Chapter 176[The End]
နန်းတွင်းထဲရှိ အဆောင်တစ်ခုတွင်...
ရှန်းပုပုက ရှန်းလျိုရှန့်၏ရင်ခွင်ထဲ တိုးဝင်နေပြီး ပန်းသီးတစ်လုံးကိုကိုင်ထားကာ သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်လေးများကလည်း အရောင်တလက်လက်တောက်နေသည်။ သူက ခေါင်းကို ဘယ်ညာလှည့်ပြီး အရွက်လေးများကို ယမ်းနေသည်။
" ပါပါး ဘာလို့ စကားမပြောတာလဲ..."
ရှန်းလျိုရှန့် : " ရှူး..."
အဆောင်ထဲမှ တောင့်တင်းနေသည့် လေထုအနေအထားက အချိန်ကြာမြင့်လာသည်။
သူတို့အရှေ့တွင်ရပ်နေသော လူငယ်လေးက ချောမောခံ့ညားသည့်မျက်နှာနှင့် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်က အသွင်ပြောင်းခြင်းအဆင့်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်တို့၏ စစ်ဆေးအကဲဖြတ်သောအကြည့်များအောက်တွင် မမြင်ရသောဖိအားတစ်မျိုးက သူ့ကိုယ်ပေါ်လွှမ်းခြုံလာပြီး ဇောချွေးများပြန်ကာ တစ်ကိုယ်လုံး အေးစက်လာသည်။
သူ့ဘေးနားတွင်မူ ရှုရှင်းလျန်က သူ့လက်ကိုကိုင်ထားပေးပြီး သူမမျက်နှာထက်တွင် စိုးရိမ်သောအမူအရာတစ်ခု ရှိနေသည်။
ရှုရှင်းချန် ၎င်းကိုမြင်သည့်အခါ သူ့အမူအရာများက မှုန်ကုပ်ကုပ်ဖြစ်သွားတော့သည်။
ရှန်းလျိုရှန့်က သည်းမခံနိုင်ဖြစ်လာ၍ ကျိုးရွှမ်လန်ကို ဆွဲခေါ်လိုက်ပြီး ဖိအားကြီးကို ရုပ်သိမ်းခိုင်းကာ ပြောလိုက်သည်။
" ထိုင်ပါဦး လုချင်းယွင်..."
လုချင်းယွင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ ရှန်းလျိုရှန့်ကို ကျေးဇူးတင်ပြီး ထိုင်တော့မည့်အချိန်တွင် ရှုရှင်းချန်၏ အေးစက်စက်နှာမှုတ်သံကို ကြားလိုက်ရသည်။ လုချင်းယွင်ကြောင်အသွားပြီး သူ့အပြုံးကို ပြန်ထိန်းထားတာ ပြန်ရပ်နေလိုက်တော့သည်။
ရှုရှင်းလျန်က သည်းမခံနိုင်တော့ပေ။
" အစ်ကိုတော်လို့..."
" ငါ သူ့ကို ထိုင်ခိုင်းလို့လား..."
အဲ့နေရာမှာ ခဏလောက် ရပ်နေတာ ဘာများဖြစ်လို့လဲ... ဒီလောက်ဖိအားလေးကိုတောင် သည်းမခံနိုင်ဘူးဆိုရင် ရှင်းလျန်ကို သူ့ဆီမှာ ဘယ်လိုယုံကြည်ပြီး အပ်ထားရမှာလဲ...
ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီး လုချင်းယွင်ကို ပြန်ထိုင်ခိုင်းကာ လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး ကမ်းပေးလိုက်သည်။
" စိတ်မလှုပ်ရှားပါနဲ့... ငါ နန်းတော်ကို ပထမဆုံးအကြိမ် ရောက်လာတုန်းကလည်း ရှုရှင်းချန်က ခဏခဏနှာမှုတ်တယ်လေ..."
" ခင်ဗျားက ရုတ်တရက်ကြီးပေါ်လာတော့ ခမည်းတော်ကို ကျုပ်ဆီကနေ လုသွားမှာစိုးလို့ပေါ့..."
ရှုရှင်းချန်က မကျေမနပ်ဖြင့် ပွစိပွစိပြောလိုက်သည်။
" ပြီးတော့ ကျွန်တော်ထင်တဲ့အတိုင်း မှန်နေတာပဲ... ခမည်းတော်က ကျွန်တော့်ကိုဆို အဲ့လောက်အထိ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး... ဒါပေမဲ့ နောက်ပိုင်းတော့ အဆင်ပြေသွားတာပါပဲ..."
