Chapter 122
ကောင်းကင်ဘုံနတ်ဆိုးရဲ့တုန်လှုပ်စရာမြင်ကွင်း
"ကောင်းကင်ဘုံနတ်ဆိုးရှင်းချုံးက ဒီဂြိုလ်ပေါ်မှာရှိတာသေချာရဲ့လား..."
ယောင်စစ် သူမရှေ့ရှိ ဂြိုလ်ကို လက်ညှိုးညွှန်ပြ၍မေးလိုက်သည်.။
"စိတ်မပူပါနဲ့...အားလုံးအဆင်ပြေသွားမှာပါ..."
လီယွဲ့ သူ့ရင်ဘတ်ကိုဖိပြီး ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။ အာကာသမျိုးနွယ်များ၏ မှတ်တမ်းများအားလုံးကို စိစစ်ပြီးနောက်ရှင်းချုံး၏တည်နေရာကို ရှာရခြင်းအားပို၍ ကျည်းမြောင်းအောင်ပြုလုပ်နိုင်ခဲ့သည်။
"မှန်ပါတယ်သခင်မလေး..."
နံပါတ်၂၇ကချွီဇယ်၏ပခုံးပေါ်ခုန်ဆင်းလိုက်ခုန်တက်လိုက်လုပ်နေရင်းမှသူမဆီသို့ပျံသန်းလာလေသည်။
"အာကာသမျိုးနွယ်တိုင်းနီးပါးရဲ့ ကွန်ပျူတာကို ကျွန်တော်ဖောက်ထွင်းဝင်ရောက်ခဲ့တယ်...ဒီကောင်းကင်ဘုံနတ်ဆိုးဂြိုလ်ကတော့ ကွန်ပျူတာကွန်ရက်မရှိတဲ့နေရာဖြ စ်နေပေမဲ့လည်း...သူနဲ့နီးကပ်တဲ့ကမ္ဘာတွေဆီကနေပြီးတော့ သူ့ရဲ့ပုံရိပ်ကို ကျွန်တော်ဖမ်းမိခဲ့တယ်...သူဒီဂြိုလ်ပေါ်မှာရှိနေဖို့99%သေချာပါတယ်..."
ယောင်စစ် ချွီဇယ်ကိုကြည့်လိုက်သည်။ ယခုသူ့ကိုသူသက်သေပြပြီးသားဖြစ်သော်လဲ ယခင်ကဆိုးရွားလှသောအကျင့်များကြောင့်မယုံကြည်နိုင်ဘဲဖြစ်နေသေးသည်။ ထို့ကြောင့်တစ်ယောက်ထည်းသော ယုံကြည်ရသည့်သူဆီသို့လှည့်မေးလိုက်သည်။
"အပျိုစင်ယွဲ့သေချာရဲ့လား..."
လီယွဲ့၏မျက်နှာ တောင့်တင်းသွားလေသည်။ သူ ရေချိုးခန်းထဲမှာရှိနေရာမှလအနီရောင်ဂြိုလ်ပေါ်ကိုဆွဲယူခံရပြီးနောက် သူ့အပေါ် လူတိုင်း၏အမြင်က ပြောင်းလဲသွားလေသည်။
သူ့ကိုယ်သူအတွက် တရားမျှတမှုရှာဖွေရန်လိုအပ်သည်ဟုခံစားမိလေသည်။ သူယောင်စစ်ကိုလေးနက်အမူအယာဖြင့်ကြည့်လိုက်သည်။
"သခင်မလေးကအထင်အမြင်လွဲမှားနေပါပြီ...ကောင်းကင်ဘုံကိုးပါးရဲ့အာကာသမျိုးနွယ်တယောက်ဖြစ်တဲ့ ကျွန်တော်က ယောက်ျားတစ်ယောက်ပါ...ကျေးဇူးပြုပြီးတော့ကျွန်တော့်ရဲ့အကြိုက်တွေကိုသံသယမဝင်ပါနဲ့...ကျွန်တော့်ကိုခေါ်ဆိုတဲ့နာမည်ကိုပြောင်းလဲပေးနိုင်မလား..."
