အပိုင်း ၁၂၇
Viewers 16k

Chapter 127

သွေးစုပ်ဖုတ်ကောင်အတု


Euphoria ဖြစ်ရပ်ကို လွန်ခဲ့သောနှစ်သန်းပေါင်းများစွာအတွင်းကဖြစ်ပွားခဲ့သည့် ကပ်ဆိုး ဖြစ်ရပ်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ဗိုင်းရပ်စ်ပျံ့နှံမှု့က လူတိုင်းမျှော်လင့်ထားသလောက် မဆိုးရွားခဲ့ပေ။ နောက်ဆုံးတော့ ထိုဗိုင်းရပ်စ်က လေထဲမှတစ်ဆင့်မကူးစက်နိုင်ဘူးပင်ဖြစ်သည်။


သွေးစုပ်ဖုတ်ကောင်များအားလုံး စုပေါင်းကြိုးစားမှုဖြင့် ဗိုင်းရပ်စ်ကိုအမြန်ဆုံးရှင်းလင်းနိုင်ခဲ့သည်။ တိုက်ပွဲတွင်ပါဝင်ခဲ့သော မဟာမိတ်စစ်တပ်၏ အကူအညီလည်းပါလေသည်။


လီကျန်း၏ စိတ်ခွန်အားဖြင့် ဖိနှိပ်မှုမရှိတော့ကတည်းက သွေးစုပ်ဖုတ်ကောင်များက သူတို့ကိုယ်တိုင်အတွက် လက်စားချေတိုက်ခိုက်ရန်ထွက်လာခဲ့ကြလေသည်။ မကောင်းဆိုးဝါး ကပ်ဆိုးဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက်လည်းအကြီးအကဲများက ကာကွယ်ဆေးအမြောက်အမြားကို ထုတ်လုပ်ခဲ့ကြသည်။


မူရွှမ်က ၎င်းကို ဖန်တီးထားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ သို့သော်လည်း သူတို့ စကြာဝဠာ ထဲဝင်ရောက်ခဲ့ပြီးနောက် ထိုကပ်ဆိုးဗိုင်းရပ်စ် ပျောက်ကွယ်သွားခဲ့သောကြောင့် မထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။


Euphoriaအတွက်လည်း အဆုံးသတ်မဟုတ်သေးပေ။ သွေးစုပ်ဖုတ်ကောင်များက သူတို့ကို လာထိသည့် သူမှန်သမျှကို တစ်ခုမကျန်ပြန် ပေးဆပ်တတ်ကြသည်။ ၎င်းကသူတို့လက်ကိုင်ထားသည့်သဘောတရားပင်ဖြစ်သည်။


လီကျန်းက Euphoria ၏ ခေါင်းဆောင်ဖြစ်သော်လည်း တစ်ခြားမျိုးနွယ်များကလည်း အရေးကြီးသောကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် စကြာဝဠာတစ်ခုလုံး သိအောင် စစ်ကြော်ငြာခဲ့ပြီး နောက်ဆုံး၌ အားလုံး ကို လက်ရဖမ်းဆီးနိုင်ခဲ့လေသည်။


ချွီဇယ်က ထိုမျှလောက်ဂုဏ် ယူဝင့်ကြွားစရာကောင်းလောက်အောင် ပြီးပြည့်စုံနေသည့်အခွင့်အရေး အမိအရ ဖမ်းဆုပ်ပြီး တိုက်ပွဲတိုင်းတွင်ပါဝင်ခဲ့လေသည်။


သူက စစ်ကိုဆန့်ကျင်ကြသော မျိုးနွယ်များကိုပင်တက်ကြွစွာပါဝင်တိုက်ခိုက်ရန်စည်းရုံးခဲ့လေသည်။


၎င်းဖြစ်ရပ်က သွေးစုပ်ဖုတ်ကောင်များသည် ပြင်ပကိစ္စများကိုဂရုစိုက်မနေတတ်သော်လည်း သူတို့က မည်သည့်အရာကိုမှ ကြောက်ရွံ ကြသူတွေမဟုတ်ကြောင်း စကြာဝဠာ တစ်ခုလုံးကိုပြန်လည်အမှတ်ရသွားစေသည်။


ထိုဖြစ်ရပ်များအားလုံးတွင် မူရွှမ် နှင့်ယောင်စစ်တို့နှစ်ဦးလုံးမပါဝင်ခဲ့ပေ။ သူတို့က ကိစ္စ ရပ်များအားလုံးကိုကိုင်တွယ်ရန် အကြီးကဲကောင်စီသို့ သာလွှဲအပ်ခဲ့လေသည်။


