အပိုင်း ၂၄၀
Viewers 87k

Chapter 240



ဝေ့ကျွင်းဟယ်က ကတိပေးပြီးနောက် ကျိယွီရှောင်ကို အကြာကြီး စောင့်ခွင့်မပေးပဲ သူ့ဆီသို့ အကြောင်းပြန်လိုက်သည်။ 


သူက ကျိယွီရှောင်၏ WeChatသို့ ဓာတ်ပုံအနည်းငယ် ပို့လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။ 

[ရှင်းရှင်းပြောရရင်တော့ သူတို့က အဖေနဲ့သားပဲ...]


ကျိယွီရှောင်က သူ့စာကို ဖတ်ကာ ပြန်ဖြေလိုက်သည်။

[နားလည်ပြီ...]


ဝေ့ကျွင်းဟယ်က ကျိယွီရှောင် ပြန်ဖြေလာသော စကားလုံးကို စိုက်ကြည့်ကာ စိတ်ပူနေဆဲဖြစ်၍ ဖုန်းခေါ်လိုက်သည်။

"မင်း... မင်း အဆင်ပြေရဲ့လား..."


"အင်း..."

ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။


သူက ဝေ့ကျွင်းဟယ် ပို့လာသော ဓာတ်ပုံများနှင့် ထန်ကျားကျိ၏ ဓာတ်ပုံများကို အလွန်ပင် တည်ငြိမ်နေသော အမူအရာဖြင့် ကြည့်နေဆဲဖြစ်သည်။ 


"ငါလာစရာလိုသေးလား..."

ဝေ့ကျွင်းဟယ်က စိုးရိမ်မှုဖြင့် မေးလိုက်သည်။ 


"မလိုပါဘူး..."

ကျိယွီရှောင်၏ အသံနေအသံထားတွင် အတက်အကျ အနည်းငယ်ပင် မရှိချေ။ 


"ဒါပေမဲ့..."


"ဘာမှ အံဩစရာမရှိဘူး... အဲ့ဒါက ငါထင်ထားတဲ့အတိုင်းပဲ... ဘာမှ စိတ်ပူစရာမလိုဘူး..."

ကျိယွီရှောင်က ရှင်းပြလိုက်သည်။ 


သို့သော် ကောက်ချက်ချခြင်းမှာ သပ်သပ်ဖြစ်ကာ ၄င်းကို သက်သေပြခြင်းက သပ်သပ်ဟု ဝေ့ကျွင်းဟယ်က တွေးလိုက်သည်။ ကောက်ချက်ချခြင်းမှာ သီအိုရီတစ်ခုသာဖြစ်သော်လည်း သက်သေပြခြင်းက ၄င်းကို အမှန်တရားအဖြစ် အတည်ပြုခြင်းပင်။ သူ့အဖေက အမှန်တကယ်ပင် ဖောက်ပြန်ခဲ့ကာ သူ့၏ တရားမဝင်သားက နေရာရပြီး ကုမ္ပဏီကို ထိန်းချုပ်နိုင်စေရန်အတွက် မတော်တဆမှုတွင် ကဏ္ဍတစ်ခု အမှန်တကယ် ပါနေနိုင်သည်။ 


လူသတ်သမားမှာ သူ့အဖေ၏ တရားမဝင်သားဖြစ်ပြီး သေဆုံးသူက သူ့အစ်ကိုဖြစ်သည်။ ယခုတွင် သူ့အဖေသည် သူ့၏ တရားမဝင်သားက သူတို့ မိသားစုကုမ္ပဏီကို ထိန်ချုပ်ရန်အတွက် အစီအစဉ်တစ်ခု ဆွဲနေ၏။ 

အဲ့ဒါက ဘယ်လိုလုပ်ပြီး ပြောသလောက် လွယ်မှာလဲ...


ဝေ့ကျွင်းဟယ်က အဖေကျိနှင့် ထန်ကျားကျိကို စိတ်ထဲတွင် အကြိမ်ကြိမ် ကြိမ်းမောင်းဆဲဆိုလိုက်သည်။ 


"အဲ့ဒါဆို သူနဲ့ ကားသမားက အဆက်အသွယ်တစ်ခုခု ရှိလားဆိုတာ စစ်ဆေးကြည့်ဦး... ဒါမှမဟုတ်ရင် သူတို့နှစ်ယောက်ကြားမှာ အလဲအလှယ်တစ်ခုခု ရှိနေလောက်တယ်..."


