အပိုင်း ၆၃
Viewers 6k

🍬Chapter 63

------------


နောက်တစ်နေ့ နံနက်စောစောအချိန်၌ ရွှီလော့ယန် ယိုလိအင်တာတိန်းမန့်သို့ ရောက်ရှိနေခဲ့သည်။


ကျန်းသုန့်၏‌ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွား၍ ပါဆယ်ဝယ်လာသည့်မနက်စာကို ခင်းကျင်းကာ "ကျန်းကော၊ ထွက်လာပြီး မနက်စာစားတော့။ ရွှယ်ယင်းနဲ့တခြားလူတွေကရော ဘယ်ရောက်နေတာလဲ။"


"ငါ ဒီမှာ။" 


ကျန်းသုန့်ပြန်မဖြေနိုင်ခင်မှာဘဲ သူ့နံဘေးရှိ ဧည့်ခန်းမမှတံခါးပွင့်လာကာ၊ လူထုဆက်ဆံရေးလက်ထောက် ရွှယ်ယင်းက လျှောက်လာသည်။ သူမ၏ တိုတောင်းသည့်ဆံပင်များက ရှုပ်ပွနေပြီး ကြေမွနေသည့် အဖြူရောင်တီရှပ်လက်ရှည်ကိုဝတ်ဆင်ထားသည်။ သူမက စားပွဲထံသို့အပြေးလေးလာကာ အင်္ကျီလက်ကိုပင့်မ၍ ဆန်ပြုတ်၍စသောက်လေတော့သည်။


သူမ၏နောက်မှ လိုက်လာသည်က သန်းဝေလျက်ရှိသော လုတိ။ သူက အနည်းငယ်နုံးချည့်နေသေးသော်လည်း ရွှယ်ယင်း၏ပုံစံကိုမြင်လိုက်ရသော်အခါ၊ ခြိမ်းခြောက်ခံလိုက်ရသလို ခံစားရပြီး သူမနောက်မှအမြန်ပြေးလိုက်လာကာ ပေါင်မုန့်တစ်တုံးကို နှစ်ကိုက်၊သုံးကိုက်ဖြင့် ကုန်စင်အောင် စားသုံးလိုက်၏။


ကျန်းသုန့်မှာတော့ လွန်ခဲ့သည့်နှစ်ရက်အတွင်း ပြည်တည်နာ ငါးခုပေါက်လာခဲ့သည့်အတွက် စကားပြောလျှင်ပင် နာကျင်နေရသည်။ သို့နှင့်သူက ဆန်ပြုတ်ကိုသာ ဖြည်းဖြည်းသာသာစားနေလေ၏။


"မနေ့တုန်းက သိုက်ရွှယ်ချင်းက ဖြေရှင်းချက်ထုတ်ခဲ့ပြီးတော့၊ အရေးအကြီးဆုံးအပိုင်းကို ဖြည်သွားပေးတယ်။ နောက်တော့ လူထုအမြင်ရဲ့ဖိအားအောက်မှာ၊ ရုပ်ရှင်ကျောင်းတော်ကလည်း ကြော်ငြာချက်တစ်ခုထုတ်ခဲ့တဲ့အပြင်၊ အငြိမ်းစားယူသွားပြီးသားဆရာတစ်ယောက်အပေါ် အပြစ်ပုံချဖို့ လုပ်ခဲ့တယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။"


ရွှီလော့ယန်ခေါင်းညိတ်သည်ကို မြင်သည့်အခါ၊ ကျန်းသုန့်က ပြောလာသည်။ 


"ငါတို့အခုဆက်လုပ်ရမှာက ဒီဇာတ်လမ်းရဲ့အရှိန်ကိုထိန်းထားပြီး၊ ပြန်ပေါ်လာနိုင်ချေရှိတဲ့ အမည်းစက်နဲ့သံသယဝင်စရာဖြစ်ရပ်တွေအကုန် ရှင်းလင်းပစ်ဖို့ပဲ။"


ရွှီလော့ယန်က အသိစိတ်ရှိရှိဖြင့် "ဒါဆို၊ ကျွန်တော်လည်း နောက်ရက်နည်းနည်းကြာတဲ့အထိ ပို့စ်မတင်ဘဲရပ်ထားမယ်။ PR ကိစ္စတွေပြီးသွားတဲ့အခါမှပဲ ကျွန်တော်အသံထွက်တော့မယ်လေ" 


သူ့ရဲ့ အဓိကအကောင့်ကို မသုံးရရင်တောင်၊ သူ့ရဲ့ လျှို့ဝှက်ထားတဲ့အကောင့်ကို သုံးလို့ရတယ်။