ရှန်းလျိုရှန့်က မေးလိုက်သည်။
" မင်း ဘာတွေများ သဘောပေါက်သွားလို့လဲ..."
" ခမည်းတော်က ခင်ဗျားနဲ့ ရှင်းလျန်တို့ မနာလိုဖြစ်သွားမှာစိုးလို့နေမယ်..."
ရှုရှင်းချန်က လက်ဖက်ရည်ခွက်ကို တစ်ငုံယူသောက်လိုက်ပြီး သူ့မျက်နှာထက်တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေဟန် အပြုံးတစ်ခု ပေါ်လာသည်။
" ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် ခမည်းတော်နဲ့ ညတိုင်းတူတူအိပ်ရတယ်လေ... ဒါပေမဲ့ မယ်တော်က ရှင်းလျန်ကို မွေးပြီးသွားတဲ့အချိန်ကျမှ ကျွန်တော် သူတို့နဲ့ တူတူသွားအိပ်ရတာ..."
ရှုရှင်းချန်က ထိုအကြောင်းကိုတွေးလေ ပို၍ ဂုဏ်ယူဝံ့ကြွားလေဖြစ်လာလေ၏။ အဘယ့်ကြောင့်ဆိုသော် မောင်နှမသုံးယောက်ထဲတွင် သူတစ်ယောက်တည်းကသာ ဤသို့ဆက်ဆံခံရသောကြောင့်ပင်။ သို့ရာတွင် သူ ကိစ္စတစ်ခုကို မေ့နေခဲ့သဖြင့် အသိစိတ်ပြန်ဝင်လာချိန်တွင် လက်ဖက်ရည်များ သီးသွားတော့သည်။
သူ ယခုအချိန်တွင် စိတ်ကောင်းဝင်နေခြင်းဖြစ်၍ လုချင်းယွင်ကလည်း သူ့ကိုဖြုံမနေတော့ချေ။
" မင်း ဒီနေ့ကစပြီး နန်းတွင်းမှာနေလေ... ဒီနေရာမှာက ဝိညာဉ်စွမ်းအားတွေပေါတယ်ဆိုတော့ မင်းရဲ့ကျင့်ကြံရေးကို အကူအညီဖြစ်နိုင်မှာပါ... ပြီးတော့ မင်းက တောင်တွေနဲ့ မြစ်ချောင်းတွေရှိတဲ့နေရာ ခရီးသွားရတာကို ကြိုက်တဲ့အပြင် ရှင်းလျန်ကိုလည်း ခေါ်သွားချင်တယ်လို့ ငါကြားထားတယ်... အဲဒါကရပါတယ် ဒါပေမဲ့ ရှန့်ချီတောင်ကို ဖြတ်နိုင်တဲ့အထိတော့စောင့်ဦး... အဲ့မတိုင်ခင် ကျင့်ကြံတာကိုပဲ အာရုံစိုက်ထားပါ..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်မိသည်။ ရှန့်ချီတောင်ကို ဖြတ်ကျော်ရန်က ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ဦးမည်ဖြစ်၍ သူ မရယ်ဘဲ မနေနိုင်တော့ပေ။
ရှုရှင်းချန်က သူ့ကိုလှမ်းကြည့်လာသည်။
" ခင်ဗျားလည်း ဝိညာဉ်အခြေတည်အဆင့်မှာပဲ ရှိနေတာကြာပြီ... ကောင်းကင်ဘုံတက်ခြင်းအဆင့်ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ... ခင်ဗျား ခမည်းတော်ကို တတ်နိုင်သမျှမြန်မြန် မတွေ့ချင်ဘူးလား..."
ရှန်းလျိုရှန့် ချောင်းဟန့်လိုက်ပြီး ခမည်းတော်ကို သူ ထိုမျှအထိ မတွေ့ချင်နေဟု တွေးလိုက်မိသည်။
တိယွင်ယွီ ထွက်သွားသည့်အချိန်တွင် အလွန်ဒေါသထွက်နေခဲ့သည်။ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တိယွင်ယွီကဲ့သို့ စိတ်ဆိုးခဲ ပျော်ရွှင်ခဲသော လူမျိုးများက အချိန်ကြာသည်နှင့်အမျှ စိတ်ပြောင်းရန် ခက်ခဲလှပေသည်။ သူတို့ပြန်တွေ့ချိန်၌ ပညာပြခံရမည်ကိုလည်း သူ မလိုလားပေ။
ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီး သူ့ဘေးနားမှ ကျိုးရွှမ်လန်ကိုကြည့်၍ ပြောလိုက်သည်။
" မင်း ကောင်းကောင်းကျင့်ကြံတဲ့အပေါ်ပဲ မူတည်တယ်..."
