အပိုင်း ၂၃၆
Viewers 49k

Chapter 236



ကျိယွီရှောင် ဒဏ်ရာရသွားကြောင်းကြားသိရပြီး အလည်လာစဉ် ကျိယွီရှောင်၏အမူအရာကို သူမှတ်မိနေဆဲဖြစ်သည်။ အုံ့မှိုင်းပြီး ရက်စက်ကြမ်းကြုန်ကာ အေးစက်၍နေသည်။


ထိုအချိန်တွင်သာ လူသတ်သမားက ကျိယွီရှောင်၏ ရှေ့တွင် ပေါ်လာပါက ကျိယွီရှောင် သူ့ကို မဆိုင်းမတွသတ်ပစ်မည်ကို သံသယမရှိပေ။ အပြင်းအထန် တိုက်ခိုက်ရပြီး သူ့မှာရှိသမျှအရာအားလုံးကိုဆုံးရှုံးရမည်ဆိုလျှင်ပင် တစ်ဖက်လူကို မပြည့်မစုံသောခန္ဓာကိုယ်နှင့် သေစေချင်ကြောင်းသေချာလေသည်။


ကံကောင်းထောက်မစွာ၊ သူ့မှာ ယခုအခါတွင် သိက္ခာစောင့်ထိန်းမှုများရှိနေသည်။


"နားလည်ပြီ...လော့ချင်းအတွက် သက်တော်စောင့်တစ်ယောက် စီစဉ်ပေးမယ်...စိတ်မပူပါနဲ့"


"ကောင်းပြီ" 

ကျိယွီရှောင်က တိုးတိုးလေးပြောသည်။


လော့ကျားက ကိစ္စများကို လုပ်ဆောင်ရာတွင် အလွန်ထိရောက်သည်။ထိုနေ့မှာပဲ သူ့သူငယ်ချင်းနှင့် စကားပြောသည်။ နောက်တစ်နေ့တွင် သူ့သူငယ်ချင်းက ဝူရှင်းယွမ်ထံ သွားပြီး သတင်းပို့သည်။


ဝူရှင်းယွမ်က ကျိယွီရှောင်ထံမှ အကြောင်းကြားစာကို လက်ခံရရှိပြီးဖြစ်သည်။ ဤလူသစ်သည် လင်းလော့ချင်းအတွက် အထူးသက်တော်စောင့်ဖြစ်ကြောင်း သူက ပြောသည်။လင်းလော့ချင်းက ယခုအခါတွင် ရေပန်းစားနေပြီး သက်တော်စောင့်တစ်ဦးရှိလျှင် သူ၏လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပြီဟု ကျိယွီရှောင်ကဆိုသည်။


ဝူရှင်းယွမ်: '... ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်တဲ့သူက စုထုံပေါ့... သူ့မှာ နှစ်ပေါင်းများစွာ ရေပန်းစားလာခဲ့တာကို သက်တော်စောင့်လေးတစ်ယောက်တောင်မရှိရှာဘူး"


၎င်းနောက် သူထပ်စဉ်းစားလိုက်သည်။လင်းလော့ချင်း သူဌေးကတော်ဖြစ်ပြီး စုထုံကမဟုတ်ပေ။ သူက တကယ်မထိုက်တန်တာပဲ...


သူ သတင်းကို ဝမ်းမြောက်စွာ လက်ခံပြီး လင်းလော့ချင်းကို ထိုအကြောင်းကို ပြောပြသည်။


ကျိယွီရှောင်က သူ့အား သက်တော်စောင့်တစ်ယောက် ခန့်ထားပေးသည်ဟု ဝူရှင်းယွမ်ဆီကကြားသောအခါ သူအနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


"ကုမ္ပဏီမှာ ဒီလိုမျိုး အစဉ်အလာရှိလား"


"အရင်က ကုမ္ပဏီက ဒီအစဉ်အလာ မရှိခဲ့ဘူး... အဲဒါက နောက်ပိုင်းမှရှိလာတာ ဖြစ်နိုင်တယ်"


လင်းလော့ချင်း: '...ဒီစံနှုန်းနှစ်ခုက သိသာလွန်းတယ်'


