အပိုင်း ၁၂၅
Viewers 19k

Chapter 125

ရည်ရွယ်ချက်အစစ်..


ယောင်စစ် သူမခန္ဓာကိုယ်မြောက်တက်သွားသည်ကိုခံစားလိုက်မိပြီး မြေပြင်ပေါ်သို့ပြင်းထန်စွာပြစ်ချခြင်းကိုခံလိုက်ရသည်။ပြင်းထန်လှသော သက်‌ရောက်မှုအားကြောင့်  သူမ၏အရိုးများကျိုးသံကိုပင် ကြားလိုက်ရ၏။ သူမပြန်လည်တိုက်ခိုက်ချင်သော်လည်း ဖိအားတစ်ရပ်က သူမ၏တုံ့ပြန်မှုများအားလုံးကိုထိန်းချုပ်ထားလေသည်။


ဒါသွေးမျိုးဆက်ဖိနှိပ်ခြင်းဆိုတာလား...


လည်ပင်း၌ ဖိအားတစ်ခုသက်ရောက်လာပြီး သူမ ဆွဲမြှောက်ခံထားရသည်ကိုခံစားလိုက်ရသည်။ ခံစားနေရသောအင်အားက ပြင်းထန်လာပြီးနောက် အသက်ရှူများပင်ကြပ်လာလေသည်။


"နာကျင်မှု...." 


သူမယခင်ကရပ်နေတဲ့ နေရာတွင်မရှိတော့ကြောင်းသတိထားမိလိုက်သည်။ လေဟာနယ်တံခါးတစ်ချပ်ထပ်မံပွင့်ဟလာပြီး

သူမတို့ ထိုတံခါးပေါက်တွင်းသို့ဖြတ်သွားခဲ့ကြသည်။ ၎င်းအရာများအားလုံးကသူမကိုသတ်ရန်အတွက် အချိန်ဆွဲနေခြင်းသာဖြစ်သည်။ ချွီဇယ်၏စကားများကိုရုတ်တရက်ပြန်လည်သတိရသွားမိသည်။ Euphoria၏ပစ်မှတ်ကသူမဖြစ်ကြောင်းသတိပေးဖူးလေသည်။


ဂြိုလ်ဖောက်ခွဲခြင်း၊ ဗိုင်းရပ်စ်များပျံနှံ့စေခြင်း အရာအားလုံး၏ရည်ရွယ်ချက်ကသူမသာဖြစ်နေလေသည်။


သူမလည်ပင်းရှိအားအင်များတိုးပွားလာသည့်နှင့်အမျှ အမြင်အာရုံများပင်မှုန်ဝါးလာလေသည်။ ထို့နောက်သွေးဖြင့်ပြုလုပ်ထားသောဓားတစ်လက်က သူမ၏ ရင်ဘတ်ကိုထိုးစိုက်လာသည်အားခံစားမိလိုက်သည်။


၎င်းကသွေးစုပ်ဖုတ်ကောင်များအတွက် မျိုးနွယ်၏သွေးကို အသုံးပြုပီးသတ်ဖြတ်သည့်နည်းလမ်းတခုသာဖြစ်သည်။ ဓားထိုးစိုက်ခံလိုက်ရသည့်အချိန်၌ အသားများတစစီကွဲအက်သွားသလို ခံစားလိုက်ရ၏။


ငါသေတော့မှာလား...

ယောင်စစ် အလိုလိုခေါင်း‌မော့ကြည့်လိုက်မိသည်။ သူမ၏အမြင်အာရုံများကမှုန်ဝါးနေသော်လဲ သေခါနီးဖြစ်ပေါ်လာသောစိတ်စွမ်းအားကြောင့်တဖက်လူအသုံးပြုထားသောအကာအကွယ်ကို‌ဖောက်၍ မျက်နှာအစစ်ကိုမြင်လိုက်ရလေသည်။သူမတုန်လှုပ်သွားမိသည်။


"အစ်ကိုလီ..."


