အပိုင်း ၁၁၈
Viewers 30k

🍵Chapter 118

(ဘာလို့သူမအကိုကြီးက ရှေ့ဆက်မတိုးလိုက်တာလဲနော်...(3) )


ဖန်ကျင်းယွမ်က ထုံရွှယ်လူအရွယ်ရောက်လာသည့်တစ်လျှောက် သိလာခဲ့သဖြင့် သူမကချော်ဘဲလဲလဲ၊ အရိုက်ဘဲခံရလျှင်တောင်မှ ဤသို့သောပုံစံမျိုးကို မတွေ့ဘူးပေ။ဖန်ကျင်းယွမ်က မသက်မသာခံစားလိုက်ရသည်။


“ဒါဆိုရင် နင်ထုံမိသားစုကဘာလို့ထွက်လာတာလဲ၊ ငါပြောတာက ဟိုထုံမိသားစုပါ၊ ဦးလေးနဲ့ဒေါ်လေးတို့က နင့်ကိုအရမ်းချစ်ကြတာလေ၊ နင်သာမထွက်သွားရင် သူတို့ဘက်ကလည်းနင့်ကိုမောင်းထုတ်မှာ မဟုတ်ပါဘူး”


“ကိုယ်နဲ့ မသက်ဆိုင်တဲ့ အိမ်ခေါင်မိုးအောက်မှာနေရတာက ဘယ်လိုလဲဆိုတာကို နင်နားမလည်ပါဘူး”


ထုံရွှယ်လူအသံက တိုးဝင်သွား၏။ သူမအသံကနူးညံ့နေပြီး မျက်ရည်များကိုထိန်းထားသလိုအသံထွက်နေပေသည်။‌၎င်းကဖန်ကျင်းယွမ်ကို ပိုပြီးစိတ်ရှုပ်ထွေးသွားစေသည်။


သူမက ထုံရွှယ်လူမောင်လေးဒုက္ခရောက်သောအခါ ထုံမိသားစုကိုအကူအညီမတောင်းဘဲ သူမဆီမှအကူအညီတောင်းသည်ကို မှတ်မိသွားသည်။


ပိုထူးဆန်းသောအရာမှာ ထုံမိသားစုက ထိုကိစ္စကိုသိသွားခဲ့တာတောင်မှ ဘာမှမလုပ်ပေးခဲ့ပေ။ သူတို့က သူမအတွက် ထွက်မပြောပေးသလို စကားများကိုလည်း မဖြန့်ပေးပေ။


အဲ့ဒါကြောင့်များ သူမကထုံမိသားစုကနေထွက်လာတာလား...


ထုံရွှယ်လူကိုဘယ်လိုတောင်လှောင်ပြောင်ခဲ့သည်ကို ပြန်တွေးမိသောအခါ ဖန်ကျင်းယွမ်က အပြစ်ရှိသလိုခံစားမိသွားသည်။


“နင်.........”


အပြစ်ရှိသလို ခံစားနေရသဖြင့် ဖန်ကျင်းယွမ်က ဘာပြောရမှန်းတောင်မသိတော့ပေ။


“ဒီနေ့အတွက်မီနူးကဘာလဲ၊ ငါတို့ကိုတစ်မျိုးစီချပေးပါ”


ထုံရွှယ်လူက နားလည်ကြောင်းပြပြီးနောက် မီးဖိုချောင်ထဲပြန်ဝင်သွားသည်။


ဒီနေ့အတွက်မီနူးမှာ အသားကြော်၊ ခရမ်းချဉ်သီးကြက်ဥမွှေကြော်၊ ရေညှိုနှင့်ကြက်ဥစွပ်ပြုတ်တို့ဖြစ်သည်။


ထုံရွှယ်လူက ကောင်းဝေ့ဖျင်ကို သူမနားတွင်ရပ်ခိုင်းပြီး သူမချက်ပြုတ်သည်များကို ကြည့်ခိုင်းလိုက်သည်။