"အင်း။ ဒီအဖြစ်အပျက်ကြောင့်၊ အခုချိန်မှာ အင်တာနက်တစ်ခုလုံး မင်းနာမည်ပဲကြီးစိုးနေပြီးတော့၊ လူတွေရဲ့သနားစိတ်ကလည်း မင်းအတွကိအတော်လေး မြင့်တက်နေတယ်" 


ကျန်းသုန့်က သူ့ကို ခွဲခြမ်းစိတ်ဖြာပြလာသည်။ 


"မင်းရဲ့အခုအခြေအနေနဲ့မတူဘဲ၊ မင်း လူသစ်ဘဝတုန်းကတော့၊ အသက်လည်းမပြည့်သေးတဲ့အပြင်၊ မင်းမိဘတွေပါ မကျန်းမမာဖြစ်ပြီးဆုံးပါးသွားတာ။ အဲ့လိုမျိုးအခြေအနေအောက်မှာ မင်းက မင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ ပထမတန်းကနေ ရုပ်ရှင်ကျောင်းတော်ကို ဝင်ခွင့်ရခဲ့တာ။ ဒါက လုံးဝကို ဘေးအိမ်က သူများကလေးပုံစံပဲ။ အရမ်းကို အတုယူစရာကောင်းတယ်။ ဒီတစ်ချက်တည်းကတင်ပဲ ဖြတ်သွားဖြတ်လာတော်တော်များများက မင်းဖန်အဖြစ်ပြောင်းလဲသွားနိုင်တယ်။


ပြီးတော့ သိပ်မကြာဘဲ၊ အရင်မျိုးဆက်ရဲ့ရန်ငြိုးရန်စတွေထဲ ပါဝင်ပက်သက်မိပြီးတော့၊ လွဲမှားစွာစွတ်စွဲခံရပြီး တိုင်းပြည်ကနေထွက်ခွာဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါကလုံးဝကို သနားစရာဂေါ်ဖီထုပ်လေးရဲ့ လက်တွေ့ဗားရှင်းပဲ အကောင်းကြိုက်သူတွေက ဒီလိုမျိုး ခွေးသွေးဆန်ဆန်ဒရာမာမျိုးကို ကြိုက်ကြတယ်"


ရွှီလော့ယန်က "အဲ့ဒါက တကယ်တော့ အဲ့လောက်လည်းမဆိုးပါဘူး" ဟု လေသံတိုးတိုးဖြင့် ပြောလိုက်သည်။


သူပြောသည်ကို မကြားချင်ယောင်ဆောင်ကာ၊ ကျန်းသုန့်က ဆက်ပြော၏။ 


"အဲ့ဒီတော့၊ ဒီကိစ္စတွေအပြီးမှာ၊ မင်းရဲ့ကျော်ကြားမှုက မိုးထိုးသွားလိမ့်မယ်။ ဒါပေမယ့်၊ ဖန်တွေကို ဆွဲဆောင်ဖို့ လွယ်ကူသလို၊ ဖန်တွေကို ဆုံးရှုံးရဖို့ကလည်း လွယ်တယ်။ ဒီတော့၊ ဒီကျော်ကြားမှုရေလှိုင်းကို မင်းအနေနဲ့ တည်ငြိမ်အောင် ထိန်းထားနိုင်မလားကတော့ ‌နောက်ပိုင်းဘာဆက်ဖြစ်‌လာမလဲအပေါ် မူတည်တယ်။


သိုက်ရွှယ်ချင်းကိုတောင် တောင်းပန်ချက်ထုတ်အောင်လုပ်နိုင်တဲ့ မင်းနောက်ကွယ်ကလူက ဘယ်သူများဖြစ်နိုင်မလဲဆိုပြီး အင်တာနက်ပေါ်မှာ ဆွေးနွေးနေကြတာက၊ အခုတော့ သိပ်အရေးမပါသေးဘူး တရားမျှတမှုရဲ့ လက်တွဲဖော်ကလည်း တရားမျှတသူပဲဖြစ်လိမ့်မယ်။"


ရွှီလော့ယန်က ပြုံးကာခေါင်းငြိမ့်လိုက်ပြီး၊ နောက်ထပ်နှစ်စက္ကန့်လောက် ငေးငိုင်နေသည်။ ရုတ်တရက်ကြီး တရားမျှတမှုရဲ့လက်တွဲဖော် မစ္စတာချီကို သူလွမ်းလာသည်။


