အပိုင်း ၁၃၀
Viewers 16k

Chapter 130

ဆက်ခံသူအစစ်


"ဖေဖေကိုကြည့်ရတာ အရမ်းပဲ ရင်းနှီးနေသလိုပဲ...ဖေဖေ... ကြားခဲ့တာတော့...ဖေဖေကကျွန်တော့်ကို ဘယ်လိုမျိုးသွေးစုပ်ဖုတ်ကောင်လုပ်ရမယ်ဆိုတာသင်ပေးခဲ့တာဆို... ဖေဖေကအရမ်းပဲအရွယ်တင်တယ်...ပြီးတော့အရပ်လည်းသိပ်မရှည်ဘူးနော်..."


လီကျန်းက ယောင်စစ်ကို စုန်ချီဆန်ချီကြည့်လိုက်ပြီးနောက် ဘေးမှရပ်နေသော လူကိုပုတ်၍ မေးလိုက်သည်။


"အာ...ညီအစ်ကိုရေ ငါ့ဖေဖေကဘာလို့ကြည့်ရတာမိန်းကလေးဆန်နေတာလဲဟင်..."


(╯‵□′)╯︵┻━┻ 


"ငါက မိန်းကလေး..."


 ယောင်စစ် အော်ပြောလိုက်သည်။


လီကျန်းက လန့်ဖြန့်သွားပုံဖြင့်အနောက်သို့ဆုတ်လိုက်ပြီး ယောင်စစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


 "bro...ဒီနေရာမှာမိန်းကလေးတွေကလည်း အဖေဖြစ်နိုင်တယ်လား...နည်းပညာတွေက စောက်ရမ်းတိုးတက်လာတာပဲ..."


ယောင်စစ်"...."


မူရွှမ် "..... "


ယောင်ချမ့် "....."


ယောင်စစ် ပို၍ စိတ်ရှုပ်ထွေးလာမိသည်။ 

တစ်ကယ်ပဲဘာတွေဖြစ်သွားတာလဲ....သူက ရုတ်တရက်ကြီး ဘာလို့ငါ့ကိုအဖေလို့ခေါ်နေတာလဲ....


"အရှင်မင်းကြီး...သခင်မလေး.."


ယောင်ချမ့် သက်ပြင်းအကျယ်ကြီး တစ်ချက်ချလိုက်သည်။ 


"အခြေအနေကို အရှင်တို့ကိုယ်တိုင်ပဲမြင်ပြီမဟုတ်လား..."


"ခဏနေဦး သူ ခုဏတုန်းက သူ့ကိုယ်သူဘယ်လိုပြောလိုက်တာ..."


လီကျန်း သူ့အမည်သူပြောခဲ့ပုံကိုပြန်လည်သတိရသွားမိသည်။


"ယောင်စစ်..."


 လီကျန်းကတစ်ချက်မှ တုန့်နှေးမနေဘဲချောမွေ့စွာ ပြန်ဖြေလိုက်၏။ ထို့နောက်သူကဆက်ပြောလိုက်သည်။


"ဒါက ကျွန်တော် မှတ်မိနေတဲ့တစ်ခုတည်းသောအမည်ပဲ ဘာကြောင့်ဒီလိုအမည်မျိုးပေးခဲ့မိမှန်းမသိဘူး...ယောင်စစ်...ယောင်စစ်... "


ယောင်စစ်တစ်ယောက် အရှိုက်တည့်တည့်ကိုအထိုးခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။


နင်... ငါ့အမည်လည်းခိုးထားပြီးတော့ဘယ်လိုတောင်မထိမဲ့မြင်လုပ်နေပြရဲတာလဲ...


(╯‵□′)╯︵┻━┻


 "ဒါက အမွေဆက်ခံသူတစ်ယောက် ကြုံတွေ့ဖြတ်သန်းရတဲ့ မှတ်ဥာဏ်လွဲပြောင်းမှု့ ဖြစ်စဉ်ပဲ..."