ဖန်ကျင်းယွမ်က 'ဝက်စာ'များကိုစားရန် စိတ်ပိုင်းဆိုင်ရာအားဖြင့် အသင့်ပြင်ထားလိုက်သည်။ အံ့ဩစရာကောင်းစွာပင် စားစရာလာမချရသေးသော်လည်း အနံ့ကမီးဖိုချောင်ထဲမှ‌ထွက်လာပြီး လူတိုင်းကိုတံတွေးမြိုချသွားစေ၏။


“ဘုရားရေ မွှေးလိုက်တာ၊ ဒီလိုအနံ့မျိုးကို တစ်ခါမှမရဖူးဘူး”


“အထဲမှာ တကယ်ဘဲထုံရွှယ်လူချက်နေတာလား မယုံနိုင်စရာကောင်းလိုက်တာ”


“ငါရောဘဲမယုံနိုင်ဘူး ထုံရွှယ်လူကိုငါအကြာကြီးသိလာတာပါ သူချက်ပြုတ်တတ်တယ်ဆိုတာကို လုံးဝမသိခဲ့ဘူး”


“သူမကအရင်တုန်းက မချက်တတ်ပေမယ့် မိသားစုအသစ်ဆီရောက်တော့ သင်လိုက်တာလေ၊ သူမအတိတ်အကြောင်းကို ပြန်မပြောနဲ့နော်”


ထိုအကြောင်းကို ပြန်ဆွဲထုတ်စရာ အကြောင်းမရှိပေ။


အခြားသူများက ချက်ချင်းပင် ဖန်ကျင်းယွမ်ဆိုလိုသည်ကို နားလည်သွား၏။ သူတို့ကထုံရွှယ်လူ၏မိသားစုအသစ်အခြေအနေကိုသိထားသဖြင့် သူမအတွက်ခံစားမိသွားသည်။


သူတို့က သူမ၏အရင်မိသားစုအကြောင်းကို ပြန်မပြောပါဟု အာမခံလိုက်ကြသည်။ခဏကြာသောအခါ ဟင်းပွဲများရောက်လာ၏။


လူတိုင်းက ဝက်သားစပ်ပေါ်တွင် ဝေ့နေသောဆီများ၊ အနီနှင့်အဝါရောင်ရောနေသော ခရမ်းချဉ်သီးကြက်ဥကြော်နှင့် ရေညှိပါသည့်ကြက်ဥစွပ်ပြုတ်ကိုတွေ့သောအခါ တံတွေးမြိုချလိုက်ကြသည်။


အနံ့ကမွှေးနေတာဘဲ...


သူတို့က မီးဖိုချောင်ထဲမှာ ချက်နေစဉ်ကတည်းက အနံ့ရပြီးသားဖြစ်သည်။ သူတို့ရှေ့သို့ဟင်းပွဲများရောက်လာသောအခါ အနံ့က ပိုမွှေးလာပြီး နှစ်သက်ဖွယ်ကောင်းနေပေသည်။


သူတို့ကထပ်မပြောတော့ဘဲ တူကိုင်ကာ ပန်းကန်ထဲမျက်နှာနှစ်လိုက်ကြသည်။


အသားကြော်ကာ စပ်စပ်လေးဖြင့်အရသာရှိကာ နူးညံ့နေ၏။ ထမင်းနှင့်တွဲစားပါက အကောင်းဆုံးဖြစ်သည်။


ခရမ်းချဉ်သီးကြက်ဥကြော်ကလည်း ချိုပြီးလတ်ဆတ်ကာ အရသာရှိ၏။ ၎င်းကလည်း ထမင်းနှင့်အလွန်လိုက်ပေသည်။


ရေညှိနှင့်ကြက်ဥစွပ်ပြုတ်က အရသာပေါ့ကာ အသားကြော်အစပ်နှင့် အလွန်လိုက်ဖတ်ပေသည်။


အကုန်လုံးကအရသာရှိတယ်...