ကြက်သားမှိုဆန်ပြုတ်ကို ဖြည်းညှင်းစွာသောက်သုံးပြီးသည့်အခါ၊ ကျန်းသုန့်က သူ၏ တက်ဘလက်ကို ရွှီလော့ယန်ထံ လှမ်းပေးကာ၊ "အန္တရာယ်ကြားက ကောင်းချီးရောက်လာတာပဲ မနေ့ညတည်းက ၊ ငါ့အီးမေးလ်ထဲမှာ ဇာတ်ညွှန်းတွေ၊ ကြော်ငြာတွေနဲ့ ရှိုးပွဲဖိတ်ကြားချက်တွေနဲ့ ပြည့်လျှံနေတာပဲ။ ငါအဲ့ဒါတွေကို သေချာစိစစ်ထားပေးတာမို့၊ မင်းကြည့်ကြည့်ပြီး ကောင်းမယ်ထင်တာလေးကို ရွေးကြည့်။"


ထိုအချိန်၌၊ ရွှယ်ယင်းက သူမ၏လပ်တော့အား ပိုက်ကာ ကမန်းကတန်းဖြင့် "ဝမ်ယွီရှင်း အဖမ်းခံလိုက်ရပြီ"


ရွှီလော့ယန်နှင့် ကျန်းသုန့်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ပြိုင်တည်း၌ "ဝမ်ယွီရှင်း အဖမ်းခံလိုက်ရတယ်၊ဟုတ်လား"


ကွန်ပျူတာမျက်နှာပြင်ကို သူတို့ထံလှည့်ပြကာ၊ ရွှယ်ယင်းက ခေါင်းငြိမ့်ရင်း "ဟုတ်တယ် ဟုတ်တယ် အဖမ်းခံလိုက်ရတာ။ အခုလေးတင်ပဲ။ ဆေးဝါးတွေလက်ထဲတွေ့ရှိမှုနဲ့ ဆေးသုံးဖို့ အုပ်စုဖွဲ့မှု။ သူ့ကို အာဏာပိုင်‌တွေက ချက်ချင်း ဖမ်းသွားတာ။"


ဆေးဝါးဟူသော စကားအား ကြားသည့်အခါ၊ သိုက်ရွှယ်ချင်း၏ရုံးခန်း၌၊ ဝမ်ယွီရှင်းအတော်လေး ပိန်ကျသွားသည်ကို သတိထားမိသော်လည်း သူသိပ်ပြီး မစဉ်းစားမိခဲ့ကြောင်း မှတ်မိသွားသည်။ ဝမ်ယွီရှင်းက ဆေးဝါးများသုံးစွဲခြင်းကို ရပ်တန့်လိုက်ပြီဟု သူထင်ခဲ့ခြင်းပင်။


ရွှယ်ယင်းတစ်ခုခုပြောချင်နေသည်ကို မြင်သည့်အခါ၊ "ထပ်ရှိသေးလို့လား" ဟု ကျန်းသုန့်က မေးလိုက်သည်။


"ရှိတယ် ရှိတယ် ရှိတယ် နောက်ထပ်တစ်ခုထပ်ရှိတယ်" 


ရွှယ်ယင်းက window tab ကိုပြောင်းကာ၊ ကွန်ပျူတာစခရင်အား ပြန်ညွှန်ပြလိုက်သည်။ 


"ဟိုးအရင်နှစ်တွေတုန်းက တစ်ဆယ့်လေးပြည်နယ်အား ငြိမ်းချမ်းစေမည့် ဓားတစ်လက်" ရိုက်ကွင်းမှာဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခု။ ဝမ်ယွီရှင်းက ဝိုင်ယာကြိုးတွေကို တစ်ခုခုလုပ်ထားတာကြောင့်၊ ရွှီကောပြုတ်ကျသွားပြီး ဆေးရုံတင်လိုက်ရတာကို၊ မျက်မြင်သက်သေတွေရော၊ ဗီဒီယိုသက်သေနဲ့ရော အသေးစိတ်ပြထားတယ် ဒါက တကယ့်ကိစ္စကြီးပဲ။"


ကျန်းသုန့်က ထိုသတင်းဆောင်းပါးရှည်ကြီးကို အစမှအဆုံးထိ ဂရုတစိုက်ဖတ်ကာ ဖတ်ပြီးသွားသည့်အခါ ရွှီလော့ယန်ကို ကြည့်၍ "မင်းရဲ့မစ္စတာချီက ဒါကို အချိန်အကြာကြီးပြင်ဆင်ထားတယ်နဲ့တူတယ် ဒီတစ်ခါတော့ ဝမ်ယွီရှင်းတစ်ယောက် အခြေအနေတွေပြန်ပြောင်းဖို့ အတော်လေးခက်ခဲလိမ့်မယ်"


