အပိုင်း ၁၃၂
Viewers 19k

Chapter 132

အရေးပေါ်အခြေနေ


 ယောင်စစ်ကမူရွှမ်၏ သေရာပါစိတ်ဒဏ်ရာဖြစ်သွားပုံပေါ်လေသည်။ သူကမျက်စိအောက်ကအပျောက်မခံနိုင်ဘဲ ကော်ဖြင့်ကပ်ထားသလို ကပ်နေပေသည်။ ထို့အပြင် အစားအစာ ပြုလုပ်သည့်အချိန်၌ပင် သူမကို ခဏခဏ လှည့်ကြည့်နေတတ်သည်။


သူက နို့ထိန်း ဖေဖေတစ်ယောက်ကဲ့သို့ပင် ယောင်စစ်၏ ခေါင်းလေးကိုလည်း ခပ်ဖွဖွငုံ့နမ်းတတ်ပြီး စိုးရိမ်ပူပန်မှုများဖြင့် ကြောက်ရွံ့ထိတ်လန့်နေတတ်သည်။


အစပိုင်းတွင် ထိုအခြေအနေတွက် ယောင်စစ်ကူကယ်ရာမဲ့မှု ကိုခံစားရသော်လည်း နောက်ပိုင်းတွင် တဖြေးဖြေးအသားကျလာသည်။ သူ့၏ထိုအပြုအမူသေးသေးလေးများအတွက် သူမက စတင်ပျော်ရွှင်လာသလိုပင်ခံစားရသည်။


သေပြီ...ငါတော့ လုံးဝကျရှုံးသွားတာ သေချာပြီ.....

(╯▽╰)╭


ပြသနာများဖြစ်ပွားပြီးချိန်ကတည်းက ယောင်စစ် ကျောင်းသို့မသွားခဲ့သည်မှာ အတော်ပင်ကြာခဲ့လေပြီ။ လီကျန်းကိုလည်းပိုင်ရိသာလျှင် ကျောင်းအပ်ပေးခဲ့ရသည်။


 တိုက်ပွဲ၏အကျိုးသက်ရောက်မှုက ပြင်းထန်လွန်းပြီး ဆုံးရှုံးမှုများ များပြားလွန်းလှသောကြောင့် ပြန်ကာမိအောင် အပြင်းအထန်ကြိုးစားလုပ်ဆောင်နေကြသောကြောင့်ဖြစ်သည်။ အကြီးအကဲကောင်စီက အလုပ်အများအပြားကို သူမဆီသို့ခွဲဝေပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုမြေခွေးအိုကြီးများက မူရွှမ် မတုန့်ပြန်သည်ကို သိပြီးသည်နှင့် သူမဆီသို့သာ တိုက်ရိုက်ရောက်လာကြသည်။


သူတို့က သူမအား ပရော်ဖက်ရှင်နယ် တမန်တော်အဖြစ်သို့ တရားဝင်ပြောင်းလဲပေးခဲ့သည်။ သူမ၌အားလပ်ချိန်တစ်ချို့ရလာခဲ့လျှင် ချွီဇယ်၏အကြောင်း အတင်းအဖျင်းများနှင့်ပြည့်နေသည့် ဝဘ်ဆိုဒ်ထဲသို့ဝင်ရောက်ပေလိမ့်မည်။


ထိုလူကလည်း ထိန်းချုပ်ခြင်းဆိုသည့် အဓိပ္ပါယ်ကိုလုံးဝမေ့ပစ်လိုက်ပုံရသည်။အကြောင်းအရာ သတင်းအချက်အလက် အပြည့်အစုံကို စကြာဝဠာကွန်ယက်ပေါ်တွင် တင်ထားခဲ့ပေသည်။ သူထွက်မသွားခင် ဘာကြောင့်ဘောလုံးလေးကို ငှါးရမ်းသွားချင်တယ်ဆိုသည်အား ယောင်စစ်နားလည်သွားပေသည်။


ယောင်စစ် အိမ်တွင်းအောင်းနေသည်မှာ ကြာလာသည်နှင့်အမျှ သူမ၏အတိတ်ဘဝကအခြေအနေမျိုး ကိုပြန်လည်သတိရလာမိသည်။ ကျောင်းအားလပ်ရက်က လွန်ခဲ့သည့်ရက်အနည်းငယ်ကပဲပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့ပျင်းရိနေနေသေးသောကြောင့် အပြစ်မကင်းသလိုလဲခံစားရသည်။ သို့သော်လည်း သူမတွင်ကျောင်းမတတ်ချင်သည်ကိုပင် ပံပိုးပေးနေသော အရည်အချင်းပြည့်ဝသည့် မိဘတစ်ယောက်ရှိနေသည်။


