Chapter 121
နတ်ဆိုးမျိုးနွယ်....
"ငါနားလည်ပြီ... အာကာသမျိုးနွယ်ဆိုရင်တော့ ငါ့မှာ ကူညီနိုင်မဲ့သူငယ်ချင်းတချို့ရှိတယ်..."
ယန်ရွှမ်ပြောလိုက်သည်။
"ဝိုး...အံ့ဩ စရာပါလား...ရွှမ်ရွှမ်လေးက အာကာသမျိုးနွယ်ထဲကြားမှာ ပါတနာရှိနေတာပဲ..."
ချွီဇယ်စနောက်လိုက်သည်။
"အကြီးအကဲ သူတို့က သူငယ်ချင်း တွေပါ။ပါတနာမဟုတ်ပါဘူး..."
ယန်ရွှမ် တောင့်တင်းသွားပြီး ငြင်းချက်ထုတ်လိုက်သည်။
"ငါကဘာလို့ ပါတနာလိုအပ်မှာလဲ...ငါ့မှာကလေးလေးရှိတယ်...."
"ဟုတ်ပါပြီ...ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ချွေးပြန်နေစရာမလိုပါဘူး..."
ချွီဇယ်က သူ၏မူပိုင် စဉ်းလဲသောအပြုံးကိုပြုံးလိုက်ပြီးပုခုံးပုတ်၍ပြောလိုက်သည်။
ယွန်ရွှမ်၏ကျောရိုးတစ်လျောက် အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။သူ့၏ မသိစိတ်မှပြောနေသည်မှာ သူ့၏ ဘဝကိုအေးချမ်းစွာဖြတ်သန်းလိုလျှင်ဒီလူနှင့်ဝေးဝေးနေဖို့ပင်။
" မင်း မှာသူငယ်ချင်းတွေ ရှိတယ်ဆိုမှတော့ အခုမြန်မြန်လေးဆက်သွယ်ပြီးတော့မေးလိုက်..."
ယန်ရွှမ် ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့၏ ဆက်သွယ် ရေးခလုတ်ကိုဖွင့်လိုက်သည်။တစ်စက္ကန့်မပြည့်ခင်မှာပင် ရင်းနှီးနေသောအသံထွက်ပေါ်လာပေသည်။
"ယန်ရွှမ်...ဒီအချိန်ကြီးဘာလို့ခေါ်တာလဲ..."
ယန်ရွှမ် သူ့ရှေ့မှလူအုပ်ကိုကြည့်ပြီးချောင်းတစ်ချက်ဟန့်လိုက်သည်။
"လီယွဲ့...ငါ့မှာမင်းကိုလူချင်းတွေ့ပြီးမေးစရာရှိတယ်...မင်း...အနီရောင်ဂြိုလ်ကိုခဏလောက်လာလို့ရမလား..."
"အနီရောင်ဂြိုလ်လား..."
တစ်ဖက်မှ ခဏမျှ တိတ်ဆိတ် သွားလေသည်။
"ဘာလို့ရုတ်တရက်ကြီး ဖိတ်ခေါ်နေတာလဲ...မင်းရဲ့ပြသနာရှာတဲ့ သားပေါက်လေးကို ထိန်းဖို့အတွက်လား..."
ပြသနာရှာတဲ့သားပေါက်လေး...ဟုတ်လား...
ယန်ရွှမ် တောင့်တင်းသွားသည်။
သူမကိုဘာလို့ အဲ့အမည်ပေးရတာလဲ။
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့..."
ယန်ရွှမ် သူတို့၏အရှင်မင်းကြီးကို တစ်ချက်မျှကြည့်လိုက်သည်။ဒီကောင်ကတော့ အရှင်မင်းကြီးရှေ့မှာ ဘယ်လိုတွေ ပေါက်ကရလျှောက်ပြောနေရတာလဲ...
"အရေးကြီးတဲ့ကိစ္စတစ်ခုရှိနေလို့...မင်းမြန်မြန်လေးလာခဲ့..."
"ရပါတယ်..."