သူလှည့်ကာ စာကြည့်ခန်းထဲဝင်သွားပြီး ကျိယွီရှောင်နှင့် သတင်းကို ဆွေးနွေးလိုက်သည်။  

"ငါတစ်ယောက်တည်း သက်တော်စောင့်ရတာ သင့်တော်ပါ့မလား"


ကျိယွီရှောင်က အတော်လေး သင့်လျော်သည်ဟု ခံစားရသည်။ 

"မင်းက အခုခေတ်စားနေတာ မဟုတ်ဘူးလား...လေဆိပ်က မင်းရဲ့အရင်သတင်းတွေကို ငါဖတ်ဖူးတယ်၊ ပရိသတ်အရမ်းများတယ်... သက်တော်စောင့်ခန့်ထားရင် ပိုလုံခြုံတယ်"


"ဒါပေမယ့် တခြားဘယ်သူမှ မရှိဘူးလေ" 

လင်းလော့ချင်းက သူ့ကို ဖြောင့်ဖြရန် ကြိုးစားသည်။ 

"ဝူကောနဲ့ရှောင်ဝမ်တို့ရှိတာနဲ့တင် လုံလောက်ပြီထင်တယ်"


ကျိယွီရှောင်က သူ့ကို မော့ကြည့်လိုက်သည်။ 

"တခြားသူတွေက သူဌေးကတော်လား"


လင်းလော့ချင်း: "……"


"သူဌေးကတော်က သူဌေးကတော်နဲ့တူရမယ်"

ကျိယွီရှောင်က ဖြောင့်မတ်မှန်ကန်စွာ ပြတ်ပြတ်သားသားဆိုသည်။


လင်းလော့ချင်း: "……"


"ဒါက ဟိတ်ဟန်များလွန်းသလားလို့လေ"


"အဲလိုပြောတဲ့သူတွေကို ငါ့ဆီလာခိုင်းလိုက်...ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီ ငါဆုံးဖြတ်ပြီးသွားပြီ... ဘာကန့်ကွက်ချက်မှ လက်မခံဘူး"

ကျိယွီရှောင် ရလဒ်ကို မပြောင်းလဲနိုင်ဟူသောဟန်ဖြင့် ခေါင်းကို အနည်းငယ်ငုံ့ထားသည်။


သူ့ကိုယခုလိုမြင်လိုက်ရသောအခါ လင်းလော့ချင်း သဘာဝအတိုင်း ဘာမှပြန်မပြောနိုင်တော့ပေ။

"ကောင်းပြီ"


သူ သဘောတူလိုက်သည်။ သက်တော်စောင့်လေးပဲမဟုတ်ပါလော။ကျိယွီရှောင်က သူ့အတွက်တစ်ယောက်ခန့်ချင်နေမှတော့ သူခွင့်ပြုလိုက်ရမည်ပင်။သူ့ကုမ္ပဏီက အနုပညာရှင်တွေမှာ သက်တော်စောင့်တွေနောက်ကလိုက်သဘည်မျိုးမရှိပေမဲ့ သူတို့ လိုချင်လျှင် ပေးနိုင်ပါ၏။ သို့သော် အနုပညာရှင်များသည် သက်တော်စောင့်များသုံးရသည်ကို မကြိုက်သောကြောင့် ဘာမှမဖြစ်ပေ။


သို့သော် သူက အပြစ်ရှိစိတ်ကို ခံစားရဆဲဖြစ်ပြီး တိတ်တိတ်လေး စုထုံအတွက် သက်တော်စောင့်နှစ်ယောက်ကို ချက်ချင်း ခန့်အပ်လိုက်သည်။


စုထုံ: "……"


စုထုံ အံ့အားသင့်သွားသည်။

[မင်း ဘာလို့ ငါ့ကို သက်တော်စောင့်တွေ ရုတ်တရက်ကြီး ပေးတာလဲ]


လင်းလော့ချင်းက စကားကို ထက်မြက်စွာ ပြောဆိုနိုင်သည်။ 

[မင်းက ကုမ္ပဏီရဲ့ ထိပ်တန်းအနုပညာရှင်... ကုမ္ပဏီက မင်းကို ဂရုစိုက်တာပုံမှန်ပဲလေ]