အခြားတစ်ဖက်တွင်တော့ ချီချန်အန်းက ချီချန်ယင်းနှင့် ဗီဒီယိုကောလ်ပြောနေလေသည်။


"ဒီရက်တွေအတွင်း ကျန်းမာရေးအခြေအနေကရော" 


ချီချန်ယင်းမှာ ရုံးခန်းထဲ၌ထိုင်နေကာ သူ့အနောက်တွင် ကြီးမားသည့် ပန်းချီကားချပ်တစ်ချပ်ကို ချိတ်ဆွဲထားပြီး အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ကာ၊ လည်စီးကိုလည်း သပ်သပ်ရပ်ရပ်စည်းထားလေသည်။


"ကောင်းပါတယ်။ ‌နေ့တိုင်း ဆေးတွေကို အချိန်မီသောက်အောင် လော့ယန်က အမြဲသတိပေးပေးတယ်" 


သူ့နာမည်ကို နှုတ်မှပြောလိုက်သောအခါ ချီချန်အန်း၏မျက်ဝန်းများက နူးညံ့သွားရသည်။


ချီချန်ယင်းကလည်း ပြုံးလျက်ဖြင့် "ငါ သတင်းတွေတွေ့လိုက်တယ် မင်း ဝမ်ယွီရှင်းကိုပါ ကိုင်တွယ်လိုက်တာလား။"


"အင်း ကျွန်တော် လုပ်လိုက်တာ။" 


ရွှီလော့ယန် ဝိုင်ယာပေါ်မှ ကြောက်လန့်ဖွယ်ပြုတ်ကျသွားပြီး ယခုထိတိုင် သဘာဝမကျဖြစ်နေသေးသည့် သူ၏လက်သန်းလေးကို တွေးလိုက်မိသည့်အခါ ချီချန်အန်း၏မျက်ခုံးများက ရန်လိုမှုတို့ဖြင့် တွန့်ချိုးလာလေသည်။


ချီချန်အန်း၏အမူအယာကို အာရုံစိုက်နေသည့် ချီချန်ယင်း၏လေသံက နူးညံ့သွားရကာ "သူပဲဆိုတာ မင်းသေချာလား"


"အင်း။ သူပဲ...တခြားတစ်ယောက်ရှိမလာနိုင်ဘူး" 


ချီချန်အန်းက တံခါးဘောင်ကို မှီကာ "အကိုကြီး ကျွန်တော် လျန်ချိုးကို စီစဉ်ခိုင်းထားတယ်။ နောက်လာမယ့် ဘုတ်အစည်းအဝေးတွေအကုန် ကျွန်တော် တက်မယ်။"


ချီချန်ယင်းက ရယ်မောကာ "အစစအရာရာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ မင်းက ငါ့ထက်ပိုပြီး အရည်အချင်းရှိတယ်။ အဖေကလည်း မင်းက သူနဲ့ အတူဆုံးပဲလို့ ပြောတတ်တယ်။ ဒါပေမယ့် သူမင်းကို အစည်းအဝေးခန်းမကို ဆွဲခေါ်သွားတိုင်း အစည်းအဝေးခန်းရဲ့တံခါးဝကနေ အမြဲတမ်းမင်းပြန်လှည့်ပြေးသွားနေကျ မဟုတ်ဘူးလား ရုတ်တရက်ကြီး ဘာဖြစ်လို့ ပြန်စချင်လာရတာလဲ"


"ကျွန်တော် သူ့ကို ကာကွယ်ပေးချင်တယ်။" 


ထိုအဖြေအား ကြားလိုက်ရသော်အခါ ချီချန်ယင်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း ထင်ထားသည့်အတိုင်းပဲဟုသာ ခံစားလိုက်ရသည်။ 


စခရင်ပေါ်မှလူကို သေချာကြည့်ရှုလိုက်ရာ၊ ဤအချိန်တိုလေးအတွင်း ချီချန်အန်းက အမှန်ပင် တော်တော်လေးပြောင်းလဲသွားကြောင်း သိရှိလိုက်ရသည်။ သူက ပို၍ပြုံးလာကာ၊ ပို၍ စကားများများပြောလာပြီး သူနှင့်စကားပြောရာတွင်လည်း ပို၍ စိတ်အေးလက်အေးရှိလာလေသည်။ အရင်တုန်းကလို သူ့နံဘေးရှိလူတိုင်းအား သတိထားစောင့်ကြပ်နေတတ်သည့်လူမဟုတ်တော့ပေ။


