အပိုင်း ၁၂၃
Viewers 16k

Chapter 123

ဇာတ်ဝင်ခန်းနောက်ကွယ်မှဘော့စ်


သုံးမိနစ်အကြာတွင် ရှင်းချုံးတစ်ယောက် အဝတ်ငါးထပ်လောက်ဖြင့် ရစ်ပတ်ခံထားလိုက်ရသည်။သူ လီယွဲ့ ကိုလှောင်ပြောင်ဟန်ဖြင့် မဲ့ပြုံးပြုံးကြည်နေသည်။


ဟေ့...ဟေ့...ဟေး...နင်နောက်ကျောက ပန်းပွင့်ပုံအမှတ်ကြီးကိုမေ့သွားတာလား...လီယွဲ့ နင့်ကိုမကြိုက်တာလည်း မအံ့ဩစရာမရှိတော့ဘူး....


"ဒါ...သွေးစုတ်ဖုတ်ကောင်တွေမဟုတ်လား...လီယွဲ့ မင်းကနောက်ခံကောင်းကို ရှာတွေ့ထားတာပဲ....ဘာလဲ... ငါသူတို့ကိုကြောက်မယ်ထင်လို့လား..."


"ပေါက်ကရလျှောက်ပြောနေတာကို ရပ်လိုက်တော့ ငါဒီမှာ မင်းနဲ့ပြသနာလာရှင်းတာမဟုတ်ဘူး...သုခညွှတ်ကွင်း ဂိမ်းကမ္ဘာအကြောင်းကိုလာမေးတာ..."


"သုခညွှတ်ကွင်း...ဟုတ်လား..."


ရှင်းချုံးကငြိမ်သက်သွားပြီး တစ်ခုခုကိုတွေးမိသွားပုံဖြင့် ခပ်ရွှဲ့ရွဲ့ပြုံးလိုက်သည်။


"ဘာကြောင့် သွေးစုတ်ဖုတ်ကောင် တွေရောက်လာတာလဲလို့ အံ့ဩသင့်နေတာ လက်စသတ်တော့ သုတေသနအဖွဲ့စည်းကြောင့်ပဲဖြစ်မယ် ဟုတ်လား..."


"မင်းတကယ်ကို တစ်ခုခုသိထားတာပဲ..

အဲ့ဒီသုတေသနအချိတ်ဆက်စခန်းနဲ့မင်းနဲ့ပတ်သတ်နေတာလား..."


လီယွဲ့ထပ်မေးလိုက်သည်။


"အဲ့ဒါ မင်းတို့သွေးစုပ်ဖုတ်ကောင်တွေရဲ့တောင်းဆိုချက်လည်းမဟုတ်ဘူးလား...လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်ကတည်းက သွေးစုတ်ဖုတ်ကောင်တွေက သုခညွှတ်ကွင်းမှာသုတေသနလုပ်ဖို့တောင်းဆိုထားတဲ့အတွက် သူတို့ကို နေရာတစ်နေရာပေးခဲ့တာလေ..."


"အဲ့ဒီမှာ ဘာသုနေသနတွေလုပ်နေတာလဲဆိုကိုသိလား..."


ယောင်စစ် ရှေ့သို့ခြေတစ်လှမ်းတိုးပြီးမေးလိုက်သည်။


"ဘယ်လိုလုပ်ငါကသိမှာလဲ...အဲ့ဒါ ဂိမ်းဂြိုလ်လေးတစ်ခုပဲလေ....ပြီးတော့လည်း

အဲ့ဒီဂြိုလ်ရဲ့စီမံခန့်ခွဲမှုအားလုံးကို ဂိမ်းကုမ္ပဏီတစ်ခုကိုလွှဲပြောင်းပေးပြီးသား အဲ့ဒါကြောင့် ငါက အဲ့နေရာကို အာရုံမစိုက်တော့ဘူး...ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အဲ့နေရာဖောက်ခွဲခံလိုက်ရတယ်လို့ကြားတယ်...ဘာလဲမင်းတို့က အဲ့ဒီ့အတွက်အပြစ်တင်ဖို့လာတာလား..."


ယောင်စစ်တို့ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် ကမန်းကတမ ထပ်ပေါင်းပြောလိုက်သည်။


"ငါတစ်ခါတည်း ရှင်းအောင်ပြောထားမယ်နော်... အဲ့ဒီဖျက်စီးမှုမှာငါလုံးဝမပါဝင်ဘူး...ငါ သွေးစုပ်ဖုတ်ကောင်တွေကိုနှိမ်နှင်းဖို့ရည်ရွယ်ချက်မရှိဘူး..."