စုထုံ : […ဒါက ငါထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပထမဆုံးနေ့လည်းမဟုတ်ဘူးလေ...မင်းငါ့ကိုဒီလောက် ဂရုစိုက်ရင် အစကတည်းက ငါ့ကိုဘာလို့အဲ့လိုဂရုမစိုက်တာလဲ]


လင်းလော့ချင်း မဆိုင်းမတွပင် သူ၏ရည်ရွယ်ချက်အောင်မြင်ရန် အခြားလူကို တက်နင်းလိုက်သည်။ 


[ချန်လီဝေ့က တကယ်ကို လူမဟုတ်ဘူး...သူက မင်းကို လုံးဝ ဂရုမစိုက်ဘူး...ငါ့လိုမျိုးမဟုတ်ဘူး...ငါကမင်းအတွက် နေ့တိုင်းနှလုံးသားလေးကြေကွဲနေတာ]


စုထုံ: '...ဒီလိုပြောတတ်တဲ့သူက အထွေထွေမန်နေဂျာဖြစ်ဖို့ ထိုက်တန်ပါပေတယ်'


ချန်လီဝေ့ ယနေ့ထပ်ပြီးအနင်းခံရပြန်သည်။


လင်းလော့ချင်း စုထူံဆီသို့ သက်တော်စောင့်နှစ်ယောက်ကို စေလွှတ်ပြီး သူ၏သက်တော်စောင့်အသစ်ကို ယုတ္တိတန်စွာ လက်ခံခဲ့သည်။ သူက ယခု ကုမ္ပဏီတွင်စုထုံပြီးလျှင် ဒုတိယလူကြိုက်အများဆုံးဖြစ်သည်။ ထို့ကြောင့် စုထုံမှာ သက်တော်စောင့် နှစ်ယောက်ရှိပြီး သူ့အတွက်တစ်ယောက်ရှိသည်က ပုံမှန်ပါပင်"


ကျိယွီရှောင်သည် လင်းလော့ချင်းက သက်တော်စောင့်လေးလက်ခံရန်အတွက်နှင့် စုထုံကိုဤကိစ္စထဲဆွဲထည့်သည်ကိုကြည့်ပြီး ရယ်ရမလား ငိုရမလားမသိဖြစ်နေသည်။သို့တိုင် သူက သက်တော်စောင့်တစ်ဦးကို လက်ခံခဲ့ပြီးဖြစ်၍ ကျိယွီရှောင် စိတ်သက်သာရာရသွားသည်။


CEO အသစ်တစ်ယောက်ရှိနေသဖြင့် လင်းလော့ချင်းက လက်ဆင့်ကမ်းအလုပ်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ထို့နောက် ကုမ္ပဏီသို့ မသွားတော့ဘဲ ရုပ်ရှင်အသစ်အတွက် ပြင်ဆင်ခဲ့သည်။


ကျိယွီရှောင် သူနှင့်အတူ မလိုက်ပါဘဲ ပြန်လည်ထူထောင်ရေး အတွက် တတိယထပ်သို့ သွားခဲ့သည်။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ ပြန်လည်ထူထောင်ရေးကာလက ယခင်ကထက် ပိုကြာလာခဲ့သည်။ ပြန်လည်ထူထောင်ရေးကာလတွင် သူ၏ စိတ်သဘောထားနှင့်စိတ်ရှည်မှုမှာလည်း အစမ်းသပ်ခံနေရသည်။


ကျိယွီရှောင်ဒေါသတကြီးဖြင့် တစ်စုံတစ်ခုကိုပင် ပစ်ပေါက်လိုက်သည့်အချိန်ပင်ရှိခဲ့သည်။သူ့စိတ်ခံစားမှုတွေက သူ့ရလဒ်တွေကို ထိခိုက်စေမှန်း သူသိ၏။ထန်ကျားကျိ၏ ထွက်ပေါ်လာမှုနောက်မှာ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ခံစားချက်များကို သူ အတတ်နိုင်ဆုံး ချေဖျက်လိုက်သော်လည်း သူ စိတ်မရှည်နိုင်တော့ပေ။