လီယွဲ့ကအခက်ခဲတစ်ခုကြုံနေရသလိုမျိုး တိတ်ဆိတ်သွားပြီး...ဆက်ပြောလာသည်။
"ဒါပင်မယ့်အခုတော့မဟုတ်ဘူး..."
"ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့..."
လီယွဲ့ကအရှက်ရစရာတစ်ခုနှင့်ကြုံနေရသလိုမျိုး ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါအခုလာလို့မရဘူး...ခဏစောင့်..."
"မင်းမှာဘာတွေများအရေးတစ်ကြီးလုပ်စရာရှိနေလို့လဲ..."
"ဟုတ်တယ် ငါ...တစ်ခုခုလုပ်စရာရှိနေတယ်..."
".မင်းဘာတွေလုပ်နေတာလဲ...လီယွဲ့ ငါမင်းကိုပြောလိုက်မယ်...အခုကိစ္စကအရမ်း...အရမ်း အရမ်းကိုအရေးကြီးတယ်...ဒါက အာကာသမျိုးနွယ်အတွက်ရော သွေးစုပ်ဖုတ်ကောင်တွေအတွက်ရောနှစ်ခုလုံးအတွက်ပဲ..."
"ဘယ်လောက်ပဲအရေးကြီးကြီး ငါ့ကိုနာရီဝက်တော့စောင့်...မဟုတ်ဘူး...တစ်နာရီ "
ထို့နောက်သူကအနေခက်ပုံဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီးရှင်းပြလိုက်လေသည်။
"မင်း...သိတဲ့အတိုင်းပဲ ငါရဲ့တပည့်လေး လီကျဲကသူ့အတွေ့ကြုံရဖို့အတွက်ထွက်သွားတယ်လေ...အဲ့ဒီမှာငါ ဒဏ်ရာတစ်ချို့ရလာတယ်...အဲ့တော့ ငါ...အခုလောလောဆယ်ငါ့ရဲ့ဓားပျံနဲ့ခရီးမနှင်နိုင်သေးဘူး...ဒါကြောင့်..."
"မင်းအာကာသယာဉ်ပျံနဲ့ထွက်လာလို့ရတယ်လေ..."
အခုလောလောဆယ်ကတော့အနီရောင်ဂြိုလ်ကို ထွက်ခွာမဲ့ယာဉ်တွေက ကျန့်ကြာနေတဲ့အတွက်ကြောင့်အနည်းဆုံးသုံးနာရီလောက်နောက်ကျလိမ့်မယ်..."
ယန်ရွှမ်၏နှုတ်ခမ်းများတုန်ယင်သွားလေသည်။
ဒီလိုအရေးကြီးတဲ့အချိန်ကြမှ ဘာတွေဖြစ်နေတာလဲ ဘယ်လိုသူငယ်ချင်းမျိုးရှိနေတာလဲ...
"ကောင်းပြီ မင်းလာရင်..."
ယန်ရွှမ် ဆက်ပြောမည့်အချိန်မှာပင် ကြားဖြတ်နှောက်ယှက်ခံလိုက်ရသည်။
မူရွှမ်က ရုတ်တရက် ပြောလိုက်၏။
"မလိုတော့ဘူး..."
သူ လက်တစ်ဖက်ဝှေ့ရမ်း၍ အာကာသတံခါးတစ်ခုကိုဆင့်ခေါ်လိုက်ကာ လူတစ်ယောက်ကို ဆွဲထုတ် လိုက်သည်။
ကျယ်လောင်သောအသံနှင့်အတူ ပုံရိပ်တစ်ခုမြေပြင်ပေါ်သို့ပြုတ်ကြလာသည်။ ၎င်းနှင့်အတူကျယ်လောင်သောရေသံများပါလိုက်ပါလာ၏။
"ဘာသံလဲ..."
ရေသံ...ရေစင်တဲ့အသံ...ရေပူဖောင်းလေးတွေ...အမြုပ်ထွက်နေတဲ့ ရေစင်တဲ့အသံ..
