အပိုင်း ၁၂၈
Viewers 15k

Chapter 128

လီကျန်း၏အတိတ်


ယောင်စစ် တစ်စုံတစ်ခုကိုပြန်လည်သတိရသွားသည် လီကျန်းကသူမ၏အခြေအနေကိုသတိပြုမိပြီးသည့်နောက်ပထမဆုံးပြောခဲ့သည့်စကားမှာ...


"နင်သေသွားပြီ..."


ပြောင်းလဲခြင်းတစ်ခုအတွက် သေခြင်းတရားကိုအမှန်တကယ်လိုအပ်လေသည်။ သူမကထိုအဆင့်ကိုကျော်သွားပုံရပြီး ယခုတကယ်သေသွားသောအခါ၌ မတော်တဆဖြစ်ရပ်တစ်ခုက အမှန်တရားရောက်ရှိအောင် ပြောင်းလဲပေးလိုက်ပုံပေါ်လေသည်။


"ဒီစာရွက်စာတမ်းတွေကမင်းရဲ့ မသေဆုံးခင် အရင်ကနဲ့ အခု DNA ကိုပြသနေတာ...နှစ်ခုလုံးမှာ မင်းကပဉ္စမမျိုးဆက်သွေးစုပ်ဖုတ်ကောင်ဖြစ်နေပေမဲ့ ငါတို့နဲ့သွေးချင်းလိုက်ဖက်မှုက ပိုပြီးတော့တိုးလာနေတယ်...အရင်တုန်းကကျတော့ မင်းကသန့်စင်တဲ့လူသားမျိုးနွယ်စစ်စစ်တယောက်ဖြစ်နေတာကြောင့်...မျိုးပွားထားတဲ့ကိုယ်ပွားတွေနဲ့လည်း အနည်းငယ်ကွာခြားချက်ရှိနေတယ်...ဒါကြောင့်ဘယ်သူမှသတိမပြုမိခဲ့ကြတာ..."


"ခဏနေပါဦး ဒါဆိုရင်ရှင်ဆိုလိုတာက ကျွန်မက လူသားတစ်ယောက်ဖြစ်နေတုန်းပဲ...ဒါဆိုရင် ကျွန်မကဘာလို့ပိုသန်မာလာတာလဲ...ဘာလို့အစွမ်းအစတွေရှိလာတာလဲ..."


ဟုတ်တယ်လေ...အဲ့လိုတောင်မဟုတ်ရင်သူမဟန်ဆောင်နေနိုင်မှာမှ မဟုတ်တာ...


"အဲ့တာကငါ့ကြောင့်ဖြစ်နိုင်တယ်..."


မူရွှမ်ခေါင်းငုံ့ရင်းဖြေလိုက်သည်။


"အရင်တုန်းက မင်းမှာငါ့ရဲ့သွေးမျိုးဆက်ရှိနေရင်တောင်မှပဲ ဒီလောက်ကြာကြာနေလို့ရမှာမဟုတ်ဘူး...ဒါပေမဲ့ ငါကဘိုးဘေးသွေးမျိုးဆက်ကိုနိုးထပြီးတဲ့နောက်မှာ မင်းရဲ့ခန္ဓာကိုယ်ထဲကသွေးတွေကလည်း ပြောင်းလဲသွားပုံရတယ်..."


ယောင်စစ်ဆွံ့အနေမိသည်။ သူကကမ္ဘာမြေကြီးပေါ်တွင်ရှိစဉ်က သူမသွေးမျိုးဆက်များအကြောင်းကို ဘာကြောင့်အာရုံမခံနိုင်သည်ကိုရှင်းပြခဲ့ပြန်သည်။ ၎င်းကသူမသည် သွေးစုပ်ဖုတ်ကောင်အစစ်တစ်ယောက်ဖြစ်မလာခဲ့ခြင်းကြောင့်ပဲ


"ဒီတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်မကသွေးစုပ်ဖုတ်ကောင်အဖြစ် ဟန်ဆောင်နေခဲ့တာပေါ့လေ...ရှင်ပြောတဲ့အတိုင်းဆိုရင် ကျွန်မကအခု သွေးစုပ်ဖုတ်ကောင်ဖြစ်သွားပြီ...ဒီတော့ ကျွန်မရဲ့စွမ်းအင်တွေက ပြောင်းလဲလာတော့မယ်လို့ဆိုလိုတာလား..."


ယောင်စစ် လီကျန်းကိုတားစဉ်က ထွက်ပေါ်လာသော စွမ်းအင်များကိုပြန်လည်တွေးလိုက်မိပြီးစိတ်လှုပ်ရှားသွားလေသည်။


"ဖြစ်နိုင်ပါတယ်..."


