Chapter 126
ကလဲ့စားမချေနဲ့...
ယောင်စစ်တစ်ယောက် သူမ မျက်လုံး များနောက်တစ်ကြိမ်ပြန်ပွင့်လာဦးမည်ဟုလုံးဝ မမျှော်လင့်ထားခဲ့မိပေ။
သူမမျက်လုံးပွင့်လာသည့်အချိန်၌ ပြိုကွဲနေသော ဂြိုလ်အပိုင်းအစများ သူမ၏ ပတ်ဝန်းကျင်တွင် လွင့်မျောနေသည်ကိုတွေ့လိုက်ရသည်။
ဒါက ဘယ်နေရာလဲ...သူမ ဘယ်ရောက်နေတာလဲ...
ယောင်စစ် သူ့ကိုယ်သူဆွဲဆိတ်လိုက်မိသည်။
"အား...နာတယ်ဟ ဒါဆို... အိမ်မက်မက်နေတာမဟုတ်ဘူးပေါ့...အသက်ရှင်နေသေးတယ်...ငါအသက်ရှင်နေသေးတယ်..."
သူမ ခေါင်းငုံ့ကြည်လိုက်၏။ ရင်ဘတ်၌ ထိုးဖောက်ခံထားရသော ဒါဏ်ရာက အစပင်ရှာမရတော့ပေ။ သူမအမှန်တစ်ကယ် သေသွားတာမဟုတ်ဘဲ အိပ်စက်ခြင်းအခြေအနေကိုရောက်သွားတာဖြစ်ပြီး ပြည်တွင်းစစ်မှာတုန်းက သူမ ဖြစ်ခဲ့သလိုမျိုးဖြစ်သည်။
ဝိုး...ကောင်းလိုက်တာ...
ယောင်စစ် အာကာသတစ်နေရာ တွင်နိုးလာလေသည်။ လီကျန်းက သူမကိုတစ်ခြားဂြိုလ်တစ်ခုဆီသို့ခေါ်သွားသည်ကိုပြန်လည်သတိရမိလိုက်သည်။
ငါ...ငါဘယ်လိုများသေသွားတာလဲ
သူမရှေ့ကမြင်ကွင်းကို ကြည့်လိုက်ပြီးနောက် အရင်တစ်ခါ နိုးထလာသည့်အချိန်ကိုပြန်လည်သတိရသွားမိလိုက်သည်။
အရင်တုန်းက ဂြိုလ်ဖောက် ခွဲမှု့ကြောင့် နိုးလာတယ်...အခုကရော...
ဘမ်း...
ကျယ်လောင် သောအသံနှင့်အတူ အဝါရောင် ဂြိုလ်ငယ်တစ်လုံးက အပိုင်းအစများအဖြစ်သို့ပေါက်ကွဲသွားလေသည်။
ယောင်စစ်"...."
ဂြိုလ်ပေါက်ကွဲတာက သူမနိုးထလာတဲ့ အမှတ်အသားတစ်ခုဖြစ်နေတာလား...ငါနိုးလာတဲ့အချိန်တိုင်းအမြဲတမ်း ဂြိုလ်ပေါက်ကွဲတာနဲ့ကြုံနေရတယ်....
"ဟားဟား... ဟားဟား ...."
ယောင်စစ် အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သည်။
သူမနှင့်မနီးမဝေးတွင်ရင်းနှီးနေသော လူတစ်ယောက်မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ရပြီးနောက် သူမနှစ်မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို ခန့်မှန်းနေမိသည်။
" အဲ့ဒါ လီကျန်း မဟုတ်လား"
(╯‵□′)╯︵┻━┻
"ဘာလို့လဲ...ဘာလို့ သူထပ်ဖြစ်နေရတာလဲ။
"ဟုတ်တယ်...အဲ့ဒီအတိုင်းပဲ...ကမ္ဘာကြီးကိုဖျက်ဆီးပြစ်လိုက်"
လီကျန် ကဒေါသများနှင့်ရယ်မောလိုက်သည်။
"အခုက ငါ့ရဲ့နာကျင်မှုတွေကို မင်းနားလည်နိုင်ပြီလား..ငါ့ရဲ့ကလေးလေးတွေက သေသွားတဲ့အချိန်မှာ သူတို့ကဘာလို့အသက်ရှင်နေနိုင်တာလဲ...ဖျက်ဆီးပစ်လိုက်...အနီရောင်ဂြိုလ်ကိုလည်းဖျက်ဆီးပစ်လိုက်...ပြီးတော့မဟာမိတ်ပေါင်းစုတပ်ကိုလည်းဖျက်ဆီးပစ်လိုက်..."
