အပိုင်း ၁၂၉
Viewers 16k

Chapter 129

ဒုတိယအကြိမ်မြောက် ဆက်ခံသူ


ယောင်စစ်ဆွံ့အနေမိသည်။ သူမကဒီမတော်တဆဖြစ်ရပ်၏ နစ်နာသူဖြစ်သော်လည်း လီကျန်းကိုမုန်းနိုင်ပုံမပေါ်ပေ သူ၏တောက်ပသောအပြုံးနှင့် သူမ၏ခြင်းတောင်းထဲမှ ဘဲသွေးခဲအနည်း ငယ်ကို မကြာခဏခိုးယူသွားတတ်သည့်ပုံစံကိုသာ မှတ်မိနေလေသည်။

အချိန်တွေကိုနောက်ပြန်လှည့်လို့ရမယ်ဆိုရင်...


ယောင်စစ်တွေးတောနေစဉ်မှာပင် မူရွှမ်၏ကွန်ပျူတာလက်ပတ်မှ အချက်ပေးသံမြည်လာသည်။ သူဖွင့်လိုက်သည့်အခါ၌ ယောင်ချမ့်၏ စိတ်ရှုပ်ထွေးစိုးရိမ်နေပုံပေါ်သော ပုံရိပ်ပေါ်လာလေသည်။


"အရှင်မင်းကြီး... အဲ့ဒီလူနိုးနေပြီ..."


ယောင်စစ်ချက်ချင်း သဘောပေါက်သွားပြီးငြိမ်သက်သွားသည်။


"လီကျန်းနိုးလာပြီလား..."


"ဟုတ်ပါတယ်...သခင်မလေး..."


ယောင်ချမ့်ခေါင်းညိမ့်ပြလိုက်၏။


"သူအခုပဲနိုးလာတာပါ..."


"ငါသိပြီ ငါအခုပဲလာခဲ့မယ်..."


မူရွှမ် မတ်တပ်ထရပ်လိုက်သည်။ သူ့စိတ်ခွန်အားက အဆောက်ဦးတစ်ခုလုံးကို ဖြန့်ကျက်ထားသည်ဆိုသော်လည်း စောင့်ကြည့်နေသောသူများကမျိုးဆက်သုံးဆယ်အောက်မှသူများဖြစ်ကြလေရာ မျိုးဆက်သွေးဖိနှိပ်မှုကိုခံနိုင်ရည်ရှိမည်ဟုအာမ မခံပေ။


"ခဏ...ခဏလေးနေပါဦး အရှင်မင်းကြီး...နောက်ထက်အရေးကြီးတဲ့သတင်းတခုတင်ပြစရာရှိပါသေးတယ်..."


ယောင်စစ်နှင့် မူရွှမ်တို့နှစ်ယောက်လုံးတောင့်တင်းသွားပြီး မေးလိုက်သည်။


"ဘာများလဲ..."


"သူ...သူကအတိတ်မေ့နေပုံရတယ်..."


လျှပ်တပြက်အတွင်း ယောင်စစ်နှင့်မူရွှမ်တို့ သုတေသနဌာနသို့ရောက်သွားလေသည်။


"အတိတ်မေ့တယ်ဆိုတာ ဘာသဘောလဲ...သူဘယ်သူလဲဆိုတာကိုသိလား..."


ယောင်စစ်ချက်ချင်းမေးလိုက်သည်။


"ဘယ်လိုပြောရမလဲ..."


ယောင်ချမ့် မည်သည့်နေရာက စပြောရမှန်းမသိသလို စိတ်ရှုပ်ထွေးနေမိသည်။ သူပြောမည့်အစား မူရွှမ်တို့နှစ်ယောက်ကိုသာတိုက်ရိုက်ခေါ်သွားလိုက်သည်။ အတွင်းထဲတွင်ရှိနေသောလူအား စိတ်ပိုင်းဆိုင်ရာခွန်အားတားမြစ်မည့်အရေးမှ ကန့်သတ်ထားနိုင်သော ဖောက်ထွင်းမြင်နေရသည့်အခန်းတစ်ခန်းဖြစ်သည်။