"မင်းနဲ့ဆက်သွယ်တဲ့သူကဘယ်သူလဲ..."


ယောင်စစ်၏နှလုံးသားကတင်းကျပ်နေသည်။ချွီဇယ်ခန့်မှန်းတာမှန်တယ်... Euphoriaမှာသွေးစုတ်ဖုတ်ကောင်တွေရှိနေတာပဲ....


"မင်းတို့ သူ့ကိုမသိဘူးလား..."


ရှင်းချုံးက တစ်စုံတစ်ခု ပြောမလို့ ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်မှာပဲသူ ခေါင်းခါရမ်းလိုက်သည်။


"ငါလည်းမသိဘူး...ငါကလည်း သွေးစုပ်ဖုတ်ကောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးတည်ဆောက်ချင်ပေမဲ့ အဲ့နေရာကို ပေးလိုက်ပြီးကတည်းက နောက်တစ်ခေါက် ပေါ်မလာတော့ဘူး...သူတို့က ယာယီပဲလိုတယ်လို့ပြောတယ်...အသေးစိတ်အချက်အလက်တွေကိုတော့ မသိရဘူး...တစ်ခါတုန်းကတော့ အဲ့ဒီနေရာကိုစုံစမ်းကြည့်ခဲ့ပင်မယ့် တစ်ကယ်တမ်းဆောက်ထားတဲ့အိမ်အလွတ်တစ်ခုပဲတွေ့ရတာ...ပြီးတော့လည်း ဂိမ်းဂြိုလ်ရဲ့လည်ပတ်မှု စနစ်ကိုထိခိုက်မှုမရှိတာကြောင့် ငါကလည်းစိတ်မဝင်စားတော့ဘူး...နှစ်တော်တော်ကြာတဲ့အထိ ဘယ်သူမှလာတာလဲမတွေ့ဖူးဘူး..."


"ဘယ်သူ့မှ..."


ချွီဇယ်အေးခဲသွားသည်။


သူ ရှေ့သို့ခြေတစ်လှမ်းတိုး၍မေးလိုက်သည်။


"မင်းဆိုလိုတာက အဲ့ဒီ သုတေသနအဆောက်အဦးမှာ ဘယ်သူမှမရှိဘူးပေါ့..."


ရှင်းချုံး ခေါင်းညိမ့်လိုက်သည်။


"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါ့ရဲ့ စိတ်အာရုံနဲ့စစ်ဆေးကြည့်ခဲ့ပင်မယ့် အဲ့ဒီအဆောက်အဦးမှာ ဘယ်သူ့ကိုမှ မတွေ့ဘူး..."


"ငါတို့ကို...သေချာရှင်းပြစမ်းပါ..."


ယောင်စစ်၏နှလုံးသားထဲ၌ နမိတ်မကောင်းသောခံစားချက်များဖုံးလွှမ်းနေပေသည်။

အဲ့နေရာမှာ ဘယ်သူမှမရှိဘူးဆိုရင် သူတို့တွေ့ဆုံခဲ့တဲ့အဖွဲ့အစည်းနဲ့ကပ်ဆိုးဗိုင်းရပ်စ်ကဘယ်နေရာကနေပြီးထွက်လာတာလဲ...


"အစကတည်းကပဲ...အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်ထဲက...."


" အဲ့လောက်တောင် ကြာနေပြီလား..."


 ယောင်စစ် မျက်နှာအမူအရာအမျိုးမျိုးပြောင်းလဲနေသော ချွီဇယ်ကိုကြည့်ပြီး ကြက်သေသေသွားသည်။


"မဖြစ်နိုင်ဘူး...ဗိုင်းရပ်စ်က မကြာသေးခင်ကမှ ပေါ်လာတာလေ...အဲ့ဒီနေရာမှာဘယ်သူမှမရှိခဲ့ဘူးဆိုရင်...အဲ့ဒီကနေဗိုင်းရပ်စ်ထွက်လာတယ်ဆိုတဲ့ ယုံကြည်မှုမျိုး...".


ယောင်စစ် တစ်တွတ်တွတ်ပြောရင်း တစ်စုံတစ်ခုကိုတွေးလိုက်မိပုံဖြင့်  ချွီဇယ်နှင့်တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ထို့နောက် သူတို့ တစ်ခြားနှစ်ယောက်ကိုကြည့်၍ပြိုင်တူအော်လိုက်မိသည်။


"အနီရောင်တပ်မဟာ ၄..."


"အနီရောင်တပ်မဟာ ၄... "


သောက်ကျိုးနည်း...


မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ ကွန်ပြူတာ လက်ပတ်များ တပြိုင်တည်းလင်းလာပြီး အနီရောင်အဆင့် သတိပေးချက်၃ခုထွက်ပေါ်လာလေသည်။ 


[အနီရောင်ဂြိုလ် တိုက်ခိုက်ခံနေရပါသည်။]


"စစ်စစ် ဒီမှာပဲနေခဲ့ ဘယ်မှမသွားနဲ့... "


မူရွှမ် ၏မျက်နှာကမည်းမှောင်သွားပြီးပြောလိုက်သည်။


"မူရွှမ်..."


ယောင်စစ်ငြင်းဆိုရန်ပြင်လိုက်သော်လည်း တစ်ခဏအတွင်းမှာပဲ မူရွှမ်က အာကာသပေါ်တယ်ထဲကိုရောက်၍ပျောက်ကွယ်သွားလေသည်။


"နင်မရှိတော့ရင် ငါတို့ဘယ်လို ပြန်သွား ကြရမှာလဲ...


နောက်ဆုံးတော့ အဖြေကရှင်းသွားပေသည်။အစထဲက သုခညွှတ်ကွင်း ဂိမ်းဂြိုလ်သည် လမ်းကြောင်းပြောင်းချင်ရုံ သက်သက်သာဖြစ်သည်။ ကပ်ဆိုးဗိုင်းရပ်စ်ကို သုခညွှတ်ကွင်းတွင် ဖန်တီးထုတ်လုပ်ခဲ့ခြင်းမဟုတ်ဘဲ အနီရောင်တပ်မဟာ ၄ တွင်သာ အခြေစိုက်စခန်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်အောင်မြင်သွားပြီးနောက် သုတေသနစခန်းကိုဖောက်ခွဲလိုက်ပြီး အနီရောင်ဂြိုလ်တစ်လျှောက် ဗိုင်းရပ်စ်များ ပျံ့နှံ့သွားစေခဲ့သည်။


သုခညွှတ်ကွင်းဂြိုလ်ပေါ်ရှိ သုတေသနအခြေစိုက်စခန်းဆိုသည်က မူရွှမ် အနီရောင်ဂြိုလ်ပေါ်မှ ထွက်လာအောင် လမ်းလွှဲခြင်းသာဖြစ်ပေသည်။


လက်ပတ်ပေါ်ရှိသတိပေးချက်များက ပို၍ပင်ပြင်းထန်လာသည်။ယောင်စစ် သူ့ကိုယ်သူထက် မူရွှမ်ကိုပို၍စိုးရိမ်ကာ  ဆောက်တည်ရာမရဖြစ်နေသည်။


"ချွီဇယ်...နင့်မှာအာကာသစွမ်းရည်ရှိတယ်မဟုတ်လား...မြန်မြန်ပြန်ကြရအောင်"


ချွီဇယ် တောင့်တင်းသွားသည်။


"သခင်မလေး အာကာသစွမ်းရည်ရှိပင်မယ့် အရှင်မင်းကြီးလိုမျိုး ဂြိုလ်တွေအများကြီး ကူးပြောင်းသွားဖို့မဖြစ်နိုင်ဘူး...ပြီးတော့..."


ချွီဇယ် သက်ပြင်းတစ်ချက်ချ၍ ဆက်ပြောလိုက်သည်။


"အရှင်မင်းကြီးက သခင်မလေး အန္တရာယ်မကျရောက်အောင်လို့ ဒီမှာပဲထားဖို့သေချာမှာသွားတယ်...ဘယ်လိုပဲဖြစ်ဖြစ်...အဲ့ဒီမှာ ကပ်ဆိုးဗိုင်းရပ်စ်ရှိနေတယ်လေ..."


ယောင်စစ် မူရွှမ်၏ ရည်ရွယ်ချက်ကိုသိသော်လည်း သူမ၏ စိုးရိမ်ပူပန်မှု့များကို မတားဆီးနိုင်ပေ။ ထို့အပြင်Euphoriaကကိစ္စရပ်များကိုအချိန်ကြာကတည်းက ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သူမ ထိုအကြောင်းကိုတွေးလိုက်မိသည်နှင့် စိုးရိမ်ပူပန်မှုများကပို၍ပင်တိုးပွားလာလေသည်။


"ငါတို့အနီရောင်ဂြိုလ်ရဲ့အခြေအနေတွေကိုကြည့်လို့ရမယ့်နည်းလမ်းရှိလား...ပြန်မသွားနိုင်ဘူးဆိုရင်တောင်မှပဲသတင်းတွေကိုတော့ သိမှရမယ်..."