တဖက်လူက အေးခဲတောင့်တင်းသွားပြီး လည်ပင်းမှဖိအားများ ရုတ်တရက်လျော့ကျသွားသည်။ စက္ကန့်အနည်းငယ်မျှ သူ့၏လက်များတောင့်တင်းသွားပြီးနောက် အသက်ပြင်းပြင်းတချက်ရှိုက်သွင်းလိုက်ပြီးပြန်တုန့်ပြန်လိုက်သည်။


"အင်း...မင်းကငါ့ကိုမှတ်မိသားပဲ စိတ်မပူပါနဲ့သက်သောင့်သက်သာလေးသွားရအောင်လုပ်ပေးမှာပါ..."


တကယ်ကိုသူပဲ...ဒါပေမဲ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒါသူမအတိတ်မှာသိခဲ့တဲ့ ဘဲသွေးခဲရောင်းတဲ့ အစ်ကိုလီကျန်းပဲလား...သူမဘယ်သူဆိုတာနဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ကမ္ဘာအကြောင်းကိုမိတ်ဆက်ပေးခဲ့တဲ့သူပဲလား...


သွေးစုပ်ဖုတ်ကောင်များထဲ၌ သစ္စာဖောက်တစ်ယောက်ရှိနေခြင်းနှင့်စတုတ္ထအကြီးအကဲထုတ်မပြောနိုင်သည့်အကြောင်းအရာများအားလုံးကိုသူမ နားလည်သဘောပေါက်သွားလေသည်။ လီကျန်းကမူရွှမ်ကဲ့သို့ပင်စတုတ္ထမျိုးဆက်ဖြစ်သောကြောင့် မျိုးဆက်ငယ်သောသွေးစုပ်ဖုတ်ကောင်များအားလုံးကိုဖိနှိပ်ခိုင်းစေနိုင်လေသည်။ မှားမှန်းသိသော်လဲ ပုန်ကန်နိုင်စွမ်းမရှိပဲအတင်းအကြပ်ခိုင်းစေမှုကိုသာခံရနိုင်လေသည်။


"ဘာလို့လဲ..."


ရန်သူက ထိုမျှရင်းနှီးနေသည့်လူဖြစ်လိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိပေ။ ထို့အပြင်သူ့၏ပုံစံအရသူမကိုလဲမှတ်မိနေပုံပေါ်လေသည်။


ဘာလို့သူမကိုသတ်ချင်နေရတာလဲ...


"မူရွှမ်ရဲ့ဆက်ခံသူဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်တော့...ငါနှစ်ပေါင်းများစွာအကြိမ်ပေါင်းများစွာကြိုးစားခဲ့ပြီးပြီ...တစ်ခါမှမအောင်မြင်ခဲ့ဘူး...ဒါပေမဲ့...အခုနောက်ဆုံးတော့ငါနားလည်သွားပြီ သွေးစုပ်ဖုတ်ကောင်တမျိုးနွယ်လုံး ပျောက်ကွယ်သွားနိုင်တဲ့အရာကို ငါသိသွားပြီ...ဒါပေမဲ့ငါ့မှာလုပ်နိုင်တဲ့စွမ်းအားမရှိဘူး... မူရွှမ်ကသာအောင်မြင်နိုင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ထဲသောသူပဲ...ငါ့ရဲ့ဆက်ခံသူဆုံးရှုံးသွားတဲ့ဒဏ်ကိုနှစ်ပေါင်းများစွာအလူးအလဲခံစားခဲ့ရပြီးပြီ...အခုတော့ သူခံစားကြည့်ရမယ့်အလှည့်ပဲ..."


မူရွှမ်ရူးသွပ်ပြီး သူများတွေကိုဖျက်ဆီးပစ်ဖို့အတွက်...သူမကိုသတ်ပြစ်ဖို့ရည်ရွယ်လိုက်တာလား...