အခန်းတစ်ခုလုံး ဗလာကျင်းနေပြီး လီကျန်းအိပ်နေသည့် ကုတင်တစ်လုံးသာ ထားရှိထားလေသည်။ သူက အမှန်တကယ်နိုးနေပြီး ငုတ်တုတ်ထိုင်နေလေသည်။ သူအမှန်တကယ်ပြောင်းလဲသွားပုံရလေသည်။ သူ့ကိုကြည့်ရသည်မှာ ကြောင်အနေပြီး ပတ်ပတ်လည်မှအရာများအားလုံးကို စူးစမ်းလိုက်ကြည့်နေသည်။


သူ့၏အကြည့်များက သိချင်စိတ်အပြည့်ဖြင့်တောက်ပနေပြီး မှောင်မိုက်သည့်အော်ရာများကင်းစင်နေကာ သန့်စင်သောစိတ်ဝိဉာဉ်တစ်ခုကျန်ခဲ့သလိုပင်။


"အရှင်မင်းကြီး...သခင်မလေး သူနိုးလာကတည်းက ဒီလိုပုံစံမျိုးဖြစ်နေတာ... သူ့ရဲ့မှတ်ဉာဏ်တွေက အပြာရောင်ဂြိုလ်ပေါ်ကအချိန်ထိပဲရှိနေတယ်...သူ့မှာစကြာဝဠာခေတ်နဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေရှိပုံမရဘူး..."


"နင်ဆိုလိုတာက...သူကနောက်ပိုင်းဖြစ်ရပ်တွေကိုပဲမေ့သွားတာပေါ့ ..."


"လက်ရှိအခြေအနေအရတော့ အဲ့လိုသဘောပါပဲ..."


ယောင်ချမ့်ခေါင်းညိမ့်ပြလိုက်သည်။


"ဒါဆိုရင် ဘယ်နှခုနှစ်ထိမှတ်မိတာလဲ..."


"AD2017 ပါ..."


"2017..."


ဒါသူနဲ့ယောင်စစ်စတွေ့တဲ့အချိန်ပဲ ဒါဆိုရင်သူကစကြာဝဠာအကြောင်းမေ့သွားရုံမကဘူး...ကမ္ဘာမှာဖြစ်ခဲ့တဲ့ကပ်‌ဘေးအကြောင်းကိုလဲမေ့သွားတာပေါ့...


"မူရွှမ်.."


ယောင်စစ်သူ့လက်ကိုဆုပ်ကိုင်လိုက်မိသည်။ထိုအချက်သာအမှန်ဆိုပါက သူ့၏အစွန်းရောက်အတွေးမြင်များရှိနေတော့မည် မဟုတ်ပေ။


"သေချာရဲ့လား..."


မူရွှမ်က သူမ၏ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး ယောင်ချမ့်ဘက်သို့လှည့်၍မေးလိုက်သည်။


"သူကစတုတ္ထမျိုးဆက် သွေးစုပ်ဖုတ်ကောင်နော်...မင်းတို့အားလုံးကိုလှည့်စားဖို့ကအလွယ်လေးပဲ..."


"သေချာပါတယ်..."


ယောင်ချမ့်က ကွန်ပျူတာဖန်သားပြင်ကိုဖွင့်လိုက်ပြီး ဒေတာအစုအဝေးများကိုပြသလိုက်လေသည်။


"ဒါကိုတစ်ချက်ကြည့်ကြည့်ပါ...ပထမတုန်းကကမ္ဘာပျက်ကပ်မှာသူခံစားခဲ့ရတဲ့စိတ်ဒဏ်ရာနာကျင်မှုတွေကို ကျွန်တော်တို့ တွေ့ခဲ့တယ် အခုတော့လုံးဝပျောက်ကွယ်သွားပြီ..."


ယခုလက်ရှိသူ့၏အခြေအနေက ဖုံးကွယ်နိုင်သည့်စိတ်ဓာတ်ခွန်အားလဲ မရှိပေ။ ထို့အပြင်စစ်မေးမှုတောက်လျောက်တွင် သူက အားလုံးကိုယဉ်ကျေးပျူငှာစွာဆက်ဆံခဲ့လေသည်။


မူရွှမ်က ရလဒ်များကိုသေချာစွာဂရုတစိုက် စစ်ဆေးကြည့်နေသည့် တစ်နေရာအရောက်၌သူ့၏အကြည့်များကရပ်တန့်သွားပြီးမေးလိုက်သည်။


"ဒါကသူ့ရဲ့ DNAရလဒ်လား..."