"အင်း...ဒီလိုအသေးအဖွဲလေးတွေကကိစ္စမရှိပါဘူး..."
ယောင်စစ်လက်ဝှေ့ယမ်းရင်းပြောလိုက်သည်။
"ရှင်က ပန်းရောင်ကြိုက်တဲ့ယောက်ျားလေးတစ်ယောက်မဟုတ်လား...အဲ့တော့ ပန်းရောင်ယွဲ့လို့ခေါ်ရအောင်...ပန်းရောင်ယွဲ့ ရှင်းချုံးဒီဂြိုလ်ပေါ်မှာတကယ်ရှိတာလား..."
ငါ့ဘာသာငါ ပန်းရောင်ကြိုက်တာဘာဖြစ်လို့လဲ...နင်တို့စီးပွားရေးကိုဒုတ်နဲ့ထိုးနေလို့လား...ပြီးတော့နင်တို့သွေးစုပ်ဖုတ်ကောင်တွေရဲ့ကိစ္စလဲမဟုတ်ဘူးလေ...ပြီးတော့လဲ သူရေချိုးနေတာကိုသူတို့ဘာသူတို့လာဆွဲခေါ်သွားတာမဟုတ်ဘူးလား...
အမြဲတမ်းအေးဆေးပြေပြေပြစ်ပြစ်ရှိသော လီယွဲ့စိတ်ပျက်လာလေသည်။ သို့သော်လည်း သူ၏အပြုံးမျက်နှာကိုထိန်းသိမ်းထားဆဲဖြစ်လေသည်။
ငါ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံကို ထိန်းထားရဦစမယ်လေ...
o(>﹏<)o
"ဒီပတ်ဝန်းကျင်အခြေအနေအရ နတ်ဆိုးတွေကျင့်ကြံဖို့တော်တော်လေးသင့်တော်တယ် ဒါကြောင့်သူဒီမှာရှိနေဖို့များတယ်..."
"သွားကြရအောင်... "
မူရွှမ်က သူ့ကလေးလေး၏လက်ကိုဆွဲလိုက်ပြီးလူစုကိုဦးဆောင်ညွှန်ကြားလိုက်သည်။ဘောလုံးလေးက လူနေထိုင်ခြင်းမရှိသောဂြိုလ်ရှိရာဆီသို့ သူတို့ကိုဦးဆောင်ခေါ်သွားလေသည်။ ထိုဂြိုလ်ပေါ်တွင်မီးတောင်များအဆက်မပြတ်ပေါက်ကွဲနေသောကြောင့် အပူချိန်အလွန်မြင့်မားလာလေသည်။
ယောင်စစ်အနေဖြင့် ထိုဂြိုလ်ပေါ်တွင်မည်သူက ကျင့်ကြံရန်လာရောက်သည်လဟုနားမလည်နိုင် ဖြစ်နေပေသည်။သူတို့ သတင်းများကိုတိကျစွာစုံစမ်းနိုင်ရန်အတွက် တရားဝင်သွားရောက်မည့်လမ်းကြောင်းကိုမရွေးချယ်ခဲ့ပဲ ကိုယ်တိုင်ကိုယ်ကျနည်းလမ်းဖြင့်သာသွားရောက်လိုက်ကြသည်။
မူရွှမ် လီယွဲ့ ချွီဇယ်တို့နှင့်အတူ သုခညွှတ်ကွင်းတွင်ဖြစ်ပျက်ခဲ့သောအရာများကိုစုံစမ်းရန်ဂြိုလ်ပေါ်သို့ ရောက်ရှိလာခဲ့ကြပေပြီ။
"နတ်ဆိုးစွမ်းအားတွေကရှေ့မှာစုနေသလိုမျိုးပဲအဲ့ဒီ့နေရာမှာကောင်းကင်ဘုံနတ်ဆိုး ရှင်းချုံးရှိလောက်တယ်..."