ယောင်ချမ့်ရှင်းပြလိုက်သည်။


"သူတို့ရဲ့မှတ်ဥာဏ်တွေကိုအမွေဆက်ခံသူအဖြစ် တစ်ဖြည်းဖြည်းချင်းအောင်မြင်စွာလွှဲပြောင်းသွားလိမ့်မယ်..."


"ဒါဆို ငါ့ကို ယောင်စစ် လို့ခေါ်တာမဟုတ်ဘူးလား..ငါသဘောပေါက်ပြီ..."


လီကျန်းက စိတ်သက်သာရသွားစွာဖြင့် သက်ပြင်းချလိုက်သည်။


"ဒါကြောင့်မို့ ငါ့ရဲ့မှတ်ဥာဏ်တွေက ဘာကြောင့်များ အရမ်းထူးထူးဆန်းဆန်းနဲ့ မိန်းမဆန်နေရတာလဲလို့ တွေးနေမိတာ..."


သူပို၍ပင်ရှုပ်ထွေးလာမိသည်။ 

အစောပိုင်းတုန်းက ယောင်ချမ့် ပြောတာ သူကမ္ဘာပေါ်မှာရှိသော အသိဥာဏ်တွေကိုသတိရတယ်ဆို.... ဒါပေမဲ့ အခုသူဘာထပ်ပြောလိုက်တာလဲ.....

ယောင်စစ် သူမ၏ နှလုံးသားနှစ်မြုပ်သွားပြီး ယောင်ချမ့် ဘက်သို့လှည့်၍မေးလိုက်သည်။ 


"ဒီတော့...အခုရှင်ပြောချင်တာက သူ့ကိုပြောင်းလဲပေးလိုက်တဲ့သူက ကျွန်မပေါ့ဟုတ်လား..."


"ဟုတ်ပါတယ်..."

ယောင်ချမ့် ခေါင်းငြိမ့်ပြလိုက်ပြီးဖန်သားပြင်ပေါ်သို့လက်ညိုးထိုးပြလိုက်သည်။


"ဒီမှာရှိနေတဲ့DNAအချက်အလက်တွေက သခင်မလေး နဲ့လုံးဝကိုကိုက်ညီနေပါတယ်....သခင်မလေးကသာ သူရဲ့လက်ဆင့်ကမ်းသူဖြစ်ကြောင်းမေးခွန်းထုတ်စရာမလိုတော့ပါဘူး..."


ယောင်စစ်မျက်နှာ တွန့်လိမ်ရှုံ့မဲ့သွားသည်။သူမ ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို  ထောက်လိုက်ပြီး အဖြေနေရာကို အကျယ်ချဲ့ကြည့်လိုက်ရာ ဆဌမမျိုးဆက်ဆိုသည့်စာလုံးပြူးပြူးများကို တွေ့လိုက်ရလေသည်။ မူရွှမ်က စတုတ္ထမျိုးဆက်ဖြစ်သောကြောင့် သူသာလက်ဆင့်ကမ်းသူဖြစ်ပါက လီကျန်းသည် ပဉ္စမမျိုးဆက်ဖြစ်ရပေမည်။


ထို့အပြင် မူရွှမ်က ဘိုးဘေးသွေးမျိုးဆက် နိုးထလာပြီးနောက် မည်သူ့ကိုမှ အသွင်ပြောင်းလဲမပေးနိုင်တော့ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် တစ်စုံတစ်ဦးကို ဆဌမမျိုးဆက်အဖြစ် အသွင်ပြောင်းလဲပေးနိုင်သောသူမှာ မျိုးနွယ်စုတစ်ခုလုံး၌ တစ်ဦးတည်းသာရှိသည်။


သောက်ကျိုးနည်း... တစ်ကယ်ပဲ လီကျန်း ကိုငါအသွင်ပြောင်းပေးလိုက်တာပေါ့.....ဒါပေမဲ့ ငါဘယ်တုန်းကအသွင်ပြောင်းပေးလိုက်တာလဲ...ငါဘာမှမလုပ်ဘူးလေ....