ရေပူဖောင်းများကမြေပြင်ပေါ်တွင်ပျံ့ကျဲနေပြီး သူတို့အလည်၌ အရပ်၅ပေမျှရှိပြီး ခါးထိအောင် ဆံနွယ်ရှည်များရှိသောပုံရိပ်တစ်ခုရှိနေသည်။
ဝတ်လစ်စလစ်ဖြစ်နေသော ထိုသူက ပါးစပ်အဟောင်းသားဖြင့် သူတို့ကို ကြည့်နေလေသည်။
"....."ယန်ရွှမ်
"....."ယောင်ချမ့်
"....."ချွီဇယ်
"....."မူရွှမ်
"....."ယောင်စစ်
နောက်ဆုံး၌ ထိုလူချက်ချင်းမလာနိုင်တဲ့အကြောင်းရင်းကို နားလည်သွားပေသည်။
လက်စသတ်တော့... ရေချိုးနေလို့ကိုး....
ထိုသူက ကာတွန်း ရုပ်ပုံလေးများပါသော ခေါင်းဆောင်းကိုဆာင်းထားပြီး လက်တစ်ဖက်ထဲတွင် အဝါရောင်ဘဲရုပ်ကို ကိုင်ထားကာ ပန်းရောင်အမြုပ်များပြည့်နေသော ရေချိုးကန်ထဲတွင်ရှိနေလေသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းကကြီးစိုးသွားသည်။
သူတို့အားလုံး တစ်စုံတစ်ရာကို နားလည်သဘောပေါက်လိုက်ပုံပေါ်လေသည်။အာကာသမျိုးနွယ်တွေရဲ့အကြိုက်က တော်တော်လေးထူးဆန်းတာပဲ။
(⊙_⊙)
နောက်ခဏ၌ လက်ဖဝါးကြီးကြီးတစ်ဖက်က သူမ၏ မျက်ဝန်းများကို လာရောက်အုပ်ထားသောကြောင့်မြင်ကွင်းများ မှောင်မိုက်သွားလေသည်။
ထို့နောက် အေးစက်သောအသံဖြင့်ပြောသည်ကိုကြားလိုက်ရသည်။
"ကလေးတွေအတွက်မသင့်တော်ဘူး..."
ယောင်စစ် စိတ်ထဲမှကျိန်ဆဲနေမိသည်။
ကိုယ့်ဘာကို ဘာပြောနေတယ်ဆိုတာကိုရော သိရဲ့လား...နင်ကသာကလေး...
(╯‵□′)╯︵┻━┻
လီယွဲ့ စက္ကန့် အနည်းငယ်မျှကြောင်အမှင်သက်နေလေသည်။ သူ့၏ခြေထောက်ကိုပွတ်တိုက်နေသောလက်ပင်လျှင် ရွေ့လျားမှု့မရှိဘဲရပ်တန့်နေ၏။ မိနစ်ဝက်မျှကြာပြီးနောက်ကျယ်လောင်စွာ ဆဲလိုက်လေသည်။
"ဖာ့ချ"
သူ လက်တစ်ဖက်ဝှေ့ရမ်း၍ လေထဲမှပုဝါစကို လှမ်းဆွဲလိုက်ပြီး ပန်းရောင်အမြုပ်များကြားထဲတွင် မြုပ်နေသော သူ့၏ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်သည်။ထို့နောက် သူ ယန်ရွှမ် ကိုကြည့်၍ ကျုံးအော်လိုက်သည်။
"ယန်ရွှမ်...မင်းက သောက်ကျိုးနည်းလိုပဲ ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ...မင်းက ချီးလို သူငယ်ချင်းပဲ...မင်း ငါ့ကို ဒီကိုဘယ်လိုလုပ်ဆွဲခေါ်လိုက်တာလဲ...ဘယ်လိုခွေးသားမျိုးက ပေါ်တယ်ကိုဖန်တီးလိုက်တာလဲ...အဲ့ဒီပေါ်တယ် ဖန်တီးလိုက်တဲ့ခွေးသားကို ငါသတ်မယ်...."
