အပိုင်း ၁၃၁
Viewers 19k

Chapter 131

ရွံစရာကောင်းတဲ့ဆက်ခံသူ


ယောင်စစ်က စကြာဝဠာဘာသာစကားကို စတင်လေ့လာနေသော အသစ်ကလေး တစ်ယောက် ဖြစ်ပြီးသွေးစုပ်ဖုတ်ကောင်အတုတစ်ယောက်လည်းဖြစ်နေသည်။ စကြာဝဠာ တစ်ခုလုံးတွင် သူမက စာမတတ်သူတစ်ယောက်ဟု့ပင်ပြော၍ရလေသည်။


ဒါကို အမွေဆက်ခံသူက မှတ်ဥာဏ် 80%ပဲရထားတယ်ဆိုတော့...


ယောင်စစ်နှလုံးသားထဲတုန်ယင်သွားပြီး သနားကြင်နာစိတ်ဖြင့် မျက်နှာကို လက်ဖြင့်အုပ်လိုက်လေသည်။


တစ်ခြားအမွေဆက်ခံသူတွေက ဘဝတစ်ဝက်စာလောက်ရှိတဲ့ ဗဟုသုတ တွေနဲ့ဘဝကို စကြရသည်။ သို့သော် သူမ၏အမွေဆက်ခံသူလီကျန်း က 80%ရရှိထားပြီး အများကြီးနဲ့စရတယ်ဆိုပသော်လည်း နောက်ဆုံးတော့းဘာမှမရှိတာနဲ့သာ အဆုံးသတ်သွားရသည်။


ခြုံ၍ပြောရမည်ဆိုလျှင် သူမ၏ မှတ်ဥာဏ် ကိုသာရရှိထားသော အမွေဆက်ခံသူသည် စကြာဝဠာထဲတွင် အသနားစရာအကောင်းဆုံးဖြစ်ပေလိမ့်မည်။


"တစ်ခြားညွှန်ပြကိုးကားသင်ကြားရမယ့် အကြောင်းအရာအချက်အလက်တွေလည်း မရှိဘူး...ကျွန်တော်ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာမသိတော့ဘူး..."


ယောင်ချမ့် တစ်ကယ့်ကိုခေါင်းပူစွာပြောလိုက်သည်။


ဘာသာပြန်မရှိဘဲ တစ်ခြားသူများနှင့်ဆက်သွယ်ပြောဆိုနိုင်ဖို့မလုပ်နိုင်ပေ။ ဒါကယောင်စစ်နိုးထလာခြင်းနှင့် အတူတူသာဖြစ်သည်။သို့သော်လည်း ယောင်စစ် ၌မူရွှမ်ရှိနေသောကြောင့် စကြာဝဠာ ဘာသာစကားကို လျှင်မြန်စွာသင်ယူနိုင်ခဲ့သည်။ ဒါပင်မယ့် လီကျန်းကသူ့ရဲ့အမွေဆက်ခံသူဆိုတော့...


 ယောင်ချမ့် တုန်လှုပ်သွားပြီးဆက်၍မတွေး ရဲတော့ပေ။


"သူ့ကိုပို့လိုက်..."


 ယောင်စစ်၏စကားကြောင့် ယောင်ချမ့်မျက်လုံးများပြူးကျယ်သွားလေသည်။


"သူက ငါ့ရဲ့အမွေဆက်ခံသူမဟုတ်ဘူးလား...ဒါကိုစထားခဲ့ပြီဆိုမှတော့ ဖြေရှင်းရမှာပေါ့... ငါ့ရဲ့ စကြာဝဠာ ဘာသာစကားက အကောင်းကြီးမဟုတ်ပေမဲ့လည်း သူ့ကိုသင်ပေးလို့ရမယ်လို့တော့ယုံကြည်တယ်...ပြီးတော့ မူရွှမ် ကလည်းကူညီပေးနိုင်မယ်လို့ယုံကြည်တယ်..."


အရှင်မင်းကြီးက တစ်ကယ်ပဲ လည်ပင်းညှစ်မသတ်ပဲ သင်ပေးမယ်ဆိုတာသေချာရဲ့လား...


သွေးစုပ်ဖုတ်ကောင်တွေက သူတို့သားပေါက်လေးရဲ့မျိုးဆက်အပေါ် ဘယ်လိုမျိုးသဘောထားတယ်ဆိုတာ တစ်ကယ်မသိဘူးလား.....


"ကောင်းပြီ ဒီတိုင်းဆုံးဖြတ်ပြီးပြီ..."