နေဦး...

လီကျန်းက သူမရဲ့နှလုံးသားကိုဓားနှင့်ထိုးလိုက်သည့်အားပြန်လည်အမှတ်ရလာမိသည်။

အဲ့တော့ သွေးတွေစီးကျလာတဲ့အချိန်မှာသူကသွေးကိုစုပ်ယူမိသွားတာလား...အဲ့ဒါနဲ့အသွင်ပြောင်းသွားတယ်ပေါ့...


"မူရွှမ်..."


ယောင်စစ် သူ့နောက်ကလူကိုလှည့်ကြည့်လိုက်လေသည်။


"ဒါက ဒုတိယမြောက်ပြောင်းလဲခြင်းဖြစ်တဲ့ အတွက် သူ့ကိုသွေးစုတ်ဖုတ်ကောင် အသစ်အဖြစ် သတ်မှတ်ရမှာပဲ..."


မူရွှမ် ၏မျက်နှာက တင်းမာနေပြီး လီကျန်းကိုအေးစက်စွာစိုက်ကြည့်နေလေသည်။


"သူ့ကို ငါတို့သွေးစုပ်ဖုတ်ကောင်အသစ်တွေကို စီစဉ်ပေးတဲ့ပုံစံအတိုင်း စီစဉ်ပေးလိုက်ပါ..."


သူ ပြောပြီးနောက် လီကျန်း ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးယောင်စစ်ကိုအခန်းထဲမှဆွဲထုတ်သွားလိုက်သည်။


"ဟမ်...ဒီအခြေနေကိုမရှင်းတော့ဘဲ ဒီတိုင်းထွက်သွားလို့ရတာလား..."


ယောင်ချမ့် အူကြောင်ကြောင်ဖြစ်နေစဉ်မှာ လီကျန်း ကသူ့၏ပုခုံးကိုပုတ်၍မေးလိုက်သည်။


"ဟေး bro အဲ့ဒီ့ကြမ်းတမ်းခက်ထန်တဲ့လူကငါရဲ့အဘိုးလား..."


ယောင်စစ်ခြေထောက်များ ဂျယ်လီလိုပျော့ခွေသွားပြီး ခလုတ်တိုက်လုနီးပါးဖြစ်သွားသည်။


အလောသုံးဆယ် ဆွဲထုတ်သွားသော မူရွှမ်ပင်လျှင် ခဏမျှ အေးခဲသွား၏။


တစ်ကယ့်ကိုပဲ အခုမျိုးဆက် ဆက်ခံသူတွေအားလုံးက မုန်းစရာကောင်းတယ်....


လီကျန်းက ယခုတွင် ယောင်စစ် ၏မျိုးဆက် ဆက်ခံသူဖြစ်လေသည်။ ဒါကရွှေထက်ပင်စစ်သော အမှန်တရားပင်ဖြစ်သည်။ အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း ရလဒ်ကတစ်ခုတည်းသာဖြစ်၏။ တစ်နေ့နေ့တွင် သူ အဖေဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


အဖေဖြစ်ခြင်းက မည်သို့ဆိုသည်ကို သူမ မသိ သော်လည်း မူရွှမ်၏အမူအရာက တကယ်ကြောက်စရာကောင်းနေသည်ကိုတော့လသိပေသည်။ သူ့၏မျက်နှာက လအနည်းငယ်ကြာအောင် ဝမ်းချုပ်နေသောလူတစ်ယောက်ကဲ့သို့ပင်မှောင်မည်းတင်းမာနေသည်။


သူမ၏ ရုတ်တရက်ရရှိခဲ့သော ဖခင်ဘဝအတွက်သူ မကျေမနပ်ဖြစ်နေကြောင်းသိသာလွန်းပေသည်။ ပဉ္စမမျိုးဆက်ဖြစ်သော ယောင်စစ်သည် သူ့ထက်မျိုးဆက်မြင့်သောလီကျန်းကိုဖိနှိမ့်နိုင်ခဲ့ပြီး ဒုတိယ အကြိမ်ပြောင်းလဲပစ်လိုက်နိုင်မည်ဟု မထင်ထားခဲ့မိပေ။


ဒါကြီးကလုံးဝယုတ္တိမရှိဘူး...