ရုတ်တရက်လော့ယင်း သေ‌ရေးရှင်ရေးဖြစ်သည့်အချိန်က ကူရှုချန်း၏အမူအယာများကိုသတိရမိသွားသည်။


ထိုအချိန်ကသူ့၏အမူအယာများသည်ထိန်းချုပ်မှုကင်းလွတ်နေပြီး အကယ်၍မူရွှမ်ကဲ့သို့သာစွမ်းရည်များရှိနေခဲ့ပါက မျိုးနွယ်စုတစ်ခုလုံးကိုသတ်ပစ်ဖို့က မဖြစ်နိုင်သည်တော့မဟုတ်ပေ။


"ညီမလေး... ငါ့ကို အပြစ်မတင်ပါနဲ့..ထာဝရအသက်ရှင်ခြင်းဆိုတာတကယ်တမ်းတော့ကောင်းတဲ့အရာတခုတော့မဟုတ်ဘူး...

အရာအားလုံးကိုသေဆုံးခြင်းကယူဆောင်သွားစေချင်တဲ့အထိ...ပင်ပန်းနွမ်းနယ်လာတဲ့အချိန်ကိုရောက်လာလိမ့်မယ် ...ဒါပေမဲ့နောက်ဆုံးတော့ဝေဒနာကိုပိုက်ထွေးထားပြီးတော့ နှစ်ပေါင်းများစွာအလူးအလဲ ရှင်သန်နေရလိမ့်မယ်...အစ်ကိုကဒီဝေဒနာတွေနင့်ကိုမခံစားစေချင်ဘူး... ဒါကြောင့်မို့ မင်းအတွက်အရာရာအားလုံးကို ငါအဆုံးသတ်ပေးလိုက်မယ်..."


 အစ်ကိုလီကျန်း သူဘယ်လိုဖြစ်သွားတာလဲ...သူကအရမ်းဖော်ရွေတဲ့လူဖြစ်ပြီးတော့ ပထမဆုံးတွေ့ဆုံဖူးတဲ့လူတွေကိုတောင်ရက်ရက်ရောရောကူညီတတ်သူလေ...အဲ့ဒီ့အချိန်တုန်းကသူ့ကြောင့်သာမဟုတ်ရင်သွေးစုပ်ဖုတ်ကောင်မျိုးနွယ်အကြောင်း သူလွယ်လွယ်ကူကူသိခဲ့မှာတောင်မဟုတ်ဘူး...


"ညီမလေး မင်းကပဉ္စမမျိုးဆက် ဒါပေမဲ့ ပထမမျိုးဆက် ဒုတိယမျိုးဆက်တွေကတော့ မကျန်ရစ်တော့ဘူး..."


သူ့အပြုံးများက ခါးသီးလာပြီး သူ့၏မျက်ဝန်းများကအရောင်မှိန်သွားသည်။


" တနေ့နေ့မှာတော့ မသေဆုံးနိုင်တဲ့ဝေဒနာကိုနင်ခံစားမိလာလိမ့်မယ် အဲ့ဒီနေ့မ‌ရောက်ခင်ပဲအစ်ကိုကအဆုံးသတ်ပေးပါရစေ..."


သူက သူကရူးနေတာပဲ...


ယောင်စစ်မျက်ဝန်းများပြူးကျယ်လာလေသည်။ ထိုရင်းနှီးနေသောမျက်နှာကယခင်ကသွေးစုပ်ဖုတ်ကောင်ဖြစ်ရခြင်းကိုဂုဏ်ယူဝင့်ကြွားနေသော ပျော်ရွှင်နေသည့်မျက်နှာမဟုတ်တော့ပေ။


သူ့၏မျက်လုံးများထဲတွင် အပြစ်ရှိခြင်း သို့မဟုတ် ကြောက်ရွံ့တုန်လှုပ်ခြင်းတို့ တစက်မှရှိမနေပဲ မှန်ကန်သည့်အရာတခုကိုလုပ်‌ဆောင်နေသကဲ့သို့ ငြိမ်းချမ်းမှုနှင့် ယုံကြည်မှုတို့သာရှိနေလေသည်။


အချိန်က လူတစ်ယောက်ကို ဒီလောက်ပြောင်းလဲသွားစေနိုင်တာလား...သူ့ရဲ့ကလေးလေးသေဆုံးသွားတာနဲ့ သွေးစုပ်ဖုတ်ကောင်တစ်မျိုးနွယ်လုံးကိုမုန်းတီးသွားတာလား...ဒီတော့ ...သူ့ကိုတကယ်ပဲသတ်ဖို့ရည်ရွယ်ထားတာပေါ့လေ...