လီယွဲ့ကမြင့်မားသောမီးတောင်တစ်ခုကိုညွှန်ပြ၍ပြောလိုက်သည်။ ထို့နောက်တစ်စုံတရာကိုတွေးမိပုံဖြင့် သူထပ်မံဖြည့်စွက်လိုက်၏။
"ရှင်းချုံးကအခုကျင့်ကြံနေပုံရတယ်...ပြီးတော့လည်း သူ့မှာတခြားဖြေရှင်းစရာကိစ္စတွေရှိနေသေးလားဆိုတာလဲမသိဘူး...ငါစိုးရိမ်မိတာကသူငါတို့နဲ့မတွေ့ချင်မှာကိုပဲ...ဒါကြောင့်ငါတို့မြန်မြန်လေး..."
သူ့စကားမဆုံးခင်မှာပင် ပြင်းထန်လာသောစိတ်စွမ်းအင်တစ်ခု သူတို့အားလုံးကိုလွှမ်းခြုံလာသလိုမျိုးခံစားလိုက်ရသည်။ ဘေးပတ်ဝန်းကျင်ရှိမြင်ကွင်းများအားလုံးကပြောင်းလဲသွားပြီး မီးတောင်ဆီသို့ဦးတည်နေသော လမ်းကြောင်းလေးတစ်ခုပေါ်လာလေသည်။
"...."လီယွဲ့
ဟုတ်သားပဲ သူကစကြာဝဠာတခုလုံးမှာအကြီးကျယ်အမြင့်မြတ်ဆုံးဖြစ်တဲ့သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီးရှိနေတာကိုမေ့သွားတယ်...
လီယွဲ့၏ယုံကြည်မှုများတိုးတက်လာလေသည်။
ရှင်းချုံးက ချော်ရည်ပူများဝိုင်းရံနေသောမီးတောင်၏အလယ်တွင်ရှိနေသည်။ သူတို့ထိုအတွင်းသို့ဝင်လိုက်သည်နှင့်မြင်ကွင်းများကထပ်မံပြောင်းလဲသွားပြီး ခံစားနေရသောအပူရှိန်များလဲပျောက်ကွယ်သွားသည်။
အာကာသမျိုးနွယ်များက အမှန်တကယ်တော့အထင်ကြီးစရာကောင်းလှသည်။ စိတ်ဓာတ်ခွန်အားမြှင့်တင်ခြင်းကသူတို့၏နည်းပညာတစ်ရပ်ဟုယူဆ၍ရနိုင်သည်။
ထို့အပြင် ပြင်ပအသွင်အပြင်ပုံစံများနှင့် အပူအအေးလက်နက်များလည်း ရှိနေပေသည်။
သို့သော်၎င်းတို့က မူရွှမ်၏ပတ်ဝန်းကျင်တွင်တော့ သုံးစားမရပေ။ သူတို့လေးယောက်သားသက်တာင့်သက်သာလျှောက်လှမ်းလာခဲ့ကြသည်။ ရံဖန်ရံခါတွင်ချောင်းမြောင်းတိုက်ခိုက်ခြင်းခံရသော်လဲ သူတို့အားလုံးအဝေးသို့လွင့်ထွက်သွားကြသည်သာဖြစ်သည်။ နည်းပညာအဆင့်မြင့်သောလက်နက်များက အခက်အခဲတခုဖြစ်လာနိုင်သော်လဲ နံပါတ်၂၇နှင့်ချွီဇယ်တို့ကသက်သောင့်သက်သာပဲဖြေရှင်းလိုက်ကြသည်။
ချောမွေ့လွန်းလှသောခရီးလမ်းကြောင့်ယောင်စစ်ပျင်းရိလာမိသည်။
ငါဘာလို့များလိုက်လာမိတာလဲ...သက်သက်အချိန်ဖြုန်းနေသလိုပဲမဟုတ်ဘူးလား...
"ငါတို့ရောက်ပီ..."
နောက်ဆုံး၌မီးတောင်၏အတွင်းဆုံးပိုင်းသို့ရောက်ရှိလာလေသည် ယောင်စစ်အသက်ပြင်းပြင်းရှိုက်လိုက်ပြီး...မူရွှမ်၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။ နောက်ဆုံးအတားအဆီးတခုကရေတံခွန်ဖြစ်သည်။ ၎င်းကမူရွှမ်တစ်ချက်ရိုက်လိုက်ရုံဖြင့်ပြိုကွဲသွားနိုင်သော်လဲ ယောင်စစ်စိုးရိမ်ပူပန်လာမိသည်။
တင်းကြပ်လှသောအတားအဆီးများကိုကြည့်၍ ထိုကောင်းကင်ဘုံနတ်ဆိုးသည် Euphoriaအဖွဲ့အစည်းနှင့်ပူးပေါင်းနေသည်ဟုထင်မြင်မိလာသည်။
"ဟမ်း...အင်း...မြန်မြန်လေးပေး...ပြင်းပြင်းလေး..."