"အရှင်မင်းကြီးလည်း ပြဿနာကိုမြင်မိတယ်လား..."


ယောင်ချမ့် စိတ်လှုပ်ရှားမှု အံ့အားသင့်မှုတက်ကြွမှုများနှင့် အရှေ့သို့ခြေတလှမ်းတိုးလိုက်သည်။


"ဟုတ်ပါတယ် ရလဒ်တွေကြောင့်ကျွန်တော်တို့အရမ်းအံ့အားသင့်ပြီးတော့ ကိုယ့်ကိုကိုယ်တောင်သံသယဖြစ်မိတယ်...ဒါပေမဲ့ အကြိမ်ကြိမ်စစ်ဆေးပြီးတဲ့နောက်မှာလည်း ရလဒ်တွေကတူတူပါပဲ..."


"ဘာအဓိပ္ပါယ်လဲ...ကျေးဇူးပြုပြီးတော့ ငါငတုံးလေးကိုရှင်းပြပေးလို့ရကြမလား..."


"သခင်မလေး..."


ယောင်ချမ့်က တောက်ပလှသောမျက်ဝန်းများဖြင့်လှည့်ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာသုတေသနပညာရပ်ပေါ်တွင်ရူးသွပ်နေသောသူတယောက်ကဲ့သို့ပင်...


"စကြာဝဠာတခုလုံးမှာဘယ်သူကမှသူတို့ရဲ့မျိုးရိုး DNA ကိုပြောင်းလဲမပစ်နိုင်ဘူး...တစ်ခုတည်းသောရလဒ်ကတော့သွေးစုပ်ဖုတ်ကောင်တွေက တခြားမျိုးနွယ်တခုခုကိုပြောင်းလဲပေးတဲ့အခါမျိုးမှာပဲဖြစ်နိုင်တယ်... "


"ငါ အဲ့တာကိုသိတယ်လေ...အဲ့ဒါပြောင်းလဲမှုဖြစ်စဉ်ပဲမဟုတ်ဘူးလား..."


"ဒါပေမဲ့လီကျန်းကတော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ DNAရလဒ်ကပြောင်းလဲသွားခဲ့ပြီ..."


ယောင်ချမ့် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကိုညွှန်ပြရင်း ပြောလိုက်သည်။


အဲ့တော့ ဘာကိုဆိုလိုတာလဲ...သူကစူပါမန်းဖြစ်သွားတာလား...


"သူအသွင်ပြောင်းသွားပြီ..."


"ဟမ်...နေပါဦး...သူကသွေးစုပ်ဖုတ်ကောင်ဖြစ်ပြီးသားမဟုတ်ဘူးလား...ဘာကိုအသွင်ပြောင်းတာလဲ..."


ဒါမှမဟုတ်ရင်သူကလဲ သူမနဲ့တူညီတဲ့အခြေအနေမျိုးမှာရှိနေခဲ့တာလား...ဒီနှစ်တွေတလျောက်လုံး သွေးစုပ်ဖုတ်ကောင်အတုအဖြစ်နေထိုင်ခဲ့တာလား...အဲ့တာလဲမဖြစ်နိုင်ဘူး အဲ့လိုဆိုရင်သေဆုံးသွားတဲ့အခြေအနေဖြစ်ရမယ်လေ...


"သူကစတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်အစစ်ပါ...မင်းနဲ့အခြေအနေမတူပါဘူး..."


မူရွှမ်က သူမ၏စိတ်ထဲမှသံသယများကို ရိပ်မိပုံဖြင့်ရှင်းပြလိုက်သည်။ ထို့နောက်သူမျက်နှာပျက်သွားပြီး မျက်ခုံးများကြုတ်သွားသည်။


"ယောင်ချမ့်ပြောချင်တာက သူဒုတိယအကြိမ်မျိုးဆက် ဆက်ခံပြောင်းလဲလိုက်တာ..."


ဒုတိယအကြိမ်မျိုးဆက်ဆက်ခံပြောင်းလဲတာ...ဘာလို့အဲ့လိုအရာမျိုးရှိနေတာလဲ...သောက်ကျိုးနည်း ဘယ်သူမှလည်း ငါ့ကိုမပြောကြပါလား...


"ဒါက ပထမဦးဆုံးအကြိမ်ကြုံဖူးတာပါပဲ..."