အမှန်တရားမှာတော့ မူရွှမ် ကသူ့၏တာဝန်များဆီမှထွက်ပြေးသွားခြင်းဖြစ်သည်။ နောက်ဆုံး ဖြစ်ရပ်များအကြောင်း သတင်းပို့ရန်ပင် ချွီဇယ်ကသူတို့နောက်သို့လိုက်ဖမ်းခဲ့ရလေသည်။သူက နူးညံ့၊ကြင်နာကောင်းမွန်ဂရုစိုက်တတ်သောဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ အချိန်များမြုပ်နှံထားလေသည်။


[သတင်း-စကြာဝဠာ၏အဆုံးတွင်ရှိသော...W985ဂြိုလ်သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်. ဂြိုလ်သိမ်ဂြိုလ်မွှား ၃၆၈လုံးရှိသည့်အနက် ၁၈၇လုံးပျက်စီးခဲ့သည်။ ၎င်းတို့ထဲ၌ ကြယ်၃ စင်းနဲ့ဂြိုလ်တု ၅၇လုံးပါဝင်သည်။ ဤပေါက်ကွဲမှု့များကြောင့် မျိုးစိတ်သန်းပေါင်းများစွာ ပျက်သုန်းသွားခဲ့ကာ တုနှိုင်းမရသော ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်ပွားစေခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ထိခိုက်သေဆုံးမှုများ မရှိခဲ့ပေ။ လက်ရှိတွင် ထိုဆန်းကျယ်သောပေါက်ကွဲမှု၏အရင်းအမြစ်ကို မသိရသေးပေ။အနီးနားရှိအဆင့်နှိမ့်ဂြိုလ်တစ်ခုမှရရှိသော နောက်ဆုံး သတင်းများကို အောက်ပါ "link" တွင်ကြည့်ရှု့နိုင်သည်။]


ဖန်သားပြင်ပေါ်မှ မြင်ကွင်းများကိုကြည့်၍ ယောင်းစစ်မျက်နှာ ရှုံ့မဲ့သွားလေသည်။ သူ အဓိကတရားခံကို လှည့်ကြည့်လိုက်သည်။


 "မူရွှမ်... "


"ဟင် "


သူက သူမကိုခေါင်းမော့ကြည့်လာလေသည်။သူ့၏ မျက်စိများက အလွန် နက်ရိုင်းပြီးတောက်ပလွန်းလှသည်။


အင်း...ဘာမှမဟုတ်တော့ဘူး..

နင်ပျော်နေရင်ပြီးတာပါပဲ...


 သူကသတင်းကြော်ငြာမှုများကိုမကြားရသလိုမျိုး သူမ၏မျက်နှာကိုသာ အေးအေးဆေးဆေး ဆက်ကြည့်နေလေသည်။ထို့နောက် သူမ၏ မျက်နှာပေါ်ဝဲကျနေသော ဆံပင်များကို နားနောက်ထဲသို့သိမ်းထည့်ပေးလိုက်သည်။ သူမ၏ဘေးတွင် ထိုင်ချလိုက်ပြီးနောက် သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေသည်။


ယောင်စစ် ရှက်ရွံ့သွားသော်လည်း မရုန်းကန်တော့ဘဲ အရှုံးပေးလိုက်လေသည်။ ပြန်ရောက်ကတည်းက သူလုံးဝပြောင်းလဲသွားခဲ့သည်။အချိန်တိုင်း သူမနားတွင် ကပ်တွယ်နေကာ ရင်ခွင်ထဲ အမြဲဆွဲသွင်းထားလေသည်။မျက်စိရှေ့မှ ပျောက်သွားပါက နောက်စက္ကန့်ပိုင်းအတွင်းသူမရှေ့မှပေါ်လာမည်ဖြစ်သည်။


သူက သောက်ကျိုးနည်းကိုပြည့်စုံနေတဲ့ ကလေးထိန်းကြီးလေ.... သူ့ရဲ့ ဆက်ခံသူဖြစ်တဲ့ငါပဲခံနိုင်ရည်ရှိဖို့လိုတော့တယ်...


သူမ ငါးမိနစ် နီးပါးသာအိပ်ပျော်ခဲ့သော်လည်း စကြဝဠာကြီး တစ်ခုလုံးနီးပါပျက်စီးလုနီးပါးဖြစ်သွားသည်။ အကယ်၍အချိန်နည်းနည်းသာကြာသွား ခဲ့လျှင်... သူမ စိတ်ကူးကြည့်၍ပင်မရခဲ့ပေ။


သွေးစုပ်ဖုတ်ကောင်များသည် သူတို့၏ ကလေးလေးများ ကိုအလွန်ပင်ချစ်သည့်မျိုးနွယ်ဖြစ်လေသည်။ သူတို့က ရူးသွပ်လွန်းသည်ဟုပင် ဆိုနိုင်ပေသည်။