"နတ်ဆိုးလေး မလောပါနဲ့...ကိုယ်မင်းကိုကျေနပ်အောင်လုပ်ပေးမှာပါ..."
"အင်ဟင်း...မဟုတ်ဘူး...မလုပ်နဲ့..."
"ဘာလဲ...မလိုချင်ဘူးလား..."
"မုန်းစရာကြီး..."
နားရှက်စရာအသံများက သူတို့၏အကြားအာရုံများကိုဖုံးလွှမ်းသွားလေသည်။ ကြီးမားကျယ်ပြန့်သောကုတင်ကြီးပေါ်တွင် အဝတ်ဗလာနှင့်အမျိုးသားနှစ်ယောက်ရှိနေ၏။
(⊙ o ⊙)
ယောင်စစ် "...."အခုမှနောက်ဆုတ်ဖို့အချိန်မီသေးလား ဟင်...
"...." ချွီဇယ်+1
"...." ဘောလုံးလေး+2
"....." လီယွဲ့ငါသူတို့နဲ့ အဆက်ဖြတ်ဖို့လိုအပ်နေပြီ...
"....." မူရွှမ်ငါ့ကလေးလေးရဲ့မျက်စိညစ်ညမ်းအောင်လုပ်တဲ့လူကအမြဲတမ်းရှိနေတာပဲ...
"ငါ့မျက်လုံးတွေတော့နာကျင်ကုန်ပါပြီ..."
ယောင်စစ်ကို့ယို့ကားယားမျက်နှာထားဖြင့် လီယွဲ့ကိုလှည့်ကြည့်လိုက်သည်။
"အပျိုစင်ယွဲ့တို့ အာကာသမျိုးနွယ်တွေကထူးထူးခြားခြားအကြိုက်ရှိနေတာပဲနော်..."
လီယွဲ့အေးခဲသွားလေသည်။
အဲ့ဒီ့အကြည့်ကြီးကဘာလဲ...မဖြစ်တော့ဘူးငါ့အတွက်ငါတရားမျှတမှုရှာရတော့မယ်...
လီယွဲ့တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
"သူကကောင်းကင်ဘုံနတ်ဆိုးမျိုးနွယ်လေ...အာကာသမျိုးနွယ်မဟုတ်ဘူးပြီးတော့လဲ ကျွန်တော့်ရဲ့တပည့်လေးကအမျိုးသမီးပါနော်..."
"ငါတို့နင့်ရဲ့တပည့်အကြောင်းကိုမမေးမိပါဘူး...ဘာတွေလာပြောနေတာလဲ..."
ယောင်စစ်ပြန်မပြောနိုင်ခင်မှာပင် လီယွဲ့၏အော်သံကြောင့်အာရုံပြောင်းသွားကြသည်။
အောက်မှလူက အပေါ်ကလူကို ကမန်းကတမ်းတွန်းပစ်လိုက်ပြီးနောက် အနီရောင်ဓားတလက်ပေါ်လာလေသည်။ သူကကျုးကျော်ဝင်ရောက်လာသူများကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူလွီယွဲ့ကိုမြင်ပြီးတော့စပ်ဖြဲဖြဲပြုံးလိုက်၏။
"လီယွဲ့...ဟဲဟဲဟဲ...မင်းလာလိမ့်မယ်လို့မထင်ထားဘူး..."
ယောင်စစ်ဆွံအသွားမိသည်။
သူကအောက်ကလူလား...သူကတကယ်ကြီးကောင်းကင်ဘုံနတ်ဆိုးဆိုတဲ့နာမည်ကိုအရှက်ခွဲပြစ်လိုက်တာပဲ...ဒီလိုမျိုးပြင်းပြင်းရှရှအကြိုက်မျိုးရှိတာက...