သူ ယခုကဲ့သို့ ခြေတစ်လှမ်း နှစ်လှမ်းမျှကပင် သူ့ကိုအားကုန်စေသည့်အခြေအနေမှာပိတ်မနေချင်တော့ဘဲ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာချင်ခဲ့သည်။ သာမာန်လူတစ်ယောက်လို လမ်းလျှောက်ချင်ပြီး သူလုပ်ချင်သမျှကို လုပ်လိုသည်။


ရှောင်လီက သူ့မျက်လုံးများထဲရှိ စိတ်မရှည်ခြင်းကို မြင်ပြီး သူ့ကိုဖြောင့်ဖြရန် ကြိုးစားသည်။

"အချိန်ရှိပါသေးတယ်...ဒီအချိန်မှာ စိတ်ခံစားချက်တွေကြောင့်သက်ရောက်ခံလိုက်ရရင် အရင်က ခင်ဗျားလုပ်ခဲ့သမျှက အချည်းနှီးဖြစ်မှာ မဟုတ်ဘူးလား"



ကျိယွီရှောင်က အချိန်အတော်ကြာ ငြိမ်သက်စွာ ထိုင်နေခဲ့ပြီးနောက်မတ်တတ်ပြန်ထကာ လမ်းလျှောက် ဆက်လက်လေ့ကျင့်ခဲ့သည်။


ယခုအခါ သူက ပြင်ပအင်အားအကူအညီဖြင့် သုံးလှမ်းကနေငါးလှမ်းလှမ်းနိုင်ပြီဖြစ်သည်။ သို့သော် သူ ပြင်ပအင်အားကို ဆုတ်ခွာလိုက်တိုင်း၊ သူ့ခြေလှမ်းများက လှမ်းရခက်ပြီး ကောင်းကောင်းပင်မတ်တပ်မရပ်နိုင်အောင် မတည်မငြိမ်ဖြစ်နေသည်။ကံကောင်းထောက်မစွာဖြင့် ရှောင်လီက သူ့ကို ဖမ်းနိုင်ခဲ့ပြီး လဲကျပြီး ဒဏ်ရာတွေ ထပ်ရခြင်းမျိုးမဖြစ်တော့ပါချေ။သူ့ခြေထောက်တွေမှာ ဒဏ်ရာတွေ လျော့ပါးလာသည်။


လင်းလော့ချင်း တတိယထပ်သို့ တက်ပြီးကြည့်ချင်သော်လည်း ကျိယွီရှောင်၏ မာနကြီးစရိုက်ကြောင့် သူ မသွားဖြစ်ခဲ့ပေ။


သူ့ကိုယ်သူ ယခုလိုပဲအရင် နှစ်သိမ့်ပေးလိုက်သည်။ မဟုတ်လျှင် သူက မနေနိုင်ဘဲ ငိုမိလျှင် ကျိယွီရှောင်က သူ့ကို ပြန်နှစ်သိမ့်ပေးနေရဦးမည်။


အဲဒါ မကောင်းဘူး...


'အင်း... သူ မကြာခင် ပြန်ကောင်းလာဖို့ ငါ တကယ်ပဲ မျှော်လင့်ပါတယ်' 

လင်းလော့ချင်း တိတ်တိတ်လေး ဆုတောင်းလိုက်သဘ်။


သူ၏ဆုတောင်းများကြားတွင် 'အနောက်အရပ်သို့ခရီး' ၏အစပြုသည့်ရက်စွဲသည် နီးကပ်လာပြီဖြစ်သည်။လင်းလော့ချင်း ကျိယွီရှောင် ၊ ကျိလဲ့ယွီနှင့် လင်းဖေးတို့ကို နှုတ်ဆက်ခဲ့ပြီး အဖွဲ့သားများနှင့် ပူးပေါင်းခဲ့သည်။


ကျိလဲ့ယွီက သူနှင့်ခွဲရန် အလွန်ဝန်လေးနေခဲ့သည်။ သူက လင်းလော့ချင်းကို ပတင်းတင်းဖက်ထားပြီး မေးသည်။ "ဘယ်တော့ပြန်လာမှာလဲ"


"ဇူလိုင် ဒါမှမဟုတ် သြဂုတ်လမှာ ပြန်လာဖြစ်မယ်ထင်တယ်"