ဝေ့ကျွင်းဟယ်က အကြံပြုသည်။ 


ကျိယွီရှောင်၏ အသံက မှိုင်းထိုင်းနေသည်။ 

"ငါ့မှာ အဲ့သက်သေတွေသာရှိရင် သူက ဒီတစ်ခေါက် ကုမ္ပဏီထဲမှာ အရမ်းတက်တက်ကြွကြွနဲ့ လျှောက်သွားနေနိုင်ဦးမယ်လို့ မင်းထင်နေတာလား... သူကို အထဲပို့လိုက်တာ ကြာလှပြီပေါ့..."


"ဒါပေမဲ့ ရပါတယ်..."


ကျိယွီရှောင်က ပြုံးလိုက်သည်။

"အဲ့ဒါတွေ မရှိရင်တောင် ငါသူ့ကို အထဲပို့လို့ရပါတယ်... နောက်တစ်နည်းဖြစ်သွားတာတင်ပါ..."


"ငါ့လုပ်ပေးဖို့ လိုတာ ရှိလား..."


"လောလောဆယ်တော့ မရှိဘူး... မင်းလုပ်စရာရှိတာသာ လုပ်ပါ... ငါမင်းကို ထပ်ပြီးလိုလာရင် ငါယဉ်ကျေးမနေပါဘူး..."


"ကောင်းပြီ..."

ဝေ့ကျွင်းဟယ်က ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆိုလည်း ငါမင်းရဲ့ အမိန့်တွေကို စောင့်နေမယ်..."


ထို့နောက် သူက တိတ်တဆိတ်သက်ပြင်းချကာ ဖုန်းချလိုက်သည်။ 


ကျိယွီရှောင်က ဖန်သားပြင်ပေါ်ရှိ ဓာတ်ပုံကို ထပ်ကြည့်လိုက်သည်။ သူက ကြည့်လေလေ ပို၍ ရွံစရာကောင်းသည်ဟု ခံစားရလေလေဖြစ်သည်။ 


ဒီကောင်စုတ်က သူ့အစ်ကိုနဲ့ မရီးကို သေစေခဲ့တာလား... သူက သူတို့ရှေ့မှာ ရပ်နေဖို့တောင် အရည်အချင်းမရှိဘူး...


သူက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ... သူ့အစ်ကိုကို လာထိရဲတယ်ပေါ့...


ကျိကျန်းဟုန်ရောပါတယ်... အဲ့ လူ့အမှိုက်... သူက ကျိယွီရှောင်ရဲ့ အစ်ကိုကို အလကားနေအလကား သေစေခဲ့တာ... သူ့က သူ့တူကို မိဘမဲ့ ဖြစ်စေခဲ့တာ....


သူက ထန်ကျားကျိအပေါ်ကို အတော်လေးကောင်းတဲ့ အဖေပဲ...


တကယ့်ကို လိုက်တဲ့ အဖေနဲ့သားပဲ...


ကျိယွီရှောင်က လက်သီးဆုပ်ထားကာ အစီအစဉ်အမျိုးမျိုးက သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူက အကြမ်းဖက်ကာ သွေးထွက်သန်ယိုဖြစ်စရာများကို ရှောင်ရှားရန် ရုန်းကန်လိုက်ပြီး ဖုန်းကိုကောက်ကိုင်ကာ ဖုန်းခေါ်လိုက်သည်။ 


"ကျိမူနဲ့ လောင်ဟွမ်ရဲ့ ဆွေးနွေးပွဲကဘယ်လိုဖြစ်သွားလဲ..."

သူက မေးလိုက်သည်။ 


"မဆိုးပါဘူး... ဘာဖြစ်လို့လဲ စီနီယာအစ်ကို... ကျွန်တော်တို့ သူတို့ကမ်းလှမ်းတာကို လက်ခံသင့်တာလား... အဲ့လိုဆိုရင် ကျွန်တော် လောင်ဟွမ်ကို အသိပေးလိုက်ပါမယ်..."


