အပိုင်း ၅၈
Viewers 6k

🍬Chapter 58

------------


နောက်တစ်နာရီလောက်ကြာတဲ့အချိန်မှာ ချီချန်အန်းက ရွှီလော့ယန်ကို သတင်းထောက်တွေနဲ့ ပါပါရာဇီတွေ ရန်ကနေကာကွယ်ဖို့အတွက် သူနေတဲ့နေရာကိုပဲခေါ်သွားလိုက်သည်။


ဓာတ်လှေကားကနေတစ်ဆင့် Brighton ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ်အထိရောက်ပြီးတဲ့နောက် တံခါးကိုဖွင့်လိုက်ချိန်မှာ ရွှီလော့ယန်မြင်လိုက်ရတာက အခန်းရဲ့အတွင်းပိုင်းအပြင်အဆင်က ဖုန်းချန်မှာသူနေခဲ့တဲ့ အခန်းရဲ့အပြင်အဆင်၊ပရိဘောဂများနဲ့ တစ်ထပ်တည်းဖြစ်နေပေသည်။


ရွှီလော့ယန်က အခုမှဆေးရုံကပြန်ရောက်လာတာဆိုတော့ ရေချိုးချင်နေမှာ ဆိုတာသိနေတဲ့အတွက် ချီချန်အန်းက "အခန်းရဲ့ပုံစံက မင်းအရင်နေခဲ့တဲ့ အခန်းရဲ့ပုံစံနဲ့အတူတူပဲ၊ရေချိုးခန်းထဲက ဗီဒိုထဲမှာ ရေချိုးပြီး၀တ်ဖို့ ဝတ်စုံတွေရှိတယ်"


ရွှီလော့ယန်ခေါင်းငုံ့ကာ သူပစ္စည်းများကိုနေရာချလိုက်ပြီးနောက် ရေချိုးခန်းစီဦးတည်လိုက်ပြီး လက်တစ်ဝက်အရောက်မှာ ချီချန်အန်းဘက်ကိုပြန်လှည့်လိုက်ကာ "ချန်အန်း မင်းရေတူတူချိုးချင်လား"လို့မေးလိုက်သည်။


ထိုသို့မေးလိုက်ပြီးနောက်မှာမှ သူမေးခွန်းမှားသွားပြီမှန်းသိလိုက်လို့ လန့်သွားပြီး "ငါအခုဘာမှ မမေးလိုက်ဘူးနော်" ဟုဆိုကာရေချိုးခန်းစီသို့ အလင်းလိုအလျင်ဖြင့်ပြေးသွားလေသည်။


ရေချိုးခန်းတံခါးပိတ်လိုက်တဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာ ချီချန်အန်းက အခြားရေချိုးခန်းတစ်ခုစီ ဦးတည်လိုက်ပြီးမှ နေရာမှာတင်ရပ်နေမိကာ သူ့မျက်နှာထက် အပြုံးတစ်ခုပျံ့နှံသွားသည်။


မိနစ်လေးဆယ်ကြာပြီးတဲ့နောက်မှာ ရွှီလော့ယန်က အနက်ရောင်ရေချိုးဝတ်စုံကိုဝတ်ထားပြီး ခါးစည်းကြိုးကို လျော့ရဲစွာချည်နှောင်ထားကာ ထိုင်ခုံပေါ် ပျင်းတိပျင်းရွဲ မှီထားပြီး သူ့ရဲ့ လည်ပင်းသားလေးတွေနဲ့ ရင်ဘက်တို့မှာလည်း ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခံထားရလေသည်။သူ့ရဲ့ဆံပင်တွေက လေမှုတ်စက်နဲ့ အခြောက်ခံထားတာကြောင့် ပွယောင်းနေပြီး မျက်လုံးများကလည်း တစ်ဝက်ခန့်မှေးမှိန်နေကာ လေသံကမူဖျော့တော့လျက် ရှိနေ၏။


"ချန်အန်း ပြီးရင်မင်းထွက်သွားဦးမှာလား၊ ငါပြောတာက နေ့လည်ဘက်မှာ တစ်ခုခုအစီအစဥ်ရှိသေးလား"