သူက အချိန်တစ်ခုအထိ ကျင့်ကြံဆင့် တိုးတက်နိုင်ဦးမည်မဟုတ်၍ သူ့တပည့်က လျင်မြန်စွာတိုးတက်လာပြီး သူ့ကို ခမည်းတော်၏လက်ထဲမှ ကယ်တင်ပေးနိုင်ရန် မျှော်လင့်နေမိသည်။
ကျိုးရွှမ်လန် ခဏတာ အံ့အားသင့်သွားမိသည်။ ရှုရှင်းချန်က သူ့ရှစ်စွမ်းကို ကောင်းကောင်းကျင့်ကြံရန် သတိပေးနေသော်လည်း သူ့ရှစ်စွမ်းက သူ့ကို ကြိုးစားခိုင်းနေသည်။
စုံတွဲကျင့်ကြံတဲ့ကိစ္စကို ပြောတာများလား...
သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
" ကောင်းပါပြီ..."
ရှစ်စွမ်း တောင့်ခံနိုင်တယ်ဆိုရင်ပေါ့လေ...
သူ အဓိပ္ပါယ်ပါပါပြုံးလိုက်သည်ကို မြင်သောအခါ ရှန်းလျိုရှန့်၏စိတ်ထဲ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် ရှန်းပုပုက သူ့ကိုလိမ္မော်သီးတစ်လုံး ကမ်းပေးလာသည်။ သူ အရသာခံနေစဉ်တွင် ရှန်းပုပုမေးသည်ကို ကြားလိုက်ရသည်။
" ပါပါး ဒီမှာပဲ နေမှာလား..."
ရှန်းလျိုရှန့် မဖြေမီမှာပင် ရှုရှင်းချန်က ပြောလိုက်သည်။
" မနေချင်ဘူးဆိုရင်လည်း ရွှမ်ယောင်နန်းတော်ကို ပြန်လို့ရတယ်..."
နတ်ဆိုးလောကက အရှင်သခင်မရှိဘဲ တစ်ရက်မှ မနေနိုင်သောကြောင့် ကျိုးရွှမ်လန်က နန်းတွင်းတွင် ကြာကြာမနေနိုင်ချေ။ ရှုရှင်းချန် သူ့စိတ်ထဲတွင် ညည်းညူနေသော်လည်း ပြောလိုက်မိသည်။
" နန်းတွင်းက တိတ်ဆိတ်နေလေ ကောင်းလေပဲ အခုက လူများလွန်းနေတယ်... အစ်ကိုတော် မသွားဘူးဆိုရင်တောင် ကျွန်တော်က ရွှမ်ယောင်နန်းတော်အထိ လိုက်ပို့မလို့..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။
" တကယ်လား..."
သူ၏ သင်္ကာမကင်းဖြစ်နေသော အမူအရာကို မြင်သည့်အခါ ရှုရှင်းချန်က ချက်ချင်းပြောလိုက်သည်။
" ဒါက ဘာသဘောလဲ... ကျွန်တော့်ကို ဘယ်သူမှ မရှိရင် မနေတတ်တဲ့ သုံးနှစ်သားလို့များ ထင်နေတာလား..."
ရှန်းလျိုရှန့် : " အမွှေးတိုင်တွေရော..."
ရှုရှင်းချန် : " အကုန်လုံး လွှင့်ပစ်လိုက်ပြီ..."
ရှန်းလျိုရှန့် : " မင်း အိပ်မပျော်ရင် ဘယ်လိုလုပ်မလဲ..."
ရှုရှင်းချန် : ကျွန်တော် အိပ်ပျော်သွားရင် ခမည်းတော်ကို အိမ်မက်ထဲမှာ တွေ့နိုင်တယ်... မဟုတ်ရင် အစ်ကိုတော့်ဆီ အသံပို့လွှတ်လို့ရတာပဲ... ဒါမှမဟုတ် ရှင်းလျန်နဲ့ လုချင်းယွင်ကို အဖော်လုပ်ခိုင်းလည်းရတယ်..."