"မဟုတ်ဘူး..."

ကျိယွီရှောင်က ဖန်သားပြင်ကို ကြည့်လိုက်သည်။ 

"လောင်ဟွမ်က ကျိမူကို ငြင်းရမှာ... သူ့ကို နှစ်ရက်အတွင်း အဲ့လိုလုပ်ဖို့ပြောလိုက်..."


ကျောက်ချန်က စိတ်ရှုပ်သွား၏။ 

"ကျွန်တော်တို့က ကျိအုပ်စုနဲ့ တွဲလုပ်မှာ မဟုတ်ဘူးလား..."


"လုပ်မှာပါ... ဒါပေမဲ့ ကျိမူနဲ့ စာချုပ် မချုပ်ဘူး..."


"အဲ့ဒါဆို ဘယ်သူနဲ့ ချုပ်မှာလဲ..."

ကျောက်ချန်က သူ့၏ စီနီယာအစ်ကိုကို ကောင်းကောင်းသိ၏။

"စီနီယာအစ်ကို... အစ်ကို ဘာတွေ စီစဉ်နေတာလဲ..."


"နှစ်ရက်နေရင် မင်းသိရမှာပါ... လောင်ဟွမ်က ကျိမူကို ငြင်းပြီးရင် ကျိအုပ်စုက အောင်းယွီကို ဆက်သွယ်ဖို့အတွက် နောက်တစ်ယောက်ကို ပို့လိမ့်မယ်... အဲ့ကျရင် ငါ့ကို အသိပေး..."


အောင်းယွီမှာ ဤနှစ်အတွင်း၌ ကျိမူ၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ သူက ဤစီးပွားဖက်အတွက် များစွာအားစိုက်ထားခြင်းပင်။ ၄င်းက ယခုတွင် ကျရှုံးခဲ့ပါက ဘုတ်အဖွဲ့ရှယ်ရာရှင်များ၏ သူ့အပေါ် မျှော်လင့်ချက်များအပေါ်တွင် အသေအချာပင် သက်ရောက်မှုရှိပေမည်။


ဤတစ်ကြိမ်တွင် သူ့အစား ထန်ကျားကျိက စီးပွားဖက်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါက သူက ကျိမူထက်ပို၍ အသုံးဝင်သည်ကို ပြသနိုင်ပေမည်။ 


သူက ကျိမူ၏ နေရာအတွက် ပို၍ သင့်လျော်တယ်လို့ ပြလိုက်တာ မဟုတ်ဘူးလား...


ကျိကျန်းဟုန်မှာ သူ့သားအား စာချုပ်နှစ်ခုချုပ်နိုင်ရန် ကူညီခဲ့ပြီးဖြစ်သည်။ သူက ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူက ကျိမူ ကျရှုံးသွားသည့် အရာကို ထန်ကျားကျိအား အောင်မြင်စေပေမည်။ ထို့နောက် ကျိယွီရှောင်သည် ထန်ကျားကျိ ကျည်ဆန်ကို ကိုက်လာရန်သာ စောင့်ဖို့ လိုပေသည်။ 


"ငါပြောတဲ့အတိုင်းပဲ လုပ်ပါ...."


"ဟုတ်ကဲ့..."

ကျောက်ချန်ကသဘောတူလိုက်သည်။ 


"ဟုတ်ကဲ့ စီနီယာအစ်ကို... မရီးရဲ့ ထုတ်လုပ်ရေး စနေတာကို ကျွန်တော်တွေ့လိုက်တယ်... ဂုဏ်ယူပါတယ်... ဒီထုတ်လုပ်ရေးက အလားအလာရှိတဲ့ ပုံပဲ..."


ကျိယွီရှောင်က ရှားပါးကာ စိတ်ရင်းပါသော အပြုံးတစ်ခု လှစ်ပြလိုက်သည်။ 

"အဲ့ဒါ ထွက်လာရင် ငါမင်းတို့အားလုံးကို ဖိတ်လိုက်မယ်... တခြားသူတွေလဲ လိုက်ခဲ့ကြ... အဲ့ဒါက သူတို့ကို အနားပေးဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်မှာပါ...."