"ကိုယ်လုပ်စရာတော့ရှိတယ်"


"အာ....ငါထင်ပါတယ်"


ရွှီလော့ယန်ရဲ့လေသံကတစ်ဖြည်းဖြည်းတိုးသွားပြီး နောက်စက္ကန့်အနည်းငယ်အကြာမှာတော့ " သွားပြီးတော့ အလုပ်လုပ်ချည်တော့လေ၊ငါမင်းကို ဗီဒီယိုကောလ် ခေါ်လိုက်မယ်"


ချီချန်အန်းက လေမှုတ်စက်ကို တစ်ဖက်ကကိုင်ထားပြီး နောက်တစ်ဖက်ကမူ ရွှီလော့ယန်ရဲ့ ဦးရေပြားထက် ညင်သာစွာပွတ်သပ်နေပြီး "အဲ့လိုလုပ်ဖို့မလိုပါဘူး၊ ကိုယ့်ရဲ့အစီအစဥ်က မင်းကိုအဖော်ပြုပေးဖို့လေ"


သူ့ခေါင်းကို ဆက်ခနဲလှည့်ကြည့်လိုက်တဲ့အချိန် ရွှီလော့ယန်ဆံပင်တွေအပေါ်ကို လေမှုတ်ပေးနေတာကရပ်တန့်သွားပြီး သူက သက်သောင့်သက်သာမရှိတဲ့ အနေအထားဖြင့်တစ်ဖက်ကို လှည့်လိုက်ပြီး ချီချန်အန်းရဲ့ခါးကို လက်နှစ်ဖက်နဲ့ ရစ်သွယ်လိုက်ပြီး "တစ်ကယ်လား"


"တစ်ကယ်ပေါ့"


ချီချန်အန်းက ဆံပင်လေမှုတ်စက်ကို မီးခလုပ်ပိတ်လိုက်ပြီး သူ့ရဲ့တစ်ဝက်ခန့်သာခြောက်သေးတဲ့ ဆံပင်တွေကို ထိုးဖွလိုက်ကာ "အဲ့ဒါကြောင့် အခုကိုယ့်ရဲ့အချိန်ဇယားက အရမ်းပြည့်ကျပ်နေတယ်"


"ဒါဆိုမင်း အရမ်းအလုပ်ရှုပ်နေတော့မှာပဲ" 


ရွှီလော့ယန်ရဲ့အသံက အလွန် ရွှင်မြူးပုံပေါ်နေပြီး ချီချန်အန်းကို ပွတ်သတ်လိုက်ကာ သေသေချာချာပြန်ထိုင်လိုက်သည်။ 


ထိုသို့လုပ်ပြီးနောက် နှစ်စက္ကန့်အကြာမှာပဲ သူအပေါ်ကိုမော့လိုက်ပြီး ချီချန်အန်းလက်ထဲ ဆံပင်လေမှုတ်စက်ကို ထည့်ပေးလိုက်ကာ၊ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "မစ္စတာချီရေ..."


"အမ်း..."


"ငါအခုအရမ်းပျော်နေတယ်သိလား"


"အင်းအဲ့တော့....."


"အဲ့တော့....မင်းငါ့ကိုအနမ်းတစ်ပွင့်လောက်ပေးမလား" 


သူပြောပြီးတာနဲ့ သူ့ခေါင်းကိုအနည်းငယ်အကြောဆန့်လိုက်ပြီး မျက်လုံးတွေကို ကြိုပြီးမှိတ်ထားလိုက်သည်။


မကြာခင်မှာပဲ ရွှီလော့ယန်က ချီချန်အန်းရဲ့အနမ်းက သူ့နှုတ်ခမ်းပါးပေါ် ကျဆင်းလာတာကိုခံစားလိုက်ရပြီး ၊ထိုအချိန်အတွင်းမှာ သူ့ရဲ့စိုးရိမ်စိတ်တွေအကုန်ပျောက်သွားကာ ပျားရည်တစ်ဇွန်းအပြည့်စားလိုက်ရသလို ခံစားလိုက်ရသည်။