ရှန်းလျိုရှန့် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
" သေချာမှတ်ထားနော်..."
" ပုပု အဆင်သင့်ဖြစ်ပြီ..."
အစောပိုင်းက အပြင်သို့ပြေးထွက်သွားသော ရှန်းပုပုမှာ အေးစက်နေသည့် မြေကြီးများပါဝင်သည့် ကြွေအိုးလေးတစ်အိုးကို လက်ထဲသယ်လာပြီး ခေါင်းမော့၍ အားတက်သရောဖြင့် ပြောလိုက်သည်။
" ပါပါးရေ ပုပုကို မထားခဲ့ပါနဲ့... ပုပုကိုလည်း တူတူခေါ်သွားပေးပါ..."
ရှန်းလျိုရှန့် သူ့ကိုချီပြီး ပြောလိုက်သည်။
" ဒါပေါ့ သားကိုလည်း တူတူခေါ်သွားမှာ..."
ရှန်းပုပုက သူ့လည်ပင်းကို ဖက်တွယ်ထားပြီး ရွှေရောင်သစ်ရွက်ငယ်လေးများဖြင့် ရှန်းလျိုရှန့်၏လည်တိုင်ကို ပွတ်နေလိုက်သည်။ ကျိုးရွှမ်လန် ထိုအကောင်ပေါက်လေးကိုကြည့်ပြီး စိတ်ထဲတစ်ခုခု မှားယွင်းနေသည်ဟု ထင်လိုက်သည်။
ရွှမ်ယောင်နန်းတော်သို့ ရောက်သည့်အခါ ရှန်းပုပုက ကြွေအိုးဘေးကို နန်းတော်၏ ပြတင်းပေါက်ဘောင်ပေါ်ထားလိုက်ပြီးနောက် အိပ်ရာပေါ်သို့တက်လာသည်ကို ကျိုးရွှမ်လန် ကြည့်နေမိသည်။ သူက အိပ်ရာပေါ် လူးလှိမ့်နေပြီးသည့်နောက်တွင် ခဏ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။
" ပုပု ညကျရင် ဘယ်မှာအိပ်ရမှာလဲ..."
ရှန်းလျိုရှန့် : " ငါနဲ့အိပ်လေ..."
ကျိုးရွှမ်လန် : " ကျွန်တော်ကရော..."
ရှန်းလျိုရှန့် : " ပုပုက မင်းနဲ့တူတူအိပ်လည်း ဘာမှမဖြစ်ဘူးတဲ့..."
ကျိုးရွှမ်လန် မျက်လုံးများ မှေးကျဉ်းသွားသည်။
" ဒါဆို ကျင့်ကြံဖို့ကရော..."
ရှန်းလျိုရှန့် : ဟမ်... အိပ်တာက ဝိညာဉ်စွမ်းအားကျင့်ကြံတာနဲ့ ဘာဆိုင်လို့ပါလိမ့်...
ကျိုးရွှမ်လန် စကားပြောတော့မည့်အချိန်၌ ရှန်းလျိုရှန့်၏လက်ပေါ်သို့ စာတစ်စောင်ရောက်လာသည်။ ၎င်းက နန်ယောင်ချွမ်ထံမှဖြစ်သည်။ သူက စုပိုင်ချယ့်ကို လိုက်လံဖမ်းဆီးနေသော်လည်း လွတ်မြောက်သွားခဲ့ပေသည်။
ရှန်းလျိုရှန့် ခဏတာ အလေးအနက် တွေးတောနေလိုက်သည်။ စုပိုင်ချယ့်က ယခုချိန်၌ မတိုက်ခိုက်နိုင်တော့သည့်အပြင် သူ့ကိုယ်ပေါ်မှ ရှန်းလျိုရှန့်၏ ရှေးဟောင်းစာလုံးများကြောင့် ပြဿနာရှာရဲတော့မည် မဟုတ်ချေ။
ရှန်းလျိုရှန့် စာပြန်လိုက်သည်။
ညဘက်ရောက်သည့်အခါ ရှန်းပုပုက အိပ်ရာပေါ် စောစောတက်လာပြီး ရှန်းလျိုရှန့် ရေစောစောချိုးကာ အခန်းသို့ ပြန်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့ရာတွင် သူ ပါပါးဟု ဝမ်းမြောက်စွာဖြင့် လှမ်းခေါ်လိုက်သည့်အချိန်တွင် သူ ပါပါးဟုခေါ်ရတော့မည့်အခြားလူတစ်ယောက်က ရှန်းလျိုရှန့်ကို ဆွဲခေါ်သွားသည်အား မြင်လိုက်ရသည်။
ရှန်းပုပု အိပ်ရာပေါ်မှ အမြန်ထလာသည်။
" ပါပါးးး "
ကျိုးရွှမ်လန်က သူ့ဘက်လှည့်လာပြီး ပြောလိုက်သည်။
" မင်း ရေမချိုးရသေးရင် ငါတို့နဲ့ လာအိပ်လို့မရဘူး... အခု အဲ့အခန်းမှာပဲ အရင်အိပ်လိုက်တော့..."