မူရွှမ်ခေါင်းညိမ့်ပြလိုက်၏


"ဒါဆိုရင်အခုချက်ချင်းပဲ စမ်းကြည့်မယ်..."


ယောင်စစ် ခွက်တစ်ခွက်ကိုစားပွဲပေါ်တင်လိုက်သည်။ သူအသက်ပြင်းပြင်းတချက်ရှိုက်လိုက်ပြီးသူ့၏ စွမ်းအားကိုရှာဖွေဖို့အတွက်အချိန်ခဏယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ခန္ဓာကိုယ်ထဲမှ မရင်းနှီးသောစွမ်းအင်တခုထိုးထွက်လာသည်ကိုခံစားလိုက်ရသည်။


သူမစွမ်းအင်သုံးတုန်းက အခြေအနေကိုပြန်စဉ်းစားလိုက်သည်။ ထို့နောက် ခွက်ကိုအာရုံစိုက်ကာစူးစိုက်ကြည့်လိုက်၏ တစ်မိနစ်အကြာ နှစ်မိနစ်အကြာ ဆယ်မိနစ်ကြာပြီးနောက် ခွက်ကအရင်အတိုင်းရှိနေပြီး သူမ၏စွမ်းအင်များကလည်း အားနည်းနေပုံရလေသည်။


"ဘာမှမပြောင်းလဲသွားဘူး...ဒါလုံးဝယုတ္တိမရှိဘူး..."


မူရွှမ်နှင့်လီကျန်းတို့နှစ်ဦးလုံး သူမ၏တိုက်ခိုက်မှုကို မခံနိုင်ခဲ့သည်ကို ကောင်းစွာမှတ်မိနေသည်။ ထို့အပြင်အာကာသထဲမှအပိုင်းအစများအားလုံးပင်ရှင်းလင်းသွားခဲ့သည်။


"ဒါဆိုရင်... အခုဘာလို့အလုပ်မဖြစ်တာလဲ...ဖြစ်နိုင်တာကသူ့မှာသက်တမ်းကုန်ဆုံးရက်များရှိနေတာလား...မူရွှမ်..."


 ယောင်စစ်အော်ဟစ်လိုက်မိသည် သူမပြောင်းလဲလာပြီးနောက် စွမ်းအင်များရှိလာမည်ဟု တွေးထားခဲ့သော်လဲ ယခုမူ...


"စိတ်မပူပါနဲ့..."


မူရွှမ်က သူ့ကလေးလေး၏ခေါင်းကိုနှစ်သိမ့်မှုအပြည့်ဖြင့် နမ်းလိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။


"မင်းကအခုမှ အောင်အောင်မြင်မြင်နဲ့ပြောင်းလဲသွားတာလေ...မင်းရဲ့စွမ်းရည်တွေကပြောင်းလဲမှုရှိမယ်ဆိုရင်တောင် မတည်မငြိမ်ဖြစ်မှာကထုံးစံပါပဲ...အခုလောလောဆယ်အသုံးပြုလို့မရတာမျိုး ဖြစ်နိုင်တယ် နောက်မှစမ်းသုံးကြည့်ကြတာပေါ့..."


"တကယ်လား...ကျွန်မ မသိဘူးဆိုပြီးဂျင်းထည့်ဖို့မကြိုးစားနဲ့နော်..."


"ဟုတ်ပါတယ်ဆို..."


 မူရွှမ်သူမရဲ့ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။


"တိတိကျကျပြောရမယ်ဆိုရင် မင်းကအခုမှပြောင်းလဲသွားတာဆိုတော့ အားနည်းတဲ့သူထက်တောင် ပိုပြီးအားနည်းသွားပြီလေ...မင်းကအခုမှကလေးလေးရှိသေးတာ..." 


(`□´)ノ⌒┻━┻


သောက်ကျိုးနည်း...ရှင့်ရဲ့နောက်ဆုံးစကားကိုပြန်ရုတ်သိမ်းလိုက်စမ်း...ငါကဘယ်လိုလုပ်ကလေးဘဝပြန်ရောက်သွားရပြန်တာတုန်း...


"အိုး...ဟုတ်သားပဲ လီကျန်းတစ်ယောက်ကော သူ့အခြေအနေဘယ်လိုလဲ..."


မူရွှမ်၏မျက်နှာကဖြူဖျော့သွားပြီး သူမ၏ခါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ခဏအကြာမှ တိုးညင်းသော လေသံလေးဖြင့်ပြောလိုက်သည်။


"သူမနိုးသေးဘူး..."