"ဝိုး... အဲ့ဒါဆိုရင် အလုပ်သမားတွေအတွက် တွေးပေးတဲ့ ဥက္ကဌ ကျိကို ကျေးဇူးတင်ပါတယ်..."


"အလုပ်သွားလုပ်တော့..."

ကျိယွီရှောင်က ဖုန်းမချမီတွင် ပြောလိုက်သည်။ 


အခုဆိုရင် ထန်ကျားကျိကို စောင့်ဖို့ပဲ ကျန်တော့တယ်....


သူက ကွန်ပျူတာပေါ်တွင် ဖွင့်ထားသော ဓာတ်ပုံများကို ပိတ်လိုက်ပြီး ရွံစရာကောင်းသည်ဟု ခံစားရသော ထိုလူကို ထပ်မကြည့်နိုင်တော့ပါချေ။ ထိုအစား သူက လင်းလော့ချင်းကို စာတိုတစ်ခုပို့ကာ စိတ်အေးအေးထားလိုက်သည်။

[ရိုက်ကူးရေးက အခုထိ အောင်အောင်မြင်မြင်ပဲလား...]


*****


လင်းလော့ချင်း၏ ရိုက်ကူးရေးမှာ အလွန်ချောမွေ့စွာ တိုးတက်နေ၏။ ဒါရိုက်တာလီမှာ အလွန်ရင့်ကျက်လှသောအဖွဲ့နှင့် ဝါရင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးပင်။ 


လင်းလော့ချင်းအတွက် တစ်ဦးက ရုပ်ရှင် ဧကရာဇ်ဖြစ်ကာ နောက်တစ်ဦးက တစ်ခြားတစ်ဦးကို စိန်ခေါ်နိုင်စွမ်း ရှိသည့် ဝမ်ကျစ်မင်း၊ ဟို့ဝမ်ယွီတို့နှင့် အတူသရုပ်ဆောင်နေရသည်ကို ထပ်ပေါင်းပါက အခန်းပေါင်းများစွာတွင် "cut..."ဟု အအော်ခံရသော်လည်း ဝါရင့်သရုပ်ဆောင်ကြီး နှစ်ဦးထံမှ သင်ယူနိုင်ပေသည်။ ဒါရိုက်တာလီ၏ လမ်းပြမှုဖြင့် လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်မှာ ပို၍ ကျွမ်းကျင်လာလေ၏။ 


ဤသည်က သူ့၏ ပထမဆုံး ရုပ်ရှင်ဖြစ်ကာ ဒါရိုက်တာလီ၏ ရုပ်ရှင် ဖြစ်နေခြင်းတို့နှင့် လင်းလော့ချင်း ယခင်က ရရှိပြီး ဖြစ်သည့် နာမည်ကျော်ကြားမှုပါ ထပ်ပေါင်းလိုက်ပါက ရိုက်ကူးရေး ပြုလုပ်ပြီး ရက်များစွာတွင် ကုမ္ပဏီများနှင့် အမှတ်တံဆိပ်များစွာက ဝူရှင်းယွမ်ဆီသို့ ဆက်သွယ်ကာ ပူးပေါင်းမှုနှင့် ထောက်ခံမှုအကြောင်း ပြောလာကြသည်။ 


ဝူရှင်းယွမ်က လင်းလော့ချင်း၏ ထောက်ခံမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာ ရွေးချယ်လိုက်သည်။ လင်းလော့ချင်းမှာ သူ့၏ ဂရုတစိုက် စစ်ဆေးထားပြီးသည့် စာရင်းတစ်ခုသာ ပေးအပ်ခြင်း ခံရသည်။ 


လင်းလော့ချင်းက ဖိုင်များကို လှန်ကြည့်နေစဉ်တွင် သူ့ဖုန်းထဲသို့ စာတိုတစ်ကြောင်း ဝင်လာသည်ကို ကြားလိုက်သည်။ သူက ဖုန်းကို ကိုင်လိုက်ရာ ကျိယွီရှောင်ဖြစ်နေသည်ကို တွေ့ပြီး ပြန်ဖြေလိုက်သည်။

[ချောချောမွေ့မွေ့ပါပဲ ဒါပေမဲ့ မအောင်မြင်သေးဘူး...]