ယောင်ချမ့်စိတ်လှုပ်ရှားစွာဖြင့်ဆက်ပြောလိုက်သည် ။


"ဒါပေမဲ့ ကျွန်တော်ရရှိထားတဲ့ ဒေတာတွေကိုကြည့်ခြင်းအားဖြင့်တော့ သူ့ရဲ့ပြောင်းလဲလာတဲ့အခြေအနေကတကယ့်ကိုပဲ အသွင်ပြောင်းခြင်းဖြစ်စဉ်နဲ့တူညီနေတာ...သူနှစ်ပေါင်းများစွာအတွင်းကြုံခဲ့ရတဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီးတော့ ပြောင်းလဲပြီးသား သူရဲ့မှတ်ဉာဏ်သာကျန်ခဲ့တာ..."


"နင်ဆိုလိုတဲ့အဓိပ္ပါယ်က အခုသူပြောင်းလဲပြီးသူမဟုတ်ပဲနဲ့ အမွေဆက်ခံသူလား..."


"ဟုတ်ပါတယ် သခင်မလေး..."


ဒါဘာကိုဆိုလိုတာလဲ...ဒီလိုယုတ္တိမတန်တဲ့ကိစ္စကဘယ်တုန်းကဖြစ်သွားတာလဲ...သူ့ကိုဘယ်သူကပြောင်းလဲပေးလိုက်တာလဲ...နေပါဦး လီကျန်းကစတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်မဟုတ်ဘူးလား...သူကအားလုံးကိုဖိနှိပ်နိုင်တယ်လေသူ့ထက်သန်မာသူဆိုလို့မူရွှမ်ပဲ...


သူမ မူရွှမ်ကိုလှည့်ကြည့်လိုက်လေရာ အပြင်ဘက်ကကောင်းကင်ကြီးကဲ့သို့ပင်မှောင်မဲနေသော သူ့မျက်နှာကိုတွေ့လိုက်ရသည်။


သူလည်းသတိပြုမိသွားပြီလား...သူ့မှာအမွေဆက်ဆံသူ နောက်တစ်ယောက်ရှိလာပြီပေါ့....


ယောင်စစ်၏ နှလုံးသားလေး တင်းကြပ်သွားသည်။


" ဝင်ကြည့်ကြရအောင်... "


မူရွှမ် ပြောလိုက်ပြီး တံခါးတွန်းဖွင့်လိုက်သည်။အခန်းထဲတွင် ကြောင်တောင်တောင်ဖြင့် ထိုင်နေသော လီကျန်းကသူတို့ဘက်သို့လှည့်ကြည့်လာပြီးတောက်ပစွာပြုံးလာသည်။


၎င်းအမူအယာက ဟိုးယခင်ကမ္ဘာမြေပေါ်၌ ဘဲသွေးရောင်းနေသောလူငယ်လေးနှင့်အတိအကျတူနေပေသည်။


"ဖေဖေ..."


မျှော်လင့်ထားသည့်အတိုင်းပင်...


ယောင်စစ်၏နှလုံးသားကနစ်မြုပ်သွားလေသည် မတော်တဆမှုဖြစ်ရပ်တခုဖြစ်သော်လည်း ခါးသီးရင်နာမှုကို ခံစားရလေသည်။ လျှံတက်လာသောခံစားချက်များကို မြိုချလိုက်သည်။ ယခုမူ သွေးစုပ်ဖုတ်ကောင်များ၏ အမွေဆက်ခံသူများနှင့် လက်ဆင့်ကမ်းသူများကြားထဲမှချည်နှောင်ကြိုးကို သူမနားလည်သဘောပေါက်သွားပေပြီ။

အခုတော့ သူမကတစ်ဦးတည်း‌သောကလေးလေးမဟုတ်တော့ဘူး...


"တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့ဖေဖေကဘယ်သူလဲဆိုတာပြောနိုင်တယ်..."


လီကျန်းက ယခင်ကနဲ့မတူပဲ တက်ကြွပျော်ရွှင်စွာဖြင့် သူတို့ဆီသို့လျှောက်လာလေသည်။


"ဖေဖေ ကျွန်တော့်ကိုယောင်စစ်လို့ခေါ်ပါ..."


သူကယောင်စစ်၏လက်ကိုဆုပ်ကိုင်ရင်းပြောလိုက်သည်။


Σ(°△°|||)︴


"ဖာချ့..."


"ဘာလဲဟ..."