ထို့နောက် သူ့၏ ရှေ့တွင် ဖုံးကာနေသော ရေငွေ့များက ပျောက်ဆုံးသွားပြီးနောက် ရှေ့မှာရှိနေသည့် လူများကို ရှင်းလင်းစွာမြင်လိုက်ရလေသည်။
"သွေး...သွေး... သွေးစုပ်ဖုတ်ကောင်ဘုရင်..."
လီယွဲ့ အခန်းထဲမှာ ရှိနေသော အခြားသူများကိုသတိပြုလိုက်မိပြီးနောက် သူ၏ ဒေါသများက ခလုတ်ပိတ်လိုက်သလို ရပ်တန့်သွားသည်။
သူက တစ်ခြားသူများထက် စကြာဝဠာ တစ်ခွင်လုံး သတင်းကြီးသည့် မူရွှမ် ကို သတိပြုမိလိုက်ခြင်းဖြစ်သည်။လီယွဲ့၏အသွင်အပြင်က ရှုံ့မဲ့သွားပြီးနောက် သူ ရိုသေလေးစားမှု့အပြည့်ဖြင့်ဦးညွှတ်လိုက်သည်။
"လီယွဲ့က အရှင်မင်းကြီးကို ဂါဝရပြုပါတယ်..."
သူ့၏အမူအရာပြောင်းလဲနိုင်စွမ်းက တစ်ခြားသူများကိုပင်အံ့အားသင့်စေလေသည်။မူရွှမ် တစ်ချက်မျှကြည့်လိုက်ပြီးပြောလိုက်သည်။
"အဝတ်စားဝတ်လိုက်ဦး..."
-_-|||
......
"သုခညွတ်ကွင်း..."
လီယွဲ့ကအဝတ်စားများဝတ်ပြီးနောက်သူ့ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ပြီး ရေရွတ်လိုက်သည်
" ဒါကနတ်ဆိုးမျိုးနွယ်တွေရဲ့ဒေသမဟုတ်လား..."
".နတ်ဆိုးမျိုးနွယ်...အဲ့တာဘာလဲ..."
"အာကာသမျိုးနွယ်တွေအဆင့်အတန်းမမြင့်ခင်တုန်းက သူတို့ကရိုးရှင်းတဲ့ကျင့်ကြံသူတွေပဲလေ...ဒါကြောင့်ငါတို့ရဲ့မတူညီတဲ့ကျင့်ကြံမှုတွေကိုအခြေပြုပြီးတော့ အာကာသမျိုးနွယ် နတ်ဆိုးမျိုးနွယ်ဆိုပြီးတော့ခွဲခြားထားလိုက်တာလေ"
"ဒါဆိုရင်မင်းတို့အားလုံးကမျိုးနွယ်တစ်ခုထဲကမဟုတ်တော့ဘူးလား..."
သူမတို့သည် အာကာသမျိုးနွယ်များအကြောင်းကိုကြားဖူးသော်လဲ နတ်ဆိုးမျိုးနွယ်များအကြောင်းကိုတော့မသိပေ...
"တကယ်တမ်းပြောရမယ်ဆိုရင်တော့မျိုးနွယ်တစ်ခုထဲကပဲ...အခုလဲဆယ်နှစ်တိုင်းမှာမျိုးနွယ်စုခြားပြိုင်ပွဲလေးတွေကိုလုပ်လေ့ရှိတယ်လေ...အခုနောက်ပိုင်းမှာတော့နတ်ဆိုးအဖြစ်အောင်အောင်မြင်မြင်ကျင့်ကြံနိုင်တဲ့သူ များများစားစားမရှိတော့ပါဘူး..."
"ပွင့်ပွင့်လင်းလင်းပြောပြရမယ်ဆိုရင်တော့ အာကာသမျိုးနွယ်နဲ့နတ်ဆိုးမျိုးနွယ်တွေက မျိုးနွယ် တစ်ခုထဲကဆင်းသက်လာတယ်ဆိုပေမဲ့...နှစ်ဖက်ကြားထဲမှာမတည်ငြိမ်တဲ့သဘောထားတွေရှိနေတယ်...ပြောမယ်ဆိုရင်ပြည်တွင်းပဋိပက္ခမျိုးပေါ့..."