ထို့နောက် သူက ဗီဒီယို ခေါ်ဆိုမှုတစ်ခု ပို့လိုက်သည်။ 


ကျိယွီရှောင်က ၄င်းကို လက်ခံလိုက်ရာ ချက်ချင်းပင် သူတစ်နေ့လုံးတွေးနေသော လူကို တွေ့လိုက်ရသည်။

"မင်းက ငါ့စိတ်ကို ဖတ်လိုက်တာပဲ... ငါလည်း မင်းကို ခေါ်တော့မလို့ပဲ..."


လင်းလော့ချင်းက ပြုံးလိုက်သည်။

"ဒီရက်ပိုင်းတွေ မင်း နေကောင်းရဲ့လား... ဖေးဖေးနဲ့ ရှောင်ယွီရော... သူတို့ရော ကောင်းကောင်းနေကြရဲ့လား..."


"အွန်း..."

ကျိယွီရှောင်က ပြုံးကာ ဆိုလိုက်သည်။

"သူတို့နှစ်ယောက်က ဘာဖြစ်နိုင်မှာလဲ... သူတို့နှစ်ယောက်လုံးက အပြုအမူကောင်းကြတယ်လေ..."


လင်းလော့ချင်း - ...အင်း.... အဲ့ဒါက တကယ်တော့ မင်းရှေ့မှာလေ...


"မင်းကရော..."


"အရင်ကထက် ပိုကောင်းတယ်...


လင်းလော့ချင်းမှာ ချက်ချင်းပင် ပျော်ရွှင်လာသည်။

"အဲ့ဒါကောင်းတယ်..."


သူက ပြီးခဲ့သည့်ရက်များတွင် အလုပ်ရှုပ်နေသည်ဖြစ်ရာ ကျိယွီရှောင်နှင့် စကားပြောရန် အချိန်မရခဲ့ပေ။ လင်းလော့ချင်းက ကျိယွီရှောင်အား ပြောစရာအလွန်များနေသည်ဟု ခံစားရပြီး အရာရာကို တစ်ခါတည်းနှင့် ထုတ်ပြောလိုက်သည်။


"ဝမ်လောင်ရှီးက အရမ်းအထင်ကြီးစရာကောင်းတယ်... ငါ ဇာတ်ညွှန်းအကြမ်းဖတ်တုန်းက သူ့စာကြောင်းတွေက သူ့ရဲ့ ဇာတ်ကောင်စရိုက်နဲ့ အရမ်းကိုက်ပေမဲ့ အရမ်းကို တုံးတိဆန်တယ်လို့ ခံစားနေရတာ... ဒါပေမဲ့ သူအဲ့စာကြောင်းတွေကိုပြောတော့ အဲ့လို မထင်ရဘူးသိလား... အဲ့ဒါက အတော်လေး သန်မာပြီး အထင်ကြီးစရာကောင်းတယ်..."


"ဟို့လောင်ရှီးကလည်း အတော်လေးရယ်ရတယ်... သူက ငါ့ကို ပထမဆုံးတွေ့တုန်းက ငါက ဖူရှီလိုမျိုး အစကတည်းက သီးသန့်ဆန်ပြီး အေးစက်တယ်လို့ ထင်နေတာလို့ ပြောတယ်... သူက ငါနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာတောင် မသိဘူးတဲ့... ဟားဟားဟား... တကယ်တော့ ငါက ဒါရိုက်တာလီရှေ့မှာပဲ အဲ့လိုဖြစ်နေတာလေ..."


"ငါတို့ရဲ့ ဒါရိုက်တာလီကလည်း တစ်ခုခုပဲ... သူ ငါ့ကို ချီးကျူးတိုင်း ငါက ပျော်လာပြီး ငါသူ့ကို ကျေးဇူးတင်လိုက်တိုင်း သူက 'အဲ့လို မရဘူး... မင်းရဲ့ ဒီလို အမူအရာက သူနဲ့ လုံးဝမတူဘူး...'ဆိုပြီး ချက်ချင်းပြောတာ... အခုဆိုရင် ငါသူ့ကိုတွေ့တိုင်း အေးစက်စက် မျက်နှာထားလုပ်ထားတာ... ဟို့လောင်ရှီးက အစတုန်းက အဲ့လိုလုပ်ရဲလို့ ငါ့ကို အတော်လေးသတ္တိရှိတယ်ထင်နေတာ... သူတောင်မှပဲ ဒါရိုက်တာကို မြှောက်ပင့်ပြီး ပြုံးပြရတာလေ...."


