အပိုင်း ၁၂၄
Viewers 16k

Chapter 124

အနီရောင်ဂြိုလ်ကိုကယ်တင်မည့်စစ်ပွဲ


"တကယ်ပဲ မင်းလား..."

မူရွှမ်မျက်မှောင်ကြုတ်လိုက်သည်။


"နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့..."


"နိုးလာတယ် ဟုတ်လား..."


ထိုသူက လှောင်ပြုံးပြုံးလိုက်သည်။


"ငါဘယ်တုန်းက မှ မအိပ်စက်ခဲ့ဘူး...မူရွှမ် ငါက မင်းမဟုတ်ဘူး...မင်းလိုမျိုး အချိန်တွေကို သက်တောင့်သက်သာနဲ့မဖြတ်သန်းနိုင်ဘူး... နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပြီပေမဲ့... ငါတစ်ခါမှ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရဘူး...ဒီတော့ ငါဘယ်လိုများအိပ်စက်နိုင်ပါ့မလဲ..."


"ဒီလောက်နှစ်တွေအများကြီးကြာခဲ့ပြီ...မင်း အခုထိလွှတ်မချနိုင်သေးဘူးလား..."


"မဖြစ်နိုင်ဘူး..."


ထိုသူ ခေါင်းခါလိုက်သည်။


"မင်းပြောသလိုပဲလေ နှစ်တွေအများကြီးကုန်လွန်ခဲ့ပေမဲ့...ငါအဲ့ကိစ္စကိုမထားခဲ့နိုင်ဘူး..."


သူခေါင်းငုံ့၍ အနီရောင်ဂြိုလ်ကို ကြည့်လိုက်သည်။ သူ့၏မျက်ဝန်းများက ခံစားချက် မဲ့စွာအေးစက်နေလေသည်။


"မသေနိုင်တာက ကျိန်စာတစ်ခုပဲဆိုတာ ငါနားလည်သွားခဲ့ပြီ....ဒါကြောင့် နှစ်ပေါင်းများစွာတိုင်အောင် ငါနာကျင် ခံစားနေခဲ့ရတာ... မကြာခင်မှာပဲ သူတို့အားလုံး ငါနဲ့တူတူ လျှောက်လှမ်းကြရတော့မယ်..."


"မင်းက မျိုးနွယ်တစ်ခုလုံးကိုတောင်ဖျက်စီးချင်နေတာလား..."


"ငါက သူတို့ ရဲ့အဆုံးမရှိတဲ့ဘဝကနေ လွတ်မြောက်စေချင်တာပါ..."


ထိုသူ၏ အေးစက်သောအကြည့်များက မူရွှမ် ဆီသို့ ပြန်လည်ကျရောက်လာပြီးပြုံးလိုက်သည်။


"ဒါ့အပြင် မကြာခင်မှာ သူတို့ လည်း ငါ့လိုမျိုး ခံစားလာရမှာလေ...လွန်ခဲ့တဲ့အချိန်က ငါ့လိုပေါ့..."


"သူတို့က မင်းမဟုတ်ဘူး..."


"မကြာခင်မှာဖြစ်လာတော့မှာလေ..."


"ငါ မင်းကို ပြောခဲ့ပြီးပြီ..." 

မူရွှမ် ၏မျက်နှာကမည်းမှောင်နေသည်။


" မင်းဘာပဲလုပ်လုပ်ငါဂရုမစိုက်ဘူး...ဒါပေမဲ့ ငါတို့ မျိုးနွယ်ကိုထိခိုက်အောင်မလုပ်ရဘူး..."


ဟွန့်...


ထိုသူ လှောင်ပြုံးပြုံးလိုက်သည်။


"အဲ့ဒါကတော့ အရင်ကလိုပဲ မင်းငါ့ကို တားနိုင်ဦးမလားဆိုတဲ့အပေါ်မူတည်တယ်..."


သူလက်မြှောက်လိုက်ပြီး တိုက်ခိုက်မှုမှ သူကိုယ်သူကာကွယ်ရန်အတွက်  ကြည်လင်လှသော အကာကွယ်တစ်ခုကိုဖန်တီးလိုက်သည်။ထို့နောက် မူရွှမ် ကို တိုက်ခိုက်ရန် မီးနဂါးများကို ဆင့်ခေါ်လိုက်သည်။ နောက်တစ်စက္ကန့်အတွင်း၌ သူတို့ နှစ်ယောက်လုံး၏ ပုံရိပ်က မြင်ကွင်းထဲမှပျောက်ကွယ်သွားပြီး တိုက်ခိုက်သံများသာကြားရတော့သည်။ ကင်မရာက ပုံရိပ်များကို မဖမ်းဆုပ်နိုင်တော့ဘဲကောင်းကင်အနှံ့ပြည့်နေသော လျှပ်စီးအလင်းတန်းများကိုသာ ပြသနေလေသည်။