ချီချန်ယင်းမှာ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း အနည်းငယ် ဝိရောဓိဖြစ်နေသေးသည်။ သူ၏ညီငယ်လေးမှာ ယခုသူ့အနေနှင့် သူတတ်စွမ်းနိုင်သလောက်အင်အားဖြင့် ကာကွယ်ပေးချင်သောသူတစ်စုံတစ်ယောက်ရှိလာပြီဖြစ်ပြီး ထိုသူအတွက်ကြောင့်ပင် သူက ပို၍အင်အားကြီးလာချင်နေသည်။


ချီချန်ယင်းက ညင်သာစွာဖြင့် "မင်းအတွက် အကိုကြီးအမြဲတမ်းရှိနေပေးမယ် မင်းသေချာပေါက်ကို လုပ်နိုင်မှာပါ။"

(အစိမ်းရောင်တောအုပ်လေး ချန်အန်းကောကိုလိုချင်လိုက်တာ🌳🌳🌳)


------------


နှိုးစက်ကိုပိတ်ပြီးသည့်အခါ၊ ရွှီလော့ယန်သည် ‌ဟိုတယ်မှ paradise cove သို့ ပြန်သွားကာ၊ အထုပ်များ ထုပ်ပိုး၍၊ ချီချန်အန်းကိုခေါ်ကာ သူ၏အိမ်သို့ ပြန်လာခဲ့သည်။ သူ ယိုလိအင်တာတိန်းမန့်မှပြန်လာသည့်အခါတွင်၊ သူက လုံးဝကို အားအင်ကုန်ဆုံးနေပြီဟု ခံစားရသည်။ သူက တံခါးဝ၌ အိမ်တွင်းစီးဖိနပ်ကိုလဲဝတ်လိုက်ပြီး တစ်ကိုယ်လုံးအရိုးမရှိသလိုမျိုး ချီချန်အန်းအပေါ်သို့ ခုန်တက်လိုက်တော့သည်။ 


ရွှီလော့ယန်၏ခါးတဝိုက် သူ့လက်မောင်းများဖြင့် အသာပွေ့ဖက်ကာ ချီချန်အန်းက သူ့နားရွက်ဖျားလေးများကို ပုံမှန်လိုပင် နမ်းရှိုက်လိုက်သည်။ 


"ပင်ပန်းနေပြီလား"


"အင်း အရမ်းမောတာပဲ။" 


ရွှီလော့ယန်က ခါးသီးသော မျက်နှာထားဖြင့် "တစ်မနက်လုံး ဇာတ်ညွှန်းတွေဖတ်နေရတာ၊ ငါ့ဦးနှောက်တွေပေါက်ထွက်တော့မလိုပဲ။ ပြဿနာက ဇာတ်ညွှန်းတွေကလည်း အရမ်းဖတ်ရခက်ခဲတာပဲ။ ကြမ်းကြုတ်ပြီး သွေးသံတရဲရဲနဲ့ဇာတ်လမ်းတွေဖြစ်ရင်ဖြစ်၊ မဟုတ်ရင် မင်းကငါ့ကိုကြိုက်ပေမယ့် ငါကသူ့ကိုကြိုက်တယ်ဆိုတာမျိုး၊ ရှုပ်ထွေးပွေလီတဲ့ဆက်ဆံရေးဇာတ်လမ်းတွေကြီးပဲ။ အဓိကက ကျန်းကောက သေချာစိစစ်ထားပြီးတာတောင် အဲ့ဒါတွေပဲကျန်နေသေးတာ"


"ဒါရိုက်တာကျန်းရဲ့ 'မတူသောလမ်း' ထွက်လာတဲ့အခါကျ၊ ကမ်းလှမ်းလာတဲ့ဇာတ်ညွှန်းတွေက အရည်အသွေးပိုမြင့်လာပြီး၊ တန်ဖိုးလည်းပိုပြီးမြင့်လာမှာပါ။ အဲ့ဒါကြောင့်၊ အခုလတ်တလောတော့ ရုပ်ရှင်ရိုက်တာကို ခဏနားထားလို့ရပါသေးတယ်။"


"ကျန်းကောနဲ့ငါလည်း အတွေးတူတယ်။ ဒါပေမယ့် အရင်ကရိုက်ထားတဲ့ 'မတူသောလမ်း'နဲ့ ဒါရိုက်တာချူးဝေ့ရဲ့ ရုပ်ရှင်ကလည်း နှောင့်နှေးနေတာ တော်တော်ကြာနေပြီမို့လို့ ကုမ္ပဏီက ထပ်မစောင့်‌နိုင်တော့ဘူး။ အဲ့ဒါကြောင့်၊ ပြင်ပ ရသစုံရိုက်ကူးရေးတစ်ခုခုကို အရင်ရိုက်ချင်ရိုက်ရနိုင်တယ်။ ဒါပေမယ့် ဘာရိုက်ရမလဲဆိုတာ ဆွေးနွေးနေတုန်းပဲ။" 