ရှန်းပုပု နှုတ်ခမ်းစူလိုက်ပြီး ရေရွတ်နေသည်။
" ဒါပေမဲ့ ပါပါးကကျ အခုလေးတင် ရေချိုးပြီးသွားတာလေ အိပ်ရတော့မှာပေါ့..."
သို့ရာတွင် သူ့စကားမဆုံးမီမှာပင် ရှန်းလျိုရှန့်က ပြန်ပေးဆွဲခံလိုက်ရ၍ ပါသွားတော့သည်။ ရှန်းပုပု မပျော်မရွှင်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး အချိန်အတန်ကြာသည်အထိ စဉ်းစားပြီးမှ သဘောပေါက်သွားတော့သည်။
နတ်ဆိုးဧကရာဇ်ပါပါးက ရေမချိုးရသေးဘူးလေ... သုံးယောက်တူတူအိပ်မယ်ဆိုရင် ပါပါးက နတ်ဆိုးဧကရာဇ်ပါပါး ရေချိုးပြီးတာကိုစောင့်ပြီးမှ အိပ်ရမယ်ထင်တယ်...
.....
ရှန်းပုပု ရုတ်တရက် သဘောပေါက်သွား၍ အိပ်ရာပေါ် ပြန်တက်သွားသည်။ သူ့ပါပါးနှစ်ယောက် ပြန်ရောက်လာသည်ကိုစောင့်ပြီးမှ ပြန်အိပ်မည်ဟုလည်း တွေးလိုက်မိသည်။ သို့ရာတွင် အချိန်အတန်ကြာသည်အထိ သူတို့နှစ်ယောက်က ပြန်မရောက်လာ၍ သမ်းဝေပြီး တဖြည်းဖြည်းအိပ်ငိုက်လာတော့သည်။
" ပုပု အရင်အိပ်နှင့်တာပဲ ကောင်းပါတယ်..."
ထိုအချိန်၌ ရေချိုးကန်ထဲတွင် မြူများဖြင့်ပြည့်နေသည်။
ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် လူငယ်လေးက နွေးထွေးသော ကျောက်စိမ်းရေကန်နံရံတွင် ဖိကပ်ခံထားရပြီး အသံတိုးတိုးဖြင့် ပင့်သက်ရှိုက်နေသည်။
" မြန် မြန်မြန်လုပ်..."
ကျိုးရွှမ်လန်က သူ့ကို အနောက်ဘက်မှ ပွေ့ဖက်ထားပြီး သူ့ရင်အုပ်က ဖြူဖွေးချောမွတ်နေသည့် ကျောပြင်လေးနှင့်ထိကပ်နေသည်။ သူ့နှုတ်ခမ်းပါးများကို ရှန်းလျိုရှန့်၏နားနားကပ်ပြီး တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်း မြန်မြန်ပြီးသွားရင်တော့ မြန်မှာပေါ့..."
စကားဆုံးသည်နှင့် ရေမျက်နှာပြင်ထက်တွင် လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။
ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များ တုန်ယင်သွားပြီး သူ့နှုတ်ခမ်းပါးမှ ညည်းညူသံသဲ့သဲ့ ထွက်လာ၏။ သူ့လက်များကလည်း ရေထဲရောက်နေပြီး ကျိုးရွှမ်လန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။
" မ မလုပ်နဲ့..."