သူတို့သည် ထုံရွှယ်လူကချက်ပြုတ်နိုင်ရုံတင်မက၊ အလွန်ကောင်းမွန်စွာချက်ပြုတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။


၎င်းက သူတို့ထင်ထားသည်ထက် ကျော်နေ၏။


စားစရာအားလုံးပြောင်သွားသောအခါ လူတိုင်းက ထုံရွှယ်လူအားပို၍နူးညံ့စွာကြည့်လာရုံသာမက သူတို့၏အကြည့်များတွင် လေးစားမှုများပါပါနေပေသည်။


အတိတ်တွင် ဖန်ကျင်းယွမ်က ထုံရွှယ်လူကိုမကြိုက်ခဲ့ပေ။ သူမက ထုံရွှယ်လူနှင့်သူမအကိုကြီးတို့လက်မထပ်‌စေရန် တတ်နိုင်သမျှလုပ်ခဲ့၏။အခုချိန်တွင် သူမကနောင်တရလာလေသည်။


ထုံရွှယ်လူက ဟင်းချက်တော်သည်ကို သူမသိထားပါက သူမအကိုကြီးနှင့် လက်ထပ်သည်ကိုတားခဲ့မည်မဟုတ်ပေ။


ထုံရွှယ်လူသာ သူမအကိုကြီးနှင့်လက်ထပ်လိုက်ပါက ဒီလိုအရသာရှိတဲ့အစားအစာတွေကို နေ့တိုင်းစားရမှာလား။


နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခုချိန်တွင် ထုံရွှယ်လူ၏စိတ်ထဲ၌ သူမအကိုကြီးက ချီးတစ်ပုံ‌ထက်တောင်မသာတော့ပေ။


သူမအကိုကြီးက ဘာလို့ရှေ့ဆက်မတိုးလိုက်တာလဲနော်။


(သူမက ကျိုးရန်ကိုသမက်တော်ချင်တယ်လို့ ဘယ်တုန်းက‌များပြောမိလို့လဲ...(1) )


ထုံရွှယ်လူက နောက်ဆုံးတွင် နေ့လယ်စာရောင်းချိန်ပြီးသွားသဖြင့် မီးဖိုချောင်ထဲမှထွက်လာလိုက်သည်။


အမှန်တွင် စားဖိုမှူးလုပ်ရခြင်းက ခက်ခဲသောအလုပ်မဟုတ်ပေ။ လက်ဝင်သောအလုပ်များဖြစ်သည့် အသီးအရွက်များလှီးခြင်း၊ ဟင်းလျာများပြင်ဆင်ခြင်းကို အခြားတစ်ယောက်ကလုပ်ပေးခြင်းဖြစ်သည်။ သူမလုပ်ရသည့်ဟူ၍ ချက်ပြုတ်ရခြင်းသာရှိသည်။


ဤအလုပ်၏အကောင်းဆုံးအရာတစ်ခုမှာ သူမကအသားတစ်ချို့ကိုဝှက်ထားနိုင်ခြင်းပင်။ အခုတလောကာလများတွင် သူမ၏မိသားစုက နေ့တိုင်းစားနေရ၏။


ထုံမျန်မျန်ဆိုလျှင် ပါးပေါ်၌အဆီတစ်ချို့တောင်ရှိလာ၏။သူမကပါးဖောင်းဖောင်းများဖြင့် အလွန်ဖျစ်ညှစ်ချင်စရာကောင်းနေပေသည်။


“ရွှယ်လူ နင့်လက်ရာက အံ့ဩစရာဘဲ”


“ဟုတ်တယ်၊ နင်ချက်ပြုတ်တာကို ဘယ်လိုသင်ခဲ့တာလဲ နင်ကအချိန်တိုလေးအတွင်းမှာ ဒီလိုအံ့ဩစရာကောင်းတဲ့အထိချက်ပြုတ်နိုင်အောင် ဘယ်လိုသင်ခဲ့တာလဲ ”


ထုံရွှယ်လူ၏နှုတ်ခမ်းများက အနည်းငယ်ကွေးညွှတ်သွားသည်။


“ငါထင်တာတော့ ငါကအရမ်းပါရမီပါလို့ဖြစ်မယ်”


လူတိုင်း :“……”


ဟုတ်ပြီ၊သူမက အရင်တုန်းကထုံရွှယ်လူဘဲ၊ ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးတာဘဲ...