သို့ပေမဲ့ နောက်အခိုက်တန့်မှာပဲ ချီချန်အန်းရဲ့ဖုန်းကမြည်လာလေသည်။ရွှီလော့ယန်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကာ နမ်းနေတာကိုရပ်ပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ချီချန်အန်းက သူ့နှုတ်ခမ်းတွေကို စုတ်နေဆဲဖြစ်တယ်ဆိုတာကိုချက်ချင်းပဲ သိလိုက်ရသည်။


တစ်ချိန်ထဲမှာပဲ ဖုန်းထဲက လျန်ချိုးရဲ့အသံကိုကြားလိုက်ရသည်။


"သခင်လေးချီ ကျွန်တော်တို့ စုံစမ်းတာတော်တော်လေး ခရီးရောက်နေပြီ။"


ချီချန်အန်းက ရွှီလော့ယန်ရဲ့ နှုတ်ခမ်းတွေကို ခဏလောက်လွှတ်ပေးလိုက်ပြီး "အင်း၊ဆက်ပြော"လို့ခပ်တိုတိုပဲ ပြောလိုက်ပြီးနောက် ရွှီလော့ယန်ရဲ့ နှုတ်ခမ်းတွေကို ပြန်ဖမ်းယူလိုက်သည်။


ယခုအချိန်မှာသူ့ရဲ့ နှလုံးကအဆက်မပြတ်ခုန်ပေါက်နေပြီ ဒီလိုအနမ်းမျိုးက ဒီလောက်စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့တစ်ခါမှမမျှော်လင့်ဖူးပေ။


ဖုန်းထဲက လျန်ချိုးရဲ့အသံက ဆက်ပြီးထွက်လာသည်။


"လွန်ခဲ့တဲ့ရက်သုံးဆယ်လောက်က ဝမ်ယွိရှင်းက ကော့တေးပါတီတစ်ခုတက်ရောက်ခဲ့ပြီး သူက သိုက်ရွှယ်ချင်းဆီပြေးဝင်သွားခဲ့တာ အဲ့နေ့ညနေပိုင်းမှာပဲ သိုက်ရွယ်ချင်းရဲ့ အတွင်းရေးမှုက ဝမ်ယွိရှင်းရဲ့ အတွင်းရေးမှုးကိုဆက်သွယ်ခဲ့တယ်


နောက်တစ်ရက်မှာဝမ်ယွိရှင်းကို သူ့ရဲ့အေးဂျင့်က သိုက်ရွှယ်ချင်းစီ ခေါ်သွားပြီး သိုက်ရွယ်ချင်းက ဝမ်ယွိရှင်းရဲ့ အကြွေးပုံကြီးကိုဆပ်ပေးတဲ့အပြင် ဇိမ်ခံအိမ်တစ်လုံး၊ကား၊ရွက်လှေနဲ့ သူ့အတွက် နောက်ကနေထောက်ပံ့ပေးမယ် ဒါပေမဲ့ သူ့ရဲ့နောက်လိုက်ဖြစ်ပေးရမယ်ဆိုတဲ့ သဘောတူညီမှုရှိခဲ့တယ်တဲ့"


ချီချန်အန်းက ရွှီလော့ယန်ရဲ့နှာဖျားကို ထိကပ်ရုံလေးနမ်းလိုက်ပြီး"ဆက်ပြော"


"အခုကိစ္စက ဝမ်ယွိရှင်းရဲ့ ကိုယ်ပိုင်စိတ်ကူးပဲ၊အစောပိုင်းကောက်ချက်ချချက်အရဝမ်ယွိရှင်းက မစ္စတာရွှီကို အပြစ်ရှာရတဲ့အကြောင်းအရင်းက အရင်ကအမုန်းတရားတွေကြောင့်ဖြစ်ပြီး အဲ့ဒါကတစ်ဆင့် သိုက်ရွယ်ချင်းကိုကျေနပ်စေချင်တာကတစ်စိတ်တစ်ပိုင်းဖြစ်နိုင်ချေရှိတယ်"