 ယောင်စစ်၏ စိုးရိမ်ပူပန်မှုများက မြင့်တက်လာသည်။ သူမက သူမ၏ ဖေဖေဟောင်း၏စွမ်းရည်များအပေါ် ယုံကြည်မှု့ရှိခဲ့သော်လည်း ယခုတိုက်ပွဲက မမျှတပေ။

မူရွှမ် ကတစ်ခြားသွေးစုတ်ဖုတ်ကောင်များ၏ စိတ် ပိုင်းဆိုင်ရာ အခြေအနေပေါ် ဂရုစိုက်ပေးနေရသည့်အပြင် ပြိုင်ဘက်ကလည်း လုံးဝ အားမနည်းပေ။ ထိုမျှအစွမ်းထက်နေသောပြိုင်ဘက်က Euphoria၏ ခေါင်းဆောင် ဖြစ်မည်ဟု သူမ ခန့်မှန်းမိလိုက်လေသည်။


Euphoriaပေါ်ထွက်လာချိန်ကသွေးစုပ်ဖုတ်ကောင်များ၏ မသေနိုင်သောစွမ်းရည်ကိုလုယူလိုခြင်းဖြစ်သည်ဟု သူမထင်ထားခဲ့မိသည်. သို့သော်လည်း ယခုမှသာထိုသူကသွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်ချင်နေမှန်းသိလိုက်ရသည်။


သူတို့၏ပြောဆိုမှုများအပေါ် အခြေခံ၍သုံးသပ်ရလျှင် ထိုရန်သူကသွေးစုပ်ဖုတ်ကောင်များ၏ ပထမမျိုးဆက်ငါးဆက်အတွင်းကဖြစ်နိုင်ပေသည်။ ယောင်စစ်ကတိုက်ပွဲ၏တစုံတရာကိုပင် လက်လွှတ်မခံနိုင်သလိုမျိုး ဖန်သားပြင်ကို စူးစူးစိုက်စိုက်ကြည့်နေလေသည်။


မူရွှမ်နှင့် Big Boss တို့၏ပုံရိပ်များ ပျောက်ကွယ်သွားသော်လည်း တိုက်ခိုက်သံများကပို၍ဆူညံလာပြီး အောက်မှာရှိသောလူများကိုပင်ထိခိုက်လာလေသည်။ ငလျင်လှုပ်သလိုမျိုးကမ္ဘာတခုလုံးတုန်ခါနေပြီး အဆောက်အအုံများတောင်တန်းများပါမကျန် ပြိုကျလာကာ အပိုင်းအစများနေရာအနှံ့ပျံဝဲနေလေသည်။


ချွီဇယ်ပြောခဲ့သည်က အမှန်တရားပင်ဖြစ်သည်။ ထို BIG BOSSကမူရွှမ်ကိုမယှဉ်နိုင်ပေ။ မူရွှမ်ကတခြားသွေးစုပ်ဖုတ်ကောင်များကိုကာကွယ်ရန် သူ့၏စိတ်ခွန်အားကိုဖြန့်ကျက်ထားသော်လည်း မည်သည့်အားနည်းချက်မှမရှိပေ။


"တစ်ဖက်လူရဲ့ စွမ်းရည်အဆင့်ကို ကျွန်တော် မပြောနိုင်ပေမဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့တာတော့ အရှင်မင်းကြီးတစ်ယောက်ထည်းပါ...ပထမမျိုးဆက်သွေးစုပ်ဖုတ်ကောင်ဆိုရင်တောင် အရှင်မင်းကြီးကိုယှဉ်နိုင်မှာမဟုတ်ပါဘူး..."


ယောင်စစ်ခေါင်းညိမ့်ပြလိုက်သည်။ ထိုအချက်ကိုသူမလဲသိနေသော်လည်း စိုးရိမ်ပူပန်မှုကိုတော့မတားဆီးနိုင်ပေ။


"ကပ်ဆိုးဗိုင်းရပ်စ်ဖန်တီးပြီး သွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ချင်နေတဲ့အဲ့ဒီအရူးမှာ တခြားလှည့်ကွက်တွေများရှိနေနိုင်သေးလား..."