ရုတ်တရက်ပင် လူတိုင်းကသက်တောင့်သက်သာရှိသွားကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့်ရောက်လာသည်ကိုပြောပြလာကြ၏။


သူတို့အားလုံးက တစ်ခုတည်းသောအကြောင်းကိုသာပြောလာကြ၏။ .....သူတို့က သူတို့၏လက်ရှိဆံပင်ပုံစံကိုသဘောမကျကာ ပို၍လှချင်နေကြ၏။


ထုံရွှယ်လူက သူတို့၏မျက်နှာပုံစံများကိုကြည့်ကာ တစ်ယောက်ချင်းစီကိုအကြံဉာဏ်များပေးလိုက်သည်။


ဒီတစ်ကြိမ်တွင်မူ သူမက အချိန်မရသောကြောင့် သူတို့နှင့်အတူ ဆံပင်ညှပ်ဆိုင်သို့ မလိုက်ပေးနိုင်ပေ။


အခြားသူများက နားလည်ကြ၏။


သူတို့၏ဆံပင်ပြသနာများကို ဖြေရှင်းပြီးသောအခါ ယဉ်ကျေးမှုဌာနမှ ထိုသူ‌များက အလုပ်လုပ်ရန်ပြန်သွားကြသည်။


ဖန်ကျင်းယွမ်က နောက်ဆုံးမှပြန်၏။ သူမက ထုံရွှယ်လူကိုကြည့်ကာ ထစ်‌ထစ်ငေါ့ငေါ့ဖြင့်ပြောလာ၏။


“အမ်းးး ဟိုလေ ငါနင့်ဆီကို နောင်ကျရင်လည်း လာလည်လို့ရလား”


ထုံရွှယ်လူက သူမ၏အတွေးများကို ချက်ချင်းဖောက်မြင်သွားသည်။ သူမက အလကားစားသောက်လိုခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူမက ဖန်ကျင်းယွမ်အပေါ်မကျေနပ်တာမျိုးမရှိပေ။ ထို့အပြင် ဖန်မိသားစုက ကျောင်းကိစ္စများကိုဖြေရှင်းရာတွင် အတော်လေးကူညီ‌ခဲ့ပေသည်။သူမကခေါင်းညိတ်ပြလိုက်သည်။


“ရတယ်လေ ကြိုက်တဲ့အချိန်လာခဲ့”


ဖန်ကျင်းယွမ်၏မျက်လုံးများက အရောင်တောက်သွားသည်။


“ကောင်းပြီ‌ ဒါဆိုကတိနော်”


လူတိုင်းပြန်သွားပြီးနောက်တွင် ထုံရွှယ်လူက မီးဖိုချောင်ထဲပြန်ရန်လုပ်လိုက်သည်။ သို့သော်သူမက ထန်ရှောင်ယန်၏လေးထောင့်ပုံစံမျက်နှာကြီးကို တွေ့လိုက်ရသဖြင့် လန့်သွားသည်။


“အမလေးးး နင်ကဘာလို့ငါ့နောက်မှာဒီလိုကြီးရပ်နေတာလဲ၊ နင့်အမေက အခြားသူတွေကို ဒီလိုပုံစံမျိုးနဲ့မခြောက်ဖို့ မဆုံးမထားဘူးလား”


ထန်ရှောင်ယန်က မေးကိုချီကာ ပြောလာ၏။


“နင်ငါ့ကိုလည်း ဆံပင်ပုံစံပြောင်းဖို့ ကူညီပေး”


ထုံရွှယ်လူက မျက်စောင်းထိုးလိုက်သည်။


“နင့်ကိုနင်လည်းကြည့်ပါဦး ဆံပင်ပုံစံပြောင်းလည်း နင့်မျက်နှာကိုကယ်လို့ရမှာမဟုတ်ဘူး”