ကျိယွီရှောင်က သူပြောသမျှကို တိတ်တဆိတ် နားထောင်နေကာ အစကဖြစ်နေသည့် သူ့၏ ဒေါသထွက်နေသော စိတ်အခြေအနေမှာ အေးချမ်းသွားလေသည်။ 


လင်းလော့ချင်းက အများအပြား ပြောဆိုလိုက်ပြီး အတန်ကြာပြီးမှသာ သူတစ်ယောက်တည်း စကားပြောနေရသည်ကို သဘောပေါက်သွားသည်။ သူက ရှက်ရွံ့စွာ ဆိုလိုက်သည်။ 

"ငါတစ်ယောက်တည်း စကားပြောနေရတာ... မင်းလည်း ပြောလေ... အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါကြားချင်တယ်..."


"ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..."

ကျိယွီရှောင်က ညင်သာစွာ ဆိုလိုက်သည်။ 

"ငါမင်းစကားပြောတာကို နားထောင်ရတာကြိုက်တယ်... အခုဆိုရင် ငါက မင်းဘေးမှာ ရှိမနေနိုင်တော့ ရိုက်ကွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြားရတာအရမ်းကောင်းတယ်... နောက်တစ်ခါ မင်း အဲ့လူတွေအကြောင်းထပ်ပြောရင် ငါသူတို့ နာမည်တွေနဲ့ စိမ်းမနေတော့ဘူးပေါ့..."


လင်းလော့ချင်းက ပျော်ရွှင်သွားပြီး သူ့စကားလုံးများအား မရယ်ပဲ မနေနိုင်ပါချေ။ 


"မင်းက ဘာလို့ ငါ့အပေါ်အရမ်းကောင်းတာလဲ..."

သူက ညင်သာကာ ချွဲတဲတဲ ဖြစ်လုနီးပါး အသံဖြင့် ဆိုလိုက်သည်။


ကျိယွီရှောင်က ပြုံးလိုက်သည်။

"ငါက မင်းကို ကောင်းကောင်း မဆက်ဆံရင် ဘယ်သူကို သွားပြီး ကောင်းကောင်းဆက်ဆံရမှာလဲ..."


၄င်းက အမှန်ဖြစ်၍ လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ ငါက အသင့်တော်ဆုံးပဲ ထင်တယ်..."



ကျိယွီရှောင်က သူ့၏ ရှက်ကိုးရှက်ကန်းစကားများကြောင့် ပျော်ရွှင်သွား၏။ 


"ဟုတ်တယ်..."

သူက အလိုလိုက်ကာ သဘောတူလိုက်သည်။


သူတို့နှစ်ဦးက နှစ်ဦးတည်း ချိုမြိန်စွာဖြင့် တစ်နာရီနီးပါး စကားပြောနေလိုက်ပြီးနောက် ကျိယွီရှောင်က နောက်ကျနေပြီကို သတိပြုမိသွားသည်။ လင်းလော့ချင်းမှာ နောက်တစ်နေ့မနက်တွင် စောစောထရမည်ကို တွေးကာ အိပ်ရန် တိုက်တွန်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။ 


လင်းလော့ချင်းက နာနာခံခံဖုန်းချလိုက်ပြီး အိပ်ရာမဝင်မီတွင် အလျင်အမြန် ရေချိုးလိုက်သည်။ 


ဆန့်ကျင်ဘက်အနေဖြင့် ကျိယွီရှောင်အတွက် အိပ်ပျော်ရန်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ထန်ကျားကျိ၏ ဖြစ်တည်မှုကို သိပြီးနောက်တွင် သူ့၏ အိပ်မပျော်သော ရောဂါက တိုးတက်လာပြီး မူလအခြေအနေထက်ပင် ပိုဆိုးလာဟန် ရလေ၏။ 