လင်းလော့ချင်း အမှန်အတိုင်းဖြေလိုက်သည်။


ကျိလဲ့ယွီက မကျေမနပ်ဖြင့် ချက်ချင်းပင် နှုတ်ခမ်းစူလိုက်သည်။


လင်းလော့ချင်းက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ 

"ပါးပါး သားကိုလွမ်းနေမယ်နော်"


"သားရောပဲ" 

ကျိလဲ့ယွီက ချိုသာစွာပြောသည်။ 

"သားလည်း ပါးပါးကိုလွမ်းနေမှာပါ"


လင်းလော့ချင်းက သူ့ပါးကို နမ်းလိုက်ပြီး လင်းဖေးဘက်ကိုလှည့်လိုက်သည်။


လင်းဖေးတစ်ယောက် လင်းလော့ချင်း၏ မျှော်လင့်ချက်များပြည့်နေသောအကြည့်များဖြင့်ရင်ဆိုင်လိုက်ရပြီးနောက် 'အင်း' ဟုပြောကာ သူလည်း 

လင်းလော့ချင်းကိူ လွမ်းနေမည်ဟု ဝန်ခံလိုက်ရရုံသာတတ်နိုင်သည်။


လင်းလော့ချင်းက ပြုံးပြီး သူ့ခေါင်းကို ပွတ်သပ်ကာ ပါးလေးကို နမ်းလိုက်သည်။


ကလေးနှစ်ယောက်ကို နှုတ်ဆက်ပြီးသည်နှင့် သူ့အခန်းကို ပြန်သွားပြီး ကျိယွီရှောင်ကို နှုတ်ဆက်ရန် အသင့်ဖြစ်နေခဲ့သည်။


ကျိယွီရှောင်က ဖုန်းဖြေနေသည်။


"ထန်းကျားကျိရဲ့အမေက ဆုံးသွားပြီ... ဒါပေမဲ့ သူ့ကို အရင်က ဒီနာမည်နဲ့ မခေါ်ဘူး... သူ့ကို အစက ထန်ကျားလို့ ပဲခေါ်တာ... ဒီနာမည်ကို လွန်ခဲ့တဲ့ လေးနှစ်က ပြောင်းခဲ့တာ... သူ့အကောင့်က လစဉ်ပုံမှန်ငွေလွှဲပြောင်းမှုတွေ လက်ခံရရှိတာကလည်း လွန်ခဲ့တဲ့လေးနှစ်ကပဲ...စစ်ဆေးကြည့်လိုက်တော့ ဒီငွေရဲ့အရင်းမြစ်က အစပိုင်းမှာ ခြေရာခံဖို့ လွယ်ကူပေမဲ့ နောက်ပိုင်းမှာ ပိုခက်ခဲလာတယ်... အခုအချိန်မှာတော့ ပိုက်ဆံတွေအားလုံးကို မင်းအဖေရဲ့အကောင့်ကနေ ပို့ခဲ့တာဆိုတာ သေချာတယ်"


ကျိယွီရှောင် နားထောင်နေရင်း သူ့မျက်နှာက သံကဲ့သို့ တင်းမာလေးလံနေသည်။ 

"ပြီးတော့ရော"


"ထန်ကျားကျိရဲ့ အမေကို ကျွန်တော် စစ်ဆေးကြည့်တော် သူ့ရဲ့ အတိတ်က တမင်တကာ ဖျက်ဆီးခံထားရတယ်... ဒါပေမဲ့ သူမနဲ့ မင်းအဖေက တက္ကသိုလ်တစ်ခုတည်းက ဘွဲ့ရတာ... မင်းအမေကို လက်မထပ်ခင်ကတည်းက အချင်းချင်း သိနေလောက်တယ်"


'မဟုတ်ဘူး' 

ကျိယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။ထန်ကျားကျိက သူနှင့် အသက်မကွာပေ။ ဆိုလိုသည်မှာ သူ့အဖေနှင့် ထန်ကျားကျိ၏ အမေတို့ ဆက်ဆံရေး ရှိခဲ့ပါက၊ ၎င်းသည် သူမမွေးမီ သို့မဟုတ် သူမွေးပြီးနောက် အချိန်ကာလ ဝန်းကျင်ဖြစ်မည်ဟု ဆိုလိုသည်။


"သူတို့နှစ်ယောက်က တက္ကသိုလ်မှာပဲ တွေ့ခဲ့မယ်ဆိုရင် ထန်ကျားကျိမွေးလာမှာ မဟုတ်ဘူး"