နင်က တစ်နည်းမဟုတ် တစ်နည်းနဲ့ရုပ်ဆိုးနေဦးမှာဘဲ။


ထန်ရှောင်ယန်သာ သူမကိုကောင်းကောင်းမွန်မွန်တောင်းဆိုလာပါက ကူညီကောင်းကူညီပေးမိလိမ့်မည်။ သို့သော် ဒီ‘ငါပြောတာလုပ်ပေး’ဆိုတဲ့ ပုံစံက ဘာလဲ။


ထန်ရှောင်ယန်က ထုံရွှယ်လူထွက်သွားသည်ကိုကြည့်ကာ ဒေါသထွက်လွန်းသဖြင့် ခေါင်းပေါ်မှမီးခိုးများတောင်ထွက်လာနိုင်၏။


တစ်ချိန်တည်းတွင် ‌အခြားလူတစ်ယောက်ကလည်း ထုံရွှယ်လူကိုအနောက်မှစိုက်ကြည့်နေ၏။ ၎င်းကလျှိုတုံချန်ပင်။အခုတလောတွင် သူကအလွန်ဒုက္ခရောက်နေ၏။


အမျိုးသမီးနှစ်ယောက်ကြားတွင် ဗျာများနေကာ ဘယ်သူ့ကိုရွေးချယ်ရမလဲမသိပေ။အကယ်၍သူသာ ထုံရွှယ်လူကိုရွေးလိုက်ပါက မုန့်ချင်းချင်း၏မိသားစုကို လက်လွှတ်ရလိမ့်မည်။ ထို့အပြင်မုန့်ချင်းချင်းက ပို၍စိတ်ထားနူးညံ့ကာ ဇနီးကောင်းတစ်ယောက်ဖြစ်‌နိုင်ပေသည်။


အကယ်၍သူက မုန့်ချင်းချင်းကိုရွေးမည်ဆိုပါက ထိုဆုံးဖြတ်‌ချက်အပေါ် သူအပြည့်အဝပျော်နိုင်မည်မဟုတ်ပေ။ ထုံရွှယ်လူကအလွန်လှ၏။ သူမကိုနေ့တိုင်းမြင်တွေ့နေရပါက သူရင်ထဲခံစားရခက်နေလိမ့်မည်။


သူတို့နှစ်ယောက်ကြားတွင် သူရွေးရခက်နေခဲ့၏။သို့သော်အခုတွင် သူကဆုံးဖြတ်လိုက်ပြီဖြစ်သည်။


ထုံရွှယ်လူဘက်မှ အကြီးမားဆုံးအားနည်းချက်မှာ သူမ၏မောင်နှမများဖြစ်သည်။ သို့သော် သူမဆီတွင် အစိုးရဝန်ထမ်းများဖြစ်သည့် မွေးစားမိဘများရှိကာ အဆက်အသွယ်လည်းများ၏။


ခုနကလာသွား‌သော ယဉ်ကျေးမှုဌာနမှသူတိုင်းသည် အစိုးရဝန်ထမ်းမိသားစုနောက်ခံရှိကြ၏။


အကယ်၍သူသာ ထုံရွှယ်လူကိုလက်ထပ်လိုက်ပါက ဤအရင်းအမြစ်အားလုံးသည် သူ့အတွက်ဖြစ်လာလိမ့်မည်။


ထိုသို့တွေးမိသွားသောအခါ သူကဆံပင်သပ်လိုက်ပြီး မီးဖိုချောင်ထဲသို့သွားကာ ထုံရွှယ်လူကိုတစ်ရက်‌ေလာက်အပြင်အတူသွားဖို့မေးရန် လုပ်လိုက်သည်။


သို့သော် သူမီးဖိုချောင်ထဲသို့ဝင်လာချင်းမှာပင် ထုံရွှယ်လူကတံမြက်စည်းကိုကိုင်ပြီး ကြမ်းပြင်ပေါ်မှတစ်စုံတစ်ခုကိုလှည်းနေသည်ကို တွေ့လိုက်ရသည်။


ဂေါက်ရိုက်သည့် ဘောလုံးအရွယ်လောက်ရှိသော ထိုအရာက ကြမ်းပြင်ပေါ်မှလွင့်လာပြီး လျှိုတုံချန်၏မျက်နှာပေါ်သို့ကျသွားလေသည်။