သူကအရင်အတိုင်းပဲ စိတ်အားတတ်ကြွစွာ အားပေးအားမြှောက်ပြုနေလေသည်။သူ့၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲနစ်နေသော်လည်း ကြောက်ရွံ့မှုတစ်စက်မှမရှိဘဲ အရှေ့သို့ မယိမ်းမယိုင် စိုက်ကြည့်နေသည်။
ယောင်စစ် အပျက်အစီးများဖြင့်ပြည့်နေသော အာကာသကွင်းပြင်ကိုကြည့်လိုက်သည်။လေဟာနယ်ထဲတွင်လွှင့်နေသော အပိုင်းအစများက အရင်က တည်ရှိခဲ့ဖူးသော ဂြိုလ်များ၏ သဲလွန်စပင်ဖြစ်သည်။ ၎င်းနေရာ၏အလည်တွင် အနက်ရောင်အော်ရာများထုတ်လွတ်နေသောပုံရိပ်တစ်ခု ရှိနေသည်။သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထိုပတ်ဝန်းကျင်က ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့၏ အနက်ရောင် အော်ရာများက သိပ်သည်းလွန်းလှသောကြောင့် သူ၏ ပုံရိပ်ကို ဖုံးကွယ်နေသည်။
အလင်းတစ်ဖျက်လက်သည့်အချိန်တွင် သွေးနီရောင်ရဲရဲနီနေသော ထိုသူ၏မျက်ဝန်း တစ်စုံ ကိုမြင်လိုက်ရသည်။
"မူရွှမ်..."
ထိုသူ၏ အသွင်အပြင်ကို မှတ်မိလိုက်သည့်ခဏ၌ ယောင်စစ်၏ နှလုံးသား နှစ်မြုပ်သွားလေသည်။
"ဒါ...ဒါ ဘယ်လိုမြင်ကွင်းမျိုးလဲ...ဒါ...ဘယ်လိုပုံရိပ်မျိုးလဲ... "
နောက်ဆုံး၌ သူမ မည်မျှအိပ်ပျော်ခဲ့သည်ကိုခန့်မှန်းနိုင်သွားလေသည်။
ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့ သူမအိပ်ပျော်ခဲ့တာ ငါးမိနစ်လောက်ပင်.....
○| ̄|_
သူမ နှလုံးသား နစ်မြုပ်သွားကာ အရှေ့မှပုံရိပ်ကိုပြန်ကြည့်လိုက်သည်။
ငါးမိနစ်အတွင်း ဂြိုလ်ပေါင်း ဘယ်လောက်တောင် ပေါက်ကွဲခဲ့လဲဆိုတာ ဘယ်သူများရှင်းပြနိုင်မလဲ.....