"သူတို့နှစ်ယောက်က ငါမမွေးခင်ပြန်တွေ့ကြတာလား"


"ဒီအပိုင်းက ဖျက်ထားခံရပြီး အချက်အလက်တွေ ရှာမတွေ့ဘူး...ဒါပေမဲ့...တစ်ခြားတစ်ခုတော့တွေ့ခဲ့တယ်"


"အဲဒါဘာလဲ"


"ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဥက္ကဋ္ဌကျိ မင်းရဲ့အစ်ကို ကျိယွီလင်းလည်း ထန်ကျားကျိကို အရင်ကစုံစမ်းဖူးလောက်တယ်"


ကျိယွီရှောင် အံ့သြသွားသည်။၎င်းနောက် သူ့အစ်ကိုနှင့် သူ့အဖေကြားက အငြင်းအခုံကို ချက်ချင်း တွေးမိသည်။


ထိုအချိန်တုန်းက သူ့အစ်ကို ယခင်ကထက် ဒေါသပိုထွက်နေသည်။သူ့အစ်ကိုက သူ့အဖေကိုပြောသည့်စကားကို သူမှတ်မနေသေးသည်။

"ရှောင်ရှောင်ကို ဒီကိစ္စပေးမသိတာ ပိုကောင်းမယ်ခင်ဗျား..."


သူက တံခါးကိုဝုန်းခနဲပိတ်ပြီး ထွက်လာခဲ့သည်။ ထို့နောက် သူ ကျိယွီရှောင်နှင့် တည့်တည့် ဝင်တိုးပြီး သူ့မျက်နှာပေါ်ရှိ ထိတ်လန့်အံ့အားသင့်မှုကို ထိန်းချုပ်ရန် အချိန်မရှိခဲ့ပေ။


"ဘာကို သိခွင့်မပေးတာလဲ" ဟု သူကမေးခဲ့သည်။


သူ့အစ်ကိုက "အဖေက ငါ့ကို ဥက္ကဋ္ဌလုပ်ခိုင်းဖို့ ကြံနေတာ"ဟုသာ ပြောခဲ့သည်။


ထိုအချိန်က သူ့အစ်ကို၏ရှင်းပြချက်မှာ 

"မင်းက ငါ့ထက် ပိုသင့်တော်ပြီး ကုမ္ပဏီကို အုပ်ချုပ်တဲ့သူဖြစ်သင့်တယ်...ငါ သူ့ကို တစ်ကြိမ် ငြင်းခဲ့ပြီးပြီ... ဒါပေမဲ့ သူကငါ့ကိုနားချချင်နေတုန်းပဲ...ဒေါသအရမ်းထွက်ပြီး သူ့ကိုအော်လိုက်မိတယ်"


ထိုစဥ်တုန်းက သူ သိပ်ပြီး မစဉ်းစားမိခဲ့ပေ။သူ့အစ်ကို့စကားကို ယုံကြည်ပြီး ဒေါသမထွက်သင့်ဘူးဟု အစ်ကို့ကို ဖြောင့်ဖြခဲ့သည်။၎င်းနောက် သူ့အစ်ကို ဆုံးပါးသွားသောအခါမှ သူ့အဖေက သူထင်သလို မဟုတ်ဘူးဟု သတိထားမိခဲ့ခြင်းဖြစ်၏။သူသည် ထိုစကားကို တစ်ကြိမ်ထက်မက သံသယဝင်ခဲ့သည်။ယခု သူ့မှာ ပိုသင့်လျော်သည့် ရှင်းပြချက်တစ်ခု ရခဲ့ပြီဖြစ်၏။


အကယ်၍ သူ့အစ်ကို

သာ ထန်ကျားကျိ၏ တည်ရှိမှုအကြောင်းကို သူ့ရှေ့တစ်လှမ်းတိုးပြီးသိလျှင် သူ့အစ်ကိူဒေါသက သဘာဝအတိုင်း နောက်ဆုံးတွင် ရှင်းပြနိုင်မည်ဖြစ်သည်။


"ငါ့အစ်ကို့က သူ့ကိုစုံစမ်းဖူးတာလား"