၎င်းကကိစ္စမရှိပေ။ ပြသာနာမှာ သူ့မျက်နှာပေါ်သို့ရောက်လာသောထိုအရာမှာ အမွေးထူပြီးလှုပ်ရှားနေခြင်းဖြစ်သည်။


ထိုအရာက လန့်သွားပုံရပြီး လျှိုတုံချန်၏မျက်နှာကို အကြိမ်အနည်းငယ်ကုတ်ခြစ်လာ၏။ ထို့နောက်ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတာ အမြန်ဆုံးအရှိန်ဖြင့်ထွက်ပြေးသွားလေသည်။


ကြွက်နှင့်ယှဉ်လျှင် လျှိုတုံချန်က ပိုလန့်သွားသည်။


သူအထဲဝင်ရုံသာရှိသေးသော်လည်း ကြွက်တစ်ကောင်က သူ့ဆီလွင့်လာသည်ကိုမြင်လိုက်ရကာ သူ့မျက်နှာပေါ်သို့ကျလာ၏။


အဲ့ဒါက ကြွက်ဆိုတာကြီးကိုပြောနေတာလေ၊ ရွံစရာကောင်းလိုက်တာ။


ထို့ပြင် သူဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ထိုကြွက်က သူ့မျက်နှာကိုကုတ်သွား၏။


လျှိုတုံချန်က အသက်ပြင်းပြင်းရှူလိုက်ကာ ချက်ချင်းပင်ဒေါသဖြင့်သေလုမတတ်ဖြစ်သွားသည်။


****ကို့ရိုးကားယားနိုင်လိုက်တာ...


(သူမက ကျိုးရန်ကိုသမက်တော်ချင်တယ်လို့ ဘယ်တုန်းက‌များပြောမိလို့လဲ...(2) )


မီးဖိုချောင်ထဲတွင် စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားသည်။


လျှိုတုံချန်ကိုကြည့်ကာ ထုံရွှယ်လူကတောင်းပန်လိုက်သည်။


“ကျွန်မတောင်းပန်ပါတယ် မန်နေဂျာလျှို ရှင်အထဲဝင်လာတာကိုကျွန်မမမြင်လိုက်ဘူး၊ တကယ်တောင်းပန်ပါတယ်”


‌ကံကောင်းစွာဖြင့် သူ့မျက်နှာကသွေးမထွက်သွားပေ။


၎င်းကသူရောဂါပိုးများမကူးစက်သွား‌နိုင်ကြောင်းကို ဆိုလို၏။ အခုခေတ်ကာလတွင် ကာကွယ်ဆေးများရှိ၊မရှိကို ထုံရွှယ်လူလည်းမသေချာပေ။


သူမမျက်နှာကိုကြည့်ကာ လျှိုတုံချန်က ‌သူ့ဒေါသများကို ပြန်ဖိနှိပ်ထားလိုက်ပြီး ဆံပင်သပ်ကာပြောလိုက်သည်။


“ရပါတယ် မင်းတမင်လုပ်တာမဟုတ်ဘူး‌ဆိုတာ ငါသိတယ်၊ ငါမင်းကိုဒေါသမထွက်ပါဘူး”


ထိုသို့ပြောပြီးနောက် သူကတစ်ဖက်လှည့်ကာ ထွက်သွားလေသည်။ သူဒီမှာဆက်နေပါက အော်မိလိမ့်မည်။


ထုံရွှယ်လူ; “??”


ထူးဆန်းလိုက်တာ။ လျှိုတုံချန်က ဘယ်တုန်းကမှ ဒီလိုနားလည်ပေးတတ်သွားတာလဲ။


အပြင်ဘက်ခန်းမထဲမှ ထန်ရှောင်ယန်သည် သူတို့နှစ်ယောက်၏ပြောဆိုဆက်ဆံပုံများကိုမြင်သွားကာ တစ်ခုခုလွဲနေသည်ဟု ခံစားမိသွားပြီး ထုံရွှယ်လူကိုရက်စက်စွာကြည့်လိုက်သည်။