သို့သော်လည်း ယခုလက်ရှိ၌သူမတတ်နိုင်တာက ကင်မရာမြင်ကွင်းကိုသာ စိုက်ကြည့်နေရုံသာဖြစ်သည်။ချွီဇယ်ပြောခဲ့သည်က အမှန်တရားပင်ဖြစ်သည်...ထို BIG BOSSကမူရွှမ့်ကိုမယှဉ်နိုင်ပေ။ မူရွှမ်က အခြားသွေးစုပ်ဖုတ်ကောင်များကိုကာကွယ်ရန် သူ့၏စိတ်ခွန်အားကိုဖြန့်ကျက်ထားသော်လည်း မည်သည့်အားနည်းချက်မှမရှိပေ။


ထို့အပြင် တိုက်ခိုက်သံများ ဆက်လက်ထွက်ပေါ်နေသော်လည်း တခြားမြေပြင်မှလူများကိုထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေလိုက်သေးသည်။ ကင်မရာမြင်ကွင်းပေါ်ရှိ ပုံရိပ်နှစ်ခုကတဖြေးဖြေးချင်းသေးငယ်လာကာ အစက်ပြောက်နှစ်ခုမျှသာမြင်ရတော့သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘောလုံးလေးကဂြိုလ်၏ အပြင်ဘက်မြင်ကွင်းကိုပါဖွင့်ထားခဲ့သည်။


မျှော်လင့်ထားသည့်အတိုင်း screen မြင်ကွင်းပေါ်၌စွမ်းရည်ရောင်စုံအမျိုးမျိုးသာလင်းလက်တောက်ပနေလေသည်။ တခြားဂြိုလ်များကိုထိခိုက်ခြင်းမရှိသော်လည်း ၎င်းတို့၏ပတ်လည်တွင်ပျံသန်းနေသောအာကာသယာဉ်ပျံများသည် မလွတ်မြောက်နိုင်သောကပ်ဆိုးကိုခံစားရလေသည်။


ယောင်စစ်သက်ပြင်းချလိုက်သည်။ သူမ၏ဖခင်ဟောင်းမူရွှမ်အတွက်စိတ်ထဲမှာလက်မကြီးကြီးပေးလိုက်သည်။ ထိုပုံတိုင်းဆိုရင်အနီရောင်ဂြိုလ်က အန္တာရာယ်ကင်းနေပေလိမ့်မည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် တိုက်ခိုက်သံများရပ်သွားပြီး မူရွှမ်တို့နှစ်ယောက်၏ပုံရိပ်ပြန်လည်ပေါ်ထွက်လာသည်။


ယောင်စစ်မြင်ကွင်းမှတဆင့် မူရွှမ့်ကိုသေသေချာချာ စစ်ဆေးလိုက်သည်။


တော်သေးတာပေါ့ သူအဆင်ပြေနေတယ်...ဆံပင်တွေရှုပ်ပွနေတာကလွဲပြီးတခြားဘာမှကြီးကြီးမားမားထိခိုက်မှုမရှိဘူး...


တခြားတဖက်ရှိ သွေးစုပ်ဖုတ်ကောင်၏တစ်ကိုယ်လုံးက သွေးများနှင့်ရွဲနစ်နေပြီး သူ့၏ညာဖက်လက်ကလည်း ထူးဆန်းစွာလိမ်ကောက်နေသည်။


"ထင်ထားတဲ့အတိုင်းပဲ...ငါမင်းကိုအနိုင်မယူနိုင်သေးဘူး..."


ထိုသူက စိတ်ပျက်တုန်လှုပ်နေရမည့်အစားထူးခြားဆန်းကျယ်စွာ ပြုံးနေလေသည်။


"ဒါပေမဲ့လဲ အဲ့ဒာကပိုကောင်းပါတယ်...ငါကမင်းနဲ့တိုက်ခိုက်ဖို့အတွက်ဒီလမ်းလျှောက်ခဲ့တာလို့တကယ်ပဲထင်နေတာလား..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။


ဒီကောင်ကဘာတွေထပ်ကြံစည်ထားတာလဲ...


"မူရွှမ် ငါမင်းကိုတစ်ခါကပြောဖူးပါတယ်...ငါခံစားခဲ့ရတဲ့ဝေဒနာမျိုးမင်းကိုခံစားခွင့်ပေးမယ်..."


ထိုသူ၏မျက်နှာကအပြုံးဖြင့်တောက်ပသွားသည်။ သူကမအောင်မြင်ခဲ့သော ဆန္ဒတခု သို့မဟုတ် ကတိကဲ့သို့သောတစ်စုံတစ်ရာကိုထိန်းသိမ်းထားပုံရလေသည်။ ထိုအပြုံးကကျေနပ်မှုအပြည့်ဖြင့်ဖြစ်နေသော်လည်း ယောင်စစ်တကိုယ်လုံးအေးစက်သွားလေသည်။ သူမတစ်စုံတစ်ခုကိုတွေးမိသွားပြီး မြန်မြန်ပြောလိုက်သည်။


"ဘောလုံးလေးအနီရောင်ဂြိုလ်ရဲ့ပုံရိပ်ကို ပြန်ပြပါဦး..."