ကျိယွီရှောင်က အိပ်ရာပေါ်တွင် လှဲကာ ညတစ်ဝက်ခန့် ဟိုလှိမ့်ဒီလှိမ့်နေပြီး နောက်ဆုံးတွင် အိပ်ဆေးသောက်ရန် ဆုံးဖြတ်လိုက်သည်။ 


ထိုအချိန်ထိတိုင် သူက ကောင်းကောင်း အနားမယူနိုင်ပဲ သူ့အိပ်မက်များက အဓိပ္ပာယ်မရှိ၊ အေးစက်ပြီး ကြောက်စရာကောင်းလှ၏။ ကျိယွီရှောင် နိုးလာသောအခါ အိပ်မက်မှ မရုန်းထွက်နိုင်သည်ကို တွေ့လိုက်ရသည်။ သူ့ခေါင်းက မူးဝေနေပြီး နားထင်များက တဆစ်ဆစ်ကိုက်ခဲနေတော့သည်။ 


သူက အိပ်ရာပေါ်တွင် အတန်ကြာအောင် ထိုင်နေပြီးမှ ခေါင်းကိုက်ခြင်းက သက်သွားသွားသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်မှသာလျှင် သူက ထထိုင်ကာ စာကြည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။ 


*****

ကျိမူက သူလုပ်နေသည်ကို အပြီးသတ်ပြီးပြီးခြင်းမှာပင် အောင်းယွီနှင့် သူတို့ စီးပွားဖက်ခြင်းအတွက် ခေါင်းဆောင်တာဝန်ကျလူအား ဆက်သွယ်လိုက်သည်။ သူက သူတို့၏ အလားအလာရှိသည့် စီးပွားဖက်အကြောင်းကို ဆက်လက်ပြောကြားလိုသော်လည်း ဤတစ်ကြိမ်တွင် တဖက်က သူ့ဖိတ်ခေါ်မှုကို လက်မခံချေ။ ထိုအစား သူက ကူကယ်ရာမဲ့သောအမူအရာတစ်ခုဖြင့် ပြန်ပြောလိုက်သည်။ 


"ကျွန်တော် တောင်းပန်ပါတယ် ဥက္ကဌကျိ... ဒီတစ်ခေါက် စီးပွားဖက်ဖို့ ကိစ္စက ကျွန်တော်တို့ သဘောတူပေးလို့မရမှာ အားနာပါတယ်... ဒီကိစ္စအတွက်က... ဟင်း... တောင်းပန်ပါတယ်..."


ကျိမူက သူ့စကားများကို ကြားပြီးနောက် ချက်ချင်းပင် ထိုင်နေရာမှ စိတ်မအေးစွာ ထရပ်လိုက်သည်။ 

"ဘာ တောင်းပန်စရာလိုလို့လဲ... ဥက္ကဌ ဟွမ်... အဲ့ဒါက အများသဘောတူတဲ့အဆင့်ကို ရောက်နေပြီမဟုတ်ဘူးလား... ဘာတွေ ဖြစ်နေတာလဲ..."


"ကျွန်တော်သိပါတယ်... ဒါပေမဲ့ ဥက္ကဌ ကျောက်က သူ့ဘက်က သဘောတူညီချက်ကို ခွင့်မပြုပေးဘူး... ကျွန်တော်လည်း ခင်ဗျားအတွက် ပြောပေးပါတယ်... ဒါပေမဲ့ ဥက္ကဌကျောက် သဘောမတူရင်က ကျွန်တော်လှုပ်လို့မရဘူး... တောင်းပန်ပါတယ်... ဥက္ကဌကျိ... ကျွန်တော်လည်း ကျွန်တော်တို့ စီးပွားရေး အတူလုပ်ဖို့အတွက် အရမ်းမျှော်လင့်နေတာပါ... ဒါပေမဲ့ ဥက္ကဌကျောက်က အဲ့လိုဖြစ်ရမယ်လို့ပြောရင် ကျွန်တော်မှာ ရွေးချယ်စရာမရှိလို့ပါ..."