***

ဝမ်ရူကွေ့ ဌာနသို့ပြန်ရောက်လာသောအခါ မျက်စိမကန်းသည့် ဘယ်သူမဆို သူစိတ်ကောင်းဝင်နေကြောင်း မြင်နိုင်ကြ၏။


အမှန်တိုင်းဆိုရလျှင် သူကယခင်တုန်းအတိုင်း တည်ငြိမ်ကာလျစ်လျူရှုတတ်သည့် ပုံစံရှိနေဆဲပင်။


တစ်ခုတည်းသောပြောင်းလဲမှုမှာ အခုချိန်တွင်သူ၏ခြေလှမ်းများက တက်ကြွနေပြီး တစ်ကိုယ်လုံးက‌လည်း ပျော်ရွှင်မှုရောင်ဝါများထုတ်လွင့်နေ၏။


လူတိုင်းက သူစိတ်ကောင်းဝင်နိုင်သည်ကို ပြောနိုင်၏။

 

ကျိုးရန်က ဝမ်ရူကွေ့ကို တစ်ခုခုကောင်းတာဖြစ်ခဲ့လို့လားဟု အကြိမ်အနည်းငယ်မေးကြည့်လာ၏။ ထုံးစံအတိုင်း ဝမ်ရူကွေ့က ဘာမှမပြောပေ။ သူတို့၏ဆက်ဆံရေးက အခုထိတရားဝင်တွဲနေတာမျိုးမဟုတ်သေးပေ။


ကျူံးရှုလန်သည် ချွန်းလင်ထုတ်လုပ်ရေးတပ်မဟာမှ ပြန်လာပြီးကတည်းက ဝမ်ရူကွေ့အပေါ်မျက်စိကျနေခြင်းဖြစ်သည်။ သူမက ဝမ်ရူကွေ့ကို တကယ်ပင်သူမ၏သားမက်ဖြစ်စေချင်၏။


သူမက သူမ၏ခင်ပွန်းကိုအကြိမ်များစွာ အရိပ်အမြွက်ပြခဲ့၏။ ပြီးခဲ့သည့်တစ်ခေါက်တွင် ကျောင်းပေါရှန်းက သူကိုယ်တိုင်သွားကာ ရေအတိမ်အနက်ကိုစစ်ဆေးပေးမည်ဟု ကတိပေးခဲ့ပေသည်။


သို့သော်ငြား သူပြန်ရောက်လာပြီးနောက်တွင် တစ်ဖန်စိတ်ပြောင်းသွား၏။


သူမက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားမိသွားသည်။


ဤအကြောင်းအရာက သူမသမီး၏ပျော်ရွှင်မှုနှင့် ပတ်သက်နေ၏။ သူမက ကိုယ်တိုင်ကိုယ်ကျဝင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူမက သဘာဝအလျောက် ဝမ်ရူကွေ့ကိုတိုက်ရိုက်ချဉ်းကပ်ရန်မှာ အလွန်ကို့ရိုးကားယားနိုင်သည်ဟု ခံစားမိသွားသည်။ သူမကသေချာတွေးကြည့်ပြီးနောက် ဝမ်ရူကွေ့၏သူငယ်ချင်းကျိုးရန်မှ စတင်ရန်ဆုံးဖြတ်လိုက်သည်။


ဌာနထဲတွင် ကျိုးရန်က ဝမ်ရူကွေ့နှင့်အရင်းနှီးဆုံးဖြစ်သည်။


အကယ်၍ကျိုးရန်သာ ဝမ်ရူကွေ့ရှေ့တွင် သူမသမီးအကြောင်းကိုပြောပြီး တိုက်တွန်းပေးပါက သူမကိုယ်တိုင် ဝမ်ရူကွေ့ကိုချဉ်းကပ်သည်ထက် ပိုကောင်းလိမ့်မည်။


သူမကတွေးကြည့်လေလေ ၎င်းကအကြံကောင်းဖြစ်သည်ဟု ထင်လာ၏။


ထို့ကြောင့် သူမက ကျိုးရန်လည်ချောင်းနာနေသည်ကို သိသွားသောအခါ ဖန်တဟိုင်ခြောက်များကို သူ့ဆီ‌ပို့ပေးလိုက်သည်။