မဟုတ်သေးဘူး...မဟုတ်သေးဘူး...ဘာတွေတွေးနေတာလဲစိတ်ထိန်းစမ်း...အိန္ဒြေရှိရမယ်...
"ရှင်းချုံးငါ့တပည့်ကိုဒဏ်ရာရစေခဲ့တဲ့အတွက် မင်းဆီကဖြေရှင်းချက်ကိုငါမရသေးဘူး.."
"လီယွဲ့ကသူတို့နဲ့ဇယားတွေရှိနေတာလား..."
ယောင်စစ်ရှင်းချုံးနောက်တွင်ပုန်းနေသောလူကိုကြည့်လိုက်ပြီးသည့်နောက် သူမ၏ခေါင်းထဲတွင်လွန်ခဲ့သောစက္ကန့်အနည်းငယ်ကမြင်ခဲ့ရသည့်တုန်လှုပ်စရာမြင်ကွင်းဖုံးလွှမ်းသွားလေသည်။
"အဲဒီတော့ရောဘာဖြစ်လဲ ငါသူမကိုသတ်လိုက်တော့ရောမင်းဘာလုပ်နိုင်လဲ..."
ရှင်းချုံးကရုတ်တရက်ရောက်လာသောရန်ဘက်ကြောင့်အာရုံထွေဖြားနေပြီးဘေးတွင်ရှိနေသော သုံးယောက်ကိုသတိမပြုမိပေ။ သူကမောက်မာလှသောအပြုံးမျိုးဖြင့်အရှိန်အဝါများကိုထုတ်လွှတ်လိုက်သည်။ ၎င်းကမူလကရှိနေသောတက်ကြွသည့်ပုံစံနှင့်လုံးဝကွဲပြားခြားနားနေသည်။
"အဲ့ဒီခွေးမက အရည်အချင်းမရှိတဲ့လူတယောက်ပဲလေ...သူသေသွားရင်တောင်မှပဲအသုံးဝင်လာမှာမဟုတ်ဘူး..."
"မင်းပါးစပ်ပိတ်ထားစမ်း..."
လီယွဲ့ဒေါသတကြီးအော်လိုက်သည်။
"ယုအာကစွမ်းရည်မမြင့်ဘူးဆိုရင်တောင်မှပဲ သူကငါ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ..."
"ဟုတ်လား ဘယ်သူ့ကိုလာပြီးဂျင်းထည့်နေတာလဲ..."
ရှင်းချုံးကဒေါသကြောင့်လှုပ်ခါသွားပြီးသြူခန္ဓာကိုယ်တဝက်ကိုဖုံးလွှမ်းထားသောစောင်ကပြုတ်ကျသွားလေသည်။ HDမြင်ကွင်းအပြည့်ထွက်ပေါ်လာသောကြောင့် မူရွှမ်သူ့၏သားပေါက်ကလေးကိုမျက်လုံးအုပ်ကာလိုက်သည်။
အင်း...ငါတော့သေချာပေါက်ကန်းတော့မယ်...ဒါပေမဲ့လဲကွာ သောက်ကျိုးနည်းပဲ အရေးကြီးတဲ့အခန်းရောက်မှမီးပျက်သွားရတယ်လို့...
အမြင်အာရုံများမှောင်မိုက်သွားသော်လည်း အကြားအာရုံများကကြားနေရသေးသည်။
"ဘာကိုတပည့်လဲ...အဲ့ဒီခွေးမကြောင့်သာမဟုတ်ဘူးဆိုရင်...မင်းကနှလုံးသားမဲ့စွာနဲ့ငါနဲ့လမ်းခွဲသွားမှာလားပြော..."
ဒါကနဲနဲတော့ထူးဆန်းနေတယ်...ပရိတ်သတ်သုံးယောက်ကငြိမ်သက်စွာဖြင့်စောင့်ကြည့်နေလေသည် ဇာတ်လမ်းကသူတို့တွေးထားတာထက်ပိုနေပုံပဲ။
"ယုအာကငါ့ရဲ့တယောက်ထဲသောအချစ်စစ်ပဲ...ငါသူ့ကိုချစ်တယ် အဲ့တာမင်းနဲ့ဘာဆိုင်လဲ..."