ကျိမူက သူပြောသည်ကို ကြားသောအခါ ဖုန်းချပြီး ကျောက်ချန်ကို တိုက်ရိုက် ရှာလိုက်သည်။ သူကလည်း ကျိမူအား နှစ်သိမ့်ရန် လုပ်ဆောင်လိုက်သည်။


"အခုချက်ချင်း စီးပွားဖက်အဖြစ် တွဲမလုပ်နိုင်တာက ဘယ်တော့မှ အတူတွဲပြီး မလုပ်နိုင်တော့ဘူးလို့ မဆိုလိုပါဘူး... ကျွန်တော်တို့က လောလောဆယ် အဆုံးသတ်ဖို့ နည်းနည်းလေး အလုပ်များပြီး အစ်ကိုတို့ ကုမ္ပဏီနဲ့ တစ်ဦးချင်း တွဲဖက်လုပ်ဖို့အတွက် အချိန်လုံးဝမရှိလို့ပါ... ဥက္ကဌကျိ စိတ်မပူပါနဲ့... အချိန်မှန်ရောက်လာရင် ဆွေးနွေးထားတဲ့အတိုင်း ဘာပြဿနာမှ မရှိစေရပါဘူး..."


"အဲ့ဒါဆိုလည်း ဘာလို့ အခုချက်ချင်း မဖြစ်နိုင်ရတာလဲ..."


"အဲ့ဒါကတော့ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင် စဉ်းစားစရာလေးတွေ ရှိနေလို့လေ..."

ကျောက်ချန်၏ အဖြေမှာ မရေမရာဖြစ်ကာ သူတို့၏ အပြန်အလှန်ပြောဆိုမှုတွင် မည်သည့်တန်ဖိုးမှ မပြသပါချေ။ 


နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ နောက်ဆုတ်ရသည်မှာ ကျိမူပင်။

"အဲ့ဒါက အမြတ်ကြောင့်လား... အစ်ကိုက အဲ့ဒါကို မလုံလောက်သေးဘူး ခံစားရရင်လည်း ကျွန်တော်တို့ ဆွေးနွေးလို့ရပါသေးတယ်..."


"ဥက္ကဌကျိ... အစ်ကိုက ဘယ်လိုလုပ်ပြီး အဲ့လို တွေးရတာလဲ... အစ်ကိုက စိတ်အပူလွန်နေပါပြီ..."


ကျိမူက သူပြန်ဖြေသည်ကို ကြားပြီးနောက် ချက်ချင်းပင် ခေါင်းတစ်ခြမ်းကိုက်လာသည်ဟု ခံစားရသည်။ 


အောင်းယွီမှာ ဤနှစ်၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ ဤအချိန်တွင် အောင်းယွီက စီးပွားဖက်ရန် ဖယ်ချခြင်း ခံရပါက သူ့အစီအစဉ်များနှင့် တခြားစီမံကိန်းများကို အတားအဆီးဖြစ်ကာ လွှမ်းမိုးနိုင်ပြီး ၄င်းတို့ တိုးတက်ခြင်းမှ တားဆီးနိုင်ပေသည်။

အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ...


ကျိမူမှာ မကျေမနပ်ဖြစ်သွားပြီး ကုမ္ပဏီမှ တိုက်ရိုက် ထွက်လာကာ ကျောက်ချန်ကို ရှာရန် ထွက်လာလိုက်သည်။ 


သို့သော် သူက မည်မျှပင် တောင်းဆိုသော်လည်း ကျောက်ချန်က အလျှော့ပေးရန် ငြင်းဆိုနေပေသည်။ သူက ဤအချိန်တွင် တွဲဖက်လုပ်ကိုင်ရန်မှာ သူတို့အတွက် မည်မျှအရေးကြီးကြောင်းကို အဆက်မပြတ် ပြောပြလိုက်ပြီး ကျိမူကို ပိုကောင်းသော အခွင့်အရေးကိုစောင့်

ရန် ဖျောင်းဖျလိုက်သည်။ 


စောင့်ခြင်းက ကျိမူအတွက် မဖြစ်နိုင်သည်မှာ အသေအချာပါပင်။ 


ထို့ကြောင့် သူက တစ်ဖက်တွင် ကျောက်ချန်နှင့် ဆက်လက် ညှိနှိုင်းကာ တခြားတစ်ဖက်တွင် အောင်းယွီကို အစားထိုးနိုင်သော တခြား ကုမ္ပဏီတစ်ခုကို ရှာနေလိုက်သည်။