ရုတ်တရက် အလင်းတန်းများစွာက အပျက်အစီးများကြားမှဖျာထွက်လာသည်။ထိုအလင်းတန်းများအားလုံးက လီကျန်းကိုချိန်ရွယ်ထားကြလေသည်။
သူ့၏ မျက်နှာက ပြောင်းလဲသွားပြီးအဆုံးအစမရှိသော အလင်းတန်းများကိုရှောင်လိုက်သည်။ အလင်းတန်းများအားလုံးက သူ့နောက်မှာရှိနေသော ဂြိုလ်ပေါ်ကျရောက်သွားလေသည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ နောက်ထပ် ဂြိုလ်တစ်လုံး အပိုင်းပိုင်းအစစဖြစ်သွားပြန်သည်။
အလင်းတန်းများစွာက ကောင်းကင်ယံထက်၌ ကခုန်နေသကဲ့သို့ပင်။ လီကျန်း ကစတုတ္ထမျိုးဆက်ဖြစ်သော်လည်း ၎င်းကို တန်ပြန်တိုက်ခိုက်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူရှောင်တိမ်းလိုက်တိုင်း သူ့နောက်တွင်ရှိနေသောဂြိုလ်က သူ့အစားခံစားလိုက်ရလေသည်။နောက်ထပ်တစ်ကြိမ်ပေါက်ကွဲမှု၌ သူ့ဆီသို့ လွင့်စင်လာသော အပိုင်းအစတစ်ခုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲနစ်သွားပြန်သည်။ သေခါနီးအချိန်၌ ကျရောက်နေသော်လည်း သူ့မျက်နှာတွင် အကြောက်တရား တစ်စက်မှ မရှိဘဲ ရယ်မော လိုက်လေသည်။
"တစ်ကယ့်ကိုပဲ...ကောင်းလိုက်တာ စကြာဝဠာ တစ်ခုလုံးကို ငါနဲ့အတူမြုပ်နှံလိုက် ဟားဟား... ဟားဟား..... "
သူကဒဏ်ရာများကို ဂရုမစိုက်ဘဲ သူ့၏နောက်ဆုံးလက်ကျန်ခွန်အား ကိုအသုံးပြုပြီး အပြာရောင်ဂြိုလ်ရှိရာဆီသို့ ပြေးသွားလိုက်သည်။
"နိမ့်ကျတဲ့ဂြိုလ်လေးနဲ့ စတင်လိုက်ရအောင်..."
နိမ့်ကျတဲ့ဂြိုလ်...အဲ့ဒာ သူနေထိုင်တဲ့ဂြိုလ်ပဲဖြစ်ရမယ်...
မူရွှမ် ကဘာကိုမှဂရုမစိုက်ဘဲ သူ့နောက်ကိုထပ်ကြပ်မခွာလိုက်လာသည်။ ထို့နောက် ဂြိုလ်တစ်လုံး ကိုဖျက်ဆီးနိုင်လောက်သော အလင်းတန်းများစွာကို ပစ်လွတ်လိုက်ပြန်သည်။
"လခွမ်း..."
ယောင်စစ်၏နှလုံးသားနှစ်မြုပ်သွားပြန်သည်။မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော စွမ်းအားများဖြင့် သူမအရှေ့သို့ ပြေးသွားလိုက်သည်။
သူမက အပြာရောင် ဂြိုလ်နှင့်အတော်အတန်ဝေးကွာနေသေးသော်လည်း လူနှစ်ယောက် ကြားသို့ရောက် သွားခဲ့ပေသည်။
"ရှငိအခုချက်ချင်းရပ်လိုက်လို့ရမလား... ရှင့်ကို လက်စားမချေဖို့ပြောခဲ့တယ်လေ....ကျွန်မရဲ့နောက်ဆုံးစကားတွေကို လေးစားရကောင်းမှန်းမသိဘူးလား..."
သူမ၏ ညာဘက်တွင်မီးတောက်လောင်နေပြီး ဘယ်ဘက်တွင်အလင်းတန်းများဖြင့်ပြည့်နှက်နေသည်။ သူမ ဂြိုလ်များအတွက် နှမျှောတသစိတ်ကိုခံစားရလေသည်။ ယောင်စစ်၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များလိမ့်တက်လာပြီး စကြာဝဠာတစ်ခုလုံးကိုဖုံးသွားသလိုမျိုးခံစားရလေသည်။
လီကျန်း၏မီးတောက်ဖြစ်စေ မူရွှမ်၏အလင်းတန်းဖြစ်စေ အရာအားလုံးက တစ်ခါမှမရှိခဲ့ဘူးသလိုမျိုး ပျောက်ကွယ်သွားလေသည်။ ပျက်စီးသွားသော ဂြိုလ်၏အပိုင်းအစများပင်ပျောက်ကွယ်သွားခဲ့၏။
"ဟမ်...ငါဘာလုပ်လိုက်မိတာလဲ
"စစ်စစ်..."
မသေချာမရေရာမှုများပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
" မူရွှမ်...မူရွှမ် ရှင့်ကိုကျွန်မ ဒီလိုမလုပ်ဖို့ မပြောခဲ့ဘူးလား..."