 တစ်ခြားသူများကိုလည်း မယုံပေ။ လီကျန်းက တစ်ကယ့်ကို လွန်လွန်ကျူးကျူးများ လုပ်ဆောင်ခဲ့သည်။ သူ့၏စွမ်းအားကလည်းကြီးလာသည်။ဘသို့သော်လည်း ဒါကိုမျက်မြင်သက်သေဖြစ်သည့် ယောင်စစ်နှင့်မူရွှမ်မှလွဲ၍ ယောင်ချမ့်ပင်လျှင် သေသေချာချာ မသိပေ။ ယခု သူကလည်းလူသစ်တစ်ယောက် လိုဖြစ်လာပြီဖြစ်လေရာ ဒုတိယ အကြိမ် အခွင့်အရေးပေးဖို့ ဆန္ဒရှိလေသည်။


၎င်းက သွေးစုပ်ဖုတ်ကောင်များနဲ့လီကျန်း နှစ်ဖက်လုံးအတွက်အကောင်းဆုံးဖြစ်ပေလိမ့်မည်။


"သူကျောင်းတတ်ရင်လည်း ငါပဲတာဝန်ယူလိုက်ပါ့မယ်..."


ယောင်စစ်က ကျောင်းသားဥက္ကဌတစ်ယောက် ဖြစ်နေသော်လည်း တစ်ကယ်တမ်းသူ့တွင်လုပ်စရာ တာဝန် အများကြီး မရှိပေ။


.....


"ဒီမှာအစားလာစားလိုက်ဦး..."


မူရွှမ် မီးဖိုချောင်ထဲမှထွက်လာပြီးသူမကို လှမ်းခေါ်လိုက်သည်။


ယောင်စစ်လည်း ဗိုက်ဆာနေသောကြောင့် အလျှင်အမြန် ထသွားလိုက်၏။အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့သောကြောင့် သူမကျောင်းပျက်ခဲ့ပြီး ယခုရက်ပိုင်းမှ အသည်းအသန်လိုက်မီအောင်ကြိုးစားနေရသည်။


ဟင်း...ကျောင်းသားကောင်းတစ်ယောက်ဖြစ်ဖို့က တစ်ကယ်ကို ခက်ခဲတာပဲ...


သူတို့အစားစားနေသည့်အချိန်တွင် တံခါးဘဲလ်မြည်သံထွက်လာလေသည်။ ယောင်စစ် မတ်တပ်ရပ်ဖို့ပြငိလိုက်ချိန်တွင် မူရွှမ်က အလျှင်အမြန်ပင်ထသွားလိုက်၏။ ယောင်စစ်လည်း ဖြစ်ပျက်လာမည့် ကိစ္စ များကိုတွေးမိသွားသောကြောင့် ပန်းကန်လုံးကိုယူ၍ အနောက်မှလိုက်ခဲ့လိုက်သည်။


ထင်ထားသည့်အတိုင်းပဲ တံခါး၏အပြင်၌ တောက်ပလှသော အပြုံးနဲ့လီကျန်း ရပ်နေသည်။


"မင်္ဂလာပါဖေဖေ...ကျွန်တော်ရောက်ပါပြီ..."


ထို့နောက်သူ မူရွှမ် ဘက်သို့လှည့်၍ နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ အဖိုး..."


ဘမ်း...


မူရွှမ် တံခါးကိုပြင်းထန်စွာ ပိတ်ချသွားလေသည်။


ယောင်စစ် သူမ၏ ဖြုတ်ဦးနှောက်လေးဖြင့် ဖျစ်ညှစ်စဉ်းစားပြီး အကြောင်းပြချက်မျိုးစုံပေးပြီးသည့်နောက် လီကျန်းကို စကြာဝဠာ ဘာသာစကား ခဏမျှ သင်ပေးရန် မူရွှမ် ဆီမှခွင့်ပြုချက်ရသွားလေသည်။


သို့သော်လည်း လီကျန်းအိမ်ထဲရောက်လာသည့်အချိန်မှစ၍ မူရွှမ် ၏ အရှိန်အဝါများက ပြင်းထန်လာပြီး ခြိမ်းခြောက်မှု အပြည့်ဖြင့်စိုက်ကြည့်နေလေသည်။


မူရွှမ်၏မကျေနပ်မှု များကို သတိပြုမိသော လီကျန်းကလည်း သူ့၏ တည်ရှိမှုကိုလျော့ချရန်အတွက် ကြီးကောင်ကြီးမား ခန္ဓာကိုယ်ကြီးဖြင့်  ပုန်းလျှိုးကွယ်လျှိုးလုပ်နေသည်။ သူ့၏လက်ပေါ်ရှိ ကြက်သီးမွေးညင်းများကို အသာ ပွတ်သတ်လိုက်ပြီး ယောင်စစ်နားတိုးကပ်၍မေးလိုက်သည်။


"ဖေဖေ အဖိုးက ကျွန်တော့်ကို မုန်း နေတာများလား.... "


ယောင်စစ် ၏မျက်နှာ တွန့်လိမ်ရှုံ့မဲ့သွားပြီး 


"နင်သူ့ကိုအဖိုးလို့ခေါ်နေရင်တော့ပိုမုန်းလိုက်မယ်...ဘယ်နှယ့် လူလတ်ပိုင်းတစ်ဦးကို ဖိုးဖိုး လို့ခေါ်ရတယ်လို့...ဒါနဲ့နေစမ်းပါဦး နင့်ကိုဒီလိုတွေပြောတတ်အောင် ဘယ်သူသင်ပေးထားတာလဲ..."