မြင်ကွင်းကပြောင်းလဲသွားပြီးနောက် အနီရောင်ဂြိုလ်ကိုပြန်လည်တွေ့မြင်လိုက်ရသည်။ဥက္ကာခဲပြုတ်ကျထားသောနေရာများတွင်ပေါက်ကွဲသံများဆူညံနေပြီး အပြာရောင်အခိုးငွေ့များထွက်လာသည်ကိုတွေ့လိုက်ကြရသည်။


"ချွီဇယ်... အကြီးအကဲကောင်စီကိုမြန်မြန်လေးအကြောင်းကြားလိုက်...အနီရောင်ဂြိုလ်ကလူအားလုံးကိုဘေးကင်းရာကိုခေါ်ထုတ်သွားခိုင်းလိုက်..."


အခြေအနေများက ပြေလည်သွားပုံရခဲ့သော်လဲ အပြာရောင်အခိုးငွေ့များထဲ၌ ဗိုင်းရပ်စ်များဆက်လက်မြင့်တက်လာနေသည်။ ထိုအကျိုးဆက်ကို မည်သူမျှ ခံစားနိုင်လိမ့်မည်မဟုတ်ပေ။


"ချီးပဲ... ဒီခွေးကောင်က သူ့လက်ထဲမှာနောက်ထပ်အကြံအစည်တွေရှိနေသေးတာပဲ...ဖြစ်နိုင်တာကမူရွှမ့်ကို သူအနီရောင်ဂြိုလ်ကနေပြီးတမင်တကာဆွဲခေါ်ခဲ့တာလား..."


မူရွှမ်အနီရောင်ဂြိုလ်သို့ပြန်လှည့်လိုက်သည်။ သို့သော် သူ့၏စိတ်ထဲ၌မရေမရာသံသယတခုကိုခံစားနေရသည်။ လီကျန်းက သူ့၏နောက်ကိုလိုက်လာရမည့်အစား သူ့၏အပြုံးကပိုမိုနက်ရှိုင်းလာလေသည်။ မူရွှမ်တန့်သွားပြီးချက်ချင်းပင်နောက်ပြန်လှည့်လိုက်သည်။


 ထိုမြင်ကွင်းကိုကြည့်နေသောယောင်စစ်တစ်ယောက် မူရွှမ်ချုံခိုတိုက်ခိုက်ခံရမည်ဟု တွေးလိုက်မိသော်လည်း ထိုခဏ၌သူမ၏တကိုယ်လုံးအေးစက်သွားပြီးသူမဘေး၌လေဟာနယ်ဝင်ပေါက်တခုပွင့်လာသည်ကိုတွေ့လိုက်ရသည်။


ဒါလေဟာနယ်ခရီးသွားလာခြင်းအစွမ်းလား...သူဘာလုပ်မလို့လဲ...


သူမ၏အတွေးမဆုံးခင်မှာပင် ပြင်းထန်လှသော တုန်လှုပ်ခြောက်ခြားစရာ အင်အားတစ်ခုက သူမဆီရိုက်ခတ်ဖုံးလွှမ်းလာသောကြောင့်ကျောရိုးတလျောက် အေးစိမ့်မှုကိုခံစားလိုက်ရသည်။ စခရင်မြင်ကွင်းတွင်ရှိနေသော big bossကြီးက သူမ၏နားတွင်ရုတ်တရက်ပေါ်လာပြီး သူ၏ခပ်နိမ့်နိမ့်အသံကိုပါကြားလိုက်ရသည်။


"ငါသူ့ကိုဖမ်းမိပြီ..."


လခွမ်း သူ့အစီအစဉ်ကဗိုင်းရပ်စ်နဲ့ပတ်သတ်တာမဟုတ်ပဲ...


သူမအတွေးမဆုံးခင်မှာပင် အမြင်အာရုံများမှောင်မိုက်သွားသည်ကို ခံစားလိုက်ရသည်။ သူမနောက်ဆုံးမြင်လိုက်ရသောမြင်ကွင်းကနောက်ထပ် လေဟာနယ်ဝင်ပေါက်တစ်ခုပွင့်လာပြီးမူရွှမ် သူမဆီအရူးအမူးပြေးဝင်လာသည့်မြင်ကွင်းပင်ဖြစ်လေသည်။


"စစ်စစ်..."