ရုတ်တရက် သူမ၏ အမြင်အာရုံများ မည်းမှောင်သွားရသည့်အကြောင်းကို မတွေးနိုင်သေးခင်မှာပင် အင်အားတစ်ခုက သူမ၏ခါးကိုလာရောက်ရစ်ပတ်နေလေသည်။ အနည်းငယ်အေးစက်သော ပွေ့ဖက်မှု တစ်ခုလည်းကျရောက်သွားပြီး သံလက်နှစ်ဖက်က သူမ၏ခါးကို ပြုတ်ထွက်မတတ် ဖြစ်ညှစ်ထားသည်ကို ခံစားလိုက်ရသည်။
ယောင်စစ် အသက်ရှူရပ်မတတ် ခံစားလိုက်ရသည်။
ငါ...ငါးမိနစ် ပဲအိပ်ပျော်သွားတာပါ...ဘာဖြစ်တာလဲ...
"စစ်စစ်..."
မူရွှမ် ၏အသံက တုန်ယင်နေသည်။ပျော်ရွှင်ခြင်းကြောင့်လား တုန်လှုပ်ကြောက်ရွှံခြင်းကြောင့်လား မသိသော်လည်း ယောင်စစ်၏နှလုံးသားထဲတွင် နာကျင်မှုကိုခံစားလိုက်ရလေသည်။
"ခဏလေး...ခဏလေး နေပါဦး...မူရွှမ် ..."
သူမ သူ့၏ နောက်ကျောကို အလိုလို ပွေ့ဖက်လိုက်ပြီး ခပ်ဖွဖွပွတ်သပ်ကာပြောလိုက်သည်။
"လွှတ်ဦး...ကျွန်မအရမ်းအသက်ရှူကြပ်နေပြီ...အရမ်းကြပ်နေပြီ...နည်းနည်းလောက် လျော့ပေးလို့မရဘူးလား...ဒီမှာသေတော့မယ်..."
" မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး...မင်းဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ..."
လီကျန်း မျက်လုံးပြူးဖြင့် မယုံကြည်စွာစိုက်ကြည့်နေရင်းအော်ဟစ်လိုက်သည်။ သူ့၏ သွေးဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကတုန်ယင်နေသည်။
"မဟုတ်ဘူး...ငါဒါကိုမယုံနိုင်ဘူး..မူရွှမ် မင်းကဘာလို့ဒီလောက်ကံကောင်းရမှာလဲ..."
သူ့ ပါးစပ် ထဲမှသွေးတစ်လုတ်အန် ထွက်လာပြန်သည်။
သူ၏အသံကပို၍ တိုးဖျော့သွားပြီး ခန္ဓာကိုယ်က တုန်ယင်လာကာ ပြိုလဲကျသွားသည်။ သူ့ခန္ဓာကိုယ်မှ စီးကျနေသော သွေးများကခန္ဓာကိုယ်ထဲသို့ပြန်လည်၍ပြောင်းပြန်စီးဝင်နေသည်။ သူ့၏ခန္ဓာကိုယ်ကလည်းတွန့်လိမ်လာကာ မျက်နှာကရှုံ့မဲ့နေသည်။
"အစ်ကိုလီ..."
ယောင်စစ် ထိတ်လန့် သွားမိသည်။သို့သော်လည်းတစ်စုံတစ်ယောက်က သူမကိုရင်ခွင်ထဲတွင် ဖိညှစ်ထားဆဲဖြစ်လေသည်။
"မူရွှမ်...သူ...အွန်း "
သူမစကားမဆုံးခင်မှာပင် မူရွှမ် ကသူမနှုတ်ခမ်းပါးများကိုဖိကပ်၍ ပြင်းပြင်းထန်ထန်နမ်းလိုက်လေသည်။
ယောင်းစစ် အေးခဲတောင့်တင်းသွားသည်။သူမ၏ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဗလာကျင်းသွားလေသည်။ အောက်စီဂျင်အလုံအလောက်မရခြင်းကြောင့် အသက်ရှူလည်းကြပ်လာ၏။ သူမ၏ကမ္ဘာကြီးတစ်ခုလုံးချာချာလည်သွားသကဲ့သို့ပင်။
FAတစ်ယောက်၏ ပထမဆုံးအနမ်းလေးအသက်ရှူကြပ်ခြင်းဖြင့်အဆုံးသတ်သွားလေသည်။
ဖြောင်း...ဖြောင်း...ဖြောင်း