"မင်း...မင်းခုနပြောလိုက်တဲ့သုခညွတ်ကွင်းဆိုရင်အပေါ်ယံမှာတော့ အာကာသမျိုးနွယ်ကပိုင်တယ်ပေါ့ တကယ်တမ်းကတော့နတ်ဆိုးမျိုးနွယ်ကရှင်းချုံးရဲ့ပိုင်ဆိုင်မှုပဲ..."
"ကောင်းကင်ဘုံနတ်ဆိုးရှင်းချုံး..."
ယွမ်ရှမ် ခဏမျှစဉ်းစားလိုက်ပြီးထပ်ပြောလိုက်သည်...
"အဲ့တာကမင်းအမြဲတမ်းပြောပြောနေတတ်တဲ့မကောင်းတဲ့ကောင် မလား..."
"အမှန်ပဲ...သူကထုံးတမ်းစဉ်လာတွေကိုဆန့်ကျင်ပြီးတော့...တခြားသူတွေကိုလှည့်စားဖို့အတွက် သူ့ရဲ့စွမ်းအားတွေကိုခဏခဏသုံးလေ့ရှိတယ်...အာကာသမျိုးနွယ်တွေမတိုးတက်လာခင်အချိန်ထဲကသူ့ကိုမကောင်းဆိုးဝါးတကောင်လို့သတ်မှတ်ထားကြတာလေ..."
"လက်တွေ့ဆန်တဲ့ဂိမ်းဂြိုလ်တွေဖန်တီးရတဲ့ရည်ရွယ်ချက်ကလဲ သူ့ရဲ့လေ့ကျင့်မှုကိုတိုးတက်စေဖို့သက်သက်ပဲ..."
လီယွဲ့ကရွံမုန်းသည့် အမူအယာမျိုးဖြင့်ပြောလိုက်သည်။ သူ၏အမူအယာအရမျိုးနွယ်စုနှစ်ခုကြားထဲက အဆင်မပြေမှုများသည်တော်တော်လေးပြင်းထန်ပုံပေါ်လေသည်။
ယောင်စစ်အတွေးနက်စွာဖြင့်ငြိမ်ကျသွားသည် ထို့နောက်သူမတစ်စုံတစ်ခုကိုစဉ်းစားမိပုံဖြင့်မေးလိုက်သည်။
"အဲ့ဒီမှာ သွေးစုပ်ဖုတ်ကောင်တွေမဝင်နိုင်အောင်ဟန့်တားထားပြီးတော့တစ်စုံတစ်ယောက်ရဲ့အတွေးအမြင်တွေကိုပြောင်းလဲပစ်နိုင်တဲ့အရာလိုမျိုးရှိလား..."
လီယွဲ့ကခဏမျှစဉ်းစားပြီးနောက် မသေချာမရေရာစွာဖြင့်ပြောလိုက်သည်။
"ကောင်းကင်ဘုံနတ်ဆိုးရှင်းချုံးရဲ့စွမ်းရည်အရဆိုရင် မဖြစ်နိုင်တာတော့လဲမဟုတ်ဘူး...ဒါပေမဲ့လဲအဲ့တာက စိတ်ဓာတ်ခွန်အားမြင့်မားတဲ့သူတွေအပေါ်တော့ အသုံးဝင်မှာမဟုတ်ဘူး..."
ယောင်စစ်စိတ်လှုပ်ရှားတက်ကြွလာပြီး ချွီဇယ်နှင့်အကြည့်ချင်းဖလှယ်လိုက်ပြီးမေးလိုက်သည်။
"သူဘယ်မှာလဲ..."
သုခညွတ်ကွင်းဂိမ်းဂြိုလ် ရှိစိတ်အကာအရံ အတားဆီးဆိုသည်မှာက အမှန်တကယ်ပင်စိတ်ကယောင်ခြောက်ခြားဖြစ်စေသည့် ပုံရိပ်ယောင်မျိုးဖြစ်သည်။