အစားအသောက် တွေလည်းပြင်ပေးတယ်...အချိုဆိုလည်းအချို၊အချဉ်ဆိုလည်းအချဉ်၊ရေပူရေချမ်းလည်းကမ်းလှမ်း ပေးတယ်...ပြီးတော့လည်း လူတိုင်းက အားကျရတဲ့ နတ်ဘုရားတစ်ပါးလည်းဖြစ်နေသေးတယ်..ပြောမယ်ဆိုရင် အချိန်တိုင်းမျက်စိအစာကျွေးလို့လည်းရတယ်....အဲ့တော့ဒီလိုမျိုးသက်တောင့်သက်သာဇိမ်ခံနေရတဲ့ဘဝမျိုးကို သူမကဘယ်လိုလုပ် ရုန်းထွက်နိုင်တော့မလဲလို့...


ထိုကဲ့သို့သော သက်တောင့်သက်သာဇိမ်ရှိလှသောဘဝတွင် နှစ်မြုပ်နေလေရာ လွှတ်မြောက်ဖိုမလွယ်ကူတော့ပေ။ သူမအတင်ရုန်းကန်ထိုးထွက်လာချိန်၌ နှစ်လမျှကြာသွားသည်ကိုသိလိုက်ရသည်။


ငါဒီပုံစံအတိုင်းတော့နေလို့မရတာ့ဘူး...ငါ...ငါရဲ့အလုပ်တွေကိုကောင်းကောင်းကြိုးစားလုပ်မှရတော့မယ်...


ယောင်စစ်ထိုကဲ့သို့ဆုံးဖြတ်လိုက်သည်နှင့် မူရွှမ်က အဆုံးအစမဲ့ ဥာဏ်ရည်သာလွန်သောပညာတတ် မိဘတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။ မတူညီသော ဘာသာရပ်များနှင့် နယ်ပယ်အလိုက် သင်ခန်းစာ များကိုစုစည်းပေးခဲ့သည်။ ထို့အပြင် သူမ ကိုးကားရန်အတွက် မှတ်ရလွယ်သော မှတ်စုများကိုလည်းရေးပေးခဲ့သေးသည်။


သူပြုလုပ်ပေးထားသော မှတ်စုများသည် ကျောင်းတော်ကြီးတွင်ရှိသည့် စာအုပ်များထက် ပို၍မှတ်ရလွယ်ပြီး သေသေချာချာနားလည်သဘောပေါက်စေသည်။ သူမယခင်က မရှင်းမလင်းခဲ့သည်များကလည်း တစ်ချက် ကြည့်လိုက်သည်နှင့် သဘောပေါက်နားလည်သွားလေသည်။ ယောင်စစ် အလွန်ကို အံ့အားသင့်မိခဲ့သည်။


စွမ်းရည်ကလည်းအများကြီးပဲ...ပြီးတော့နည်းပညာ၊သိပ္ပံပညာ၊အသိပညာ...မူရွှမ်မတတ်ကျွမ်းတဲ့အရာများရှိသေးရဲ့လား...


သူကပြောရမယ်ဆိုလျှင် စွယ်စုံကျမ်းတစ်အုပ်နှင့်တူလေသည်။ စကြာဝဠာထဲတွင် မည်သူ့ကိုမှ လက်မလှမ်းနိုင်သော သူမတစ်ဦးတည်းသာပိုင်ဆိုင်သော စွယ်စုံကျမ်းတစ်အုပ်ဖြစ်သည်။


ယောင်စစ်တစ်ယောက် သူမမေးသမျှကို သဘာဝကျကျဖြင့် ရှင်းလင်းနေသော မူရွှမ်ကိုနွေးထွေးစွာဖြင့်ကြည့်လိုက်သည်။

ဒီလိုအရည်အချင်းပြည့်မီသူက ငါရဲ့လမ်းညွှန်သူ ငါ့ရဲ့ဦးဆောင်သူ...အဲ့ဒါနဲ့ထိုက်တန်ဖို့အတွက် ငါအရင်ဘဝက စကြာဝဠာတစ်ခုလုံးကို ကယ်တင်ခဲ့ရတာပဲဖြစ်လောက်မယ်...


ဒါနဲ့နေပါဦး...မူရွှမ်က အဲ့လောက် သိတတ်ကျွမ်းကျင်နေတကို ငါကဘာလို့အစကနေပြန်သင်နေရတာလဲ....