ချွီဇယ် သူတို့ ခေါင်းပေါ်တွင်ပျံသန်းနေသော ဘောလုံးလေးကိုကြည့်လိုက်သည်။


"ဘောလုံးလေး အနီရောင်ဂြိုလ်ရဲ့လုံခြုံရေးစနစ်ကိုဟက်ခ်ပြီးတော့

အခြေအနေတွေကိုပြပါ..."


"ဘောလုံးလေးနားလည်ပါပြီ..."


သတ္ထုဘောလုံးလေး၏ ကိုယ်ထည်ပေါ်တွင် ကုတ်နံပတ်များ အစီအရီထွက်ပေါ်လာသည်။ထို့နောက်မိနစ်ဝက်မပြည့်ခင်မှာပင် သူ့၏ ဘေး၌ စခရင်တစ်ခုပေါ်လာလေသည်။


အနီရောင်ဂြိုလ်နှင့်ပတ်သတ်သော videoမြင်ကွင်းပေါင်းများစွာရှိနေသည်။ သုံးယောက်သား ထိုအခြေနေကိုမြင်သည်နှင့်အေးခဲသွားလေသည်။ အနီရောင်ဂြိုလ်တစ်ခုလုံးက လုံးဝ ဗရမ်းပတာဖရိုဖရဲ ဖြစ်နေလေသည်။ကျယ်လောင်သောဆူညံသံများအဆက်မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင်လည်းယာဉ်ပျံများနှင့်ပြည့်နေသည်။


ယောင်စစ် အနီးကပ် ကြည့်ရှုလိုက်ပြီးနောက်ယာဉ်ပျံများပေါ်ရှိ အမှတ်အသားကိုသတိပြုမိလိုက်သည်။


"အဲ့တာမဟာမိတ်ပေါင်းစုရဲ့စစ်တပ်ပဲ.." 


ထင်ထားသည့်အတိုင်းပဲ Euphoriaသည် သွေးစုပ်ဖုတ်ကောင် များကိုပင် တုန်လှုပ်စေလျှင်မဟာမိတ်တပ်ကိုလည်းတုန်လှုပ်စေနိုင်လိမ့်မည်။


ဒါပင်မယ့် လမ်းမပေါ်မှာ ဘာလို့ သွေးစုပ်ဖုတ်ကောင် နည်းနည်း လေးပဲရှိတာလဲ....


"မြန်မြန်...မြန်မြန်...ဒီကိုကြည့်လိုက်..."


 ချွီဇယ် နေရာတစ်ခုကို ထောက်ပြလိုက်သည်။


"သူတို့က...သူတို့က ဘယ်သူတွေလဲ..."


ဖန်သားပြင်ပေါ်တွင် ထူးခြားလာသော ဥက္ကာခဲတစ်ခု၏တည်နေရာကိုအနီးကပ်ရိုက်ပြထားသည်။ ထိုနေရာတွင် လူအုပ်ကြီး စုရုံးနေလေသည်။ ၎င်းတို့က တိုက်ခိုက်နေခြင်း၊ပုန်းအောင်းနေခြင်းနဲ့မတူဘဲ ဥက္ကာခဲ၏ခေါ်ဆိုမှုကြောင့် အသိစိတ်လွတ်ကာလျှောက်လာခဲ့ခြင်းဖြစ်သည်။


"အဲ့ဒါ...အဲ့ဒါ ဘယ်လိုဖြစ်တာလဲ..."


"တစ်စုံတစ်ယောက်က သူတို့ရဲ့အသိစိတ်ကိုချုပ်ကိုင်နေတာ..."


ချွီဇယ် ထိတ်လန့်စွာအော်ပြောလိုက်သည်။


သူတို့ထဲက တစ်ယောက်ယောက်က သွေးစုတ်ဖုတ်ကောင် တွေထက်အားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားရှိနေတာလား...အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ယောင်စစ်၏နှလုံးသားထဲ၌ တင်းကြပ်သွားလေသည်။


"ဥက္ကာခဲတွေက ကပ်ဆိုးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတယ်...သူတို့ကအဲ့နားကို ချည်းကပ်သွားနေကြပြီ...သူတို့ထဲကတစ်ယောက်ယောက်သာကူးစက်ခံလိုက်ရရင်တစ်ယောက်ပြီး တစ်ယောက်နဲ့ နောက် ထပ်အဆပေါင်းများစွာ ဖြစ်သွားလိမ့်မယ်..."