"ဆေးရုံက တရုတ်သမားတော်ကြီးလေ..."

 

သူက သုတေသနဌာနသို့ လက်ညိုးညွှန်ရင်းပြောလိုက်သည်။


"ဟမ်...တရုတ်ဆရာဝန် ဟုတ်လား..."


ယောင်စစ် သူ့စကားကြောင့် အူကြောင်ကြောင်ဖြစ်သွားပြီးခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။


"ယောင်ချမ့်ကိုပြောတာလား..."


"ဟုတ်တယ်..."


 လီကျန်းကခေါင်းငြိမ့်ပြလိုက်ပြီးနောက် မူရွှမ် ၏အေးစက်စက်အကြည့်များကို တုန်တုန်ယင်ယင်ဖြင့် ခံယူလိုက်ပြီးထပ်မေးလိုက်သည်။


"သွေးစုပ်ဖုတ်ကောင်တွေအားလုံးက သူတို့ရဲ့ လက်ဆင့်ကမ်းသူတွေကိုအဖေလို့ခေါ်ကြတယ်လေ...ဒီတော့ အဖေရဲ့လက်ဆင့်ကမ်းသူက ငါ့ရဲ့ အဖိုးမဟုတ်ဘူးလား..."


"နင်ပြောတာကလည်း ယုတ္တိရှိပုံပါပဲ...ဒါပင်မယ့် နင်ကငါ့ရဲ့မျိုးဆက် ဆက်ခံသူမဟုတ်ဘူး..."


" မဟုတ်ဘူးလား..."


သူငြိမ်သက်သွား၏။


"မဟုတ်ဘူး ဒီတော့...နင်မှာ လက်ဆင့်ကမ်းသူလည်းမရှိဘူး...ဟုတ်ပြီလား...ငါ့ကို ဖေဖေလို့ခေါ်နေမယ့်အစား ယောင်စစ်လို့ပဲခေါ်သင့်တယ်..."


"ဝိုး...ငါသိပြီ ကောင်းလိုက်တာ... "


လီကျန်းက စိတ်ပျက်လက်ပျက်ဖြစ်သွားရမည့်အစား စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


"sis က စောစောတော့မပြောဘူး... ငါ့မှာနင့်ကိုဖေဖေလို့ခေါ်ရတာ အဆင်မပြေပေမဲ့...စိတ်ဆိုးသွားမှာကိုကြောက်လို့ခေါ်နေရတာ...ယောင်စစ်...ဟုတ်သားပဲ.. .ငါ့ရဲ့မှတ်ဥာဏ်ထဲကအမည်ပဲ..."


သူ့တစ်ကိုယ်လုံး တောင့်တင်းနေမှုများပြေလျှော့သွားပြီး ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။ သူ ဘဲသွေးရောင်းသည့်အချိန်တုန်းကလိုမျိုးပင်အကျင့်ပါစွာဖြင့် ယောင်စစ်၏ပုခုံးကိုပုတ်၍ပြောလိုက်သည်။


သို့သော် သူမကို မထိခင်မှာပင် မူရွှမ် ကဝင်ရောက်တားဆီးလိုက်လေသည်။ သူ၏ ပြတ်သားလှသော မျက်ဝန်းအကြည့်များကလည်း ရေခဲတစ်မျှအေးစက်နေလေသည်။


 လီကျန်း သူ့လက်ကိုပြန်ရုတ်လိုက်ပြီး မျက်နှာလွဲလိုက်သည်။


"စစ်စစ် အချက်အလက်တွေကိုလွဲပြောင်းပေးလိုက်ပြီလား..."


(မင်းရဲ့ ရွံဖို့ကောင်းတဲ့ခြေလက်တွေကိုငါ့ကလေးလေးဆီကနေဖယ်လိုက်စမ်း....)