စိတ်အေးအေးထားစမ်း...စိတ်အေးအေးထား...


ထိုခဏအတွင်းမှာပင် သူမ၏စိတ်ထဲ၌ အတွေးပေါင်း‌မြောက်မြားစွာထွက်ပေါ်လာပြီး စိတ်ငြိမ်သက်စေရန် ကိုယ့်ကိုယ်ကိုသတိပေးလိုက်သည်။ 


မူရွှမ်က သူမကိုကယ်မှာအသေအချာပဲ...အချိန်နည်းနည်းနည်းဆွဲထားဖို့ပဲလိုတယ်...

ထိုခဏ၌လီကျန်းကသူ့စွမ်းရည်ကိုသုံးမထားသောကြောင့်ယောင်စစ်လဲစွမ်းရည်ထုတ်မသုံးနိုင်ပေ။ ထို့အပြင် သူကစတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်တစ်ယောက်ဖြစ်နေခြင်းကြောင့် သူမယှဉ်နိုင်မည်လဲမဟုတ်ပေ။


သူမလုပ်နိုင်သမျှက သူမ၏စိတ်ဓာတ်ခွန်အားများကိုစုစည်းလိုက်ပြီးအပြင်းထန်ဆုံးတွန်းကန်လိုက်ဖို့ပင်ဖြစ်သည်။ ကြိုးစားရကျိုးနပ်လေသည်။ သူမခန္ဓာကိုယ်ထဲမှအင်အားတရပ်ထွက်ပေါ်လာပြီး ရှေ့မှလူဆီသို့ပြင်းထန်စွာတိုးဝင်ကာသွားလေသည်။ လီကျန်းလန့်ဖြန့်ပြီးသူမ၏လည်ပင်းကိုလွှတ်လိုက်သည်။


သူမ၏လည်ပင်းချုပ်နှောင်ထားရာမှ လွတ်မြောက်သွားသည်နှင့်ပါးစပ်ဟ၍ အသက်ပြင်းပြင်းရှိုက်ရူလိုက်သည်။သူမမြေပြင်ပေါ်ပြုတ်ကျသွားသည်နှင့် လည်ပင်းမှ လည်ဆွဲကိုဆွဲဖြုတ်ပြစ်လိုက်သည် လီကျန်းက မူရွှမ်၏စိတ်ခွန်အားဖြင့်မရှာနိုင်သည့်နေရာကိုသူမကိုခေါ်ဆောင်လာခဲ့သော်လည်း လည်ဆွဲ၏ အကူအညီဖြင့်ရှာနိုင်မည်မှာသေချာပေသည်။


မျှော်လင့်ထားသည့်အတိုင်း လည်ဆွဲပျက်ဆီးသွားသည်နှင့်တပြိုင်နက် သူမ၏ဘေးနား၌ လေဟာနယ်တံခါးတစ်ချပ်ပေါ်လာလေသည်။


"နောက်ဆုံးတော့ မင်းဘာလို့ငါ့စကားကိုနားမထောင်တာလဲ..."


လီကျန်းကသူ့ကိုဖုံးအုပ်ထားသောစိတ်ခွန်အားကိုတွန်းထုတ်လိုက်ပြီးနောက် သူမ၏အ‌‌ရှေ့တွင်ပေါ်လာသည်။ သူ့လက်ထဲမှသွေးရောင်ဓားကသူမ၏နှလုံးတည့်တည့်ကိုထိုးစိုက်လိုက်လေသည်။ ယောင်စစ်၏နှလုံးခုန်သံများပြင်းထန်တုန်ခါနေသည်ကိုခံစားမိလိုက်သည်။


သူမအန်ထုတ်လိုက်သောသွေးများက လီကျန်း၏မျက်နှာကိုစိုရွဲသွားစေသော်လဲထိုသူကငြိမ်းချမ်းစွာပြုံးနေတုန်းပင်ဖြစ်သည်။


"အေးအေး‌ဆေးဆေးအိပ်လိုက်တော့ ...မင်းသေသွားတာနဲ့ဝေဒနာတွေသက်သာသွားလိမ့်မယ် ..."