နောက်တစ်နေ့တွင် သူမကကျိုးရန်အင်္ကျီပေါ်၌ ‌ပြဲရာတစ်ခုတွေးသောအခါ ချုပ်ပေးမည်ဟုပြောလိုက်သည်။


သူမက သိပ်မကြာခင်အတောအတွင်းမှာပင် ကျိုးရန်နှင့်အတော်လေး ရင်းနှီးလာခဲ့သည်။


ကျိုးရန်က သူမအားသူ၏ခေါင်းကိုင်‌မိခင်ဖြစ်စေချင်သည်ဟုတောင် အကြိမ်အနည်းငယ်ပြောလာခဲ့၏။


ထိုသို့ဖြစ်သွားသောအခါ ကျုံးရှူလန်က သူမသမီးသည် အသက်မငယ်တော့သော်လည်း ကောင်လေးမရှိသေးသည့်အ‌ကြောင်းကို ပါးနပ်စွာထုတ်ပြောလာခဲ့သည်။ သူမက ဝမ်ရူကွေ့ကဲ့သို့သောကောင်လေးမျိုးဆိုပါက ပြီးပြည့်စုံသည်ဟူ၍ အရိပ်အမြွက်ပြခဲ့သည်။


ကျိုးရန်က ဉာဏ်ပြေးသောသူဖြစ်ကာ သူမကိုကူညီပေးမည်ဟု ဆိုလာ၏။


နောက်ထပ်နှစ်ရက်ကြာပြီးနောက်တွင် ကျုံးရှူလန်သည် အချိန်ကျပြီဟုခံစားမိသဖြင့် ဝမ်ရူကွေ့ကို‌ရှာရန် ထွက်လာခဲ့သည်။


သူမက စားစရာလာပေးသည်ဟူသော ဆင်ခြေကိုသုံးကာ သူနှင့် ခနလောက်စကားပြောနေလိုက်သည်။


ထို့နောက် သူမက နီရဲနေသောမျက်လုံးများဖြင့် ဝမ်ရူကွေ့ကိုပြောလာ၏။


“ဒေါ်လေးက ယွင်ရှီးအပေါ်အမှားလုပ်ခဲ့မိတယ်လို့ အမြဲတမ်းခံစားနေခဲ့ရတယ်၊ ဒေါ်လေးတို့မိသားစုကြောင့်သာမဟုတ်ရင် ယွင်ရှီးက အသက်ငယ်ငယ်လေးနဲ့ ဒေါ်လေးနောက်ကိုလိုက်ပြီး အပင်ပန်းခံခဲ့ရမှာမဟုတ်ဘူး သူမလေးရဲ့ ၁၀နှစ်တာဘဝတစ်လျှောက်လုံးမှာ ကောင်းမွန်‌တဲ့နေ့ဆိုပြီးမရှိခဲ့ပါဘူးကွယ်”


“အဲ့ဒီလိုမတွေးပါနဲ့ ရှီးမူ၊ အခုဆို ရှီးမူက ဆရာနဲ့လည်းပြန်ဆုံရပြီလေ၊ ‌ရှီးမူရဲ့နေ့ရက်တွေက ပိုပိုပြီးကောင်းလာမှာပါ”


ကျုံးရှူလန်က မျက်ရည်များကို သုတ်ရင်းခေါင်းညိတ်ပြလိုက်သည်။


“သားပြောတာမှန်ပါတယ်၊ အခုကစပြီးဒေါ်လေးတို့ဘဝတွေက ပိုပိုပြီးကောင်းလာတော့မှာပါ၊ တစ်ခုဘဲ....ယွင်ရှီးက မငယ်တော့ဘူးလေ၊ သူမကအခုထိကောင်လေးမရှိသေးဘူး ရူကွေ့ သား.......”


ဝမ်ရူကွေ့က သူမပြော၍မပြီးသေးခင်မှာပင် ဖြတ်ပြောလိုက်သည်။


xxxxxx