ထိုသို့ပြောပြီးနောက် "မင်းကရော" ဟု ရွှီလော့ယန်က မေးလိုက်သည်။


"ကိုယ်အခုတော့ ဇာတ်ညွှန်းလက်မခံသေးဘူး။ ဒါပေမယ့် ကိုယ့်မှာ တခြားလုပ်စရာကိစ္စတွေရှိနေသေးတယ်။ ပြီးတော့ ကိုယ် S မြို့ကို သွားရဦးမယ်။"


"မင်းဘယ်တော့လောက် သွားရမှာလဲ။" 


ရုတ်တရက် ပျောက်ဆုံးသွားသလို ခံစားရကာ၊ ရွှီလော့ယန်က အသံတိုးတိုးလေးဖြင့် "ငါတို့က အခုမှအတူတူရှိရတာကို မင်းကထွက်သွားတော့မယ်ပေါ့။ ဒီလောက်အစောကြီး LDRSအချစ်ဇာတ်လမ်းကို စရတော့မှာလား။ တကယ်ကြီး ဝမ်းနည်းကြေကွဲစရာကောင်းလိုက်တာ။"


ချီချန်အန်းက သူ့အားတီးတိုးပြော၍ နှစ်သိမ့်ပေးလာသည်။ "လေယာဉ်က သန်ဘက်ခါမနက်ထွက်မှာ။ အလုပ်ကိစ္စတွေပြီးသွားတာနဲ့ ကိုယ်ချက်ချင်းပြန်လာခဲ့မယ်လေ။ သိပ်မကြာပါဘူး။"


"သန်ဘက်ခါလား။" 


ရွှီလော့ယန်က ဖုန်းထုတ်ကာ S မြို့၏ ရာသီဥတုခန့်မှန်းချက်ကိုရှာဖွေလိုက်သည်။ ထို့နောက် တစ်ပတ်လုံးလုံး မိုးဆက်တိုက်ရွာမည့်အကြောင်းကို တွေ့လိုက်ရသည်။ သူက ခဏလောက်စဉ်းစားကာ 'ချန်အန်း၊ခဏ' ဟုဆို၍ စတိုခန်းသို့ ပြေးသွားလေ၏။


ခဏလောက်ကြာသည့်အခါ၊ ရွှီလော့ယန်က ခေါက်ထီးတစ်ချောင်းနှင့် ပြန်ထွက်လာပြီး စာကြည့်ခန်းသို့ဝင်ကာ၊ ဘောပင်တစ်ချောင်းကိုရှာ၍၊ ထီး၏အတွင်းဘက်တွင် သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။ 


လက်မှတ်ထိုးထားတာ ခြောက်သွားသည်အထိ သေချာစောင့်ပြီးမှ၊ သူက ချီချန်အန်းအား ထီးကိုပြကာ "ဒါဆို မင်းထီးဖွင့်လိုက်တဲ့အချိန်တိုင်း ငါ့အကြောင်းတွေးမိမှာပဲ။" 


သူ့ကိုကြည့်ကာ ချီချန်အန်းက နူးညံ့စွာဖြင့် "ကောင်းပြီ။ ကိုယ်ဒီထီးကို နေ့တိုင်းဆောင်းပါ့မယ်။"


"အင်း။" 


အခြားတစ်ခုကို တွေးမိသွားကာ၊ ရွှီလော့ယန်က အဝတ်လဲခန်းသို့ဝင်သွားပြီး ခဏကြာသည့်အခါ၊ အံဆွဲထဲမှ အဖြူရောင်လက်အိတ်ပါးတစ်စုံကို ဆွဲထုတ်လာခဲ့သည်။ လက်အိတ်အား သူ့လက်များထက်ဝတ်ဆင်လိုက်ပြီး ချီချန်အန်းထံ ဘောပင်ကို‌ပေးလိုက်ကာ သူ့လက်များကို ဖြန့်ကားလိုက်ရင်း "မစ္စတာချီရေ၊ လက်မှတ်လေးများ ထိုးပေးနိုင်မလား နည်းနည်းသေးသေးလေးနော် အရမ်းကြီးကြီးမထိုးပေးနဲ့။"