မူရွှမ် လီကျန်း၏လက်များကို ပုတ်ထုတ်လိုက်ပြီး ယောင်စစ်ဘက်သို့လှည့်၍မေးလိုက်သည်။


ယောင်စစ် စိတ်ရှုပ်ထွေးသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် မူရွှမ် ပြင်ဆင်ပေးထားသည့်အချက်အလက်များကို လီကျန်းဆီသို့လွှဲပေးလိုက်သည်။ ၎င်းက တရုတ်စကားလုံးများဖြင့်ဘာသာပြန်ထားသော စကြာဝဠာအသုံး ဘာသာစကား ဖြစ်သည်။ ၎င်းက စကြာဝဠာ တစ်ခုလုံးတွင် တစ်ခုတည်းသော သင်ရိုးတစ်ခုပင်ဖြစ်နိုင်ပေသည်။


ထိုအရာက လီကျန်း၏သင်ရိုးမူအတွက်လုံးဝအသုံးဝင်နိုင်ပေသည်။


"မင်းအခု ထွက်သွားလို့ရပြီ..."


မူရွှမ်ကပြောပြောဆိုဆိုဖြင့်ခလုတ်လေးတစ်ခုကိုနှိမ်လိုက်ရာ တံခါးပေါက်တစ်ခုအလိုအလျှောက်ပွင့်လာပေသည်။ သိသာထင်ရှားစွာဖြင့် ဧည့်သည် ကိုပြန်ဖို့ပြန် နှင်နေခြင်းဖြစ်သည်။


"ဒါပင်မယ့်ငါမှာသွားစရာနေရာမရှိဘူးလေ

..."


လီကျန်းက သနားကမားရုပ်ကလေးနဲ့ယောင်စစ်ကို လှည့်ကြည့်လိုက်သည်။


"မူရွှမ်...သူကငါတို့နဲ့ရင်းနှီးနေတဲ့လူလေ ဒီတိုင်းလမ်းမပေါ်လွတ်ပစ်လိုက်လို့မရဘူးလေ...ဟုတ်ပြီလား...ငါတို့သူ့ကို..."


"မရဘူး..."


 ငါမေးလို့တောင်မပြီးသေးဘူးလေဟယ်။


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူ့၏ ကွန်ပျူတာ လက်ပတ်ကိုဖွင့်ပြီး တစ်စုံတရာ လုပ်လိုက်၏။


"ခဏနေရင် သူ့ကို တစ်ယောက် ယောက် လာခေါ်လိမ့်မယ်..."


ခဏအကြာ၌သူတို့၏အိမ်ရှေ့သို လူတစ်ယောက်ရောက်လာလေသည်။


တံခါးဖွင့်ကြည့်လိုက်သောအခါအပြင်၌ရပ်နေသော ပိုင်ရိ ကိုတွေ့လိုက်ရသည်။


"အရှင်မင်းကြီး က ငါ့ကိုတစ်ယောက်ယောက်ကို တာဝန်ယူစေချင်နေတာလား...မပူပါနဲ့ ငါကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်..."


ပိုင်ရိ အားရပါးရပြုံးရင်းပြောလိုက်သည်။


မူရွှမ်ခေါင်းငြိမ့်လိုက်ပြီးသည်နှင့် လီကျန်း ကိုအပြင်သို့ တွန်းထုတ်လိုက်သည်။


မိနစ်ဝက်မျှကြာပြီးနောက် လီကျန်မေးလိုက်၏။


"ဟေးbro သွေးစုပ်ဖုတ်ကောင် တွေကလေ ဆက်ခံသူတွေကို မလိုမုန်းထားဖြစ်နေတာလား..."


"ဒါကတော့ ဘယ်သူလဲ ဆိုတဲ့အပေါ်မှာလဲမူတည်သေးတယ်...မပူပါနဲ့ဒါကိုမင်းနောက်တော့အကျင့်ဖြစ်သွားမှာပါ...ဒါနဲ့ဟုတ်သားပဲ...ဘုရင်မင်းမြတ်ကမင်းလိုအမွေဆက်ခံသူကို ဘာလို့တာဝန်ယူပေးဖို့ပြောရတာလဲ...မင်းကိုပြောင်းလဲပေးလိုက်တဲ့သူကဘယ်သူလဲ..."


ပိုင်ရိသူ့၏ပုခုံးကိုပုတ်ရင်းမေးလိုက်သည်။


"ယောင်စစ်..."


"ဘာကြီး..."


ပိုင်ရိ လန့်ဖြတ်ပြီးယာဉ်ပျံပေါ်မှပြုတ်ကျတော့မလိုပင် ဖြစ်သွားသည်။


"သ...သခင်မလေးကပြောင်းလဲပေးလိုက်တာလား..."


"ဟုတ်တယ် လေ ဘာဖြစ်လို့လဲ..."


ပိုင်ရိသူ့ကိုအနီးကပ်သေချာကြည့်လိုက်သည်။


"မင်း...အသက်ရှင်နေသေးတာလား..."