သူကနောက်ထပ်ဆက်မပြောခင် ခနလောက်နားလိုက်ပြီး "နောက်ထပ်သိလာရတာတစ်ခုက သိုက်ရွယ်ချင်းက မစ္စတာရွှီရဲ့မိဘတွေနဲ့အတူတူ မိဘမဲ့ဂေဟာကကြီးပျင်းလာတဲ့မိဘမဲ့ကလေးတစ်ယောက်ပဲ မစ္စတာရွှီရဲ့ဖခင် ရွှီချင်ချင်းညွှန်ကြားတဲ့ထုတ်လုပ်မှုတိုင်းရဲ့ နောက်ကွယ်မှာ သိုက်ရွယ်ချင်းက သုံးပုံနှစ်ပုံလောက်ပါဝင်နေခဲ့တယ်"


ဖုန်းခေါ်ဆိုမှုပြီးသွားတဲ့နောက်မှာ ရွှီလော့ယန်က အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး "သိုက်ရွယ်ချင်းက ငါ့မိဘတွေကို ပြင်းပြင်ထန်ထန်မုန်းနေတာလို့ အန်ကယ်ကျန်းက ပြောခဲ့တာ၊အဲ့ဒါကို သူကဘာလို့ငါ့အဖေရဲ့ ရုပ်ရှင်တွေမှာ တိတ်တဆိတ်ရင်းနှီး မြှပ်နံနေတာလဲ"


သူ့မိဘတွေစီကနေ "သိုက်ရွှယ်ချင်း" ဆိုတဲ့ နာမည်ကိုတစ်ခါမှမကြားဖူးတဲ့ ရွှီလော့ယန်က ဇဝေဇ၀ါဖြစ်သွားရ၏။


 "သူတို့ကတစ်ချိန်တုန်းက အရမ်းရင်းနှီးခဲ့ကြပြီး နောက်ပိုင်းမှာ ရန်သူတွေဖြစ်သွားကြတာလား"


ရွှီလော့ယန်ကသူ့ဆံပင်ကို ကုတ်လိုက်ရင်း မျက်မှောင်ကျုံ့လိုက်ကာ"ဒီလိုစဥ်းစားရတာက ငါ့ကို ထိပ်ပြောင်စေတော့မှာပဲ"


ချီချန်အန်းက စာပွဲပေါ်မှာတင်ထားတဲ့ ရွှီလော့ယန်ရဲ့ ဆဲလ်ဖုန်းကိုကြည့်လိုက်မိပြီး ဒီကိစ္စအပေါ်ထိုသူထင်နေသလောက်စိတ်ပူမနေဘူးဆိုတာသိလိုက်ရသည်။


စားချင်တာတစ်ခုခုရှိလားလို့ ချီချန်အန်းက ရွှီလော့ယန်ကိုမေးလိုက်တဲ့အချိန်မှာ သူကတစ်ခုခုကိုတွေးနေသလိုမျိုး ပြုံးနေပြီး"ချန်အန်း 'နျောင်နျောင် ဆံပင်တွေကျွတ်မှာမဟုတ်ဘူး'လို့နှလုံးသားထဲမှာသုံးခါတွေးပြီးတော့ ငါ့ကိုအနမ်းတစ်ပွင့်ပေး"


ရွှီလော့ယန် သူ့ကိုဘာလို့ထိုသို့လုပ်ခိုင်းရတာလဲဆိုတာကို ချက်ချင်းနားလည်သွားပေမယ့် ချီချန်အန်းတစ်ယောကါအနည်းငယ်ကူကယ်ရာမဲ့စွာပြုံးလိုက်မိပြီး ၊ရွှီလော့ယန်တောင်းဆိုတဲ့အတိုင်း သုံးကြိမ်ပြောပြီး မျက်ခုံးနှစ်ဖက်ကြားနေရာလေးကို လေးလေးနက်နက် နမ်းလိုက်တော့၏။


-နျောင်နျောင်ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်-



__


ရွှီနျောင်နျောင်ရဲ့စိတ်ခံစားချက်လေး:


ငါ့အပိုင်နတ်ဆိုးကြီး~[ပါးနှစ်ဖက်ရဲနေ]


____


Translated By IQ-Team.