ယောင်စစ် ရုတ်တရက် သူ့ဘာသာသူမေးခွန်းထုတ်လိုက်မိသည်။ 

ထားလိုက်ပါတော့လေအဲ့ဒါကအရေးကြီးတဲ့ကိစ္စမှမဟုတ်ပါဘူး....အဓိကတော့ ငါရဲ့အပေါက်ဖြစ်နေတဲ့အသိပညာတွေကို ဖြည့်ဖို့ပါပဲ....ယခု၌သူမ နှစ်ကုန်စာမေးပွဲကိုဖြေဆိုဖို့ ယုံကြည်ချက်ရှိနေပေသည်....


စာမေးပွဲကိုဖြေပြီးသွားသည်နှင့် လီကျန်းနှင့် ပိုင်ရိတို့ထံသို့မက်ဆေ့ပို့လိုက်သည်။ ထိုနှစ်ယောက်က လီကျန်းကိုခေါ်ဆောင်သွားပြီးကတည်းက အတူတူနေထိုင်ကြလေသည်။ယောင်စစ်က လီကျန်းကိုပိုင်ရိနဲ့ထားဖို့ ယုံကြည်ချက်ရှိလေသည်။ လူငယ်လေးက စကားများသော်လည်း သူ၏အသိပညာ ဗဟုသုတများက ကျယ်ပြန့်လေသည်။ အခြားသူများက လီကျန်းအတွက် ပြီးပြည့်စုံသော မှတ်စုများကို မလုပ်ပေးနိုင်လျှင်တောင်မှ ပိုင်ရိကတော့လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။


ယောင်စစ် သူမတွင်ရှိသော မှတ်စုအချက်အလက်များအားလုံးကို ပို့ပေးလိုက်ပြီးနောက် လိုအပ်သောမေးခွန်းများကိုလည်း ဖြေကြားညွှန်ကြားပေးခဲ့သည်။ သို့သော်လည်း မူရွှမ်၏ သဘောမကျ မှုကြောင့်လားတော့မသိ လီကျန်းကသူမကို ထိုမှတ်စုများနှင့်ပတ်သတ်၍ တစ်ခါမျှလာမမေးခဲ့ပေ။


သူမ စိတ်မချဖြစ်နေခဲ့သော်လည်း ဖြည့်တွေးတွေးလိုက်သည်။ 

ပိုင်ရိ၏ စွမ်းရည်နှင့်ဆိုလျှင်လီကျန်းကို ဖြောင့်မတ်မှန်ကန်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်အောင် ပြုစုပေးနိုင်မှာသေချာသည်။


၎င်းက သူမဆီသို့ စာတိုတစ်စောင်ရောက်ရှိမလာချိန်အထိ ယုံကြည်နေမိခြင်းဖြစ်သည်။


[သခင်မလေး အရေးပေါ်အခြေအနေဗျို့...အာကာသမျိုးနွယ်ထိန်းချုပ်မှုဆယ်ခု နယ်မြေထဲကိုကျရောက်နေပါတယ်...မြန်မြန်လေး...ကျွန်တော် မြန်မြန်လေးလာကယ်ပါ....]


ထိုစာတိုလေးရောက်လာသည့်အချိန်၌ ယောင်စစ်၏ နှလုံးသား နှစ်မြုပ်သွားလေသည်။


လီကျန်း အန္တရာယ်ရှိနေတာလား...


"မူရွှမ်..."


ယောင်စစ် သူမဘေးမှလူကို အလိုလိုလှည့်ကြည့်လိုက်မိသည်။


"တစ်ခုခုဖြစ်သွားပုံရတယ်..."


"ဒါဆိုရင်သွားကြည့်ရအောင်..."


မူရွှမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း သူချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်။ သူမ၏ ကွန်ပျူတာလက်ပတ်ဆီမှ အချက်ပေးချက်ကိုလက်ခံလိုက်ပြီးသည်နှင့် သူမ၏ အာရုံက တစ်စုံတစ်ခုဆီသို့နှစ်မြုပ်သွားသလိုခံစားလိုက်ရသည်။


ထို့နောက် အသံတစ်ခုကိုကြားလိုက်ရသည်။


"အာကာသမျိုးစိတ်များကို ထိန်းချုပ်ခြင်းဂိမ်းမှ ကြိုဆိုပါတယ်..."


အသံကဘာလို့ဒီလောက်ရင်းနှီးနေရတာလဲ....