ထိုသို့ပြောကာ သူက လက်မှတ်ထိုးရမည့် နေရာနှင့် ဧရိယာတစ်ဝိုက်ကို ညွှန်ပြလာသည်။


ဘောပင်ကိုယူလိုက်ပြီး ချီချန်အန်းက သူ့အမည်ကို ဂရုတစိုက်ရေးထိုးလိုက်သည်။ 


ပြီးသွားသည့်အခါ ရွှီလော့ယန်က သူ့လက်ငါးချောင်းလုံးကို ကွေးလိုက်ကာ "ဒီလက်အိတ်ကို ငါဘယ်သွားသွားဝတ်သွားမှာ" ဟုပြောပြီးနောက်၊ သူ၏ဘယ်ဘက်လက်ကို လှုပ်ခါယမ်းလိုက်ပြီး အောင်ပွဲခံသည့်ဟန်ဖြင့် မေးကိုမော်ချီထားလိုက်သည်။ 


" မင်းက အခု ငါ့လက်ထဲမှာပဲ။"


သူ့စကားမဆုံးခင်မှာဘဲ သူ့တစ်ကိုယ်လုံး ချီချန်အန်း၏လက်မောင်းများကြား နစ်မြှုပ်သွားသည်။ ထို့နောက် သူ့နားရွက်ထိပ်ဖျားလေးကို အသာအယာအကိုက်ခံလိုက်ရတော့၏။ 


"နျောင်နျောင်၊ မင်းဒီလိုမျိုးလုပ်နေရင် ကိုယ်မသွားချင်တော့ဘူး။"


ချီချန်အန်း၏ပခုံးများကို မှီနေရင်း၊ ရွှီလော့ယန်က ကြိတ်ရယ်လိုက်သည်။ 


"သွား သွား သွား။ S မြို့ကနေပြန်လာတဲ့အခါကျ၊ ငါမင်းကို လာကြိုပြီး အိမ်ပြန်ခေါ်မယ်" 


ထို့နောက် သူက ခေါင်းကိုမော့ကာ ချီချန်အန်း၏နှုတ်ခမ်းထောင့်ဖျားကို နမ်းလိုက်တော့သည်။


နဂိုကတော့ သူက သူ့ကိုအနမ်းလေးတစ်ပွင့်ပေးချင်ရုံလေးသာ။ သို့သော် အံ့ဩစရာကောင်းလောက်အောင်ပင် ချီချန်အန်း၏လက်က သူ့လည်ဂုတ်ကို အသာအယာညှစ်ကာ လက်ကိုအပေါ်သို့ရွှေ့လာပြီး သူ့ခေါင်းအနောက်ဘက်မှတစ်ဆင့် ဖိကိုင်ထားကာ အနမ်းကိုကြာရှည်စေသည်။


ညစာစားပြီးနောက်၊ ချီချန်အန်းက စာကြည့်ခန်းထဲတွင်၊ ချီချန်ယင်းပို့လိုက်သည့် စာရွက်စာတမ်းများကိုကြည့်နေစဉ်၊ ရွှီလော့ယန်က အပြင်ဘက်ရှိဆိုဖာပေါ်တွင်ထိုင်ကာ အသီးများစား၍ ဇာတ်ညွှန်းများကို ဆက်ဖတ်နေ၏။


သိပ်မကြာမီပင် ချီချန်အန်း၏ chatbox မှ စာတစ်စောင်ဝင်လာလေသည်။


"ဘာလုပ်နေလဲ"


ထိုင်နေသည့်ပုံကိုပြောင်းကာ၊ ရွှီလော့ယန်က ဆိုဖာထက်လှဲချလိုက်ရင်း "ဇာတ်ညွှန်းဖတ်နေတယ်" ဟု အသေအချာ စာပြန်လိုက်သည်။ 


စာပို့ပြီးနောက်၊ သူက စေ့စေ့ပိတ်ထားသည့်စာကြည့်ခန်းတံခါးသို့ ခေါင်းလှည့်ကြည့်ကာ မနေနိုင်စွာ ပြုံးမိသွား၏။


မကြာမီ ချီချန်အန်းထံမှ ပြန်စာရောက်လာလေသည်။ "နျောင်နျောင်၊ ကိုယ်မင်းကို လွမ်းတယ်"


ထိုစာကိုမြင်သည့်အခါ၊ ရွှီလော့ယန်က ဆိုဖာထက်နှစ်ပတ်လောက်လိမ့်လိုက်သဖြင့် ကြမ်းပေါ်သို့ ပြုတ်ကျမတတ်ဖြစ်သွားရသည်။ သို့သော် သူကသူ့လက်သီးဆုပ်ကိုကိုက်ကာ ၊ ပျော်ရွှသ်စွာနှင့် ပြုံးလိုက်မိပြီး သူ့နားရွက်များကမူ အနည်းငယ် ပူရှိန်းရှိန်းဖြစ်လာလေသည်။