ထိုအချိန်၌ သွေးစုပ်ဖုတ်ကောင် များက ဥက္ကာခဲအနီးသို့ရောက်ရှိနေကြပြီး သူတို့ ထဲမှတစ်ချို့က ဥက္ကာခဲကိုထိတွေ့ရန် လက်ဆန့်တန်းလိုက်ကြသည်။


ရုတ်တရက် video ဖိုင်ထဲရှိ နေရာတစ်ဝိုက် ပြင်းထန်စွာတုန်ခါသွားသည်။ သတိလက်လွတ်ဖြစ်နေသော လူအုပ်ကြီးက သတိပြန်ဝင်လာပြီး ကောင်းကင်ယံထက်ဆီသို့မော့ကြည့်လိုက်ကြသည်။


ယောင်စစ် သက်ပြင်းချလိုက်သည်။


နောက်ဆုံးတော့ မူရွှမ်ရောက်လာပြီ...


"ဥက္ကာခဲရှိနေတဲ့နေရာကနေ ထွက်ခွာကြ ..."


မူရွှမ် အေးဆေးတည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ သွေးစုပ်ဖုတ်ကောင်များအားလုံး သူ့စကားကြောင့် သတိပြန်ဝင်လာပြီး တိုက်ခိုက်ဖို့လုပ်ဆောင်ကြလေသည်။


"အခု အရမ်းနောက်ကျသွားပြီထင်တယ်..."


ကောင်းကင်ဆီမှ အသံနှိမ့်တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ပုံရိပ်တစ်ခု မူရွှမ် နားတွင်ပေါ်လာသည်။


"မတွေ့တာတောင်ကြာပြီနော်..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက သူပုံမှန်အေးစက်သည့်မျက်နှာထားနှင့် မတူသည့်အမူအရာဖြစ်သွားသောကြောင့်  ယောင်စစ်ပင် တုန်လှုပ်မှုကိုခံစားလိုက်ရသည်။


"အဲ့ဒါဘယ်သူလဲ...သူ့ကိုဒီလိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့...ဘယ်သူများလဲ..."


ယောင်စစ် ထိုသူ၏ အသွင်အပြင်များကိုမြင်ရအောင် အနီးကပ် ကြည့်ရှုလိုက်သည်။ ထိုသူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မူရွှမ် ကဲ့သို့ လေထဲတွင် လွှင့်မျောနေသည်။သို့သော်လည်းသူ့၏အသွင်အပြင်ကို မမြင်ရပေ။ သူ့၏မျက်နှာက ကြည်လင်နေသော်လည်း စိတ်ထဲ ၌ မှုန်ဝါးသွားပေသည်။


"ဒါကစိတ်ဓာတ်ခွန်အားကြောင့်လား...ချွီဇယ် ဒီလူက..."


ယောင်စစ် ချွီဇယ်ကိုမေးရန်ပြင်လိုက်ချိန်တွင် တစ်စုံတစ်ခုလွဲမှားနေသည်ဟု့သတိပြုမိလိုက်သည်။


ချွီဇယ်က သတိလက်လွတ်ဖြစ် ဖန်သားပြင်ကိုငေးကြည့်နေပြီး သူ့၏ မျက်ဝန်း များကလည်း တစ်ဖြည်းဖြည်း ဝေဝါးလာနေသည်။


"ချွီဇယ်..."


ယောင်စစ် ၏နှလုံးသားနစ်မြုပ်သွားပြီး ချွီဇယ်ကို ကိုင်လှုပ်လိုက်သည်။ သူတင်မကပဲ လွန်ခဲ့သည့် စက္ကန့်အနည်းငယ် ကပင်ငြင်းခုန်နေသည့် လီယွဲ့ တို့နှစ်ယောက် လည်းတွေဝေ ငေးမောနေကြသည်။


"ဘယ်လိုဖြစ်သွားတာလဲ...ချွီဇယ်...ချွီဇယ်..."


ယောင်စစ် သူ့ကိုလှုပ်ခါ၍ သူမ၏ စိတ်ခွန်အားဖြင့်ဖုံးလွှမ်းလိုက်သည်။သုံးယောက်သားသတိအာရုံပြန်လည်လာပြီး သူမကို ထိတ်လန့် စွာကြည့်လာကြသည်။


"သခင်မလေး..."


"ဘာတွေဖြစ် သွားတာလဲ..."


"စိတ်ခွန်အားပါပဲသခင်မလေး ...အဲ့ဒီလူ သူ့ဆီကနေ အရှင်မင်းကြီးနှင့်တူညီတဲ့စိတ်ခွန်အားမျိုးခံစားရတယ်..."


ချွီဇယ် တုန်လှုပ်သည့်အသံနဲ့ပြောလိုက်သည်။


အဲ့ဒာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒီလူကဘယ်သူများလဲ....