သို့သော် သူ့စကားဆုံးသည်နှင့် ပူနွေးစိုစွတ်သောအနမ်းတစ်ပွင့်က သူ့ကျောပြင်ပေါ် ကျရောက်လာသည်။ ရေအောက်ထဲမှ လှုပ်ရှားမှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာသည်။ သူ့လက်ဖျားများဖြင့် ကျိုးရွှမ်လန်၏ကျောပြင်ကို ချိနဲ့စွာကုပ်တွယ်ထားပြီး ညည်းသံတိုးတိုးလေးဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေကန်ဘောင်ပေါ် ပြိုလဲကျသွားသည်။
ကျိုးရွှမ်လန်က သူ့ဘက်သို့လှည့်စေလိုက်ပြီး ခါးသွယ်သွယ်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ နီရဲနူးညံ့နေသည့်နှုတ်ခမ်းများကို နမ်းလိုက်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း မလှုပ်ပါနဲ့တော့ ကျွန်တော်ပဲ မြန်မြန်လုပ်ပေးမယ်..."
ရေအောက်ဘက်မှ လှုပ်ရှားမှုကြောင့် ရှန်းလျိုရှန့် ခြေချောင်းများကို တွန့်ကွေးထားလိုက်မိသည်။
သူ ကျိုးရွှမ်လန်၏ပခုံးကို ဖက်တွယ်ထားပြီး ပါးနှစ်ဖက်ကို လည်တိုင်တွင်အပ်ထားသည်။ ပူလောင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီဖြစ်သည်။ အချိန်မည်မျှကုန်မှန်းမသိ ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူ့ခြေထောက်တွင် နာကျင်မှုအချို့ကိုပါ ခံစားလာရ၍ မခံနိုင်တော့သောကြောင့် ကျိုးရွှမ်လန်၏ လည်ပင်းနှင့်ပခုံးကို ကိုက်ဆွဲလိုက်မိသည်။ သူ့မျက်တောင်ရှည်များပေါ်တွင် မျက်ရည်စက်လေးများ တွဲလွဲခိုနေပြီး မြန်မြန်ပြီးဆုံးစေရန် လောနေမိသည်။
ညလည်ခေါင် ရောက်ချိန်တွင်မှ ရေချိုးကန်ထဲမှ ရေသံများ ပျောက်ကွယ်သွားသည်။
ကျိုးရွှမ်လန်က မောပန်းနေသူကို ပွေ့ချီလာပြီး နန်းတော်ထဲ ပြန်လာခဲ့သည်။
ရှန်းပုပု တစ်ဖက်သို့လှည့်အိပ်လိုက်ချိန်တွင် အိပ်ရာပေါ်၌ လူနှစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများကိုပွတ်ကာ နှစ်ယောက်ကြားတိုးဝင်လိုက်ပြီး ရှန်းလျိုရှန့်နားကပ်၍ ပါပါးဟု ရေရွတ်ကာ နှစ်ယောက်လုံးကိုဖက်ထားပြီး ဆက်အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မနက်စောစောရောက်သည့်အခါ ရှန်းပုပု၏ရင်ခွင်ထဲတွင်မူ ခေါင်းအုံးကြီးရောက်နေပြီး သူ့အဖေကိုမူ လူတစ်ယောက်က ရင်ခွင်ထဲထည့်၍ဖက်ထားသည်။
ရှန်းပုပု နှာခေါင်းရှုံ့လိုက်ပြီး တစ်နေ့လုံး မပျော်မရွှင်ဖြစ်နေရတော့သည်။
ညအချိန်ရောက်သည့်အခါ သူက ရှန်းလျိုရှန့်နားတွင် ရေဘဝဲလေးတစ်ကောင်သဖွယ် တွယ်ကပ်နေပြီး ဤတစ်ကြိမ်တွင် သူ့ပါပါးကို ခေါ်သွား၍မရအောင် လုပ်ထားသည်။ သို့ရာတွင် နောက်တစ်နေ့မနက် သူ အိပ်ရာနိုးလာသည့်အချိန်တွင် သူ့ရင်ခွင်ထဲ၌ ခေါင်းအုံးကြီးသာရောက်နေပြီး အဖေဖြစ်သူကို လုယူခံလိုက်ရပြန်သည်။
ရှန်းပုပု လဝက်ကြာသည်အထိ မောပန်းခြင်းကင်းမဲ့စွာဖြင့် ကြိုးပမ်းခဲ့သော်လည်း ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။ သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်များပါ ပျော့ခွေလာတော့သည်။
တစ်နေ့တွင် ကျိုးရွှမ်လန်က သူ့ကိုပန်းသီးတစ်လုံးပေးပြီး မေးလာသည်။
" ရှန့်ချီတောင်ပေါ်က ဦးဦးကို မှတ်မိတယ်မလား..."