သူက ဘယ်လိုမျိုးစာပြန်ပို့ပေးရမလဲမသိတော့တာကြောင့်၊ ခဏလောက်ချိတုံချတုံဖြစ်နေပြီးမှ "မင်းရဲ့ လော့ယန်က လိုင်းပေါ်မှာမရှိတော့ဘူး" ဟုသာ စာပြန်လိုက်လေ၏။


စာကြည့်ခန်းထဲတွင်တော့ ချီချန်အန်းက စာရွက်စာတမ်းကိုလုံးဝမဖတ်နိုင်တော့ပေ။ သူဝတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကော်လာမှ ကြယ်သီးအချို့ကိုဖြုတ်ကာ၊ ထိုင်ခုံနောက်မှီသို့ သက်တောင့်သက်သာလှဲချလိုက်ပြီး မျက်နှာကြက်ပေါ်မှ မီးပန်းကိုစိုက်ကြည့်နေသည်။


ရွှီလော့ယန်...ရွှီလော့ယန်...ရွှီလော့ယန်...။ 


ထိုနာမည်ကသူ့အား စက္ကန့်ပိုင်းမျှ စိတ်များလေလွင့်စေလေသည်။ သို့သော်လည်း သူမထိန်းချုပ်နိုင်ပေ။


ထိုအခိုက်မှာပင်၊ တံခါးလော့ဖြည်သံထွက်လာကာ၊ စာကြည့်ခန်းတံခါးက ပွင့်သွားပြီး လက်ထဲတွင် တက်ဘလက်ကိုပိုက်ထားသည့် ရွှီလော့ယန်က တံခါးဝတွင် ရပ်နေလေသည်။ 


သူက အလေးအနက်ထားဟန် ဟန်ဆောင်ကာ "မစ္စတာချီ ကျွန်တော် ဝင်လာလို့ရမလား"


ချီချန်အန်းက သူ့အား စူးစိုက်ကြည့်နေပြီးမှ ခေါင်းညိတ်ပြလိုက်လေ၏။


ရွှီလော့ယန်က မျက်ခုံးလေးများပင်ကွေးနေအောင် ပြုံးကာ၊ ချီချန်အန်းနံဘေးသို့ သွက်သွက်လျှောက်လာသည်။ ထို့


နောက် ဟန်ဆောင်ပန်ဆောင်ဖြင့် ချောင်းဟန့်ကာ "ငါ့ကိုယ်ငါ မင်းကို နှစ်မိနစ်လောက် ငှားပေးလိုက်မယ်။ ပြီးရင်တော့ ငါလည်း ဇာတ်ညွှန်းကို သေချာဖတ်မယ်။ မင်းလည်း မင်းစာရွက်စာတမ်းတွေကို သေသေချာချာဖတ်။ ဒီအကြံဉာဏ်ကိုရော မစ္စတာချီ ဘယ်လိုသဘောရလဲ။"


ချီချန်အန်းက သူ့ကို ဆတ်ခနဲပေါင်ပေါ်ပွေ့တင်လိုက်ကာ၊ သူ့လည်တိုင်ဘေးဘက်ရှိ အရေပြားပေါ်သို့ အနမ်းခြွေလိုက်သည်။ 


သူက အသံကို နိမ့်ကာ "မစ္စတာချီက မင်းကို နှစ်မိနစ်ထဲ မပွေ့ဖက်ချင်ဘူး။ သူက မင်းကို သူ့ကျန်တဲ့ဘဝတစ်လျှောက်လုံး‌ ပွေ့ဖက်ထားချင်တာ။ အဲ့ဒီလိုဆိုရင်ရော အဆင်ပြေလား။"


ရွှီလော့ယန်က ခေါင်းကိုညိတ်ကာ၊ မျက်နှာထက်မှအပြုံးကိုအတင်းဖိနှိပ်လိုက်ပြီး အလေးအနက်ဖြစ်နေသည့် မျက်နှာလေးဖြင့် ဖြေလိုက်တော့၏။


 "ကျွန်တော် စဉ်းစားကြည့်လိုက်ဦးမယ်"


--------


ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး:


ကြီးမြတ်တဲ့နတ်ဆိုးထက်တောင် ငါကပိုပြီး လောဘကြီးနေမိတယ်။ ဒါပေမယ့် ငါ့ရဲ့သက်တမ်းက တအားတိုလွန်းတယ်။ ဒီတော့ ငါ ချီချီနဲ့ အတူတူ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးသင့်လား၊ မဆွေးနွေးသင့်ဘူးလား...အိုင်း...၊ အရမ်း စိတ်ရှုပ်ရတာပဲ။


___


Translated By IQ-Team.