ချီချန်အန်းရဲ့အသံကအနည်းငယ်အေးစက်ပုံပေါက်နေလေသည်။ 


"အားလုံးကို သူအမိန့်ပေးခဲ့တယ်ဆိုတာ ဝန်ခံလာမှပဲ ရေညစ်တွေကို လော့ယန်ပေါ်လောင်းမချနိုင်မှာ"


သို့ပေမယ့် အဲ့လိုဝန်ခံအောင်လုပ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ အားလုံးသိနေလေသည်။


ခေါင်းစဉ်က အရမ်းကိုလေးနက်လာတယ်လို့ ခံစားရတာကြောင့် ရွှီလော့ယန်ကပြုံးလိုက်ပြီး "ကျန်းကော၊အများကြီးစိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော့မလုပ်ခဲ့တာအရာဆိုရင် ကျွန်တော်မလုပ်ခဲ့ဘူးဘဲ တရားရုံးကိုသွားရမယ်ဆိုရင်တောင်မှ တရားခွင်မှာ ကျွန်တော်အဲ့လိုပဲပြောမှာ၊ နောက်ရက်အနည်းငယ်လောက်အတွင်မှာ ကောနဲ့ ရွှယ်ယင်းအတွက် ခက်ခဲ့မှာပဲ၊ တစ်ဖက်မှာတော့ ကျွန်တော်ဒီရက်ပိုင်း အလုပ်နားထားမှာမလို့ လန်ကျဲ နဲ့ ယာ့ယာ့ကို နားခိုင်းထားလိုက်လို့ရတယ်"


"ကောင်းပြီလေ" 


ကျန်းသုန့်ကခေါင်းညိတ်ပြလိုက်ပြီး ခေါင်းစဥ်ကိုချက်ချင်းပြောင်းလိုက်ကာ "မင်းအိမ်ပြန်ချင်ပြီလား ဒါမှမဟုတ် ဆေးရုံမှာခဏလောက်နေဦးမလား"


"ကျွန်တော်အိမ်ပြန်တော့မှာ ဒီမှာဆေးရုံကုတင်ကအရမ်းကျဥ်းတော့ ချန်အန်းနဲ့အတူတူအိပ်တဲ့အချိန် သတိမထားမိရင် ပြုတ်ကျတော့မလိုခံစားရတယ်"


ကျန်းသုန့်ကအသက်ကိုပြင်းပြင်းရှုလိုက်ပြီး ရွှီလော့ယန်ကို ဆက်မကြည့်နိုက်တော့သဖြင့် ချီချန်အန်းဘက်ကို လှည့်ကာဆိုလိုက်သည်။


" မစ္စတာချီကားသက်သက်စီစဥ်ပေးရမလား ဒါမှမဟုတ် လော့ယန်က မင်းနောက်ကပဲလိုက်မှာလား"


"ကျွန်တော် ချန်အန်းနဲ့ သွားမှာ" 


ရွှီလော့ယန်ရဲ့လေသံက အလွန်တက်ကြွနေပြီး သူ့ရဲ့လက်ချောင်းထိပ်တွေက ချီချန်အန်းရဲ့လက်ကို အကြိမ်ကြိမ်သွားထိနေရင်း "ချန်အန်း ကျွန်တော်မင်းနဲ့လိုက်လို့ရတယ်မလား"ဟု တီးတိုးပြောလိုက်သည်။


"ရတာပေါ့" 


ချီချန်အန်းက ရွှီလော့ယန်ရဲ့လက်တွေကိုဆုပ်ကိုင်ဖို့ သူ့ညာလက်ကိုသုံးလိုက်ပြီး ညင်သာတဲ့လေသံဖြင့်ပြန်ဖြေလိုက်သည်။ 


"လျန်ချိုးက ကားပါကင်မှာစောင့်နေတယ် ကျွန်တော် လော့ယန်ကိုပြန်ခေါ်သွားလိုက်မယ်"


စကားအနည်းငယ်ပြောပြီးတဲ့နောက်မှာ ကျန်းသုန့်က လုတိကို ပြန်ခေါ်ပြီး ရုံးသိူ့ပြန်သွားဖို့ပြင်လိုက်သည်။မသွားသေးခင်သူက ရွှီလော့ယန်ကိုသူ့ရဲ့ ဖုန်းကိုအချိန်ပြည့်အနားမှာယူထားဖို့လည်းသတိပေးလိုက်သည်။သူတံခါးနားကိုရောက်ပြီး တံခါးပိတ်ရန်လှည့်လိုက်ချိန်မှာ ရွှီလော့ယန်လက်ထဲကတစ်စုံတစ်ခုပြုတ်ကျသွားပြီး သူကယင်းကိုကောက်ဖို့ငုံ့နေသည်။ချီချန်အန်းက ထိုနေရာကို အလိုလိုရောက်သွားပြီး အိပ်ရာဘေးက စားပွဲခုံံထောင့်အစွန်းကို ရွှီလော့ယန်ခေါင်းနဲ့ မထိမိစေဖို့အုပ်ထားပေးလိုက်တာကိုမြင်လိုက်ရလေသည်။


တံခါးကိုပိတ်လိုက်ပြီးနောက် ကျန်းသုန့်က စင်္ကြန်မှာရပ်လိုက်ပြီး လုတိကို ပဟေဠိဖြစ်နေပုံဖြင့် မေးလိုက်မိ၏။


"ချီချန်အန်းက လော့ယန်ရဲ့ဘယ်အရာကို သဘောကျတာလို့ထင်လဲ"


လုတိ"ကျွန်တော်က ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေကို ပဲကြိုက်တာ၊အဲ့ဒါကြောင့် ဒါကိုသိပ်သဘောမပေါက်ဘူး"လို့ပြတ်ပြတ်သားသားပြန်ဖြေလေ၏။


"........."


___


Translated By IQ-Team.