"စစ်စစ်..."


ကျယ်လောင်လှသော နာကျင်ဝမ်းနည်းစွာအော်သံတစ်ခုထိုးဖောက်ဝင်ရောက်လာပြီး လီကျန်းတွန်းထုတ်ခံလိုက်ရလေသည်။ နောက်ခဏအတွင်းမှာပင်ယောင်စစ်၏ခန္ဓာကိုယ်ကပွေ့ဖက်မှုတစ်ခုကြားထဲ နစ်မြုပ်သွားသည်။


"စစ်စစ်...စစ်စစ်..."


မူရွှမ် တုန်လှုပ်‌ခြောက်ခြားပြီးသူမ၏ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသည်။ .သူ့၏မျက်နှာပေါ်တွင်လဲ တခါမှမမြင်ခဲ့ဖူးသောစိုးရိမ်သောကများ ပြည့်နှက်နေလေသည်။


ယောင်စစ်ရုတ်တရက် စောက်ရမ်းမိုက်သည့်ကားတိုက်မှု ဇာတ်ဝင်ခန်းပါဝင်သော ဂန္တဝင်မြောက်ဒရမ်မာဇာတ်ကားကြီးကို သတိရသွားမိသည်။


ဒါကြောင့်မို့ငါပြောပါတယ် စစ်စစ်လို့မခေါ်ပါနဲ့လို့...အဲ့ဒီနာမည်ကလေလူတိုင်းသုံးနေတဲ့ဖန်တရာတေနေတဲ့စကားလုံးကြီးပဲ...


သူမရီမောလိုက်ချင်သော်လည်း သူမ၏ခန္ဓာကိုယ်က တစ်စုံတစ်ယောက်ပိတ်ဖို့မေ့သွားသော ‌ရေပိုက်ခေါင်းမှရေများကဲ့သို့စွမ်းအင်များစိမ့်ထွက်လာပေသည်။ သည်းမခံနိုင်လောက်အောင်အေးစက်သောအအေးဓာတ်က သူမ၏ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားပြီး သူမ၏မျက်လုံးများကသူမ၏ဆန္ဒကို ဆန့်ကျင်ကာ ပိတ်ကျသွားလေသည်။


ဘဝက ဒရမ်မာကားမဟုတ်ဘူးဆို‌တော့ ငါတကယ်သေတော့မှာပေါ့ ...


မူရွှမ် အထိန်းအကွပ်မဲ့စွာတုန်လှုပ်ခြောက်ခြားနေသည်။ သူမအမြင်အာရုံမှောက်မှားနေခြင်းလားမသိသော်လည်း မူရွှမ့်ဆီမှအနက်ရောင်အခိုးငွေ့များထွက်လာသည်ကိုမြင်လိုက်ရသည်။ ၎င်းက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြာအဖြစ်ပြောင်းလဲသွားစေတော့မလိုမျိုးထင်မြင်မိလေသည်။


 သူမ၏အသိစိတ်များပျောက်ဆုံးမသွားခင်လေးမှာ ရုတ်တရက် လီကျန်း၏စိတ်ကူးကိုသတိရသွားမိသည်။ သူမကိုသတ်လိုက်တာနဲ့ မူရွှမ်ကသွေးစုပ်ဖုတ်ကောင်တစ်မျိုးလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့သူကတွေးထားတာ ဖြစ်သည်။ 


အင်း....မူရွှမ်က အဲ့လိုမျိုးမလုပ်ဘူးလို့လဲပြောဖို့ခက်တယ်...


ယောင်စစ်တကယ်ကိုပင် မတရားခံလိုက်ရသလိုခံစားမိလိုက်သည်။ သူမ၏အားအင်များထွက်ပေါ်လာပြီး မူရွှမ်၏လက်ကိုဆုပ်ကိုင်ကာ နောက်ဆုံးစကားကိုပြောလိုက်သည်။


"အခု အမျိုးသမီးဇာတ်လိုက်ကသေဆုံးသွားပြီဆိုတော့...ဒီဇာတ်လမ်းကပြီးသွားပြီလား..."