နောက်ဆုံး၌ မူရွှမ် ကအကြောင်းအရာများကိုခွဲခြမ်းစိတ်ဖြာလိုက်ပြီး ကောက်ချက်တစ်ခုချလိုက်နိုင်သည်။ သူမပြောင်းလဲပြီးနောက် မူရွှမ်၏ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထလာနိုင်ခဲ့သည်။


ထို့အပြင် လီကျန်းကလည်းထိုအချိန်၌အားနည်းနေခြင်းဖြစ်လေရာ ယောင်စစ်ကိုယ်ထဲမှစွမ်းအားက ရုတ်တရက်ပေါက်ကွဲထွက်လာပြီး သူ့ကိုဖိနှိမ့်နိုင်သွားခဲ့သည်။ ထို့အပြင် မူရွှမ် ၏တိုက်ခိုက်မှုကလည်း လီကျန်း၏အသက်ကို နှုတ်ယူနိုင်ရန်လုံလောက်နေပေသည်။ ထိုသို့အားဖြင့် ဆိုက်ရောက်လာသော သေခြင်းတရားတွင် ပေါက်ကွဲထွက်လာသောသွေးစွမ်းအင်များက ထည့်ပေါင်းပေးလိုက်သလိုဖြစ်ပြီး မတော်တဆ ဒုတိယအကြိမ်မြောက်ပြောင်းလဲခြင်းဖြစ်ပေါ်လာကာ

 ယောင်စစ်ကအော်တိုမစ်တစ် အဖေဖြစ်သွားလေသည်။


(╯﹏╰)╭


.......


"သခင်မလေး..."


ယောင်ချမ့် သူမကို မဝံ့မရဲစိုက်ကြည့်လိုက်သည်။


"အဲ့ဒီလူက..."


"အဲ့ဒီလူက ဘာဖြစ်လို့လဲ..." 


ဒီနေ့မနက်စောစော၌ မက်စ်ဆေ့တစ်ဆောင်ကိုရရှိခဲ့ပြီး သူမ၏ စိုးရိမ်ပူပန်မှုကိုထိန်းချုပ်မရနိုင်တော့ပေ။ 

သူကထပ်ပြီးတော့မွှေနေပြန်ပြီလား....ဒီရက်ပိုင်းအတွင်း ဒရာမာ ကားတွေ တစ်ပုံကြီးကြည့်ထားရသလိုမျိုး ခံစားနေရတယ်...ငါအနားယူဖို့လိုအပ်နေပြီ....


"ဒါကအရေးတော့မကြီးပါဘူး...ဒါပေမဲ့ သခင်မလေး ရဲ့အမြင်ကိုလိုနေပါတယ်...ဘာလို့လဲဆိုတော့ သူက သခင်မလေးရဲ့ဆက်ခံသူဖြစ်နေတယ်လေ..."


ယောင်ချမ့်က  နှုတ်ခမ်းကိုကိုက်လိုက်ပြီး တွန့်ဆုတ်စွာဖြင့်ပြောလိုက်သည်။


"သွေးစုပ်ဖုတ်ကောင်တွေရဲ့ စည်းမျဉ်းအရ ‌ေ ပြောင်းလဲလာသူကို မူကြိုကျောင်းကိုပို့ပြီးတော့ သူတို့ကိုယ်သူတို့လက်ခံလာအောင် ရင်းနှီးလာအောင် ကူးပြောင်းပေးလိုက်သူရဲ့ မှတ်ဥာဏ်တွေ စွမ်းအင်တွေကို အသုံးပြုပြီးတော့ လေ့ကျင့်ပေးဖို့လိုတယ်...ဒါပေမဲ့ သူက ထူးခြားနေတယ်..."