လီယွဲ့ကရှင်းရှင်းလင်းလင်းလုပ်ရန်ရည်ရွယ်ချက်ဖြင့်အော်ပြောလိုက်သည်။
"မင်း...မင်း..."
ရှင်းချုံး ဒေါသတကြီးအော်လိုက်သည်။
"သူကအချစ်စစ်ဆို ငါကကော.... နှစ်တစ်ထောင်ကြာအောင် တူတူကျင့်ကြံခဲ့တာတွေကိုမေ့သွားပြီလား..."
ကျင့်ကြံတယ် ဟုတ်လား...ဘယ်လိုမျိုးကျင့်ကြံကြတာလဲ ရှင်းရှင်းလင်းလင်းပြောကြ လေဟယ်...
"မင်းကအရမ်းလွန်လွန်ကျူးကျူးတွေလျှောက်တွေးနေတာပဲ..."
"ငါမယုံဘူး ဒီလောက်နှစ်ပေါင်းများစွာအတူတူနေပြီးတဲ့အချိန်မှာတောင်မှ မင်းငါ့အပေါ်ခံစားချက်မရှိဘူးဆိုတာကို ငါမယုံဘူး..."
ရှင်းချုံးကဒေါသတကြီးဖြင့်ပြောပြီးရှေ့သို့လျှောက်လှမ်းလာခဲ့သည် လီယွဲ့၏မျက်နှာကရှုံ့မဲ့တွန့်လိမ်သွားလေသည်။
"ငါတို့ကသူငယ်ချင်းတွေပဲလေ..."
"ဘယ်သူကမင်းနဲ့သူငယ်ချင်းဖြစ်နေလို့လဲ...မင်းက..."
"ပါးစပ်ပိတ်ထား..."
ပရိတ်သတ်သုံးယောက်ကတိတ်တဆိတ်သာကြည့်နေကြလေသည်။
သူတို့ဘာလုပ်ရမလဲရှေ့ကရီစရာကောင်းတဲ့ပြဇာတ်ကိုဆက်ကြည့်ရမှာလား...
ရှင်းချုံးကစိတ်ပျက်လက်ပျက်အမူအယာမျိုးဖြင့်ပြေးလာသောကြောင့် ဇာတ်လမ်းကညံ့ဖျင်းသော ဒရာမာကားတစ်ကားအဖြစ်သို့ပြောင်းလဲသွားလေသည်။
အင်း ...သူသာကိုယ်တုံးလုံးနဲ့မဟုတ်ရင်တော့ ဝမ်းနည်းစရာကောင်းရင်ကောင်းလိမ့်မယ်...
မူရွှမ်၏ မျက်နှာကမဲမှောင်သွားပြီးသူ့၏စိတ်ကိုထိန်းချုပ်ထားသော နောက်ဆုံးကြိုးမျှင်လေး ထောင်းကနဲပြတ်တောက်သွားလေသည်။ သူမျက်လုံးအုပ်ပေးထားသောလူတယောက်မှလွဲ၍ကျန်သေးသူများအားလုံးမြေပြင်ပေါ်လဲကျသွားသည်။
"မင်းတို့စကားမပြောခင် အဝတ်တွေဝတ်လေ ဒီမှာငါ့ကလေးလေးရှိနေတာကိုမတွေ့ဘူးလား...ငါ့ကလေးလေးလမ်းမှားရောက်သွားရင်ဘယ်လိုလုပ်မလဲ..."
ရှင်းချုံး အခုမှတခြားသူများရှိသည်ကိုသတိထားမိသွားလေသည်။
"....." လီယွဲ့ငါဒီနေရာကထွက်ပြေးချင်သွားပြီ.
"....." ကလေးလေးယောင်စစ်၊ ချွီဇယ်နှင့်ဘောလုံးလေး
မည်သည့်အတွက်ကြောင့်အပြစ်ပေးသည့်အထဲပါသွားသည်ကိုမသိပဲ ကူကယ်ရာမဲ့မှုကိုခံစားရလေသည်။