လီကျန်းကဲ့သို့ ကြင်နာဖော်ရွေသော လူတစ်ယောက်ပင်လျှင် သူ့၏ သားပေါက် ကလေးဆုံးရှုံးသွားခြင်းကြောင့် ယခုကဲ့သို့အဆုံးသတ်သွားခြင်းအား စဉ်းစားကြည့်ဖို့ပင် ခက်ခဲလှသည်။


ထိုကြောက်စရာကောင်းလှသောအတွေ့အကြုံကြီးပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ယောင်စစ်တစ်ယောက် သူမ မည်ကဲ့သို့ အသက်ရှင်ခဲ့သည်ကိုစဉ်းစား၍မရပေ။


"မူရွှမ်...စစ်ဆေးမှု့ရလဒ်ထွက်လာပြီလား...."


သူမတို့ ပြန်ရောက်လာပြီးနောက် မူရွှမ်က သူ့၏ ခန္ဓာကိုယ်ကို အလုံးစုံစစ်ဆေးရန်အတွက် သုတေသနဌာနသို့ခေါ်ဆောင်သွားခဲ့သည်။ သူမ ကျန်းမာကြောင်း ထောက်ခံချက် အမျိုးမျိုး ရပြီးမှသာ စိတ်ချနိုင်သွားလေသည်။ဟသူမ အသက်ရှင်ကျန်ရစ်ခဲ့သည့်အကြောင်းရင်းနဲ့ပတ်သက်၍သော ရလဒ်ထွက်သည်အထိစောင့်နေရလေသည်။


မူရွှမ် သူ့၏ ကွန်ပျူတာ လက်ပတ်ကိုဖွင့်လိုက်သည်နှင့် မက်ဆေ့တစ်စောင်ချက်ချင်းထွက်ပေါ်လာသည်။


"ဘာတဲ့လဲ...ဘာတဲ့လဲ...."


ယောင်စစ်သူ့ကိုမှီလိုက်ပြီး သူဖွင့်လိုက်သောဖိုင်ကိုကြည့်လိုက်သည်။ သူမတို့အကြောင်းပြချက်များကို စဉ်းစားထားခဲ့ပြီးသားဖြစ်သော်လည်း သူမ၏ နှလုံးသားကမထိန်းနိုင်စွာခုန်ပေါက်နေသည်။ မူရွှမ်က သူကမ္ဘာပျက်ကပ်အတွင်း၌ ထိုကဲ့သို့အလားတူဖြစ်ရပ်မျိုး တစ်ကြိမ်ကြုံခဲ့ဖူးကြောင်း သူမကိုပြောပြခဲ့သည်။


အဲ့ဒီအချိန်တုန်းက သူသည် ဘိုးဘေးမျိုးဆက်တွေကို နိုးထစေနိုင်ခဲ့သည်။ယခု... သူမက...


 ယောင်စစ် အဖြေလွှာကို ဆွဲချဲ့လိုက်ပြီးသူမ၏သွေးမျိုးဆက်ကိုကြည့်ရန် နောက်ဆုံး စာကြောင်းကိုကြည့်လိုက်သည်။

ပဉ္စမမျိုးဆက်...ဟမ်...ဘာလို့ ပဉ္စမမျိုးဆက်ပဲဖြစ်နေသေးတာလဲ... သူမတို့ဆွေးနွေးထားတဲ့သွေးမျိုးဆက်အကြောင်းကဘယ်ရောက်သွားတာလဲ....ဘိုးဘေးသွေးမျိုးဆက်ဆိုတာဘယ်မှာလဲ....


" မလောပါနဲ့..."


မူရွှမ် ကသူ့၏စာရွက်ကိုပြန်လည်ဆွဲချဲ့လိုက်ပြီး သေချာစွာဖတ်ကြည့်လိုက်သည်။တစ်ဖြည်းဖြည်းသူမျက်မှောင်ကြုတ်လာလေသည်။ ထို့နောက်သူအတွေးတစ်ခု တွေးမိသွားပုံဖြင့် တုန်လှုပ်ခြောက်ခြားသည့် အမူအရာမျိုးဖြင့်ယောင်စစ်ကို ကြည့်လာလေသည်။


"ဘာလဲ..."


ဖန်သားပြင်၌ စာ အများအပြားရှိသော်လည်း တစ်စုံတစ်ရာမှားယွင်းရှိပုံမပေါ်ပေ။.ဒါဆိုရင် သူကဘာလို့နာကျင်တဲ့အမူအရာနဲ့ကြည့်နေတာလဲ....


"ဘာပြောချင်လို့လဲ..."