တိုက်ပွဲများအပြီး၌ လီကျန်းက ထာဝရအိပ်စက်သည့်အခြေအနေသို့ရောက်ရှိမသွားခဲ့ပဲ အသက်တရှိုက်စာကျန်နေခဲ့လေသည်။ယောင်စစ်နိုးလာသောအချိန်တွင် မူရွှမ်ကအခြေအနေအားလုံးကိုရှင်းပြခဲ့ပြီးဖြစ်သည်။


လီကျန်းကို မူရွှမ်၏စိတ်ခွန်အားဖြန့်ကျက်ထားသည့်နေရာတွင်ထားထားပြီး အကြီးအကဲကောင်စီကလဲသေချာစွာစောင့်ကြည့်နေလေသည်။ တိုက်ပွဲအပြီးတွင်လီကျန်း၏ဒဏ်ရာများက ပြန်လည်သက်သာသွားပြီဖြစ်သော်လည်း သူကအိပ်ပျော်နေဆဲ အခြေအနေမှာပဲရှိနေသေးသည်။


Euphoria ကပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဖြစ်သော်လဲလီကျန်းသာသိသည့်အရာအနည်းငယ်လဲရှိနေပေသေးသည်။


ယောင်စစ်၏ လီကျန်းအပေါ် ခံစားချက်များက ရှုပ်ထွေးနေလေသည်။ သူမ သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ကိုယ့်ကိုကိုယ် လက်ခံလာစေရန်နှင့် သွေးစုပ်ဖုတ်ကောင်များအကြောင်းကို သိလာစေရန် လီကျန်းက များစွာကူညီပေးခဲ့သောကြောင့်သူ့ကို ကျေးဇူးတင်ခဲ့သည်။


သူမက ငယ်စဉ်ကတည်းက မိဘမဲ့ကလေးတစ်ယောက်ဖြစ်သောကြောင့် ပြောင်းလဲသွားသည်ကိုသိပြီးနောက် အလွန်တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ထိုအချိန်၌ လီကျန်းရောက်လာပြီး သူမကိုစောင့်ရှောက်ကူညီအားပေးခဲ့သောကြောင့် သူငယ်ချင်းလို မိတ်ဆွေလို သဘောထားခဲ့လေသည်။


"သူရဲ့အကြောင်းပြောပြလို့ရမလား...နင်တို့ရင်းနှီးတာလား..."


ယောင်စစ်က လီကျန်း၏ အတိတ်အကြောင်းကိုသိချင်နေမိသည်။ မူရွှမ် မျက်နှာပျက်သွားပြီး ယောင်စစ်ကို တစ်ချက်ကြည့်လိုက်သည်


"တစ်ချိန်တုန်းက သူကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ...ကမ္ဘာပျက်ကပ်မှာငါတို့အချင်းချင်းသိခဲ့ကြတာ...အဲ့ချိန်တုန်းကငါကဆောင်းခိုတဲ့အခြေအနေကို ရောက်ရှိနေခဲ့တာလေ...လူသားတော်တော်များများ ထွက်ပြေးနေကြတဲ့အချိန်မှာ လီကျန်းက ငါ့ကိုတွေ့သွားပြီးနှိုးပေးခဲ့တာ..."


ယောင်စစ် သူတို့နှစ်ယောက်၏တွေ့ဆုံမှုအကြောင်းကိုနားထောင်ရင်း စကားထောက်လိုက်သည်။


"အဲ့တော့ဘာဆက်ဖြစ်ကြလဲ..."


"ငါတို့နှစ်ယောက်စလုံးအတူတူ အပြာရောင်ဂြိုလ်ရဲ့ နောက်ဆုံးသုတေသနအခြေစိုက်စခန်းကိုသွားခဲ့ကြတယ်...အဲ့ဒီအချိန်မှာ ဗိုင်းရပ်စ်က တကမ္ဘာလုံးကို ပျံ့နှံနေပြီလေ... ငါတို့နှစ်ယောက်လုံးက စတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်တွေဖြစ်ပြီးတော့ ပထမ၊ဒုတိယ၊တတိယသွေးစုပ်ဖုတ်ကောင်တွေကလည်း သေဆုံးသွားခဲ့ကြပြီ...အဲ့ဒီသုတေသနအခြေစိုက်စခန်းကို သွားတဲ့လမ်းခရီးက သေခြင်းတရားဆီသွားတဲ့လမ်းလို မှတ်ယူရလုနီးပါးပဲ..."