ရှန်းပုပုက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
" မှတ်မိတယ်..."
ကျိုးရွှမ်လန် : " မင်းဒီကိုရောက်လာတည်းက သူ မင်းကို အရမ်းလွမ်းနေတယ်တဲ့..."
ရှန်းပုပု၏အသံက ကျယ်လာသည်။
" ဟုတ်လား... သားလည်း ဦးဦးဧကရာဇ်ကို လွမ်းနေတာ..."
ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်ပြီး သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
" အဲဒါဆို သူ့ဆီသွားလည်ကြမလား... မဟုတ်ရင် သူတစ်ယောက်တည်း အရမ်းအထီးကျန်နေမှာ..."
ရှန်းပုပုက ထိုစကားကိုကြားသည်နှင့် သူ့ကိုယ်သူ အပြစ်တင်တော့သည်။
" ပုပုရဲ့အမှားပါ... ပါပါး ပြန်ရောက်လာတာနဲ့ ဦးဦးဧကရာဇ်ကို မေ့သွားမိတယ်..."
ကျိုးရွှမ်လန်က နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။
" လိမ္မာလိုက်တာ..."
.....
ညအချိန်ရောက်သည့်အခါ ရှုရှင်းချန်က အိပ်ရာဝင်ခါနီးတွင် ခမည်းတော်ကို အိမ်မက်ထဲ၌ တွေ့ပါစေဟု နှုတ်မှရွတ်ဆိုနေမိသည်။ သူ့အသိစိတ်က တဖြည်းဖြည်းစိတ်အေးလက်အေးဖြစ်လာစဉ်၌ နန်းတွင်းသို့ မှော်စွမ်းအားတစ်ခု ရောက်ရှိလာကြောင်း သတိပြုမိလိုက်သည်။ သူ့အမူအရာပြောင်းလဲသွားပြီး ထထိုင်လိုက်ကာ သတိကြီးကြီးထားလိုက်သည်။
ခဏအကြာတွင် ဖြူဖြူဖွေးဖွေးနှင့် ဝဝတုတ်တုတ်ကလေးလေးက သူရှိရာသို့ ပျံလာသည်။
" ပုပု ဦးဦးဧကရာဇ်ဆီ လာလည်တာ..."
ရှုရှင်းချန် : " ဟမ် ..."
ညသန်းခေါင်ကြီး ငါ့ဆီလာလည်တယ်တဲ့လား...
ရှုရှင်းချန်၏စိတ်ထဲ တစ်ခုခုမှားယွင်းနေသည်ဟု ထင်လိုက်သည်။
" အစ်ကိုတော်က မင်းကိုလာခိုင်းလို့လား..."
ရှန်းပုပုက သူ့အိပ်ရာပေါ်လှိမ့်နေသည်။
" နတ်ဆိုးဧကရာဇ်ပါပါးက လာခိုင်းတာ..."
ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး အချိန်အတန်ကြာအောင် စဉ်းစားနေသည်။ သူ ရုတ်တရက် မျက်လုံးအပြူးသားဖြစ်သွားတော့သည်။
O_O
.....
အမြဲတမ်း သူ့ရှေ့တွင် လူးလှိမ့်နေကျ ဖက်ထုပ်လုံးလေး မရှိသဖြင့် ရှန်းလျိုရှန့်က နေသားမကျဖြစ်နေသည်။
" မင်းဘာလို့ နန်းတွင်းကို ရုတ်တရက်ကြီးသွားတာလဲ... သူ သွားချင်မှန်းသိရင် ငါသွားတဲ့အချိန် တူတူခေါ်သွားတာပေါ့..."
" ကျွန်တော် သူ့ကို သွားခိုင်းလိုက်တာပါ..."
ကျိုးရွှမ်လန်က ဗြောင်ကျကျပင်ပြောလိုက်ပြီးနောက် ရှန်းလျိုရှန့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ စိတ်ဆိုးနေဟန်ဖြင့် လည်တိုင်ဖြူဖြူလေးကို ကိုက်လိုက်သည်။
" ရှစ်စွမ်းကို ရက်ပိုင်းလောက်တော့ ကျွန်တော် အပိုင်သိမ်းထားပါရစေဦး..."