"စစ်စစ်... "


မူရွှမ်က စကားလုံးရှာနေပုံမျိုးဖြင့်ရပ်တန့်လိုက်သည်။


"မင်းမှတ်မိလား...မင်းသွေးစုပ်ဖုတ်ကောင်ဘယ်လိုဖြစ်လာလဲဆိုတာကို..." 


"မမှတ်မိဘူး...ရုတ်တရက် ဘာလို့မေးတာလဲ အရင်ကလည်းပြောဖူးတယ်လေ...ရုတ်တရက်ကြီးအနေမကောင်းဖြစ်ပြီးတော့ အစားအစာတွေမစားချင်တော့ဘဲ ဘဲသွေးပဲစားချင်တော့တယ်..."


"အဲ့ဒီမတိုင်ခင်ကရော တစ်ခုခုကြုံဖူးလား..." 


"ဟင့်အင်း..."


"ဘာမှမကြုံခဲ့ဘူးဖူးလား..."


မူရွှမ်က နောက်တစ်ကြိမ် ထပ်မှန်စစ်ဆေးမေးမြန်းလိုက်သည်။


"ယာဉ်မတော်တဆမှုတို့ သဘာဝဘေးအန္တရာယ်တို့ ဒါမှမဟုတ်ရင် တစ်ခုခုကြီးကြီးမားမားဖြစ်ခဲ့တာမျိုးတိုဖြစ်ဖူးလား..."


"လုံးဝမဖြစ်ဖူးဘူး..."


သူမကအရင်ကမ္ဘာတွင် အိမ်တွင်းအောင်းသည့်လူတစ်ယောက်သာဖြစ်သည်။


"ကျွန်မ ရှင့်ကိုအရင်ကပြောခဲ့ဖူးတယ်လေ ဘယ်နေရာမှာဘယ်လိုပြောင်းသွားတယ်ဆိုတာ လုံးဝမမှတ်မိဘူးလို့...ရှင်လည်းမသိဘူးမဟုတ်လား..."


"ကိုယ် အဲ့တာကိုပြောချင်နေတာမဟုတ်ဘူး ဟင်း..."


မူရွှမ် သက်ပြင်းတစ်ချက်ချလိုက်သည်။


"စစ်စစ် လူသားတွေက သွေးစုပ်ဖုတ်ကောင် အဖြစ် ဘယ်လိုပြောင်းသွားတယ်ဆိုတာကိုမင်းသိလား..."


"သွေးသွင်းပြီးပြောင်းလဲသွားတာ..."


ဒါလေးကသာမန်ဗဟုသုတလေ...ကလေးတောင်သိတယ်....


"ဘယ်လိုမျိုးလဲ..."


"ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွေနောက်ထပ်ရှိသေးလို့လား..."


"သွေးသွင်းပြီးတဲ့နောက်မှာ သွေးစုပ်ဖုတ်ကောင်အဖြစ်မပြောင်းလဲခင် လူသားကတစ်စုံတစ်ခုတွေ့ကြုံခံစားရမယ်လေ..."


"တစ်ခုခုဟုတ်လား...အဲ့တာ ဘာလဲ.."


".သေခြင်းတရား...လူသားက သေသွားမှသာလျှင် သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားမှာ...အဲ့ဒါက ပြီးပြည့်စုံတဲ့ပြောင်းလဲခြင်းလုပ်ငန်းစဉ်ပဲ..."


"ရှင် ဘာကိုဆိုလိုတာလဲ..."


ယောင်စစ်စိတ်ရှုပ်ထွေးသွားသည်။


"သွေးသွင်းပြီးလို့ သေသွားပြီးတော့မှ သွေးစုပ်ဖုတ်ကောင်ဖြစ်လာမှာအဲ့လိုလား..."


မူရွှမ်ခေါင်းငြိမ့်ပြလိုက်သည်။


"မဟုတ်သေးဘူး...ကျွန်မကမသေဘူးလေ... ရုတ်တရက် ကျွန်မကသွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားတယ်..."


သူမ ပြောလက်စဖြင့် ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ထို့နောက် ပါးစပ်အဟောင်းသားဖြင့် မူရွှမ် ကိုလှည့်ကြည့်လိုက်သည်။


"ဆိုလိုတာက...ဒီအချိန်အတောအတွင်းလေးမှသာ လူသားအဖြစ်ကနေ သွေးစုပ်ဖုတ်ကောင်အဖြစ်ကိုပြောင်းလဲသွားတယ် ဟုတ်လား..."


"အမှန်ပဲ..."


 ဒါဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံးသူမကသွေးစုတ်ဖုတ်ကောင်အတုဖြစ်ခဲ့တာပေါ့....


(╯‵□′)╯︵┻━┻