အဖြူရောင် အလင်းတန်းတစ်ခုလင်းလက်လာပြီးနောက် အာကာသမျိုးနွယ်စုများတွင် သူမ မြင်ခဲ့ဖူးသော နေရာတစ်ခုနှင့်ဆင်တူလွန်းလှသည့် ရှေးကျသော နေရာတစ်ခုသို့ရောက်သွားလေသည်။


ပုံရိပ်နှစ်ခုက သူမရှိရာဆီသို့ အလျှင်စလိုပြေးဝင်လာပြီး မျက်လုံးများပြူးကျယ်လာပြီးတော့အော်ဟစ်လိုက်သည်။


"သခင်မလေး... နောက်ဆုံး တော့ရောက်လာပြီပေါ့...အယ်...ဘာလို့ အဆင့်၁၀ပဲ ရှိနေရသေးတာလဲ..."


ပိုင်ရိ ယောင်စစ် အခြေအနေကိုမတွက်ချက်နိုင်သေးဘဲငြိမ်သက်နေမိသည်။


ရုတ်တရက် သူတို့နောက်တွင် လူအုပ်ကြီးပေါ်လာသည်။ နောက်တစ်စက္ကန့်မှာပင် လက်နက်မိုးများရွာချလာသလိုမျိုး ကောင်းကင်ယံမှ အနီရောင် အမှုန့်များကျဲချလာလေသည်။


"ချီးလိုပဲ..."


 ပိုင်ရိ အော်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က ကြည်လင်ပြီးဖောက်ထွင်းမြင်ရသည့်ပုံစံမျိုးပြောင်းလဲသွားပြီ မီးခိုးရောင် ကမ္ဘာထဲဝင်ရောက်သွားလေသည်။ သူမ၏ဘေးနား၌လည်း သူမကဲ့သို့ကြည်လင်နေသောဖောက်ထွင်းမြင်ရသည့် လူနှစ်ယောက်ရှိနေသည်။ ရှေ့တွင်မီးခိုးရောင်စကားလုံးများပေါ်လာလေသည်။


[ကျရှုံးမှု၊အောင်မြင်မှုနှစ်ခုလုံးကသာမန်ပါပဲ.... ရဲဘော်တို့အစကနေပြန်စပါ...]


ဟမ်...ငါသေသွားတာလား...ဒါကဘယ်လိုအခြေနေကြီးတုံး ...


ယောင်စစ် သူမပြန်လည်ကောင်းမွန်လာစေရန် ဆေးတစ်လုံး ကိုထိုးဖောက်လိုက်သည်။ထို့နောက် သူမ၏ဘေးနားမှာစိမ်းသက်နေသော မျက်နှာနှစ်ခုကိုကြည့်လိုက်သည်။


"ဒါဘယ်လိုဖြစ်တာလဲ...သောက်ကျိုးနည်း...ငါဘယ်ရောက်နေတာလဲ..."


"ဒါက...စကြာဝဠာကွန်ရက်က အာကာသမျိုးစိတ်များကို ထိန်းချုပ်ခြင်းဂိမ်းလေ..."


နောက်ကျောတွင်တောက်ပသော ဓားတစ်လက်လွယ်ထားသည့်ပိုင်ရိက သူ့ပါးစပ်ထဲသို့ဆေးပြားတစ်ပြားထည့်လိုက်ပြီး ယောင်စစ်ကိုပြောလိုက်သည်။


"သခင်မလေး အရင်တုန်းကဒါကိုမကစားဘူးဖူးလား..."


"ဂိမ်း ဟုတ်လား..."


ယောင်စစ် အခြေအနေကိုနားလည်သဘောပေါက်သွားလေသည်။ ဘာကြောင့် ထိုမျှရင်းနှီးနေသည့်အကြောင်းကိုပါသိသွားလေသည်။ 

ဒါက သူမအရင်တုန်းက ယုန်တွေကိုသုံးလကြာအောင် တိုက်ခိုက်ခဲ့တဲ့ဂိမ်းမဟုတ်ဘူးလား.... သူမ၏ရှေ့သို့ကြည့်လိုက်သည်နှင့်ဘိုးဘေး၃၈ ဟုပေါ်နေသည်ကိုတွေ့လိုက်ရသည်။ ဒါတွေကို ရိုးရှင်းသော တရုတ်ဘာသာစကားဖြင့်ပင် ရေးသားထားခဲ့သည်။


သောက်ကျိုးနည်း...တစ်ကယ်အဲ့ဒီဂိမ်းကြီးဟ....