"အဲ့ဒီ့ခရီးမှာ အန္တာရာယ်များစွာ အခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရတယ်...ကံကောင်းတာတစ်ခုကတော့ ငါ့ရဲ့ဘိုးဘေးသွေးမျိုးဆက်ကိုနိုးထနိုင်စေခဲ့တာပဲ..."


သူတို့ကတကယ်ပဲရင်းနှီးတဲ့သူငယ်ချင်းတွေပေါ့...ဒါဆိုရင်အဖြစ်အပျက်တွေကဘယ်လိုဖြစ်လာတာလဲ...


လီကျန်းက အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့အတွက် မူရွှမ့်ကိုအသုံးချရန်ရွေးချယ်ခဲ့တယ်...ဒါကရင်းနှီးတဲ့သူငယ်ချင်းတွေကြားကလုပ်ရပ်နဲ့မတူပဲအမုန်းတရားကြီးမားတဲ့ရန်သူတယောက်ကိုလုပ်တာနဲ့တူတယ်....


"ဘာလို့လဲဆိုတော့..."


မူရွှမ် လေးလေးနက်နက် တွေးတောနေသလိုမျိုး ငြိမ်ကျသွားသည်။ အတော်ကြာမှ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည် 


"ငါ သူ့ကလေးလေးကို သတ်လိုက်တယ်..."


"ဘာဖြစ်တယ်..."


ယောင်စစ်၏မျက်လုံးများပြူးကျယ်သွားလေသည်။


"အဲ့ဒီ့အချိန်တုန်းက သူ့ကလေးလေးက ဗိုင်းရပ်စ်အကူးစက်ခံထားရပေမဲ့ သူမက ဘယ်သူ့ကိုမှမပြောခဲ့ဘူး...အဲ့ဒီ့အချိန်တုန်းက ငါ့ရဲ့ဘိုးဘေးသွေးနိုးထလာတဲ့ အချိန်ဖြစ်ပြီးတော့ ကုသဆေးလဲ မပေါ်သေးတဲ့အချိန်ပေါ့...သူ့ကလေးလေးက ဇွန်ဘီအဖြစ်ပြောင်းလဲ သွားခဲ့တယ်...

ပြီးတော့ ငါတို့ကနီးကပ်နေတဲ့လူတွေဖြစ်တဲ့အတွက် သူကငါ့ဆီကိုအရင်ဆုံးရောက်လာတယ်..."


မူရွှမ်က လီကျန်းရဲ့ကလေးလေးကို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် သတ်ပစ်လိုက်တာလား...


ယောင်စစ်တစ်ယောက် သူ့အပေါ်ကိုကြင်နာခဲ့သော လီကျန်းက ဘာကြောင့်သူမကိုသတ်ပစ်ရန် ပစ်မှတ်ထားလာသည်ကိုသဘောပေါက်သွားလေသည်။


လက်စသတ်တော့ သူမူရွှမ့်ကိုလက်စားချေချင်တာကိုး... ဒါကအမှားတခုလို့လွယ်လွယ်လေးယူဆလို့ရနိုင်တာမျိုးမဟုတ်ဘူး...ဖြစ်နိုင်တာက လီကျန်းကမူရွှမ့်ကို အဲ့လောက်မမုန်းခဲ့ဘူး...သူ့ကလေးလေးကို သတ်ပစ်လိုက်တယ်ဆိုပေမဲ့ ဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီဆိုတော့...ပုံသေနည်းအရပြောရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်လို့ယူဆလို့မရတော့ဘူးလေ...


မူရွှမ်က ဘိုးဘေးသွေးမျိုးဆက်နိုးထပြီးနောက်ပိုင်းမှာ ဗိုင်းရပ်စ်ကုသဆေးကိုတီထွင်နိုင်ခဲ့သည်။ ထို့နောက် သွေးစုပ်ဖုတ်ကောင် ယောင်စစ်ထွက်ပေါ်လာမှုက ဇာတ်လမ်း၏ အဓိကလှည့်ကွက် ဖြစ်သွားလေသည်။မူရွှမ်သည်လည်း နှစ်သန်းပေါင်းများစွာအထီးကျန်နေခဲ့သည်။ သူသည်လည်း လီကျန်းကဲ့သို့ တစ်ကိုယ်ထဲနေထိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။

ရုတ်တရက်သူက ကလေးလေးတယောက်ကိုတွေ့လိုက်ရသည်။


ဒါကလီကျန်းအတွက်တော့ တရားမျှတမှုမရှိတော့ဘူး... သူရူးသွပ်သွားစေမှာပဲ...အဲ့ဒီတော့ မူရွှမ်နာကျင်ရအောင်လို့သူမကိုသတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်...


အား...