ရှန်းလျိုရှန့် နာကျင်မှုကြောင့် ညည်းညူလိုက်မိသည်။ ကျိုးရွှမ်လန် အချိန်အတန်ကြာအောင် တောင့်ခံထားသည်ကို တွေးမိသောအခါ သူ့လည်ပင်းကို ပြန်ဖက်ထားလိုက်ပြီး စိတ်တိုင်းကျ ပြုမူခွင့်ပြုလိုက်သည်။
သူ သည်းမခံနိုင်သည့်အချိန်ရောက်လာမှ ကျိုးရွှမ်လန်၏လက်မောင်းကို တုန်တုန်ယင်ယင်ဖြင့် ဆုပ်ကိုင်ပြီး ခေါင်းခါပြကာ သူ့အသံကလည်း ငိုသံရောယှက်နေသည်။
သို့ရာတွင် ကျိုးရွှမ်လန်က သူ့ကိုချုပ်ထားပြီး လုံးဝရုန်းကန်ခွင့်မပြုချေ။
နောက်ဆုံးတွင် အားလုံးပြီးဆုံးသွား၍ လွှတ်ပေးလိုက်သည့်အခါ ရှန်းလျိုရှန့်၏ဆံနွယ်များက ခေါင်းအုံးပေါ် ပြန့်ကျဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ချွေးများစိုရွှဲနေကာ အမြင်အာရုံများလည်း ဝေဝါးနေသည်။
ကျိုးရွှမ်လန်က သူ့ကိုပွေ့ချီပြီး ရေချိုးကန်ရှိသည့်ဘက်ကို ထွက်လာလိုက်သည်။
ရှန်းလျိုရှန့် နူးညံသည့်အိပ်ရာပေါ် ပြန်ချထားခံလိုက်ရပြီး အဖြူရောင်အတွင်းဝတ်ရုံတစ်ထည်ကို ဝတ်ထားကာ ကျိုးရွှမ်လန်က သူ့ကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားသည်။ သူ့အသိစိတ်က လျော့တိလျော့ရဲဖြစ်လာချိန်တွင် ကျိုးရွှမ်လန်က နှုတ်ခမ်းများကို မြတ်နိုးမှုအပြည့်ဖြင့် နူးညံ့ညင်သာစွာ အနမ်းခြွေလိုက်သည်။
" ရှစ်စွမ်း..."
ဩရှရှအသံက နားထဲတွင် ပဲ့တင်ထပ်နေသည်။
" ကျွန်တော် ရှစ်စွမ်းကိုချစ်တယ်... ရှစ်စွမ်းတစ်ယောက်တည်းကိုပဲ အမြဲချစ်ခဲ့တာ... ရှစ်စွမ်းလည်း ကျွန်တော့်ကိုချစ်တာပဲ ကျွန်တော့်ဘေးမှာ ထာဝရ နေနိုင်မလား..."
ရှန်းလျိုရှန့် အံ့ဩမှင်သက်သွားပြီးနောက် မျက်လုံးများပွင့်လာကာ အားအချို့ကိုစုစည်းလိုက်ပြီး ကျိုးရွှမ်လန်၏ကိုယ်ပေါ် မှီလိုက်သည်။
သူ၏အနက်ရောင်ဆံနွယ်များက ပခုံးထက်မှ ဖြာကျနေကာ ဇာမဏီမျက်ဝန်းများက အံ့အားသင့်နေသော နက်စွေးစွေးမျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည်။ ရှန်းလျိုရှန့် ခေါင်းငုံ့လိုက်ပြီး ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။
" ငါလည်း မင်းကိုချစ်တယ်... ဘယ်တော့မှ မင်းအနားကနေ ထွက်သွားမှာမဟုတ်ဘူး..."
🌸🌸🌸🌸🌸
ရှစ်စွမ်းတို့ရဲ့Main Storyလေးကတော့ ဒီနေရာမှာပဲ လှလှပပ အဆုံးသတ်သွားပါပြီရှင် ဒါပေမဲ့ Extra လေးတွေကျန်သေးတာမို့ ဒီနေရာမှာတော့ မနှုတ်ဆက်ရသေးပါဘူး 💙
လိုအပ်ချက်တွေများပေမယ့် ဒီအထိ Ongoing လိုက်ပြီး တူတူဖတ်ပေးခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင် 💙