"ထူးခြားတယ်..."


ယောင်စစ် စတင်ပြီးစိတ်ပူလာမိသည်။


"ဘာဖြစ်လို့လဲ...သူ့ရဲ့စွမ်းအင်က ဘာဖြစ်နေပြန်ပြီလဲ..."


လီကျန်း၏စွမ်းအင်က မီးစွမ်းအင်ဖြစ်သော်လည်း သူက သူ့၏ စိတ်ခွန်အားပေါ်တွင်သာမှီခိုခဲ့ခြင်းဖြစ်၏။ သို့သော် ထိုစွမ်းအင်တွေက တိုက်ပွဲပြီးတဲ့နောက်မှာ ပျောက်ကွယ် သွားခဲ့သည်။


အခု သူက ဒုတိယ အကြိမ်ပြန်လည်မွေးဖွားလာတာဆိုတော့ စွမ်းအင်အသစ်တွေထွက်ပေါ်လာတာလား...


"ဒါက သူ့စွမ်းအင်အကြောင်းမဟုတ်ပါဘူး...ဒါက အမွေဆက်ခံသူရဲ့မှတ်ဥာဏ်တွေပါ..."


"မှတ်ဥာဏ်...ဟုတ်လား...ဘာကိုဆိုလိုတာလဲ သူက သူ့ကိုယ်သူ ယောင်စစ်လို့ထင်နေသေးတာလား..."


"အဲ့ဒါလည်းမဟုတ်ဘူး..."


.ယောင်ချမ့် မရှင်းပြခင် သက်ပြင်းတစ်ချက်အရင်ချလိုက်သည်။


လေ့လာတွေ့ရှိချက်များအရ လီကျန်းသည် ယောင်စစ် ၏မှတ်ဥာဏ်80%ကိုသာ လက်ခံရရှိခဲ့သည်။ ထို့ကြောင့်သာ သူ့ကိုယ်သူယောင်စစ်ဟု ခေါ်သည်ဟု ထင်မိခြင်းဖြစ်သည်။


ထို့အပြင် ၎င်းက သူပါဝင်ဆက်နွယ်နေသည့်မှတ်ဥာဏ်လည်းမဟုတ်ပေ။ ထိုဖြစ်ရပ်က ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေသော်လည်း ဘာမှသူနှင့်မသက်ဆိုင်သလို ခံစားရလေသည်။


လီကျန်းက သူသည် ယောင်စစ်မဟုတ်မှန်းလက်ခံပြီးနောက် တစ်ခြားအမွေဆက်ခံသူကလေးများကဲ့သို့ ကျန်သည့်မှတ်ဥာဏ်အစိတ်အပိုင်းများကို သိမ်းဆည်းထားခဲ့သည်။ ထိုသည်ကကလည်းအမွေဆက်ခံ သူများ၏ အကျိုးကျေးဇူး တစ်ခုဖြစ်သည်။ သူတို့က ကလေးများကဲ့သို့ ယူဆ၍မရဘဲ ပြောင်းလဲပေးလိုက်သူ၏ မှတ်ဥာဏ်အသိပညာတစ်ဝက်ကို အကျိုးကျေးဇူးရ ရှိလေသည်။


အရာရာအားလုံးက သွေးစုပ်ဖုတ်ကောင် မျိုးနွယ်အတွက် ကျိုးကြောင်းသင့်လျော်ပြီးယုတ္တိရှိသော်လည်းချွင်းချက်တစ်ခုရှိနေသေးသည်။


အဲ့ဒီဗဟုသုတနေရာ၌ ယောင်စစ်အတွက်ကတော့ တွင်းပေါက်ကြီးသာ ဖြစ်လေသည်။